Sunday, September 30, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန် မြန်မာ-အမေရိကန်ကုန်သည်ကြီးများ အသင်းမှ ဥက္ကဌနှင့်အမှုဆောင်များအား လက်ခံတွေ့ဆုံ

Posted by drmyochit Sunday, September 30, 2012, under | No comments

From :   Myanmar Express






နေပြည်တော် စက်တင်ဘာ ၂၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် စက်တင်ဘာ(၂၈)ရက် ဒေသစံတော်ချိန် ညနေ(၆)နာရီတွင် ခေတ္တတည်းခိုသည့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ The Mark ဟိုတယ် ဧည့်ခန်းမ၌ မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်းမှ ဥက္ကဌ နှင့်အမှုဆောင်များအား လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-အမေရိကန် ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးသိန်းဟန် (ခ) Mr. William H. Su ၊ ဒုတိယဥက္ကဌများနှင့် အမှုဆောင်များက မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်း၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရေးလုပ်ငန်း၊ ဓာတုဗေဒဆိုင်ရာလုပ်ငန်းနှင့် ဥပဒေရေးရာကိစ္စရပ်များ လာရောက်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်သမ္မတက လုပ်ငန်းတစ်ခုချင်းအလိုက် ပံ့ပိုးဖြည့်ဆည်းပေးနိုင်မည့်အခြေအနေများ၊ ပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင် ရွက်ပေးရန် လိုအပ်ချက်များကို ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အသင်းအနေဖြင့် ယင်း ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။   

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်