သတင်း၊ ကိုတိုးကြီး
စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းမြို့နယ်၊ အာလောင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက အင်္ကျီနှင့် ထမီတို့ကို ကိုယ်တိုင်ချွတ်ချ၍ ရပ်ရွာအေးချမ်းသာ ယာရေးအတွက် ရပ်မိရပ်ဖများနှင့်အတူ ဖြေရှင်းဆောင်ရွက်နေသည့် သံဃာတော်များအား ညစ်ညမ်းစွာဆဲရေးတိုင်းထွာပြီး ကော့ပြခဲ့သည့်အတွက် စစ်ကိုင်းမြို့မရဲစခန်းက ယခုလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၆ မိနစ်အချိန်တွင် အမှုဖွင့်အရေးယူခဲ့ရ ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမသို့ ပြောသည်။
စစ်ကိုင်းမြို့နယ်၊ ကြက်ထောက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံတွင် ယခုလ ၁၉ ရက်နေ့ ည ၇ နာရီ ၂၀ မိနစ် အချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆန်းမင်း ဆိုသူနှင့် ရပ်ကျေးသံဃာ့ နာယက အဖွဲ့ဖြစ်သည့် ဆရာတော် ဥူးဥက္ကသေရ၊ ဆရာတော် ဥူးပ ညာဝက္က တို့သည် ရပ်မိရပ်ဖများနှင့်အတူ သမိုင်း ကြက်ထောက်ရေကန်မြေအား ကျူးကျော်ဝန်းခတ်နေသည့် ကိစ္စရပ် များအားသွားရောက် ညှိနှိုင်းဖြေးရှင်းဆောင်ရွက်ရာတွင် အာလောင်ကျေးရွာနေ မမိုးမိုးမြင့် ဆိုသူမှ ညစ်ညမ်းစွာဆဲရေး တိုင်းထွာပြောဆိုပြီးနောက် ကိုယ်ခန္ဒာပေါ်တွင် ၀တ်ဆင်ထားရှိသော အင်္ကျီနှင့် လုံချည်များကို ကိုယ်တိုင်ချွတ်ချ၍ သံဃာ တော်များအား ကော့ပြခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းမင်းမှ ရဲဌာနတွင် ထွက်ဆိုထာားကြောင်း သိရ သည်။
ထို့ကြောင့် စစ်ကိုင်းမြို့မရဲစခန်းက(ပ) ၈၂/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၅၃/ ၂၉၄/ ၂၉၅ - က / ၅၀၆ တို့အရ အမှုရေးဖွင့်၍ ဆက် လက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
From: မဇ္ဈိမ
Time in Rangoon


0 comments:
Post a Comment