Sunday, September 30, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် နယူးယောက်မြို့ရှိ မက်ထရိုပိုလီတန် အနုပညာပြတိုက်ကို သွားရောက်ကြည့်ရှုလေ့လာ

Posted by drmyochit Sunday, September 30, 2012, under | No comments

From :  Myanmar Express







အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင်ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန်သည်  စက်တင်ဘာ(၂၈)ရက် နံနက်ပိုင်းတွင် နယူးယောက်မြို့ရှိ မက်ထရိုပိုလီတန် အနုပညာပြတိုက် (The Metropolitan Museum of Art) ကိုသွားရောက်ကြည့်ရှုလေ့လာသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည်   ဒေသစံတော်ချိန် နံနက်(၁၀)နာရီခွဲ တွင် ပြတိုက်သို့ရောက်ရှိလာ ရာ ပြတိုက်မှ အမှုဆောင် ဒါ ရိုက်တာ Mr. John Guy နှင့်တာဝန်ရှိသူများက ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ပြတိုက်သို့ အလှူငွေနှင့် အမှတ်တရ လက်ဆောင်တို့ကို ပေးအပ်ပြီး ပြတိုက်အတွင်းရှိ Great Hall Balcony ခန်းမ၊ တရုတ်၊ အရှေ့တောင်အာရှနိုင်ငံများ၊ ဂျပန်၊ အမေရိကန်၊ အီဂျစ်၊ ဗြိတိန်နှင့် ဥရောပနိုင်ငံများ၏ ရှေးဟောင်းအနုပညာလက်ရာပြခန်းများ၊ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဂီတအနုပညာပစ္စည်းများပြခန်းနှင့် Velez Blanco ပြခန်းတို့ကို လှည့်လည်ကြည့်ရှုလေ့လာခဲ့သည်။

အဆိုပါပြတိုက်သည် အမေရိကန်ပြည်ထောင်စုတွင် အကြီးဆုံးပြတိုက်ကြီးဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးအနုပညာပြတိုက်တွင် တစ်ခုအပါအ၀င်ဖြစ်သည်။ ပြတိုက်ကို ၁၈၇၀ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၈၇၂ခုနှစ် ဖေဖော်ဝါရီ (၂၀)ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ပြတိုက်တွင် ကမ္ဘာတစ်ဝန်းရှိ ရှေးဟောင်းအနုပညာလက်ရာ များ၊ ရှေးဟောင်းယဉ်ကျေးမှု လက်ရာများကို စုစည်းပြသထားသည်။ ပြတိုက်သို့ ၂၀၁၁ခုနှစ်တွင် ဧည့်သည်(၅.၄)သန်း လာရောက်ကြည့်ရှုလေ့ လာခဲ့ကြောင်း သိရှိရသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်