Monday, July 21, 2014

တစ်နေ့တာဟောစတမ်း( ဇူလိုင်-၂၁)

Posted by drmyochit Monday, July 21, 2014, under | No comments

Aries (မတ်- ၂၁ ရက် မှ ဧပြီ-၂၀ ရက်နေ့ မွေးသူများ)
ယနေ့သည် ရင့်ကျက်မှုနှင့် တာဝန်ယူနိုင်မှုအား စမ်းသပ်သည့် နေ့ဖြစ်သည်။ မိသားစုနှင့် သင့်တစ်ကိုယ်ရည်ဘဝအတွက် သင့်အရည်အချင်းကို အသုံးပြုခွင့်ရမည့် အခွင့်အရေးပင်ဖြစ်သည်။ စမ်းသပ်မှုအားမခံနိုင်ပါက ကြီးသူများကိုနာခံမှုရှိပါ။

Taurus (ဧပြီ-၂၁ မှ မေ-၂၁ မွေးသူများ)
ယနေ့တွင် အပြုသဘောဆောင်သော ကိစ္စရပ်တွေသာ များနေမည်။ သို့သော်လည်း အရေးကြီးသော ဆုံးဖြတ်ချက်များ ချရာတွင် အချိန်ဆွဲထားသင့်သည်။ သင့် ပေါင်းသင်း ဆက်ဆံရေး ဝန်းကျင်တွင် အပြောင်းအလဲများ ဖြစ်လာနိုင်သည်။ အခြေအနေတစ်ခုအား မတူသည့် ထောင့်တစ်ခုမှ ကြည့်ပါ။

Gemini (မေ-၂၂ မှ ဇွန် ၂၁ မွေးသူများ)
စိတ်လွတ်လက်လွတ်နေရမည့်အချိန်များ ကုန်လွန်သွားပြီ ဖြစ်သည်။  ဆုံးဖြတ်ချက်တစ်ခုမချမီ အခြေအနေအား သေချာသုံးသပ်ပါ။ မနေ့ကနှင့်ယနေ့ ခြားနားမှုကို သဘောပေါက်အောင် ကြည့်ပါ။ အပြုအမူနှင့် အပြောအဆိုများကို ဂရုစိုက်ပါ။ အဓိက ပြဿနာမှာ ငွေကြေးပိုင်းဆိုင်ရာ ဖြစ်လာနိုင်ပြီး ငွေကြေးသုံးစွဲမှုတွင် ဟန်ချက်ညီအောင်ကြိုးစားနေရမည်။

Cancer (ဇွန်-၂၂ မှ ဇူလိုင် ၂၂)
လူအများနှင့်ဆက်ဆံရာတွင် အနှောင့်အယှက်များ ကြုံ့ရနိုင်သည်။ ရာထူးတက်ဖို့ ရည်မှန်းထားသူများအတွက် ယနေ့သည် အကူအညီ သိပ်မဖြစ်နိုင်။ ထိပ်တိုက်ရင်ဆိုင်မှုကြီးများအစား ငြိမ်းချမ်းရေးလေး ပြုလုပ်ထားသည်က ပိုကောင်းသည်။

Leo (ဇူလိုင်-၂၃ မှ သြဂုတ် ၂၃ )
၂၀၁၄ ဇူလိုင် ၂၁ ရက်နေ့ တစ်နေ့လုံးတွင် သင့်ပတ်ဝန်းကျင်၌ တင်းမာမှုများရှိနေမည်ဖြစ်သော်လည်း သင်ကတော့ ထိုကိစ္စများထဲ ပါမည်မဟုတ်ပေ။ လိုအပ်သောထောက်ခံအားပေးမှုများ မရရှိဘဲ ဖြစ်နေမည်။ အားမွေးထားပါ။ မကြာခင် ထိုအားများ လိုအပ်လာပါလိမ့်မည်။

Virgo (သြဂုတ်-၂၄ မှ စက်တင်ဘာ-၂၂)
ယနေ့သည် ရေရှည်ရည်မှန်းချက်နှင့် စီစဉ်ထားသော ကိစ္စများအတွက် ကောင်းသောနေ့တစ်နေ့ပင် ဖြစ်သည်။ အရေးကြီးသောဆုံးဖြတ်များ ချဖို့ရှိပါက ပြုလုပ်ရမည့် နေ့ပင်ဖြစ်သည်။ ယခင်အမှားများကိုတော့ သင်ခန်းယူဖို့မမေ့ပါနှင့်။

Libra (စက်တင်ဘာ-၂၃ မှ အောက်တိုဘာ-၂၃)
အိမ်တွင်းရေးတွင် အရေးကြီးကိစ္စများဖြစ်မည်။ ထိုကိစ္စသည် ပုဂ္ဂိုလ်ရေးပိုင်း၊ လူမူရေးပိုင်းနှင့် စီးပွားရေးပိုင်းများတွင် သက်ရောက်မှု ရှိမည်။ ခံစားချက် ဦးစားပေးကာ ဟောဟောဒိုင်းဒိုင်း ပြုလုပ်ခြင်းများကို ကြိုးစား၍ရှောင်ရှားပါ။

Scorpio ( အောက်တိုဘာ-၂၄ မှ နိုဝင်ဘာ-၂၂)
ယနေ့အခြေအနေသည် Scorpio တို့၏ လုပ်ဆောင်ချက်များကို မြှင့်တင်ပေးမည့် နေ့ဖြစ်သည်။ သင့်ဘဝအတွက် အပြောင်းအလဲများ စတင်ပြုလုပ်ဖို့ ရည်ရွယ်ထားပါက ဘယ်လိုအခက်အခဲရှိနေပါစေ အချိန်ဆွဲမနေပါနှင့်တော့။ တစ်ကိုယ်တည်း မဆောင်ရွက်ပါနှင့်။ သတင်းအချက်အလက်၊ ထောက်ခံအားပေးမှုနှင့်စသည့် အကူအညီများ အားလုံးကိုယူပါ။

Sagittarius (နိုဝင်ဘာ-၂၃ မှ  ဒီဇင်ဘာ-၂၁)
ပြီးခဲ့သောရက်အနည်းငယ်အား အေးအေးဆေးဆေး ဖြတ်သန်းခဲ့သော်လည်း ယနေ့သည် ကိုယ့်ခြေလှမ်းများကို တွက်ချက်၍ လှမ်းရမည့် အချိန်ဖြစ်သည်။ သေချာတွက်ချက်ပြီးမှသာ စွန့်စားရမည့် ခြေလှမ်းများကိုလှမ်းလျှင် ပိုကောင်းမည်။

Capricon (ဒီဇင်ဘာ -၂၂ မှ ဇန်နဝါရီ-၂၀)
ဘယ်အရာကတော့ ကိုယ့်ကိုလက်ခံနိုင်လောက်ပြီး ဘယ်အရာများကတော့ မလုပ်သင့်သေးသည့် အရာများဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနေသော နေ့ဖြစ်သည်။ သို့သော်လည်း ပြင်းထန်သော ခံစားချက်များကြောင့် ဒုက္ခရောက်နိုင်သည်။ ထိန်းချုပ်ရန်ခက်ခဲသော အရာများဖြစ်သည့် သဝန်တိုခြင်းများ၊ ဒေါသထွက်ခြင်းများနှင့် စိုးရိမ်ကြီးခြင်းများက သင့်အတွက် ထူးထူးခြားခြားကို အန္တရယ်ရှိနေသည်။

Aquarius (ဇန်နဝါရီ -၂၁ မှ ဖေဖော်ဝါရီ-၁၈)
ယနေ့ကြုံရသော ကိစ္စများတွင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်နေမည်။ ရည်မှန်းချက်နှင့် ကိုယ်သွားမည့်လမ်းကြောင်းကို ထင်ထင်ရှားရှားသိမှသာ ကျော်လွားရန်လွယ်ကူမည်။ စွန့်လွတ်စရာရှိသည်များအတွက် အသင့်ပြင်ထား၍ အခက်အခဲများကို မကြောက်ပါနှင့်။

Pisces (ဖေဖော်ဝါရီ-၁၉ မှ မတ်-၂၀)
ယနေ့ကြုံရမည့်ကိစ္စများကို အလိုလိုသဘောပေါက်နေ လိမ့်မည်။ ဘယ်နေရာတွင် ဘာလုပ်၍ ဘယ်နေရာတွင် ဘယ်အရာကို စွန့်လွတ်ရမည်ဆိုခြင်းအား အလိုလိုသိနေလိမ့်မည်။ တည်ငြိမ်မှုကို ပိုသဘောကျသည်ဆိုလျှင် ဘေးခဏထွက်၍ အခြားလူများကို အခွင့်အရေးပေးလိုက်ပါ။

ဖိုးသူတော်

Sunday, June 08, 2014

လက်သန်းဗေဒင်တွက်လိုလျှင်

Posted by drmyochit Sunday, June 08, 2014, under | No comments


သင့်ရဲ့  လက်သန်းလေး တွေကို ကြည့်လိုက်ပါ။ ( အမျိုးသား ဆို ဘယ်ဘက်၊ အမျိုးသမီး ဆို ညာဘက်။ ) လက်သန်းမှာ အပိုင်း သုံးပိုင်း ကန့် ထားပါတယ်။ အဲ့ဒီ သုံးပိုင်း အရ အရှည်ဆုံး အပိုင်း ရဲ့  အားသာချက်တွေပါ။

1. လက်သန်း ထိပ်ဆုံးက အရှည်ဆုံး ဖြစ်ပါတယ်။ သင်ဟာ… ဆွဲဆောင်မှု ရှိတယ်၊ ဘာသာစကားကြွယ်ဝတယ်၊ တစ်ယောက်ယောက်ကို ဖော်ပြတဲ့ အခါမှာ ကျွမ်းကျင်တယ်၊ လေ့လာ ခြင်း ကောင်းတာကြောင့် သူများတွေရဲ့  အရူးလုပ်ခြင်း မခံ၇ပါ။
2.လက်သန်း အလယ်ပိုင်းက တစ်ခြား အပိုင်းတွေထက် ရှည်နေမယ်ဆိုရင် သင်ဟာ သူများ ကို စိတ်ရှည်လက်ရှည် နဲ့  ပြုစု စောင့်ရှောက်ဖို့  ပင်ကိုယ် ကောင်းပြီးသားပါ။ ကျန်းမာရေး နယ်ပယ်မှာ လုပ်နေတဲ့ ၀န်ထမ်းတွေ တော်တော်များများ ဒီလို လက်သန်းမျိုး ပိုင်ကြပါတယ်။

3. လက်သန်း အောက်ဆုံး အပိုင်းက ပိုပြီး ရှည်နေခဲ့မယ်ဆိုရင် သင်ဟာ လွတ်လပ်ခြင်းကို နှစ်သက်တယ်။ အပူအပင်မရှိတဲ့ ဘ၀ကို အေးအေး ဆေးဆေးနေချင်တယ်။ သင်ဟာ အချက်လက်လက် ကျကျ နဲ့  စကားကို ပြန်ပြောနိုင်စွမ်းရှိတယ်။

ထိုနည်းတူစွာ အဲဒီ သုံးပိုင်း အရ အတိုဆုံး အပိုင်း ရဲ့  အားနည်း ချက်တွေပါ။

4. လက်သန်း အပေါ်ဆုံး အပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ သင့်ကိုယ်သင် ဖော်ပြနိုင်မှု အားနည်းတယ်။ သင်ဟာ မွေးလာကတည်းက ရှက်တတ်တာကြောင့် သင့်ကိုယ်သင် နားလည် ရန်ခက်ခဲ့ပါတယ်။ သင်ဟာ အပေါင်းအသင်းတွေ ကြားမှာတော့ သိပ် ထင်ပေါ် ကျော်ကြားခြင်းမရှိပါဘူး။

5. လက်သန်း အလယ်ပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ သစ္စာ ရှိတဲ့ လူတစ်ယောက်ဖြစ်တယ်။ သင့် စိတ်သဘောထားတွေက အမြဲတမ်း တူညီနေသလို သင့် ဟာ လိုက်လျောညီထွေစွာ မပြောင်းလဲတတ်ပါဘူး။ ဒါဟာ အားသာချက် ဖြစ်ပေမယ့် တစ်ဖက်မှာတော့ သင်ဟာ ခေါင်းမာတတ်တဲ့လူတစ်ယောက် ဆိုတာ ဖော်ပြနေပါတယ်။

6.လက်သန်း အောက်ဆုံး အပိုင်းက အတိုဆုံး ဆိုရင် သင်ဟာ တစ်အား ရိုးစင်းပြီး သူများ အပေါ် ခဏလေး နဲ့ ယုံတတ်ပါတယ်။ တစ်အား ရိုးတော့ တစ်ခါ တစ်လေ သူများ အပေါ် မယဉ်ကျေးတာမျိုး မသိနားမလည်တာမျိုး ဖြစ်တတ်ပါတယ်။

မြန်မာ.ရိုးရာဗေဒင်ပညာရပ်

Sunday, May 25, 2014

၂၃-၅-၁၄ မှ ၂၉-၅-၁၄ အထိ ၇ရက်ဟောစာတမ်း

Posted by drmyochit Sunday, May 25, 2014, under | No comments

By ဒေါက်တာထွန်းလင်း-ဘုတလင်( Gold-medalist)

တနင်္ဂနွေ

ကံဇာတာကောင်းသောရက်တွေဖြစ်သည်။ စာမေးပွဲအောင်မြင်မည်။ စီးပွားရေးကံကောင်းမည်။ ရစရာငွေရမည်။ ချစ်သူထံမှ အဖြေရမည်။ ချစ်သူအသစ်ထပ်ရမည်။ ပျော်ရွှင်စရာခရီးတစ်ခုရောက် မည်။ အဒေါ်နှင့် ဦးလေးတော်သူတို့၏ ကျန်းမာရေးချူချာမည်။ အလုပ်မှာရှုပ်သမျှ ရှင်းပေးသူပေါ် မည်။ သင်ကိုယ်တိုင်အစာအိမ်နာတတ်၍ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၁၊ ၅၊ ၂။

အထူးဟော - သူများကိုလှည့်စားခြင်းမပြုနှင့် ကိုယ်ပြန်ခံရတတ်သည်။

ယတြာ - တနင်္ဂနွေနေ့မှာ ငှက်ကလေးတွေ အစာကျွေးလိုက်ပါ။

တနင်္လာ

ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုးတွေမဖြစ်စေနှင့်။ ချစ်သူရဲ့ငြိုငြင်မှုတွေ ခံရတတ်သည်။ ငွေကြေးကိစ္စ စကားပြောစရာဖြစ်လာမည်။ အတိုက်အခံတွေကြုံရတတ်သည်။ ကျော်လွှားအောင်မြင် မှုရမည်။ ချော်လဲ၊ လိမ့်ကျတတ်၍ ဂရုစိုက်ပါ။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်ကိန်းရှိ၍ သတိထားပါ။ အပေါင်းအသင်း သတိထားပေါင်းပါ။ ချစ်ဟန်ဆောင်သူ က ရန်သူ ထက်ဆိုးသတဲ့ ဆင်ခြင်ပေါင်းပါ စပ်တူစီးပွားမလုပ်ပါနှင့်။ လူယုံမထားပါနှင့်။ ပြိုင်ဘက်တွေရှိနေ၍ ဂရုစိုက်ပါ။ ဆွေမျိုးအတွက်စိတ်ရှုပ်ရတတ်သည်။ မမျှော်လင့်ပဲ လက်ထပ်(သို့) ထွက်ပြေးကိန်းရှိနေ သည်။

အကျိုးပေးဂဏန်း - ၂၊ ၇၊ ၉။

အထူးဟော - စကားပြော ဆင်ခြင်ပါ။

ယတြာ - တနင်္လာနေ့မှာ အရှေ့အရပ်ရှိလမ်းကို လမ်းသန့်ရှင်းရေးလုပ်ပါ။

အင်္ဂါ

အိမ်ကလည်း ပြောကြတယ် ၊ သင့်ချစ်သူကလည်း ပြောတယ် ၊ အပေါင်းအသင်းတွေကလည်း ပြောကြတယ် အလွန်ဗိုလ်လုပ် ၊ ဆရာလုပ်သတဲ့။ သို့သော် သင့်အပေါ်ဆရာ ပြန်လုပ်သူက တော့ သင့်ချစ်သူ ၊ သင်ရဲ့ အိမ်ထောင်ဖက်ဖြစ်လာမှာပဲဖြစ်ပါတယ်။ အလုပ်မှာ သင့်အပေါ် တော်လှန်ပုန်ကန်မည့် တပည့်တွေ ပေါ်လာလိမ့်မည်။ သင့်သြဇာ နည်းသလိုဖြစ်လာမည်။ အတိုက်အခံ တွေကြုံနေရတတ်သည်။ အခက်အခဲတွေကြုံနေရတတ်တယ်။ ချစ်သူတွေ ပိုများလာလိမ့်မည်။ သင့်အလုပ်တွေ ပိုများလာမည်။ ငွေရစရာနှင့် ငွေထွက်စရာတွေမျှနေမည်။ ခြေ ၁ ဖက် ခိုက်မိနိုင်တယ်။ ရာထူးတက် ၊ လစာတိုး ၊ နေရာပြောင်း ၊ အိမ်ပြောင်းမုချဖြစ်လာမည်။ ကောင်းပါတယ်။

အကျိုးပေးဂဏန်း - ၃ ၊ ၅ ၊ ဝ

အထူးဟော - သတိလက်မလွတ်အောင် နေပေးပါ။

ယတြာ - အင်္ဂါနေ့မှာ သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ရည်လှူပါ။

ဗုဒ္ဓဟူး

ပြုပြင်ပြောင်းလဲမှုများ လှုပ်ရှားသွားလာမှုများ၊ ရင်ဆိုင်ဖြေရှင်းစရာများ၊ ရွှေ့ပြောင်းသွားလာရမှုများ မကြာမီဖြစ်ပေါ်လာလိမ့်မည်။ အခက်အခဲမရှိကျော်လွှားနိုင်မည်။ သို့သော်သင့်မှာ သတိတရားလက်ကိုင်ထားပါ။ စွန့်စားမှုတိုင်းမှာ အောင်မြင်မှုတွေရှိနေမည်။ အချစ်ရေးနှင့် မိသားစုအရေးကိုခေတ္တရပ်ပြီး ပညာရေး၊ စီးပွားရေးနှင့် အလုပ်အကိုင်ရေးတို့အတွက် လှုပ်ရှား သွားလာမှုများမုချပေါ်လာပါလိမ့်မည်။ အောင်မြင်မည်။ ဝမ်းဗိုက်ဂရုစိုက်ပါ။ ဗိုက်နာ၊ ဗိုက်အောင့်၊ ဝမ်းပျက်ဖြစ်ကိန်းရှိသည်။

အကျိုးပေးဂဏန်း - ၉၊ ၈၊ ၁။

အထူးဟော - အောင်မြင်မှုရမည်။

ယတြာ - ဗုဒ္ဓဟူးနေ့မှာ အောင်သပြေ ၁၉ညွန့် ဘုရားလှူလိုက်ပါ။

ကြာသပတေး

မေတ္တာတရားတို့ ဇာတ်လမ်းဖြစ်ပေါ်သောရက်သတ္တပတ် ဖြစ်ပါတယ်။ ချစ်လိုက် မုန်းလိုက်၊ သတိရလိုက် ပြန်မေ့လိုက် ၊ ပြန်ပေါ်လိုက် နောက်ဆုံးတော့ ယူဖြစ်ကြပြီပေါ့။ထို့ကြောင့် မေတ္တာ ဝင်္ကဘာ ဆိုတာ အမှန်ဆုံးပါဘဲ။ အကွေ့အကောင် တွေ ဖြစ်ပြီး မှ သင်တို့ ချစ်သူ ၂ ဦးယူဖြစ်ပါမည်။ ကိုယ်ချစ်က ပြန်အဆင်ပြေ ပြန်တော့ မိဘတို့ အပိုင်းက ကန့်ကွက် သဘောမတူဖြစ်ကြပြန်မည်။ ရကိန်းရှိတော့လည်း ယူဖြစ်ပြီပေါ့။ ဆန္ဒမစောနှင့် ပြန်ကြာသွားမည်။ မှန်မှန် နှင့် မြန်မြန် လုပ်လျှင် အားလုံးအောင်မြင်ပါမည်။ စီးပွားရေး တော့ ထင်တာထက် ပိုကောင်းလာမည်။ ငွေမချေးလိုက်နှင့်။ ပြန်မရတတ်ပါ။ ကား ၊ ဆိုင်ကယ် မှောက်၊ တိုက် တတ်၍ သတိထားမောင်ပါ။

အကျိုးပေးဂဏန်း - ၅ ၊ ၄ ၊ ၂

အထူးဟော - ဇွဲရှိဖို့တော့ လိုတယ်။

ယတြာ - ကြာသပတေးနေ့မှာ သင့်ချစ်သူကို မုန့် ၅ ခုဝယ်ကျွေးပါ။

သောကြာ

လူမှန် နေရာမှန် စိတ်ထားတွေတည်ကြည်မှုတွေမှန်စပြုလာပါပြီ။ ဘဝသစ်တည်ထောင်လို့ စိတ်ထားဖြောင့်မတ်သူတွေဖြစ်လာမည်။ မကောင်းတာတွေမလုပ်ဖို့ စိတ်ကို အားတင်းနိုင်ပြီး ကောင်းတာတွေလုပ်ဖြစ်မည်။ အလုပ်အကိုင် အဆင်ပြေမည်။ ငွေဝင်ကောင်းလာမည်။ ဖြေဆိုသောစာမေးပွဲအောင်မြင်မည်။ ကား၊ ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ ခိုက်မိတတ်သည်။ အချစ်ရေးမှာ သတိထားပြီး ဆင်ခြင်ဖြစ်မည်။ မိဘသားချင်း သဘောတူသော ၁ဦး သင့်ထံ လာမည်။ ရွေးချယ်မှုစဉ်းစားဖြစ်မည်။ စက်၊ ရွှေ၊ မြေတို့ ဝင်ထွက်မည်။ စီးပွားရေးလုပ်ဆောင်ချက်တွေ အောင်မြင်မည်။

အကျိုးပေးဂဏန်း - ၆၊ ၁၊ ၉။

အထူးဟော - ကံကောင်းမည်။

ယတြာ - သောကြာနေ့မှာ မြတ်စွာဘုရားကို ရေသက်စေ့ရေသပ္ပာယ်ပါ။

စနေ

အားလုံးကံကောင်းမည်။ ဆောင်ရွက်မှုတွေအဆင်ပြေမည်။ ခရီးယာယီတွေသွားဖြစ်မည်။ အလုပ်ရမည်။ ဝင်ငွေကောင်းမည်။ မိသားစုအတွက် ဆောင်ရွက်မှု တွေအားလုံးအဆင်ပြေမည်။ ကျန်းမာရေးကောင်းနေမည်။ အပေါင်းအသင်းတစ်ဦးက ကောင်းကျိုးပေးသလို၊ အပေါင်းအသင်း တစ်ဦးအတွက် စိတ်ရှုပ်ရတတ်သည်။ မိဘစိတ်ချမ်းသာမှုကိုပင် ဦးစားပေးဆောင်ရွက်ဖြစ်မည်။ အချစ်ရေးကံကောင်းသည်။ မိဘသဘောမတူ၍ ခွဲခွာနေရမည်။ စီးပွားရေး လုပ်ဆောင်ချက်များ အောင်မြင်မည်။ အတိုက်အခံတွေကျော်နိုင်မည်။ ရစရာငွေတွေရမည်။ စာမေးပွဲဖြေဆိုမှု၊ အင်တာဗျူး အောင်မြင်မည်။

အကျိုးပေးဂဏန်း - ၇၊ ၉၊ ၄။

အထူးဟော - အဆင်ပြေမည်။

ယတြာ - ဘုရားကို မွေးနေ့စနေနေ့တွင် ထီး ၉ လက်လှူပါ။
Shwe Myitmakha Media Group

Friday, April 11, 2014

မည်သည့်အချိန်တွင်မဆိုမွေးဖွားကြသူများ၏ ကုသိုလ်ကံ ဗေဒင်

Posted by drmyochit Friday, April 11, 2014, under | No comments


(သင်ဘယ်အချိန်တွင်မွေးသနည်း)

