Sunday, October 27, 2013

နောက်ဆုံးပေါ် တော်ပီဒိုနှင့် HONGQI-16 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တို့အား တရုတ်နိုင်ငံ စမ်းသပ်ပစ်လွှတ်

Posted by drmyochit Sunday, October 27, 2013, under | No comments

တရုတ်နိုင်ငံသည် လေယာဉ်တင် သင်္ဘောများနှင့် ရေဒါဖြင့် ဖမ်းယူရရှိသည့် ပစ်မှတ်မျိုးစုံတို့အား ဖျက်ဆီးနိုင်စွမ်းရှိသော နောက်ဆုံးပေါ် တော်ပီဒိုနှင့် Hongqi-16 လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည် တို့ကို စမ်းသပ် ပစ်လွှတ်မှုများ ပြုလုပ်ခဲ့ကြောင်း အောက်တိုဘာ ၂၅ ရက် အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။ အဆိုပါ နောက်ဆုံး ထုတ်လုပ်ခဲ့သော တော်ပီဒိုအား ရေငုပ်သင်္ဘောတစ်စင်းမှ ပစ်လွှတ် ခဲ့ပြီး ကြားဖြတ်တိုက် ခိုက်မှုကို ရှောင်ကွင်း၍ ပစ်မှတ်အား ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ၎င်းသည် အခြားအသံ...

အိမ်ထောင်ပြုဖို့အတွက် အချစ်က (၈၀) ရာခိုင်နှုန်း အရေးကြီးတယ် ဆိုတဲ့ ၀ါဆိုမိုးဦး

Posted by drmyochit Sunday, October 27, 2013, under | No comments

ဒီတစ်ပတ် ချစ်ခြင်းတရားနဲ့ ပတ်သက်ပြီး စကားပြောဖို့ ရည်ရွယ်ထားသူက အောင်မြင်တဲ့ မင်းသမီး တစ်ဦး နေရာကို ရောက်နေပြီ ဖြစ်တဲ့ ၀ါဆိုမိုးဦး ပဲဖြစ်ပါတယ်။ ချစ်ခြင်းတရားနဲ့ ပတ်သက်လို့ ၀ါဆိုမိုးဦးဆီမှာ ဘယ်လို ခံစားချက်တွေ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့လည်း စီးမျောလိုက်ပါ ထိတွေ့ကြည့်လိုက်ရအောင်လား..................... မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ ခံစားမှုကို ခံစားဖူးတယ် မြင်မြင်ချင်း ချစ်တယ်ဆိုတဲ့ ခံစားမှုမျိုး ၀ါဆိုခံစားဖူးတယ်။ ငယ်ငယ်တုန်းက တွေ့ပြီးတော့...

ပေါင်သန်း၄၀နှင့် ဈေးဖွင့်မည့် ပန်းနုရောင်ကြယ်ပွင့် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကျောက်မျက်ဖြစ်လာ

Posted by drmyochit Sunday, October 27, 2013, under | No comments

အောက်တိုဘာ ၂၆။ လာမည့်လတွင် ရှေ့လတွင်း ဂျနီဗာမှ ကျောက်မျက် လေလံပွဲတွင် ပေါင်သန်း၄၀နှင့် ဈေးစတင်ဖွင့်မည့် ပန်းနုရောင်ကြယ် ပွင့် အမည်ရှိ စိန်ပွင့်သည် ကမ္ဘာ့တန်ဖိုး အကြီးဆုံး ကျောက်မျက် ဖြစ်လာခဲ့သည်။ ပန်းနုရောင်ကြယ်ပွင့် မထွက်ပေါ်လာမီ ၂၀၁၀ခုနှစ်က ကမ္ဘာ့တန်ဖိုး အကြီးအဆုံး Graff Pink စိန်ပွင့်မှာ ပေါင်၂၉သန်းသာ ရှိခဲသည်။ ယခု ၅၆ ဒဿမ ၆၀ ကာရက် ရှိစိန်ပွင့် အရွယ်လည်းကြီး၊ အရောင်းလည်း တောက်ပကာ အနာအဆာ ကင်းစင်ပြီး တန်ဖိုးအများဆုံး ကျောက်မျက်ဖြစ်သည်။ ပန်းနုရောင်ကြယ်ပွင့်ကို...

