Wednesday, August 21, 2013

ကလောမြို့တွင်ရေမြောင်းတူးရာမှကျည်ဆန်များတွေ့ ပလောင်တောင် လိမ္မော်ခြံမှလည်း သေနတ်များ ဖမ်းဆီးရမိ

Posted by drmyochit Wednesday, August 21, 2013, under | No comments


ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ အမှတ်(၃)ရပ်ကွက်တွင် ရေမြောင်းတူးရာမှ ကျည်ဆန်များတွေ့ ရှိပြီး ပလောင် တောင် လိမ္မော်ခြံအစောင့် နေအိမ်မှ သေနတ်နှစ်လက်နှင့် ကျည်မျိုးစုံတို့ကို ရှာဖွေသိမ်း ဆည်းရမိခဲ့သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့ အမှတ်(၃)ရပ်ကွက် သစ္စာ နယ်မြေလမ်း သစ္စာနယ်မြေခြံအနီး ရေစီးရေလာ ကောင်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းနှင့် ရပ်ကွက်သူရပ်ကွက်သားများ စုပေါင်း၍ ရေမြောင်း သန့်ရှင်းရေး တူးဖော်နေကြစဉ် ဩဂုတ် ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် အနက်တစ်ပေခန့် မြေကြီးအတွင်းမှ ပွိုင့်-၃၀၃ ကျည်ဆန် ၂၅၅၀ တောင့်နှင့် ကျည်ဆန်အခွံ ၃၂၅ ခွံတို့ တူးဖော်တွေ့ရှိခဲ့ကြသဖြင့် ကလောမြို့နယ်မှူးရုံးသို့ သွားရောက် သတင်း ပေးပို့ကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်း၊ မြို့နယ် ရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးဆွေဦးနှင့်ရဲတပ်ဖွဲ့ဝင်များ သွားရောက် လက်ခံယူခဲ့ကြသည်။

ထို့အတူ ကလောမြို့နယ် ပိန္နဲပင်ကျေးရွာ ပလောင်တောင်လိမ္မော်ခြံနေ စိုင်းကော်ခမ်း(ခ)အိုက်ကော် ဥယျာဉ်ခြံစောင့် လုပ်ကိုင်နေထိုင်သော လိမ္မော်ခြံ တွင် ဩဂုတ် ၁၆ ရက် နံနက် မိနစ် ၃၀ တွင်လည်း ကလောမြို့နယ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးတင်ဝင်းနှင့် နယ်မြေခံလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း အဖွဲ့က သတင်းအရ ရှာဖွေခဲ့ကြရာ အမ်-၁၆ဒင် မောင်းပြန် ရိုင်ဖယ် တစ်လက်၊ ၇ ဒသမ ၆၅ မီလီမီတာ (၃၂)ပစ္စတိုသေနတ် တစ်လက်၊ တစ်လက်မ ၉ မမ ကျည်ဆန် ၄၅ တောင့်၊ ၅ ဒသမ ၅၆ မီလီမီတာ ကျည် ဆန် ၁၅ တောင့်၊ ပွိုင့်-၃၀၃ ရိုင်ဖယ်ကျည်ဆန်အတောင့် ၁၃၀၊ ပွိုင့် ၃၀ မမ ကျည်ဆန် အတောင့် ၃၀၊ ပွိုင့်-၁၂ မမ ကျည်ဆန် ၁၄ တောင့်၊ BA- ၉၁ လက်ပစ်ဗုံး စနက်တံ နှစ်ခုနှင့် ကျည်ဆန်အိမ်မျိုးစုံ ၁၁ ခုတို့ ကို ရှာဖွေသိမ်းဆည်းဖမ်းမိခဲ့ကြသည်။ အဆိုပါလက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ လက်ဝယ် ထားရှိသူ လိမ္မော်ခြံစောင့် စိုင်းကော်ခမ်း(ခ)အိုက်ကော်အား ကလောမြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးမှ ဆက်လက်ဖော် ထုတ်လျက် ရှိကြောင်း သိရသည်။

(ဇော်သိန်းရီ)
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်