ညသန်းကောင်ကျော်တွင်မွေးသူများ ညမွန်း တည့်(၁၂)နာရီကျော်၍ တစ်နာရီ၊ နှစ်နာရီစသည့် အချိန်ပတ်ဝန်းကျင်တွင်မွေးဖွား သူများဖြစ်လျှင် ဘ၀တစ် လျှောက်လုံးတွင် ဆွေမျိုး ညီအစ် ကိုမောင်နှမ များနှင့် နီးစပ်ဆက်သွယ်ရသော အကျိုး ကိုပေးကိုရလိမ့်မည်။ ညီအစ်ကိုမောင်နှမ ဆွေမျိုး သားချင်းများသည် ဇာတာရှင်၏ဘ၀တွင် ကောင်းကျိုး ဆိုးကျိုးပြုကြကုန်သောအဓိက ဇတ်ဆောင် များဖြစ်ကြလိမ့်မည်။ မိဘမောင် ဘွားများကြောင့် အိမ်ထောင်ရေး အချစ်ရေးတို့တွင် အနှောင့်အယှက် အတားအဆီးတွေ့ရသူများ ၊ မိဘမောင်ဘွားများကိုငဲ့ညှာ၍ အလွယ်တကူ အိမ်ထောင်မပြုနိုင်ဘဲ ရှိကြသူများသည် သန်းခေါင်ယံကျော်တွင်မွေးကြသူများသာ ဖြစ်ပါသည်။

ညမွန်းတည့်သန်းခေါင်မှ (၂)နာရီအတွင်း မွေးကြသူများသည် ဘ၀တစ်လျှောက်လုံးတွင် ခရီးတိုများမနားမနေသွားရခြင်းများလိမ့်မည် ။ ကိုယ်စိတ်နှစ်ပါးနားနေငြိမ်ဆိတ်ရသည်ဟူ၍ မရှိပဲ တက်ကြွလှုပ်ရှားသူများဖြစ်သဖြင့် ခရီးသွားလာခြင်းအပြင် စာပေရေးသားခြင်း လေ့လာလိုက်စားခြင်း သိပ္ပံပညာ စိတ်ပညာ ဘာသာရေးတို့တွင် လေ့လာထူးချွန်ခြင်းတို့ဖြစ်လိမ့်မည်။ နံနက်နေမထွက်မီ မွေးဖွားသူများ ညသန်းခေါင်ကျော်အချိန်နှင့် နံနက်အာရုံတက်နေထွက်ချိန် အကြားကာလ နေမထွက်မီတွင်မွေးလျှင် စီးပွားရေး၊ ငွေရေးကြေးရေးတွင် ကံကောင်းထူးချွန်သူများဖြစ်လိမ့်မည်။

စက်နာရီအားဖြင့် ဆောင်းတွင်းကာလဖြစ်လျှင် နံနက် (၄)နာရီ (၅) နာရီခန့်တို့တွင် မွေးသူများသည် ဤအစုတွင် အားလုံးအကြုံးဝင်သူများဖြစ်သည်။ ၎င်းဇာတာရှင်တို့သည် ငွေကိုရှာတတ်ဖွေတတ်သူများ၊ ငွေရလွယ်သူများ၊ စီးပွားဖြစ်လွယ်သူများလည်းဖြစ်တတ်ကြသည်။ ဆရာလည်းလုပ်တတ်ကြ၏။ ယေဘုယျအားဖြင့် ဤသိုနေမထွက်မီ မွေးကြသူများသည် စီးပွားရေးလုပ်ငန်း အရောင်းအ၀ယ်လုပ်ငန်း တို့ဖြင့်သာ အကျိုးပေးသူများလေသည်။

နံနက်နေထွက်ချိန်တွင်မွေးသူများ နံနက်နေထွက်ချိန်နှင့် နေထွက်ပြီး (၁) နာရီအတွင်း (ဆောင်းတွင်းဖြစ်လျှင် နံနက် ၆နာရီနှင့် ၇နာရီ၊ နွေဖြစ်လျှင် နံနက်၅ နာရီနှင့် ၆ နာရီခန့်ဖြစ်သည်)၎င်းအချိန်တွင် မွေးဖွားသူများသည်ဘ၀မှာ ကုသိုလ်ကံကောင်းသူများဖြစ်လိမ့်မည်။ ကိုယ့်ကို ကိုယ် ယုံကြည်စိတ်ချခြင်း၊ ပျော်ရွှင်ဖျတ်လတ်၍ မျှော်လင့်အားတက်စိတ်မျိုးထားခြင်း စသည့်အရည်အချင်းတို့ကြောင့် ဘ၀မှာ အောင်မြင်ကြီးပွားသူများဖြစ်လိမ့်မည်။ သုခချမ်းသာနှင့်ပြည့်စုံသူများဖြစ်လိမ့်မည်။ ၎င်းအချိန်မွေးဇာတာရှင်များ သည် တာဝန်ကိုခံယူဝံ့သူများ၊ အုပ်ချုပ်ကွပ်ကဲမှုတွင် ကျွမ်းကျင်သူများဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း၊ ပညာရပ်တစ်ခု ဖြင့် အသက်မွေးမှုလုပ်ငန်းတို့တွင် အောင်မြင်ကြသူများဖြစ်လိမ့်မည်။ ဘ၀တွင်ခပ်ငယ်ငယ်အသက်ပိုင်းကပင် စတင်၍ အခြေတည်ကြီးပွားကြသူများသည် ၎င်းအချိန်ပိုင်းတွင် အများအားဖြင့် မွေးဖွားသူများဖြစ်ပါသည်။

 နေထွက်နှင့်နေမွန်းတည့်ကြား အချိန်တွင်မွေးဖွားသူများ နံနက်နေထွက်နှင့် မွန်းတည့်ကြားအချိန် (နံနက် ၈နာရီ၊ ၉နာရီခန့်) တွင်မွေးဖွားသူများသည် အပေါင်းအသင်းဆန့်သူ၊ မိတ်ဆွေ သင်္ဂဟပေါများသူ၊ မိတ်ဆွေသင်္ဂဟများနှင့် ပတ်သတ်၍ အကျိုးခံစားကြီးပွားရသူများဖြစ်မည်။ ၎င်းးအချိန်ပိုင်းမွေးဖွားသူများသည် ငယ်စဉ်ကလေးဘ၀ကပင် သူငယ်ချင်းအပေါင်းအသင်းများကို ခင်မင်တွယ်တာ တတ်သူများဖြစ်သည်။ ၎င်းဇာတာရှင်များသည် ကိုယ့်ကိုကိုယ်လုံ့လ၀ီရိယစိုက်ထုတ် ကြိုးစားခြင်းထက် အပေါင်းအသင်း မိတ်ဆွေများ၏ အကူအညီကိုယူ၍ ပူးပေါင်းဆောင်ရွက်မှုဖြင့်ထမြောက်အောင်မြင်ခြင်းက များလိမ့်မည်။ ထို့ကြောင့်၎င်းအချိန်ပိုင်းမွေးဖွားသူများသည် လူအများစုပေါင်းတွေ့ဆုံရာဖြစ်သော အသင်းအဖွဲ့များ ၊ ကုမ္ပဏီများ၊ အစည်းအရုံးများ၊ သဟာယကလပ်များ စသည်တို့တွင်ဆက်သွယ်ဝင်ရောက်ထားသင့်သည်။ စီးပွားရေးသမားများ၊ ကုန်သည်များ၊ သမဂ္ဂ၊ ဆန်ဆက်ပိုင်ရှင်များအသင်း၊ ပုံနှိပ်ထုတ်ဝေသူများအသင်း စသည်တို့တွင် ကိုယ်နှင့်သက်ဆိုင် ရာတွင် မပျက်မကွက် ပါဝင်တက်ရောက်ထားရမည်။ စာပေအသိုင်းအ၀ိုင်း၊ စာနယ်ဇင်းလောကတွင်နေရာကောင်း တစ်နေရာရသူဖြစ်လိမ့်မည်။

မွန်းတည့်ချိန်အနီးကပ်၍မွေးလျှင် လူတို့တွင် ကိုယ့်ဘ၀၌အရေးထားဆုံကိစ္စဟူသည် တစ်ဦးစီတွင် ရှိကြစမြဲဖြစ်သည်။ အချို့ကအချစ်ရေး၊ အိမ်ထောင်ရေး ကိုအရေးကြီးဆုံးအဖြစ်ထားကြသည်။ အချို့ကမူကျန်းမာရေးသည်သာလျှင် အရေးကြီးဆုံးဟူ၍မှတ်ယူကြသည်။ အချို့ကလည်း သားသမီး၊ ဆွေမျိုး မိဘများအရေးသည်သာလျှင် အဓိကဖြစ်သည်ဟု ယူဆကြသည်။ သို့သော် မွန်းတည့် (၁၂)နာရီထိုးချိန်အနီးကပ်မွေးကြသူများသည် ဘ၀တစ်သက်တာတွင် အလုပ်အကိုင်အရေး ၊ ရာထူးဌာနန္တရေး၊ ကြီးပွားရေးသည်သာလျှင်အရေးကြီးဆုံးဖြစ်ပေလိမ့်မည်။ နေမွန်းတည့်ခါနီးကာလတွင် နီးကပ်စွာမွေးကြသူများသည် ဘ၀တွင်ကြီးပွားရမည် အောင်မြင်ချမ်းသာရမည်ဟု သိန္နဌာန် ချထားကြသူများဖြစ်ပြီး ထိုဆုံးဖြတ်ချက်အတိုင်းလည်း အောင်မြင်လေ့ရှိသည်။ ထိုအချိန်တွင်မွေးကြသူများသည်တန်ခိုး အာဏာကြီးမားခြင်း၊ ကျော်ဇော်ထင်ရှားခြင်း၊ ဌာနဆိုင်ရာအုပ်ချုပ်ရေးတို့တွင် နေရာရခြင်းတို့ဖြစ်လိမ့်မည်။ိုထို့ကြောင့် နေမွန်းတည့်အချိန် အနီးကပ်၍ မွေးသူများသည် အများအားဖြင့် သူ့အဆင့်အတန်းနှင့်သူ ဦးစီးခေါင်းဆောင် အကြီးအကဲဖြစ်တတ်ကြသူများသာဖြစ်လိမ့်မည်။

 နေမွန်းတည့်မှ (၂) နာရီကြားမွေးဖွားသူများ နေမွန်းတည့်မှ နေ့လည်စက် (၂)နာရီထိုးအကြားအချိန်တွင် မွေးဖွားသူများသည် ဘ၀တစ်သက်တာတွင် ရပ်ဝေးသို့ပြောင်း ရွေ့ကာ အိုးအိမ်ထူထောင်အခြေစိုက်ရခြင်း၊ နိုင်ငံရပ်ခြားခရီးများ၊ ပင်လယ်ရေကြောင်းခရီးများ မကြာခဏသွားရခြင်းများ ရှိလိမ့်မည်။ ၎င်းဇာတာရှင်များသည် မွေးဖွားကြီးပြင်းသည့်နယ်မြေမှ ကျော်လွန်သောအရပ်ဒေသတို့တွင် ကြီးပွားချမ်း သာအောင်မြင်ကံကောင်းလိမ့်မည်။ တစ်ရွာမပြောင်းသူကောင်းမဖြစ် ဆိုသောစကားပုံသည် ထိုသူများအတွက်ဖြစ်လိ့မ် မည်။ ၎င်းဇာတာရှင်များ၏ ထူးခြားချက်တစ်ရပ်မှာ ဘာသာတရားကိုင်းရှိုင်းကြ၏။ အိမ်ထောင်ဘက်၏ ဆွေမျိုးသားချင်း များသည် မိမိအတွက် ကောင်းကျိုးဆိုးကျိုးကို ထူးထူးခြားခြား ပေးစွမ်းနိုင်သူများဖြစ်ခြင်း၊ တရားဥပဒေပညာရပ်ကိုတတ် ကျွမ်းနားလည်ပြီး ဥပဒေဘက်တွင် အလုပ်အကိုင်လုပ်ရခြင်းများရှိလိမ့်မည်။

မွန်းလွဲ (၂) နာရီမှ (၄) နာရီကြားမွေးလျှင် ဤအချိန်အတွင်းမွေးဖွားသူများအဖို့ ဘ၀တစ်သက်တာတွင် ငွေကြေးနှင့်ပတ်သတ်၍ ကြွေတစ်လက်၊ ကြက်တစ်ခုန်ဆို သကဲ့သို့ တစ်ချက်ကောင်း အစုလိုက် အပြုံလိုက်ရတတ်ခြင်းများ မကြာခဏ ကြုံလိမ့်မည်။ လောင်းကစားရာတွင် အနိုင်ရခြင်း၊ မြင်းလောင်းခြင်း၊ ထီပေါက်ခြင်းများ တစ်ကြိမ်ထက်မနည်းဖြစ် လိမ့်မည်။ ငွေကြေးနှင့်ပတ်သတ်၍ ကိုယ်တိုင်ခြစ်ချုပ်၍ စုဆောင်းကာကြီးပွားရသည်ထက် ကံကောင်းထောက်မ၍ စုပုံရခြင်းဖြင့် ကြီးပွားချမ်းသာလိမ့်မည်။ ၎င်းဇာတာရှင်များသည် အမွေအနှစ် များကို အစုလိုက်အပြုံလိုက်ရရှိ ခံစားရမည်။ စီးပွားရေးတွင် စပ်တူလုပ်ကိုင်ခြင်းများဖြင့် အများဆုံး အောင်မြင်မှုရနေသူများဖြစ်လိမ့်မည်။

 နေ၀င်ချိန်အနီး ကပ်မွေးဖွားလျှင် ညနေ(၄)နာရီကျော်မှ (၆) နာရီ နေ၀င်ရီတရော အချိန်တွင် မွေးဖွားသူများသည် ဦးဆောင်ခေါင်း ဆောင်လုပ်ရန် ၀န်လေးသူများဖြစ်တတ်ကြ၏။ ဘ၀တစ်လျှောက်လုံးတွင် အစိုးရ၀န်ထမ်း လခစား အလုပ်မျိုး လုပ်ကိုင်ရတတ်ပြီး သူတစ်ပါး၏ အကျိုးဆောင်ခြင်း လုပ်ငန်းများဖြင့်သာ အကျိုးပေးတတ် ကြသည်။ ကိုယ်ပိုင်လုပ်ငန်းကို ဦးဆောင်ပြုလျှင် အောင်မြင်မှုရသင့်သလောက်မရပဲ ဖြစ်တတ်မည်။ နေမ၀င်မီကာလ အပိုင်းအခြားအတွင်း မွေးဖွားသူများသည် အိမ်ထောင်ဖက်ကို အမှီပြု၍ ကြီးပွား ချမ်းသာအောင်မြင်တတ်ကြသည်။ သို့သော်၎င်းတို့သည် အများအားဖြင့် အိမ်ထောင်ဘက်နှင့် စီးပွားဘက်တို့၏ လွှမ်းမိုးခြယ်လှယ်ခြင်းကို ခံရတတ်ပါသည်။ ၎င်းဇာတာရှင်များအတွက် အိမ်ထောင်ရေးသည် အရေးကြီးဆုံးဖြစ်၏။ အိမ်ထောင်ဘက်ကိုရွေးရာမှာ အထူးသတိပြုရွေးချယ်သင့်သည်။ မိမိ၏ အိမ်ထောင်ဘက်သည် လူကုံထံ၊ သြဇာအာဏာရှိသူမျိုးထဲမှ ဖြစ်တတ်ခြင်း၊ မာန်မာနကြီးသူများဖြစ်တတ်ခြင်းတို့ကြောင့် အိမ်ထောင်ရေးတွင် အဆင်မပြေဖြစ်ရ တတ်သဖြင့်၎င်းဇာတာရှင်များသည် ဘ၀တစ်လျှောက်လုံး သာယာမှုကင်းမဲ့တတ်သည်ကို အထူးနား လည်ကြရပေမည်။

 နေ၀င်ပြီး (၂)နာရီအတွင်း မွေးဖွားလျှင် နေ၀င်ပြီးနောက် (၂) နာရီကြားကာလအတွင်း မွေးဖွားသူများအဖို့ ကျန်းမာရေးကို အထူးသတိပြုရန်လိုပေသည်။ ဘ၀တစ်လျှောက်လုံးတွင် အလွန်ပင်အထိခိုက်နိုင်ဆုံးသော အရေး ကိစ္စဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ကျန်းမာရေးကို အထူးဂရုပြုရန်လိုမည်။ အထူးသဖြင့် အစာအိမ် နှင့်ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများအတွက် စိုးရိမ်ရတတ်သည်။ အစာမကြေ လေနာရောဂါ ဖြစ်တတ်ခြင်း၊ စိတ်တုန်လှုပ်ခြောက်ခြားလွယ်ကာ နေမကောင်းထိုင်မကောင်း ဖြစ်လာတတ်ခြင်း တို့သည် ၎င်းဇာတာရှင် အများစုထဲတွင် အတော်ပင်များပေလိမ့်မည်။

ညဦးပိုင်းတွင်မွေးဖွားသူများ ညဦးပိုင်းကာလဖြစ်သော (၈) နာရီမှ (၉) နာရီထိကာလအတွင်း မွေးဖွားသူများအတွက် အချစ်ရေးသည် အရေးကြီးနေတတ်၏။ ၎င်းတို့သည် အချစ်ရေးနှင့် သံယောဇဉ်ကိစ္စများများ တတ်ကြ၏။ သားရေး သမီးရေးကိစ္စများလည်း များတတ်ကြ၏။ စိတ်နေစိတ်ထားအားဖြင့် ပျော်ရွှင်တက်ကြွသူများ ဖြစ်ပြီး လောင်းကစားခြင်းတွင် လွန်စွာ ၀ါသနာထုံတတ်မည်ဖြစ်၏။ ၎င်းဇာတာရှင်များသည် ငယ်စဉ်ကပင် အချစ်ရေးကိစ္စအလွန်များပြီး အရွယ်ကြီးသောကာလတွင် သားသမီးအလွန်များလိမ့်မည်။ ပါတီ၊ ပွဲလမ်းသဘင်၊ ရုပ်ရှင်၊ ဇာတ်သဘင်၊ စတိတ်ရှိုးများဆိုလျှင် ၎င်းဇာတာရှင်များလွန်စွာ နှစ်ခြိုက်လိမ့်မည်။ အောင်မြင်လိမ့်မည်။ တေးဂီတထုတ်လုပ်ရေး၊ ဗွီဒီယိုထုတ်လုပ်ရေး လုပ်ငန်းများဖြင့်လည်း အောင်မြင်ကြီးပွားလိမ့်မည်။

သန်းခေါင်ယံ အချိန်အနီး မွေးဖွားသူများ ည(၉)နာရီကျော်၍ သန်းခေါင်ယံ (၁၂) နာရီမထိုးမီ ကြားကာလတွင် မွေးဖွားသူများသည် ဘ၀တွင် တော်တော်နှင့် လူလားမမြောက်နိုင်၊ အခြေမကျနိုင်ပဲရှိမည့်သူများဖြစ်တတ်ကြ၏။ အသက်(၃၀) ရောက်သည့်တိုင်အောင် တစ်အိုးတစ်အိမ်ထူထောင်နိုင်ခြင်းမရှိပဲ နေရတတ်သည်။ အသက်(၃၀) ရောက်ခါမှအလုပ်အကိုင် အခြေအနေ အတည်တကျဖြစ်ရတတ်သည်။ အသက်(၃၀) မတိုင်မီကာလ တွင်မူ မိဘဆွေမျိုးများအလယ်တွင် ကလေးဆိုးကြီးသဖွယ်ဖြစ်ကာ ဟိုဆွေမျိုးအိမ်တက် ဒီဆွေမျိုးအိမ် တက်ဆိုသလိုပင် လှည့်လည်နေထိုင်ကာ ဘော်ကြော့နေထိုင်သူများ ဖြစ်တတ်လိမ့်မည်။ ဤဇာတာရှင် များသည် မိဘဆွေမျိုးအသိုင်းအ၀ိုင်းကို အလွန်ခင်တွယ်တတ်ကြသည်။ သူတို့၏ ကိုယ်စွမ်းကိုယ်စဖြင့် လွတ်လွတ်ကျွတ်ကျွတ်မဟုတ်ပဲ ဘာမဆို မိဘဆွေမျိုးသားချင်းများကိုပင် အားကိုမှုပြုတတ်ကြ၏။ အချို့ဇာတာရှင်များသည် မိဘဆွေမျိုးတို့၏ အိုးအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေရသည်နှင့်ပင် ကိုယ့်အိုးကိုယ့်အိမ်ကို မထူထောင်နိုင်ပဲ ရှိနေတတ်သည်။ အမျိုးသမီးဖြစ်လျှင် ၎င်းအချိန်မွေးသော ဇာတာရှင်များမှာ အများအားဖြင့် ကိုယ့်မိဘများကို ပြုစုစောင့်ရှောက်ရင်းပင် အပျိုကြီးဘ၀နှင့် တစ်ကိုယ်တော် ဖြစ်နေကြရတတ်သည်။ သို့သော်ထိုဇာတာရှင်များသည် အိုးအိမ်မြေယာပစ္စည်းနှင့် ပတ်သတ်ပြီး ကံကောင်းတတ်ကြ၏။ လယ်ယာလုပ်ငန်း၊ အဆောက်အဦးလုပ်ငန်း၊ ကန်ထရိုက် လုပ်ငန်းတို့တွင် အထူးတလည်အောင်မြင်ကြီးပွားနိုင်ကြပေသည်။

 ဤသို့နံနက်သန်းခေါင်ကျော် တစ်ချက်ထိုးကာလမှစ၍ ညသန်းခေါင်ယံ (၁၂)နာရီထိုးကာလထိ တစ်နေ့တာပတ်လုံး မည်သည့်အချိန်တွင်မဆိုမွေးဖွားကြသူများ၏ ကုသိုလ်ကံ အကျိုးပေးများကို အနောက်တိုင်းဗေဒင်အရ မွေးသည့်နာရီတစ်ခုတည်းကို အခြေပြုပြီး သင့်ဘ၀လမ်းညွှန်ဟောဆို ခြင်းပြီးပြည့်စုံပြီဖြစ်သည်။ သင့်ဘ၀လမ်းညွှန်အဟောများသည် စာရှုသူတို့၏ဘ၀တာတွင် အံ့သြ လောက်အောင် ကိုက်ညီမှန်ကန်စွာ အကျိုးပေးလာမည်ဖြစ်ပေသည်။ ဆရာဦးခန့်ကျော်ရေးသားသော ကိုယ်တွေ့သုခချမ်းသာစာအုပ်မှကောက်နူတ်ထားပါသည်။

Credit: Bo Mu

Wednesday, April 02, 2014

၂၀၁၄ ဧပြီလအတွက် ကံကြမ္မာဟောစာတမ်း

Posted by drmyochit Wednesday, April 02, 2014, under | No comments


တနင်္ဂနွေ -

ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။
ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။ လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။

အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။ အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။
 ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည် ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။
 အမှုအခင်ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။ ပတ္တမြား မြ ထွက်တတ်သည်။

အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။
နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။ ဆရာသမားကဲသို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။
ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။
ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။
မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ။

ယပ်ဖြူ သက်စေ့လှူပါ။ ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။

 .
♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓ ♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓   .

    တနင်္လာ


ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။
 စီးပွားသိသိသာသာ တက်မည်။ သိကြားမ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။
လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။ လုပ်ငန်သစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။
ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ ၀န်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။
သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်များ တွေ့မည်။ အဖိုးတန်စက်ပစ္စည်များဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။
 ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။
ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။

အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။ အကြီးအကဲ ကောင်းရနိုင်၏။
အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။
လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။
စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။

ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။
 .
♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓ ♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓   .

    အင်္ဂါ


အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။
လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။
လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။
ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။
သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။

ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။
ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသားချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။
အိမ်သို့ အတောင်ပါသော သတ္တ၀ါများ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံပစ္စည်းများ ၀င်လာတတ်သည်။
အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ မြေအ ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။

ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။
လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။
အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။
ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ

  .
♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓ ♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓   .

    ဗုဒ္ဓဟူး


အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။
ဤကာလမျိုး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။
မိမိလုပ်ငန်းများကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။

မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။
မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။ အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။
အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။ လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။
ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။

ဝန်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။ ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။
 ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။

အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံ ရတတ်သည်။
ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။ စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။
ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။
အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။
ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

ထီးဖြူအသေးသက်စေံနှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနဲ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။

  .
♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓ ♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓   .


    ကြာသပတေး


ဘုရားဆင်တုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွက်သော ခရီးများသွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။
လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်တန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။ မနာလိုသူလည်း ပေါ်လိမ့်မည်။
 မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။

လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။
အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့်များနေလိမ့်မည်။ ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။
 ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။
အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။ ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။

အထူးသတိပြုရန်။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။
ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မဌားရမ်းပါနှင့် ဆုံးလိမ့်မည်။ ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။
 အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။

ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။ ခါး အောက်ပိုင်း ဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။
 ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။ စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။

ဤကာလအတွင်းကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။

 နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။

  .
♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓ ♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓   .

    သောကြာ


ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။
မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။

ဤလအတွင်း အစစအရာရာသတိကြီးစွာထား ရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်းပြောခြင်းများ ခံရတတ်သည်။
အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီးစွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နာ၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။
ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေးတတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။
စက်ပစ္စည်း ဒုက္ခပေးတတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။ ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။

 မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုးအကြီးအကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။
အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။ ခြေထောက် တွင်အန္တရာယ်ဖြစ်တတ်သည်။
 လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။ ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။
 လောကဓံတရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။

  .
♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓ ♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓   .

    စနေ


ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်းများ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။
သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။

ဤကာလအတွင်း ထီမထိုးသင့်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။
အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။
 စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။
မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။

ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။ သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။
 ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။
ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။ အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်

ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။

အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။

   .
♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓ ♈ ♉ ♊ ♋ ♌ ♍ ♎ ♏ ♐ ♑ ♒ ♓   .

 ဆရာဟိန်းတင့်ဇော်ရဲ့ ခွင့်ပြုချက်နဲ့ သူ့ရဲ့ အွန်လိုင်းစာမျက်နှာ www.heintinzaw.com ကနေ ကူးယူ ဖော်ပြပါတယ်။

Friday, March 14, 2014

၂၀၁၄ မတ်လ ကံကြမ္မာဟောစာတမ်း

Posted by drmyochit Friday, March 14, 2014, under | No comments


တနင်္ဂနွေသားသမီးများအတွက် 

ဤလအတွင်း စိန်ထည်ပစ္စည်းများ စက်ပစ္စည်းများ ၀င်လိမ့်မည်။ လုပ်ငန်းသစ်လုပ်ရန် အကြံအစည်ကောင်း များ အဆက် အဆက်သွက်ကောင်းများ ပေါ်လာလိမ့်မည်။ သို့သော် ဤကာလအတွင်း ပစ္စည်များကို ထုခွဲရောင်းချ၍ လုပ်ငန်းအသစ် ကြီးကြီးမားမား စရန် မကောင်းသေးပါ။

ဤကာလအတွင်း ထီမထိုးသင်ပါ။ ထီပေါက်လျှင် မိသားစုအတွင်း ကျန်းမာရေး ဆိုးဆိုးဝါးဝါး ညံ့သွားတတ်သည်။ မသွားချင်သော ခရီးများ စိတ်ညစ်စရာခရီးများ သွားရတတ်သည်။ အထက်လူကြီး ဆွေမျိုးအကြီးအကဲတို့က မိမိအပေါ် အထင်လွဲတတ်သည်။ သားသမီးများ ကျန်းမာရေး ညံ့တတ်သည်။ ရွှေထွက်မည်။ ခြေ၊ လက်၊ မျက်ခြင်း၊ ခါးနားခြင်းများ ဖြစ်တတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လာလိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ အထူးသတိပြုရန် ငွေလူလိမ်ခံရမည်။ ခင်မင်သူ ချစ်သူကြောင့် ဒုက္ခတွေ့တတ်သည်။ မိတ်ဆွေအပေါင်းအသင်း များနှင့် မမျှော်လင့်ဘဲ လမ်းခွဲရတတ်သည်။ သားသမီးရှိက အိမ်မှ ထွက်သွားလိမ့်မည်။

ဒီကာလမှာ ကိုယ်ဝန်ဆောင် မိန်းမတွေ အထူးသတိပြုပါ။ မွေးလျှင် အခက်အခဲတွေ့နိုင်သည်။ သူ့သဘော သူဆောင် ရလာသောငွေနှင့် လိုက်လျောညီထွေဖြစ်အောင် နေပါ။ ဘာမှလုပ်စရာ မရှိပါက ထိုင်နေပါ။
ဥာဏ်ကို ဥာဏ်သုံးလုပ်မှ ဒုက္ခတွေ့တတ်သည်။ အမှု မဖြေရှင်းရပါ။ တတ်နိုင်သလောက် အချိန်ဆွဲပါ။ မဖြစ်မနေ ပြဿနာမှုတွေ ရှင်းရမယ်ဆိုလျှင် အရှုံးပေးလိုက်ပါ။ ငွေဝင်လာလျှင် မြေ၀ယ်ထားပါ။
အိမ်ကြီးကြီးကျယ်ကျယ် မဆောက်ပါနှင့်

ဤကာအတွင်း ကောင်းကျိုးချမ်းသားများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အိမ်ကဘုရားတွင် ကောဖီ (၁)ခွက်နှင့် ကိတ်မုန့်(၁) ချပ် ကပ်လှူလိုက်ပါ။


တနင်္လာသားသမီးများအတွက်

ဤလအတွင်း၌ သင်သည် အဘက်ဘက်မှာ စိတ်ချမ်းသာစရာများ ကြုံတွေ့လာရလိမ့်မည်။ ယခုကာလတွင် အိမ်ထောင်ပြုပါက တည်မြဲသော အိမ်ထောင်မဖြစ်နိုင်၊ အိမ်ထောင်ပြုလျှင် သားသမီး ပါလာတတ်သည်။
လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများသည်လည်း လွန်စွာကျိုးပေး အောင်မြင်မည်။ အလှူအတန်းပြုရခြင်း၊ မင်္ဂလာပွဲများ စီစဉ်ပေးရခြင်းများ ပြုလုပ်ရတတ်သည်။

အလုပ်နေရာ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ ရွှေဝင်မည်။ ရတနာပစ္စည်းများ ၀င်မည်။ ဘုရားဆင်းတုတော်၊ ပုံတော်များ ကြွလာမည်။ သင့်အတွက် အလွန်ကောင်းသောနိမိတ် ဖြစ်ပါသည်

ဤကာလအတွင်း၌ စီးပွားအလွန်ကောင်းသကဲ့သို့ ကိုယ်ကျင့်တရား အထူးအရေးကြီးသော အချိန်ဖြစ်ပါသည်။ အမှုအခင်ဖြစ်နေသူကို ငွေမချေးပါနှင့်၊ အာမခံ မလိုက်ပါနှင့်၊ သတိပြု၍ ရှောင်ကြဉ်ပါ။
ပတ္တမြား မြ ထွက်တတ်သည်။ အထူးသတိပြုရန် အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်နှင့် အဆင်မပြေ ကြီးစွာဖြစ်တတ်သည်။ သွပ်၊ သံ၊ သစ်တစ်ပတ်ရစ် ပစ္စည်းလက်မခံပါနှင့်၊ အောက်လက်ငယ်သား ဒုက္ခပေးတတ်သည်။ နာရေးကိစ္စကို အကြောင်းပြ၍ ခရီးသွားရတတ်သည်။

ဆရာသမားကဲ့သို့သော ပုဂ္ဂိုလ်များနှင့် အဆင်မပြေ ဖြစ်မည်။ လုပ်ဖော်ကိုင်လက်များ မိတ်ဆွေများနှင့် အဆင်မပြေ လမ်းခွဲ ရတတ်သည်။ ယခုကာလတွင် အိမ်ဆောက်လျှင် မကောင်းပါ အစားမှား ဆေးမှားဖြစ်ခြင်း သွားဒုက္ခပေး ခြင်းများ ကြုံရမည်။ မြေကိစ္စ အမွေနှစ်ကိစ္စများကြုံရတတ်သည်။ ငွေရှာရ လွယ်ကူပေမယ့် စုဆောင်း၍ မရ၊။ ငွေဝင်လျှင် ကိုင်မထားရ၊ ရွှေဝယ်ထားပါ။ ဤကာလတွင် ကိုယ်စိတ်နှုတ်သုံးပါးကို မဖောက်မပြန် တည်တည် ကြည်ကြည် ထိန်းသိမ်းနိုင်သူတွေ တန်ဖိုးကြီးမားသော ဘ၀သို့ ရောက်နိုင်သည်။ မထိန်းသိမ်းနိုင်သူ အဖို့ ရေနှင့်ထိသော ရွှံ့နွံဘ၀ ရောက်နိုင်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ၊ သက်သာပြေပျောက်စေရန် အောက်ပါယတြာ များကို ဂရုစိုက်ပြုလုပ်ပါလေ ။ ယပ်ဖြူ သက်စေ့လှူပါ။
 ဘုရားရင်ဘတ်တော် ရွှေချပါ၊ ရေသက်စေ့ကပ်လှူပါ။

အင်္ဂါသားသမီးများအတွက်

ယခုလသည် မိဘကို ကောင်းစွာပြုစုစောင့်ရှောက်နိုင်မည့်အချိန် ဖြစ်သည်။ စီးပွားသိသိသာသာ တက်မည်။ သိကြားမ လိုက်သကဲ့သို့ လက်ရှိအခြေအနေထက် များစွာမြင့်တက်သွားလိမ့်မည်။
လုပ်ငန်းများ သိသိသာသာ အောင်မြင်မူရမည်။ လုပ်ငန်သစ်များ စတင်ပြု လုပ်နိုင်သော ကာလ၊ လုပ်ငန်းဟောင်းများ ပြန်ပေါ်တတ်သည်။ ဘုရားဖူးခရီးများ စိတ်ချမ်းသာစရာခရီးများ ပြည်တွင်းပြည်ပခရီးများ သွားတတ်သည်။ ၀န်ထမ်းဖြစ်လျှင် ရာထူးတက်ခြင်း အခြေအနေ အဆင့်အတန်း မြင့်တက်ခြင်းများကြုံမည်။ သင်တန်းတစ်ခု တက်ရခြင်း ပညာကောင်း ရခြင်းများ ကြုံမည်။ မိတ်ဆွေကောင်း ဆရာကောင်းများနှင့် တွေ့မည်။

အဖိုးတန်စက်ပစ္စည်များဝင်မည်။ မြေကိစ္စ၊ အမွေကိစ္စများ အဆင်ပြေမည်။ ငွေရှာရလွယ်ခြင်း ငွေအ၀င်အထွက် ကြမ်းခြင်းများ ကြုံလိမ့်မည်။ ရပ်ဝေးမှစာများ အဆက်အသွယ်များ ရလာမည်။
ရန်များခြင်း စကားများဖြေရှင်းရခြင်း ရင်နှီးသူများ လုပ်ဖော်ကိုင်ဘက်များနှင့် အဆင်မပြေလမ်းခွဲရခြင်းများ ကြုံမည်။

အထူးသတိပြုရန် အလုပ်တွင် အတိုက်အခံ အနည်းငယ်ကြုံရတတ်သည်။ အမှုအခင်း ရုံပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာ မရှိပါ။

အကြီးအကဲ ကောင်းရနိုင်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဖက် စိတ်ညစ်ရတတ်သည်။
 ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်းအသန် ဖြစ်တတ်သည်။ လာမည့် မွေးလ မွေးရက်အထိ အသုဘပို့ခြင်း မပြုပါနှင့် အထူးသတိပြုပါ။ နှလုံးနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း။ လေနှင့် ပတ်သက်၍ ကျန်းမာရေးညံ့ခြင်း ဒူး နား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ စပ်တူရှယ်ယာလုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင်အောင်မြင်မည်။ ကိုယ်ပိုင်လုပ်ငန်းဖြစ်စေ၊ ၀န်ထမ်းဖြစ်စေ ကြီးပွားတိုးတက်အောင်မြင်မည့်ကလာ ဖြစ်ပါသည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက်ပါ ယတြာများ ကို ဂရုစိုက်ပြုလုပ်ပါလေ။ ဘုရားဖူးခရီးသွားပါ၊ ခရီးစရိတ်ပြတ်နေသူကို ငွေလှူပါ၊ မွေးနေ့တိုင်း အိပ်ရာရွှေ့ ပြောင်း၍အိပ်ပါ။

ဗုဒ္ဓဟူးသားသမီးများအတွက်

အလုပ်နေရာ၊ အိမ်နေရာ ပြင်ဆင်မွမ်းမံရခြင်း ပြောင်းရွှေ့ရခြင်း လုပ်ရတတ်သည်။ အိမ်သစ်ဆောက်လျှင် ကောင်းအချိန် ဖြစ်သည်။ လုပ်ငန်းအသစ်ပေါ်ခြင်း (သို့မဟုတ်) လက်ရှိအလုပ်နှင့် ပတ်သက်၍ အဆက်အသွယ်သစ်များ။ ပေါ်လာလိမ့်မည်။ လုပ်ငန်းနှင့် ပတ်သက်၍ နာမည်ကောင်းရခြင်း နေရာကောင်းရခြင်း၊ လုပ်ငန်းတိုးချဲ့ရခြင်းများ လုပ်ရတတ်သည်။ အိမ်ထောင်မရှိသူများ အိမ်ထောင်ကျတတ်သော ကာလဖြစ်သည်။ ဇာတာရှင်သည် ယောက်ျားဖြစ်ပါက အိမ်ထောက်ကျလျှင် ကောင်းပါသည်။ မင်္ဂလာဆောင်လျှင် စည်ကားသော မင်္ဂလာဆောင်ဖြစ်မည်။ အိမ်ထောင်ပရိဘောဂ အိမ်သုံးပစ္စည်း ၀င်တတ်သည်။ သူခိုး၊ မျက်စေ့ အကျခံရတတ်သော ကာလဖြစ်၍ သူခိုး အခိုးခံရတတ်ကြောင်း သတိပြုပါလေ။

ခရီးအကျိုးပေးသော ကာလဖြစ်ပါသည်။ ဘုရားဖူးခရီး သွားရတတ်သည်။ ကွဲကွာနေသော ဆွေမျိုးသား ချင်းများနှင့် ပြန်ဆုံမည်။ ရပ်ဝေးမှ ဆွေမျိုးသားချင်းများ ရောက်လာတတ်သည်။ အိမ်သို့ အတောင်ပါသော သတ္တ၀ါ များ ၀င်လာတတ်သည်။ ၀င်လျှင် နိမိတ်ကောင်းသည်။ သွပ် သံ သစ် စသော သောကြာနံ ပစ္စည်းများ ၀င်လာတတ်သည်။ အထူးသတိပြုရန် မိတ်ဆွေရင်း လုပ်ဖော်ကိုင်ဘက်တို့က ဒုက္ခပေးတတ်သည်။ မြေကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။

 မြေအ ၀င်မခံရပါ။ မြေ၀င်လျှင် ကြာသပတေးနံ ထုတ်ပစ်ပါ။ ပညာရေးနှင့် ပတ်သက်သောပစ္စည်း လှူဒါန်းပါ။ ရွှေနှင့် အဖိုးတန် ရတနာပစ္စည်းများ ၀င်လာမည် ဘုရာဆင်းတုတော် စွယ်တော် ရဟန္တာပုံတော်များ ကြွလာတတ်သည်။ လက်ဝတ်ရတနာများ ကျောက်ပြုတ်ထွက်ခြင်း ပျောက်ခြင်း၊ ဖြစ်တတ်သည်။ အလုပ်တွင် အတိုက်အခံ အပြိုင်အဆိုင် ကြီးစွာကြုံမည်။ အတိုက်အခံမှန်သမျှ အနိုင်ရမည်။ မိသားစု အကြီးအကဲ လုပ်ငန်းအကြီးအကဲ တို့ကြောင့် စိတ်ညစ်ရတတ်သည်။ အထူးသဖြင့် ဖခင် ကျန်းမာရေး ညံ့တတ်သည်။ ထီပေါက်သကဲ့သို့ ငွေများဝင်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက် ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ အုန်းထမင်း၊ အုန်းနို့နှင့်ချက်ထား သော ဘဲသားဟင်းကို ဘုန်းကြီးလှူပါ၊ တံခွန်းကုက္ကား မလေးပွား ဂြိုလ်တိုင်သက်စေ့လှူပါ

ကြာသပတေးသားသမီးများအတွက်

အလှူအတန်းကိစ္စများ မုချလုပ်ရမည်။ ငွေအစုလိုက် အပုံလိုက် ၀င်လာလိမ့်မည်။ မိမိ၏ အလုပ်မှ လည်းကောင်း၊ ထီပေါက်၍လည်းကောင်း ၀င်လာတတ်သည်။ ဤကာလ မျိုးး၌ သာမန်အခြေအနေမျိုးမှနေ၍ စီးပွားအရှိန်အဟုန် နှင့်တက်ကာ လက်ရှိအခြေအနေထက် အဆပေါင်းများ စီးပွားတက်လိမ့်မည်။ မိမိလုပ်ငန်း များကို အင်နှင့် အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေး လိုပါသည်။

မိမိအား ပြဿနာလုပ်နေသူများ ရှိလျှင် အဆင်ပြေသွားမည်။ မသင့်မြတ်သူများနှင့် ပြန်လည်သင့်မြတ်သွားမည်။

အဖိုးတန်ကျောက် မျက်ရတနာများ ၀င်မည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်သည်။ အထက်လူကြီး၊ မိသားစု ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ အဘိုး အဘွားများအရေးဖြစ်တတ်သည်။ လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သော ကိစ္စများ အကျိုးပေး အောင်မြင်မည်။ ခရီးများမကြာခဏ ထွက်ရတတ်သည်။ ထိုခရီးများသည်လည်း အကျိုးပေး အောင်မြင်လိမ့်မည်။ ၀န်ထမ်းဆိုလျှင် ရာထူးတက်ခြင်းအခြေအနေ မြင်တတ်ခြင်း ကြုံရလိမ့်မည်။

ပညာရေးကိစ္စများ သင်တန်းကိစ္စများကို အကြောင်းပြု၍ စိတ်ညစ်ရတတ်သည်။ ရွှေထွက်ခြင်း၊ ရွှေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်း ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ၀ယ်သင့်သည် အပျက် အဟောင်း မ၀ယ်သင့်ပါ။ အထူးသတိပြုရန် အောက်လက်ငယ်သား သားသမီး ထွက်သွားခြင်း၊ ၎င်းတို့အတွက် သောကရောက်ရခြင်းများ ကြုံ ရတတ်သည်။ ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးခြင်း၊ အစားမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ်သည်။ စာရွက်စာတမ်း စာချုပ်ကိစ္စ များအတွက်စိတ်ညစ်ရခြင်း၊ ပစ်စာ တိုင်စာ ရောက်ခြင်းများ ကြုံရတတ်သည်။ ဆွေမျိုးသားချင်းများကို ကောင်းစွာ အကူအညီ ပေးနိုင်လိမ့် မည်။ လက်ရှိအလုပ်အကိုင်ကို စိတ်မ၀င်စားခြင်း၊ အလုပ်ပြောင်းလိုစိတ်များ ကြုံလာတတ်သည်။

အိမ်ဝယ်နိုင်သော် လည်း အိမ်အနားအဆာ မလွတ်၊ အိမ်ဧည့်သည်မပြတ်၊ အိမ်ဆောက်လျှင် တန်းလန်းဖြစ်တတ်သည်။ ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။
ရရှိသော အကြွေးများကို ယခုကာလတွင် ကြိုတင်စုဆောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။
ထီးဖြူအသေးသက်စေံနှင့် ထီးဖြူအကြီး တစ်လက်ကို မွေးနေ့နက်တွင် ဘုရားလှူပါ။ အမွှေးနဲ့သာနှင့် ဘုရားအားရေသပ္ပာယ်ပါ။

သောကြာသားသမီးများအတွက်

ဘုရားဆင်တုတော်၊ ပုံတော်၊ ရဟန္တာပုံတော်များ ကြွလာတတ်သည်။ မထင်မှတ်သော ခရီးများ မရည်ရွက်သော ခရီးများသွားရတတ်သည်။ သူတစ်ပါးကိစ္စအတွက် ခရီးသွားရတတ်သည်။
လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောကိစ္စများ အောင်မြင်ခြင်းများကြုံမည်။ နာမည်ဂုဏ်သတင်း တိုးတက်ခြင်း ဘုန်းတန်ခိုး တိုးတက်ခြင်းများ ကြုံရမည်။

မနာလိုသူလည်း ပေါ်လိမ့်မည်။
မိမိထက်မြင့်သူနိမ့်သူ နှစ်ဦးလုံးက ဒုက္ခပေးလာတတ် သောအချိန် ဖြစ်ပါသည်။ လုပ်ဖော်ကိုင်ဘက်များ အောင်မြင်တော့မလိုလိုနှင့် အခက် အခဲကြီးစွာ ကြုံတတ်သည်။ အလုပ်တွင် အပျက်စီးအဆုံးရှုံး အလေအလွင့်များနေလိမ့်မည်။
 ငွေပျောက်ခြင်း ကြွေးတင်ခြင်း ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။ ကြီးကဲသူ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။
အလှူပွဲ မင်္ဂလာပွဲ အစီစဉ်များ အထစ်အငေါ့ကြုံခြင်း ရက်ရွှေ့ခြင်းများ ကြုံရတတ်သည်။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ရေးအဆင်မပြေ ဖြစ်နေမည်။ လက်ရှိအလုပ်အကိုင် ပြောင်းချင်စိတ်ပေါ်လာမည်။
ပြောင်းလျှင် ပိုဆိုးသွားတတ်သည်။ အထူးသတိပြုရန် ။ အစာအဆိပ်ဖြစ်ခြင်း၊ ခြေထောက် ခါး၊ သွား ဒုက္ခပေးခြင်းများ ကြုံရတတ်သည်။ ဤလအတွင်း အမှုအခင်း မဖြစ်စေရန် အထူးဂရုစိုက်ပါ။ ဖြစ်လျှင် မပြီးနိုင်ဘဲ ဖြစ်နေတတ် သည်။
ငွေနှင့်လိုက်လျှင် ရှုံးသွားတတ်ပါသည်။ ပစ္စည်း မဌားရမ်းပါနှင့် ဆုံးလိမ့်မည်။

ဤကာလအတွင်း မည်သည့်အခက်အခဲနှင့် ကြုံသည် ဖြစ်စေ အားကိုး မရှာနှင့်။ ဒုက္ခပေးမည့်သူများသာ ပေါ်လာတတ်သည်။
 အောက်လက်ငယ်သား ထွက်သွားခြင်း၊ ကျန်းမာရေးညံ့ခြင်း ကြုံရ တတ်သည်။

ထီကံကောင်းသော ကာလဖြစ်ပါသည်။ ပညာအသစ်တစ်ခု ရတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေး ညံ့လိမ့်မည်။
 ခါး အောက်ပိုင်းဒုက္ခပေးတတ်သည်။ ဆေးရုံ၊ ဆေးခန်းသို့သွားရတတ်သည်။ ကျောဒုက္ခပြေးခြင်း၊ ကျော၌ရောဂါရခြင်း ဖြစ်မည်။ အိမ်ပြင်၊ အိမ် ဆောင်၊ အိမ်ပြောင်း မပြုပါနှင့်။ အာမခံမလုပ်ပါနှင့်။
စပ်တူအရောင်းဝယ် အကြီးအကျယ် မလုပ်ပါနှင့်။

ဤကာလအတွင်းကောင်းကျိုးချမ်း သာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေ ပျောက်စေရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်လေ။
နေ့စဉ်ခန္ဓာကိုယ် သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေး လုပ်ပါ။ သောက်ရေအိုး ကိုယ်တိုင် ရေထည့်ပါ။ တစ်ပတ်တစ်ကြိမ်အဓိဋ္ဌာန်ဝင်ပါ။

စနေသားသမီးများအတွက်

ခရီးတိုး ခရီးရှည်များ သွားနေရလိမ့်မည်။ ထိုခရီးသည်များသည်လည်း သင့်အတွက် ကျိုးထူးစေပါလိမ့်မည်။ မထင်မှတ်ဘဲ ပညာတစ်ခုသင်ကြားရခြင်း သင်တန်းတစ်ခု တက်ရခြင်းများ ပြုလုပ်ရတတ်ပါသည်။
 မရည်ရွယ်ဘဲ မြေ၀င်တတ်သည်။

ဤလအတွင်း အစစအရာရာသတိကြီးစွာထားရန် လိုပါသည်။ မိမိအပေါ် မကောင်းကြံခြင်း မကောင်း ပြောခြင်း များ ခံရတတ်သည်။ အလုပ်အကိုင်၌ ထိုခိုက်တတ်သည်။ ပြဿနာကြီး စွာ ဖြေရှင်းရတတ်သည်။ ရုံးပြင်ကန္နား၊ အမှုအခင်းများနှင့် ပတ်သက်ရတတ်သည်။ မိမိနှင့်တကွ မိသားစုပါကျန်းမာရေး ညံ့တတ်သည်။ ဆေးရုံ၊ ဆေးခန်းအထိ ရောက်ရတတ်သည်။ မီး၊ လျှပ်စစ် ဒုက္ခပေးတတ်သည်။ အထူးသတိပြုပါ။ လူမျိုးခြား ဒုက္ခပေး တတ်သည်။ သားသမီး လက်အောက်ငယ်သားအတွက် စိတ်ညစ်စရာကြုံမည်။ စက်ပစ္စည်း ဒုက္ခပေး တတ် သည်။ ရွှေနှင့် ရတနာပစ္စည်းများ ထွက်ခြင်း၊ ပေါင်နှံရခြင်းများ ကြုံရတတ်သည်။
 ငွေဒလဟောထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရခြင်းများ ကြုံရတတ်သည်။

မထင်မှတ်သော ဆွေမျိုးသားချင်းက အကူအညီကောင်း ပေးလိမ့်မည်။ ဌာနဆိုင်ရာ အကြီးအကဲ၊ ဆွေမျိုး အကြီးအ ကဲတို့က အကူအညီအကောင်း ပေးလာလိမ့်မည်။ အထူးသတိပြုရန် ကျန်းမာရေးညံ့သော သက်ကြီးရွယ်အိုများ အိမ်သို့ လာရောက်တည်းခိုလျှင် ဆုံးပါးသွားတတ်သည်။ ခြေထောက် တွင်အန္တ ရာယ်ဖြစ် တတ်သည်။ လုပ်ငန်းအသစ်၊ အစီအစဉ်သစ်များ ပေါ်ပေါက်လာတတ်သည်။

ယခင်နှစ်များက ကျန်ခဲ့သော ရွှေ၊ငွေ၊ရတနာများ ယခုနှစ်ထဲတွင် ကုန်ဆုံးသွားတတ်သည်။
လောကဓံ တရား၏ မတရားညှဉ်းပမ်းမှုကို ခံရပြီး မမျှော်လင့်ဘဲ သံဝေဂတရား ရလိမ့်မည်။ အစစ်အဆေး အမေးအမြန်း ခံရတတ်သည်။ ကိုယ်ခန္ဒာ အစိတ်အပိုင်း တစ်ခုခု ထိခိုက်တတ်သည်။

ဤကာလအတွင်း ကောင်းကျိုးချမ်းသာများ ပိုမိုရရှိလာစေရန်နှင့် အညံ့အခိုက်များ သက်သာပြေပျောက်စေ ရန် အောက်ပါယတြာများကို ဂရုစိုက်ပြုလုပ်ပါလေ။ ထီးနီသက်စေ့လှူပါ။ ဆေးဝါးဓာတ်စာလှူပါ။

ဆရာဟိန်းတင့်ဇော်ရဲ့ အွန်လိုင်း www.heintinzaw.com  ကနေ ကူးယူပါတယ်။

ဧရာဝတီ

Thursday, March 13, 2014

14.3.2014 to 20.3.2014 အထိ ၇ ရက်သားသမီး ဟောစာတမ်း

Posted by drmyochit Thursday, March 13, 2014, under | No comments


တနင်္ဂနွေ

ပျော်ရွှင်စရာ ကောင်းသော ကာလဖြစ်ပါသည်။ လိုချင်တာတွေလည်းရမည်။ စာမေးပွဲလည်း ဖြေနိုင်မည်။ ငွေကြေးလည်း ဝင်မည်။ အလုပ်ကိစ္စ တွေ အဆင်ပြေမည်။ လစာ (သို့) ရာထူးတက်မည်။ ချစ်တဲ့သူထံမှ ချစ်စကား လှလှလေး တွေကြားရပါလိမ့်မည်။ လက်ဆောင်လည်း ရအုံးမှာ ဖြစ်ပါတယ်။ ကဲ သင်ကံကောင်းပြီ စိတ်ချမ်းသာ လိုက်တော့။

အကျိုးပေးဂဏန်း - ၁၊၅၊၄။

အထူးဟော - ကံကောင်းသော နေ့ရက် တွေဖြစ်နေပါလိမ့်မည်။

ယတြာ - လူကြီးမိဘကို ကန်တော့၍ ဆုတောင်းလိုက်ပါ။

 တနင်္လာ

သင့်အတွက် အကောင်းဆုံး တုံ့ပြန် မှု့လေးတွေ ရမည့်ကာလ ဟု သတ်မှတ်လိုက်ပါ။ သင်က မှန်ကြည့်ပြီး ပြုံးပြခဲ့သလို ရှိဘူးသူတွေက သင့်ကို ပြန်ပြုံး ကြပါလိမ့်မည်။ သင်လုပ်သမျှ တွေ အဆင်ပြေပါလိမ့်မည်။ သင်ဖြေနေတဲ့ စာမေးပွဲတွေ မုချအောင်မြင်ပါမည်။ အတိုက်အခံ တွေ ကြုံလာနိုင်ပေမဲ့ သင်က အောင်မြင်သူ မုချ ဖြစ်လာပါလိမ့်မည်။ အခက်အခဲတွေ လည်း လွယ်ကူ စွာ ကျော်လွှားနိုင်ပါလိမ့်မည်။ ချစ်သူထံမှ စာ ၊ လက်ဆောင်ရပါမည်။ ကျန်းမာရေးကောင်းနေပါမည်။ အလုပ်ကိစ္စ အဆင်ပြေလိမ့်မည်။

အကျိုးပေးဂဏန်း - ၅၊၁၊၃။

အထူးဟော - ကံကောင်းမည်။

ယတြာ - တနင်္လာနေ့ မှာ ငါးအရှင် ၁၅ ကောင် ကို ဝယ်လွှတ်ပါ။

အင်္ဂါ

စူးစမ်းမှု ၊ စွန့်စားမှု ၊ စမ်းသပ်မှု တွေ များစွာ လုပ်ဖြစ်ပါလိမ့်မည်။ ကြိုးစားမှု ကောင်း၍ တိုးတက် မှု့မုချရပါမည်။ အလုပ်တွေ များနေမည်။ လက်ရှိ အလုပ်အပြင် အခြား စီးပွားရေး တစ်ခုလုပ်ဖြစ်မည်။ မြေ ၊ အိမ် ကိစ္စတွေ လုပ်ဖြစ်မည်။ သူများ အတွက် ရော ၊ ကိုယ့်အတွက် ပါ အောင်မြင်လာလိမ့်မည်။ ခရီးဝေးတွေ ရောက်မည်။ ခြေ ၊ လက် ခိုက်မိတတ်၍ ဆင်ခြင်ပါ။ ကား ၊ဆိုင်ကယ် ဂရုစိုက်မောင်းပါ။ ငွေစုလိုက် ရကိန်းရှိနေတယ်။ ချစ်သူတွေ များနေမယ်။ ချစ်သူဟောင်း က စိတ်ဆိုးမယ် အသစ်က လာကပ်နေလိမ့်မည်။ မခွာနိုင်လျှင် ယူရတတ်သည်။ စာမေးပွဲ ဖြေနိုင်မည်။ အောင်မြင်မည်။ ရင်းနှီးမြုပ်နှံမှု့ ကောင်းမယ်။

အကျိုးပေးဂဏန်း - ၆၊၂၊၄။

အထူးဟော - အနောက်အရပ် ခရီး ဘာမှ မလုပ်နှင့်။

ယတြာ - အုန်းဆွမ်း ဘုရားကို ကပ်ပါ။

ဗုဒ္ဓဟူး

          ရည်ရွယ်ချက်တွေ များမည်။ အလုပ်တွေ များမည်။ အောင်မြင်မှု့ရမည်။ ကြိုးစားမှု့ကောင်းသည်။ သတင်းကောင်းကြားရမည်။ စက် ၊ မြေ ၊ အိမ်တို့ ဝင်မည်။ ငွေဝင် ၊ ငွေထွက် ကြမ်း မည်။ စပ်တူရှယ်ယာ မလုပ်သင့်ပါ။ အချစ်ရေးမှာ မလည်ရှုပ် မလုပ်နှင့်။ ပြဿနာ တက်သွားမည်။ ချစ်သူရဲ့ လှည့်စားမှု့ခံရမည်။ စာမေးပွဲ အောင်မြင်မည်။ ကျန်းမာရေး ဝမ်းနှင့်ပတ်သက်၍ ဂရုစိုက်ပါ။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဖက်နှင့် ခေတ္တခွဲနေရတတ်ပါတယ်။

အကျိုးပေးဂဏန်း - ၄၊၉၊၆။

အထူးဟော - အန္တရာယ်မရှိဘဲ ကံကောင်းသွားလိမ့်မည်။

ယတြာ - ဗုဒ္ဓဟူးနေ့တွင် ဘုရားကို ရွှေသင်္ကန်းကပ်ပါ။

ကြာသပတေး

သင်စိတ်ဓာတ်ကြံ့ခိုင်မှု့ ရှိပြီးဆုံးဖြတ် ပြီးလျှင် လုပ်ဖြစ်မည်။ တကယ်လုပ်၍ အဟုတ် ဖြစ်မည်။ အပေါင်းအသင်း၏ အကူအညီ ရမည်။ မမျှော်လင့်သော အလုပ် ၊ ခရီးဆောင်ရွက် ဖြစ်မည်။ ရုတ် တရက် ထိခိုက်အနာတရ ဖြစ်ကိန်းရှိ၍ ကား ၊ ဆိုင်ကယ် ဂရုစိုက် မောင်းပါ။ အချစ်ရေး နှင့် ပညာရေး မရောစေနှင့်။ စာမေးပွဲအောင်မြင်မှု့ တော့ရမည်။ ထူးချွန်မှု့ရမည်။ ကြိုးစားပါ။ ဆုတွေ ရအောင်ကို အောင်မြင်မှု့ရမည်။ လူခင်ခြင်း မုန်းရတတ်၍ ဂရုစိုက်ပါ။ မမျှော်လင့်သော နေရာက ငွေရမည်။ မရွည်ရွယ်သော သူထံမှ အချစ်ရေး ဆိုခြင်းခံရမည်။

အကျိုးပေးဂဏန်း - ၅ ၊ ၃ ၊ ၁။

အထူးဟော - ရည်ရွယ်ချက်ကြီးလေ အောင်မြင်မှု့ကြီးလာလေဖြစ်မည်။

ယတြာ -မွေးနေ့ တွင် အိမ်ဘုရားကို အောင်သပြေ (၁၉) ညွန့် ကပ်လှူပါ။

သောကြာ

စိတ်ဓာတ်ပြောင်းလဲမှု့တွေ ဖြစ်လာမည်။ လုပ်ငန်း နှင့် ပတ်သက်၍ ကောင်းသတင်းတွေကြားရမည်။ ခရီးယာယီ ၊ ခရီးဝေးတွေ သွားရလိမ့်မည်။ အကြီးအကဲ အကူအညီ တွေ ရမည်။ စီးပွားရေး ကိုယ်ပိုင် အလုပ်တွေ လုပ်ရမည်။ လုပ်လျှင် ကောင်းသည်။ အချစ်ရေး အိမ်ထောင်ရေးမှာ ရက်တို မစဉ်းစား နှင့်။ နှစ်ရှည်အထိ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ ဆန္ဒမစောနှင့် ။ အတိုက်အခံ တွေ ကျော်လွှားနိုင်မည်။ သင့် ၁ယောက် အတွက် မကြည့်နှင့် သင့်မိသားစု ကို ငဲ့လိုက်ပါ။ မှားနေသော လမ်းကို မှန်အောင်မြင်ရမည့် ကာလဖြစ်နေသည်။ စက်ပစ္စည်း ချို့ယွင်း တတ်သည်။ ပစ္စည်း မေ့ပျောက်တတ်၍ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၆၊၁၊၈။

အထူးဟော - အမြင်မှန်ရလိမ့်မည်။

ယတြာ - သောကြာနေ့ နံနက်တွင် အိမ်ရှေ့လမ်းကို ပြင်လိုက်ပါ။

စနေ

ရည်ရွယ်ချက်တွေ က များနေမည်။ တစ်ခုပြီး မှ တစ်ခုလုပ်ပါ။ အောင်မြင်လိမ့်မည်။ စာမေးပွဲ ဖြေဆိုမှု့ လည်း မုချအောင်မြင်ပါမည်။ ကြိုးစားမှု့လည်း ကောင်းနေမည်။ ခရီးဝေးတွေ လည်း ရောက်မည်။ ကိုယ့်အတွက် မိဘ ၊ သားချင်း အတွက် ငဲ့တတ်သူ ဖြစ်၍ အမှားနည်းပါတယ်။ အချစ်ရေး စဉ်းစား စရာတွေ များလာမည်။ ကိုယ်ချစ်တဲ့သူ တွေမှာ မိဘ သဘောမတူ တာတွေဖြစ်နေမည်။ သို့သော် မကြာမှီသဘောတူလာမှာပါ။ သင်သည် မကြာမှီ ကာလတွင် အကောင်းဆုံး လုပ်ဆောင်မှု့ ပြုလာမည့် သူ ဖြစ်လာလိမ့်မည်။ ပညာရေး သော်လည်းကောင်း ၊ စီးပွားရေး သော်လည်းကောင်း ထူးချွန်စွာအောင်မြင်မည်။ ကံဇာတာ ကောင်းလာသည်။ အောင်မြင်မှု့ ပန်းတိုင် နီးပါပြီ။ ထိုးဖောက် အောင်မြင်မည် ဖြစ်ပါသည်။ ကြိုစားထားပါ။ ကောင်းသတင်း ထပ်မံ ကျော်ကြားပါလိမ့်ဦးမည်။

အကျိုးပေးဂဏန်း - ၇၊၉၊၁။

အထူးဟော - တကယ်လုပ် အဟုတ် ဖြစ်လိမ့်မည်။

ယတြာ - စနေနေ့ နံနက်တွင် နှင်းဆီ ပန်း (၇) ပွင့်ကို အိမ်က ဘုရား ကို ကပ်၍ ဆုတောင်းလိုက်ပါ။

BY ဒေါက်တာထွန်းလင်း - ဘုတလင်( GOLD MEDALIST)
မြစ်မခမီဒီယာ

Friday, March 07, 2014

မတ်လအတွက် (၇) ရက်သားသမီး ဟောစာတမ်း

Posted by drmyochit Friday, March 07, 2014, under | No comments


တနင်္ဂနွေ သားသမီးများ

အလုပ်အကိုင်များ အဆင်ပြေချင်သော်လည်း လူယုံ သစ္စာဖေါက် မှုကြောင့် စိတ်ညစ်ရ တတ်သည် ။ အလုပ်ထဲတွင် ငွေများမြု တ်နေ လိမ့်မည် ယခုလ အတွင်းစွန့် ၂ စား၂ ရင်းနှီးမြှုတ်နှံမှုမလုပ်ပါနှင့် ။ညီအကို ချင်း မောင်နှမချင်း လင်မယားချင်း စကားများ ရတတ်သည် ။ကြာသပတေးနံသင့်ပစ္စည်းများဝင်လျှင် လက်မခံပါနှင့် အကြီးအကျယ်စိတ်ညစ်ရမည် ။

ယတြာ ။ ။ ပိတောက် (၁၂ )ခက်ကို စနေ နံဘုရား တနင်္ဂနွေ ထောင့်တွင် လှုပြီးလိုရာဆုတောင်းပါ ။

တနင်္လာ သားသမီးများ

ငွေကျပျောက်ခြင်း ငွေအထားမှားခြင်း ငွေလိမ်ခံ ရကိန်းများရှိသည် ။ မည်သူ့ ကိုမှငွေမချေးပါနှင့် ။ မိန်းကလေးဖြစ်ပါက ယောင်္ကျားလေးများနှင့်ပတ်သက်ပြီး စွတ်စွဲခံရခြင်း အထင်လွဲခံရခြင်းများ ဖြစ်တတ်သည် ။ အရင်းအနှီးများသော စီးပွားရေးလုပ်ငန်းများ မလုပ်သင့်ပါ။ ခါးကိုက် ခေါင်း ကိုက်ခြင်း ခြေထောက်တွင် ထိခိုက်ဒဏ်ရာရခြင်းများဖြစ်တတ်သည် ။ ယတြာ ။ ။ ကလေးများအား ကျောက်ကျော လှုပေးပါ ခိုစာ ငါးစာကြွေးပါ ။

၃ ။ အင်္ဂါ သားသမီးများ
စပ်တူလုပ်ငန်းများအကျိုးပေးမည် ။ စက်ပစ္စည်း ဆေးပစ္စည်းများ ရောင်းဝယ်လျှင် အကျိုးရှိမည် ။ ဆွေမျိုးသားချင်းမှ ကူညီမစခြင်း ခံရမည် ။ အောက်လက်ငယ်သား ( သို့ ) မိမိထက်ငယ်ရွယ်သူကြောင့် စိတ်ညစ်စရာကြုံမည်။ မမျှော်လင့်ပဲ ငွေဝင်လာခဲ့သော် ၃ ၂ ၄ ၁ ပါသောဂဏန်းများနှင့်ထီထိုးပါ ။

ယတြာ ။ ။ မိမိမွေးနေ့ အိမ်က ဘုရားတွင် ဇီးယိုလှုပေးပါ။

၎။ ဗုဒ္မဟူး သားသမီးများ
အလုပ်ထဲတွင်စိတ်ရှည်ပါ ။ စိတ်မ၇ှည်ဒေါသထွက်ခြင်းကြောင့် လုပ်ငန်းများ လက်လွှတ်ရခြင်း အထက်လူကြီး၏ ဆူပူ ခြင်းခံရတတ်သည် ။ သို့ သော် သီးခံတတ်လျှင်သင်အောင်မြင်မည် ။ ခရီးသွားလျှင် သင်ငွေဝင်မည် ။ ယခုလအတွင်း တနင်္ဂနွေသားသမီးနှင့်သတိထားဆက်ဆံ ပါ ။ အတွင်းလူ ဒုက္ခပေးတတ်သည် ။

ယတြာ ။ ။ အိုးတစ်လုံးထဲသို့  အုတ်ခဲ ၆ လုံး အုန်းရေ အုန်းရွက် ၆ ရံက်ထည့်ပြီး ငါ့ကိုယ်စားနင်ခံဟုပြောပြီး ရေထဲသို့ စွန့်ပေးပါ ။

ကြာသပတေးသားသမီးများ

အပြိုင် အဆိုင်တွေနဲ့ တွေ့ မယ် ။ ရင်းနှီးထားတဲ့ လုပ်ငန်းများအရှုံးပေါ်တတ်တယ် ။ အရမ်းမစွန့် စားပါနှင့် ။ အခွင့်အလမ်းကောင်းတွေနဲ့  ကပ်လွဲ လွဲ နေတတ်မယ် ။ လုပ်ထားတဲ့ကိစ္စ တွေအဆင်မပြေလို့  ။ စိတ်ညစ်နေရလိမ့်မယ် ။ ကြားခံလူ ဒုက္ခ ပေးလို့ ငွေကြေး ကိစ္စ ဖြေရှုင်းရလိမ့်မယ် ။ ညာဖက်ခြေထောက်မှာ ဒဏ်ရာရတတ်တယ်။ မိန်းမတယောက်ကိုယုံမိလို့  ပြသနာဖြစ်လိမ့်မယ် ။ ကျမ္မာရေး ဂရုစိုက်ပါ ။

ယတြာ ။ ။ မိမိအိမ်ရှေ့ လမ်းပေါ်တွင် ပုဂံပြား ကြီးကြီးထဲသို့  မြေပဲပြုတ်အပြည့် အမောက်ထည့်ပြီး ကလေးများကို နှိုက်စားပါစေ ။ အိမ်ကဘုရားတွင် တစ်လ တိတိ ပေါက်ပေါက် ကို မပြတ်လှုထားပါ ။

သောကြာ သားသမီးများ

လုပ်ငန်းတွေ တပိုင်းတစ ဖြစ်နေမယ် ။ ပြဿသနာ(၂) ခုတပြိုင်နက်ရင်ဆိုင်ရတတ်တယ် ။ သီးခံမှ ကိုယ်အနိုင်ရလိမ့်မယ် ။ ဂတိပျက်တဲ့သူနဲ့ တွေ့ ပြီး အနည်းငယ်စိတ်ညစ်ရတတ်တယ် သီးမခံရင် ရေရှည်အမှုမျိုး ရင်ဆိုင်ရတတ်တယ် ။ မိန်းမကိစ္စနဲ့ အရှက်တကွဲ အကျိုးနဲဖြစ်လိမ့်မယ် ။ မြေအရောင်းအ၀ယ် လုပ်ရင်သတိထားပါ ။ထွက်ငွေများနေတတ်သည် ။ ကိုယ့်ဆရာသမားက ကူညီလိမ့်မည်။

ယတြာ ။ ။ တာအိုး တစ်လုံးအတွင်း သဲ (၂၁) ဇွန်း ။ သံ (၂၁) ချောင်း ။ သီဟိုခက် (၂၁ ) ခက် စိုက်ပြီး ။မိမိ နေအိမ်၏ အရှေ့ တောင်အရပ် ရေထဲ ကန်ထဲ ချောင်းထဲသို့  စွန့် ပစ်ပါ ။

စနေသားသမီးများ

ကျမ်းမာရေး မဆိုးပါ ။ မိတ်ဆွေကောင်းနှင့်ပေါင်းပြီး လုပ်ငန်း အသစ်များလုပ်ကိုင်ပါ ။ မမျှော်လင့်ပဲ ရွှေကောက်ရခြင်း ရွှေဝင်လာတတ်သည် ။ ငွေဝင်သော်လည်း ထွက်ငွေကများနေတတ်သည် ။လူငယ်များအချစ်ရေးစန်းပွင့်သော လဖြစ်သည် ။ ယခုလ အတွင်းချစ်သူကို အဖြေတောင်းလျှင် အဆင်ပြေလိမ့်မည် ။ အင်္ဂါ ဗုဒ္မဟူးသား သမီးများ သင့်ကိုအကျိုးပြု မည် ။

ယတြာ ။ ။ မွေးနံ ဘုရားထောင့်တွင်ထီးအနီ တစ်လက်ကိုလှုပြီးလိုရာဆုတောင်းပါ ။

အစစအရာရာ အဆင်ပြေပါစေ ....
ကိုမောင်မောင် (ဆန်းသုတေသီ)

Saturday, March 01, 2014

28.2.2014 to 6.3.2014 အထိ ၇ ရက်သားသမီး ဟောစာတမ်း

Posted by drmyochit Saturday, March 01, 2014, under | No comments


တနင်္ဂနွေ

သင့်မှာ ရည်ရွယ်ချက် များနေပါသည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ မုချအောင်မြင်မည်။ ကံစမ်းသော လုပ်ငန်း ဤ တပတ်အတွင်း ရှောင်ပါ။ မရည်ရွယ်သော ခရီးများရောက်မည်။ ထိခိုက်ရှနာ မှု့များ ဖြစ်တတ်၍ ဆင်ခြင်ပါ။ သူများအရှုပ် ကိုယ့်အရှုပ်ဖြစ်မည်။ ဆင်ခြင်ပါ။ ပညာရေးကံကောင်း နေသည်။ ကြိုးစားမှု့ ကောင်း၏။ အင်တာဗျုး ဖြေလျှင်အောင်မြင်မည်။ လူယုံမထားရ။ ချစ်သူ၏ အပြစ်တင်ခြင်းခံရမည်။ အိမ်ထောင်သည်များ ဖောက်ပြန်မည်။ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၀၊၅၊၄။

အထူးဟော - တကယ်လုပ်လျှင် အဟုတ်ဖြစ်မည်။

ယတြာ - တနင်္ဂနွေ နေ့ မနက်မှာ အိမ်ဘုရားကို အုန်းဆွမ်း နှင့် အကြော် (၆) ခုကပ်လှူပါ။