လူ ၇၉ ဦးသတ်မှုဖြင့် အဖမ်းခံခဲ့ရသည့် လူငယ်တစ်ဦး

Posted by drmyochit Sunday, October 27, 2013, under | No comments

အသက် ၂၀ အရွယ်ရှိ ဂျူအန်ပက်ဘလိုဗက်ကွက်ဇ် ဟာ ရဲတစ်ဦး၊ ကချေသည် ၁ ဦး၊ သူ့ရဲ့ပြိုင်ဘက်တွေနဲ့ ဘေးကရပ်ကြည့်သူတွေကို သတ်မှုနဲ့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။ မွန်တာရေးနဲ့ ပတ်ဝန်းကျင်ဒေသဟာ အမြတ်ထုတ်တတ်တဲ့ မူးယစ်ဆေးရောင်းဝယ်သူ တွေနဲ့ပြည့်နေတဲ့ နေရာလည်းဖြစ်ပြီး  ဗက်ကွက်ဇ် ကို အောက်တိုဘာလ ၈  ရက်နေ့မှာ အမျိုးသမီး အဖော်တစ်ဦးအပါအ၀င် ဆေးခြောက်၃၅ ထုတ်၊ ကိုကင်း ၂၂ ထုပ်နဲ့အတူ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။  ဗက်ကွက်ဇ် က သူဟာ လူ၄၅ ဦးကို သတ်တယ်လို့ ၀န်ခံထားပြီး...

ဗိဿနိုး၊ သရေ ခေတ္တရာ ပျူမြို့ ဟောင်းများကို ကမ္ဘာ့ အမွေ အနှစ် စာရင်းဝင် အဖြစ် သတ်မှတ်ရေး လှည့်လည် ကြည့်ရှု စစ်ဆေး ….

Posted by drmyochit Sunday, October 27, 2013, under | No comments

ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ ဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင်၊ ICOMOS မှကျွမ်းကျင် ပညာရှင် Dr. Susan နှင့် တာဝန်ရှိ သူများသည် ဗိဿနိုး၊ သရေ ခေတ္တရာပျူ မြို့ဟောင်းများကို ကမ္ဘာ့ အမွေအနှစ် စာရင်းဝင် အဖြစ်သတ် မှတ်ရေးအတွက် ယနေ့တွင် လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။ ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းသည် မကွေးတိုင်း ဒေသကြီး မကွေး လေဆိပ်တွင် ကြိုတင် ရောက်ရှိနေသည့် ဒုတိယ ဝန်ကြီး ဒေါ်စန္ဒာခင်နှင့် ICOMOS မှ ကျွမ်းကျင် ပညာရှင် Dr. Susan တို့ နှင့်အတူ ဗိဿနိုး မြို့ဟောင်းနှင့်...

မော်ဒယ်လ်နှင့်သရုပ်ဆောင် စမိုင်းလ်နှင့် တွေ့ဆုံခြင်း

Posted by drmyochit Sunday, October 27, 2013, under | No comments

ဗြိတိန်တွင် အခြေချ နေထိုင်နေရာမှ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသည့် မော်ဒယ်လ်နှင့် သရုပ်ဆောင် စမိုင်းလ်နှင့် တွေ့ဆုံပြီး သူ၏ ပထမဆုံး တစ်ကိုယ်တော်စီးရီး New Me အကြောင်း၊ မိသားစု စီးပွားရေး လုပ်ငန်းဖြစ်သည့် Y Talk ကုမ္ပဏီအကြောင်း၊ မြန်မာနိုင်ငံ၏ အပြောင်းအလဲများအပေါ် သူ၏အမြင်တို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။ Voiceး စမိုင်းလ်က အရင်တုန်းကဆို မော်ဒယ်လ်နဲ့ သရုပ်ဆောင်အဖြစ် အနုပညာလောကမှာ ကျင်လည်ခဲ့တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ပြန်ရောက်လာတဲ့...

