Sunday, September 30, 2012

မြန်မာနိုင်ငံ အင်တာနက် လွတ်လပ်ခွင့် တိုးတက်လာ ဟု အမေရိကန် စစ်တမ်းတွင် ဖော်ပြ

Posted by drmyochit Sunday, September 30, 2012, under | No comments

From : Myanmar Express

ရန်ကုန်၊ စက်တင်ဘာ ၂၆ မြန်မာနိုင်ငံ၏ အင်တာနက် လွတ်လပ်ခွင့် တိုးတက်လာကြောင်း အမေရိကန် အခြေစိုက် Freedoom House ၏ ၂၀၁၂ခုနှစ်အတွက် ထုတ်ပြန်သည့်"Freedom on the Net 2012"တွင် ဖော်ပြချက်အရ သိရသည်။ အဆိုပါ စစ်တမ်းမှာ နိုင်ငံ အသီးသီးကို အဆင့်(၀)မှ(၁၀၀)အထိ သတ်မှတ်၍ အင်တာနက် လွတ်လပ်ခွင့်ကို တွက်ချက်ထားပြီး စစ်တမ်းများအရမြန်မာနိုင်ငံနှင့် တူနီးရှား နိုင်ငံတွင် အင်တာနက် လွတ်လပ်ခွင့် တိုးတက်လာကြောင်း အဆိုပါ စစ်တမ်း အရ သိရသည်။ 

"ခိုးဝင် ဘင်္ဂါလီလေးဦးကို သံတွဲတွင်ဖမ်းမိ"

Posted by drmyochit Sunday, September 30, 2012, under | No comments





သံတွဲမြို့တွင်း နှစ်နေရာခွဲ၍ ၀ှက်ထားသော ခိုးဝင်လာသူဟု ယူဆရသူ ဘင်္ဂါလီ လူမျိုး အမျိုးသမီး သုံးဦး၊ အမျိုးသားတစ်ဦး စုစုပေါင်းလေးဦးကို ပြီးခဲ့သော စက်တင်ဘာ (၂၆)ရက်နေ့က ဖမ်းဆီးရရှိခဲ့သည်ဟု သံတွဲ ဒေသခံ တစ်ဦးက Coral Arakan အား ပြောကြားခဲ့သည်။

၎င်းခိုးဝင်သူများအားတင်ဆောင်လာသည့်စက်လှေသည် ရမ်းဗြဲမြို့နယ် ကျောက်နီမော် မှ သံတွဲမြို့နယ် ခြံပြင်ကျေးရွာသစ်စက်တွင် တစ်ထောက် နားခဲ့ကာ၊ သဲတွဲမြို့သို့ ရောက်ရှိလာခြင်ြး့ဖစ်သည်။ အဆိုပါလေးယောက် အနက် မိန်းကလေးနှစ်ယောက်ကို ဒွာရာဝတီကွက်သစ်၊ (က)ရပ်ကွက်၊ (၅)လမ်းတွင် ၀ှက်ထားခဲ့ပြီး၊ ကျန်ကိုယ်ဝန်သည် မိန်းကလေး တစ်ယောက် နှင့် အမျိုးသားတစ်ယောက်ကိုမူ သံတွဲမြို့တွင်း မဟာဗန္ဓုလ လမ်းပေါ်ရှိ အိမ်တစ်ဆောင်မှ ဖမ်းဆီးရရှိမိခဲ့ခြင်းဖြစ်သည် ဟု ဆိုသည်။ ၄င်းတို့အား ခိုးသွင်း လာခဲ့သော စက်လှေပေါ်မှ  အမျိုးအမည်မသိ ပစ္စည်းများပါရှိသည့် ရေခဲပုံးလေးပုံးကို ဖမ်းဆီးရမိခဲ့သော်လည်း ယင်းအကြောင်းနှင့် ပတ်သက်၍ ပြည်သူ့ရဲများဘက်က ဘာမှ ပြောကြားခြင်း မရှိဟုလည်း ဒေသခံအချို့က ပြောကြားသည်။ ယခင်က သံတွဲမြို့ပေါ်တွင် ရခိုင်ဓလေ့ထုံးတမ်းစဉ်လာကို ခံယူကျင့်သုံးသော ကမန်လူမျိုး မူဆလင် ဘာသာဝင်များသာ ရှိခဲ့စဉ်က သံတွဲဒေသခံများနှင့် သင့်သင့်မြတ်မြတ်ရှိခဲ့ကြသော်လည်း၊ ဘာသာရေး ဘက်ကို ပိုမိုပြင်းထန်သော ဘင်္ဂါလီ မူဆလင်များ စိမ့်ဝင်ရောက်ရှိရောနှောလာသည့်အချိန်မှစကာ တိုင်းရင်းသားမဆန်သည့် ဓလေ့ထုံးတမ်းများကို တင်သွင်း ကာ အားပြုကျင့်သုံးကြရာမှ  ဒေသခံများနှင့် ဘင်္ဂါလီမူဆလင် များအကြား တင်းမာမှုရေချိန်အားကောင်း လာခဲ့ရ သည်ဟု ဆိုသည်။

From: ရွှေမြန်မာမီဒီယာဂရု

ဘင်္ဂါလီများ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်လာမှုကြောင့် စစ်ဆေးအရေးယူနေ

Posted by drmyochit Sunday, September 30, 2012, under | No comments


ဘင်္ဂါလီလူမျိုးများ ရန်ကုန်တိုင်း ဒေသကြီး အတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်နေ မှုကြောင့် စစ်ဆေးအရေး ယူမှုများ ယခင် ကထက် ပိုမိုပြုလုပ်နေရကြောင်း သက် ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ၏ ပြောကြား ချက်အရ သိရှိရသည်။

သြဂုတ်လ ၂၉ ရက်နေ့မှ စက် တင်ဘာလ ၂၅ ရက်နေ့အထိ ရန်ကုန် တိုင်းဒေသကြီးအတွင်းသို့ တရားမ၀င်သော နည်းလမ်းများဖြင့် ၀င်ရောက်လာသည့် ဘင်္ဂါလီလူမျိုး ၁၉ ဦးအား ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။


ယင်းကဲ့သို့ စစ်ဆေးတွေ့ရှိခဲ့သော ဖြစ်စဉ်မှာ ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းပူးပေါင်း စစ်ဆေးရေး ဂိတ်၌ စစ်တွေမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးတွင် ဘင်္ဂါလီလူမျိုး ၁၄ ဦးတို့အား စစ်ဆေးတွေ့ ရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်စက်တင် ဘာလ ၂၄ ရက်နေ့တွင် မရမ်းကုန်း မြို့နယ်၊ ဦးဗဟန်လမ်းရှိ နေအိမ်တစ်အိမ်သို့ ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ရာ အရှုက္တူရီ(၁၈)နှစ် ဘင်္ဂါ လီ/အစ္မလာမ်၊ မင်းပြားမြို့နယ်ရခိုင် မြို့နယ်နေသူ တရားဝင်ခရီးသွားလာခွင့်ပြုချက် ယာယီသက်သေခံ လက်မှတ်များ ပါရှိခြင်းမရှိဘဲ ခရီးသွား လာနေထိုင်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရှိရသည်။


ပြည်နယ်နှင့် တိုင်းအသီးသီးသို့ တရားမ၀င်နည်းလမ်းမျိုးစုံဖြင့် ၀င်ရောက်ရာတွင် ဆက်စပ်သော လမ်းပိုင်းများ၌ ဌာနအသီးသီးမှ တာဝန်ရှိသူများမှာ ယခုထက်စစ်ဆေးမှုများကို ပိုမို တင်းကြပ်စွာ ဆောင်ရွက်ရန် လိုအပ် သည့်အပြင် ရိုးသားစွာ လုပ်ဆောင်ရန်လည်း လိုအပ်ကြောင်း အလားတူ စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၃ နာရီ ၁၀ မိနစ် အချိန်တွင် လှည်းကူးမြို့နယ် အမြန် လမ်းမကြီး တိုးဂိတ်မိုင်တိုင်အမှတ် ၁ မိုင်၎ဖာလုံတွင် သတင်းအရ သက်သေ များနှင့်အတူ သွားရောက်စုံစမ်းစဉ် မကွေးမြို့မှ ရန်ကုန်မြို့သို့ ၀င်ရောက်လာသော ခရီးသည်တင်ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ဘင်္ဂါလီလူမျိုး လေးဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိ ရသည်။


ယင်းကဲ့သို့ တရားမ၀င်သော နည်းလမ်းမျိုးစုံဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ ဘင်္ဂါလီ လူမျိုး များ ၀င်ရောက်နေမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ တာဝန်ရှိသူတစ်ဦးက “အခုလ ပိုင်း တွေမှာ ရန်ကုန်တိုင်းထဲကို ဘင်္ဂါလီ လူမျိုးတွေ နည်းလမ်းမျိုးစုံနဲ့မကြာခဏ လိုဝင်နေကြတယ်။ ဒီကိစ္စတွေ ကိုတော့ စစ်ဆေးအရေးယူမှု ပြုလုပ်နေပါတယ်။


တရားမ၀င်နည်းလမ်းတွေနဲ့ ၀င်လာတဲ့ ဘင်္ဂါလီလူမျိုးအားလုံးကို မလွတ်အောင် စစ်ဆေးအရေးယူဖို့ဆိုတာ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ဖို့ ခက်ခဲတယ်။ ဒါပေမယ့် ပြည်သူတွေအနေ နဲ့အမျိုးသားရေးအသိစိတ်ဓာတ် ထား ပြီး မသင်္ကာတာတွေတွေ့ရင် နီးစပ် ရာရဲစခန်းကိုအကြောင်းကြားဖို့ လိုပါတယ်။ ရခိုင်ပြည်နယ်ကနေ ရန်ကုန်ကို ရောက်ဖို့ဆိုတာ ကြားထဲမှာရှိတဲ့ ပြည် နယ်နှင့် တိုင်းတွေကို ဘယ်လိုနည်း လမ်းမျိုးတွေနဲ့ ဖြတ်ကျော် လာတယ် ဆိုတာကိုတော့ စဉ်းစားစရာပါပဲ။ဘင်္ဂါလီလူမျိုးတွေက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို လာဘ်ပေး လာဘ် ယူလုပ်ပြီးတော့ ၀င်လာတာဖြစ်နိုင် သလို၊တာဝန်ကျတဲ့ သူတွေမသိအောင် ခိုးဝင်လာတာ လည်း ဖြစ်နိုင်ပါတယ်။


ပြည်သူတွေအနေနဲ့ ပါဝင်ကူညီမယ် ဆိုရင်တော့ ဒီထက်ပိုပြီး အရေးယူ မှုတွေပြုလုပ်နိုင် မှာပါ”ဟုသုံးသပ်ပြော ကြားခဲ့သည်။ ထို့ပြင်လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ရုံးအဖွဲ့ မှူးဖြစ်သူဦးသန်းနိုင်ထွန်းက “တိုင်း ဒေသကြီးတွေ နဲ့ပြည်နယ်ဒေသတွေ ကို ဆက်စပ်သွားလို့ရတဲ့ လမ်းကြောင်း တွေမှာ အထူးစီမံချက်တွေ ချမှတ်ပြီး တော့ တရားမ၀င်နည်းမျိုးစုံနဲ့သွား နေကြတဲ့ ဘင်္ဂါလီတွေကို ပူးပေါင်း အဖွဲ့တွေနဲ့ စစ်ဆေးပြီးတော့ အရေး ယူဆောင်ရွက်မှုတွေပြုလုပ်နေပါတယ်။ ကျွန်တော်တို့ဌာနကစစ်ဆေးရေးဂိတ် တွေမှာတာဝန်ကျတဲ့ ၀န်ထမ်းတွေတရား မ၀င်နည်းလမ်းတွေနဲ့ ၀င်ရောက်လာ သူတွေကို လာဘ်ပေးလာဘ်ယူလုပ် ပြီးတော့ လွှတ်ပေး ခဲ့တာတွေကိုလည်း စစ်ဆေးပြီးတော့ အရေးယူမှုတွေ ပြု လုပ်နေပါတယ်။ ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေက ကုန်းလမ်းကလာတဲ့ အခါမှာစစ်ဆေးရေး ဂိတ်မရောက်ခင် သူတို့က ကားပေါ်ကဆင်းပြီး တော ထဲက လမ်းလျှောက် တယ်။ပြီးတော့ မြို့ထဲကို ၀င်ကြတယ်။ ဒီလိုသွားလာ လို့ရတဲ့နေရာတွေအကုန်လုံးမှာလည်း ပိတ်ဆို့စစ်ဆေး မယ်ဆိုရင်တော့ တရားမ၀င်ဝင်ရောက်လာမှုတွေကို ပိုမိုထိ ရောက်အောင် တားဆီးနိုင်မယ်လို့ ထင်ပါတယ်” ဟုသုံးသပ်ပြောကြားခဲ့သည်။


ဘင်္ဂါလီလူမျိုးများမှာ ရန်ကုန်တိုင်းဒေသကြီးအပြင် အခြားပြည်နယ် နှင့် တိုင်းအသီးသီးသို့ တရားမ၀င် နည်းလမ်းမျိုးစုံဖြင့်ဝင်ရောက်ရာတွင် ဆက်စပ်သောလမ်းပိုင်းများ၌ ဌာန အသီးသီးမှ တာဝန်ရှိသူများမှာ ယခု ထက်စစ်ဆေးမှုများကို ပိုမိုတင်းကြပ် စွာဆောင်ရွက်ရန်လိုအပ်သည့် အပြင် ရိုးသားစွာလုပ်ဆောင် ရန်လည်း လို အပ်ကြောင်း ရုံးအဖွဲ့မှူး ဦးသန်းနိုင် ထွန်းက ဆက်လက်ပြောကြားခဲ့ သည်။


၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက် နေ့တွင် တရားမ၀င်ဝင်ရောက်လာ သောဘင်္ဂါလီလူမျိုးများကို ၁၉၄၉ ခုနှစ်ပြည်ထောင်စုမြန်မာနိုင် ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ ၆(၂) (၃) ဖြင့်လည်းကောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် တို့အား ယင်းဥပဒေပုဒ်မ ၆(၂)(၃)/ ၁၁၄ အရလည်းကောင်း၊ စက်တင် ဘာလ ၂၄ ရက်နေ့တွင် တရားမ၀င် ၀င်ရောက်နေထိုင်၍ စစ်ဆေးတွေ့ရှိရ သောဘင်္ဂါလီလူမျိုးကို ဘုရင့်နောင်ရဲ စခန်း(ပ) ၅၅၁/၂၀၁၂ ၊ ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ အတွင်း နေ ထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ ပုဒ်မ ၆ (၂)ဖြင့်လည်းကောင်း၊ စက် တင်ဘာလ ၂၅ ရက်နေ့တွင် စစ်ဆေး တွေ့ရှိခဲ့သော ဘင်္ဂါလီလူမျိုးများကို လှည်းကူးရဲစခန်း(ပ)၄၃၁/၂၀၁၂၊ ပုဒ်မ ၃၆၇ဖြင့် အမှုဖွင့်စစ် ဆေးလျက် ရှိကြောင်း သိရသည်။


ယခုအရေးယူမှုများပြုလုပ်ထားသည့် တရားမ၀င်သော နည်းလမ်းများဖြင့် ၀င်ရောက်လာသော ဘင်္ဂါလီ လူမျိုးများကို စစ်ဆေးလျက်ရှိပြီး အဆိုပါကဲ့သို့ ဆက်စပ်သည့် ဖြစ်စဉ်များ ကိုလည်း ဖော် ထုတ်နိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။


From: ရွှေမြန်မာမီဒီယာဂရု

ရခိုင်ပြည်နယ် ပဋိပက္ခ သတိရှိရှိကိုင်တွယ်ရန် ကုလအတွင်းရေးမှူးချုပ်ပြောကြား

Posted by drmyochit Sunday, September 30, 2012, under | No comments




မြန်မာနိုင်ငံရခိုင်ပြည်နယ်ကပဋိပက္ခဟာ ပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်တွေအပေါ် ထိခိုက်စေနိုင်တဲ့ အပြင်တိုင်းပြည်နယ်နိမိတ်ကို ကျော်လွန်ပြီး တခြားနိုင်ငံတွေဆီအထိပါ သက်ရောက်မှုတွေ ရှိလာနိုင်တဲ့အတွက် သတိရှိရှိနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ပြောလိုက်ပါတယ်။ OIC ခေါ် အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံပါ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဥက္ကဋ္ဌနဲ့ မနေ့က တွေ့ဆုံခဲ့ရာမှာ အဲဒီလိုသတိပေး ပြောကြားခဲ့တာပါ။ (၆၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံအပြီး သမ္မတ ဦးသိန်းစိန်နဲ့ မစ္စတာ ဘန်ကီမွန်းတို့ တွေ့ဆုံခဲ့ရာမှတော့ ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး ရပ်ရွာဒေသတွင်း ရှိနေကြသူ အချင်းချင်းသဟဇာတဖြစ်အောင် နေထိုင်နိုင်ရေး၊ ပြဿနာ ဖြစ်ပွားရတဲ့အကြောင်းရင်း ဇာစ်မြစ်တွေကို ဖယ်ရှားရေး စတာတွေကို ရေတို ရေရှည် ရှုထောင့်တွေကနေ နည်းလမ်းရှာ ကိုင်တွယ်ဖြေရှင်း သွားဖို့ ဆွေးနွေးခဲ့ကြပြီး ရခိုင်အရေးကို ပြေလည်သည် အထိ ဖြေရှင်းသွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ကတိက၀တ်ပြုခဲ့ကြောင်း ကုလသမဂ္ဂ ပြောခွင့်ရသူ မာတင် နီဆာကီက ပြောဆိုပါတယ်။ ဒါ့ပြင် ကချင်ပြည်နယ်က လူမျိုးစု လက်နက်ကိုင်တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေရပ်တန့်ဖို့ အတွက်လည်း အားလုံး ပါဝင်ပြီး လက်တွဲညီညီ ဆောင်ရွက်သွားဖို့လည်း ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။

From: ရွှေမြန်မာမီဒီယာဂရု

ဆန်ဖရန် Freedom Forum မှာ ဒေါ်စု မိန့်ခွန်းပြော

Posted by drmyochit Sunday, September 30, 2012, under | No comments

 
အမေရိကန် ပြည်ထောင်စုမှာ ၁၇ ရက်ကြာခရီးစဉ်နဲ့ ရောက်ရှိနေတဲ့ မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ချက်အတိုင်း ငြိမ်းချမ်းတဲ့ ဘ၀နဲ့ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တရပ် ဖြစ်လာအောင် ၀ိုင်းဝန်း ကူညီကြဖို့ ပြောဆိုလိုက်ပါတယ်။ စက်တင်ဘာလ ၂၈ ရက်နေ့က ဆန်ဖရန်ဆစ္စကိုမြို့မှာကျင်းပခဲ့တဲ့ Freedom Forum ဆွေးနွေးပွဲမှာ အခုလို ပြောဆို လိုက်တာဖြစ်ပါတယ်။

မနေ့ကကျင်းပတဲ့ ဆန်ဖရန်ဆစ္စကို Freedom Forum အစည်းအဝေးမှာ မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ကစလို့ ဆယ်စုနှစ် ၂ ခုနီးပါး နေအိမ်အကျယ် ချုပ်နဲ့ အကျဉ်းစံဘ၀ နေထိုင်ခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်က လွတ်မြောက်ခြင်းအတွက် ခရီးရှည်၊ “The Long Road to Freedom” အမည်ပေးထားတဲ့ အခမ်းအနားမှာ ဖိနှိပ်မှုတွေ ဘယ်လောက်ပဲ ရှိရှိ ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် နေနိုင်တဲ့သူဟာ အမြဲတမ်း လွတ်လပ်နေနိုင်ပါတယ် လို့ ပြောဆိုသွားပါတယ်။

ဒါပေမဲ့ ကိုယ့်နိုင်ငံရဲ့ လူမှုအဆောက်အအုံ၊ အဖွဲ့အစည်းကြီးတွေနဲ့အတူ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် လွတ်လပ်ရေးအတွက် ကြိုးပမ်းတဲ့သူတွေ အတွက်တော့ လွတ်လပ်မှုအတွက် ရုန်းကန်လှုပ်ရှားတဲ့ခရီးက ရှည်ပါလိမ့်မယ်လို့ ပြော ဆိုသွားပါတယ်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ချက် နိုင်ငံရေးခေါင်းဆောင် ဗားဆလပ်ဟာဗဲလ် ရှေ့ဆောင် လမ်းပြခဲ့ သလိုပဲ ဖိနှိပ်မှုတွေ ရှိနေတဲ့ကြားက ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် လုပ်ရာမှာ အမှန်တရား နဲ့ နေထိုင်မှုကနေ စတင်ကြရပါတယ်။

