Tuesday, April 30, 2013

ဥက္ကံမြို့သတင်းနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်

Posted by drmyochit Tuesday, April 30, 2013, under | No comments


၃ဝ-၄-၂ဝ၁၃ ရက်နေ့ ဝ၉:ဝဝ အချိန် ရန်ကုန် တိုင်း ဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဆင်ဖြူရှင် ရပ်ကွက် နေ အလံတိုင်ကျောင်းတိုက် ကျောင်း အကျိုး တော်ဆောင် ဦးလှိုင်တင်(၆၂)နှစ်သည် တိုက်ကြီး ရဲစခန်း သို့ ရောက်ရှိလာပြီး အလံ တိုင်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်သည့် ကိုရင်အရှင်ပုည (၁၁)နှစ် သည် ဥက္ကံဈေး တောင်ဘက်၊ ဘုရားကြီး လမ်းအတိုင်း ဆွမ်းခံကြွလာစဉ် ဈေးဝယ်လာသူ မဝင်းဝင်းစိန် မှ ဝင်ရောက် တိုက်မိ၍ သပိတ် လွတ် ကျပြီး အဖုံးကွဲသွားကြောင်း သိရှိရသဖြင့် မဝင်းဝင်းစိန်ကို အရေးယူ ပေးရန် တိုင်တန်း၍ ဥက္ကံရဲစခန်း (ပ)၁၁၂/၂ဝ၁၃၊ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ အဆို ပါဖြစ် စဉ်နှင့် ပတ်သက်၍ မကျေနပ် သည့် ဗုဒ္ဓဘာသာဝင်ပြည်သူ(၂ဝဝ)ဦးခန့်မှ ၁၃:၁၅ အချိန် ဥက္ကံမြို့၊ အနော်ရထာ ရပ်ကွက်ရှိ ဈေးဗလီသို့ ရောက်ရှိလာပြီး လူ(၁ဝ)ဦးခန့်မှ အုတ်နီခဲဖြင့် ပစ်ပေါက်၍ ထွက်ပြေး သွားခဲ့သဖြင့် ဗလီရှေ့ရှိ ၃ × ၃ ပေခွဲ ခန့်ရှိ မှန်(၆)ချပ် ကွဲသွားခဲ့ပြီး လျှပ်စစ်မီတာပုံး(၂)ပုံး ကျိုးပဲ့ပျက်စီးကာ လူထိခိုက်ဒဏ်ရာ ရရှိမှု မရှိ ကြောင်းနှင့် အခင်းဖြစ်နေရာသို့ တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးသည့် တပ်ဖွဲ့ဝင်များမှ အခြေအနေ ထိန်း သိမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ ၁၄:၂၅ အချိန်တွင် ဈေးအနီး ဆိုင်ခန်း(၂၅)ခန်းအတွင်းရှိ ပစ္စည်း များအား လူ(၂၅)ဦးခန့်မှ လမ်းမပေါ်သို့ ဆွဲချခဲ့ပြီး ပြည်သူ(၂ဝဝ)ဦးခန့်မှ ဝိုင်းဝန်းကြည့်ရှုနေကြောင်း သိရှိ ရသည်။
 
 ၁၄:၄ဝ အချိန်မှ ၁၄:၄၅ အချိန်အတွင်း အခြေအနေထိန်းသိမ်းနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့မှ သေနတ်(၄)ချက် ချောက်လှန့်ပစ်ခတ်ခဲ့သည်။ ၁၅:ဝဝ အချိန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၊ မြောက် ပိုင်း ခရိုင် ရဲတပ် ဖွဲ့မှူးနှင့် အဖွဲ့ ရောက်ရှိ လာပြီး နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ၁၅:၁ဝ အချိန် အခြေ အနေ ထိန်းသိမ်းနိုင်ခဲ့ပါသည်။ ၁၅:၄၅ အချိန်တွင် ဥက္ကံမြို့ပြင်၊ မင်းရဲကျော်စွာရပ်ကွက်၊ လယ်ကွင်း ကောက်ရိုးပုံ အနီးတွင် ဒဏ်ရာရရှိသူ(၂)ဦးအား တွေ့ရှိ ရသဖြင့် ဆေးကုသနိုင်ရေး ဒုတိယတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးနှင့် အဖွဲ့မှ ဆေးရုံသို့ပို့ဆောင်ပေး ခဲ့ကြောင်းနှင့် ပြစ်မှု ကျူးလွန်သူများအား ဥပဒေအရ အရေး ယူနိုင်ရေး ဖော် ထုတ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ အထက်ပါဖြစ်စဉ်တွင် ဒဏ်ရာ ရရှိသူ ၈ ဦးထပ်မံတွေ့ရှိရသဖြင့် စုစုပေါင်း ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း သိရှိရပါသည်။
 
 မြန်မာ နိုင်ငံရဲတပ်ဖွဲ့

တိုက်ကြီး ဥက္ကံတွင် ကိုရင်လေး တစ်ပါးနှင့် ဘာသာခြား အမျိုးသမီးတို့ ၀င်တိုက်မိရာမှ ဖြစ်သည့် ပြဿနာအား BBC အသုံးချ ၀ါဒဖြန့်

Posted by drmyochit Tuesday, April 30, 2013, under | No comments



ယနေ့နံနက်တွင် ကိုရင်လေးဆွမ်းခံကြွရာတွင် ဘာသာခြား အမျိုးသမီးမှ ဝင်တိုက်ပြီး ကိုရင်လေး သပိတ် ပြုတ်ကျ ကွဲသွား သဖြင့် ကိုရင်လေးမှ အလျော်တောင်းရာ ထို အမျိုးသမီးမှ အလျော်မပေး သည့်အပြင် မချေမ ငံပြန်ပြော သဖြင့် ရဲစ ခန်းရောက်ကြပါတယ် ။ အဆိုပါ အဖြစ်ကို မကျေနပ် သည် ပြည်သူတွေမှ ၁ နာရီ ကျော်ကျော်လောက်မှာ လူအင်အား ၃၀၀ ခန့်လူစုပြီး အဆိုပါ ဥက္ကံဈေးရှိ အမျိုး သမီး ၏ ဆိုင်ခန်းကို ဖျက်စီး ခဲ့ကြပါသည်။

ထို့နောက် ပဋိပက္ခဖြစ်စဉ်ကို သတင်းရရှိပြီးတာနဲ့ ရဲများရောက်ရှိလာပြီး အခြေနေအရပ်ရပ်ကို ထိန်း သိမ်း နိုင် ခဲ့ပြီးဖြစ်ပါသည်။ ယခုအခါ လုံးခြုံရေးများပါ ချထားပြီးဖြစ်သဖြင့် အခြေနေ အရပ်ရပ် သည် ပြန် လည် အေး ချမ်းလာပြီးဖြစ်ပါသည်။ လူထု မောင်ကာဠု
==================================

ဥက္ကံမြို့၊ ဆင်ဖြူရှင်ရပ်ကွက်၊ အလံတိုင်ကျောင်းတိုက်နေ (၃၀.၄.၂၀၁၃) ရက်နေ့ နံနက် (၉)နာရီ အချိန်က ကိုရင် ပုည၊ (၁၁)နှစ်၊ (ဘ)ဦးမျိုးသည် ဘုရားကြီးဈေးတောင်ဘက်၊ ဘုရားကြီး လမ်းတွင် ဈေးဝယ်လာသူ မ၀င်း ၀င်း စိန်၊ (၃၄)နှစ်၊ (ဘ)ဦးလူလူမျှား၊ မူဆလင်/အစ္စလာမ်မှ ၀င်တိုက် မိသဖြင့် လွယ်ထားသည့် သ ပိတ် လွတ်ကျကာ အဖုံးကွဲသွားသဖြင့် ရဲစခန်းသို့လာရောက် တိုင်တန်း ရ်ျ အမှုဖွင့်အရေး ယူဆောင်ရွက် ခဲ့ပါ သည်။

သပိတ် အဖုံး ကျကွဲရ်ျ ဆွမ်း နှင့် ဆွမ်းဟင်းများ မှောက်သွားခဲ့သဖြင့် မ၀င်းဝင်းစိန်မှာ သပိတ် အသစ် ပြန် လည်ဝယ် ပေးခဲ့ပြီး စခန်းမှူး မှ ဆွမ်း နှင့် ဆွမ်းဟင်းများအား လှူဒါန်းပေးခဲ့စဉ် ဈေး အနီး ရပ်ကွက်နေ ကျား /မ (၅၀) ဦးခန့်မှ မကျေနပ်သဖြင့် အမှုဖွင့် အရေး ယူ ဆောင် ရွက်ပေး စဉ် ဈေးပတ် လည်ရှိ ဆိုင်ခန်း အချို့ အား ဖျက်ဆီး သဖြင့် လုံခြုံရေး တပ်ဖွဲ့ ၀င်များမှ ထိန်းသိမ်းဆောင် ရွက် လျက် ရှိကြောင်း ရန်ကုန် တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှ သတင်း ရရှိ ပါသည်။

သစ်ထူးလွင်
=============================

ထိုသတင်းကို BBC သတင်းမှ ဥက္ကံမြို့မှာ ဒီကနေ့ ဗုဒ္ဓဘာသာနဲ့ မူဆလင်တွေကြား ပဋိပ က္ခတွေ ဖြစ်နေ ပါ တယ်။ မူဆလင် တွေပိုင်တဲ့ဈေးဆိုင် တွေကို ဗုဒ္ဓဘာသာဝင်လူအုပ်ကြီးက လိုက်လံဖျက် ဆီးနေ ကြောင်း နဲ့ ပြည် လမ်းမ ပေါ်မှာရှိတဲ့ ဗလီတလုံး ပျက်စီး သွားကြောင်း ဥက္ကံမြို့ခံတွေ ကပြောပါတယ်။ သေနတ် ပစ် ဖောက် သံတချို့ကိုလည်းကြားရတယ်လို့ ဆိုပါတယ်။ ဆိုပြီး သတ င်းတင်ပါတယ်။
 

BBC ဆီရောက်တဲ့ သတင်းမှန်သမျှ သေနတ်သံ မကြားရတဲ့ သတင်းနဲ့ ဘာသာတရားကို စော်ကား ပုတ် ခတ်တဲ့ သတင်းတွေကြီးပဲ ဖြစ်နေတာကြောင့် ဆဲသံဆိုသံများ ညံလျှက် ရှိကြောင်းပါဗျာ။

From:OE

မီဒီယာနယ်ပယ်က မပေါင်းအပ်တဲ့ကောင် (ပေးစာ)

Posted by drmyochit Tuesday, April 30, 2013, under | No comments



ခရိုနီဖြစ် ချင်ပေမဲ့ ဖြစ်ခွင်မရတဲ့ မြန်မာမီဒီယာနယ်ပယ်က ငပွကြီး (သို့မဟုတ်)တစ်ပူးကြီး သန်း ထွဋ် အောင် တစ်ယောက် သတင်းစာထုတ်ချင်တာ ပျာယာခတ်နေပုံကို မီဒီယာအသိုင်းအ၀ိုင်း က လူတွေ က ကျိတ် ရီနေကြ ပါတယ်။ ဒါက သတင်းစာတွေထုတ်ခွင့်မပြုခင် ၂၀၁၃ လောက်က အခြေ အနေ ပါ...။လူကြီး လူကြီး မှန်းမသိသူကိုယ်သူဖိုက်တာကြီးလုပ်လို့လုပ် ..နေရာတကာ ဘယ်သူနဲ့ မှ မတ ည့် တဲ့ အော်ကျော့ လန် မီဒီယာပေါ့။ သူစီးပွားရေးအတွက် မီဒီယာကိုအသုံးချ သူနဲ့မ တည့် သူမှန်သမျှ အပြစ်ရှာ စာမျ က်နှာတွေပေါ်တင်... ဒါတောင်သူကိုယ်သူ စတုတ မဏ္ဍိုင်ကြီး တဲ့။မှတ်လောက် ပါရဲ့ တိုင်ပြည် မှာသူက တိုက်ပွဲဝင်သူကြီးဆိုပီး ....သူရှိမယ့်ဖြစ်မယ် ကျန်တဲ့မီဒီ ယာတွေ သူလောက်မတတ် သူလောက် မသိ သူသာနံပါတ် တစ်ဆိုပီးစောက် ရှက်မရှိပြောရတောင် ကလည်းအမော။ပြောတာမှာ တစ်ပြည်လုံ ကိုမောင်း ထု ပီပြောတာ။ ရီစ ရာမောစရာပေါ့..။

ဒါနဲ့ပတ်သက်လို့ စာရေးဆရာဘကြီးတစ်ယောက်က တစ်နေ့ကျွန်တော်နဲ့လဘက်ရည်ဆိုင်


မှာတွေ့ လို့စကားပြောဖြစ်ကြတယ်။တစ်ပူးကြီးအကြောင်းပေါ့။ သူကမနေ့တစ်နေ့ကမှမီဒီယာလော ကထဲ ၀င်လာ တာလေကွာ ။ဘောလုံး ဂျာနယ်နဲ့ ပေါ့ တစ်ဖက် က ဥပဒေ စိုးမိုးရေး အော်နေပီး.....သူ ကတော့ လောင်း ကစားခန့် မှန်းချက်တွေ နဲ့ကြီးပွားလာတာလေကွာ။မနေ့တစ်န့ကမှ သတင်း လိုင်းပြောင်း လာ တာ ပါတဲ့။ လူတိုင်းသိပါတယ်ကွာ..


ခုလည်း သတင်း စာနေ့စဉ်ထုတ် ရမှာ ဆိုတာ့ ပြိုင် ဖက်ဖြစ် လာမယ့် အစိုရ သတင်း စာတွေကို လှည့် ရန် ရှာ နေပြန် ပီလေ။မင်းလည်းဖက်ရမှာပေါ့။ သူစီပွားရေးလုပ်ငန်းတွေမှာလည်း မီဒီယာဝိတ်သုံးပီး ငပွကြီး လုပ်နေလို့ အတော်များ များက ရိုက်ချင်ကြ ကျိန်ဆဲကြနဲ့ပေါ့ကွာ ။ဒါတင်ဘယ်ကသေးမ လဲတစ်မြီု့ လုံက လုပ်ငန်း တူသူရော မတူသူရောပါ လိုက်ပီးရမ်းနေတာ ဆိုပဲကွ။သူကစီးပွားရေးမှာပါ ၁ဖြစ်ချင် တာလေ ကွာ...။ အဲလိုဖြစ်ဖို့ မီဒီယာပါဝါနဲ့ လှည့်ရန်ရှာ..ချောက်ချပေါ့ကွာ...။


ဆရာကြီး ပြောပြတာ နားထောင်ရင်း ကျွန်တော်တော့ခေါင်းတစ်ညိတ်ညိတ်နဲ့ပေါ့။ ဒါနဲ့ဘကြီးအခု သတင်း စာ ထုတ်ဝေခွင့်တွေမပေးခင်တုန်က သူကဒီနေ့ပဲ စထုတ်တော့မှာလိုလို နော် ။မပေးလည်း ဇွတ် ထုတ်မယ့် ပုံမျိုး တကယ်လဲပေးလိုက်ရော ထွက်မလာသေးပါလားဘကြီး လို့ မေးကြည့်တော့.. .ဘကြီးက ငါကောင် ရ အခုသူက တကယ်ထုတ်ဆိုတော့ ကိုဘာသာ ကိုယ် အေးအေးဆေးဆေး မထုတ်ဘူးလေ ရှုံးမှာ ကြောက် တာလေ ကွာ ပြောတော့မီဒီ ယာသမားတဲ့ မင်းစဉ်းစားကြည့် သူလောက်ဘက်ဂျ က်မတောင့် တဲ့သူ တွေတောင် ၀မ်းသာအားရ ထုတ်နေကြပီ။ ဒါကိုကြည့်ပီးသိတဲ့သူတွေကတော့ရီကြတာပေါ့ကွာ ။ဈေး ကွက်မှာ ဈေးနှုန်း မယှန်နိုင်လိုံ့အစိုရ သတင်စာတွေပတ်ရမ်းလိုကရမ်း အမူး သမား ထက်ဆိုး တယ်.လေ...လေ့ လာကြည့်ပေါ့ ကွာသူအကြောင်း ....။


.......ဒါနဲ့ကျွန်တော်လည်းဘကြီးနဲ့ကြုံတုန်းသိချင်တာလေးမေးရတာပေါ့ ...အဘ သူက သူ့ကိုသူ နံပါတ် တစ်ဆိုတော့ သူရဲ့သတင်းတွေကိုဘယ်လိုတင်ပြတုန်းဆိုတော့ ဘကြီးက တစ်ခွီးခွီးရီတော့ တာပဲ။ ဘကြီး ကရီတော့ ကျွန်တော်ပါလိုက်ရီရင်း ပြောပါဦးဘကြီးရဆိုတော့ ။အေးမင်းမှတ်ထား ငါပြောပြမယ် တစ်ပတ် အတွင်း သတင်း ၇ှိရှိ မရှိရှိသူ က ဘယ်ကုမဏီကဘာကိုစိတ်ဝင်စားလျှက်ရှိလို့ရေးလိုက်ရင် သတင်း တစ်ပုဒ်ဖြစ် ရောကွာ..မှန်မှန်မမှန်မှန်ဒါက ဘေးလွတ်တယ်..

ပီး တော့ သူကစီးပွားရေးသမား အဲဒီမှာအလုပ်လုပ်ရင်းတွေ့ရတဲ့ သူစီပွားရေးထိလာရင် အဲဒါကို ပုံကြီးချဲ့ ပီး စာမျက် နှာပြည့်အောင် လုပ်တော့ တာမောင်ရေ..အကြောင်းမသိတော့ အဟုတ် မှတ်ကြတာပေါ့ကွာ။

ဒီကောင် ညစ်နည်းကလိန်ကျနည်းတွေအကြောင်းပြောရင် ကုန်ပါဘူးကွာ ။နောက်ဆုံး ကိုယ့်ကို ငွေပေးနေ တဲ့ကြေငြာ ရှင်တွေ လက်တွဲဖက်တွေကိုတောင်မှ သူမထင်ရင် စာမျက်နှာပေါ် မျက်နှာပြည့် တင်စိန်ခေါ် သိက္ခာချ တဲ့ကောင်ကွ ။လောကမှ မပေါင်းအပ်တဲ့ကောင်တစ်ယောက်ပေါ့။



ကျွန်တော်လည်းဘကြီးရဲ့ပြောစကားတွေနားထောင်ရင်း လောကမှာ ကိုယ်အုပ်စုနဲ့လည်းမတည့် အစိုး၇ အပစ် ပြော လေတစ်လုံမိုးတစ်လုံးနဲ့ လှည့်ပတ်ရမ်းနေတဲ့ မြန်မာ့မီဒီယာနယ်က မီဒီယောင် အယောင် ဆောင် မပေါင်းအပ်တဲ့ကောင်ဆိုတာ သူပါလားဆိုပီး နှစ်သစ်မှာ အိုးစည် ဗုံမောင်း နဲ့ ကြေငြာ မောင်းခတ် လိုက်ရ ပါကြောင်း ခင်ဗျာ


From:ME


တန်ဖိုးနည်းဖုန်း မှောင်ခိုဈေးကွက် ဆက်သွယ်ရေးက အရေးမယူဟုဆို

Posted by drmyochit Tuesday, April 30, 2013, under | No comments


 ဧပြီလ ၃၀ ရက် ၂၀၁၃

တန်ဖိုး နည်း ၁၅၀၀ ကျပ်တန် ဆင်းကတ်များကို ပုဂ္ဂ လိက ဖုန်းဆိုင်များက မှောင်ခိုဈေးဖြင့် ရောင်းချ နေ သည့် အပေါ် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက အရေးယူသွားမည် မဟုတ်ကြောင်း မိုဘိုင်း ဆက် သွယ် ရေးဌာန အင်ဂျင်နီယာချုပ် ဦးဌေး ဝင်းက ပြောသည်။

“မဲပေါက်တဲ့ သူတွေက ကျေနပ်လို့ ဆိုင်တွေကို ရောင်းတာကို မရောင်းနဲ့လို့ တားလို့မှမရတာ၊ မသမာမှု တွေရှိရင် ပေးထားတဲ့ ဖုန်းတွေအတိုင်း တိုင်လို့ရတယ်၊ ဆက်သွယ်ရေး အစီအစဉ်နဲ့တော့ ဖုန်းဆိုင်တွေကို အရေး ယူဖို့မရှိဘူး” ဟု ၎င်းက ဆိုသည်။