တနင်္လာ

ပြောတော့တစ်မျိုး လုပ်တော့ တစ်ခြား ဖြစ်နေရခြင်းတွေ ရှိမည်။ မရည်ရွယ်ဘဲ နှင့် ခရီးယာယီတွေ သွားရလိမ့်မည်။ ထင်တာထက် ပို၍ အောင်မြင်မှု့ ကြုံမည်။ ငွေရမည်။ လက်ဆောင်ရမည်။ အချစ်ရေး ကံကောင်းသည်။ အိမ်ထောင်ရေး ကံကောင်းသည်။ စာပေပညာထူးချွန် မှု့တွေရှိလာမည်။ စာမေးပွဲ ပါမည့်စာတွေ ဖတ်မိမည်။ အလုပ်ကိစ္စ အဆင်ပြေသွားမည်။ ကတိတစ်ခု လွယ်လွယ်မပေးနှင့်။ စကားပြောဆင်ခြင်ပါ။ ရင်းနှီးသူနှင့်စိတ်ဝမ်းကွဲတတ်သည်။ ရာထူးတိုး စာမေးပွဲအောင်မြင်မည်။

အကျိုးပေးဂဏန်း - ၂၊၄၊၃။

အထူးဟော - အောင်မြင်မည်။

ယတြာ - တနင်္လာနေ့တွင် တောင်အရပ်ကို ငါးအရှင် (၁၅) ကောင်လွှတ်ပေးပါ။

အင်္ဂါ

ရန်ညိုး ရန်စရှိသူက ချစ်ဟန်ဆောင်ပြီး လာပေါင်းလိမ့်မည်။ ဂရုစိုက်ပါ။ အလုပ်ကိစ္စ တွေ ပြီးမြောက်မည်။ နေရာဒေသ အိမ်ပြင် ၊ ပြောင်းလဲ ၊ ရောင်းဝယ်မှု့ တွေဖြစ်မည်။ ထီပေါက်ကိန်း မြင်သည်။ ၆စ ၊ ၁စ၊၂စ တွေထိုးပါ။ နောက်ပိတ်ကို ၈ ပိတ်ပါ။ ဘုမ္မိအရပ်ကြသော အနောက်အရပ် ခရီးရှောင်ပါ။ ကျန်းမာရေးမှာ ဝမ်း နှင့် ပတ်သက်၍ ဖြစ်တတ်ပါတယ်။ စက်ပစ္စည်း အဝယ်မှားနိုင်၍ ဆင်ခြင်ပါ။ မမျှော်လင့်ဘဲ ချစ်သူတွေ့မည်။ အချစ်ဟောင်း၏ ငြိုငြင်မှု့ အပြစ်ပြောခြင်းခံရမည်။

အကျိုးပေးဂဏန်း - ၅၊၃၊၇။

အထူးဟော - ဆင်ခြင်မှု့လေးတွေထားပါ။

ယတြာ - အင်္ဂါနေ့နံနက်တွင် အိမ်ဘုရားကို အောင်သပြေ(၁၉)ညွန့်ကပ်လှူပါ။

ဗုဒ္ဓဟူး

          သင်၏ ရည်မှန်းချက်တွေ တစ်ခုပြီး တစ်ခု အောင်မြင်နေမည်။ အချစ်ရေး နှင့် ပညာရေး တခုခုသာ ရွေးပေတော့။ မဆင်ခြင်ပါက အိမ်ထောင်ကျကိန်းရှိနေတယ်။ သူများမြှောက်လို့ လျှောက်လုပ်လျှင် သင်ဒုက္ခရောက်တတ်တယ်။ အပေါင်းအသင်း ဂရုစိုက်။ ညခရီး မထွက်နှင့်။ ငွေကြေး နှင့် ပစ္စည်းပျောက်တတ်တယ်။ စပ်တူထီ ထိုးလျှင် ပေါက်မည်။ သူများ ကိစ္စ တာဝန်မခံနှင့်။ သင်၏ တယူဿန် တဇွတ်ထိုးစိတ်ကို ယခု တပတ်အတွင်း ဆင်ခြင်လိုက်ပါ။ စက် ၊ ရွှေ ၊ ငွေ ဝင်ကိန်းရှိတယ်။ ရာထူးတက်ခြင်း၊ စာမေးပွဲအောင်မြင်ခြင်း တို့ မုချဖြစ်မည်။

အကျိုးပေးဂဏန်း - ၄၊၉၊၆။

အထူးဟော - ဆင်ခြင်မှု့လေးတွေထားပါ။

ယတြာ - ဗုဒ္ဓဟူးနေ့တွင် တန်ခိုးကြီးဘုရား၏ ရင်တော်ကို ရွှေသင်္ကန်းကပ်ပါ။

ကြာသပတေး

အတိုက်အခံ တွေ တစ်ခုပြီးတစ်ခု ကြုံနေမည်။ ကျော်လွှားနိုင်မည်။ ငွေကြေးရလိုက် မရလိုက်ဖြစ်နေမည်။ ငွေကြေးအခက်အခဲ ဤ တပတ်အတွင်း မရှိပါဘူး။ အဆင်ပြေလာပါလိမ့်မည်။ အချစ်ရေး တစ်ယောက်ပြီး တစ်ယောက်ပေါ်လာမည်။ ဆင်ခြင်နိုင်၍ အိမ်ထောင်မပြုဖြစ်ပါဘူး။ ကိုယ့်ထက် ကြီးသူ အမေ ၊ အဒေါ် ကျန်းမာရေး ဂရုစိုက်ပါ။ ချူချာနိုင်တယ်။ ပညာရေး မုချ အောင်မြင်မည်။ ငွေလိမ်ခံရကိန်း ရှိ​၍ ငွေပေးမချေးရ။ အလုပ်တွေ အားလုံး အဆင်ပြေမည်။ အိမ်ပြောင်း ၊ အိမ်ပြင် ၊ မြေရောင်း ၊ မြေဝယ်ဖြစ်မည်။

အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၇။

အထူးဟော - သင်ကံကောင်းသည်။

ယတြာ - ကြာသပတေးနေ့ နံနက် တွင် အနောက်အရပ်က လမ်းပေါ် ပိုက်ဆံ ၁၀၀ ကျပ် ပံ့သကူပြုပါ။

သောကြာ

ကံဇာတာကောင်းလာပြီ။ အားလုံးလိုလို လန်းဆန်းမည်။ လူချစ်လူခင် ပိုများမည်။ ပညာရေးတွေ အောင်မြင်မည်။ ရာထူးတက်စာမေးပွဲဖြေပါက အောင်မြင်မည်။ အချစ်ရေးမှာ အဟောင်းပို ပစ်ပြီး ချစ်သူကောင်းနှင့်တွေ့မည်။ ယခင်ချစ်သူ ကို မိဘတို့ သဘောမတူသော်လည်း ယခု ချစ်သူ အသစ်ကို သဘောတူ ကြည်ဖြူလိမ့်မည်။ လမ်းခရီး အသစ်တွေ ရောက်မည်။ စီးပွား ဝင်ငွေ ကောင်းမည်။ စက်ပစ္စည်း ဝင်လာမည်။ ဘုမ္မိ အရပ်ဖြစ်သော အရှေ့တောင် အရပ် ခရီးရှောင်ပါ။

အကျိုးပေးဂဏန်း - ၆၊၈၊၁။

အထူးဟော - သင်ကံကောင်းပါပြီ။

ယတြာ - သောကြာနေ့ တွင် အိမ်ဘုရားကို သစ်သီး (၆) မျိုး ကပ်လှူပါ။

စနေ

ရည်ရွယ်ချက် တွေ တစ်ခုပြီး တစ်ခု ပေါ်သော်လည်း အမှန်တကယ်မလုပ်နိုင်ဖြစ်နေမည်။ လုပ်ဖြစ်လျှင် လည်း မုချ အောင်မြင်မည်။ ကြိုးစားမှု့တွေ တဆင့်ပြီး တဆင့်တိုးတက်လာသည် နှင့် အမျှ အောင်မြင်မှု့တွေဖြစ်လာမည်။ ခရီးဝေးတွေရောက်မည်။ ကျန်းမာရေး တွေကောင်းသည်။ ခြေ ၊ လက် အဖျားပိုင်းများ အနာရ တတ်၍ ဆင်ခြင်ပါ။ စက် ၊ ယာဉ် ၊ မြေ တို့ တစ်ခုခု မုချဝင်မည်။ အကြီးအကဲ တို့က ကူညီမှု့ရမည်။ စီးပွားရေး ကောင်းမည်။ လုပ်ဆောင်မှု့ အားလုံး အဆင်ပြေမည်။ ထီထိုးပါ။ မုချပေါက်လိမ့်မည်။ ဘုမ္မိကျသော မြောက်အရက် ခရီးရှောင်ပါ။ အချစ်ရေး ၊ အိမ်ထောင်ရေး ကောင်း၏။ မိတ်ဆွေ အပေါင်းအသင်း အကူအညီရမည်။ အဝေးမှ လက်ဆောင်ရမည်။

အကျိုးပေးဂဏန်း - ၇၊၂၊၀။

အထူးဟော - ထူးချွန်စွာအောင်မြင်မည်။

ယတြာ - စနေနေ့ နံနက်တွင် ဂြိုလ်ပြေနံပြေ စနေနံဘုရားကို ရေအေး ရေသက်စေ့ ရေသပ္ပါယ်ပါ။

BY ဒေါက်တာထွန်းလင်း - ဘုတလင်
From: မြစ်မခမီဒီယာဂရု

Saturday, February 15, 2014

14.2.2014 to 20.2.2014 အထိ ၇ ရက်သားသမီး ဟောစာတမ်း

Posted by drmyochit Saturday, February 15, 2014, under | No comments


တနင်္ဂနွေ

ကံဇာတာကောင်း၏။ လိုအင်ဆန္ဒတွေ ပြည့်ဝမည်။ အချစ်ဟောင်းနှင့် ပြန်ဆုံမည်။ အချစ်လက်ဆောင်တွေ ရမည်။ မမျှော်လင့်ဘဲ ခရီးထွက်ဖြစ်မည်။ မရည်ရွယ်ဘဲ လက်ထပ်ဖြစ်မည်။ ရာထူးတက်၊ လစာတိုးမည်။ ကြီးသူ၁ဦး ချူချာမည်။ စက်ပစ္စည်း ဝင်ထွက်မည်။ မြေရောင်း၊ ဝယ်ဖြစ်မည်။ စာမေးပွဲအောင်မည်။ ကြိုးစားမှုကောင်းသည်။

အကျိုးပေးဂဏန်း - ၁၊၅၊၇။

အထူးဟော - အားလုံးokမည်။

ယတြာ - အုန်းဆွမ်း ဘုရားကပ်လှူပါ။



တနင်္လာ

ပြောတော့တမျိုးလုပ်တော့ တခြားဘဲ အတိုက်အခံတွေ ကျော်လွှားနိုင်မည်။ စီးပွားရေး အောင်မြင်မှုတွေ ရမည်။ အချစ်ရေးကောင်းမည်။ လက်ဆောင်လှလှလေး မုချရမည်။ ယခုရက်ပိုင်းအတွင်း သင်ကံကောင်းပြီ။ သင်လုပ်သမျှတွေ အားလုံး အဆင်ပြေမည်။ ပညာရေးကြိုးစားမှုတွေ အထူးအောင်မြင်မည်။ ချစ်သူအသစ်တိုးမည်။ ခြေ၊ လက်အဖျားပိုင်းတွေ အနာရတတ်သည်။ ဂရုစိုက်ပါ။ ခရီးယာယီတွေ ရောက်မည်။ ကတိ၁ခု လွယ်လွယ်မပေးနှင့်။ လူပေါင်းမှားတတ်သည်။ ဆင်ခြင်ပါ။ လူယုံမထားသင့်ပါ။ စိတ်ဆိုးနေသော ချစ်သူ ပြန်ရောက်လာမည်။

အကျိုးပေးဂဏန်း - ၂၊၄၊၆။

အထူးဟော - အောင်မြင်မည်။

ယတြာ - တနင်္လာနေ့တွင် ငါးလေးတွေ အစာကျွေးပါ။

အင်္ဂါ

သူများအရှုပ်၊ ကိုယ့်အရှုပ်ဖြစ်တတ်၏။ လူပေါင်းမှားမည်။ လူလိမ်၊ ငွေလိမ်ခံရမည်။ အချစ်ရေး၊ အိမ်ထောင်ရေးကောင်းသည်။ ချစ်သူတွေ ပိုများလာမည်။ အချစ်လက်ဆောင် ၁ခုမက ရမည်။ ရုတ်တရက် ကား၊ ဆိုင်ကယ်ခိုက်မိတတ်၍ ဂရုစိုက်ပါ။ ပညာရေးအောင်မြင်မည်။ အလုပ်အကိုင် အဆင်ပြေမည်။ ရာထူးတက်မည်။ ကား၊ စက် ပြောင်းလဲဖြစ်မည်။ အိမ်ထောင်သည် တို့လည်း ဤအပတ်အတွင်း ကျန်းမာရေးဝမ်းဗိုက် ဂရုစိုက်ပါ။ စပ်တူရှယ်ယာ အကျိုးမပေးပါ။ ငွေလိမ်ခံရတတ်သည်။

အကျိုးပေးဂဏန်း - ၈၊၃၊၆။

အထူးဟော - အောင်မြင်မည်။

ယတြာ - အင်္ဂါနေ့နံနက်တွင် အင်္ဂါနံဘုရားကို အောင်သပြေ၁၀ညွန့်လှူပါ။

ဗုဒ္ဓဟူး

ကံဇာတာဆက်တိုက် ကောင်းနေမည်။ အချစ်ရေးပိုများလာမည်။ စိတ်လေမည်။ ချစ်သူထံမှ စာ၊ လက်ဆောင်ရမည်။ စာမေးပွဲအောင်သည်။ စကားပြောဆင်ခြင်ပါ။ လူခင်ချင်း စိတ်ဝမ်းကွဲမည်။ ခရီးယာယီတွေ ရောက်မည်။ ရွှေတို့ဝင်မည်။ ပစ္စည်း၊ ငွေကြေးပျောက်ကိန်း ရှိ၍ ဂရုစိုက်ပါ။ အရင်းနှီးဆုံးသူငယ်ချင်းနှင့် စိတ်ဝမ်းကွဲမည်၊ အထင်လွဲမည်။ ပြန်အဆင်ပြေမည်။ စပ်တူရှယ်ယာ စီးပွားရေးမလုပ်သင့်ပါ။ စိတ်လေနေမည်။ လုပ်ငန်းအားလုံးအောင်မြင်မည်။ မမျှော်လင့်ဘဲ အိမ်ထောင်ကျကိန်း ရှိသည်။ သူများအရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်သည်။ သတိထားပါ။

အကျိုးပေးဂဏန်း - ၄၊၉၊၆။

အထူးဟော - အားလုံးအောင်မြင်မည်။

ယတြာ - ဗုဒ္ဓဟူးနေ့တွင် မြတ်စွာဘုရားရင်တော်ကို ရွှေသင်္ကန်းကပ်ပါ။

ကြာသပတေး

ရည်ရွယ်ချက်တွေ များနေပြီ။ အလုပ်တွေ များနေမည်။ လုပ်ငန်းတွေ အဆင်ပြေမည်။ စာမေးပွဲတွေ အားလုံးအဆင်ပြေမည်။ အင်တာဗျူးတွေ အောင်မြင်မည်။ အချစ်ရေး၊ အိမ်ထောင်ရေး အဆင်ပြေမည်။ ချစ်သူထံမှ လက်ဆောင်ရမည်။ ကွက်ကျော်မြင် အကဲခတ်ကောင်းသော်လည်း ကိုယ့်စိတ်ကို မပိုင်ပါ။ လွတ်လပ်စွာ လုပ်ကိုင်ရခြင်း ဝါသနာပါသော်လည်း မှားမှာစိုးရိမ် နေရတတ်သည်။ လူခင်ချင်း စိတ်ဝမ်းကွဲပြီး ပြန်ခေါ်မည်။

အကျိုးပေးဂဏန်း - ၅ ၊ ၀ ၊ ၂။

အထူးဟော - အောင်မြင်မည်။

ယတြာ - ကြာသပတေးနေ့ နံနက်တွင် ပေါက်ပေါက်ပွင့်လှူပါ။

သောကြာ

တယူသန်၊ တဇွတ်ထိုးလုပ်ဆောင်မှုတွေ ရပ်တန့်ပါ။ မိတ်ဆွေကို ရန်သူထင်တာတွေ လျှော့လိုက်ပါ။ ရည်ရွယ်ချက်မရှိဘဲ လမ်းလျှောက်နေတာ အဓိပ္ပာယ်မရှိဘူးဟု မှတ်ပါ။ အကြီးကဲ အထင်လွဲခြင်း ခံရတတ်၍ ဆင်ခြင်ပါ။ ချစ်သူဟောင်း၏ လက်ထပ်မင်္ဂလာ ဆောင်ရန် တောင်းဆိုမှု ဖြစ်လာမည်။ သူများအိမ်ထောင်ရေးကို မနှောင့်ယှက်ပါနှင့်။ စကားပြောဆင်ခြင်ပါ။ အချစ်လက်ဆောင်ရမည်။ ကျန်းမာရေးချူချာ တတ်သည်။ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၆၊၉၊၄။

အထူးဟော - အားလုံးအဆင်ပြေမည်။

ယတြာ - သောကြာနေ့ တွင် ဘုရား၊သံဃာတော်ကို အုန်းဆွမ်း ကပ်လှူပါ။

စနေ

အားလုံးကံကောင်းနေပြီ။ စာမေးပွဲတွင် အမှတ်ကောင်းနှင့် အောင်မြင်မည်။ အင်တာဗျူးတွေ အောင်မြင်မည်။ စီးပွားရေးလုပ်ငန်းတွေ အောင်မြင်မည်။ စွန့်ခွာပြီးချစ်သူထံမှ လက်ဆောင်ရမည်။ ကိုယ့်ထံပြန်လာလိမ့်မည်။ မလွတ်လပ်သောသူ ထံမှ လက်ဆောင်ရခြင်း၊ ချစ်ရေးဆိုခြင်း ခံရမည်။ စကားပြောဆင်ခြင်ပါ။ ရည်ရွယ်ချက်များမည်။ ၁ခုပြီး၁ခုလုပ်ပါ။ အောင်မြင်မည်။ သင့်ဆန္ဒတော့ သင့်မိသားစုက နံပါတ် ၁ ဟုမှတ်သားခြင်းဖြစ်ပါသည်။ မိဘကို ငဲ့သည်။ အနစ်နာခံသူ ဖြစ်ပါသည်။ အန္တရာယ်ကင်းပါသည်။ ခြေ၊ လက်ဖျားပိုင်း ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၇၊၂၊၉။

အထူးဟော - အောင်မြင်မည်။

ယတြာ - စနေနေ့ နံနက်တွင် လမ်းသန့်ရှင်းရေး လုပ်ပါ။

ဒေါက်တာထွန်းလင်း - ဘုတလင်( GOLD MEDALIST) 
မြစ်မခမီဒီယာ

Friday, February 14, 2014

ဆရာကြီး မင်းသိင်္ခရဲ့ ပညာခွင်အတိုင်း ဟောလိုက်တဲ့ ၇ ရက်သားသမီးများ အတွက် ဗေဒင်

Posted by drmyochit Friday, February 14, 2014, under | 2 comments


တနင်္ဂနွေ သားသမီးများ ဒီရက်တွေအတွင်းမှာ ငွေအထူး ရွှင်နေမယ်။ ရှေ့ဆုံးမှာ (၂၇)အတွဲ လိုက်ပူးနေတဲ့ ထီလက်မှတ်တွေရှာပြီး ထီထိုးသင့်ပါတယ်။ အလှူ မင်္ဂလာ ပွဲလမ်းသဘင်တွေလည်း ကြုံရမယ်။ အဲဒီနေ့မှာ လည်း ထီထိုးပါ။ နိုင်ငံခြား လူမျိုးခြားနဲ့ပတ်သက်တဲ့အလုပ်တွေ အောင်မြင်မယ့်အချိန် ဖြစ်ပါတယ်။

ပြည်တွင်းခရီးတွေလည်း ကောင်းတယ်။ အိမ်အဆောက်အဦးကိစ္စ အောင်မြင်မယ်။ အထည်၊ ထီး၊ ဖိနပ်၊ လျှပ်စစ်ပစ္စည်း၊ ထီ၊ ကား၊ ကျောက်၊ ကွန်ပျူတာ၊ ကင်မရာ၊ ကြက်၊ ငါး အလုပ်များ တိုးချဲ့သင့်သော အချိန်ဖြစ်ပါတယ်။ မိတ်ရင်းဆရာရင်းတွေနဲ့တော့ အဆင်မပြေ လမ်းခွဲ ရတတ်ပါတယ်။ မြေ၊ အမွေ၊ ဖုန်း၊ ပညာရေး၊ သင်တန်းကိစ္စများမှာ စိတ်ရှုပ်ရတတ်တယ်။ အိမ်ထောင်ရှင်များအဖို့ အဆင်မပြေမှုများနေပြီး ချစ်သူရည်းစားများအတွက်ကတော့ ကြည်နူးချမ်းမြေ့ဖွယ်သတင်းကောင်းတွေ

ကြားရတတ်တဲ့ ကိန်းမျိုးပါပဲ။ အာရုံကြော၊ လေ၊ ဝမ်း၊ ဆီး၊ မျက်စိ ကျန်း မာရေး ဂရုစိုက်ဖို့ လိုပါတယ်။ ယတြာ = မြတ်စွာဘုရားမှာ နန်းကြီးသုပ် (၂)ပွဲ လှူဒါန်းလိုက်ပါလေ။

တနင်္လာ သားသမီးများ ဒီရက်တွေအတွင်းမှာ စိတ်လေ စိတ်နှစ်ခွဖြစ်စရာတွေ၊ ဆုံးဖြတ်ရခက်တာတွေ ကြုံရ တတ်ပါတယ်။ စိတ်ရှည်ရှည် ခေါင်းအေးအေးထား ပြီး တိုင်တိုင်ပင်ပင်လုပ်သင့်တဲ့ကိန်းဖြစ်ပါတယ်။ အထင် လွဲ စွပ်စွဲခံရတာ၊ ပြဿနာကြားညပ်တာမျိုးတွေ ကြုံရတတ်တယ်။ နေရာထိုင်ခင်း အဆောက် အဦကိစ္စများ မတင်မကျဖြစ်နေမယ်။ ပြည်တွင်းခရီး၊ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက်မှုအလုပ်တွေမှာ အလွဲအချော် များနေမယ်။ မြေ၊ အမွေ၊ ဖုန်း၊ ပညာရေး၊ အထည်၊ ထီး၊ ဖိနပ်၊ ဓာတ်ပုံ၊ လျှပ်စစ်ပစ္စည်း လုပ်ငန်းတွေမှာတော့ တိုးချဲ့ပြီးလုပ်သင့်ပါတယ်။ အလုပ်တွေလုပ်ရပြီး ငွေမြုပ်နေတတ် တဲ့ကိန်းမျိုးဖြစ်ပါတယ်။ ဝန်ထမ်း၊ ရာထူး၊ နိုင်ငံခြားကိစ္စတွေမှာတော့ အထူးကောင်းပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများအနေနဲ့ လမ်း ခွဲရမတတ်ဖြစ်တာ၊ ခွဲခွာနေရတာမျိုးတွေ ကြုံရတတ်ပါတယ်။ အကြောအဆစ်၊ အစာမှားဆေးမှား၊ သွား၊ သွေး ကျန်းမာရေးသတိထားဖို့ လိုပါတယ်။ အထူးသဖြင့်ကတော့ စိတ်ကြောင့် ကျန်းမာရေးညံ့တတ်ပါတယ်။ ထီဝါသနာပါရင် (၅၇)ပူးနေတဲ့ဂဏန်း ရှေ့ကထားပြီး ထိုးပါ။ ယတြာ = ဘုရားတစ်ဆူဆူရဲ့ ကြာသာ ပတေးထောင့်မှာ ထီးဖြူ ၁၂ လက်လှူဒါန်းပြီး ဆုတောင်းလိုက်ပါလေ။