ဒီလိုနည်းနဲ့ပဲ ကိုယ့်နိုင်ငံရဲ့ နိုင်ငံသားတွေကိုလည်း ဖိနှိပ်မှုတွေ လက်အောက်ကနေ လွတ်မြောက်အောင် အမှန် တရားနဲ့ နေထိုင်ဖို့လူမှုအဖွဲ့အစည်းကြီး တွေကနေစွမ်းဆောင် သွားကြရမှာဖြစ် တယ်လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံ အတွက်တော့ အဲဒီခရီးရှည်ကြီးကို အခု စရတော့မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။

“အခု မတူခြားနားပြီးတော့ ရှည်လျားတဲ့ခရီးကို ကျမတို့ လျှောက်လှမ်းရတော့မှာ မိုလို့ ခါတိုင်းထက် ပိုပြီးတော့ ကျမတို့ မိတ်ဆွေကောင်းတွေ အများကြီး လိုပါတယ်။ အရင် လျှောက်ခဲ့ရတဲ့ လမ်းက မြန်မာနိုင်ငံ ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ ကြိုးပမ်းခဲ့ရတာပါ။

အခု လျှောက်ရမယ့်လမ်းကတော့ မြန်မာနိုင်ငံကို စစ်မှန်တဲ့ ဒီမိုကရေစီ နည်းလမ်းကျ လူ့အဖွဲ့ အစည်းကြီးတွေ တည်ဆောက်ရမယ့် ခရီးပါ။ ဒါကြောင့် မိတ်ဆွေကောင်းတွေ ပိုပြီးတော့ လိုအပ်တာပါ။”

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့လည်း ဘယ်နေရာတွေမှာ လူ့အခွင့်အရေး ချိုးဖောက် မှုတွေ ဖြစ်နေတယ်။ ဒီချိုးဖောက်မှုတွေကို လူ့အဖွဲ့အစည်းကအလေးထား အာရုံစိုက်အောင် လုပ်ရမယ် ဆိုတဲ့ ကာလရှည်ကြာ ရှုမြင် ဆောင်ရွက်ချက်တွေနဲ့ မလုံလောက်တော့ဘူး လို့ ထောက်ပြ ပြောဆို သွားပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့အတွက်၊ လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို တားဆီးဖို့ အတွက် ပညာဉာဏ်နဲ့ ကိုယ်ကျင့်သိက္ခာ ဆိုင်ရာ စွမ်းရည်ခွန် အားတွေ ရှိဖို့လိုတယ် ဆိုတာကို လည်း ဒေါ်အောင်ဆန်းစုကြည် က ဥပမာပေး တင်ပြခဲ့ပါတယ်။

“တရားဥပဒေ စိုးမိုးမှုရှိအောင် ကြိုးစားပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ မဖြစ်အောင်လို့ တားဆီးရုံနဲ့ မရတော့ပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်နေသူတွေကို ဘာကြောင့် ဒီလုပ်ရပ်တွေကို မလုပ်သင့်ဘူးလဲ ဆိုတာကို နားလည်လာအောင် လုပ်ပေးဖို့ လိုအပ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်သူတွေဟာ သူတို့လုပ်ရပ်တွေက လူ့အခွင့်အရေး ချိုးဖောက်နေတယ် ဆိုတာကို မသိတာလား။ ဒါမှမဟုတ်ရင်လည်း သူတို့လုပ်ရပ်တွေ က သူတို့ အပါအ၀င် လူသားအားလုံးရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတယ် ဆိုတာကို
မသိတာလား။ ဒါကို ဖော်ထုတ် အသိပေးဖို့ လိုပါတယ်။ အာဏာရှင်စစ်တပ်တွေ သူ့လူမျိုး သူ့တိုင်းပြည် အပေါ် ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ လုပ်တယ် ဆိုတာ ကြားခဲ့ကြရပြီးပါပြီ။ ဉာဏ်ပညာနဲ့ ကိုယ်ကျင့်သိက္ခာ စွမ်းရည်တွေ မရှိရင် သာမန်ပြည်သူ၊ သာမန်စစ်သားတယောက်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှု မကျူးလွန်မိအောင် ထိန်းဖို့ မလွယ်ပါဘူး။ ဒါပေမဲ့လည်း မွေးရာပါ အသိစိတ်၊ စာနာစိတ်တွေနဲ့ မကျူးလွန်မိအောင် ထိန်းသိမ်းသင့်ပါတယ်။ ဒါကို သူတို့ နားလည်နိုင်အောင် ကျမတို့ ကူညီနိုင်မှာပါ။”

လွတ်မြောက်ရေး ခရီးလမ်းအတွက် အမုန်းနဲ့ အကြမ်းဖက်မှုတွေ ကင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း ဒီခရီး ရှည်ကြီးကို အမုန်းနဲ့ အကြမ်းဖက်မှုတွေ မရှိဘဲ လျှောက်လှမ်းခဲ့ကြတဲ့ မဟတ္တမဂန္ဒီလို ပုဂ္ဂိုလ်ကြီးတွေကို လေးစား ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

“ကိုယ် လိုချင်တဲ့ အောင်မြင်မှုကို ဘယ်လိုနည်းလမ်းသုံးပြီး အရယူယူ၊ အောင်မြင်မှုရရင် ပြီးတာပဲလို့ ယူဆသူတွေ ရှိပါတယ်။ ဒါဟာ မှန်တယ်လို့ မထင်ပါဘူး။ နည်းလမ်းမမှန်ရင် နောက်ဆုံးမှာ ရတဲ့ အောင်မြင်မှု ဆိုတာကလည်း မှန်ကန်မှု မရှိနိုင်ပါဘူး။

လွတ်လပ်မှုအတွက် အမုန်းနဲ့ အကြမ်းဖက်မှု နည်းတွေ သုံးပြီး လျှောက်လှမ်းမယ် ဆိုရင်တော့ ခရီးဆုံးမှာ ရမယ့်ရလဒ်က လွတ်လပ်မှု ဖြစ်မှာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အမုန်း၊ ကိုယ့်ရဲ့ အကြမ်းဖက်မှုနဲ့ ကိုယ်တိုင် တည်ဆောက်ထားတဲ့ အကျဉ်းထောင်ကိုပဲ ရောက်မှာပါ။ ”ဒါကြောင့် ကိုယ့်ယုံကြည်ချက်အတိုင်း ငြိမ်းငြိမ်းချမ်း ချမ်း နေထိုင်လို့ရတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ဖို့ လိုပါတယ်။ ဒီနေ့ထက်ထိတော့ အရေအတွက် နည်းလာတယ် ဆိုပေမဲ့ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရတဲ့သူတွေ၊ အကျဉ်းထောင်တွေ ထဲမှာ ရှိနေပါသေးတယ်။ ဒါကြောင့် သူတို့ရဲ့ ယုံကြည်ချက်အတိုင်း ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ခွင့် ရှိတဲ့ လူ့အဖွဲ့ အစည်း တည်ဆောက်နိုင်အောင် ၀ိုင်းဝန်း ကူညီနိုင်အောင် ပြောဆိုသွားပါတယ်။ နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားတက်ကြွသူတွေ တက်ရောက် ဆွေးနွေးကြတဲ့ ဒီအခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်ကို ချက် နိုင်ငံရေး ခေါင်းဆောင် ဗားဆလပ် ဟာဗဲလ်ကို ဂုဏ်ပြု ပေးအပ်တဲ့ Václav Havel Prize for Creative Dissent ဆိုတဲ့ ဆုကို ပေးအပ်ချီးမြှင့် ခဲ့ပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့မှာတော့ မြန်မာ့ဒီမိုကရေ စီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ဟာ ဆန်ဖရန်ဆစ္စကို တက္ကသိုလ်မှာ မြန်မာမိသားစုတွေနဲ့
တွေ့ဆုံမှာဖြစ်ပါတယ်။

From: ရွှေမြန်မာမီဒီယာဂရု

ဖားအံ ဆက်ဆံရေးရုံး ကိစ္စ၌ ကေအန်ယူ ဗဟိုနှင့် KNLA ပြသနာဖြစ်

Posted by drmyochit Sunday, September 30, 2012, under | No comments

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA) ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၏ ယနေ့ ဖွင့် လှစ် လိုက်သော က ရင်ပြည်နယ် ဖားအံမြို့ပေါ်က ဆက်ဆံရေးရုံးကိစ္စကို KNU ဗဟို အဆင့် ဆက်ဆံရေး ရုံး မဟုတ်ကြောင်း ကြေညာချက် တစောင် ထုတ်ပြန် ခဲ့ပါသည်။

KNU တို့၏ ယနေ့ ဖွင့်လှစ်လိုက်သော ဖားအံမြို့  ဆက်ဆံရေးရုံးကို ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနှင့် အတူ၊ ကေအဲန်ယူ ဘက် မှ ပဒို ဒေးဗစ်ထော၊ တပ်မဟာ (၇) မှူး ဗိုလ်မှူးချုပ် စောဂျော်နီ၊ တပ်မဟာ (၆) ခရိုင် ဥက္ကဌ ပဒို စောရွှေမောင်းနှင့် တပ်မဟာ (၄) မှ တပ်မှူးများ ပါဝင်ပြီး အင်အား (၃၀) ခန့် ရှိပါသည်။

အစိုးရဖက်မှ အမျိုးသား လုံခြုံရေး ဌာန ၀န်ကြီး ဦးအောင်မင်း၊ သဘာဝပတ် ၀န်းကျင်နှင့် သစ်တော ရေးရာ ၀န်ကြီး ဦးဝင်းထွန်း ၊ မြန်မာ အီးဂရက်စ်မှ ဦးတင်မောင်သန်း၊ ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း၊ ပြည်နယ် လွှတ်တော် ကော်မရှင် ဥက္ကဌ စောအောင်ကျော်မင်းတို့ တက်ရောက် ကြပါသည်။


ဤဖွင့်ပွဲကို KNU ဗဟိုက မသိရှိကြောင်း ကြေညာချက် ထုတ်ပြန် လိုက်သည့်အတွက် (KNLA) ၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၏ လုပ်ရပ်သည် ဗဟိုက မသိရှိဘဲ (အမိန့် မနာခံဘဲ) လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲရာ ကျနေကြောင်း၊ ထို့အပြင် ဤသို့ လုပ်လိုက်ခြင်းသည် KNU ၏ အတွင်းရေး ပြသနာများကို လူသိရှင်ကြား ထုတ်ဖေါ်ပြသရာလည်း ရောက်သည်ဟု ဝေဖန်သူများက ဆိုပါသည်။


KNU နှင့် အစိုးရတို့သည်၊ ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသုံးဆူ၊ မြ၀တီနှင့် ဖားအံ မြို့တို့တွင် ဆက်ဆံရေးရုံး ထားရှိရန် ဧပြီ လ (၄) ရက်နေ့ အပစ်ရပ်စဲ စဉ်ကတည်းက သဘောတူ ထားခဲ့ပါသည်။ ဤသဘော တူညီချက် အတိုင်းသာ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက လိုက်လံ ဆောင်ရွက်နေခြင်းသာ ဖြစ်ကြောင်း KNLA တပ်မှူး တဦးက ဆိုပါသည်။


KNLA သည် အစိုးရနှင့် (၃) ကြိမ်မြောက် ဆွေးနွေး ခဲ့ပြီးသော်လည်း တပ်နေရာ ချထားရေးကို မဆွေးနွေး နိုင်ခဲ့သေးကြောင်း ထောက်ပြ နေကြ ပါသည်။ ဤသို့ကြောင့် တပ်နေရာ ချထား နိုင်ရေးနှင့် ဆက်သွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဆက်ဆံရေးရုံးများ ထားရှိရေးကို အလျှင် အမြန် ဆောင် ရွက်နေခြင်း ဖြစ်သည်ဟု ဆိုပါသည်။


အပစ်အခတ် ရပ်စဲရေး သဘောထား များကြောင့် KNU အတွင်း အမြင်မတူညီမှုများ ရှိနေသည်ဟု လေ့လာ သူများက ဆိုပါ သည်။ အထူးသဖြင့် တပ်မဟာ (၅)၊ တပ်မဟာ(၂) နှင့် ဗဟို စစ်ရုံးချုပ် ပါဝင်သော KNU ဗဟို အတွင်းရေးမှူး အုပ်စုနှင့် အမှတ် (၄၊၆၊၇) ခရိုင်နှင့် KNLA တပ်ဖွဲ့များ တို့အကြား အငြင်းပွားမှု ရှိနေခဲ့ခြင်းဖြစ်ပါသည်။

ဤပဋ္ဋိပက္ခကြောင့် ဖားအံ ဆက်ဆံရေးရုံး ကိစ္စ၌ ကြေညာချက် ထွက်လာရခြင်း ဖြစ်ဖွယ် ရှိပါသည်။ အပစ်အခတ် ရပ်စဲရေးကို ခိုင်မြဲစေလိုပါက စနစ်တကျ တပ်နေရာချထားကို ဆောင်ရွက်ရမည်ဖြစ်ဟု KNLA ဖက်က ယူဆသလို၊ အစိုးရနှင့် ပတ်သက်သည့် မည်သည့် ကိစ္စ၌ မဆို၊ KNU ဗဟိုကသာ ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ KNU ဗဟိုဖက်က ယူဆဟန်ရှိပါ သည်။ မည်သို့ပင် ဆိုစေ အစိုးရ၏ အပစ်အခတ် ရပ်စဲရေး ပေါ်လစီသည်၊ KNU အဖွဲ့၌ အမြင်ကွဲ စေခြင်းကို ဖြစ်ပေါ်စေခဲ့ သဖြင့် ဤပြသနာသည် KNU အား ကြီးမားစွာ ထိခိုက်စေခဲ့ပါသည်။


