Wednesday, August 21, 2013

ကိုယ်ဝန် ဆောင်ထား မှန်းတောင် မသိလိုက်ဘဲ ကလေး မွေးဖွားခဲ့သူ

Posted by drmyochit Wednesday, August 21, 2013, under | No comments



အသက် ၂၁ နှစ်အရွယ် လိန်းကာတာ ဆိုသူဟာဝမ်းဗိုက်နာကျင် တာကြောင့် ဆေးရုံသို့ သွားခဲ့ရာမှ ကလေး တစ်ယောက်ကို မွေးဖွား ခဲ့တယ်လို့ သိရပါတယ်။ သူ ကိုယ်ဝန်ရှိစဉ် ကာလတစ်လျှောက်လုံး
ဘာလက္ခ ဏာမှ မပြဘဲ မမွေးခင် တစ်လ အလိုမှာမှလေပွသလိုမျိုး ခံစားရတယ်လို့ ဆိုပါတယ်။ လစဉ်
ဓမ္မတာ လာမြဲ တိုင်း လာနေပြီး ဝမ်းဗိုက်အတွင်းမှသန္ဓေသားရဲ့ လှုပ်ရှားမှုကိုလည်း ဘယ်လိုမှ မခံစားရ
ဘူးလို့ ဆိုပါတယ်။ သူမရဲ့ ကလေးကို မွေးရမယ့်ရက်ထက် နှစ်ပတ်စော မွေးခဲ့ပြီး ကလေးရဲ့ ကိုယ် အလေးချိန်က ၄ ပေါင် ၁၂ အောင်စရှိတယ်လို့ ဆိုပါတယ်။

သူမနဲ့အတူ သူမရဲ့ ချစ်သူဖြစ်သူ စကော့တ်ကလည်းအလွန်အံ့အားသင့်ပေမယ့် နှစ်ယောက်စလုံးက
မွေးဖွား လာတဲ့ သားလေးအတွက် ပျော်ရွှင်နေကြတယ်လို့ ဆိုပါတယ်။ လက်ရှိ အချိန်မှာ လိန်းနဲ့ သူ့သားလေး ဟာ လိန်းရဲ့ မိခင်နဲ့အတူ နေထိုင်နေကြပေမယ့်သူတို့မိသားစု အတူတူ နေထိုင်ဖို့ အိမ်တစ်လုံးကိုရှာဖွေနေ တယ်လို့ သိရပါတယ်။

Kyaw Lin Naing ( MM Social Sky)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်