ကချင်ပြည်နယ်တွင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရပ်/ကျေးညီလာခံ ကျင်းပရန်ရက်သတ်မှတ်မည့် အစည်းအဝေး
တစ်ရပ်ကို အောက်တိုဘာလ ၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
ကချင်ပြည်နယ် ညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဋ္ဌ ဦးဒါရှီလဆိုင်းကပြောသည်။
အဆိုပါအစည်းအဝေးကို မြစ်ကြီးနားတွင် အောက်တိုဘာလ ၁ ရက်၌ ကျင်းပမည်ဖြစ်ပြီး ရရှိလာသော အချက် အလက် များကို အစီ ရင်ခံစာတစ်စောင်ရေးသားကာ အဖွဲ့ချုပ်သို့ ပေးပို့သွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။
ကချင်ပြည်နယ် အတွင်း မတည်ငြိမ်မှုများကြောင့် အချို့သောနေရာများတွင် ရပ်/ကျေးညီလာခံ ကျင်းပ ရန် အဆင်သင့် မဖြစ်ကြောင်း ဦးဒါရှီလဆိုင်းကပြောသည်။ ကချင်ပြည်နယ် ညီလာခံ ကျင်းပရေးကော်မရှင်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ညီလာခံကျင်းပရေး ဗဟိုကော်မရှင်က မေလ ၃၁ ရက်တွင် ဖွဲ့စည်း တာဝန်ပေး ခဲ့ခြင်းဖြစ်သည်။
0 comments:
Post a Comment