Sunday, September 30, 2012

KIA ရင်း(၃)နဲ့ ဗမာစစ်တပ်တို့ တိုက်ပွဲဖြစ် KIA မှ (၃)ဦးကျ (၁)ဦးဒဏ်ရာ

Posted by drmyochit Sunday, September 30, 2012, under | No comments



စက်တင်ဘာလ(၂၈)ရက်နေ့ နေ့လည်ပိုင်းက KIA ရင်း(၃)မှ တပ်ဖွဲ့တစ်ခုနှင့် ဗမာစစ်တပ်တို့ ဆဒုံးမြို့နယ် မံရှန်ရွာအနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲဟာ နေ့လည်(၃)နာရီလောက်မှစပြီး တစ်နာရီကျော်ကြာအောင် တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်ခဲ့ကြောင်း လည်း သိရပါတယ်။ တိုက်ပွဲဖြစ်ပွားရခြင်းမှာ KIA ရင်း(၃)မှ အဖွဲ့ဝင်(၂၀)ဦးဟာ ရွာထဲမှာရိက္ခာရှာပြီး ပြန်ထွက်လာရာ ရွာအပြင်ဘက် တစ်မိုင်လောက်မှာ ရွာထဲသို့ ၀င်လာတဲ့ ဗမာစစ်တပ်နဲ့ ဖြစ်ခဲ့တာပါ။


တိုက်ပွဲက တစ်နာရီကျော်လောက်ဖြစ်ပြီးတော့ KIA က ဘွမ်ဆင်ရွာဘက်ကို ဆုတ်ခဲ့ရကြောင်း သိရပါတယ်။ ဒီတိုက်ပွဲမှာ KIA မှ (၃)ဦး ကျခဲ့ပြီး တစ်ယောက်ဒဏ်ရာရရှိခဲ့ကာ သေနက် (၃) လက်ပါသွားတယ်လို့ သိရပါတယ်။ သေဆုံးသွားတဲ့သူတွေထဲက တစ်ယောက်ရဲ့ အလောင်းကို ပြန်သယ်လာနိုင်ခဲ့ပြီး နှစ်လောင်းကိုတော့ ဒီတိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့မှာက ဆန်တွေလည်းပါတယ်၊ အဲဒါတွေကလည်း ထားခဲ့လို့မရဘူးလေ။ တိုက်ပွဲစဖြစ်ကတည်းက  သူတို့ က လက်နက်ကြီးတွေနဲ့ ပစ်တာ တော်တော်များတယ်၊ ကျွန်တော်တို့လည်း တက်နိုင်သလောက်တော့ ခံပစ်ပါသေးတယ် မခံနိုင်တဲ့ အဆုံး ဗိုလ်ကြီးက ဆုတ်ခိုင်းတာနဲ့ ဆုတ်လာခဲ့ရပါတယ်။ (၃)ယောက်တော့ ကျသွားတယ်၊ ဒဏ်ရာရတဲ့ တစ်ယောက်ကတော့ လက်မောင်းရင်းကို လက်နက်ကြီး စ မှန်တာ၊ ဒီကောင်လေးက ရောက်လာတာမကြာသေးဘူး” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သော KIA တပ်သားတစ်ဦးက ဘွမ်ဆင်ရွာမှာပြောကြား ခဲ့ကြောင်းဒေသခံတွေထံမှ သိရပါတယ်။ ဗမာစစ်တပ်မှာလည်း ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်