လက်ရှိ ထုတ်ပေးနေသော ၁၅၀၀ ကျပ်တန် ဆင်းကတ်များမှာ တိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ အစီ အစဉ်ဖြင့် မဲပေါက်သူ များကို ချထားပေးခြင်းဖြစ်၍ ပုဂ္ဂလိက ဖုန်းဆိုင်များက မှောင်ခိုဈေး အနိမ့်ဆုံး ၆၀၀၀၀ ကျပ်ဖြင့် ပြန်လည် ရောင်းချ နေကြောင်း၊ သို့သော် သက်ဆိုင်ရာအစိုးရအဖွဲ့အား တိုင်ကြားမှသာ ၎င်းတို့ အနေဖြင့် အရေးယူနိုင်မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးမှ တာဝန်ရှိသူများက ပြောသည်။

ဧပြီလ ၂၅ ရက်က ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် မဲစနစ်ဖြင့် ချထားပေးခဲ့သော ဆင်းကတ် များကို ရပ်ကွက်တချို့ ရှိ အုပ်ချုပ်ရေးမှူး ရုံးများက ဖုန်းဆိုင်များ၊ ကြားပွဲစားများထံသို့ ငွေ ၁၁၅၀၀ ကျပ်မှ ၁၇၅၀၀ ကျပ်အထိ ဈေးတောင်းကာ ရောင်းချခဲ့ကြောင်း၊ ပုဂ္ဂလိက ဖုန်းဆိုင်တချို့က ဆင်းကတ်များကို အနိမ့် ဆုံးဈေး ၆၀၀၀၀ ကျပ်မှ အမြင့်ဆုံး ၁၀၀၀၀၀ ကျပ်အထိ တဆင့် ပြန်လည် ရောင်းချလျှက်ရှိကြောင်း ဧရာဝတီ မှ စုံစမ်းသိရှိရသည်။

“ကျမတို့ ရပ်ကွက်ရုံးက ယူဖို့ စာရင်းပေးပြီး မယူတဲ့သူတွေရဲ့ ဆင်းကတ်တွေကို ဖုန်းဆိုင်တွေကို ပြန်ရောင်း တာ။ ရပ်ကွက် ထဲက တသောင်းပေးပြီး ဝယ်တာတောင် မရတော့ဘူး။ ဈေးပိုရလို့ ရောင်းလိုက်ပြီတဲ့။ မေ ၈ ရက် နေ့ ထပ်ရမယ့် ဆင်းကတ်တွေ အတွက်တော့ စာရင်းတွေ ကြိုသွင်းနေရပြီ။ ဘယ်လို လာမလဲတော့ မသိသေး ဘူး” ဟု မင်္ဂလာဒုံမြို့နယ်နေ မမြင့်စန်းကြည်က ပြောပြသည်။

လှိုင်မြို့နယ်တွင် နေထိုင်သူ ကိုမင်းသူက ၎င်းတို့ ရပ်ကွက်အနီးရှိ ဖုန်းဆိုင်များတွင် ဟန်းဆက်တလုံး အနည်း ဆုံး ဝယ်ယူမှ သာ ၁၅၀၀ ကျပ်တန် ဆင်းကတ်များကို ငွေ ၆၅၀၀၀ ကျပ်ဖြင့် ပြန်လည် ရောင်း ချပေးကြောင်း၊ ၎င်းတို့ထံမှ ဆင်းကတ်တကတ် လျှင် ၃၁၅၀၀ ကျပ်ဖြင့် ပြန်လည် ဝယ်ယူနေကြောင်း၊ မေ ၈ ရက် နေ့ ထပ်မံ ထုတ်ပေးမည့် ဆင်းကတ်များ အတွက်ကိုလည်း စရံပေးချေကာ ဝယ်ယူလိုသည့် ဖုန်းဆိုင် များ ရှိကြောင်း ဆိုသည်။

ရန်ကုန်မြို့အတွင်းရှိ လူကြီးမင်း ဖုန်းဆိုင်တချို့တွင် ၁၅၀၀ တန် ဆင်းကတ် များကို ပြန်လည် ရောင်းချ နေသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဘုရင့်နောင်မြို့နယ် အတွင်းရှိ လူကြီးမင်းဖုန်း အရောင်း ဆိုင် တာဝန်ရှိသူ တဦးကဆိ “ဒီဆိုင်တွေမှာတော့ ရောင်းတာမရှိပါဘူး၊ ဝယ်ခဲ့တယ် ဆိုတဲ့သူ မှားတာ နေမှာ ပါ။ လူကြီးမင်းဖုန်း ဘယ်ဆိုင်မှာမှ မရောင်း ပါဘူး၊ ရပ်ကွက်ရုံးတွေမှာပဲ ရောင်းတယ်” ဟု ပြော သည်။

လာမည့်မေလ ၈ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် CDMA 800 MHZ ဆင်းကတ် ၃၅၀၀၀၀ ကို မဲ စနစ်ဖြင့် ဆက်လက် ချထားပေးမည် ဖြစ်ကြောင်း၊ GSM နှင့် WCDMA ဆင်းကတ်များကို ချထားပေးမည့် အစီ အ စဉ်ကိုလည်း ရေးဆွဲနေကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ ရပ်ကွက်တချို့တွင် ပထမအကြိမ် မဲမပေါက်ခဲ့သူများ၏ စာရင်းကို ဆက် လက် သိမ်းယူ ထားပြီး ဒုတိယအကြိမ်တွင် ဦးစားပေး အနေဖြင့် ပြန်လည် မဲနှိုက်စေမည် ဖြစ်ကြောင်း ရပ် ကွက် အုပ်ချုပ်ရေးမှူး များက ပြောသည်။

မန္တလေး တိုင်းဒေသကြီး အတွင်းတွင်မူ မဲစနစ်ဖြင့် မဟုတ်ဘဲ ဦးရာလူ စနစ်ဖြင့် တန်ဖိုးနည်းဆင်းကတ်များ ရောင်း ချ ခဲ့သောကြောင့် ခိုက်ရန်ဖြစ်ပွားမှု တချို့ ရှိခဲ့သည်။

ဧရာဝတီ

သာကေတရုံးမှ ရဲမင်းဦးအား ပုဒ်မ-၁၅၃(က)နှင့် ထပ်မံတရားစွဲဆို

Posted by drmyochit Tuesday, April 30, 2013, under | No comments

 ဧပြီလ ၃၀ ရက် ၂၀၁၃

၉၆၉ ဂယက် အပါအ၀င် OIC အရေးနှင့် ပတ်သက် ၍ တရား စွဲခံထား ရသူကျောင်း သားသ မဂ္ဂဖြစ် မြောက် ရေး ကော် မတီ အထွေထွေ အတွင်း ရေးမှူး ကိုရဲ မင်းဦး အား သာကေ တတ ရားရုံးမှ ပုဒ်မ ၁၅၃ (က) အမျိုးသား တစ်စု နှင့် တစ်စု ရန်ငြိုး ထားစေ မှုဖြင့် ထပ်မံ တရားစွဲဆိုလိုက်သည်။

အဆိုပါ တရား စွဲဆို မှုကို ဧပြီလ (၂၂)ရက်နေ့ ဗ ဟန်း တရား ရုံးတွင် ရုံး ထုတ်မည် ဟုဆိုကာ သာကေ တ တရား ရုံးသို့ ခေါ်ဆောင်ကာ ယခု ကဲ့ သို့ တရား စွဲဆို ခံလိုက် ရခြင်း ဖြစ်သည်ဟု သိရှိရသည်။

မိမိ သည် ရာဇ၀တ် သား တစ်ဦး မဟုတ်ကြောင်း ယခုကဲ့သို့ ဆက်ဆံ ခံရခြင်းကို ကျေနပ်မှု မရှိကြောင်း ကိုယ့် ကိုကိုယ် တရားခံဟု မယူကြောင်း မိမိဖြစ်ရပ်သည်မင်းမဲ့စရိုက်ဆန်နေကြောင်း ဒီမို ကရေစီ နိုင်ငံ အတွင်း ထို ကိစ္စမျိုး မရှိ သင့်ကြောင်း ၄င်းအား ရုံးထုတ် စဉ်က ကိုရဲမင်းဦးမှ မီဒီယာများသို့ ပြောကြား ခဲ့သည်။

ကို ရဲမင်းဦးအား ကျောက် တံတား မြို့နယ် တရားရုံး ဗဟန်းမြို့နယ် တရား ရုံးတို့တွင် ပုဒ်မ ၅၀၅ (ခ) ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး သာကေတတရားရုံးတွင် ပုဒ်မ ၁၅၃ (က) ဖြင့်ထပ်မံတိုး၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

မေလ(၂) ရက် နေ့တွင် (၅)ကြိမ်မြောက် ရုံးထုတ် အဖြစ် ဗဟန်းမြို့နယ်တရားရုံး၌ နံနက် (၉း၀၀)နာရီ၊ (၃)ရက်နေ့  အနောက် ပိုင်းခရိုင်(ကျောက်တံတားမြို့နယ်)တရားရုံး၊ (၆) ရက်နေ့တွင် သာကေတမြို့နယ် တရား ရုံး တို့တွင် ဆက်လက် ရုံးထုတ် သွားမည် ဖြစ်သည်။

ကို ရဲမင်းဦး၏ အမှုအား အာမခံရရှိရန်အတွက်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမှုမှာ ဥပဒေ အရ အာမခံ မရ ရှိနိုင်သော်လည်း သက်သေအတိအကျ မရှိလျှင် အာမခံ ရရှိ နိုင်ကြောင်း ကိုရဲမင်းဦး အမှု အား လိုက်ပါ ဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေဦးကျော်ဟိုးက သုံးသပ်ပြောဆိုသည်။

ကို ရဲမင်းဦး အသိုင်း အ၀န်းမှ မိသား စုများ၊ သူ ငယ်ချင်းများနှင့် အရပ်ဖက် လူ့အဖွဲ့ အစည်း များက လည်း မေလ (၃၀) ရက် ညနေ (၅း၀၀) နာရီမှစတင်ကာရွှေတိဂုံဘုရားတွင် ကိုရဲမင်းဦးအတွက် ဆုတောင်း ပွဲများပြု လုပ်ရန် စီစဉ် နေကြောင်း သိရှိရ သည်။

Myit Makha Mediagroup

အမေရိကန်တွင် ကရင်နီအမျိုးသားနှစ်ဦး ဓါးထိုးအသတ်ခံရ

အမေရိကန် Arizona ပြည်နယ်၊ Phoenix မြို့မှာ ကရင်နီ အမျိုးသားတဦးရဲ့ အသုဘ အခမ်း အနား အ တွက် ၀န်ပြု ဆုတောင်း နေကြတဲ့ လူအုပ်ထဲမှနှစ်ဦး ဓါးထိုးခံရတဲ့အတွက် အလောင်းတွေကို ယမန်နေ့ လည် ၁၂ ရီချိန်မှာ ရဲတွေက စစ်ဆေးဖို့ သယ်ယူသွားခဲ့ကြတယ်လို့ သိရပါတယ်။


ဧပြီလ ၂၇ ရက်နေ့ညက ကရင်နီ အမျိုးသား အယောက် ၄၀ ခန့်က မိမိတို့ ရိုးရာ ယဉ်ကျေးမှု အရ ကျောက် ကပ်ရော ဂါနဲ့ သေဆုံး သွားခဲ့တဲ့ အသက် ၄၈ နှစ်အရွယ် ခူးစိုင်းလောင်ရဲ့ အသုဘ အခမ်း အနားကို သူနေတဲ့ Central Phoenix apartment မှာပြုလုပ်နေကြစဉ် အပြင်ဘက်မှ အုပ်စု လိုက် ရန်ဖြစ်ပြီး Apartment ထဲသို့ ပြေးပုန်း သူတွေ ရှိခဲ့တဲ့အတွက် ယခုလို ဓါးထိုးခံခဲ့ရတာ ဖြစ်တယ်လို့ အခင်းဖြစ် ပွားတဲ့နေရာမှာ ရှိနေခဲ့တဲ့ ခူးဖရေရယ်က ပြောပါတယ်။


"ကရင်ကလေး၃ယောက်က… မက်စီကိုလား စပိတ်တွေနဲ့လားတော့မသိဘူး… လမ်းပေါ်မှာ သူတို့နဲ့ ရန်ဖြစ်ကြ တယ်… ကရင်ကလေးသုံးယောက်က ကျနော်တို့ရှိတဲ့နေရာကို အော်ပြီး ပြေးတက် လာတယ်… ကျနော်တို့ကအထဲမှာ… အသုဘအတွက် လူငယ်တွေသီချင်း ဆိုပေးနေကြတာ… ဘယ်သူ တွေဝင် လာလဲဆိုပြီး ထွက်ကြည့်ကြတယ်… ထွက်ကြည့်မိတော့ အဲ့ဒီလူတွေက ငါး ယောက် ရှိတယ်… သူတို့လိုက်နေတဲ့သူကို သူတို့မမှတ်ဘူးထင်တယ်… အပြင်ဘက်မှာ မိန်းက လေး၂ ယောက်နဲ့ ယောက်ကျားလေး ၃ သုံးယောက်က၀ိုင်းပြီး ထွက်ကြည့်တဲ့ကျနော်တို့လူကို ထိုး ကြိတ်ကြ တယ်။ ကျနော်တို့က တခါးကိုပိတ်ထားလိုက်တယ်။ ဖွင့်ထားရင် ကျနော် တို့လူတွေ အထဲမှာ အများကြီး ခံရမှာစိုးတယ်၊ ဖွင့်ပြီးထွက်ကြည့်မယ် ဆိုပြန်တော့လဲ ခဏနေ နင်ပါပါ အသတ် ခံရမယ် လို့ ကျနော် တို့လူ တွေ ပြောတော့ မထွက်ကြည့်ရဲဘူး။ ဒါကြောင့် အပြင်မှာ ခံနေတဲ့ ကျနော် တို့ လူနှစ်ယောက် ပွဲချင်းပြီး သေသွားတယ်"


လူ တစုရဲ့ ဓါးထိုး မှုကြောင့် သေဆုံး ခဲ့သူမှာ အသက် ၂၃ နှစ်အရွယ် ခူးကေးဖိုးဖြစ်ပြီး အသက် ၄၆ နှစ် အရွယ် ခူးခါးရယ်တို့ ဖြစ်ကြပါတယ်။ ဓါးထိုးမှုဖြစ်ပွားပြီးနောက် ရဲအရာရှိတွေရဲ့ စုံစမ်း မေးမြန်း မှုနဲ့ စစ်ဆေးမှုတွေကို ကူညီနိုင်ဖို့အတွက် အသုဘလာသူ ကရင်နီအမျိုးသား ၄၀ဦးကို ရဲတွေက ခေတ္တ ထိမ်းသိမ်းထားပြီး ယမန်နေ့ နေ့လည်က ပြန်လွတ်ပေးလိုက်ကြပါတယ်။


အမေရိကန် Arizona ပြည်နယ်မှာ ယခုဆိုရင် ကရင်နီမိသားစုဝင် စုစုပေါင်း ၅၀၀ ခန့်ရှိပါတယ်။ ပြီးတဲ့ တဲ့ ၂၀၀၈ ခုနှစ်ကတည်း ထိုင်းနိုင်ငံ ကရင်နီဒုက္ခသည်စခန်းကနေ တတိယနိုင်ငံ ခြေချနေ ထိုင်မှု အစီ အစဉ်နဲ့ သွားရောက် အခြေချ နေထိုင် ခဲ့ကြတာ ဖြစ်ပါတယ်။


Written by ကန္တာရဝတီတိုင်း(မ်)

ထိုင်းနယ်စပ်မှ ကရင်နီ ဒုက္ခသည် မီသားစုများအားတွေ့ ရစဉ်

စွဲဆောင်မှုအပြည့်နဲ့ မျက်နှာသစ် မော်ဒယ်မလေး စိုးနန္ဒာကျော်

Posted by drmyochit Tuesday, April 30, 2013, under | 1 comment

Name: Soe Nandar Kyaw Nick Name: - Job: Actress, Model Education: Grade 11 (Passed) Race: Burma Date of Birth: August 16, 1994 Height: 5' 4" Weight: 105 Lbs Model Agency: Talent & Model Agency Facebook: Soe Nandar Kyaw Awards: Miss Photogenic of Miss Lily 2012, Hobby: Reading, Swimming and Driving Photos by Photo Magic Studio (The 47th Street, in Yangon). MyanmarCelebrity.Com









နမ့်ဟူးရေထွက်အား ဟိုမိန်းပြည်သူ့စစ်မိုင်းခွဲ ရေခန်းခြောက်မည့်အရေး မြို့ခံများစိတ်ပူ

Posted by drmyochit Tuesday, April 30, 2013, under | No comments

သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့တွင် ရပ်ရွာ လူထုမှ အား ထား ပြုရသော ရေထွက် (နမ့်ဟူး)အား ဟိုမိန်း ပြည်သူ့ စစ် တပ်ဖွဲ့ က မိုင်းခွဲကာ ရှေးဟောင်း ပစ္စည်း ရှာဖွေ သဖြင့် အနာ ဂတ်တွင် ရေခန်း မည့်ပြ ဿနာ ဖြစ် မည့် အရေး  မြို့ခံများ စိတ်ပူ နေ ကြ ကြောင်း ပြောဆို နေပါသည်။

“ဝမ့်ယေးနားက နမ့်ဟူး ရေထွက် လေ။ အဲ့ထဲမှာ ရှေး ဟောင်း ပစ္စည်းတွေ  ရှာဖို့ ဆိုပြီး ဟိုးမိန်း လက်နက် ကိုင်တပ်ဖွဲ့ (အက်စ်သုံး လုံးအဖွဲ့) က မနှစ်က နိုဝင် ဘာလ လောက်မှာ စပြီး မိုင်းခွဲတာ။ ရေတွေ နောက်ကျိ ကုန် တယ်လေ။ အခုတော့ ပြဿနာ မရှိပေ မယ့် ရေထွက် အပေါ်မှာ ကာ ထားတဲ့ ကျောက်ပြင် ကျောက်ပြား တွေ မရှိ တော့တဲ့ အတွက် နောင် နှစ် ပေါင်း ကြာလာရင် အမှိုက် သရိုက်တွေ ပိတ်ပြီး ရေခန်း သွား နိုင်တယ်။ မိုးနဲမြို့ နယ်ရဲ့ လေးပုံ တပုံက အဲဒီ နမ့်ဟူး ရေထွက် ကိုဘဲ အား ကိုးတာ။ အဲလို ရေခန်း သွားရင် ဘယ်သူက တာဝန် ယူပေးမလဲ ” ဟု မိုးနဲ မြို့ခံ စိုင်းသားကြီးက ပြောသည်။

“လူထု လာရောက် တိုင်တမ်း လို့ ကျနော် တို့လဲ အချက် အလက် တွေ စုဆောင်း ထားပါတယ်။ နမ့်ဟူးရေ ထွက်ကို အက်စ်သုံးလုံး အဖွဲ့တွေ မှိုင်းခွဲ လိုက် တာတော့ အချက် အလက် ရထား တယ်၊ နမ့်ဟူးက ကျနော် တို့ဒေ သခံတွေ အားကိုး ရတဲ့ ရေထွက် ချောင်း လေးတ ခုဖြစ်တာ မှန်တယ်”ဟု မိုးနဲမြို့ ပြည်နယ် လွှတ်တော် အမတ် စိုင်းမောင်ကြီး က ပြောပါသည်။

သတင်း ထွက်နေ သည့် အတိုင်း နမ့်ဟူး ရေထွက်အား အမှန် တကယ် မိုင်းခွဲ ရကြောင်း ဟိုမိန်း ဒေသ အက်စ် သုံးလုံး အဖွဲ့ဝင် စိုင်းလူ ကလည်း ပြော ပါသည်။