အင်္ဂါ သားသမီးများ ဒီရက်တွေအတွင်းမှာ အစစအရာရာ သတိကြီးစွာထားဖို့လိုပါတယ်။ ရန်ပတ်လည်ဝိုင်း သလိုဖြစ်နေတယ်။ ပြဿနာကြီးတွေ တစ်ခုပြီး တစ်ခု ရှင်းနေရတတ်ပါတယ်။ ကိုယ့်ကိစ္စမဟုတ်ရင်လည်း သူတစ်ပါးကိစ္စမှာ ကြားညပ်တတ်ပါတယ်။ ဆီး၊ မျက်စိ၊ နား၊ နှာခေါင်း၊ အစာအိမ် ဒုက္ခပေးတတ်ပါတယ်။ ခရီးကံအလွန်ကောင်းသောအချိန်ဖြစ်ပါတယ်။ အဝေးကလည်း အကူအညီကောင်းတွေ ရတတ်တယ်။ အိမ်ကိစ္စ၊ အဖိုးတန် ပစ္စည်း ဝယ်ရောင်းကိစ္စတွေ အောင်မြင်မယ်။ အိမ်ဆောက်ပစ္စည်း၊ အုတ်၊ သစ်၊ သံ၊ သွပ်၊ အသီးအနှံ၊ ရေထွက်ကုန်၊ ခရီးသွားလုပ်ငန်းတွေ အကျိုးပေးမယ့်အချိန်ဖြစ်ပါတယ်။ မြေ၊ အမွေ၊ ဖုန်း၊ ပညာရေးကိစ္စများ ဆုံးဖြတ်ရခက်နေမယ်။ အိမ်ထောင်ရှင်များအတွက် အိမ်ထောင်ဖက်ရဲ့ သတင်းေ ကာင်း ကြားရတတ်ပြီး ချစ်သူရည်းစားများအတွက်ကတော့ ဝေးလေကောင်းလေဆိုတဲ့ ကိန်းမျိုးဖြစ်နေပါ တယ်။ ထီဝါသနာပါရင် (၁၆) အတွဲလိုက်ပူးနေတဲ့ဂဏန်းကို ရှေ့မှာထားပြီး ထိုးပါ။ ယတြာ = ဘုရားတစ်ဆူ ဆူရဲ့ ထောင့်မှာ ထီးနီသက်စေ့ လှူဒါန်းပြီး ဆုတောင်း လိုက်ပါလေ။

ဗုဒ္ဓဟူး သားသမီးများ ဒီရက်တွေအတွင်းမှာ အိမ်၊ ဆိုင်၊ စက်၊ အသုံးအဆောင်အသစ်တွေ တစ်ခုပြီးတစ်ခု ဝင်လာတတ်ပါတယ်။ တစ်ခုရှိတာက ရှိပြီးသား ပစ္စည်းတွေကတော့ ထွက်တာ၊ ပျက်တာ များနေမယ်။ ငွေ များများ ကိုင်မထားသင့်ပါဘူး။ အဲဒီငွေဟာ ဆေးဖိုးဝါးခဖြစ်သွားတတ်ပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက်မှု၊ စာအုပ်စာတမ်း၊ အိမ်ဆောက်ပစ္စည်း၊ စပ်တူရှယ်ယာ၊ အဆောက်အဦကိစ္စတွေ အောင်မြင်အကျိုးပေး မယ့်အချိန်မျိုး ဖြစ် ပါတယ်။ ခရီးသွားလာရေးကိစ္စတွေ အလွဲလွဲအချော်ချော်ဖြစ်နေတတ်ပါတယ်။ နိုင်ငံခြား ရပ်ဝေးနဲ့ ပတ်သက်လို့ မထင်မှတ်ဘဲ အခွင့်အလမ်းကောင်း တွေ ပေါ်ပေါက်လာတတ်ပါတယ်။ မိတ်ဆွေရင်း ဆရာရင်းတို့ကြောင့် စိတ်ရှုပ်ခေါင်းစားရတတ်ပါတယ်။ ဘာမဆို မတင်မကျ၊ မရေမရာဖြစ်နေတတ် တာလေးကို သတိပြုပါ။ စိတ်ရှည်ပါ။ အိမ်ထောင်ရှင်များအတွက် အထစ်အငေါ့တွေ ပြေလည်သွားမယ်။ ချစ်သူ ရည်းစားများ ကံနိမ့်နေတဲ့ကိန်းမျိုး ဖြစ်ပါတယ်။ ထီဝါသနာပါရင် (၁၃)အတွဲလိုက် ပူးနေတဲ့ ဂဏန်း ရှေ့မှာထားပြီးထိုးပါလေ။ ယတြာ = မြတ်စွာဘုရားမှာ အုန်းသီးပါသော မုန့်လှူဒါန်းပါလေ။

ကြာသပတေး သားသမီးများ ဒီရက်တွေအတွင်းမှာ ထွက်နေ ဆုံးရှုံးနေတာတွေ ပြန်ရတတ်ပါ တယ်။ ငွေဟောင်း ပစ္စည်းအဟောင်း အလုပ်ဟောင်း နေရာဟောင်းတွေနဲ့ ပြန်ပြီး ပတ်သက်ရတတ် ပါတယ်။ ပြဿနာဟောင်း၊

ရောဂါဟောင်းတွေလည်း ပြန်ပေါ်လာတတ်ပါတယ်။ မနာလိုအပြိုင်အဆိုင်ပေါနေမယ်။ ဘာ မဆို အပြိုင် အဆိုင်ကြားက အောင်မြင်လိမ့်မယ်။ ငွေ တအားရွှင်မယ်။ ရတနာပစ္စည်းတွေ ဝင်တတ်တယ်။ လျှပ်စစ် ပစ္စည်း၊ အလှကုန်၊ ကား၊ ကျောက်၊ ကွန်ပျူတာ၊ ကင်မရာ၊ ကြက်၊ ငါး လုပ်ငန်းတွေ အကျိုးပေးအောင်မြင် မယ့်အချိန်ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပခရီးကိစ္စတွေမှာတော့ သို့လောသို့လော မရေမရာဖြစ်နေမယ်။ စပ်တူရှယ်ယာ အလုပ်၊ စာချုပ်စာတမ်းကိစ္စတွေမှာ သတိထားပါ။ ဆီး၊ မျက်စိ၊ အစာအိမ်၊ သွား၊ သွေး ဂရုစိုက်ပါ။ အိမ်ထောင်ရှင်များ ကောင်းသောခွဲခြင်းကြုံရတတ်ပြီး ငယ်ရွယ်သူများအတွက် မင်္ဂ္လာလမ်းပွင့်တဲ့ အချိန်ဖြစ်ပါတယ်။ ထီဝါသနာပါရင် (၂၄) အတွဲလိုက်ပူးနေတဲ့ဂဏန်း ရှေ့မှာထားပြီး ထိုးသင့်ပါတယ်။ ထိုးဖြစ်အောင်ထိုးဖို့လည်း တိုက်တွန်းချင်ပါတယ်။ ယတြာ = မြတ်စွာဘုရားမှာ ခေါက်ဆွဲကြော် ဆွမ်းတော် ကပ်လှူပါလေ။

သောကြာ သားသမီးများ ဒီရက်တွေ အတွင်းမှာ အဖက်ဖက်က အခြေအနေကောင်းတွေ ကြုံလာမယ်။ စီးပွားရေးလုပ်ငန်းတွေ အထူးတိုးချဲ့သင့်တဲ့ အခါသမယ ပါပဲ။ မိတ်ကောင်း ဆရာကောင်းတွေ တွေ့မယ်။ စပ်တူရှယ်ယာအလုပ်၊ ပြည်တွင်းပြည်ပခရီး၊ ပညာရေးကိစ္စတွေ အထူးကောင်းပါတယ်။ ဆန်၊ ဆီ၊ ဆေး၊ ဆား၊ စက်မှု၊ စာအုပ်၊ မြေ၊ အမွေ၊ ဖုန်း ကိစ္စများမှာ အောင်မြင်မယ်။ အလှူအတန်း၊ မင်္ဂ္လာပွဲများနဲ့ လည်း ကြုံကြိုက်ရတတ်ပါတယ်။ ဘာသာရေးလုပ်သလောက် ကံပွင့်လန်းနေမယ့်ရက်မျိုးဖြစ်ပါ တယ်။ ဆွေမျိုး သားချင်းများနဲ့တော့ ပြဿနာကြီးကြီး

မားမားတွေ ဖြစ်ရတတ်ပါတယ်။ လူရင်းတို့ရဲ့ မကောင်းသတင်းတချို့လည်း ကြားရတတ်ပါတယ်။ အထည်၊ ထီး၊ ဖိနပ်၊ ရွှေ၊ အောက်လက်ငယ်သားတို့အတွက်တော့ စိတ်ရှုပ်ခေါင်းစားရတတ်ပါတယ်။ ချစ်သူရည်းစား များ ဆုံးဖြတ်ရခက်တဲ့အခြေအနေ ကြုံလာမယ်။ အိမ်ထောင်ရှင်ဆိုရင် အညံ့များနေပါတယ်။ ထီထိုးမယ် ဆိုရင် ရှေ့မှာ (၃၅)ပူးနေတဲ့ ထီလက်မှတ်ဟာ လာဘ်လာဘတွေ ခေါ်ဆောင်လာပါလိမ့်မယ်။ ဒူး၊ နား၊ ရင်ဘတ် သတိထားပါ။ ယတြာ = မြတ်စွာဘုရားမှာ ဆီထမင်း ဆွမ်းတော် ကပ်လှူပါလေ။

စနေသားသမီးများ ဒီရက်တွေအတွင်းမှာ လုပ်ငန်းသစ်စခြင်း၊ နေရာပြောင်းခြင်း၊ အခြေအနေပြောင်းတဲ့ ကိစ္စများ အကျိုးပေးအောင်မြင်နိုင်ပါတယ်။ ပြည်တွင်း ပြည်ပခရီးတွေ အောင်မြင်မယ်။ ထွက်နေတဲ့ ငွေတွေ၊ ပစ္စည်းတွေ အောင်မြင်မယ်။ ကွဲကွာနေ သူများနဲ့ ပြန်လည်ဆုံဆည်းရတတ်ပါတယ်။ အသီး အနှံ၊ သစ်၊ သံ၊ သွပ်၊ ရေထွက်ကုန်၊ ရွှေ၊ အလှကုန်၊ လျှပ်စစ်ပစ္စည်း၊ ခရီးသွားလုပ်ငန်းတွေ အောင်မြင်နိုင်သော အချိန်ဖြစ်ပါ တယ်။ ငွေကတော့ တအားဝင်ပြီး တအား ထွက်နေလိမ့်မယ်။ ဝမ်းဗိုက်၊ ဦးခေါင်း၊ အဆစ်အမြစ်၊ ကျန်းမာရေး ဂရုစိုက်ဖို့ လိုပါတယ်။ အိမ်ထောင်ရှင်များ၊ ချစ်သူရည်းစားများ ဆုံးဖြတ်ရခက်တဲ့ အခက်အခဲလေးတွေ ကြုံ လာရတတ် ပါတယ်။ ဘာမဆို အထစ်အငေါ့လေးတွေ ကြုံပေမဲ့ အောင်မြင်နိုင်သောကိန်း ဖြစ်ပါတယ်။ ထီဝါသနာပါသူများ ရှေ့ဆုံးမှာ (၄၆) ပူးနေတဲ့ဂဏန်းကို ထိုးသင့်ပါတယ်။ ယတြာ = မြတ်စွာဘုရားမှာ သံပုရာရည် ၄ ခွက် လှူဒါန်း လိုက်ပါလေ။ 



By Yoyarlay

Thursday, February 13, 2014

ကမ္ဘာကျော် နက္ခတ်ဗေဒပညာရှင် Jonathan Cainer ၏ ၂၀၁၄ ခုနှစ်အတွက် ဟောစာတမ်း

Posted by drmyochit Thursday, February 13, 2014, under | No comments


ဗေဒင်ဝါသနာအိုး

AQUARIUS ကုမ်ရာသီဖွား (ဇန်န၀ါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၁၉ရက်အတွင်း မွေးဖွားသူ)
=================
ဗေဒင်ဝါသနာအိုး

ကုမ်ရာသီဖွားအတွက် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ထိ ကံကောင်းစေသော နှစ်တွေပဲဖြစ်ပါတယ်။ ဒီအတောအတွင်းမှာ ကုမ်ရာသီဖွားအားလုံးဟာ အမှန်တရားလက်ကိုင်ထားဆောင် ရွက်ရမယ့် နှစ်လဲဖြစ်ပါတယ်။ ကုမ်ရာသီဖွားတွေ အစွဲအလန်းကြီးသူများဖြစ်ကြပြီး ဒီနှစ်အတွက် ကိုယ်ပိုင် စိတ်ကူး၊ အကြံဥာဏ်ဖြင့် ဆောင်ရွက်ခြင်းတွေထက် တပါးသူရဲ့ စိတ်ကူး၊ အကြံဥာဏ်တွေက ပိုမိုကောင်းမွန်တဲ့ အခြေအနေတွေကို ရရှိစေမှာဖြစ်ပါတယ်။
ကုမ်ရာသီဖွားတွေဟာ အစွဲအလန်းကြီးသူများဖြစ်ကြပါတယ်။ ဒီနှစ်မှာ စကားပြောဆင်ခြင်သင့်ပြီး စကားပြော မှား၍ ပြသာနာဖြေရှင်းရ တတ်ပါတယ်။ ဒါကြောင့် ကုမ်ရာသီဖွားတွေအတွက် ထင်မြင်ချက်ဖြင့် ဇွတ်တရွက် လုပ်ဆောင်ရန်မသင့်ပါ။ မိမိထင်မြင်ချက်ဖြင့် လုပ်ဆောင်မှုတွေကြောင့် အမှားအယွင်းတွေ တွေ့ကြုံနိုင်ပါတယ်။ မဆင်မခြင်မပြုလုပ်သင့် ပင်မယ့် အရေးကြီးကိစ္စတွေမှာ ရဲရဲရင့်ရင့်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုတွေ ရရှိနိုင်မှာဖြစ်ပါတယ်။ မလုပ်ချင်တဲ့ အရာမျိုးကို လုပ်ကိုင်နေရလင့်ကစား ထိုအခြေအနေအတွင်းကပင် မိမိအတွက် အခွင့်အရေး ပေါ်ပေါက်နိုင်သော အခြေအနေမျိုးရရှိနိုင်သည်။

PISCES မိန်ရာသီဖွား ( ဖေဖော်ဝါရီ ၂၀ ရက်မှ မတ်လ ၂၀ရက်အတွင်းမွေးဖွားသူ)
======================
ဗေဒင်ဝါသနာအိုး

ပျော်ပျော်ရွှင်ရွှင်ဖြင့် ဖြတ်သန်းသင့်သော ကာလဖြစ်ပါသည်။ မိမိဆုံးဖြတ်ချက်ဖြင့် အရာရာကို လုပ်ဆောင်သင့် သော ကာလဖြစ်ပါတယ်။ မိန်ရာသီဖွားတွေအတွက် ပြသနာနဲ့တွေ့ကြုံရင် ဘာဖြစ်မှာလဲဆိုတဲ့ စိုးရိမ်စိတ်မထား ဘဲ မလုပ်နိုင်ပါဘူးလို့ပြောမယ့်အစား ပြသနာရှိရင် အဖြေရှိတယ်၊ ဖြေရှင်းနိုင်တယ် ဆိုပြီး ပေါ့ပေါ့ပါးပါး ဆောင်ရွက်သင့်သော ကာလဖြစ်ပါတယ်။ အဖြေရှာပြီး အေးအေးဆေးဆေး ဖြေရှင်းခြင်းဖြင့် အောင်မြင်နိုင် မှာဖြစ်ပါတယ်။ မိန်ရာသီဖွားတွေဟာ အရာရာကို မိမိကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်ခြင်းကို နှစ်သက်ပြီး တီထွင်ကြံဆနိုင်သူများလည်းဖြစ်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လိုသူများလည်းဖြစ်ပါတယ်။
မိန်ရာသီဖွားတွေဟာ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာဖြင့် လေးလေးနက်နက်ဖြင့် လုပ်ဆောင်တတ်သူများဖြစ်ကြပြီး ဒီနှစ်အတွက် ယတြာအနေဖြင့် “ငါသိတယ် ငါလုပ်နိုင်တယ် ငါဟာ အရာရာကို အောင်မြင်နိုင်တယ်” ဆိုပြီးကြိမ်ဖန်များစွာ ရွတ်ဆိုနေရမှာဖြစ်ပါတယ်။ ဒီနှစ်ဟာ မိန်ရာသီဖွားတွေအတွက် ကံတရားက အကောင်းဆုံးအရာတွေ ရရှိစေနိုင်မယ့် နှစ်လဲဖြစ်ပါတယ်။

Aries မိဿရာသီဖွား ( မတ်လ ၂၁ ရက်မှ ဧပြီလ ၂၀ရက်အတွင်းမွေးဖွားသူ)
============
ဗေဒင်ဝါသနာအိုး

၂၀၁၄ ခုနှစ်သည် သင်၏ စီမံထားသည့် အဓိကဆက်ဆံရေး များ ( အချစ်ရေးနှင့် စီးပွားရေးရာ များသာမက ) တွင် အဆင်မပြေမှုများ လျော့နည်းမည်။ ယခင်က သင့်အား စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သူပင် ဖြစ်လင့်ကစား ၂၀၁၄ ခုနှစ်တွင် ၎င်းနှင့် ကောင်းမွန်သောဆက်ဆံရေးကို ရရှိမည် ဖြစ်သည်။
စိတ်ဖိစီးမှု များမည်။ သို့ရာတွင် ယင်းတို့ကို ၂၀၁၄ ခုနှစ်၏ အကောင်းဆုံး သင်ခန်းစာများအဖြစ် မှတ်ယူမည် ဆိုပါက အောင်မြင်မှုရရှိမည် ဖြစ်သည်။

Taurus ပြိဿရာသီဖွား ( ဧပြီ ၂၁ ရက်နေ့မှ မေလ ၂၁ ရက်နေ့ အတွင်း မွေးဖွားသူ)
=============
ဗေဒင်ဝါသနာအိုး

အပြောင်းအလဲများစွာနှင့် ကြုံတွေ့ရမည့်နှစ် ဖြစ်သည်။ ကောင်းသော ပြောင်း လဲခြင်းနှင့် အကျိုးရှိသော အပြောင်းအလဲများ ဖြစ်မည်။ သမားရိုးကျမဟုတ်သော အရာများနှင့် ကြုံတွေ့ရမည်။ ယင်းတို့ကို ၂၀၁၄ ခုနှစ် အတွက် အခွင့်အလမ်းများအဖြစ် မှတ်ယူအသုံးချတတ်ရမည်။
သင်၏ စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးနေလိမ့်မည်။ ၂၀၁၄ ခုနှစ်တွင် သင့်အတွက် အကျများရှိသလို အတက်များလည်း ရှိမည် ဖြစ်သည်။ ယခုနှစ်အတွင်း သင်လုပ်ချင်သော အရာများကိုသာမက မလုပ်ချင်သော အရာများပါ ဖြစ်ထွန်းလာမည်။

Gemini မေထုန်ရာသီဖွား ( မေလ ၂၂ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့ အတွင်း မွေးဖွားသူ)
===============
ဗေဒင်ဝါသနာအိုး

ဤရာသီဖွားများအတွက် ၂၀၁၄ ခုနှစ်သည် အထူးကောင်း မွန်သော နှစ်တစ်နှစ် ဖြစ်သည်။ စိတ်လှုပ်ရှားစရာ များ၊ အပြောင်းအလဲ များနှင့် ကြုံတွေ့ရမည်။ သမားရိုးကျမဟုတ်သော အရာများနှင့် ကြုံတွေ့ရမည်။ ယင်းတို့ကို ၂၀၁၄ ခုနှစ် အတွက် အခွင့်အလမ်းများအဖြစ် မှတ်ယူအသုံးချတတ်ရမည်။
သင်၏ စိတ်ဝင်စားမှုအားလုံး ပျောက်ဆုံးနေလိမ့်မည်။ ၂၀၁၄ ခုနှစ်တွင် သင့်အတွက် အကျများရှိသလို အတက်များလည်း ရှိမည် ဖြစ်သည်။ ယခုနှစ်အတွင်း သင်လုပ်ချင်သော အရာများကိုသာမက မလုပ်ချင်သော အရာများပါ ဖြစ်ထွန်းလာမည်။

Cancer ကရကဋ်ရာသီဖွား ( ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင် ၂၃ ရက် အတွင်း မွေးဖွားသူများ)
==============
ဗေဒင်ဝါသနာအိုး

၂၀၁၄ ခုနှစ်သည် ဤရာသီဖွားများအတွက် အကောင်းဆုံးနှစ်ဖြစ်ရန် အလားအလာကောင်းများ တွေ့ရသည်။ ဂျူပီတာဂြိုလ်၏ တည်ရှိနေမှုသည် သင့်အတွက် တားဆီးဟန့်တားကန့်သတ်မှုများမှ လွတ်မြောက်မည့် အသွင်ဆောင်သည်။
သင့်အနေဖြင့် မလုပ်သင့်ဟု ထင်သည့်အတွက် မြိုသိပ်ထားခဲ့ရသည့် အတိတ်က ခံစားချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြသနိုင်မည် ဖြစ်သည်။ တစ်နှစ်ပတ်လုံး အတက်ကျ များစွာကို ဖြတ်သန်းရမည် ဆိုသော်လည်း ယေဘူယျအားဖြင့် အားလုံးကောင်းမွန်သည်။

LEO သိဟ်ရာသီဖွား (ဇူလိုင်လ ၂၄ ရက်မှ သြဂုတ်လ ၂၃ ရက်အတွင်းမွေးဖွားသူ)
=============
ဗေဒင်ဝါသနာအိုး

၂၀၁၄ ခုနှစ်တစ်ခုလုံး ကံကောင်းမှုများကို ရရှိမည်ဖြစ်သည်။ နှစ်စပိုင်းတွင် ကံကောင်းမှုများ စိတ်ကျေနပ် လောက်ဖွယ် အပြည့်အ၀ ရရှိမည်မဟုတ်။ သို့သော်လည်း တစ်နှစ်ပတ်လုံး နယ်ပယ်အားလုံးတွင် အောင်မြင်မှု ရရှိခြင်း၊ ဆုံးရှုံးမှုများ ပြန်ရခြင်း နှင့် တိုးတက်မှုခြင်းကို ရရှိမည်ဖြစ်သည်။ ကူညီပံ့ပိုးမှု၊ အသိအမှတ်ပြုမှု ၊ လေးစားယုံကြည်ခံရခြင်းများ ရရှိမည်ဖြစ်သည် ။ ၂၀၁၄ ခုနှစ်သည် သင့်အတွက် ကောင်းမွန်သော ဆက်ဆံရေး များ တည်ဆောက်နိုင်ခြင်းနှင့် သင်လိုအပ်သည်များ ကို အောင်မြင်အောင်လုပ်ဆောင်နိုင်မည့် နှစ်ဖြစ်သည်။

VIRGO ကန်ရာသီဖွား ( သြဂုတ်လ ၂၄ ရက်မှ စက်တင်ဘာလ ၂၃ ရက် အတွင်း မွေးဖွားသူ)
============
ဗေဒင်ဝါသနာအိုး

၂၀၁၄ ခုနှစ်သည် သင်နှင့် ရင်းနှီးသူများနှင့် ဆက်ဆံရေးကို ပြန်လည် အကဲဖြတ်မှုများ ပြုလုပ်ရမည့် နှစ်ဖြစ်ပြီး အရာအားလုံး တွင် ကျေနပ်ဖွယ်ရာဆက်ဆံမှုရှိမည်မဟုတ်ပေ။ ဆက်သွယ်ဆောင်ရွက်မှုများပြုလုပ်ရာတွင် သင်၏ လုပ်ဆောင်ချက်သည် ပဋိပက္ခများတွက်မဟုတ်ဘဲ ပူးပေါင်းဆောင်ရွက်မှုများအတွက် ဦးတည် လုပ်ဆောင်ရန် အရေးကြီးသည်။ ကမ္ဘာကြီးသည် သင်၏ ရန်သူမဟုတ်ဘဲ မိတ်ဆွေဖြစ်သည်ကို ပြသနိုင်မည့် သက်သေတစ်ခု အဖြစ် ပျော်ရွှင်ဖွယ်ကောင်းသည့် တိုးတက်မှုတစ်ခုကို ၂၀၁၄ ခုနှစ်အတွင်း ဆောင်ရွက်နိုင် မည်ဖြစ်သည်။

