Sunday, September 30, 2012

ဆီရီးယားတွင် ဂျာနယ်လစ်တစ်ဦး ပစ်သတ်ခံရ

Posted by drmyochit Sunday, September 30, 2012, under | No comments

From :  Myanmar Express


ဆီးရီးယားတွင် အီရန် Press TV သတင်းဌာနအတွက် လုပ်ကိုင်နေသော သတင်းထောက်မာရာနက်ဆာသည် စက်တင်ဘာလ ၂၆ ရက်နေ့က ပေါက်ကွဲမှုမြင်ကွင်းတစ်ခုအတွက် သတင်းပို့နေစဉ် ပစ်သတ်ခံခဲ့ရပြီး သေဆုံး သွားခဲ့သည်။ မြို့တော်ဒမတ်စကတ်တွင် ပေါက်ကွဲမှုဖြစ်ပွားနေသည်ကို သတင်းတင်ပြနေသော မာရာနတ်ဆာသည် လက်ဖြောင့်သေနတ်သမားတစ်ဦး၏ လက်ချက်ကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုတွင် Press TV ၏ ဒမတ်စကတ် ဗျူရိုအကြီးအကဲ ဟူစိန်မာတာဒါလည်း ဒဏ်ရာရရှိခဲ့ကြောင်း ရုပ်သံက ပြောကြားခဲ့သည်။ ဆီးရီးယားတွင် လွန်ခဲ့သည့် တစ်နှစ်ခွဲကျော်က ပုန်ကန်မှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သူပုန် တို့၏ ပစ်ခတ်မှုများကြောင့် ဆီးရီးယားဂျာနယ်လစ်များနှင့် နိုင်ငံခြားဂျာနယ်လစ်များ အမြောက်အများ သေဆုံး ခဲ့ပြီးဖြစ် သည်။ 



0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်