“သျှမ်း အဆိုတော် တယောက်က အဲဒီမှာ ရှေး ဟောင်းပ စ္စည်း ရှိကြောင်း တရား ထိုင်ပြီး တွေ့တယ် လို့ပြော တယ်။ နောက်ခု ရွာသားတွေ ကလဲ အဲလို ပြောတော့ ကျနော်တို့ သွားပြီး ဖောက်ခွဲ ကြည့်တာပါ။ နမ့် ဟူးအောက် မှာ ဂူကြီး ရှိတယ် လို့ပြောတယ်။ ၃ လလောက်ဖောက်ခွဲ ဖယ်ရှားကြည့် တယ် ဂူလဲ မရှိဘူး။ အဲ တာကြောင့် အခု ဆက် မလုပ် တော့တာ။ အစပိုင်း ကတော့ ရေနဲ နဲနောက်တယ် အခု ပြန်ကြည် သွားပြီ။ ကျနော်တို့ မိုင်းခွဲ လိုက်လို့ ရေထွက်ပေါက် ပိုတောင် ကျယ်လာ သေးတယ်။ ရေလဲ အရင် ကထက် ပိုပြီးတော့ အထွက် များသေးတယ်” ဟု စိုင်းလူ က ပြောသည်။

၎င်းနှင့် ပတ်သက်၍ မိုးနဲမြို့နေ သက်ကြီးမိဘ တဦးက – “ အဲဒီ ရေထွက်က ကျနော်တို့ အတွက် တော်တော် လေး အကျိုး ပေးပါတယ်။ သဘာ ဝကို ဖျက်ဆီး လိုက်လို့ သဘာဝက ဖောက်ပြန် သွားမှာ အစိုးရိမ် ဆုံးဘဲဗျာ”ဟု ဆိုပါသည်။

အဆိုပါ နမ့်ဟူး ရေထွက်သည် မိုးနဲမြို့ အနောက်ဘက် ၈ မိုင်ခန့် အကွာရှိ လွယ်ယေး ရွာတွင်တည် ရှိပါသည်။

ဟိုမိန်း ဒေသ နယ်ခြား ကာကွယ်ရေး တပ်ဖွဲ့သည် ၁၉၉၆ ခွန်ဆာ ၏ MTA မုန်းတိုင်း တပ်မတော် လက်နက် ချစဉ်က ပါဝင်ပြီး မဟာကြာဦးဆောင်သည့် အဖွဲ့ကို ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် မြန်မာ့ တပ်မ တော်က ပြန်လည် ဖွဲ့စည်း ကာ ဟိုမိန်း ဒေသဘက် ပြန်လည် အခြေချ နေထိုင်သည်။ သို့သော် တောင်ကြီး လွိုင်လင် ပင်လုံ နမ့် စန် မိုးနဲ ကျိုင်း တောင်း လင်းခေး နှင့် ဟိုမိန်းဒေသတို့ အတွင်း SSS ကုမ္ပဏီ အမည်ဖြင့် ဖြန့် ကျက်နေ ထိုင် လုပ် ကိုင်လျက် ရှိသည်။

သျှမ်းသံတော်ဆင့်

မီဒီယာများ၏ ဖော်ပြချက် နှင့် အဖြစ်မှန် လုံးဝကွဲလွဲနေသည့် ပြည်မြို့တွင် ဖြစ်ပွားခဲ့သည့် တပ်မတော်သား များ ပါဝင်သည် ဆိုသော လူသတ်မှု

Posted by drmyochit Tuesday, April 30, 2013, under | No comments

၂၃-၄-၂၀၁၂ ရက်နေ့ တွင်ဖြစ် ပွားခဲ့သည့် တပ် မတော် သားများ ပါဝင် သည်ဟု သံသယရှိသည့် လူသတ် မှု သ တင်း အား The Voice ဂျာနယ်မှ  ပြည်မြို့ န၀ဒေး တံတား အနီးတွင် တပ်မ တော်သား (၃) ဦးမှ လူသတ် မှု ကျူး လွန်ဟု ခေါင်းစဉ် တပ် ကာ ဖော်ပြသည်။ ထိုသတင်းအား  ဧရာဝတီမှ ပြည်မြို့ လူသတ် မှု မသင်္ကာ သူ ၂ ဦး ဖမ်းမိ၊ တဦး လွတ် နေဟု လည်းကောင်း၊  Hot News ဂျာနယ်မှ ပြည်မြို့ ဗျူးပွိုင့် အလွန် သဲေ သာင်ပြင်မှ ချစ်သူ စုံတွဲ ရဲ့ရင်နှင့် စရာဖြစ်ရပ် လည်းကောင်း တရားခံ အတိ အကျ မသိသေး ချိန်တွင် The Voice ဂျာနယ်၏  စွပ်စွဲ ရေးသားချက်ကြောင့် တပ်မတော်သားများ ပြည် တွင် လူသတ် ပစ္စည်းယူ လုပ်ကြ သည် ဟု ချက်ချင်း ပျံ့နှံ့သွား သည်။ The Voice လမ်းစဉ်အတိုင်း ကျန် စတုတ္တ မဏ္ဍိုင် မပီသသည့် ဂျာနယ် များ မှလည်း တပ်မတော်ကို အပုပ် ချသည့် ခေါင်းစဉ်များဖြင့် ရေး သား ကြသည်။ အဆိုပါ ဟိုးလေးတကျော် အမှု အတွက် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်မှ အဖြစ် မှန် ပေါ်ပေါက် ရေးနှင့် ထိရောက်စွာ အရေး ယူနိုင်ရေး အတွက် အမြန်ဆုံး ဆောင်ရွက်ရန် ညွှန်ကြားခဲ့ရာ တာ ၀န် ရှိသူ အဆင့်ဆင့်မှ စစ်ဆေးခဲ့ရာ တွင်တော့ မီဒီယာများ ဖော်ပြချက်နှင့် လုံးဝကွဲလွဲစွာ တပ် မတော် သား (၃) ဦးမှာ သံသယ တရားခံများသာ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ် ဖြစ်ပွား သည့် အချိန်မှာ ညမှောင်မိုက်၍ လူပြတ် သည့် နေရာ ဖြစ်သည်။ ဖြစ် စဉ်တွင် အတိ အကျ ပါဝင် သူ ၂ ဦးအနက် ၁ ဦးသာ သက်ရှိ သက်သေ ဖြစ်သည်။ အသတ် ခံရသည့် စုံတွဲမှ အသက်ရှင် ကျန်သူ မ အိဇင်မိုး ကို မှ လွဲပြီး ထို ဖြစ်စဉ် အတိ အကျကို သိသူ တစ်ယောက်မှ မရှိပါ။
သူမ နှင့် အင်တာဗျူး လုပ်ထား သည့် ဖြစ်စဉ်အရ သူမတို့ ချိန်းတွေ့စဉ်တွင် လူ(၃) ဦး ရောက်လာ သည်။ မီးခြစ် တောင်းသည်။ သူမကို သိုင်းဖက်ကာ ရိုက်နှက် သည်။ လည်ပင်းညှစ် သတ်နေရင်း လူသတ် သူမှ ငါ့ေ ကာင်မလေး တုန်းကလည်း ဒီလို သတ်ခဲ့တာဟု စကား ပြောနေသေးသည်။ သူမက ပါးစပ်ဖြင့် ကိုက် သည်။ ထို့ေ နာက် သေချင် ယောင် ဆောင် လိုက်သည်။ လုယက် လူသတ် သူများ ပစ္စည်းယူပြီး ထွက်သွား သည်။ သူ မ ထ ထွက်ပြေးသည်။ အကူ အညီ တောင်း သည်။ လူများနှင့် ရဲများ ရောက်လာပြီး ရှာဖွေနေစဉ် ကိုင်း တော ထဲမှ တက် လာသည့် လူ(၃) ဦးကို တွေ့သည်။ လာခဲ့ဟု ခေါ်ကာ စစ်မေးမည် လုပ်စဉ်  တစ်ဦး မှာ ထွက် ပြေး သွားသည်။ ထို ဖမ်းမိသူများမှာ တပ်မတော်သား များ ဖြစ်နေသည့် အတွက် ရဲ အရာရှိမှ တပ်ရင်း ထံကို ဖုန်း ဆက်သည်။

သူမ ပြောပြ သည့် ဖြစ်စဉ် အရ လူ(၃) ဦးဖြစ်သည့် အတွက် တပ်မတော်သားများမှာလည်း (၃) ဦးဖြစ်သဖြင့် တူညီ သည်။ သို့သော် လူ(၇) ဦး ပြ၍ သူမကို ရွေးချယ် ခိုင်းခဲ့ ရာတွင်တော့ သူမ တစ် ယောက် ကိုမှ မရွေးနိုင် ခဲ့။ သူမ ကိုက်ခဲ့သည်ဆိုသော်လည်း ကိုက်သည့် သွားရာမှာ ထို တရားခံ (၃) ဦးတွင် မရှိ။ (မြန်မာ ပို့စ်မှ ရှိသည်ဟု ဖော်ပြသည်။ သို့သော် ညတွင်းချင်း စစ်ဆေး ဓာတ်ပုံရိုက် ရာတွင် မရှိ။) တပ် မတော်၏ တန်းစီသည့် စည်း ကမ်းအရ ဖြစ်စဉ် ဖြစ်ပွားသည့် အချိန်တွင် ၄င်းတို့(၃) ဦးလုံး တပ်ထဲ တွင် ရှိနေ သည်ကို သက်သေ များ ရှိ သည်။ ၄င်းတို့ တပ်ပြင် ထွက်ကာ အရက်သောက် ပျော်ပါးရန် အတွက် တပ်ရင်းမှ လစာကြပ် ထံမှာ ပိုက်ဆံ ချေးသည့် အချိန်မှာ ဖြစ်စဉ်ဖြစ်နေသည့် အချိန် ဖြစ်သည်။ ၄င်းတို့ထံမှ သိမ်းဆည်း မိသည့် ပိုက်ဆံများမှာလည်း ထို ချေး ထား သည့် ပိုက်ဆံများသာ ဖြစ်သည်။ လုယက်မှု ဖြစ်စဉ်တွင် ပါဝင် သူ များထံမှ အရက်နံ့ မရှိသော်လည်း တပ် မတော်သား (၃) ဦးလုံးမှာ အရက်သောက်စား မူးယစ်နေပြီး အချိန် မှာလည်း ဖြစ်စဉ် ဖြစ်ချိန် ထက် စောစီးစွာ သောက် ထားကြသည်။

လူသတ် ပစ္စည်းယူသူများ အနေဖြင့် လွတ်ရာသို့ ထွက်ပြေးရန် ဖြစ်သော်လည်း သူတို့ (၃) ဦးမှာ အိနြေ္ဒမ ပျက် ဖမ်းဆီး နေသည့် နေရာ၊ လူစုလူဝေးထဲသို့ ၃ ယောက်လုံး အတူ ၀င်လာသည်။ ဖမ်းတော့ အဖမ်းခံ သည်။ ဘာ ကြောင့် ဘာညာ သူတို့မသိ။ ထွက်ပြေးပြီး တပ်ကို လာပြောသည့် တစ်ယောက်မှလည်း ကျွန်ေ တာ် တို့ကို ရဲက ဖမ်းတယ်ဟု ပြောပြီး ဘာကြောင့် ဖမ်းမှန်းမသိ။ အချိန်သက်သေ၊ လူသက်သေများ အရ ယ ခု မိသည် ဆိုသော တရားခံများမှာ သံသယရှိသူ အဆင့်ထက် မပို။ ၄င်းတို့ကို ၀ိုင်းဝန်း ဖမ်းဆီးခဲ့သည့် သူ များ ကလည်း အတိအကျ ၄င်းတို့ ဖြစ်ကြောင်း သက်သေမပြနိုင်။ သက်သေပစ္စည်းများ စစ်ဆေးချက် အရ လည်း တူညီမှု တစ်ခုမှ မရှိသေး။

ဖြစ်စဉ် အနီးရှိ တပ်မတော်ကို အပုပ်ချ ချင်သည့် လော်ဘီများနှင့် The Voice အပါအ၀င် စတုတ္တ မဏ္ဍိုင် မပီ သ သည့် မီဒီယာ များကြောင့် သံသယ တရား ခံသည် တရားခံ ဖြစ်ခဲ့ရသည်။ ဖြေရှင်း ခွင့် မပေး နိုင်စဉ် တွင် တပ်မ တော်နှင့် ပြည်သူအကြား  အမုန်းပွား ရသည်။ အကယ်၍သာ လွဲချော်ခဲ့ပါက အဓိက တရားခံ အစစ်များ ထွက် ပြေး လွတ်မြောက် သွား စေရန် မီဒီယာနှင့် လော်ဘီများ ကူညီပေးသကဲ့သို့ ဖြစ်နေမည်သာ ဖြစ် သည်။ ဖြစ်စဉ် အမှန်နှင့် လုံးဝ ကွဲပြားသည့် သတင်းကို ဖော်ပြသည့် မီဒီယာ များကို လည်း အံ့သြ မိ သည်။

ဓာတ်ပုံ၊ ဗီဒီယို အထောက် အထား များဖြင့် မိခဲ့ သည့် အမေရိကန် နိုင်ငံ၊ ဘောစတွန် ဗုံးခွဲ တရားခံအား မီဒီ ယာ အားလုံးမှ ၀န်ခံမှု မရှိမချင်း သံသ ယရှိသူ အဖြစ်သာ ရေးသားသည်။ CNN သတင်းဆိုလျှင် တရားခံ မိပြီ ဟု ကြေငြာခဲ့ရာမှ အမှား ပြင်ပြီး သံသယရှိသူ အဆင့်ဖြင့် ပြန်လည် သုံးနှုံးခဲ့သည်။ ညမိုး ချုပ်ချိန်၊ လူပြတ် သည့် နေရာတွင် ဖြစ်သည့် ကိစ္စကို မည်သည့် အထောက် အ ထားမှ မရှိပါလျှက် The Voice ဂျာ နယ် နှင့် အခြား မီဒီ ယာများမှ တပ် မတော်သားဟု အတိအ ကျဖြစ် သကဲ့သို့ ရေးသားလိုက်မှုမှာ မည်သည့် ကျင့်ဝတ် ကို စောင့်စ ည်းပြီး မည်သည့် သိက္ခာ တရားဖြင့် ရေးသားပါသလဲ။ မင်္ဂလာ ဒုံတွင် ဘင်္ဂလီများ ဖမ်းမိ သတင်း ကို ပင် စစ်တပ်စခန်း ဌာနချုပ် များ ရှိရာ ဆိုပြီး စစ်တပ်ကို ဆွဲ ထည့် အပုပ်ချသည့် ဂျာနယ် ၏ အယ် ဒီတာ ဆိုသူမှာ မည်သည့် အရည် အချင်းဖြင့် စာနယ်ဇင်း ကောင် စီတွင် ရှိနေ ပါသလဲ ဟု သာ မေးလိုက် ချင် ပါတော့သည်။
From: OPP 

ရခိုင်အရေး စုံစမ်းရေးကော်မရှင် အစီရင်ခံစာအကြောင်း ရှင်းလင်း

Posted by drmyochit Tuesday, April 30, 2013, under | No comments


ပြီးခဲ့တဲ့ ဧပြီလ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရခိုင် ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီ ရင် ခံစာနဲ့ ပတ် သက်လို့ စုံစမ်းရေးကော် မရှင်က ရန်ကုန်မြို့၊ မြန်မာ့ ငြိမ်းချမ်းရေး စင်တာမှာ ဒီ ကနေ့ နေ့လည် ပိုင်းက သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ပြုလု ပ်ခဲ့ ပါတယ်။

ပဋိပ က္ခတွေ ဖြစ်ပွားခဲ့ရတာဟာ ကောလ ဟာလ ကို အ စပြုပြီး သူ့ဘက်၊ ကိုယ့်ဘက် အစွဲကြောင့် ဖြစ် ပွား ရတာ ဖြစ်တယ် လို့ စုံစမ်း စစ်ဆေးရေး ကော် မရှင်မှာပါ ၀င်တဲ့ ဒေါက် တာ ကျော်ရင် လှိုင်က သ တင်း စာရှင်း လင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ဒီပဋိပက္ခတွေ ဖြစ်တယ်ဆိုတာ အားလုံးလည်းသိတဲ့အတိုင်းပဲ သူ့ဘက်ကိုယ့်ဘက် အမျိုးမျိုးပြောကြ တာ၊ ဘယ် ဟာတွေ ကတော့ ဘယ်အတိုင်းအတာလောက်ထိ ဖြစ်နိုင်တယ်၊ ဘယ်ဟာတွေ ကတော့ မဖြစ်နိုင် ဘူးဆို တာ၊ ဒါကိုကျနော်တို့ အသေးစိတ်ပြောခဲ့တာရှိပါတယ်၊ ပျက်စီးဆုံးရှုံမှုတွေနဲ့ ပတ်သက်လို့ လည်း ကျွန်တော် တို့ရရှိတဲ့ သတင်းအချက်အလက်ပေါ် မှာအခြေခံပြီး    ပြောခဲ့ ဆိုခဲ့တာတွေ ရှိတယ်၊ လက်ရှိ အခြေ အနေ နဲ့ဆိုရင် ရခိုင်ပြည်နယ်မှာ စီးပွားရေးနဲ့ ပတ်သက်လို့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တင်ပြခဲ့ တာတွေ ရှိပါတယ်၊ စီးပွားရေးအဆင်မပြေမှုက ပဋိပက္ခကို ပိုဆိုးလာနိုင်တယ်ဆိုတာ ပြောပါတယ်"

အဲဒီ အခြေ အနေကို စုံစမ်းဖော်ထုတ်ဖို့နဲ့ နောင်အနာဂတ်မှာ အဲဒီလိုဖြစ်စဉ်မျိုး ထပ်မဖြစ်ပွားစေဖို့ အတွက် ၂၀၁၂ခုနှစ်၊ သြဂုတ်လမှာ အဖွဲ့ဝင်၂၅ ဦးပါဝင်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး၊ အဲဒီကော် မရှင်က အဲဒီဒေသခံနှစ်ထောင်ကျော်ကို ပဋိပက္ခဖြစ်ပွားမှုဖြစ်စဉ်နဲ့ ပတ်သက်လို့ မေးမြန်း စုံစမ်း ချက်တွေပြု လုပ်ပြီး အစီရင်ခံစာကို ထုတ်ပြန်အကြံပြုခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော် မရှင်မှာ သမိုင်း၊ လူမှုရေး သိပ္ပံပညာရှင်၊ ဥပဒေပညာ ရှင်၊ စီးပွားရေးနဲ့ လူမှုရေးခေါင်းဆောင်တွေ ပါဝင်ကြပြီး အစီရင်ခံစာမှာ လူမျိုးစုတစ် စု(သို့) အဖွဲ့ အစည်း တစ်ခု ခုကို ဦးတည်ပြီး အပြစ်တင်တာမျိုး မပြုလုပ်ဘဲ ပြည်နယ် အတွင်း တည်ငြိမ်အေး ချမ်းရေးကိုသာ ဦး တည်ပြီး အကြံပြုတင်ပြထား တာဖြစ်တယ်လို့ သိရပါတယ်။

From:rfa

ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာအပြည့်အစုံ

Posted by drmyochit Tuesday, April 30, 2013, under | No comments

ဧပြီလ ၃၀ရက်၊ ၂၀၁၃ခုနှစ်

အစီရင် ခံစာ အပြည် အစုံ တင်ပြ ချက်တွင် အရွက်ရေ (၁၈၆)ရွက်ပါရှိသည့်အတွက် အောက်ပါ လင့်တွင် ဖတ်ရှုနိုင် ပါသည်။







Download Pdf and preview-----> Click to Download and Preview

ကလိန်ကကျစ် မဒိန်းကောင်နတ်သား ရုံးတင်စစ်ဆေးပြီး တရားရုံးက သေဒဏ်ပေးလိုက်ပြီ..