ဖခင်၏ မီးရှို့သတ်ခြင်း ခံခဲ့ရသည့် အသက် ၁၅ နှစ်အရွယ် ယီမင်အမျိုးသမီးငယ် တစ်ဦး

Posted by drmyochit Sunday, October 27, 2013, under | No comments

စေ့စပ်ထားသူနဲ့ အဆက်အသွယ် လုပ်တာကြောင့် အသက် ၁၅ နှစ်အရွယ် ယီမင် အမျိုးသမီးငယ် တစ်ဦးကို သူမရဲ့ဖခင်က မီးရှို့ သတ်ပစ်ခဲ့ကြောင်းယီမင်ပြည် ထဲရေး ၀န်ကြီးဌာနက ပြောကြား ပါတယ်။ အသတ်ခံရသူရဲ့ အသက် ၃၅ နှစ်အရွယ်ရှိ ဖခင်ကို တိုင်ဖ်စီရင်စု အနီးရှိ ရွာတစ်ရွာမှာ ဖမ်းမိ ခဲ့ပါတယ်။ အမျိုးသမီးငယ် အသတ်ခံရတဲ့ အချိန်ကိုတော့ ပြောကြားခြင်း မရှိပါဘူး။ ဒီလို လူသတ်မှုမျိုးကို ကျူးလွန်သူတွေ ကတော့ ဒါဟာ ဂုဏ်တက်ဖွယ် ရာဇ၀တ်မှုလို့ ယုံကြည် နေကြပါတယ်။ ဒီရာဇ၀တ်မှုမျိုး တွေဟာ ကလေးငယ်များကို...

သုဝဏ္ဏ အားကစားဝင်းအတွင်း အမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက် သေဆုံး

Posted by drmyochit Sunday, October 27, 2013, under | No comments

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ အားကစားဝင်းအတွင်း သီးပင်စားပင်များ စိုက် ပျိုးရောင်း ချသူ အမျိုးသမီးတစ်ဦးသည် စီးပွားရေး မပြေလည်သောကြောင့် အဆိပ်သောက်ကာ သေဆုံး ခဲ့မှု အောက် တိုဘာလ ၂၆ ရက် ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ရပ်ကွက်တွင် နေထိုင်သူ များက The Voice သို့ ပြောကြားသည်။ သေဆုံးသူ အသက် ၂၂ နှစ်အရွယ် မငြိမ်းသင်းမှာ သုဝဏ္ဏ အားကစားဝင်း အတွင်းတွင် စိုက်ပျိုးရေး လုပ် ငန်း လုပ်ကိုင်ကာ မိသားစု ငါးဦးနှင့်အတူ...

သေမိန့် ကျပြီးသူ တစ်ဦးနှင့် တွေ့ဆုံခြင်း..( မြသန်းစံ)

Posted by drmyochit Sunday, October 27, 2013, under | No comments

တစ်လောကပင် သူနှင့် ကျွန်တော်ဆုံတွေ့ ခဲ့သေးသည်။ သည်တုန်းက သူသည် ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွ၊ သူ့ မှာ ညှိုးငယ်နေသည့် သဏ္ဍာန် အလျဉ်းမရှိ၊ သူ့ သူငယ်ချင်းတွေနှင့် ပြန်ဆုံသည့် အထိမ်းအမှတ် ယမကာဝိုင်းသို့  ကျွန်တော်တက်ခဲ့ရသေးသည်။ ကျွန်တော့်ရှေ့ ဖန်ခွက်ထဲမှ အချိုရည်တွေ ကို ကြည့်ကာ သူကပင် ရယ်ပွဲဖွဲ့ လိုက်သေးသည်။ "ဟား-ဟား၊ ငါ့သူငယ်ချင်းကြီး ပြောင်းလဲသွားတာကတော့ မယုံနိုင်လောက်အောင်ပါပဲ" သူက အရက်ခွက်ကို မော့ချရင်းမှ ကျွန်တော့်ကို ပြောနေသည်။ ကျွန်တော့မှာ...

ဒိုင်နိုဆောများကြောင့် မြေကြီးမှ ရွှေသီးတော့မည့် ဖိုးကံကောင်း လယ်သမားကြီး

Posted by drmyochit Sunday, October 27, 2013, under | No comments

သတင်းများက အမေရိကန်နိုင်ငံ၊ မွန်တာနားရှိ လယ်သမားကြီး တစ်ဦး ပိုင်ဆိုင်သော မွေးမြူရေးခြံတွင် တူးဖော်တွေ့ရှိသော ဒိုင်နိုဆော အရိုးများကြောင့် ခြံပိုင်ရှင် လယ်သမားကြီး အနေဖြင့် သန်းကြွယ်သူဌေး ဖြစ်လာနိုင်ကြောင်း သုံးသပ် ရေးသားလျှက် ရှိသည်။ အမေရိကန်မှ လယ်သမား တစ်ဦးသည် ရှေးနှစ်သန်းပေါင်း မြောက်မြားစွာက ရှင်သန်ခဲ့သည့် ဒိုင်နိုဆော သတ္တဝါကြီးများကြောင့် မမျှော်လင့်ဘဲ မြေကြီးမှ ရွှေသီးမည့် ကံဇာတာမျိုး ပိုင်ဆိုင်လာပြီ ဖြစ်သည်။ သတင်းများက အမေရိကန်နိုင်ငံ၊...