From: ရွှေမြန်မာမီဒီယာဂရု

မူးယစ်ဆေးဝါး ငွေကျပ်သိန်းပေါင်း ၃၅၂၀ တန်ဖိုး ဖမ်းဆီးရမိ

Posted by drmyochit Sunday, September 30, 2012, under | No comments




စက်တင်ဘာလ ၂၆ ရက်နေ့ ၁၁ နာရီအချိန် ဆင်ကျော့ ပြည်သူ့စစ်အဖွဲ့မှ စိုင်းပညာဦးစီး ၈ဦးသည် မူးယစ်ဆေးဝါး သတင်းအရလားရှိုးမြို့နယ်၊ နောင်မွန် ကျေးရွာအုပ်စု၊ ဟန်နားကျေး ရွာရှိ ဗြုံးကျင်း အဟောင်းတွင် ကင်းပုန်းဝပ် စောင့်ဆိုင်းနေခဲ့ပါသည်။

ထိုအချိန်တွင် ပုသိမ်ကြီး မြို့နယ်၊ ကျောက်ချောရွာတွင် နေသူ ယာဉ်မောင်း ဝင်းမင်းဦး (၃၅)နှစ် (ဘ) ဦးတင်နွဲ့နှင့် ယာဉ်နောက်လိုက် ချစ်ကိုဦး (၂၄) နှစ် (ဘ) ဦးမောင်ကို၊ ယာဉ်အမှတ် ၊ ၁က/၄၄၀၈ ကွန်ဒါ (အဖြူရောင်) ယာဉ်နှင့် ရောက်ရှိလာပြီး ယာဉ်ပေါ်မှ မြွေရေခွံအိတ် (၈) လုံးအား ချပြီး စောင့်ဆိုင်းနေ ခဲ့ပါသည်။ 

မကြာမီ တန့်ယန်းမြို့နယ်၊ ဝမ်ဟောင်ရွာတွင် နေထိုင်သော ယာဉ်မောင်း စံလူ (၃၂)နှစ် (ဘ)ဦးပန်းဆာ မောင်းနှင် လာသည့် ယာဉ်အမှတ် ၊ ၃ဂ/ ၆၃၁၅ တိုက်ဂါး အမျိုးအစား (၁)ခန်းခွဲ (အပြာရောင်)ယာဉ် ရောက်ရှိလာပြီး အိတ်များအား ကားပေါ်သို့ တင်ဆောင်နေသည်ကို တွေ့ရှိရ၍ အသင့်စောင့် ဆိုင်းနေသော ပြည်သူ့စစ်အဖွဲ့များမှ ဝိုင်းဝန်းဖမ်းဆီးရာ ယာဉ်အားမောင်းနှင် ထွက်ပြေးကြ သဖြင့် အမ် -၂၂ သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ပါသည်။

နောင်မွန်းရဲစခန်းမှ ဒုတိယ ရဲအုပ် သန်းစောဦး၊ လားရှိုးမူးယစ် (အထူး) အဖွဲ့မှ ရဲအုပ် တင်အေး၊ လားရှိုးခရိုင် (ဒ/န)မှ ဒုတိယရဲအုပ် ငြိမ်းဆွေ၊ နောင်မွန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုင်းစံနှင့် နောင် မွန် ပြည်သူ့စစ် ဦးမောင်ဌေးတို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖြစ်စဉ်နေရာသို့ အချိန်မီရောက် ရှိပြီး စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။

မူးယစ်ဆေး သယ်ဆောင်သူများ ထွက်ပြေးရာတွင် ပစ်ခတ်မှုကြောင့် ယာဉ်မောင်း စံလူ၊ ဝဲဘက်နံရိုး ထိမှန်ဒဏ်ရာနှင့် ဝဲလက်မောင်းရှပ်ထိ ဒဏ်ရာ (မစိုးရိမ်ရ) နှင့် ကွန်ဒါကား ယာဉ်နောက်လိုက် ချစ်ကိုဦး၊ ယာလက်သူကြွယ် ရှပ်ထိဒဏ်ရာ (၁)ချက် (မစိုးရိမ်ရ) တို့ ရရှိခဲ့သည်။

မူးယစ်ဆေးများ စစ်ဆေးရာတွင် ယာဉ်မောင်း ချစ်ကိုဦး ယူဆောင်လာသော အိတ်(၈) လုံးအား စစ်ဆေးရာ ဆူဒိုအက်ဖီဒရင်းဟု ယူဆရသော ဆေးပြားများကို အိတ်(၁)လုံးလျှင် ၂ သိန်း ၂ သောင်းနှုန်းဖြင့် စုစုပေါင်း မူးယစ်ဆေးပြားပေါင်း တစ်ဆယ့်ခုနစ်သိန်း ခြောက်သောင်း (၁၇၆၀၀၀၀) သိမ်းဆည်း ရမိပြီး ကာလပေါက်ဈေး ငွေကျပ် သိန်းပေါင်း ၃၅၂၀ ခန့်ရှိကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှ ဒဏ်ရာရရှိသူ စံလူနှင့် ချစ်ကိုဦးတို့ (၂)ဦးအား ဒုတိယရဲအုပ် မောင်မောင်လွင် ဦးစီး (၄)ဦးမှ လားရှိုး ပြည်သူ့ဆေးရုံသို့ တင်ပို့ထားရှိပြီး မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ယာဉ်မောင်း ဝင်းမင်း ဦး နောင်မွန် ရဲစခန်းတွင် ခေါ်ယူ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

From: မြဝတီ





ရွာသား ၅ ဦး သေနတ်ပစ်ခံရ

Posted by drmyochit Sunday, September 30, 2012, under | No comments


ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ရှားခဲတိုက်နယ်၊ ရှားခဲကျေးရွာ၌ စက်တင်ဘာ ၂၆ရက်နေ့တွင် သေနတ် (၅)ချက် ပစ်ခတ်ခံရပြီး ရွာသား (၅)ဦး ထိမှန် ခဲ့ကြောင်း သိရပါသည်။

အခင်းဖြစ်ပွားသည့် နေရာတွင် ရွာသား ၂ ဦး သေဆုံးခဲ့ပြီး နောက်တရက်တွင် ဆေးရုံ၌ ၁ ဦး ထပ်မံသေဆုံး သွားခဲ့ပါသည်။ ကျန်ရှိသည့် သေနတ်ပစ်ခတ်ခံရသူ ကျော်ဇင်သက် နှင့် ဝင်းသန့်ကို ပုသိမ်ဆေးရုံမှ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး အရေးပေါ်ဌာနသို့ စက်တင်ဘာလ ၂၈ရက်နေ့ ည ၉း၀၀ နာရီအချိန် တွင်ရောက်ရှိလာကြောင်း သိရပါသည်။ ဖြစ်ပွားသည့် အကြောင်းအရင်းကို သက်ဆိုင်ရာများနှင့် အတူလိုက်ပါလာသည့် ကာယကံရှင် မိသားစုများမှ တစုံတရာပြောကြားခြင်း မရှိသေးဘူးဟု သတင်းရရှိပါသည်။