Posted by drmyochit Tuesday, April 30, 2013, under | 4 comments


မြင့်မြင့်အေး(ခေါ်) သဲသဲသော်
face book ပေါ်မှာ
(fb account- Sky Queen)ဆိုတဲ့ အမည်လေးနဲ့
အမေပျောက် ရှာနေတဲ့ မိန်းကလေးကို
မတရား အကျင့် ပစ္စည်းယူ လူပါ သတ်ပြစ် လိုက်တဲ့
ကလိန် ကကျစ် မဒိန်းကောင်
(fb account- နတ်သား) ဆိုတဲ့ ခွေးသားကို
ထိုင်း ရဲတွေက ၂ပတ် အတွင်း ဖမ်းဆီးနိုင် ခဲ့ပြီး
ရုံး တင် စစ်ဆေး တရား ရုံးက သေဒဏ် ပေးလိုက်ပြီ.......။

fb ပေါ်မှာအမေလိုက်ရှာနေတဲ့ မိန်းကလေး
အမေနဲ့ မတွေ့ပဲ ငပွေနဲ့တွေ့ လို့
ဘဝပျက် အသက် ဆုံးရတဲ့ ရင်နင် ဘွယ်ဖြစ်ရပ်လေးပါ......။

ဒီ- စိတ်မကောင်းစရာဖြစ်ရပ်လေးမှာ
သဲသဲသော် (Sky Queen)က ဘဝတစ်ခု အသက် တစ်ချောင်း ရင်းပြီး
သင် ခန်း စာတွေ အသိတွေ ပေးသွားခဲ့ပါပြီ.............။

face book ပေါ်မှာ
ကိုယ့်ပုံ ကိုယ်တင် ကြော် ညာရှင် မိန်း ကလေးတွေ
အွန် လိုင်းပေါ် တက် တစ်ချက်ချက်လုပ်နေတဲ့ မိန်းကလေးတွေ
ဒီလို လူမ ဆန်တဲ့ မဒိန်းကောင် အတ္တကောင် ငရှုပ် ငပွေ တွေကို
လက် ယပ်ခေါ်နေ မိပြီ ဆို တာကို သတိထား ဆင်ခြင် သင့်ပါတယ်.....။

တစ်ဆက် တည်းမှာပဲ ဒီဖြစ်ရပ် ကလေး ကနေ
ကျွန်တော် တို့ နိုင်ငံရဲ့ good goverment clean goverment ကြီးတွေလည်း
နမူ နာ ယူ စရာ (ရှက်တတ်ရင် ရှက်စရာ) ဖြစ်ရပ်တစ်ခုအဖြစ် လက္ခံရမှာပါ
အထင် ကရ အနေနဲ့.......
အတော် လေးကြာ နေပြီဖြစ်တဲ့ ငါးလောင်းပြိုင် လူသတ်မှု (ယ္ခုထိ အမှု မပေါ်သေး)
လောလောလတ်လတ် ပြည်မြို့က လူသတ်မှု (မည်သို့ စီရင်ချက်ချမည်မသိသေး)
ဖိုးလပြည့်ရဲ့ ယာဉ်ထိန်းရဲကို ထိုးကြိတ်ပါးရိုက်မှု (မည်သို့အရေးယူမည်မသိသေး)
မြေနိမ့်ရာလှံစိုက် မျက်နှာကြီးရာဟင်းဖတ်ပါတဲ့ လုပ်ရပ်တွေကို
ရှေ့မျက်နှာနောက်ထား ဆင်ချင်လို့ ပြင်ဆင်သင့်သလားလို့ပါ.........။

From: (နဂါးမာန်)

သူရဲဝင်စီးခြင်းဆိုင်ရာ အမေးအဖြေများ ( ဒုတိယပိုင်း)

Posted by drmyochit Tuesday, April 30, 2013, under | No comments

ဘုန်းဘုန်းရေ

တပည့်တော် နဲနဲ ထပ်ဆွေးနွေး ချင်သေး တယ်။
မေးခွန်း နံပါတ် (၂)ကို တချို့ ကိုမေးကြည့်တော့ သူတို့  က အစီးခံ ရတဲ့သူက ဘ၀င် စိတ်ကျ သွား တယ် လို့ပြော တယ်။ နောက် အိပ်ငွေ့ ချခံရ တဲ့သူ နှင့် လည်း တူတယ်လို့ပြောတယ်။ အဲဒါ ဘုန်းဘုန်း ဖြေပေး ထားတဲ့ အဖြေ နှင့် သဘော တရားချင်း တူတယ် လို့ ပြော လို့ရ လားဘုရား။

ဘုန်းဘုန်း ရှင်းထားတာ ဖတ်ရင်းက တပည့်တော် မြေဇင်း နည်းနှင့် တရားအားထုတ်တဲ့ကိစ္စ ခေါင်း ထဲဝင်လာ တယ်။ သူတို့နည်း မှာ ယောဂီတွေကို နတ်ပြည်၊ ငရဲပြည် သွားကြည့် ခိုင်းတယ် ဆိုတာမှာ ဘယ်လိုပုံ စံမျိုး အဲဒီ ယောဂီက သွားတာလဲဆိုတာ နောက်မှ တပည့်တော်ကို စာပေနှင့် ကိုက်ပြပေး ပါအုံးဘုရား။

(၂) အဖြေ။ ။ ဘ၀င် စိတ်ကျတယ် ဆိုတာတော့ စဉ်းစား ရအုံးမယ် ကိုဝိ၊ ဘ၀င် စိတ်ကျနေ ချိန်မှာ လူတစ် ယောက်ရဲ့ စိတ်ဟာ လုံးဝမသိနိုင်တော့ဘူးလို့ သတ်မှတ်ကြတယ်၊ ပုံမှန်လန်း ဆန်းနေချိန်နဲ့ ဘ၀င်ဇောစိတ် လုံးဝမ ကျသေး ချိန်စပ်ကြား အခြေအနေ မှာ ဖြစ်နိုင်မယ် လို့ ခန့်မှန်းမိတယ်၊ စာစကားနဲ့ဆို ဟဒယ ၀တ္ထုရုပ်အား နည်းနေချိန်လို့ ဆိုရမလားပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ဘ၀င်စိတ်ကျသွားတယ် ဆိုရင် ဘာဆို ဘာမှ မသိနိုင် တော့ဘူး၊ အဲဒီဘ၀င်စိတ်မကျခင်လေးရှေ့ နား ဇောစိတ်လေးတွေ မှာ ဖြစ်နိုင်တယ် လို့ သုံးသပ်မိ တယ်၊ အိပ်ငွေ့ချခံရသူ အခြေအနေကိုတော့ နားမလည်လို့ မဆွေးနွေးတော့ပါဘူး၊

မြေဇင်းနည်းနဲ့ တရားအားထုတ်ပြီး နတ်ပြည် ဗြဟ္မာ့ပြည်ကိုသွားကြတယ် ဆိုတဲ့ကိစ္စမှာ စာပေနဲ့ ကိုက်ညီ နိုင်ပါ တယ်၊ သူတို့က ခန္ဓာကိုယ်ကြီးကိုထားခဲ့ပြီး စိတ်နဲ့လှည့်လည်နေတာ လို့ လူတွေက ထင်နေကြတာ၊ တကယ် ဆို စိတ်က အာရုံတစ်ခု( အထူးသဖြင့် ရူပါရုံတစ်မျိုးမျိုး)ကို လှမ်းညွတ်လိုက်တာလို့ ဆိုနိုင်တယ်၊ စိတ်ကရူ ပါရုံ ဆီကို သွားတာမဟုတ်ဘူး၊ လှမ်းပြီး အာရုံပြုလိုက် တာသက်သက်ပဲ၊ ဘုရားရဟန္တာများရဲ့ အဘိဥာဉ်တန်ခိုးနဲ့ လှမ်းကြည့်တဲ့ပုံစံမျိုးပဲ၊ ဒါပေမယ့် အာရုံမရှိပဲ စိတ်က ညွတ်ကိုင်းလို့ မရနိုင်ဘူး၊ တရား အားထုတ်နေ ချိန်မှာ စိတ်ကလဲသန့်ရှင်းစင်ကြယ်နေ၊ သမာဓိကလဲ အားကောင်းနေလေတော့ မြင်ချင် တယ် လို့ စိတ်က ညွတ်ကိုင်းလိုက်တာနဲ့ ပုံဖော်ပြီးမြင်ကြရတယ် ပေါ့။

ဒီနေရာ မှာ ပုံဖော် ဆိုတဲ့ စကားလုံးကို သတိထားစေချင်တယ်၊ တစ်ချို့ယောဂီတွေ တာဝတိံသာက စူဠာမ ဏိ စေတီတော်ကို ဖူးရတယ် တဲ့၊ မြင်ဖူးတယ် ဆိုတဲ့ ယောဂီနှစ်ယောက်ကို တချိန်စီ မေးကြည့်တော့ မြင်ရ တဲ့ အနေအထားချင်း မတူညီကြပြန်ဘူး၊ ဒါဟာ ရှေးက မမြင်ဖူးသေးတဲ့အရာတခုကို ပုံဖော်ကြည့်တယ်၊ စိတ်နဲ့ အာရုံပြုကြည့်တယ် လို့ ပြောရမယ်၊

ဦးနှောက် ထဲမှာ ရှေးက မှတ်သားထားတဲ့သညာသိ ဆိုတာ မရှိသေးလို့ပါ၊ ယခုခေတ်အခြေအနေနဲ့ဆိုရင် ကွန်ပြူတာ တခုမှာ ဆော့ဝဲလ်အသစ်တခု install မမောင်းရသေးဘူး ဆိုရင် အစိမ်းသက်သက် မမှတ်မိသေး သလိုပေါ့၊ အဲ. မှတ်သားထားဖူးရင်တော့ တခုခုအလုပ်လုပ်တော့မယ် ဆိုတာ နဲ့ ကွန်ပြူတာက သတိပေးတော့ တာပဲ။ သူမှတ်မိနေတယ် ဆိုတဲ့သဘောပဲ၊
သညာ သိ ဆိုတာလဲအတူတူပဲ၊ ဥပမာအနေနဲ့.. မွေးရာပါ မျက်စိကန်းနေသူတစ်ယောက်ဟာ ဆင်သတ္တ၀ါ ဆိုတာ မမြင်ဖူးသေးတော့ သူများပြောစကားနဲ့ ပုံဖော်ပြီးသာ သိနိုင်တယ်၊ ဆင်ကိုမြင်ဖူးသူကတော့ ဆင် ဆိုတဲ့ စကား ကြားလိုက်တာနဲ့ မျက်လုံးထဲမှာ ဆင်ပုံစံကြီးပေါ်နေပြီ။ ဒါဟာ ဦးနှောက်နဲ့ ရှေးယခင်က သညာ သိအနေနဲ့ memorized လုပ်ထားခဲ့ဖူး လို့ ပေါ်နေ နိုင်တာ ဖြစ်ပါတယ်။

နံပါတ် (၃) မေးခွန်းနှင့်ပတ်သက်ပြီး တပည့်တော် အခုကြုံရတဲ့ တစ်ယောက်ကို မေးကြည့်တာမှာတော့ သူက လုံးဝ Unconscious ဖြစ်သွားတာမျိုး မဟုတ်ပဲ sub conscious ပုံစံဖြစ်နေတာတွေ့ရတယ်။ သူ့ကိုဝင် ပူးပြီး ပြောနေတာတွေကို အချို့ ကို သူသိနေတယ်။ နောက် သူ့ကို ၀င်စီးတဲ့သူနှင့်ပါလာတဲ့ တခြား သူတွေ ကိုပါ သူက မြင်နေရတယ်လို့ ပြောတယ်။ (အဲဒီအပေါ်မှာ တပည့်တော်က သံသယဖြစ်နေတယ်။)

(၃)အဖြေ။ ။ ဒါကလဲ ၀င်စီးမယ့် တစ္ဆေ သူရဲ ရဲ့ လွှမ်းမိုးချုပ်ကိုင်နိုင်မှုနဲ့ ၀င်ပူးခံရမယ့်သူရဲ့ စိတ်ခံစားချက် အခြေ အနေ ပေါ်မှာ မူတည် လိမ့်မယ်၊ ဥပမာအနေနဲ့. ကြောက်စရာကောင်းတဲ့ movie တခုကိုကြည့် နေတာ ချင်း အတူတူ တချို့က တကယ်ပဲ mood ၀င်ပြီး ခံစားနေလေတော့ တကယ်ထိတ် လန့်ကြောက် ရွံ့နေကြ တယ်၊ တစ်ချို့ကတော့ ပေါ့ပေါ့ပါးပါ့း စားရင်းသောက်ရင်း ရယ်လိုက်မော လိုက်ကြည့်နေ နိုင်ကြ တယ်၊ အဲဒီသဘော အတိုင်း ၀င်စီးခံရမယ့်သူရဲ့ လက် ခံခြင်းစိတ် အခြေ အနေပေါ် မူတည်ပြီး Unconscious/ Subconscious နှစ်မျိုးလုံး ဖြစ်နိုင်မယ် လို့ ထင်မိတယ်။

နောက် တချက် သူ့ကို ၀င်စီးတဲ့ သူနဲ့ပါ လာတဲ့ တခြား သူတွေကိုပါ သူကမြင်နေရတယ် ဆိုတာလဲ မိမိမေးဖူး သလောက် သူတို့လဲ မြင်ရပါတယ် တဲ့။ စိတ်ချင်းဆက်သွယ်နေခြင်း၊ စကား အပြန်အ လှန်ပြောခြင်း၊ ရုပ်ရည် ချောမောတာ၊ လှပတာ၊ ရုပ်ဆိုးတာ စတာတွေလဲ မြင်ရပါသတဲ့။

နံပါတ် (၄) မေးခွန်းမှာ body temperature က တပည့်တော် သူ့ကို ၀င်ပူးနေတဲ့အချိန်မှာ လက် ဖ၀ါးတွေ ကို ကိုင်ကြည့်တော့ ပုံမှန်အတိုင်း နွေးနေတယ်ဘုရား။ မျက်လုံးတွေကိုတော့ ပူးနေစဉ်တစ်လျှောက်လုံးမှာ မှိတ်ထား တယ်။ (လက်တွေပုံမှန် အတိုင်းနွေးနေတာအပေါ်မှာ တပည့်တော် သံသယဖြစ်မိလို့ဘုရား)

(၄)အဖြေ။ ။ လူတစ်ယောက်သေဆုံးသွားပြီဆိုရင် ဆေးပညာအရ အနည်းဆုံး(၂)နာရီ လောက်ကြာမှ ခန္ဓာ ကိုယ်ကြီး တောင့် တင်းအေး စက်သွားတယ် လို့ သိရတယ်၊ ၂ နာရီအတွင်းပျော့ပျောင်းနေဆဲ၊ နွေးနေဆဲမို့၊ ရေချိုး ပေးတာ၊ အ၀တ်အစား လဲလှယ်ပေးတာ လုပ်နိုင်ကြသေးတယ်၊ အချိန်ကြာသွားတော့မှ တောင့်တင်း အေးစက်သွား တာ ထုံးစံပါ၊

ဗုဒ္ဓစာ ပေသဘော တရားအရ စုတိစိတ်ချုပ်တာနဲ့ကမ္မဇရုပ် လဲ ချုပ်သွားပြီ၊ သို့သော် အချိန် အတိုင်း အတာတ ခု အထိ အာဟာရဇရုပ်ေ တွ၊ ဥတုဇရုပ်တွေ မချုပ်သေးဘူး၊ အလုပ်လုပ်နေ သေးတယ်၊ ဒါကြောင့် ခန္ဓာကိုယ်မှာ အနွေးဓာတ် ရှိနေသေးတယ်၊ အဲ စောစောကလို ၂နာရီနောက်ပိုင်း ဆိုရင်တော့ ရုပ်အားလုံး သေဆုံးသွားတယ်၊ အေးစက်တောင့်တင်းသွားတယ်ပေါ့၊

အဲဒီတော့.. အခု သူရဲ ၀င်စီး ခံရသူမှာ လက်ကအနွေးဓာတ်ရှိနေသေးတာ မထူးဆန်းပါဘူး၊ သူ့မှာ အသက် လဲ မသေသေး ဘူး၊ စောစောက ရုပ်တွေအားလုံး ပုံမှန်အလုပ်လုပ်နေ သေးတယ်၊ စက္ကန့်ပိုင်းလေးအတွင်းနဲ့ အေး စက်နေ ရမယ်ဆိုတာ လုံးဝမဖြစ် နိုင်သေးဘူး လို့ ဆိုရပါမယ်၊ အဲဒီအတွက် သံသ ယဖြစ်စရာ မလိုပါဘူး။

နံပါတ် (၅) မေးခွန်းက တပည့်တော်ကြုံလိုက်ရတဲ့ တစ်ယောက်ကတော့ ရေတောင်းသောက် သွားလို့ ဘုရား။ အဲဒါ မေးကြည့်တာ။
(၅) အဖြေ။ အင်း .. ဒါလဲ ဖြစ်နိုင်ပါတယ်၊ တကယ်ဝဋ်ကြွေးပါလာတဲ့သူတွေက ပါးစပ်ထဲ ရေတွေလောင်း ထည့်ပေး တာတောင် လုံး ၀ရေတွေ မ၀င်ပဲ ရေငတ်တဲ့ ဒဏ်ကို ခံကြရ တဲ့နာနာ ဘာဝတွေ ရှိခဲ့ကြတာပဲ၊ ယခု လဲရှိ ဆဲ၊ နောင်လဲ ရှိနေကြအုံးမှာ၊ “ဘယ်သူ မပြု မိမိမှု” ပဲပေါ့။

နံပါတ် (၈) မေးခွန်းက တပည့်တော် အခုကြုံခဲ့တဲ့တစ်ယောက်က မ၀င်ခင်မှာ ထိုင်ရ့က်နေ အရှေ့ ကို မှောက် ချသွားပြီး ပြန်မတ်လာတဲ့အချိန်မှာ ၀င်သွားပြီ။ နောက်ပြန်ထွက်တော့ကျတော့ တစ်လျှောက်လုံး မျက် လုံး တွေမှိ တ်ပြီး ငိုနေရာကနေ မျက်လုံးတွေကို ပွတ်လိုက်ပြီး ဖွင့်လိုက်တော့ မူလ လူဖြစ် သွားတယ်။ အဲဒါကို လည်း သံသယ ၀င်မိတယ်။
(၈) အဖြေ။ ။ မိမိကြုံခဲ့ဖူးတဲ့ လူလဲအတူတူပဲမို့ ဖြစ်နိုင်မှာပါ၊ အဲ.. တကယ် ၀င်ပူး တာလား မပူးဝင်ပါဘဲ ဟန်ဆောင် လုပ်နေ တာလား ဆိုတဲ့ သံသယ ကိုတော့ ကိုယ့် ဘာသာ ဆုံးဖြတ်ကြည့် ပေတော့..