ငွေနှင့်ကျော်ကြားမှုအတွက် သတင်းမှားရေးခဲ့ရသည်ဟုအထိန်းသိမ်းခံ တရုတ်သတင်းထောက်က ၀န်ခံချက်ပေး

Posted by drmyochit Sunday, October 27, 2013, under | No comments

အောက်တိုဘာ ၂၇။ တရုတ်အာဏာပိုင်များ ထိန်းသိမ်းခြင်း ခံနေရသော တရုတ်သတင်းထောက်က အစိုးရမှ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင် ထားသော Zoomlion လုပ်ငန်းစုအပေါ် သူ၏ ဝေဖန်ရေးဆောင်းပါးများသည် ငွေနှင့်ကျော်ကြားမှု အ တွက် မဟုတ်မမှန် လုပ်ကြံ ရေးသားမိခဲ့ကြောင်း နိုင်ငံပိုင် ရုပ်သံမှတစ်ဆင့် ၀န်ခံစကား ဆိုခဲ့သည်။ ချန်ယန် ကျိုး၏ ဝေဖန်ရေး ဆောင်းပါးများကို ပုံမှန်ဖော်ပြပေးခဲ့သော News Express သတင်းစာက ကနဦးပိုင်း တွင် ချန်ဘက်မှ ရပ်တည်ကာ အာဏာပိုင်များကို တောင်းဆိုမှုများ ပြုလုပ်ပေးခဲ့သော်လည်း...

စနိုးဒင်၏ ဖော်ကောင်လုပ်မှုက အမေရိကန်သမိုင်းတွင် အဆိုးရွားဆုံးဖြစ်

Posted by drmyochit Sunday, October 27, 2013, under | No comments

အောက်တိုဘာ ၂၇။ တစ်ချိန်က စီအိုင်အေတွင် လက်ထောက် ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သူ  မိုက်ကယ်မော်ရဲက စနိုးဒင်၏ ဖော်ကောင်လုပ်မှု များသည် အမေရိကန် ရန်သူများကို ကူညီရာရောက်နေပြီး နိုင်ငံ၏ သမိုင်းတွင် အကြီးမားဆုံး ထိပ်တန်းလျှို့ ၀ှက်ချက်များ ပေါက်ကြားမှု ဖြစ်သည်ဟု ဆိုသည်။ စီဘီအက်စ်တွင် ပုံမှန် တင်ဆက်နေကြဖြစ်သော မိနစ်၆၀ ဟု အမည်ရ အင်တာဗျူး အစီအစဉ်တွင် မိုက်ကယ်က စနိုးဒင်ကြောင့် အကြမ်းဖက်မှုများ ပိုမိုတိုးပွားလာနိုင်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ စီအိုင်အေတွင်...

ငယ်စဉ်က အရိုက်ခံရသည့် ကလေးများ သာမန်ထက် ရန်လိုလေ့ရှိ

Posted by drmyochit Sunday, October 27, 2013, under | No comments

အသက်(၅)နှစ်မျှထိ မိဘ၏ အရိုက်အနှက်ကို ခံလာရသော ကလေးများသည် မူလတန်းအရွယ်တွင် စာသင်ကျောင်း၏ စည်းမျဉ်းများကို ချိုးဖောက်ရန် ဖြစ်နိုင်ခြေ ပိုများသလို သာမန်ထက်လည်း အတန်ငယ် ရန်လို ဒေါသထွက်တတ်ကြောင်း သုတေသန တွေ့ရှိချက်များက ဖော်ပြထား ငယ်စဉ်က မိဘများ၏ အရိုက်အနှက်ကို ခံရလေ့ရှိသည့် ကလေးများသည် အတန်ငယ် အသက်ကြီး လာချိန်တွင် သာမန်ထက် ရန်လိုလေ့ရှိကြောင်း သုတေသီများက ပြောကြားလိုက်သည်။ အသက်(၅)နှစ် မျှထိ မိဘ၏ အရိုက်အနှက်ကို ခံလာရသော ကလေးများသည် မူလတန်းအရွယ်တွင်...