From: ရွှေမြန်မာမီဒီယာဂရု

မြန်မာ့ဆက်သွယ်ရေး၏ ညံဖျင်းလှသော ကြိုးဖုန်းဝန်ဆောင်မှု

Posted by drmyochit Sunday, September 30, 2012, under | No comments



 ၂၀၀၉-ခုနှစ်က မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ကြိုးဖုန်း တစ်လုံး ၀ယ်ယူခဲ့ရာ ထိုစဉ်က နှစ်ဆယ့် တစ်သိန်း ကျပ် ပေးရပါသည်။ စတင်အသုံးပြုသည့် အချိန်မှ စ၍ ယနေ့တိုင်အောင် အခွန်ငွေတောင်းခံလွှာ လာပို့ခြင်း အလျှင်း မရှိခဲ့ပါ။ သုံးစွဲသူကသာ အခွန်ငွေ သွားမဆောင်လျှင် ဖုန်းလိုင်းပိတ်ပစ်မှာ စိုး၍ မိမိသွင်း
ထားသော ငွေပမာဏ ဘယ်ရွေ့ဘယ်မျှလောက် ကျန်ဦးမလဲ ဟု မှန်းဆပြီး သွားရောက်ပေးဆောင် ခဲ့ရပါသည်။

၂၇၊၇၊၂၀၁၂ နေ့က အခွန်ငွေ တစ်သောင်း သွားရောက်ပေးဆောင်ခဲ့ပါသည်။ ထိုအချိန်က လက်ကျန်ငွေ ၅၉၆၄-ကျပ် ကျန်နေသေးသဖြင့် ထပ်သွင်းငွေ တစ်သောင်းနှင့် ပေါင်းပါက ၁၅၉၆၄-ကျပ် ဖြစ်၍ မကုန်လောက်သေးဘူး ထင်ပြီး ငွေထပ်မသွင်းပဲ နေခဲ့ရာ၊ ၂၈၊၉၊၂၀၁၂ နေ့တွင် ဘာမှ အကြောင်းကြား အသိပေးခြင်း မရှိဘဲ ဖုန်းလိုင်းကို ပိတ်ပစ်ခဲ့ပါသည်။ သို့ဖြစ်၍ ၂၉၊၉၊၂၀၁၂ (မနေ့က) ဆက်သွယ်ရေးရုံးသို့ သွားရောက်ပြီး မေးမြန်းစုံးစမ်းရာ ပေးသွင်းထားသည့်ငွေ ကုန်သွားသည့်အပြင် အကြွေး ၇၀၀၀-ကျော်လောက်ရှိ နေ၍ ဖုန်းလိုင်းပိတ်ထားကြောင်း သိရသဖြင့် ငွေ-၃၀၀၀၀ိ-ကျပ် ထပ်မံ ပေးသွင်းခဲ့ ပါသည်။ ဖုန်းလိုင်းကို ဘယ်တော့ ပြန်ဖွင့်ပေး မလဲ မေးမြန်းရာ မနက်ဖြန် (ယနေ့) ပြန်ဖွင့်ပေးမည် ဟု ပြောပါသည်။

ယခုအချိန်ထိ ပြန်ဖွင့်ပေးခြင်း မရှိ၍ တခြားဖုန်းဖြင့်ဆက်ပြီး မေးမြန်းကြည့်ရာ တနင်္လာနေ့လောက် မှ ပြန်ဖွင့်ပေးမည် ဟု ပြောပြန်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ကြိုးဖုန်းဝန်ဆောင်မှုတွင်
 
၁။ သုံးစွဲသူထံသို့ ငွေတောင်းခံလွှာ ပေးပို့ခြင်း၊ ဖုန်းဖြင့် အကြောင်းကြားခြင်း လုံးဝ မရှိသဖြင့် လက်ကျန်ငွေ ဘယ်လောက်ကျန်သေးသည်ကို သုံးစွဲသူဘက်က မသိရခြင်း

၂။ ထိုသို့ မသိရသဖြင့် သုံးစွဲသူဘက်က လက်ကျန်ငွေ ရှိသေးသည့်အထင်ဖြင့် ဆက်သုံးစွဲရာ နောက် ဆုံး ငွေ ကုန်သွားချိန်တွင် ဖုန်းဖြင့်သော်လည်းကောင်း စာဖြင့်သော်လည်းကောင်း တစုံတရာ အသိပေးခြင်း မရှိဘဲ ရုတ်တရက် ဖုန်းလိုင်းကို ဖြတ်တောက်ပစ်ခြင်း

၃။ သုံးစွဲသူဘက်က  ဖြည့်သွင်းရမည့်ငွေကို အမြန်ဆုံး ဖြည့်သွင်းပေးသည့် တိုင်အောင် ဖုန်းလိုင်းကို ချက်ချင်း ပြန်ဖွင့်မပေးခြင်း ဟူသော အားနည်းချက် ညံ့ဖျင်းချက်များကို တွေ့ရမည် ဖြစ်ပါသည်။

သုံးစွဲသူအနေဖြင့် ကြိုးဖုန်းကို တန်းဖိုးကြီးကြီးပေးပြီး ၀ယ်ယူထားခြင်းမှာ အရေးတကြီးကိစ္စများ ပေါ်ပေါက် လာပါက အဆင်ပြေစေရန် ဖြစ်သော်လည်း ယခုလို မြန်မာဆက်သွယ်ရေး၏ ညံ့ဖျင်းလှသော ၀န်ဆောင် မှုများ အတွက်တော့ အလွန်ကို စိတ်ညစ်နေရပါသည်။ 



From: ရွှေမြန်မာမီဒီယာဂရု

ဘင်္ဂလားဒေ့ခ်ျ့  နိုင်ငံရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်း မီးရှို့ခံရ

Posted by drmyochit Sunday, September 30, 2012, under | No comments

ဘင်္ဂလားဒေ့ခ်ျ့နိုင်ငံရှိ ရခိုင်များနေထိုင်သော ပင်းဝါမြို့ ကုလားအခေါ်(ရာမူး)ရှိ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်း မီးရှို့ခံရ အသေးစိတ်ကိုကြည်ရှုရန်။
ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါမြို့တွင်) ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများနှင့် လူနေအိမ်များ ယမန်နေ့ညက လုယက် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု bdnews24.com တွင် ဖေါ်ပြသည်။
Buddhist temples, homes burned, looted in Ramu

ရာမူး (ပန်းဝါ)မှ ဘုန်းကြီးကျောင်း တစ်ကျောင်း

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၆) ကျောင်းနှင့် လူနေအိမ် ၂၀ ခန့် မီးရှို့ဖျက်ဆီးခံရကာ အိမ်ပေါင်း ၁၀၀ ကျော် လုယက် ဖျက်ဆီးခံခဲ့ရသည်။ အများစုမှာ ဘာရ၀ါ (မာရမာကြီး) လူမျိုးတို့၏ နေအိမ်များ ဖြစ်ကြသည်။