နံပါတ် (၉) မေး ခွန်းမှာ တပည့်တော်နှင့် တခြားလူတွေ ဖြစ်စဉ် တလျှောက် လုံးမှာ ကြက်သီး တောက်လျှောက် ထနေ တယ်ဘုရား။ အဲ တစ်ယောက် ကတော့ သူဘာမှ မဖြစ်ဘူး လို့ပြောတယ်။ နောက် သူက အခုဝင်ပူး တဲ့ကိစ္စကိုလည်း ၁၀၀ ရာခိုင်နှုန်း မယုံကြည် ဘူးလို့ပြောတယ်။ အဲဒီမှာ ဘာ သတိထား မိလဲဆိုတော့ ယုံတဲ့သူ တွေ အကုန်လုံးက ကြက်သီး ထပြီး မယုံတဲ့သူက ဘာမှမဖြစ် ဘူးဆိုတာ ထူးခြားနေ တယ်။

(၉) အဖြေ။ ။ ကြက်သီး မွေးညှင်းထခြင်း၊ မထခြင်းကတော့ လူတိုင်း ဖြစ်ရမယ်လို့ သတ်မှတ်ချက် မရှိဘူး၊ အရင် အဖြေ မှာလဲ ပါပြီး သားပါ၊ မိမိလဲ အရင်ကသိပ်အယုံအကြည်မရှိခဲ့ဘူး၊ကိုယ်တိုင်မကြုံတွေ့ခင်ကပေါ့၊ အဲ တကယ်ကြုံ ပြန်တော့လည်း မယုံသေး လို့လား၊(ဒါမှမဟုတ်)ကြောက်ရကောင်းမှန်းမသိလို့လား မပြော တတ်၊ ကြက်သီးမွေးညှင်း လုံးဝမထခဲ့ဘူး၊ အဲဒါက စိတ်ဓာတ် ခံနိုင်ရည်ရှိမှုနဲ့ သက်ဆိုင်လိမ့်မယ်၊

သာဓက အနေနဲ့ ကြည့်လေ. ငါးရာ့ငါးဆယ် ဇာတ်တော်တွေထဲမှာ ကြောက်စရာကောင်းတဲ့ အရုပ်ဆိုးဆိုး ကြမ်းကြမ်း တမ်းတမ်း ဘီလူသူရဲကြီးတွေကို မြင်ရတော့ သာမာန်လူတွေက ကြောက်လန့်ထွက်ပြေးကြ ပေမယ့် ဘုရားအလောင်းတော်တို့ကျတော့ သူသေကိုယ်သေ ချသင့်ရင် ချမယ် ဆိုပြီး တိုက်ခဲ့တာပဲ၊ ဒါဆို သူက ဘုရားအလောင်းတော်မို့လို့ပါ လို့ ဆင်ခြေပေးစရာရှိတယ်၊ တကယ်တော့သူလဲ အဲဒီအချိန်က သာ မာန် ပုထုဇဉ်လူသားတစ်ဦးပဲ ရှိသေးတာပါ၊ ဒါပေမယ့်လုံးဝ ကြက်သီးမွေးညှင်းမထခဲ့ဘူး၊ မကြောက်ရွံ့ခဲ့ဘူး၊ လူချင်း တူသော်လည်း ရဲရင့်တဲ့စိတ်ဓာတ်ချင်း၊ ကြောက်စိတ်ဓာတ်ခံအားနည်းခြင်း၊ မနည်းခြင်းနဲ့ သက်ဆိုင် ပါလိမ့်မယ်။

ဘုန်းဘုန်းရေ
တပည့်တော် မေးခွန်းတွေကို သေသေချာချာ ပြန်ပြီး ဖြေကြားပေးတာကို ကျေးဇူး အထူး တင်ပါတယ် ဘုရား။ ဒီလောက်ဆို တပည့်တော် ပို့စ်ရေးရဲပါပြီ။ပထမရေးဖို့ကို တော်ကြာ မဖြစ်နိုင်တာကြီးရေးတယ်လို့ ပြောကြ မှာ စိုးလို့ဘုရား။အခုလောက် ဆို ရေးဖို့ အတွက် အထောက်အထားတော်တော်လေး ခိုင်လုံသွား ပါပြီ ဘုရား။
တပည့်တော် ရေးပြီး tag လိုက်ပါ့မယ်ဘုရား။
ရိုသေစွာဖြင့်
ကိုဝိ

စာကြွင်း။ ။ ပထမပိုင်းနှင့် ဒုတိယပိုင်းကို ဆက်စပ်ဖ တ်ရှုမှသာ အဖြေ အားလုံးကို ခြုံငုံသုံးသပ်ကာ ပြည့်ပြည့် စုံစုံ နားလည် နိုင်မှာ ဖြစ်ပါတယ်၊ ပထမပိုင်းအမေးအဖြေများကိုဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။


ဒီအမေး အဖြေများ အပြီးမှာတော့ ကိုဝိဆီက “ကူညီပေး ပါလို့ ဆို လာကြ သူများ” ဆိုတဲ့ သူရဲ တစ္ဆေ ၀င်ပူးခံ ရပြီး ကျွတ် ချင်လို့ အကူ အညီတောင်း တာကို ကြုံခဲ့ ရတဲ့ တိုကျိုမြို့က ဂျပန်လူမျိုးမိသားစုတစ်စုရဲ့ နှစ်ပေါင်းငါး ဆယ်ကျော် ကာလပတ်လုံး နာနာဘာ ၀ပရလောက သားအဖြစ် ကျင်လည် ခဲ့ရသည် များကို ရေးသား ထားသော၊ ထေရ ၀ါဒ ဗုဒ္ဓ ဘာ သာရ ဟန်း သံဃာများ နှင့် မဟာယာန ဂျပန် ဘုန်းကြီးတို့၏ ဘုန်းကံ ပါရမီချင်း၊ အရည် အချင်း အကျင့်စာ ရိတ္တ၊ သီလ သမာဓိ၊ ပညာ ဂုဏ်တို့ ကွာခြားကြပုံ၊ ပရလောက ၀ိဥာဉ်သား တို့ အတွက်မည်မျှ အထိ အကျိုးကျေး ဇူးခံစား ရပုံတို့ကိုကိုယ်တွေ့ဖြစ်ရပ်အဖြစ် ဖော်ပြ ထားသော ဆောင်းပါးကောင်းလေး တပုဒ်ပေါ် ထွက်လာတယ်၊

တစ်ခုခု လုပ်မယ် ဆိုတိုင်း အရာရာမှာ စေ့စပ်သေချာစွာတွေးခေါ်တတ်တဲ့ သူ့စိတ်ကူးလေး များကို နမူနာ ယူစရာ များ အဖြစ် မှတ်တမ်းတင်မိပါတယ်၊ အခုလို စေ့စေ့စပ်စပ် တွေးခေါ်ပြီး စာရေးသူကို မေးခဲ့လို့လဲ ပြည့်စုံ တဲ့ ဒီလိုအဖြေမျိုးကို ဖြေဖြစ် သွားတာပါ၊ မေးတတ်တဲ့ကိုဝိကို ဒီနေရာကနေ ကျေးဇူး တင်စကား ပြောကြား လိုက် ပါတယ်။

"ကူညီ ပေးပါလို့ ဆိုလာကြသူများ” ဆောင်းပါးကို ဒီနေရာလေးမှာ ဖတ်ရှု နိုင်ပါတယ်။
ကိုဝိမု တ္တိသုခ( တိုကျို) မေး၍ အရှင်သုနန္ဒာလင်္ကာရ M.A(ပန်းကမ္ဘာ) ဖြေကြားသည်။

Copy and Credit to စိတ်ကူးပျော်ရာ

ထိုင်းရောက် မြန်မာများပြည်တော်ပြန်၊ မပြန် စစ်တမ်းကောက်မည်

ရန်ကုန်- ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာ လုပ်သား များ လာမည့် တစ်နှစ်၊ နှစ်နှစ် အတွင်းမြန်မာနိုင် ငံသို့ ပြန်၊ မပြန် စတင် စစ်တမ်း ကောက်ယူ တော့မည်ဖြစ် ကြောင်း သတင်း ရရှိသည်။

“ချူလာလောင်ကွန် တက္ကသိုလ်မှာ ဒီနေ့ပဲ စစ်တမ်းကောက်မယ့် လူတွေကို သင်တန်းပေးတယ်။ နောက်တစ် ပတ်မှာ စကောက် မယ်” ဟု စစ်တမ်း ကောက်မည့် သူများ ထဲပါ ၀င်သော ကိုခွန်ဆိုင်း က ပြော သည်။

စစ်တမ်းကောက် မည့် သူများ ထဲတွင် တက္ကသိုလ် ကျောင်းသား များနှင့် အရပ်ဘက် အဖွဲ့ အစည်း များမှ မြန်မာ လူငယ်များ ပါဝင် မည်ဖြစ်ပြီး မြန်မာလုပ်သား ၅၀၀၀ နှင့် တွေ့ဆုံ မေးမြန်း သွားမည် ဟု ကိုခွန်ဆိုင်းက ပြော သည်။

“ထိုင်းလူ မျိုးတွေမ လုပ်ချင်တဲ့ ဆောက်လုပ်ရေး လုပ်ငန်းတို့၊ ငါးဖမ်းလုပ်ငန်းတို့ စားသောက်ဆိုင် လုပ်ငန်း တို့မှာ မြန်မာ လုပ်သားတွေ လုပ်နေကြကတော့ မြန်မာ့လုပ်သား တွေ ပြန်သွားကြရင် တစ်စုံတစ်ခုတော့ ထိခိုက် မှုရှိနိုင်တယ်”ဟု ဘန် ကောက်မြို့တွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သော ဗဟိုအဖွဲ့မှ ဒါရိုက် တာ ကိုဝင်းမင်းက ပြောကြားသည်။

ထိုင်းနိုင် ငံတွင် အလုပ် လုပ်ကိုင် နေသော မြန်မာ လုပ်သား အများ စုမှာ မြန်မာနိုင် ငံသို့ ပြန် လာရန် ပြင်ဆင် နေကြပြီး အဆင်ပြေသူအ ချို့မှာအိမ်များ၊ ခြံများပြန်လည်ဝယ် ယူထားကြသည်။

သက် ဆိုင်ရာ အဖွဲ့ အစည်း များက ပြုစု ထားသော စာရင်း များအရ ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေ သော မြန်မာ လုပ်သား သုံးသန်းခန့် ရှိသည်ဟု သတင်းရရှိသည်။

အစိုးရ အနေဖြင့် စီမံကိန်းရေး ဆွဲရာတွင် အသုံးပြုနိုင်ရန် စစ်တမ်းကောက်ယူခြင်းဖြစ်ပြီး ရရှိလာသော စစ်တမ်း အား အစိုးရအဖွဲ့နှင့် လွှတ် တော်သို့ တင်ပြသွားမည်ဟု ခွန်ဆိုင်းက ပြောသည်။

ဓာတ်ပုံ- NARONG SANKNAK/EPA

သူရဲဝင်စီးခြင်းဆိုင်ရာ အမေးအဖြေများ ( ပထမပိုင်း)

Posted by drmyochit Tuesday, April 30, 2013, under | 1 comment

ဘုန်းဘုန်းရေသိချင်တာ နဲနဲမေးချင်လို့ပါဘုရား။

ဘုန်းဘုန်း တခါက သိုက်အကြောင်းတွေ ရေးဖူးလို့ တပည့်တော် သရဲဝင် ပူးတာနှင့် ပတ်သက်ပြီး မေးချင် ပါတယ်။ ဘာသာရေး အထောက် အ ထားတွေ အရ (သို့) တခြား ခိုင်လုံတဲ့ အထောက် အထားတွေ အရ (သို့) ဘုန်း ဘုန်း ကိုယ်ပိုင် အတွေ့ အကြုံအရ ဖြေပေးစေ လိုပါတယ်။ တ ပည့်တော် သရဲစီးတာနှင့် ပတ် သက်ပြီး ကိုယ်ပိုင် အတွေ့ အကြုံ ပို့စ်တစ် ပုဒ်ရေးချင် လို့ပါ ဘုရား။ အဲဒါ မရေးခင် ဘုန်းဘုန်းဆီက သဘောထား အမြင်လေး မေးကြည့် တဲ့သဘောပါ ဘုရား။ ကိုယ်ကြုံ တွေ့ခဲ့ရတာ တကယ် ဖြစ်နိုင် ၏၊ မဖြစ်နိုင် ၏ ချိန်ညှိကြည့်ချင် လို့ပါ ဘုရား။ ဘုန်းဘုန်း အားရင် ပြန်ဖြေပေး ပါအုံးနော် ဘုရား။

ရိုသေစွာဖြင့်
ဝိမုတ္တိသုခ

(၁) လူကို သရဲဝင်ပူး တယ်ဆိုတဲ့ ကိစ္စဟာ တကယ်ဖြစ်နိုင်ပါ သလား။

(၁)ဖြေ။ ဖြစ်နိုင် ပါတယ်၊ ဒါပေမယ့် သူရဲ၊ တစ္ဆေဆိုတဲ့ အခေါ် အဝေါ်တွေ ဟာ ဘုရား ဟောစာပေ များမှာတော့ ကမ္မ ဇိဒ္ဓိတန်ခိုး အသင့် အတင့် ရှိကြတဲ့ ပြိတ္တာတွေ ကိုရော၊ မြေပြင် မှာနေတဲ့ ဘုမ္မစိုး နတ်လေး တွေ၊ သစ်ပင် မှာနေတဲ့ ရုက္ခစိုး နတ်သေး နတ်မွှားတွေ (နတ်သေး နတ်မွှား ဆိုတာ သူတို့လဲ လူတွေ လိုပါပဲ၊ တစ်ချို့ ကတောက် တောက်ပြောင်ပြောင်၊ တစ်ချို့က မှိန်စုတ် စုတ်ပုံ စံမျိုးဖြစ်နေ တဲ့ စတု မဟာ ရာဇ်နတ် ဘုံ အနွယ်ဝင်) အားလုံး ကို သိမ်းကျုံးရောပြီး ခေါ်တာ၊ ယနေ့ ခေတ်မှသာ သူရဲ တစ္ဆေလို့ အဆင့် ဆင့်ပြောင်းလဲ ခေါ်ခဲ့ကြ တာဖြစ်ပါတယ်၊

တန်ခိုးကြီးမားတဲ့ ရုက္ခစိုး၊ ဘုမ္မစိုးတွေ ကတော့ ၀င်မပူး တတ် ကြဘူး၊ ဘာဖြစ် လို့လဲ ဆိုတော့သူ တို့မှာစား စရာ၊ နေစရာဗိမာန် အားလုံးပြည့်စုံနေလို့ လူတွေဒုက္ခရောက်ရင်သာ ကူညီတတ်ကြတယ်၊အလှူပေးခြင်း၊ သီလ စောင့်ထိန်းခြင်း၊ ၀ိပဿနာ တရား အားထုတ် ခြင်းစ တာတွေ ကို ကိုယ့် ပတ်ဝန်း ကျင်မှာ ဘယ်သူမှ မသိရင် နေပါစေ၊ သူတို့က သတိထားစောင့်ကြည့်နေပြီး လိုအပ်တာ မှန်သမျှအစစအရာရာ စောင့်ရှောက် ပေး တတ် ကြတယ်။

(၂) အဲဒီလို ၀င်ပူးတဲ့အခါမှာ မူလလူရဲ့ စိတ်ဟာ ဘယ်လိုဖြစ်နေပါသလဲ။

(၂)ဖြေ။ ။ ကိုယ့်မျက်စိ ရှေ့မှာပဲ ၀င်ပူး ခံရသူ ကိုမေးကြည့် ဖူးတယ်။ သူ့စကား အရတော့ အပူးခံ ရသူရဲ့ စိတ်က ခန္ဓာကိုယ် အပြင်ပကို ထွက်ပေး ရတယ်၊ ၀င်စီးမယ့် နာနာဘာ ၀ရဲ့ စိတ်က ၀င်လာတယ် လို့ဆို တယ်၊ သို့သော် ဗုဒ္ဓ အဘိ ဓမ္မာ ရှုထောင့် ကနေ သုံးသပ် ရရင် စိတ်က လူ့ခန္ဓာ ကိုယ်ကနေ ဘယ်လို အကြောင်းနှင့်မှ ထွက်ခွါလို့ မရနိုင်ဘူး၊ ထွက်ခွာတယ် ဆိုတာနဲ့သေ တာပဲ၊ လူ တစ်ယောက် သတ္တ၀ါ တစ်ယောက် ဟာ ဘ၀ တစ်ခုမှာ- ပဋိသန္ဓေ စိတ် စဖြစ်လာ ကတည်း က(မွေးဖွား လာက တည်းက) ခန္ဓာ ကိုယ်နှင့် စိတ်ဟာ ဘာကြောင့် ပဲဖြစ်ဖြစ် ကင်းလို့မရဘူး၊ သေဆုံးချိန်စုတိစိတ် ကျသွားမှသာ တစ်ဘ၀ ချုပ်ငြိမ်း တယ် လို့ ဆိုတယ်

တစ်ချို့ လူတွေ သေရွာပြန်- လူသား ဆိုတာ တကယ် သေတာလို့ မဆိုနိုင်ဘူး၊ ခံစားမှု ကင်းတဲ့ သတိ လစ်ခြင်း၊ မေ့မြော ခြင်း ( တရားအားထုတ်သူတွေအတွက် သတိလစ် ချုပ်ငြိမ်းနေခြင်းမျိုး) လို့ ဆိုရင် သင့်လျော် မယ်ထင်တယ်၊ ဒီအဘိဓမ္မာအဆိုကို ထောက်ပြီး သူရဲတစ္ဆေ၀င်ပူးချိန်မှာ စိတ်က ထွက်ခွါ ပေးရ တယ် ဆိုရင် ( နိရောဓသမာပတ် ၀င်စားနိုင်သူအနာဂါမ်၊ ရဟန္တာများများမှ လွဲ၍) ကျန်ကာမဘုံသား သတ္တ၀ါ အားလုံး သေသွားပါလိမ့်မယ်၊အဘိ ဓမ္မာ သဘော အရပြန်လည် အသက် ရှင်စရာ အကြောင်း မရှိ နိုင်ဘူး။

စာပေ မှာ အရှင် အာနန္ဒာ ကြီးကို မာနတ်ကြီးက ၀င်ပူးတော့ ကြောက်စရာရူပါရုံကို ဖန်ဆင်းပြတယ်၊ ဒါကိုမြင် တဲ့ အရှင်အာနန္ဒာက သတိလက်လွတ်ဖြစ်ကာထိတ်လန့်ပြီး ပါးစပ်ဟမိတယ်၊ ဘုရား ရှင်ပြော စကား ကို လိုက် မမှတ်နိုင်ပဲ သတိ လက်လွတ်ငေးမော တွေဝေနေတယ် လို့ ဆိုတယ်၊

အရှင် အာနန္ဒာ လို သောတာ ပန်ပုဂ္ဂိုလ် မို့သာ ရူပါရုံ လောက်ဖြင့် ခြိမ်းခြောက်နိုင်တာ၊ အခြား ဘုန်းကံ နိမ့်သူ များရဲ့နှလုံး သားကိုတော့ မာနတ်ကြီး က လက်နဲ့တောင်ဆုပ်ညှစ်ထားနိုင်တယ် လို့ ဆိုတယ်၊ဒီစာပေနဲ့ အဘိ ဓမ္မာ သဘောနှစ် မျိုး လုံးဟာ တထပ်ထဲ ကျနေတဲ့အတွက် သံသယဖြစ်စရာ မရှိဘူး၊ ၀င်ပူး ခံ ရသူတွေ ပြောကြသလို၊ထင်နေသလို စိတ်က ခဏလေး ထွက်ခွါ ပေးရတယ် ဆိုတာ မဖြစ်နိုင်ဘူး၊မြန် လွန်း လို့ စိတ် အထင် သက်သက်နဲ့ ပြောကြ တာဖြစ်ပါ လိမ့်မယ်။

(၃) သရဲ ၀င်စီးခံ ရတဲ့သူ ဟာ အစီး ခံနေရ ချိန်မှာ သူ ဘာဖြစ်နေ တယ်ဆို တာကို သိနေ နိုင်ပါသလား။
(၃)အဖြေ။ ။ ၀င် မပူးခင်နဲ့ ထွက် သွားပြီးနောက် ပိုင်းမှာပဲ သိနိုင်ပါတယ်၊ ၀င်ပူးနေ ချိန်မှာ သူ့ ဘာဖြစ်နေ တယ် ဆိုတာ မသိတော့ ဘူးလို့ ဆိုတယ်။

(၄) သရဲ ၀င်စီးနေ တဲ့ အချိန်မှာ ခန္ဓာ ကိုယ်က ဘယ် လို ပြောင်းလဲ မှုမျိုးတွေ ဖြစ်နိုင် ပါသလဲ။ ဥပမာ- body temperature အပြောင်းအလဲ၊ မျက်နှာအနေအထား၊ မျက်လုံးအနေအထား၊ စကားပြောပုံအမူအရာ စသည် ဘယ်လိုမျိုး ဖြစ်နိုင်ပါသလဲ။
(၄)အဖြေ။ ။ မိမိရှေ့မှာ မြင်ဖူး သလောက်တော့ ၀င်စီး ခါနီးမှာ အစီး ခံရမယ့် သူက ကောင်း ကောင်း သိပါ တယ်၊ မျက်နှာ အနေအထား၊ မျက်လုံး အနေအထား၊ စကားပြော ပုံ အမူ အရာ အားလုံးဟာ တစ်စုံ တစ်ခုကို မြင်ရ လို့ အရမ်း ထိတ်လန့် သည့် ပုံစံမျိုး လည်းမဟုတ်၊ အံ့သြသည့် အမူအရာ၊ ထူးခြားသည့် အမူ အရာ သက် သက်မျှသာ ဖြစ်တယ်၊ အနားပတ်ဝန်း ကျင်က လူတွေကလည်း သူ့ကို တကူးတက စိုက်ကြည့်နေ ချိန်နဲ့ ဆုံရင် ထူးခြား တာကို သိနိုင်ပါ တယ်၊