LIBRA တူရာသီဖွား (စက်တင်ဘာ ၂၄ ရက်မှ အောက်တိုဘာ ၂၃ ရက် အတွင်းမွေးဖွားသူ)
============
ဗေဒင်ဝါသနာအိုး

၂၀၁၄ခုနှစ် တွင် သင်၏ သြဇာအရှိန်အ၀ါမြင့်မားမည့်နှစ်ဖြစ်သည်။ မိမိကိုယ်ကိုယုံကြည်မှုနည်းပါးခြင်းကြောင့် ကြောက်ရွံ့မှုများ၊ စိုးရိမ်မှုများကို ဖြစ်ပေါ်စေမည်ဖြစ်သည်။ သင်၏ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ချမ်းမြေ့မှု၊ ပျော်ရွှင်မှုများကို ရရှိမည်ဖြစ်သည်။ ယခုနှစ်အတွင်း စိန်ခေါ်မှုများကို အပြုသဘောဆောင် သည့် နည်းလမ်းများဖြင့် အကောင်းမွန်ဆုံး ကိုင်တွယ်ဖြေရှင်းနိုင် မည်။အောင်မြင်မှုလမ်းကြောင်း၏ ရလဒ်များ အဖြစ် ကြည်နူးဖွယ်ကောင်းသည် တိုးတက်မှုများကိုယခုနှစ်အတွင်း ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

SCORPIO ဗြိစ္ဆာရာသီဖွား (အောက်တိုဘာလ ၂၄ ရက်မှ နိုဝင်ဘာလ ၂၂ ရက် အတွင်းမွေးဖွားသူ)
============
ဗေဒင်ဝါသနာအိုး

ယခုလတ်တလောတွင် သင့်အနေဖြင့် စိန်ခေါ်မှုများ စူးစမ်းရှာဖွေမှု များနှင့်ပြည့်နှက်နေသည့် ခရီးလမ်းကို လျှောက်လှမ်းနေရမည်ဖြစ်သည်။ ထို့ကြောင့် ဘ၀တွင် ခက်ခဲသည့် အချိန်များကို တွေ့ကြုံရနိုင်သော်လည်း သင့်၏ ပျော်ရွှင်ချမ်းမြေ့မှုများကို တားဆီးနိုင်ခြင်းမရှိပါ။ ၂၀၁၂ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်းသည် Scorpio ရာသီဖွားများသည် puluto ဂြိလ်နှင့် Uranus ဂြိုလ်ကြားကျရောက်နေသည့်အတွက် နိုးနိုးကြားကြားနေရမည့် အချိန်ကာလဖြစ်သည်။ သို့သော် ၂၀၁၄ ခုနှစ်တွင် သင့်မလိုချင်သည့် မဖြစ်ချင်သည့် ကိစ္စများအားလုံးကို ချိန်ထားခဲ့နိုင်မည်ဖြစ်ပြီး ကြီးကျယ်မြင်မြတ်မှုများစွာကို ရရှိပိုင်ဆိုင်နိုင်ခြင်း၊ ကောင်းမွန်သော အနာဂတ်ပိုင်ဆိုင် ခြင်းများ ရရှိမည်ဖြစ်သည်။

SAGITTARIUS ဓနုရာသီဖွား (နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၁ရက် အတွင်း မွေးဖွားသူ)
============
ဗေဒင်ဝါသနာအိုး

၂၀၁၄ ခုနှစ်သည် ဓနုရာသီဖွားများအတွက် အလွန်အရေးကြီးသော နှစ်တစ် ခုဖြစ်သည်။ ဒီနှစ်အတွင်းမှာ အပြောင်းအလဲများစွာတွေ့ကြုံနိုင်ပါတယ်။ ဒီနှစ်မှာ ဓနုရာသီဖွားတွေအတွက် အလွန် အတက်အကျ များသော နှစ်တစ်နှစ် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဓနုရာသီဖွားတွေ သတိထားရမည့် နှစ်တစ်နှစ်ဖြစ်ပြီး သနားလွယ် ယုံလွယ်သူများဖြစ်တာမို့ မိမိကိုယ်တိုင်ရဲ့ ရင့်ကျက်မှု၊ ပညာရှိမှုတို့ဖြင့် ဆောင်ရွက်နိုင်မှသာလျှင် ပိုမိုကောင်းမွန် တဲ့ အခြေအနေတစ်ခု ရရှိနိုင်မှာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ်မှာ ပြသနာတွေ တွေ့ကြုံနိုင်ပါတယ်။ ၂၀၁၃ ခုနှစ်က ဖြစ်ပျက်ပြီးခဲ့တဲ့ ကိစ္စတွေဟာလည်း ပြသနာ အဖြစ် ပြန်လည်ရောက်ရှိလာတက်ပါတယ်။ ဓနုရာသီဖွားတွေအနေနဲ့ မိမိကိုယ်ကို ထိန်းကျောင်းနိုင်တဲ့ စွမ်းအား ရှိရမှာဖြစ်ပါတယ်။ “ငါဟာ ကမ္ဘာပေါ်မှာ ငါလိုချင်တဲ့အရာတိုင်းကို ယူနိုင်တဲ့အစွမ်းရှိတယ်။ ဒါကြောင့်မို့ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ရင်ဆိုင်နိုင်စွမ်းရှိတယ်” ဆိုတဲ့ စိတ်ဓာတ်မျိုးထားရှိရမှာဖြစ်ပါတယ်။
အဲဒီလို တွေးခေါ်နိုင်မှသာ ဒီနှစ်ဟာ ဘယ်လို အတက်အကျတွေပဲ ရှိတယ်ပဲဆိုဆို ကိုယ်လုပ်တဲ့ အရာမှန်သ မျှကို ဖြစ်ပါ့မလားလို့ လုပ်ကိုင်ခြင်းမျိုးမဟုတ်ပဲ အလုပ်စ လုပ်ကိုင်တယ်ဆိုရင်ပဲ ဖြစ်ကိုဖြစ်တယ် ဆိုသည့် စိတ်ဓာတ်မျိုးဖြင့်သာ လုပ်ကိုင်လျှင် အောင်မြင်မည်ဖြစ်သည်။

CAPRICORN မကာရ ရာသီဖွား (ဒီဇင်ဘာ ၂၂ရက်မှ ဇန်န၀ါရီ ၂၀ရက်အတွင်း မွေးဖွားသူ)
===============
ဗေဒင်ဝါသနာအိုး

မကာရရာသီဖွားတွေ အတွက် ၂၀၁၄ ခုနှစ်ဟာ အရာရာတိုင်း လွယ်ကူတယ်လို့မဆိုနိုင်သော်လည်း မကာရရာသီဖွားတွေဟာ အနစ်နာခံတတ်ပြီး ကောင်းမွန်တဲ့အခြေအနေတွေကို ဖန်တီးနိုင်တဲ့ စွမ်းရည်ရှိပြီးသူ တွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကောင်းတယ် ဆိုးတယ်ဆိုတာ မကာရ ရာသီဖွားတွေရဲ့ အပေါ်မှာသာ မူတည်နိုင် ပါတယ်။
၂၀၁၄ ခုနှစ်မှာ မကာရရာသီဖွာတွေဟာ မကောင်းတဲ့ အခြေအနေတွေ ဖြစ်ပေါ်နေလင့်ကစား ကောင်းမွန်တဲ့ ရလဒ်တွေ ရရှိနိုင်မယ့် နှစ်ဖြစ်ပါတယ်။ ကံကောင်းခြင်းတွေဟာလည်း မခန့်မှန်းနိုင်တဲ့ အတွေ့အကြုံတွေ အခြေအနေတွေကြားထဲကပင် ဖြစ်ပေါ်နေမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနှစ်ဟာ မကာရ ရာသီဖွားတွေရဲ့ ဘဝလမ်းကြောင်း မှာ ကောင်းမွန်တဲ့ အနာဂတ်ဖြစ်စေတဲ့ အချိန်ကာလဖြစ်ပါတယ်။ မကာရရာသီဖွားတွေအတွက် စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ခြင်းတွေကြားထဲကပင် တိုးတက်နိုင်တဲ့ အခြေအနေတွေ ရရှိမှာဖြစ်ပါတယ်။ စိတ်ညစ်ခြင်း၊ စိတ်ရှုပ်ခြင်းတွေ ခံစားနေရလင့်ကစား ရင့်ကျင့်မှု၊ စိတ်ရှည်မှုနဲ့ အခြေအနေတွေကို ကောင်းမွန်တဲ့ဘက် ရရှိအောင် ကြိုးစားဆောင်ရွက်ရမှာဖြစ်ပါတယ်။ ရင့်ကျက်မှု စိတ်ရှည်မှုတွေနဲ့ ဆောင်ရွက်မယ်ဆိုရင် တိုက်ခိုက်နှောင့်ယှက်သူတွေတောင် ရပ်တန့်ပြီး ကိုယ်ဘက်ပါဝင်လာမှာဖြစ်ပါတယ်။
ဒါကြောင့် ၂၀၁၄ ခုနှစ်ဟာ မကာရရာသီဖွားတွေအတွက် စိတ်ရှည်သည်းခံဖြင့် အောင်မြင်နိုင်သော နှစ်တစ်ခုဖြစ်တယ်။ ပြသနာတွေနဲ့ တွေ့ကြုံနိုင်ပင်မယ့် အောင်မြင်ခြင်းတွေ ရရှိနိုင်မယ့် နှစ်တစ်ခုဖြစ်ပါတယ်။

MOI Webportal Myanmar ( ဗေဒင်ဝါသနာအိုး )

Friday, February 07, 2014

၇-၂-၂၀၁၄ မှ ၁၃-၂-၁၄ ထိ ၇ရက်ဟောစာတမ်း

Posted by drmyochit Friday, February 07, 2014, under | No comments

တနင်္ဂနွေ

ရည်ရွယ်ချက်များနေသည်။ တစ်ခုပြီး မှ တစ်ခုလုပ်လျှင်အောင်မြင်မှုရမည်။ သင်၏ မေ့လျော့ပေါ့ဆ မှု့ကြောင့် လုပ်ငန်းမှာ စိတ်ရှုပ်မှုတွေ ကြုံလိမ့်မည်။ ချစ်သူ နှင့် လည်း အဆင်မပြေမှုတွေ ကြုံမည်။ ကတိတစ်ခု လွယ်လွယ်မပေးလေနှင့် ။ လူခင်ခြင်း မုန်းရတတ်သည်။ ကား ၊ ဆိုင်ကယ် အရမ်းမမောင်းနှင့် ရုတ်တရက်ခိုက်မိမည်။ ပစ္စည်းကျပျောက် မည်။ လူလိမ် ငွေလိမ် ခံရမည်။ မမျှော်လင့်ဘဲ ရုတ်တရက် အိမ်ထောင်ပြုဖြစ်မည်။ အလုပ်ပြောင်းရွှေ့ဖြစ်မည်။

အကျိုးပေးဂဏန်းမှာ - ၃၊ ၆၊ ၄။

အထူးဟော - လူယုံမထားရ။

ယတြာ - တနင်္ဂနွေ နေ့နံနက်တွင် တနင်္ဂနွေနံဘုရားကို ရေအိုး ကိုရေသန့် အပြည့်ထည့်ပြီး ကပ်လှူပါ။ လိုရာဆုတောင်းပါ ပြည့်၏။

တနလာၤ

ပျော်စရာကောင်းသောနေ့တွေဖြစ်တယ်။ လူချစ်လူခင်များမည်။စာမေးပွဲတွေလည်းအောင်မြင်မည်။ ချစ်သူတွေလည်း များမည်။ အချစ်လက်ဆောင်လေးတွေလည်းရမည်။ ခရီးယာယီလေးတွေရောက်မည်။ အပေါင်းအသင်း အကူအညီလည်းရမည်။ စက် ၊ ယာဉ် ၊ မြေ တို့ ၀င်မည်။ အကြီးအကဲတို့ရဲ့ အထင်လွဲမှားကြုံရတတ်သည်။ သို့သော် အဆင်ပြေမှုရမည်။စီးပွားရေး ကိုယ်ပိုင်အလုပ်များ အဆင်ပြေမည်။ အလုပ်အကိုင်တိုးတက်ပြောင်းလဲမှုကြုံမည်။ သူများ အရှုပ် ကိုယ့်အရှုပ် ဖြစ်ကိန်းရှိ၍ ဆင်ခြင်ပါ။ ရစရာငွေတို့ ရလာမည်။ အတိုက်အခံ တွေ ကြား အောင်မြင်မှုရမည်။

အကျိုးပေးဂဏန်း - ၄၊ ၂၊ ၆။

အထူးဟော - အဆင်ပြေမည်။

ယတြာ - တနင်္လာနေံနံနက် တွင် အိမ်ဘုရားကို ကံ့ကော် (၁၅) ညွန့် ကပ်လှူပါ။

အဂါၤ

ငါ့စကား နွားရမပြောနှင့်။ လူယုံမထားနှင့်။ လူပေါင်းမှားကိန်းရှိတယ်။ ငွေကြေးကိစ္စ ၊ အချစ်ရေးကိစ္စ ရှုပ်မည်။ အတိုက်အခံတွေကြားက အောင်မြင်မှုရမည်။ မရောက်ဘူးတဲ့ ခရီးရောက်မည်။ ၀မ်းဗိုက် ရောဂါ ဖြစ်စရာရှိတယ်။ အန္တရာယ် မရှိပါ။ အချစ်လက်ဆောင်လှလှလေးတွေ ရမည်။ ဓာတ်ပုံလှလှလေးတွေရမည်။ ပျော်စရာခရီးလေးတွေထွက် ဖြစ်မည်။ အလုပ်မှာ ရှုပ်စရာတွေ ရှင်းသွားမည်။ စီးပွားရေး ၀င်ငွေ အဆင်ပြေမည်။ ရွှေ ၊ စက် ၊ မြေတို့ ၀င် ၊ ထွက် မည်။

အကျိုးပေးဂဏန်း - ၃၊၁၊ ၉

အထူးဟော - လူယုံမထားရ။

ယတြာ - အင်္ဂါ နေ့နံနက်တွင် အင်္ဂါနံဘုရားကို အုန်းဆွမ်း နှင့် ဘယာကြော် (၈) ခုကပ်လှူပြီး ဆုတောင်းပါ မုချပြည့်မည်။

ဗုဒ္ဒဟူး

ခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်တတ်၍ ဂရုစိုက်ပါ။ သင့်ရည်မှန်းချက်တွေ မုချအောင်မြင်မည်။ ခရီးယာယီ တစ်ခု မရည်ရွယ်ဘဲ သွားရမည်။ ချစ်သူထံမှအချစ်လက်ဆောင်ရမည်။ လက်၊ ခြေတို့ ခိုက်မိတတ်၍ သတိထားသွားလာပါ။ စီးပွားရေး လုပ်လျှင် ၀င်ငွေ ကောင်းလာမည်။ ပညာရေး စာမေးပွဲ ဖြေဆိုသူများ အောင်မြင်မည်။ အင်တာဗျူးဖြေပါက အလုပ်ရမည်။ သူတစ်ပါးချစ်သူကို အရမ်းမကူညီရ။ ကြားက ပြဿနာတက်လာမည်။ လူယုံမထားရ။ လူပေါင်းမှားမည်။ အလုပ်အကိုင်ကောင်းမည်။ လုပ်တူကိုင်ဖက်ခြင်း စိတ်ဝမ်းကွဲတတ်၍ ဂရုစိုက်ပါ။

အကျိုးပေးဂဏန်း - ၁၊ ၆၊ ၎

အထူးဟော - အောင်မြင်သူဖြစ် မည်။

ယတြာ - ဘုရားကို ဗုဒ္ဓဟူးနေ့တွင် ရွှေသင်္ကန်း ကပ်လှူပါ။

ကြာသပတေး

ရည်ရွယ်ချက်၊ရည်မှန်းချက် များအောင်မြင်မည်။ လုပ်ငန်းဟောင်းအပြင်လုပ်ငန်းအသစ်များပါလုပ်ဖြစ်မည်။ ကျန်းမာရေး အနည်းငယ်ချူချာမှုတွေဖြစ်မည်။ စကားပြောဆင်ခြင်ပါ။ စကားများတတ်သည်။ မရည်ရွယ်သော ခရီး ရောက်မည်။ မလုပ်ဘူးသော အလုပ် လုပ်ရမည်။ အပေါင်းအသင်းအသစ်တွေ တွေ့မည်။ လက်ဆောင်ရမည်။ စက် ၊ ပစ္စည်း ၊ ရွှေထည် ပြောင်းလဲ ၀င်ထွက်မည်။ အိမ်ပြောင်းကိန်း (သို့) အိမ်ပြင်ရကိန်းမြင်သည်။ ကိုယ်ပိုင်စီးပွားရေး လုပ်လျှင်အောင်မြင်မည်။ မြေကိစ္စ ၊ ငွေကိစ္စ ၊ ပစ္စည်းကိစ္စ များအတွက် ပြဿနာ အသေးအဖွဲ ရှုပ်တတ်သည်။ မမျှော်လင့်ဘဲ မိန်းမ၊ ယောင်္ကျားရမည်။ ရှိနေသော ချစ်သူနှင့် စိတ်ဝမ်းကွဲပြီး ပြန်ခေါ်မည်။

အကျိုးပေးဂဏန်း ၅၊၀၊၁။

အထူးဟော- ဆန္ဒတွေ ပြည့်ဝ မည်။

ယတြာ - ကြာသပတေး နေ့ နံနက်တွင် ကြာသပတေးနံဘုရားကို အောင်သပြေလှူပါ။

သောကြာ

ပြုပြင်မှု ပြောင်းလဲမှုတွေ ဖြစ်မည်။ အဟောင်းကို အသစ်မလုပ်နှင့်။ သေတ္တာစုတ် ဆေးမချယ် နဲ့ ဆိုတာလို ဖြစ်မည်။ လူသစ် ၊ စိတ်သစ် လှုပ်ရှားမှု ရဲ့ရင့် တည်ကြည်မှု တွေ ဖြစ်လာမည်။ အကြီးအကဲ တို့၏ အကူအညီ ရမည်။ လက်ဆောင်တွေရမည်။ ခရီးယာယီ သွားရမည်။ ရုတ်တရက် ထိခိုက်မိတတ်၍ ဂရုစိုက်ပါ။ စာမေးပွဲ ဖြေဆိုမှု့ အောင်မြင်မည်။ ကျန်းမာရေးကောင်းမည်။ မိသားစု ရဲ့ အထင်လွဲ မှားမှု ပျောက်မည်။ မိသားစုကို အလုပ်အကျွေး ပြုဖြစ်မည်။

အကျိုးပေးဂဏန်း ၈၊၁၊၆။

အထူးဟော- ကံကောင်းမည်။

ယတြာ- သောကြာနေ့ တွင် အိမ်ဘုရားကို သစ်ခွပန်းကပ်လှူပါ။

စနေ

စိတ်ကူးရှိတာတွေ ဆက်တိုက်လုပ်ဖြစ်တော့မည်။ လုပ်လိုက်တိုင်းလည်း သူများထက် ပို၍ အောင်မြင် မည်။ ခရီးဝေး ယာယီ တစ်ခုရောက်မည်။ ကျန်းမာရေး ၊ စီးပွားရေး ၊ ပညာရေးတွေ ကောင်းနေမည်။ ငွေပျောက် ၊ ပစ္စည်းပျောက် လူလိမ် ငွေလိမ် ခံရတတ်၍ ဂရုစိုက်ပါ။ အချစ်ရေးကံကောင်း သည်။ အချစ်လက်ဆောင်လေးတွေရမည်။ စပ်တူရှယ်လုပ်ငန်းတွေ အောင်မြင်မည်။ စာမေးပွဲအောင်မြင်မည်။ ၀န်ထမ်းအလုပ် ရာထူးတက်မည်။ နယ်ဝေး ၊ ပြည်ပ ခရီးများ ရောက်ဖြစ်မည်။

အကျိုးပေးဂဏန်း - ၇၊၀၊၂။

အထူးဟော - ကံကောင်းမည်။

ယတြာ - ငွေ ၁၀၀ ကျပ် ကို ထွက်ရော့ ၁၀၀ ၀င်လာခဲ့ သိန်း၁၀၀ ဟု ဆိုပြီး စွန့်ကြဲ ပံ့သကူပြုပါ။


Friday, December 13, 2013

13.12.2013 to 19.12.2013 အထိ ၇ရက်သားသမီးဟောစာတမ်း

Posted by drmyochit Friday, December 13, 2013, under | No comments



တနင်္ဂနွေ

ရည်ရွယ်ချက်များနေမည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အတိုက်အခံများနေသည်။ မလိုသူများရှိသော်လည်း ကျော်လွှားအောင်မြင်နေမည်။ စကားပြောဆင်ခြင်ပါ။မူးဝေမှု၊ ဖျားနာမှု ၊ နာကျင်မှုတို့ဖြစ်ကိန်းရှိသည်။ သူများ အရှုပ်ကိုယ့်အရှုပ် ဖြစ်ကိန်းရှိသည်။ စီးပွားရေးလုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်ရမည်။ ဝန်ထမ်းအလုပ်ရမည်။ အလုပ်ရာထူးတက်မည်။ ချစ်သူ နှင့် စိတ်ဆိုးပြီး ပြန်ပြေလည်မည်။ ခရီးယာယီသွားဖြစ်မည်။ ခြေ ၊ လက်ခိုက်မိတတ်သည်။

အကျိုးပေးဂဏန်း   ၁၊၅၊၇

အထူးဟော     အဆင်ပြေမည်။

ယတြာ           တနင်္ဂနွေနံနက်မှာ ဘုရားကို အုန်းဆွမ်းကပ်လှူပါ။

 တနင်္လာ

သူများ အရှုပ် ကိုယ့်အရှုပ် ဖြစ်တတ်သည်။ လူခင်ခြင်း အထင်လွဲ တတ်သည်။ ထီ ၊ မဲ တို့ ပေါက်ကိန်းရှိသည်။ အလုပ်နှင့် ခရီးသွားခြင်း ခေတ္တပြောင်းရွှေ့ရခြင်း တို့ဖြစ်မည်။ သူတစ်ပါးအတွက် ကူညီမှု ပြုရတတ်သည်။ ချစ်သူ၏ အထင်လွဲ ခြင်းခံရမည်။ ဆွေမျိုးသားခြင်းအတွက် စိတ်ရှုပ်ရတတ်သည်။ စက် ၊ မြေ ၀င်ထွက် ဖြစ်မည်။ မိတ်ဆွေ သစ်တွေ့မည်။ စကားပြောဆင်ခြင်ပါ။ စာမေးပွဲအောင်မြင်မည်။ ဝင်ငွေကောင်းမည်။

အကျိုးပေးဂဏန်း ၂၊၄၊၈

အထူးဟော   အောင်မြင်မည်။

ယတြာ   တနင်္လာနေ့နံနက်တွင် ငါးအရှင် (၁၅) ကောင်လွှတ်ပါ။

အင်္ဂါ

လူခင်ခြင်း စိတ်ဝမ်းကွဲ ပြီး ပြန်ခေါ်မည်။ အကြီးအကဲ အကူအညီရမည်။ ငါသိငါတတ် ငါဆရာလုပ်စိတ်ရှိသည်။ အချစ်ရေး အဆင်ပြေမည်။ မမျှော်လင့်သော ခရီးများသွားရမည်။ ရုတ်တရက်ခိုက်မိတတ်သည်။ စာမေးပွဲ အောင်မြင်မည်။ ပြည်တွင်း ၊ ပြည်ပခရီးသွားရမည်။ အလုပ်ရာထူး တက်မည်။ မိသားစု အတွက် စိတ်ရှုပ်ရမည်။ မြေအရောင်းအဝယ် မြင်သည်။ အိမ် ပြောင်း ၊ အိမ်ပြင် ၊ အိမ်ဆောက် ဖြစ်မည်။