ယခုတိုက်ခိုက်မူသည် ဗုဒ္ဓဘာသာ မိသားစုများ အပေါ် ဘင်္ဂလာဒေခ်ျ့တွင် အဆိုးရွားဆုံး တိုက်ခိုက်မူ ဖြစ်ကြောင်း သတင်းက ဆိုသည်။

ယခုတိုက်ခိုက်မူသည် မွတ်ဆလင်တို့၏ အထွတ်မြတ်ထားရာ ကိုရမ် (Quran) အား facebook တွင် မဖွယ်မရာ လုပ်သည် စွပ်စွဲချက်များ ပေါ်ပေါက်လာပြီးနောက် စတင်ဖြစ်ပွားသည်ဟု ဆိုသည်။

ကော့စ်ဘဇားခရိုင် ရဲမင်းကြီး Selim Mohammed Jahangir အဆိုပါ တိုက်ခိုက်ခံရမူအား အတည်ပြု ပြောကြားပြီး ယနေ့ နံနက်လင်းအားကြီး အချိန်တွင် ရဲအဖွဲ့မှ ထိန်းသိမ်းနိုင်ခဲ့သည်ဟု သတင်းတွင် ဖေါ်ပြသည်။ သို့သော်မြို့စွန် အနား ဒေသများတွင် အခြေအနေမှာ အေးဆေး တည်ငြိမ်မူ မရှိသေးဟု သတင်းက ရေးသည်။

ယခုအခါ ရဲတပ်ဖွဲ့ဝင်များကို ရဲတပ်ဖွဲ့ဝင်များဖြင့် ဗုဒ္ဓဘာသာများ နေထိုင်ရာများကို လုံခြုံရေး တင်းကျပ်လိုက်ပြီဟု ဆိုသည်။

အများဆုံး မီးရှို့ခံရသော နေရာမှာ ရာမူးမြို့မှ (၅) မိုင်ခန့်ဝေးသော Mithhachharhi Bonbihar တွင်ဖြစ်သည်ဟု နိတိ ဘရာဝါ က ပြောသည်။

အမြင့်ပေ ၁၀၀ ရှိသော တည်ဆောက်နေဆဲ ဗုဒ္ဓရုပ်ထုတော် တစ်ဆူလည်း ဖျက်ဆီးခံခဲ့ရသည်ဟု သတင်းတွင် ဖေါ်ပြသည်။

ယခု တိုက်ခိုက်မူမှာ မွတ်ဆလင် ဘာသာရေး အစွန်းအဖွဲ့များမှ ဦးဆောင်ပြုလုပ်ခြင်း ဖြစ်ကြောင်း ဆိုသည်။

ဖျက်ဆီးခံရရာတွင် ရခိုင်များ ကိုးကွယ်နေသော ရွာကြီးဘက်ကျောင်းလည်း ပါဝင်ပြီး အဆိုပါ ကျောင်းကို တခြား လူနေအိမ်များကိုပါ မီးကူးစက်မည်ကို စိုးရိမ်သဖြင့် မီးရှို့ခဲ့ခြင်း မရှိကြောင်း သိရသည်။ ရာမူး (ပန်းဝါ)တွင် ရခိုင် ဗုဒ္ဓဘာသာ နေအိမ်များလည်း တည်ရှိရာ တစ်စုံတစ်ရာ တိုက်ခိုက်ခဲ့ခြင်း မရှိဟု သိရသည်။

From: ရွှေမြန်မာမီဒီယာ
မူရင်းလင့်
 





 
Cox's Bazaar, Sept 30 (bdnews24.com)—A mob torched and vandalised a village of Buddhists in Cox's Bazaar's Ramu Upazila early on Sunday in one of the worst religious attacks in Bangladesh apparently triggered by a Facebook posting allegedly defaming the Quran. 

Eyewitnesses and police said the assailants set fire to at least six Buddhist temples and nearly 20 homes and looted and damaged more than a hundred others until 3am in the hate attack. 


Cox's Bazaar district's Superintendent of Police Selim Mohammed Jahangir acknowledged the violence in the Buddhist-dominated locality. He said around 3am situation in the Ramu district headquarters was under control but in areas on the fringe, tension was palpable. 


"Police patrols have been strengthened in the Buddhist-majority areas," SP Jahangir added. 


Paramilitary BGB personnel have been called out to restore order in the affected areas, Suresh Barua, teacher at a local school, said. 


Several houses and Mithhachharhi Bonbihar, some five kilometres from Ramu Sadar Upazila, were set on fire around 3:30am, said General Secretary of Ramu Upazila Juba League Nitish Barua. 


 

A 100-foot high under-construction Buddha sculpture was also ravaged in Bimukti Bidarshan Babna Centre in the locality, he added. 


Gias Uddin Ziku, Office Secretary of Cox's Bazaar district unit of Jatiyatabadi Chhatra Dal and Chairman of Jhilangja Union, said he dispersed Jamaat-e-Islami activists who had gathered around localities of ethnic minorities. He also said he had informed the police of the incident. 


Local people said followers of an Islamist party led by several leaders took out a procession around 10pm on Saturday alleging that a photo was uploaded on the Facebook to defame the holy book. 


At a subsequent rally, they claimed a youth by the name of Uttam Barua had pasted the purportedly offensive photo in the social networking website and demanded his arrest. 


Another militant procession was taken out that marched down towards the Barua Parha around 11:30pm and some youths from the procession set some homes of the Buddhists on fire. 


From then on, 15 homes, three temples including 'Saada Ching' and 'Laal Ching' were burned to the ground, Dipak Barua, a local, said. 


Police, local administration officials and public representatives were trying to quell the arson and destruction that continued at least until 1:30am. 


A local journalist, who was hiding with family in the neighbourhood that came under attack, told bdnews24.com the Cheranghata Barakyang Temple close to his home was set alight. He said the flames died out around 2:45am. 


Also, Ramu Maitree Bihar, Saada Chinglaal, Ramy Sina Bihar and Jadiparha Bouddha Bihar were torched, ransacked and looted. 


At least 10 Buddhist villages were attacked and Purbo Merongloa locality that had around 20 houses was burned. 


Chairman of Ramu Upazila Council Sohel Sarwar Kajal said efforts were on to quell the tension. 


Several Facebook users, meanwhile, said Uttam Barua, the Ramu youth being accused of Quran defamation, did not post the photo deemed to be offensive to Islam. They said Uttam was tagged in the photo from a Facebook ID called 'Insult Allah' and so he was in no way responsible. 


Recently, there was much hullabaloo was created after Rohingya Muslims tried to cross the border into Bangladesh fleeing the religious riot in Myanmar's Buddhist-majority Rakhine state. A section of the civil society in Bangladesh reacted to the government refusing the refugees entry. The government believes communal forces were behind this incident.

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်