(၅) သရဲ ၀င်ပူးပြီး အစား တောင်းစားခြင်း၊ ရေတောင်း သောက်ခြင်း စသည် ပြုလုပ်တတ် ပါသလား။ ထိုသို့ တောင်းစားချိန်မှာ အစားအသောက်ကို မည်သို့စားသောက် တတ်ပါ သလဲ။
(၅)အဖြေ။ ။ ဒီမေးခွန်း ကတော့ ကျယ်ကျယ် ပြန့်ပြန့်ဖြေမှ ဖြစ်မယ်၊ လူသေကောင်ကို ဖုတ် ၀င်ပြီး တောင်းစား တာ မျိုးဆိုလျင် တိုက်ရိုက် စားတာပေါ့၊ တစ်ချို့ ကတော့ ၀င်ပူး ချိန်မှာ သူ မည် သူမည် ၀ါဖြစ်ကြောင်း၊ ဘယ်မှာ နေကြောင်း၊ ဘာ အစား အသောက် စားချင် လို့ ကျွေးမွေး ပါ၊ ဆိုပြီး ပြောဆိုကာ ထွက်သွား တယ်၊ သူပြောတဲ့ နေရာကို သွားပြီး အစား အသောက်များ သွားပစ် ထားရင် အရင်က မတွေ့ဖူး မမြင်ဖူး တဲ့ခွေးတကောင်၊ ကြောင် တကောင်က လာရောက်စား သောက် တာမျိုး၊ တခါ တလေလဲ ဘယ် သတ္တ၀ါမှ မလာပါ ပဲလျက် ယင်ကောင် များ လာရောက် စားသောက် တာမျိုး၊ ထူးခြားချက်က အဆိုပါ အစား အစာများ ဟာ အဆင်းရော၊ အနံ့ရော လုံးဝမရှိ တော့လောက်အောင် ကုန်ခန်း သွားတာ မျိုးလဲရှိ တယ်။

(၆) ပရ လောက သားများ ဟာ မည်သည့် ဘာသာ စကားကို သုံး စွဲပြောဆို ပါသလဲ။ (သို့မဟုတ်) မည်သည့် ဘာသာစကားနှင့် သူတို့ကို ပြောဆိုလျှင် သူတို့ နားလည်တတ်ပါသလဲ။
(၆) အဖြေ။ ။ ပရလောကသားတွေမှာ ဘယ်ဘာ သာစ ကားရပ်မှ မလိုဘူး လို့ မိမိ ကတော့ ယူဆတယ်၊ သူတို့ ရဲ့သဘာဝ ဘ၀ပေး ကုသိုလ် အခြေ အနေ အရ ကမ္မဇိဒ္ဓိတန်ခိုး ကြောင့် အလိုလိုသိနိုင်တယ်လို့ ယူဆမိ တယ်၊ လူတွေကြား ထဲမှာ ကျင်လည်နေပြီး သူတို့က လူတွေကိုမြင်ရတယ်၊ လူတွေက သူတို့ကို မမြင်နိုင် ဘူး ဆိုကတည်းက တန်ခိုးအသင့်အတင့်ရှိတယ် ဆိုတာ မြင်နိုင်ပါတယ်၊

ဟို တလောက သတင်းလေး တစ်ခုကြား လိုက်မိ တယ်၊ အနောက် ဥရောပ အင်္ဂလန်နိုင်ငံဖြစ် မယ် ထင် တယ်၊ အဲဒီ မှာ ခရစ်ယာန်ဘာသာ ၀င်မိသားစုအိမ်မှာ အိမ်သားတစ်ယောက် မကျွတ်မလွတ်ပဲ သူရဲဖြစ်နေ တယ် တဲ့၊ ခရစ်ယာန်ဓလေ့ထုံးစံအရ နည်းမျိုးစုံသုံးကာ ပထုတ်သော်လည်း ပုံမှန်ပဲ ဆက်လက်ခြောက် လှန့်နေ ခဲ့တယ်၊
နောက်တော့ မြန်မာ လူမျိုးဗုဒ္ဓဘာသာ အမျိုးသမီးတယောက်နဲ့တွေ့ပြီး အကူအညီတောင်း ရာက သံဃာ လေး ပါးပြည့်အောင် တကူးတက ပင့်ဆောင်ပြီး ပရိတ်ရွတ်၊ ကမ္မ၀ါစာဖတ် ပေးလိုက်တော့ ကျွတ်လွတ်သွား တယ် လို့ သိရတယ်၊ နောက်ပိုင်းတော့ အဆိုပါ ခရစ်ယာဉ်အမျိုးသမီးဟာ ဘာသာပြောင်း လာပါသတဲ့၊ ဒါ ကိုထောက် ဆပြီး မြန်မာ ဘုန်းတော်ကြီးများ ရွတ်ဖတ်တဲ့ပရိတ်၊ ကမ္မ၀ါစာများကို နားမလည်ဘူး ဆိုလျင် ကျွတ် လွတ် စရာအကြောင်းမရှိဘူး၊ နားလည်လို့သာလျင် ကျွတ်လွတ်တယ်လို့ သုံးသပ် မိတယ်၊

နောက် တစ်ချက် က ဂုဏ်တော်ပွား၊ ပုတီးစိပ်စသော အကျင့်စရဏကို နှစ်ပေါင်းများစွာ အားထုတ်နေ သော ကျောင်းထိုင် ဘုန်းကြီး တစ်ပါးရဲ့ အတွေ့ အကြုံ ကလဲ အံ့သြစရာပဲ၊ အဲဒီဆရာတော်က နေရာ အရပ်ဒေ သ တစ်ခုခု၊ အိမ်၊ ကျောင်း၊ ရွာ စသည်ဘယ်နေရာပဲ ရောက်နေပါစေ၊ ဥပမာ-သူနဲ့ ဆက်စပ် တဲ့ အိမ် တစ် အိမ် ဆိုပါစို့၊ ကြွသွားလျင် မကျွတ် မလွတ်တဲ့သူတစ်ယောက်ယောက်ရှိနေလျင် အလိုလို သိရပါ သတဲ့၊ မကျွတ် မလွတ်သူ တောင် မဟုတ်ဘူး၊ ဘီလူးတို့၊ ရုက္ခစိုးတို့ စတာတွေရှိနေရင်လဲ သိရတယ် တဲ့၊ အဲဒီလို ပုဂ္ဂိုလ်တွေနဲ့ အမြဲတမ်းဆက်သွယ်နေရတာ များတယ် လို့ ဆိုတယ်။

တနေ့မှာ အိမ်တစ်အိမ်ကို ဆွမ်းစားကြွရင်း သီလပေးရေစက်ချ တရားဟောနေတုံးပေါ့၊ မျက်စိမှိတ်ပြီး သီလ ပေးတာ မပြီးသေးဘူး၊ အိမ်မကြီး တံခါးဝမှာ လူရွယ်တစ်ယောက် ပုဂံခေတ်က အ၀တ်အစားမျိုးတွေ ၀တ် ဆင် ထားပြီး မတ်တပ်ရပ်နေတာကို မျက်စိမှိတ် ထားရင်းက မြင်နေရတယ်တဲ့၊ သူလဲ လာပြီးတရားနာ ချင်ပါ တယ်၊ ခွင့်ပြုပါ တဲ့၊ ပါးစပ်လှုပ်ရုံမျှသာ လှမ်းစကားပြောနေတာနော်၊ ဒါကို ပါးစပ်က သီလပေးနေတဲ့ ဆရာတော် ကလဲ မြင်တယ်၊ စိတ်နဲ့ပဲပြန်ဖြေလိုက်တယ်၊ လာခဲ့ပါ၊ ရပါတယ်ပေါ့၊ သူတစ်ယောက်ထဲ မဟုတ် ဘူး၊ အဖော် တစ်ယောက် ပါလာသေးတယ် ဆိုတော့ ရတယ် နှစ်ယောက်လုံး လာနိုင်ပါတယ် ဆိုပြီး ခွင့်ပြု လိုက် တယ်၊ စိတ်ချင်းပဲ စကားပြောနေတာ နော်၊ ပါးစပ်ကတော့ သီလပေးနေတာ..
ခွင့်ပြုချက် လဲ ရပြီးရော.. မိန်းကလေးတစ်ယောက်နဲ့အတူဝင်လာပြီး ပရိသတ်ရှေ့ဆုံး ဆရာတော့်ရှေ့တည့် တည့်နား အထိ လာထိုင်တယ်၊ ထိုင်ပြီးတာနဲ့ မြင်ကွင်းက ပျောက်သွား တယ်၊ နောက် ထပ်မမြင် ရတော့ဘူး တဲ့၊ ပရိသတ်လဲတယောက်မှမသိလိုက်ဘူးလို့အဲဒီဆရာတော်ကိုယ်တိုင်ပြောပြဖူးတယ်။ဒီအချက် ကိုထောက် ဆလျင် ပရလော ကသား တွေအတွက် ဘယ်ဘာသာ စကားမှ မလိုအပ်ဘူး လို့ ယူဆ မိပါ တယ်။

(၇) သူတို့တွေ အနေနှင့် မိမိ တို့နှင့် အယူဝါဒ၊ ဓလေ့ထုံး စံမ တူညီသော အခြား ဘာသာ၊ လူမျိုးတစ်ခုရဲ့  ဓလေ့ ထုံးစံ များကို နားလည် သိရှိနေ တတ်ပါ သလား။
(၇) အဖြေ။ ။ အထက်က ခရစ်ယာန်မိသားစုအဖြစ်အပျက်ကို ထောက်ဆရင် နားလည်ပြီးသား ဖြစ်နိုင် တယ်လို့ ယူဆသင့်တယ်၊

(၈) သရဲစီးရာမှ ပြန်ထွက်သွားတဲ့အခါမှာ မူလအစီးခံရတဲ့ လူရဲ့  ခန္ဓာကိုယ်အခြေအနေ၊ သူပြန်သတိရပုံ စတာတွေ ဘယ် လိုမျိုးရှိ တတ်ပါ သလဲ။
(၈)အဖြေ။ ။အခြား သူတွေ အတွေ့ အကြုံနဲ့ ခြားနားနေ မလား မသိဘူး၊ မိမိအတွေ့ အကြုံအရတော့ ၀င်မစီး ခင်မှာ ၀င်စီး မယ့်သူ ရဲ့မျက်နှာမှာ တစ်ခုခုဖြစ်တော့မည့်ဟန် အနေဖြင့် ထူးခြားလာပြီး ခန္ဓာကိုယ် က အရုပ် ကြိုးပြတ် ပမာ လူသေကောင်ပမာ လဲကျ သွားတယ်၊ အလွန်ဆုံး နှစ်စက္ကန့်လောက်ပဲကြာမယ်၊ ပြန်လည် အသက်ဝင် လာပြီး စကားပြောတယ်၊ ပြီးလျင် ပြန်ထွက်တော့မယ် ဆိုတဲ့အကြောင်းပြောပြီး စက္ကန့် ပိုင်းအတွင်း ဘုန်းကနဲ ခန္ဓာကိုယ်ကြီးက လဲကျ သွားပြန်တယ်၊ ၂စက္ကန့်လာက်ပဲ ကြာပြီးရင် သတိရ လာတယ်၊ ဒါပေမယ့်သူတို့ကို မေးရင် ဘာမှ မသိလိုက်ဘူး လို့ပဲ လူတိုင်းက ဖြေလေ့ရှိကြတယ်။

(၉) သရဲ စီးနေစဉ် ပတ်ဝန်း ကျင်မှာ ရှိနေ တဲ့သူတွေ မှာရော ခန္ဓာကိုယ်နှင့် စိတ်ပိုင်းဆိုင်ရာ ပြောင်း လဲမှု များ ရှိတတ်ပါ သလားဘုရား။
(၉)အဖြေ။ ။ လူတစ်ချို့ ကတော့ ကြက်သီးမွေး ညှင်းထ လာတာမျိုး၊ အကြောင်းမဲ့ စိတ်ခံစား မှုထူးခြား လာတာ မျိုး စ တဲ့ထူးခြား မှုလေးတွေ ပေါ် တတ်တယ် လို့ ဆိုကြတယ်၊ ကိုယ်တိုင်ကြုံဖူးတာတော့ တစ်ခုခု ထူး တော့ မယ် ဆိုတာ သိ လိုက်တယ်၊ အနားမှာ ထိုင်နေရင်း အန္တရာယ်ပေး ခဲ့ရင်ကြို တင်ကာ ကွယ် ရအောင် ခန္ဓာ ကိုယ် ကလဲ အသင့်အနေ အထား လုပ်နေခဲ့မိတယ်၊ ပါးစပ်ကလဲ သမ္ဗုဒ္ဓေဂါထာရော၊ သရဏဂုံ သုံးပါးရော ရွတ်ဆိုနေမိတယ်၊ မိမိအတွက်တော့ ဘာမှ ထူးထူးခြားခြား မပြောင်းလဲခဲ့ပါဘူး။
စာကြွင်း။ ။ (ဒုတိယပိုင်း) ကို ဆက်လက်ဖတ်ရှုမှသာ အဖြေအားလုံးကို ခြုံငုံသုံးသပ်ကာ ပြည့်ပြည့်စုံစုံ နား လည်နိုင် မှာဖြစ် ပါတယ်၊
မေတ္တာဖြင့်...
အရှင်သုနန္ဒာလင်္ကာရ
M.A ( ပန်းကမ္ဘာ )

Credit to စိတ်ကူးပျော်၇ာ

လွှတ်တော် အမတ်များ ဒေသဖွံ ဖြိုးရေး လုပ်ရန် သိန်း ၁ ထောင်ချပေးမည်

Posted by drmyochit Tuesday, April 30, 2013, under | No comments

လွှတ်တော် အမတ်တွေ ပြည် သူကြားမှာ ဂုဏ်သိက္ခာ ရှိစေဖို့ အတွက် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းမှာ အသုံးပြုဖို့  မြို့နယ် တမြို့နယ်ကို ကျပ်ငွေ သိန်း ၁ ထောင် ချပေး မယ်လို့ သင်္ဃန်းကျွန်း အမျိုး သား လွှတ် တော် အမတ် ဦးဖုန်းမြင့်အောင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီငွေကို ၂၀၁၃-၁၄ ဘဏ္ဍာ နှစ် အတွက် ချပေး မှာဖြစ်ပြီး မြို့နယ် ထဲက အမတ်တွေ ညှိနှိုင်း တိုင်ပင် အကောင် အထည် ဖော် ရ မယ်လို့ သူက ပြောပါ တယ်။ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ အမတ် တချို့ အိန္ဒိယ လွှတ်တော် လေ့လာရေး ခရီးစဉ် အတွင်း အိန္ဒိ ယမှာ လုပ်နေတဲ့ ဒီပုံစံ ကို သဘော ကျလို့ အလား တူ အကောင် အထည် ဖော်တာ ဖြစ်ကြောင်း သူက ရှင်းပြပါတယ်။

ဒီငွေနဲ့ ဒေသ ဖွံ့ဖြိုး ရေးလုပ်ငန်းတွေ အကောင် အထည် ဖော်ပြီးရင် သက်ဆိုင်ရာ အမတ်တွေရဲ့ ဆောင်ရွက် ချက်အဖြစ် အဲဒီ မဲဆန္ဒနယ်မြေမှာ ကမ္ပည်းစာ ရေးထိုး မှတ်တမ်း တင်ထား မယ်လို့ ဦးဖုန်းမြင့် အောင်က ပြော ပါတယ်။

From: DVB

ပြည် လူသတ်မှု စစ်ခုံရုံးမှ အရပ်သားများကို ခေါ်ယူစစ်ဆေး

Posted by drmyochit Tuesday, April 30, 2013, under | No comments

ပြည်မြို့ လူသတ်မှု အတွက် သောင်္ကြာနေ့က စစ်ခုံရုံးဥက္ကဌနှင့် တပ်မတော်အရာရှိကြီးများ အခင်းဖြစ် ပွားရာ နေရာသို့ လာရောက်စစ်ဆေးခဲ့ (ဓာတ်ပုံ – ကောင်းမြတ်မင်း)

တပ် မတော် သားများ ပါဝင်ပတ်သက်နေသည်ဟု ယူဆရသော ပြည်မြို့ န၀ဒေး တံတားအောက် လုယက် အသတ်ဖြတ် ခံရသော အမှုကို တပ်မတော် စစ်ခုံရုံးမှ အရပ်သား သက်သေ ထွက်ချက်များ ရရှိရန် ခေါ်ယူ စစ်ဆေး မေးမြန်းကြောင်း သိရသည်။

အမှုတွင် အဓိက သက်သေအဖြစ် အသက်ရှင်ကျန်ရစ်ခဲ့သော မအိဇင်မိုးကိုကိုလည်း ဆေးရုံတွင် စစ်ဆေး မေးမြန်း မှုများ ပြုလုပ်ခဲ့ပြီး မအိဇင်မိုးကို၏ ဖခင်ဖြစ်သူကိုလည်း ခလရ ၇၅ တပ်ထဲတွင် တပ်မတော် အရာရှိကြီး ၃ ဦးက အမှုဖြစ် စဉ် အစအဆုံးကို ခေါ်ယူမေးမြန်းခဲ့ကြောင်း သိရသည်။

မအိဇင်မိုးကို၏ ဖခင် ဦးမြင့်ကိုက “၂၇ ရက်နေ့က ကျနော့်ကို တပ်ထဲကို ခေါ်စစ်တယ်။ (အခင်းဖြစ် တဲ့နေ့ က) ကျနော့်သမီး ဆေးရုံကို ဘယ်အချိန် ရောက်တယ်၊ ရဲစခန်းကို ဘယ် အချိန် သွားတယ် ဆိုတာ တွေကို အချိန် အတိအကျ မေးတယ်။ ဒီလောက် အရေးကြီးတဲ့အချိန်မှာ နာရီ တကြည့်ကြည့်လုပ်ပြီး ကျနော် မှတ်နေနိုင် မ လားဗျာ။ ဘာလို့ တပ်မတော်သားတွေကို တရားခံအဖြစ် စွပ်စွဲပြီး အမှုဖွင့်ရတာလည်း မေး တယ်။ သူတို့ကို တရားခံလို့ တပ်အပ်စွပ်စွဲရဲလားလို့ မေးတော့ စွဲရဲတယ်လို့ ပြောခဲ့တယ်။ ကျနော့် သမီးကို လည်း ဖြစ်တဲ့နေရာကို ခေါ်သွားပြီးတော့ မေးချင်တယ်လို့ ပြောပါတယ်။ သမီးမှာ နှလုံးရောဂါရှိတဲ့အတွက် ကျန်းမာရေး ကို တာဝန်ယူပေးနိုင်ရင်တော့ ခေါ်သွားလို့ ပြောထားပါတယ်” ဟု ဧရာဝတီကို ပြောဆိုသည်။

ပြည်မြို့ တဘက်ကမ်း သစ်ဆိမ့်ပင်ရွာရှိ ကိုအေးထွေး၊ ကိုမြင့်ရွှေနှင့် ကိုရဲနိုင်တို့အားလည်း ဧပြီလ ၂၇ ရက်နေ့ ညနေ ၆ နာရီခန့်က စစ်ဆေး မေးမြန်းရန် ခေါ်ဆောင်သွားခဲ့ပြီး ဧပြီလ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ၄င်းတို့ ၏ မိသားစုဝင်များက ပြည်မြို့ အမှတ် ၂ ရဲစခန်းသို့ သွားရောက်မေးမြန်းခဲ့ရာ စခန်းမှူးမှ စိတ်မပူ ရန်နှင့် မေးမြန်းစရာရှိ၍ဟု ပြောဆိုသည်။

ထိုသူများ ယခုအခါ ရွာပြန်ရောက်လာကြပြီး မေးမြန်းရာတွင် တစုံတရာ ခြိမ်းခြောက်ခြင်းမျိုးမရှိဘဲ ကောင်း မွန်စွာ ဆက်ဆံမေးမြန်းကြောင်း၊ တရားခံအဖြစ် သံသယရှိ၍ မဟုတ်ဘဲ အသတ်ခံရသည့်စုံတွဲအား အခင်းမဖြစ် ပွားမှီက မြင်သောလူများတွင် ၎င်းတို့ပါဝင်နေကြောင်း သတင်းရ၍ ခေါ်ယူ မေးမြန်း ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဧပြီလ ၂၃ ရက် ည ၉ နာရီခန့်က ပြည်မြို့ ဆင်စုရပ်ကွက်အနီး ဧရာဝတီ မြစ်သောင်ပြင်ပေါ် (နဝဒေး တံတား အောက်) တွင် သမီးရည်းစား ဘာသာဘာဝ ချိန်းတွေ့နေသည့် ကိုဇော်မင်းဦးနှင့်မအိဇင်မိုးကိုတို့ စုံတွဲ အား လူ ၃ ဦးမှ ပစ္စည်းယူ လူသတ်မှုဖြစ်ခဲ့ရာ မသင်္ကာသူ ၂ ဦးကို ဖမ်းဆီးမိပြီး တပ်မတော်သားများ ဖြစ်နေ ခဲ့သည်။