အကျိုးပေးဂဏန်း ၃၊၆၊၉

အထူးဟော   အားလုံးကောင်းသည်။

ယတြာ   အင်္ဂါနေ့တွင် အောင်သပြေ (၁၉) ညွှန့် ကို ဘုရားလှူပါ။

ဗုဒ္ဓဟူး

လူယုံမထားရ။ လူပေါင်းမှားမည်။ အပေါင်းအသင်း နှင့် ချစ်သူတို့၏ အပြစ်တင်ခြင်းခံရမည်။ ကျန်းမာရေး ကောင်းသည်။ စီးပွားရေး ကောင်းမည်။ ပညာရေးကောင်းမည်။ ခရီးသွားရန် ရည်ရွယ်ပြီးမှ မသွားဖြစ်ပဲနေလိမ့်မည်။ အလုပ်အကိုင် အဆင်ပြေမည်။ အလုပ်ရာထူးတက်မည်။ အိမ်ထောင်ကျကိန်း မြင်သည်။ စက် ၊ မြေ ၊ ကား အရောင်းအဝယ် ဖြစ်မည်။

အကျိုးပေးဂဏန်း ၄၊၉၊၆

အထူးဟော အောင်မြင်မည်။

ယတြာ   ဘုရားကို ရေသက်စေ့ရေအေးကပ်လှူပါ။

ကြာသပတေး

လူခင်ခြင်း မုန်းရတတ်သည်။ ခရီးသွားများမည်။ ကျန်းမာရေးချူချာမည်။ စီးပွားရေးလုပ်ငန်း သစ်လုပ်ရမည်။ အချစ်ရေးစိတ်ရှုပ်ရမည်။ ပြန်အဆင်ပြေမည်။ အလုပ်အကိုင်အတွက် စိတ်ရှုပ်ရမည်။ ပြောင်းရွှေ့မှု့ဖြစ်မည်။ ငွေဝင် ၊ ထွက် ကြမ်းမည်။ ငယ်ရွယ်သူ သားချင်း သွေးသားအတွက် စိတ်ရှုပ်ရတတ်သည်။ မရောက်ဘူးသော ခရီးတွေ ရောက်မည်။ ဝမ်းဗိုက်ရောဂါရတတ်သည်။ စာမေးပွဲ အောင်မည်။ အလုပ်အကိုင်သစ်လုပ်ရမည်။ အောင်မြင်မည်။

အကျိုးပေးဂဏန်း   ၅၊၇၊၉

အထူးဟော   အဆင်ပြေမည်။

ယတြာ   ကြာသပတေးနံဘုရားကို ကြာသပတေးနံနက်တွင် ပေါင်မုန့် (၅) ချပ်ကို ကပ်လှူပါ။

သောကြာ

စိတ် ဓာတ်တွေ နောင်တရနေသော ကာလဖြစ်သည်။ စိတ်ရှုပ်စိတ်ဆင်းရဲ နေရတတ်သည်။ ခရီးဝေးယာယီ တွေရောက်နေမည်။ မရောက်ဘူးသော ခရီးတွေရောက်နေမည်။ ကုန်ကျငွေ များနေမယ်။ ငွေကြေးကိစ္စ ရှုပ်မည်။ အကြီးအကဲ၏ အထင်လွဲခြင်းခံရတတ်သည်။ စကားပြော ဆင်ခြင်ပါ။ အပေါင်းအသင်း တို့၏ အထင်လွဲခြင်း ခံရမည်။ အချစ်ရေးမှာ ကျော်တော့ လှေသူကြီး ညားတော့ လှေထိုးသား ဖြစ်မည်။ စကားပြောဆင်ခြင်ပါ။ အလုပ်ကိစ္စ ခေတ္တရပ် နားမည်။ ပြီးမှ ပြန်ဆက်လုပ်ရမည်။

အကျိုးပေးဂဏန်း   ၁၊၉၊၆

အထူးဟော   အဆင်ပြေသွားမည်။

ယတြာ   သစ်သီး (၉)မျိုးဘုရားလှူပါ။

စနေ

အလုပ်တွေများနေမည်။ အရာရာ ကိုယ်ပါမှ ဖြစ်သလို ကြုံနေမည်။ အလုပ်ကိစ္စတွေ အဆင်ပြေမည်။ ခရီးဝေးယာယီ များမည်။ အလုပ်အကိုင် များမည်။ တစ်ချို့အောင်မြင်ပြီး တစ်ချို့နှောင့်နှေးနေမည်။ အချစ်ရေး ၊ အိမ်ထောင်ရေး ထက် ပညာရေး နှင့်အလုပ်အကိုင် ကို ဦးစားပေးနေရတတ်သည်။ အချစ်ရေးမှာတော့ မိဘပေးစားသူကိုယူဖြစ်လိမ့်မည်။ စက် ၊ မြေ တို့ ဝင်ထွက်မည်။ ကံဇာတာ ကောင်းလာမည်။

အကျိုးပေးဂဏန်း   ၇၊၉၊၂

အထူးဟော   အဆင်ပြေမည်။

ယတြာ   စနေနေ့ တွင် တောင်အရပ်ရှိ လမ်းကို သန့်ရှင်းရေး လုပ်ပါ။

BY ဒေါက်တာထွန်းလင်း - ဘုတလင်( GOLD MEDALIST)

Thursday, December 05, 2013

ဒီဇင်ဘာလ အတွက် (၇) ရက်သားသမီး ဟောစာတမ်း

Posted by drmyochit Thursday, December 05, 2013, under | No comments


တနင်္ဂနွေသား သမီး ။ ။ မိတ်ဆွေကောင်း များနှင့် တွေ့ မည် ။ စပ်တူ လုပ်ငန်းများ အထူးအောင် မြင်မည် ။ ပညာရေး ပညာပေး အတတ်ပညာ နှင့်ပတ်သက်သော လုပ်ငန်းများ အကျိုးပေးမည် ။ လူငယ်များ ပညာရေးနှင့် ပတ်သက်ပြီး စိတ်ချမ်းသာမှုရမည် ။ အမွေရသကဲ့သို့  မမျှော်လင့်ပဲ ငွေဝင်မည် ။ ငယ်ရွယ်သူများ အောင်သွယ်ကောင်း မှုကြောင့် ချစ်သူရလိမ့်မည် ၀မ်းဗိုက်နှင့် ပတ်သက်သောရောဂါများ ခံစားရတတ်သည် ။

ယတြာ ။ ။ တာအိုးတစ်လုံး အတွင်းရေထည့် ရွက်လှ ၁၇ ရွက်ထည့်၍မွေးနံဘုရား ထောင့်တွင်လှုပေးပါ ။

တနင်္လာသားသမီး ။ ။ စက်နှင့် ပတ်သပ်သောလုပ်ငန်းလုပ်သူများ အထူးသတိထားပါ ။ ရောင်းမှား ၀ယ်မှားဖြစ်ခြင်း ။ လူလိမ်ခံရခြင်းများ ကြုံတွေ့ ရလိမ့်မည်။ အိမ်ထောင်ရှင်မိန်းကလေးများခင်ပွန်းနှင့် စကားများပြီး အိမ်ထောင်ကွဲ သည်အထိဖြစ် တတ်သည် ။ရွှေအထားမှားပြီး ပျောက်တတ်သည် ။ သတိထားပါ ။ငယ်ရွယ်သူမိန်းကလေးများ ကြားစကားကိုယုံမိ၍ ချစ်သူနှင့်အဆင်မပြေဖြစ်လိမ့်မည် ။ တနင်္လာအစ ဗုဒ္မဟူးနံအဆုံးနာမည် ရှင်များ အထူးသတိထားပါ ။ ထိခိုက်ဒဏ်ရာ ရတတ်သည် ။ လိမ်လည်ပြီး ငွေချေးသူကြောင့် စိတ်ညစ်ရလိမ့်မည် ။
ယတြာ ။ ။ အင်္ဂါ နေ့  ညနေပိုင်းတွင် လမ်းဆုံလမ်းခွမှ ခွေးများကိုအစာကြွေးပေးပါ ။

အင်္ဂါ သားသမီး ။ ။ ခြံ ကား ကွန်ပျူ တာ စက်ပစ္စည်း ရောင်းဝယ်သူများ အထစ်အငေါ့ ဖြစ်မည် ။ မမျှော်လင့်ပဲ ခရီးသွားခွင့် ကြုံ ခဲ့လျှင် ရေလမ်းခရီးကိုရှောင်ပါ အသက်အန္တရယ် ထိခိုက်တတ် ပါသည် ။ အိမ်ထောင်ရှင်များဇနီး မယား ကျမ္မာရေးအတွက် ငွေကုန်လိမ့်မည်။ဝန်ထမ်းများ စာရင်းဇယားနှင့်ပတ် သက်ပြီး အထက်လူကြီး၏ ဆူပူခြင်းခံရတတ်သည်။ ငယ်ရွယ်သူချစ် သူများ စကားပြောမှားပြီ အထင်လွဲကာစကားများ လိမ့်မည် ။ ဦးခေါင်း ခါးတို့ တွင် ထိခိုက်ဒဏ်ရာရတတ်သည် ။
ယတြာ ။ ။ နီးစပ်ရာ တရားစခန်းများမှ ယောဂီများအား ဆေးဝါးလှုါးန်းပေးပါ ။

ဗုဒ္မဟူးသားသမီး ။ ။ အိမ် အဆောက်အဦး ခြံ ကား ကျောက်ရောင်းဝယ်သော လုပ်ငန်းများ စိတ်ဝမ်းကွဲပြီး အဆင်မပြေဖြစ်မည် ။ ၀န်ထမ်းများ အထက်လူကြီးနှင့် စကားများပြီး အလုပ်မှရပ်စဲခံ ရတတ်သည် ။ ငွေဝင်သော်လည်း ၀င်သလောက်ပြန် ထွက်နေမည် ။ဆေးမှား အစားမှားပြီး ဆေးရုံ ဆေးခန်း ရောက်တတ်သည် ။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်း သော်လည်း စိတ်တိုင်းကျသောချစ်သူမျိုးမတွေ့ နိုင်သေးပါ ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ချစ်သူမျိုး နှင့်သာ ဖူးစာဆုံနေမည် ။
ယတြာ ။ ။ မိမိမွေးနံ ဘုရား။ထောင့်တွင် အုန်း (၆) ညွန့်နှင့် အစိမ်းရောင်ယပ် ( ၄) ချောင်း လှုပေးပါ။

ကြာသပတေး သားသမီး ။ မည်သည့်လုပ်ငန်း လုပ်လုပ် အကျိုးပေးသောလဖြစ်သည်။ မိတ်ဆွေ ကောင်းများ၏ ကူညီမှုကြောင့် လုပ်ငန်းများအောင်မြင်မည်။ မမျှော်လင့်ပဲ ဘုရားဖူးခရီးသွားရလိမ့်မည် ။ အမွေရသကဲ့သို့  ထီပေါက်သကဲ့သို့  ငွေ ၀င်မည် ။ ၅ ၄ ၃ ၁ ဂဏန်းများဖြင့် ထီကံစမ်းပါ ။ ငယ်ရွယ်သူများ အချစ်ရေးကံကောင်းနေမည်။ စိတ်အလိုလိုက်ပါက အိမ်ထောင်ကျ သွား နိုင်ပါသည် ။ မိဘ ဘိုးဘွား များကို ငွေကြေးဖြင့်ကန်တော့ပါ ။ စာမေးပွဲ ဖြေထားသူများ ကောင်းသတင်းကြား ရလိမ့်မည်။
ယတြာ ။ ။ မိမိ အိမ်နားမှ ချို့တဲ့သော ကျောင်းသားများအား ဗလာစာအုပ် လှုပေးပါ။

သောကြာသားသမီး ။ ။ ခရီးသွားလုပ်ငန်း ဟိုတယ်လုပ်ငန်း သံ သဲ သွပ် ရောင်းဝယ်သော လုပ်ငန်းများ အဆင်မပြေဖြစ်မည် ။အိမ်ထောင်ရှင်များ ဇနီးကျမ္မာရေး ကြောင့် ငွေကုန်မည် ။ အိမ်တွင်းရေးအဆင်မပြေပဲ တစ်ဦးဦးနှင့် စကားအကြီးအကျယ် များမည် ။ခရီးသွားလျှင် စိတ်ညစ်ရမည်။ ကားနှင့်ပတ်သက်၍ စိတ်ညစ်ရမည် ။ မိမိအိမ် သူခိုးခိုးခံရကိန်းရှိသည်။ သတိထားပါငွေကြေးအရှုပ်အရှ င်းတခု ဖြေရှင်းရတတ်သည် ။ ငယ်ရွယ်သူများ ချစ်သူ ၂ယောက်တပြိုင်နက် ထားခြင်းကြောင့် စိတ်ညစ်ရမည်။
ယတြာ ။ ။မွေးနံ ဘု ရားထောင့်တွင် သီဟို ( ၂၁) ခက်လှုပေးပါ။

စနေသားသမီး ။ ။ လုပ်ငန်းအသစ်များ မချဲ့ ပါနှင့် ။ ယခုလအတွင်း အဆင်မပြေနိုင်သေးပါ။ ဆန် ဆီ ဆေး စက်ပစ္စည်း စာ အုပ် စာပေ လုပ်ငန်းများ အဆင်ပြေမည် ။ မြေကိစ္စ အမွေ ကိစ္စကြောင့် စိတ်ညစ်ရလိမ့်မည် ။ခရီး ယာယီသွားရလိမ့် မည် ။ မိန်းမတစ်ယောက်ကြောင့် အိမ်ထောင်ရေးအဆင်မပြေဖြစ်တတ်သည် ငွေဟောင်း ကြွေးဟောင်းများ မမျှော်လင့်ပဲ ပြန်ဝင်မည် ။ငယ်ရွယ်သူများ ချစ်သူ၏ဆိုးနွဲ့ မှု ကြောင့် စိတ်အနည်းငယ်ညစ် ရတတ်သည် ။ ခြေထောက် တွင်ထိခိုက် ဒဏ်ရာရတတ်သည် ။
ယတြာ ။ ။မွေးနံ ဘုရားထောင့်တွင် ထီးအနီတစ်လက် အုန်း ( ၆ ) ရွက်ကိုလှုပေးပါ ။

အစစအဆင်ပြေကြပါစေ
ကိုမောင်မောင် ( ဆန်း သုတေသီ )

Friday, November 08, 2013

၈.၁၁.၂၀၁၃ မှ ၁၁.၁၁.၂၀၁၃ ထိ (၇) ရက်စာဟောစာတမ်း

Posted by drmyochit Friday, November 08, 2013, under | No comments

မြစ်မခမီဒီယာ တွင် ဖော်ပြထားသော ဒေါက်တာထွန်းလင်း (ဘုတလင်) ၏ ၇ ရက် ဟောစာတမ်း မှ ကူးယူဖော်ပြပါသည်။ 

တနင်္ဂနွေ 

မမျှော်လင့်သော ခရီးရောက်မည်။ မရည်ရွယ်သောအလုပ် ရမည်။ မမြင်ဘူးသော သူ နှင့် ချစ်သူဖြစ်မည်။ လက်ဆောင်ကောင်းရမည်။ ရုတ်တရက် ငွေဝင်မည်။ အတိုက်အခံ တစ်ခု ဖြေရှင်းရမည်။ ခင်မင်သူရဲ့ အထင်လွဲခြင်းခံရမည်။ အကြီးအကဲ အကူအညီရမည်။ စက်၊မြေ တို့ဝင်ထွက်မည်။ မင်္ဂလာဆောင်ဖြစ်မည်။ အလုပ်ကိစ္စ အဆင်ပြေမည်။ ရာထူးတက်ခြင်း ၊ စာမေးပွဲ အောင်မြင်ခြင်း ဖြစ်မည်။ 

အကျိုးပေးဂဏန်း ၁၊၅၊၇ 

အထူးဟောချက် ကံကောင်းမည်။ 

ယတြာ အရှေ့မြောက်ဒေါင့်အရပ်ရှိ ရဟန်းသံဃာကို တနင်္ဂနွေနေ့နံနက် ဆွမ်းကပ်ပါ။ 

တနင်္လာ 

ဒေါသထွက်စရာ ကြုံမည်။ တရား နှင့်ဖြေပါ။ ငယ်ရွယ်သူတွေကို ဂရုစိုက်ပါ။ မထင်မှတ်မှု့တွေကြုံမည်။ ခရီးဝေးသွားရမည်။ မရောက်ဘူးသောခရီး ရောက်မည်။ ကျန်းမာရေး စီးပွားရေး ကောင်းမည်။ အကျိုးတူ ရှယ်ယာ လုပ်ပါ။ အောင်မြင်မည်။ လူယုံမထားရ။ လူပေါင်းမှားမည်။ အံ့သြစရာများ ၊ ထိတ်လန့်စရာများ ကြုံမည်။ ငွေရကိန်းမြင်သည်။ ထီထိုးပါ။ နေအိမ် ပြောင်းရွှေ့ မှု့ဖြစ်မည်။ နေရာသစ်မှာ ကောင်းကျိုးပေး မည်။ မင်္ဂလာဆောင်ဖြစ်မည်။ ယခင်ရည်းစား နှင့် အဆင်မပြေပါ။ နောက်ရည်းစားနှင့် အဆင်ပြေမည်။ 

အကျိုးပေးဂဏန်း ၂၊၄၊၈ 

အထူးဟော အဆင်ပြေမည်။ 

ယတြာ အရှေ့ရပ်ရှိ ရဟန်းသံဃာကို တနင်္လာနေ့ ဆွမ်းကပ်လိုက်ပါ။ 

အင်္ဂါ 

သူများ ပြောတာ အရမ်း မယုံနှင့်။ သူများခေါ်တာ အရမ်းလိုက်နှင့်။ သူများခိုင်းတိုင်း အရမ်းမလုပ်နှင့်။ မှားတတ်သည်။ ချစ်ဟန်ဆောင်သူ တို့၏ လှည့်စားခြင်းခံရမည်။ ရည်ရွယ်ချက်များပြီး စိတ်တိုင်းမကျ ဖြစ်နေမည်။ တစ်ခုပြီးမှ တစ်ခု လုပ်ပါ။ အောင်မြင်လိမ့်မည်။ ယခုတစ်ပတ်အတွင်းမှာ အောင်မြင်မှု့တွေရ မည် ဖြစ်သော်လည်း ချက်ခြင်းမရတတ်ပဲ တစ်ဆင့်ပြီးမှ တစ်ဆင့် သော် လည်းကောင်း ၊ ထစ်ငေါ့ပြီး မှ သော်လည်းကောင်း သွယ်ဝိုက်ပြီးမှ အောင်မြင်လိမ့်မည်။ ကျန်းမာရေး အနည်းငယ်ချူချာမည်။ ငွေဝင် ၊ ငွေထွက် ကြမ်းမည်။ 

အကျိုးပေးဂဏန်း ၃၊၆၊၉ 

အထူးဟော အောင်မြင်မည်။ 

ယတြာ အင်္ဂါနေ့နံနက်တွင် အရှေ့တောင် ထောင့်ရှိ ရဟန်း သံဃာကို ဆွမ်းကပ်ပါ။ 

ဗုဒ္ဓဟူး 

စိတ်လေမည်။ ခရီးများမည်။ အချစ်ရေးမှာ ဆင်ခြင်၍ မရပဲ ဒဲ့ဒိုး တိုးလိမ့်မည်။ လူယုံမထားရ။ လူပေါင်း မှားမည်။ စကားပြောဆို ဆင်ခြင်ပါ။ အလုပ်ကိစ္စ အဆင်ပြေမည်။ ရည်ရွယ်ချက် များမည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ လူလိမ် ၊ ငွေလိမ် ခံရကိန်းရှိ၍ ဂရုစိုက်ပါ။ ကျန်းမာရေး ကောင်းမည်။ ကား ၊ စက် ၊ မြေဝင် ထွက်မည်။ လုပ်ငန်း ပြောင်းခြင်း ၊ အိမ်ပြောင်းခြင်းဖြစ်မည်။ 

အကျိုးပေးဂဏန်း ၄၊၉၊၆ 

အထူးဟော အထူးအောင်မြင်မည်။ 

ယတြာ တောင်အရပ်ရှိ ရဟန်းသံဃာကို ဗုဒ္ဓဟူးနေ့ နံနက်တွင် ဆွမ်းကပ်ပါ။ 

ကြာသပတေး 

ချစ်သူပြောင်းလဲ မှု့ဖြစ်မည်။ ချစ်သူ အသစ်နှင့် တွေ့မည်။ အချစ်ဟောင်းနှင့် စိတ်ဝမ်းကွဲမည်။ လူခင်ခြင်း စိတ်ဝမ်းကွဲမည်။ ခရီးဝေးယာယီ တွေရောက်မည်။ လမ်းခရီး အန္တရာယ်မရှိပါ။ အချစ်ရေးမှာ သူချစ် ကိုယ်ချစ် ၁ဦး ၊ မောင်နှမလို ခင်ရာမှ စွဲလန်းသူ ၁ ဦး ၊ ကိုယ်က မချစ်ပဲ ကိုယ့်အပေါ်ချစ်လာသူ က တစ်ဦး ဖြစ်လာမည်။ ကျန်းမာရေး ကောင်းပါတယ်။ အလုပ်အကိုင် စီးပွားရေး အသစ်အဆန်းတွေ လုပ်ဖြစ်မည်။ အောင်မြင်မည်။ မမျှော်လင့်ပဲ ထီပေါက်ကိန်းရှိ၍ ထီထိုးပါ။ 

အကျိုးပေးဂဏန်း ၅၊၀၊၇ 

အထူးဟော အောင်မြင်မည်။ 

ယတြာ အနောက်အရပ်ရှိ ရဟန်းတစ်ပါးကို ကြာသပတေးနံနက်တွင် ဆွမ်းကပ်ပါ။ 

သောကြာ
ကျော်တော့ လှေသူကြီး ငြားတော့လှေထိုးသား ဖြစ်ကိန်းရှိတယ်။ ချစ်ဟန်ဆောင်သူက ရန်သူထက် ဆိုးမည်။ ဂရုစိုက်ပါ။ ဘယ်အရာမှ မြဲတယ်လို့ မမှတ်နှင့်။ ပြောငးလဲမှု့တွေ ပြောင်းရွှေ့မှု့တွေ ဖြစ်မည်။ ဆုံးဖြတ်ချက် မမြန်ဆန်နှင့်။ အခက်အခဲ အတိုက်အခံ တွေ ကြုံမည်။ မရေ မရာ မသေချာ သော လမ်းကို လျှောက်နေရသလို ဖြစ်နေမည်။ အတိုက်အခံ ရန်ကြုံမည်။ လုပ်တူကိုင်ဖက် ခြင်း စိတ်ဝမ်းကွဲမည်။ ငွေကုန် ကျများမည်။ 

အကျိုးပေးဂဏန်း - ၆၊၉၊၈ 

အထူးဟော အခက်အခဲ အတိုက်အခံ တွေ ကြုံပြီးမှ အောင်မြင်မည်။ 

ယတြာ မြောက်အရပ်ရှိ လမ်းကို သောကြာနေ့တွင် လမ်းခင်းပေးပါ။ 

စနေ 

စိတ်ဗျာများမည်။ သူများအရေး ကိုယ့်အရေးတွေ ရှုပ်နေမည်။ ခရီးများနေမည်။ ခရီးဝေးတွေ ရောက်မည်။ ကူညီသူ ဆောက်ရွက်သူတွေကြောင့် အောင်မြင်မှု့တွေရမည်။ အလုပ်ကိစ္စ အဆင်ပြေမည်။ ကြိုးစားမှု့ များအောင်မြင်မည်။ အချစ်ရေး ပြန်အဆင်ပြေမည်။ ငယ်ချစ်ဦးနှင့် ပြန်ဆုံမည်။ အဝေးရောက် သူငယ်ချင်း နှင့်ပြန်ဆုံမည်။ ဖြေသောစာမေးပွဲ အောင်မြင်မည်။ အင်တာဗျူး အောင်မည်။ အလုပ်ရမည်။ နယ်ပြောင်း ရမည်။ ကိုယ်ပိုင် အလုပ်ပို၍ အောင်မြင်မည်။ ကျန်းမာရေး ပြန်ကောင်းမည်။ စက်၊ ယာဉ်၊ မြေ၊ ဝင်၊ ထွက်မည်။ 

အကျိုးပေးဂဏန်း ၃၊၆၊၉ 

အထူးဟော အဆင်ပြေ မည်။ 

ယတြာ စနေနေ့ နံနက်တွင် အနောက်တောင် အရပ်ရှိ ရဟန်းသံဃာကို ဆွမ်းကပ်ပါ။

လက္ခဏာဗေဒင်ပညာ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်