
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာတစ်ခုအဖြစ် ရွေးချယ်ခံထားရသည့် Telenor Group သည် မြန်မာ၊ ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများမှ မြန်မာလူမျိုး ဝန်ထမ်း ၂၅ ဦးကို ပထမအဆင့်အနေဖြင့် စတင်ခေါ်ယူနေပြီဖြစ်သည်ဟု ထုတ်ပြန်ကြေညာသည်။
ဒေသတွင်း၌ အလုပ်အကိုင်နှင့် အခွင့်အလမ်းပေါ်ပေါက်လာရန် ပြည်ပမှဝင်ရောက်လာသည့် ဆက်သွယ် ရေးအော် ပရေတာနှစ်ခုသည် မြန်မာနိုင်ငံသားများကို အဓိကထား၍ ဝန်ထမ်းခန့်အပ်သွားမည်ဟု ကတိပြုထားပြီးဖြစ်သည်။ Telenor Group သည် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ...