Tuesday, April 30, 2013

သာကေတရုံးမှ ရဲမင်းဦးအား ပုဒ်မ-၁၅၃(က)နှင့် ထပ်မံတရားစွဲဆို

Posted by drmyochit Tuesday, April 30, 2013, under | No comments

 ဧပြီလ ၃၀ ရက် ၂၀၁၃

၉၆၉ ဂယက် အပါအ၀င် OIC အရေးနှင့် ပတ်သက် ၍ တရား စွဲခံထား ရသူကျောင်း သားသ မဂ္ဂဖြစ် မြောက် ရေး ကော် မတီ အထွေထွေ အတွင်း ရေးမှူး ကိုရဲ မင်းဦး အား သာကေ တတ ရားရုံးမှ ပုဒ်မ ၁၅၃ (က) အမျိုးသား တစ်စု နှင့် တစ်စု ရန်ငြိုး ထားစေ မှုဖြင့် ထပ်မံ တရားစွဲဆိုလိုက်သည်။

အဆိုပါ တရား စွဲဆို မှုကို ဧပြီလ (၂၂)ရက်နေ့ ဗ ဟန်း တရား ရုံးတွင် ရုံး ထုတ်မည် ဟုဆိုကာ သာကေ တ တရား ရုံးသို့ ခေါ်ဆောင်ကာ ယခု ကဲ့ သို့ တရား စွဲဆို ခံလိုက် ရခြင်း ဖြစ်သည်ဟု သိရှိရသည်။

မိမိ သည် ရာဇ၀တ် သား တစ်ဦး မဟုတ်ကြောင်း ယခုကဲ့သို့ ဆက်ဆံ ခံရခြင်းကို ကျေနပ်မှု မရှိကြောင်း ကိုယ့် ကိုကိုယ် တရားခံဟု မယူကြောင်း မိမိဖြစ်ရပ်သည်မင်းမဲ့စရိုက်ဆန်နေကြောင်း ဒီမို ကရေစီ နိုင်ငံ အတွင်း ထို ကိစ္စမျိုး မရှိ သင့်ကြောင်း ၄င်းအား ရုံးထုတ် စဉ်က ကိုရဲမင်းဦးမှ မီဒီယာများသို့ ပြောကြား ခဲ့သည်။

ကို ရဲမင်းဦးအား ကျောက် တံတား မြို့နယ် တရားရုံး ဗဟန်းမြို့နယ် တရား ရုံးတို့တွင် ပုဒ်မ ၅၀၅ (ခ) ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ပြီး သာကေတတရားရုံးတွင် ပုဒ်မ ၁၅၃ (က) ဖြင့်ထပ်မံတိုး၍ တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

မေလ(၂) ရက် နေ့တွင် (၅)ကြိမ်မြောက် ရုံးထုတ် အဖြစ် ဗဟန်းမြို့နယ်တရားရုံး၌ နံနက် (၉း၀၀)နာရီ၊ (၃)ရက်နေ့  အနောက် ပိုင်းခရိုင်(ကျောက်တံတားမြို့နယ်)တရားရုံး၊ (၆) ရက်နေ့တွင် သာကေတမြို့နယ် တရား ရုံး တို့တွင် ဆက်လက် ရုံးထုတ် သွားမည် ဖြစ်သည်။

ကို ရဲမင်းဦး၏ အမှုအား အာမခံရရှိရန်အတွက်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမှုမှာ ဥပဒေ အရ အာမခံ မရ ရှိနိုင်သော်လည်း သက်သေအတိအကျ မရှိလျှင် အာမခံ ရရှိ နိုင်ကြောင်း ကိုရဲမင်းဦး အမှု အား လိုက်ပါ ဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေ့နေဦးကျော်ဟိုးက သုံးသပ်ပြောဆိုသည်။

ကို ရဲမင်းဦး အသိုင်း အ၀န်းမှ မိသား စုများ၊ သူ ငယ်ချင်းများနှင့် အရပ်ဖက် လူ့အဖွဲ့ အစည်း များက လည်း မေလ (၃၀) ရက် ညနေ (၅း၀၀) နာရီမှစတင်ကာရွှေတိဂုံဘုရားတွင် ကိုရဲမင်းဦးအတွက် ဆုတောင်း ပွဲများပြု လုပ်ရန် စီစဉ် နေကြောင်း သိရှိရ သည်။

Myit Makha Mediagroup

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်