အဖမ်းခံရသည့် တပ်သား ရဲကိုဦးနှင့် တပ်သား သန်းထိုက်အောင်တို့ကို ရဲတပ်ဖွဲ့က ခလရ (၇၅) တပ်ရင်း သို့ ပြန် လွှဲခဲ့ရာ ချုပ်နှောင် ထားကြောင်း၊ လွတ်မြောက်သွားသူ တပ်သား သန်းဝင်းအောင် တပ်ရင်းသို့ ပြန်အ လာတွင်လည်း ဖမ်းဆီးပြီး အချုပ်ချထားခဲ့သည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူရဲတပ်ဖွဲ့များ ပူးပေါင်းဖြေ ရှင်းသွား မည် ဖြစ်ကြောင်း စစ်ခုံရုံး ဥက္ကဋ္ဌ ဒု ဗိုလ်မှူးကြီးနေဝင်းက သေဆုံးသူ ကိုဇော်မင်းဦး၏ ဈာပနတွင် ပြောဆို ခဲ့သည်။

From: ဧရာဝတီ

ကွန်ပျူတာ ဆက်တိုက် အသုံးပြုနေသူများ မျက်စိကို ဘယ်လို ကာကွယ် ထိန်းသိမ်းမလဲ

Posted by drmyochit Tuesday, April 30, 2013, under | No comments


ကွန်ပျူတာကို တစ်နေကုန် ကြည့်တဲ့သူတွေ မျက်စိအတွက် ဘယ်လို လေ့ကျင့်ခန်း လုပ်သင့်တဲ့ အချက်တွေ ကို တင်ပြလိုက်ပါတယ်။

နေရာမှန်ပါစေ

သင့်ရဲ့ ကွန်ပျူတာ ကီးဘုတ်၊ မောက်စ်တို့ကို နေရာမှန် ထားတတ်ဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ ကွန်ပျူတာ Screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ့ လက်တစ် လှမ်းစာ အကွာနဲ့ မျက်လုံးရဲ့ (၂၀) ဒီဂရီအောက် နိမ့်နေရ ပါမယ်။

အလင်းရောင်


သင့် အခန်း တွင်း အလင်းရောင် ပျံ့နှံ့ပါစေ။ ဒါမှ ကွန်ပျူတာ Screen မှ လာသော Reflection တွေကို လျော့ ချနိုင်မှာ ဖြစ်ပါတယ်။ ကွန်ပျူတာ Screen အား သင့်မျက်စိနှင့် သင့်တော်ရာ အလင်း၊ အမှောင် Setting လုပ်ထားပါ။ Anti-Reflective Lenses ပါသော မျက်မှန်ကို တပ်ပေးခြင်းဖြင့် တောက်ပသော အရာမှ လာသော Reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ့ မျက်စိ ဆရာဝန်က သင့်အား ကွန်ပျူ တာနှင့် ထိတွေ့နေသူမှန်းသိရင် ထို Anti-Reflective Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွှန်းပါ လိမ့်မယ်။ ကွန်ပျူ တာနှင့် အလုပ်လုပ်သူများ မိနစ် (၂၀) လောက်ကြာတိုင်း ခေါင်းကို ခဏ ဘေးကို လှည့်ပြီး ပေ (၂၀) လောက် ဝေးတဲ့ အရာ တစ်ခုခုကို ကြည့်ကြည့်ပေးပါ။ 

ဒီနည်းလမ်းဟာ သင့်ရဲ့ ပင်ပန်းနေတဲ့ မျက်လုံးကို သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ (၂၀) လောက် မျက်စိအား ပိတ်လိုက် ဖွင့်လိုက် လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း (၂၀) လောက် လမ်းလျှောက်ခြင်းဖြင့် သွေးလည်ပတ်ပါစေ။ မျက်စဉ်း ခတ်ပေးပါ။ လူတစ်ယောက် ဟာ တစ်မိနစ် အတွင်း ပုံမှန် (၁၂) ခါ မျက်တောင်ခတ်ကျပါတယ်။ ဒါပေမဲ့ ကွန်ပျူတာနဲ့ အလုပ် လုပ်နေ ရင် ငါးခါလောက်သာ မျက်တောင် ခတ်တာကို သင်သတိထားမိပါသလား။ အကျိုးဆက် အနေဖြင့် မျက်စိအား ခြောက်ကပ် နေစေပါတယ်။ ထိုသို့ ခြောက်ကပ် မနေအောင် မျက်စဉ်း ခတ်ပေးနိုင် ပါတယ်။

လက်ဖဝါး အုပ်ခြင်း


ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင့်ရဲ့ လက်ဖဝါးနှစ်ခုအား နွေးလာသည် အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖဝါးနဲ့ သင့်မျက်စိ နှစ်ဖက်ကို တစ်မိနစ်လောက် ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိ ညောင်းကိုက်၊ ပင်ပန်း လာတိုင်း နှစ်ကြိမ်၊ သုံးကြိမ်လောက် လုပ်ပေးပါ။ ထိုလက်ဖဝါးမှ လာသော နွေးထွေးမှုသည် သင့်ရဲ့ ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်။

မျက်နှာသစ်ခြင်း


အားတဲ့ အချိန်မှာ မျက်စိ မှိတ်ပြီး ရေအေးဖြင့် မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်းခြင်းကို ခံစားရပါ လိမ့်မယ်။

လက်ဖက်ခြောက်အထုပ်


သောက်ပြီး သား လက်ဖက်ခြောက် အထုပ် ကလေးများ ကို လွှင့်မပစ်ဘဲ ရေခဲသေ တ္တာထဲ ထည့်ထားပြီး အားတဲ့ အချိန်ကျ ရင် ထိုလက်ဖက်ခြောက် အထုပ် နှစ်ထုပ်အား သင့်မျက်စိ တစ်ဖက်စီတွင် တင်ပြီး အနား ယူပါ။ မျက်စိအား အေးမြစေပါသည်။ ဗီတာမင် အေ၊ စီ၊ အီး ပါသော အစား အစာများ ပိုစားပါ။

သားဗိုလ်

Monday, April 29, 2013

ရခိုင်အစီရင်ခံစာ ထုတ်ပြန်ပြီ

Posted by drmyochit Monday, April 29, 2013, under | No comments

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ လူပေါင်း ၂ ထောင်ကျော်အား ကွင်းဆင်း မေးမြန်းချက် များ အပေါ် အခြေခံသည့် အစီရင်ခံစာကို ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်က အများပြည် သူသို့ ယနေ့ထုတ်ပြန်လိုက်သည်။

ယင်း ထုတ်ပြန် ချက်တွင် နိုင်ငံသားဖြစ်ပိုင်ခွင့်ကိစ္စ၊ ယာယီနေရာချထားရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးရေးများ၊ နယ်စပ် ပိုင်နက် လုံခြုံရေးနှင့် လူဦးရေ ပြန့်ပွားမှုနှုန်းမြင့်မားသည့် ကိစ္စရပ်များဆိုင်ရာ အကြံပြု ချက်များ အပါ အ၀င် အခန်း ၁၄ ခန်းနှင့် စာမျက်နှာ ၁၃၈ မျက်နှာ ပါရှိသည်။

လူပေါင်း ၁သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ဒုက္ခသည်များဖြစ်ခဲ့ပြီး၊ အသက်မွေးဝမ်းကြောင်း ခက်ခဲမှု များကြောင့် မိသားစု စားဝတ် နေရေးများ ထိခိုက်မှုရှိနေကြောင်း၊ အမျိုးသမီးနှင့်ကလေးသူငယ်များ စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာ ထိခိုက်မှုများ တိုးပွားလာနေကြောင်း ဖော်ပြထားသည်။

ထို့အတူ လူမျိုးစု တစ်စုနှင့် တစ်စု အကြား မယုံကြည်မှုများတိုးပွားလာနေခြင်း၊ ဆက်ဆံရေး ပြတ်တောက် ခြင်းနှင့် တင်းမာ မှုများမြင့် တက်နေခြင်း များလည်း ဖြစ်ပေါ်နေရာ ယင်းကိစ္စရပ်များကို ကိုင်တွယ်ဖြေ ရှင်းနိုင်ရန် အတွက် လုံခြုံရေးတပ်အင်အားများ ရုတ်တရက် များပြားစွာ လျှော့ချခြင်းမပြုရန်၊ တပ်မတော်ရေ တပ် အင်အားတိုးချဲ့ချထားရန်၊ ကမ်းခြေစောင့် ရေဒါစခန်းများ၊ ကင်းလှည့်ရေယာဉ်များ၊ CCTV စောင့်ကြည့်ရေး ကင်မရာများ၊ လူလုပ် အတားအဆီးများချထားရန် စသည့်အချက်များ ပါဝင်သည့် အကြံပြု ချက် ၁၆ ချက်ကိုလည်း အကျဉ်းချုပ်ဖော်ပြထားသည်။

ထို့ပြင် လ.၀.က ၀န်ထမ်းများနှင့် ပတ်သက်သည့်အချက်များ၊ စစ်ဘက် အရပ်ဘက် ထောက်လှမ်းရေးများ ပါဝင် သည့် အထူးအဖွဲ့များ ဖွဲ့စည်းရေး ဆိုင်ရာအချက်များ၊ ရခိုင်ပြည်နယ်တွင်း လမ်းပန်း ဆက်သွယ်ရေး ဆိုင်ရာ လိုအပ် ချက်များ၊ တရားစီရင်ရေးဆိုင်ရာနှင့် ပတ်သက်သည့် အကြံပြုချက်များလည်း ပါဝင်သည်။

ကလေး သူငယ် များ၏ အာဟာရ ချို့တဲ့မှုဆိုင်ရာ ပြဿနာနှင့် စာတတ်မြောက်မှုနှုန်းဆိုင်ရာ ကိစ္စရပ် များကိုလည်း သီးခြားထည့်သွင်း အကြံပြုထားသည်။

ယင်း အစီရင် ခံစာတွင် ပါဝင်သည့် တွေ့ရှိချက်များနှင့် အကြံပြုချက်များကို ဆက်လက် အကောင် အထည်ဖော် ရန် နိုင်ငံတော် သမ္မတ အမိန့် ဖြင့် ၂၀၁၂ နှစ်ကုန်ပိုင်းက ဖွဲ့စည်းထားသည့် ကော်မတီခွဲ ၇ ခုက တာဝန် ဆက်လက် ယူသွားမည် ဖြစ်ကြောင်း စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးကိုကိုကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

“အခု ကျနော်တို့ ရင်ဆိုင်နေရတာတွေက လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာကတည်းက ပြဿနာဟောင်းတွေပါ။ ကျနော် တို့က ဒုက္ခသည်တွေ အမိုးအကာနဲ့ အစားအစာရရှိရေးအတွက်ကို အဓိကထား စဉ်းစားမယ်။ လူသား တယောက် အသက်ရှင် ရပ်တည်နိုင်ခွင့်နဲ့ ပတ်သက်ပြီး အလေးအနက်ထား စဉ်းစားသွားမယ်” ဟု ဦးကို ကိုကြီး က ပြောသည်။

ယင်းအစီရင်ခံစာတွင် ဖော်ပြချက်အရ ၂၀၁၂ခုနှစ် ပဋိပက္ခများအတွင်း လူပေါင်း ၁၉၂ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၂၆၅ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်ပေါင်း ၈၆၁၄ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ ယင်းအစီရင်ခံစာတွင် ရခိုင်နှင့် ဘင်္ဂါလီဟု သုံးစွဲထားသည်။

မြန်မာနိုင်ငံ တွင်း နေထိုင်လျှက်ရှိသည့် ဘင်္ဂါလီလူမျိုးများနှင့် ပတ်သက်၍ နိုင်ငံသားဖြစ်သင့်သူများကို နိုင်ငံ သားဖြစ်ရေးနှင့် မဖြစ်သင့်သူများကိုလည်း နိုင်ငံတကာ သဘောတူညီချက်များနှင့်အညီ ဆက် လက်ဆောင် ရွက် သင့်ကြောင်း စုံစမ်းရေးကော်မရှင်က အကြံပြုထားသည်။

ယင်း အချက်နှင့် ပတ်သက်၍ ဦးကိုကိုကြီးက“နိုင်ငံသားဆိုရင် နိုင်ငံအပေါ်မှာ သစ္စာစောင့်သိဖို့ လိုအပ်တဲ့ အကြောင်း တွေကို နိုင်ငံသား လျှောက် ထား သူတွေ လေးလေးနက်နက် လက်ခံ လာအောင် အများကြီး လုပ်ဖို့ လို အပ်တယ်။ အစိုးရကလည်း နိုင်ငံသားအားလုံးကို နိုင်ငံသားအခွင့်အရေး တန်းတူပေးဖို့ လိုအပ် တယ်။ ဒါမှ လစ်ဘရယ် ဖြစ်လာမယ်၊ နိုင်ငံအပေါ် သစ္စာစောင့် သိမှုတွေရှိလာမယ်။ လူမျိုးစုတွေကြားမှာ သဟဇာ တ ဖြစ်မှုတွေရှိလာမယ်” ဟု ဆက်လက်ပြောသည်။

ယင်း အစီရင် ခံစာကို အဖွဲ့ဝင် ၂၅ ဦးပါဝင်သည့် ကော်မရှင်အဖွဲ့က ၇ လကြာ စုံစမ်းစစ်ဆေးခဲ့ပြီး ယနေ့ အများပြည် သူသို့ မီဒီယာများတဆင့် ယနေ့ထပ်မံထုတ်ပြန်ခဲ့သည်။

အမေရိကန်ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ အာရှရေးရာ လက်ထောက် ဒါရိုက် တာ ဖေလ်ရောဘတ်ဆန်ကမူ ယခု အစီရင်ခံစာတွင် “ယမန်နှစ် ဇွန်လနဲ့ အောက်တိုဘာလမှာ ဖြစ်ပွား ခဲ့တဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုန်း သန့်စင်မှုတွေအတွက် တာဝန်ခံဖို့ လိုအပ် တာကို ထောက်ပြပြောဆိုမှုတွေ မပါဝင်ဘူး” ဟု ပြောဆိုကြောင်း အေပီသတင်းတပုဒ်က ရေးသား ထားသည်။

ပြီးခဲ့သည့် အပတ် အဆိုပါ အဖွဲ့က ယမန်နှစ်အတွင်း ရခိုင်ပြည်တွင် ဖြစ်ပွားခဲ့သော သွေးစွန်းသော အဓိ ကရုဏ်းနှင့် အစုအပြုံလိုက် သတ်ဖြတ်မှုများကို လူသားမဆန်သော ရာဇ၀တ်မှုများအဖြစ် ဖော်ပြခဲ့ပြီး မြန်မာ အာဏာ ပိုင်များနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများက ရခိုင်ပြည်ရှိ မွတ်စလင်များကို “လူမျိုး တုန်းသန့်စင်ရေး” လုပ်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်ဟု စွပ်စွဲထားသည်။

ဧရာဝတီ

ကလေးသူငယ်များ၏ အာဟာရ ချို့တဲ့မှု၊ စာတတ်မြောက်မှု များကိုလည်း သီးခြားထည့်သွင်း အကြံပြု ထားသည် (ဓာတ်ပုံ – Reuters)

ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ထပ်မံဆန္ဒဖော်ထုတ်

Posted by drmyochit Monday, April 29, 2013, under | No comments


လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအတွက် ဒေသခံတွေက ဒီနေ့ ထပ်မံ ဆန္ဒဖော် ထုတ်ခဲ့ ပါ တယ်။

ကြေးနီ စီမံကိန်း ဖျက်သိမ်းရေးအတွက် လက်ပန်းတောင်းတောင် အနီးက ဆည်တဲ၊ ဇီးတော၊ အလယ်ရွာ၊ အလယ်တော၊ ရွာသစ်ရွာနဲ့ မိုးကြိုးပြင်ရွာက ဒေသခံ ၅၀၀ လောက်က အစိုးရထံကနေ ခွင့်ပြုချက်ရယူ လမ်းလျှောက် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

ဆန္ဒပြရာမှာပါဝင်တဲ့ အလယ်တောရွာက ဒေါ်စန္ဒာက “လက်ပန်းတောင်းကြေးနီစီမံကိန်းလုံးဝ ဖျက်သိမ်း ရေး၊ ပုဒ်မ ၁၄၄ ဖျက်သိမ်းရေး၊ မီးလောင်ဗုံးတရားခံများ အမြန်ဆုံးအရေးယူဖော်ထုတ်ပေးရေး၊ ကြေးနီ စီမံကိန်း အတွက် အသစ်ပြင် ဆင်ချုပ် ဆိုမယ့် စာချုပ်အလိုမရှိ၊ လျော်ကြေးမယူတဲ့ လယ်ယာမြေ များပေါ်မှာ ရှိတဲ့ အဆောက် အအုံနဲ့ စွန့်ပ စ်ပစ္စည်းများကို အမြန်ဆုံးဖယ်ရှားပေးရေး၊ ကျွန်ဇာတ် လာခင်း မယ့် ၀မ်ပေါင်ကုမ္ပဏီ အလိုမရှိ၊ တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားနေတဲ့ ဦးပိုင်ကုမ္ပဏီအလိုမရှိဆိုတဲ့ ကြွေးကြော် သံ ၇ ရပ်နဲ့ ဆန္ဒထုတ်ဖော်နေတယ်” လို့ ပြောပြပါတယ်။

အရင်ရက်ပိုင်းက လက်ပန်းတောင်းတောင်အနီး ထွန်တုံးတိုက်ပွဲတွေကို ဒေသခံတွေက ဆင်နွှဲခဲ့ပြီး လုံခြုံ ရေး တပ်ဖွဲ့ တွေနဲ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။

ဒီအတွက် ဒေသခံတွေကို ဖမ်းဆီးတာတွေ ရှိခဲ့သလို လက်ပန်းတောင်းတောင် စီမံကိန်း ဒေသအတွင်းမှာ မတည် မငြိမ်ဖြစ်အောင် ဆူပူလှုံ့ဆော်နေတယ်လို့ စွပ်စွဲပြီး တက်ကြွလှုပ်ရှားသူ ၈ ဦးကို စစ်ကိုင်းတိုင်း ရဲတပ် ဖွဲ့က ဧပြီ ၂၈ ရက်နေ့မှာ ဖမ်းဆီးမိန့် ထုတ်ပြန်လိုက်ပါတယ်။

ဒီလို ၀ရမ်း ထုတ်လိုက်တဲ့ အပေါ်ကို ဒေါ်စန္ဒာက သူ့အမြင်ကို ခုလိုပြောပါတယ်။

“၀ရမ်းထုတ်ခဲ့ရသူတွေကို ဒေသခံတွေက ကာကွယ်မှာပါ။ သူတို့ ကြေးနီစီမံကိန်းဆက်လုပ်နိုင်ဖို့။ ၀ရမ်း ထုတ်ခံ ထားရတဲ့ ပွင့်လင်းအဖွဲ့ကလူတွေဟာ ဒေသခံတွေကို ကူညီပေးနေသူတွေဖြစ်လို့ ကျမတို့ကို ဆက်အ ကူ အညီမပေးနိုင်အောင် ၀ရမ်းထုတ်တာပဲ။”

ညနေပိုင်းမှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းဒေသက ရွာသား ၅၀၀ လောက်ဟာ တရားဝင် ခွင့်ပြုချက် အရ စီမံကိန်းရပ်ဆိုင်းရေးဆန္ဒပြပွဲကို ဒီနေ့ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် ညောင်ပင်ကြီးရဲစခန်းကို သွား ရောက်ပြီး သူတို့တတွေကို ဖမ်းဆီးဖို့ အဖမ်းခံကြပါတယ်။

ဒါနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြပွဲမှာ သတင်းသွားယူနေတဲ့ ဒီဗွီဘီသတင်းထောက် ဒေါ်တင်မာဆွေ ပြောပြတာက

“ညောင်ပင်ကြီးရဲစခန်းကိုရောက်တော့ ရွာသား ၅၀၀ လောက်က သူတို့တွေဟာ ဟန်ဝင်းအောင်တို့ကို လက်သင့်ခံ ထားတယ်၊ ထမင်းလည်းပို့တယ်။ ဒါကြောင့် သူတို့ကို အရေးယူပါ၊ ဖမ်းပါပြောတော့. စခန်းမှူး က အဲလိုဖမ်းလို့မရဘူး၊ တရားခံတွေကို လာအပ်ပါလို့ပြောတော့ ရွာသားတွေက တရားခံတွေမဟုတ်လို့ လာမ အပ်နိုင် ဘူးလို့ ပြန်ပြောတယ်။ ၀မ်ပေါင်ဘက်ကိုသွားမလို့လုပ်နေတုန်းမှာ ရဲတွေကအင်အားသုံးပြီး ပြန်ခိုင်း တယ်၊ ၀မ်ပေါင်ဘက် မရောက်သေးဘူး။”

ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံ ရှေ့မှာလည်း ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဦးဆောင်ပြီး ကြေးနီစီမံ ကိန်း လှုပ်ရှား မှုကြောင့် ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေး၊ တောင်သူလယ်သမားတွေနဲ့ ပြည်သူ့ အကျိုး ဆောင် ကွန်ရက်ဝင် အသီးသီးတို့ကို ၀ရမ်းထုတ်ထားတဲ့အပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီဗွီဘီ၊ ဧပြီ ၂၉၊ ၂၀၁၃

ဆည်တည်းရွာ ဆန္ဒပြမှု ဦးဆောင်သူ ၃ ဦးကို အမှုဖွင့်လိုက်ပြီ

Posted by drmyochit Monday, April 29, 2013, under | No comments


လက်ပန်းတောင်းတောင် စီမံကိန်း လယ်မြေများကို ရောင်းချ ပေါင်နှံခြင်းမပြုရ ဆိုသည့် စာများကို ယင်းဒေ သရှိ အိမ်တိုင်းတွင် ဤသို့ ကပ်ထားသည် (ဓာတ်ပုံ – မန်းသားလေး / ဧရာဝတီ)

စစ်ကိုင်းတိုင်းဒေသကြီး ဆည်တည်း ကျေးရွာတွင် ဆန္ဒပြရာ၌ ဦးဆောင်လှုပ်ရှားသူ ၃ ဦးကို အမှုဖွင့်လိုက်ပြီ ဖြစ်ပြီး ကျန်ရှိ နေသော ပါဝင်ဦးဆောင်သူ များကိုလည်း ဥပဒေနှင့်အညီ ဆက်လက် ဖမ်းဆီးသွားမည် ဖြစ်ကြောင်း ဆားလင်းကြီး ရဲစခန်းမှ သိရသည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မြေနေရာအတွင်း ဒေသခံများက ဧပြီလ ၂၅ ရက်နေ့တွင် ဝင်ရောက် ထွန် ယက် စိုက် ပျိုးမှု ပြုလုပ် ခဲ့ပြီး အကြမ်း ဖက်မှုများ ပြုလုပ်သည် ဆိုသည့် စွပ်စွဲမှုများနှင့် ဆားလင်း ကြီးမြို့နယ် ရဲစခန်း မှ တရားခံဟု ယူဆရသူ ၃ ဦးကို အမှုပေါင်း ၄ ခုနှင့် အမှုဖွင့်လိုက်ခြင်း ဖြစ်သည်။

ဖမ်းဆီး ခံရသည့်အထဲတွင် ရန်ကုန် ပြည်သူ့ အကျိုးဆောင်ကွန်ရက်မှ ကိုအောင်စိုးနှင့် ရွာသားနှစ်ဦး ပါဝင် သည်။

၎င်းတို့ကို ပုဒ်မ ၃၃၃ (တာဝန်ဝတ္တရား ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို နာကျင်စေမှု)၊ ၄၄၇ (စီမံကိန်း ဧရိယာအတွင်း ကျော်နင်းမှု)၊ ၁၄၃ (ဥပဒေနှင့် ဆန့်ကျင်သည့် စုဝေးမှု)၊ ၃၄ (အကြံအစည် တခု ကို အထမြောက်စေရန် တဦးထက်ပိုသော လူများ စုဝေးမှု) စသည့် အမှုများနှင့် ဆားလင်းကြီး တရားရုံး တွင် အမှုဖွင့် ထားကြောင်း သိရသည်။

ထို့အပြင် လက်ပန်းတောင်း လယ်မြေကိစ္စနှင့် ပတ်သက်ပြီး စီမံကိန်းဒေသအတွင်း မတည်ငြိမ်မှုများ ဖြစ်စေ ရန် နောက် ကွယ်မှ ကြိုးကိုင်စေခိုင်းသူဟု ရဲဌာနက သတ်မှတ်သူ ၈ ဦးကို ဖမ်းဆီးအရေးယူရန် စစ်ကိုင်း တိုင်း ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်လိုက်ပြီ ဖြစ်ပြီး လက်ရှိတွင် ၁ ဦးကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း သိရ သည်။

“ဖမ်းဝရမ်း ထုတ်ထားတဲ့ တရားခံတွေကို ဖမ်းမိဖို့အတွက် ကျနော်တို့ တရားဥပဒေနဲ့ အညီ ၀င်ရောက် ရှာဖွေ ဖမ်းဆီး ဆောင်ရွက် သွားမှာပါ။ ပြီးခဲ့တဲ့ အဓိကရုဏ်း ဖြစ်စဉ်တုန်းကလည်း ဒေသခံ လယ် သမား တွေက တားမြစ် ထားတဲ့ မြေနေရာကို ကျူးကျော် ၀င်ရောက် ခဲ့ကြတယ်။ ဒါကို ကျနော်က သုံးကြိမ်သုံးခါ အော်ပြီး တားမြစ် ပြောဆိုခဲ့ပါတယ်” ဟု မုံရွာခရိုင်ရဲမှူး ဦးတင်ထွန်းက ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက တားမြစ်သည့်သဘော အော်ပြောနေချိန်တွင်ပင် ပြည်သူ့အကျိုးဆောင် ကွန်ရက်မှ ကိုအောင် စိုးက ဒေသခံ လယ်သမားများအား ရဲမှူးစကား နားမထောင်ဘဲ ရှေ့ကို ဆက်တိုးရန် နောက်မှ ပြောဆို သဖြင့် လယ်သမားများနှင့် ပဋိပက္ခ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။

“ရဲမှူးစကား နားမထောင်နဲ့ ဆက်တိုးဆိုပြီး အောင်စိုးက နောက်ကနေ ပြောလို့ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရ တာပါ။ ဒါ့ကြောင့် ကျနော်တို့က အောင်စိုးကို ၀င်ဖမ်းရတာပါ” ဟု သူက ပြောသည်

၂၅ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းအသွင် ဆောင်သော ဖြစ်စဉ်မှာ ကိုအောင်စိုးကို ၀င်ရောက် ဖမ်းဆီး သဖြင့် ဒေသခံများက လက်မခံဘဲ ကိုအောင်စိုးကို ပြန်လည်ဆွဲခေါ်ရာမှ နှစ်ဘက် တင်းမာမှုများ ဖြစ်ပေါ် ကာ နှစ်ဘက်စလုံး ထိခိုက် ဒဏ်ရာရရှိမှုများ ပြင်းထန်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြ သည်။

ဖမ်းဝရမ်း ထုတ် ခံရ သည့် အကျိုးဆောင်များ အပေါ် ရဲများ၏ လုပ်ဆောင်မှုကို ဆည်တည်းရွာမှ ရွာခံများ က လက်မခံကြပေ။

“ကျမတို့က ဥပဒေကို နားမလည်ဘူး။ သူတို့က ဥပဒေနဲ့ ပတ်သက်တဲ့ အကြောင်းရာတွေကို ကျမတို့ကို ရှင်း ပြနိုင် တယ်။ ဒေသခံတွေက ကိုယ်တိုင်မပါဘဲ ကျမတို့ကို ဘယ်သူကမှ မြှောက်ပေးလို့ မရပါဘူး။ ကျမတို့ ဒေသခံ တွေနဲ့ ဒီ အဖွဲ့စည်းတွေက စိတ်ထပ်တူညီမျှ ခံစားချက်ခြင်း တူလို့ ဒီလို လုပ်ဆောင်ကြတာပါ” ဟု ဆည် တည်း ရွာသူ မ၀င်းဝင်းဌေးက ဧရာဝတီသို့ ပြောသည်။

ပြည်သူ့ အကျိုးဆောင် ကွန်ရက်အဖွဲ့ဝင်များနှင့် တခြားအဖွဲ့စည်းများမှ ဖမ်းဝရမ်း ထုတ်ထားသူများကို ဆည် တည်းရွာ အတွင်း ၀င်ရောက် ဖမ်းဆီးခြင်းများ ဆောင်ရွက်မည် ဆိုသောကြောင့် ရွာတွင် ကင်းများ ချထား ကြောင်း ပြည်သူ့ အကျိုးဆောင် ကွန်ယက်မှ ကိုဗထူးက ဆိုသည်။

ဆည်တည်းကျေးရွာရှိ ဒေသခံများက ၎င်းတို့ လျော်ကြေးမယူခဲ့သည့် လယ်မြေများတွင် ဧပြီ ၂၅ ရက်နေ့က ဝင်ရောက် ထွန်ယက်ရာမှ ရဲများက အကြမ်းဖက် နှိမ်နင်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေသခံများထံ ရောက် ရှိနေသည့် ရန်ကုန် ပြည်သူ့ အကျိုးဆောင် ကွန်ရက်မှ ကိုအောင်စိုးကို ၀င်ရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ် ကြောင်း၊ ဒေသခံ လယ်သမားများနှင့် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပေါ်ရာတွင်လည်း ဒေသခံများကို မီးခိုး ဗုံးများ၊ သေနတ်များ၊ ရာဘာဒုတ်၊ ဒိုင်းများ သုံး၍ ရိုက်နှက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေသခံများ ထိခိုက် ဒဏ်ရာ ပြင်းထန် ခဲ့ကြောင်း ပြောဆိုကြသည်။

အဆိုပါ အဓိကရုဏ်း ဖြစ်စဉ်ကြောင့် ဒေသခံ ၂၀ ထက်မနည်း ဒဏ်ရာ ရရှိခဲ့ပြီး ၃ ဦး အတွင်းလူနာဖြစ် ဆေးကု သမှု ခံယူခဲ့ရသည်။ ဒေသခံတဦးမှာ လက်မောင်းတွင် သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး မုံရွာဆေးရုံတွင် ဆေးကု သမှု ခံယူလျှက် ရှိသည်။ရဲများဘက်တွင်လည်း ၁၅ ဦး ဒဏ်ရာရရှိကာ ၃ ဦးမှာ ဆားလင်း ကြီးမြို့နယ် ရဲစခန်းတွင် ဆေးကုသမှု ခံယူလျှက် ရှိသည်။

ဒဏ်ရာရရှိသည့် ရဲ ၃ ဦးကို ဧရာဝတီမှ ကိုယ်တိုင် သွားရောက် တွေ့ဆုံပြီး ဖြစ်စဉ်များကို မေးမြန်း ခဲ့သော်လည်း အထက်မှ ဖြေကြားခွင့် အမိန့် မရရှိသည့်အတွက် မဖြေကြားရဲကြောင်း ပြောဆိုခဲ့သည်။ ဓာတ်ပုံ ရိုက် ယူရာတွင်လည်း တာဝန်ရှိ ရဲမှူးက တားမြစ် ခဲ့သည့်အတွက် မှတ်တမ်း မယူခဲ့ရပေ။ သို့သော် လည်း ရဲ တဦးမှာ ညဘက် မျက်လုံးအောက်တွင် လေးခွ မှန်ထားသည့် ဒဏ်ရာကြောင့် ၆ ချက် ချုပ်လိုက် ရကြောင်းနှင့် ကျန်တဦးမှာ နောက်စေ့ ထိခိုက်ဒဏ်ရာနှင့် ဘယ်ဘက် မျက်လုံးအထက် နဖူးတွင် ထိခိုက် ဒဏ်ရာ တို့ ပြင်းထန်ခဲ့သည်ကို တွေ့ခဲ့ရသည်။

အခင်းဖြစ်ပွားသည့် နေရာတွင် ရှေ့မှ တားမြစ် အမိန့်ပေးခဲ့သည့် မုံရွာခရိုင်ရဲမှူး ဦးတင်ထွန်းမှာလည်း ညာဘက်ဒူးဆစ်တွင် ပြင်းထန်သည့် ဒဏ်ရာရရှိခဲ့သည်။

“ကျနော်က တားမြစ်ဧရိယာမှာ ၀င်ရောက်လုပ်ကိုင်နေတဲ့ လယ်သမားတွေကို ဖယ်ရှားပေးဖို့ သုံးကြိမ် အော်ပြီး သတိပေး ပါတယ်။ အဲဒီအချိန်မှာ ရွာသားတွေက ရဲတွေကို ခဲနဲ့ စပြီး ပစ်ပါတယ်။ ကျနော့်ဆီလာတဲ့ ခဲတွေ ကို ရဲသားနှစ်ဦးက ဒိုင်းတွေနဲ့ ကာပေးလို့ ခဲတွေက မျက်နှာကို မမှန်တာပါ” ဟု ခရိုင်ရဲမှူးက ပြော သည်။

ဆည်တည်း ကျေးရွာမှ ထိခိုက်ဒဏ်ရာ ရရှိသော ဒေသခံများက မုံရွာဆေးရုံသို့ သွားရောက် မကုသရဲကြောင်း၊ သွားရောက် ကုသသည့် အခါတွင် ရဲများ၏ ဖမ်းဆီးခြင်း ခံရမည်ကို စိုးရိမ်ကြောင်း၊ ထို့ကြောင့် နီးစပ်ရာ ဆေးပညာ နားလည်သူများနှင့်သာ ပြသ နေရကြောင်း ဆည်တည်းရွာသူ မ၀င်းဝင်းဌေးက ဆိုသည်။

“ကျမတို့  ရွာက ရဲဆိုရင်ကို တအား မုန်းနေကြပြီ။ ဘာလို့လဲဆိုတော့ သူတို့တွေက ကျမတို့ကို အရမ်း နှိပ်စက် တယ်။ နောက်ပြီး မဟုတ်မမှန် စကားတွေကိုလည်း ပြောဆိုကြတယ်။ အခုကိစ္စမှာလည်း ရဲတွေက ကျမတို့ လက်တွေကို တုတ်တွေနဲ့ ရိုက်တယ်။ ပေါင်နှစ်လုံးကြားထဲ ခေါင်းဝင်ခိုင်းပြီး နောက်ကြောကို တအုန်း အုန်းနဲ့ ထုတာ” ဟု သူက ပြောသည်။

ဆက်လက်၍ ၎င်းက ရဲများသည် မီးသတ်ပိုက်ထဲသို့ ဓာတ်ဆီများ ထည့်ပြီး ဖြန်းပက်ရန် လုပ်ဆောင် ကြောင်း၊ ပထမ ဖြစ်စဉ် ရှိခဲ့သည့် အတွက် ၎င်းတို့က မီးသတ်ကားကို လေးခွနှင့် ပစ်လိုက်ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ လူအုပ်ကြားထဲသို့လည်း မီးခိုးဗုံး နှစ်လုံး ပစ်သွင်းကြောင်း ရှင်းပြသည်။

“တကယ်လို့သာ ကျမတို့က လက်ဦးမှု မရရှိဘူးဆိုရင် မီးခိုးဗုံးနဲ့ မီးသတ်ပိုက်က ဓာတ်ဆီတွေ ပေါင်းပြီး အခုဆို သေလောက် ပါပြီ” ဟု မ၀င်းဝင်းဌေးက ပြောသည်။

မ၀င်းဝင်းဌေး ပြောဆိုမှုနှင့် ပတ်သက်ပြီး ဆားလင်းကြီး စခန်းမှူး ဦးလှငွေက လုံးဝမဟုတ်ကြောင်း ငြင်းဆန် ပြီး ရဲများ အနေဖြင့် အကြမ်းဖက်နည်းကို အသုံးမပြုကြောင်း၊ မီးသတ်ကားမှာ လူစုလူဝေးပြုခြင်းကို ဖြိုခွင်း ရန်သာ ဖြစ်ကြောင်း ပြန်လည် ရှင်းပြသည်။

“မီးသတ်ပိုက်က ရေတောင် မထုတ်ရသေးဘူး။ ကားကို လေးခွတွေ ခဲတွေနဲ့ ပစ်လို့ မီးသတ်ကားလည်း ထွက်ပြေး သွားရတယ်။ ကျနော်တို့ ဘက်က မီးခိုးဗုံး မသုံးပါဘူး။ သူတို့ဘက်ကပဲ ပုလင်းထဲကို ဓာတ်ဆီ ထည့်ပြီး မီးစနဲ့ပစ်လို့ မီးတွေ လောင်ရတာပါ။ တကယ်တမ်း ရဲတွေက ၀ိုင်းလုပ်ရင် လုပ်လို့ရတာပေါ့။ ကျနော် တို့က လူအင်အားသုံးပြီး ဖြိုခွင်းတယ်ဆိုတာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

ဆည် တည်း ရွာသည် လက်ရှိအချိန်တွင် ဥပဒေမဲ့ လုပ်ဆောင်နေကြောင်း၊ တရားဝင် ဆန္ဒပြသည်ကို အုပ်ချုပ် သူများ ဘက်မှ လက်ခံ၍ ရကြောင်း၊ ၂၅ ရက်နေ့က တားမြစ်ဧရိယာတွင် ဝင်ရောက် လယ်ထွန် သည်ကို ရဲ များက တားမြစ် ခြင်းသာ ဖြစ်ကြောင်း ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သောင်က ပြော သည်။

“တကယ့်တကယ် အဲဒီလယ်တွေက ဦးပိုင်အမည် မပေါက်သေးတဲ့ လယ်ယာမြေတွေ။ အဲဒီအပေါ်မှာ သူတို့ က ထွန်ကြတာ။ ကျနော်တို့က လယ်ယာမြေ လျော်ကြေးကို အားလုံး တပြေးညီ ပေးပြီးပြီ။ ယာမြေ တဧက ကို ကျပ် ၁၀ သိန်း ပေးထားတယ်” ဟု သူက ဆက်ပြောသည်။

ဧပြီ ၂၇ ရက်နေ့အထိ လျော်ကြေး ပေးထားသည့်မြေ ၂၀၃၁ ဧက ဖြစ်ပြီး ငွေကျပ်သိန်းပေါင်း ၂၀၆၈၀. ၈၁ ထုတ် ပေးပြီး ဖြစ်ကြောင်း ဧရာဝတီမှ စုံစမ်း သိရှိရသည်။

လက်ပန်းတောင်း ဒေသတွင် ဒေသခံများ လုပ်ကိုင် စားသောက်နေသည့် မြေဧက ၇၀၀၀ ကျော်ရှိပြီး ယင်းမြေ ဧက ၇၀၀၀ ကျော်ကို ပုဒ်မ ၁၄၄ ထုတ်ကာ စီမံကိန်း တားမြစ်နယ်မြေအဖြစ် သတ်မှတ် ဆောင် ရွက် လျှက် ရှိကြောင်း၊ ဒေသခံများ အနေဖြင့် လယ်ထွန် စိုက်ပျိုးစရာ လုပ်ကွက်များ မရှိတော့သည့်အတွက် အစိုးရ ကို နည်းလမ်းမျိုးစုံနှင့် ဆန့်ကျင်မှုများ ပြုလုပ်လျှက် ရှိနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြော သည်။

လက်ပံတောင်း တွင် ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမင်း ကိုနိုင်က “ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ ဧရိယာလို့ အကြောင်းပြပြီး လယ်မထွန်ရဘူး ဆိုတာတော့ သိပ်တော့ မဟုတ်ဘူး။ နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့လိုတယ်” ဟု ပြောသည်။

ဧပြီလ ၂၉ ရက်နေ့တွင် လက်ပန်းတောင်းတောင်ရှိ ကျေးရွာ ၂၆ ရွာမှ ဒေသခံ အင်အား ၅၀၀ ကျော်တို့ သည် တရား ၀င် ဆန္ဒ ပြခွင့် ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

From: ဧရာဝတီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်