အမျိုးသားပရိသတ် အကြိုက်တွေ့မည့် ဟယ်လန်ဖလာနာဂန်၏ ပြက္ခဒိန်သစ်

Posted by drmyochit Sunday, October 27, 2013, under | No comments

Fizzy Daysစတား ဗြိတိသျှ မော်ဒယ်လ် မင်းသမီးသည် (၂၀၁၄)ခုနှစ်အတွက် ညှို့ချက်ပြင်းပြင်း ဓာတ်ပုံများ ပါဝင်သည့် ပြက္ခဒိန်အသစ်ကို စတင် ထုတ်ဝေလိုက်ပြီ ဖြစ်သည် ဟယ်လန် ဖလာနာဂန်၏ ပြက္ခဒိန်အသစ်သည် သူမကို နှစ်သက် အားပေးသည့် အမျိုးသား ပရိသတ်များ အတွက် ပေးရသည့် ငွေကြေးနှင့် လုံးဝ ထိုက်တန်စေကြောင်း ဟောလီးဝုဒ် သတင်းဌာနများက ဖော်ပြ ခဲ့ကြသည်။ Fizzy Daysစတား ဗြိတိသျှ မော်ဒယ်လ် မင်းသမီးသည် (၂၀၁၄)ခုနှစ်အတွက် ညှို့ချက်ပြင်းပြင်း ဓာတ်ပုံများ ပါဝင်သည့် ပြက္ခဒိန်အသစ်ကို စတင်...

နေပြည်တော်၊ သီရိရတနာအဆင့်မြင့်ဈေးအတွင်းရှိ ဧရာဝတီဘဏ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

Posted by drmyochit Sunday, October 27, 2013, under | No comments

မီးလောင်ကျွမ်းခဲ့သည့် ဆိုင်းဘုတ်ကို မီးငြှိမ်းသတ်ပြီးနောက် တွေ့ရစဉ် အောက်တိုဘာ ၂၆ ရက် ည ၈ နာရီ ၄၀ ခန့်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ သီရိရတနာအဆင့်မြင့် ဈေးအတွင်းရှိ အကွက်အမှတ် (၁၁၁ ) တွင် ဖွင့်လှစ်ထားသည့် ဧရာဝတီဘဏ်၌ မီး လောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှုမှာ အောက်တိုဘာ ၂၆ ရက် ည ၈ နာရီ ၄၀ ခန့်က ဘဏ်ဆိုင်းဘုတ်တွင် တပ်ဆင်ထားသည့် အလှမီးလုံးများ အပူရှိန်လွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ...

လှိုင်သာယာမြို့နယ်တွင် ဘွိုင်လာအပူချိန်လွန်ကဲရာမှ မီးလောင်မှုဖြစ်

Posted by drmyochit Sunday, October 27, 2013, under | No comments

ရန်ကုန်၊ အောက်တိုဘာ ၂၇ ၂၇.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊ စက်မှုဇုံ(၇)၊ ဆိပ်ကမ်းသာလမ်းနှင့် ကုန်းဘောင် လမ်းထောင့် ရှိ ရွှေနဂါးကုမ္ပဏီ စားကောင်းကိတ်မုန့်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ် ဦးစီးမှူးနှင့် အဖွဲ့ တို့မှ အုပ်ချုပ်မှုယာဉ် (၃)စီး၊ မီးသတ်ယာဉ် (၂၀)စီးတို့ဖြင့် ရောက်ရှိမီးငြိမ်းသတ်ခဲ့ရာ ၀၇၂၅အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။ အဆိုပါမီးလောင်မှုဖြစ်စဉ်မှာ...

ဗိုလ်ချုပ်ဓာတ်ပုံ ကိုင်ဆောင်ဆန္ဒပြလျှင် ထောင်ချမည့် ပြင်ဆင်ချက် ဥပဒေကြမ်း ကန့်ကွက်ခံရ

Posted by drmyochit Sunday, October 27, 2013, under | No comments

ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ကိုင်ဆောင် ဆန္ဒပြလျှင် ထောင်ဒဏ် တစ်နှစ်အထိ ချမှတ်နိုင်မည့် ၁၉၅၄ ခုနှစ် နိုင်ငံတော် အထိမ်းအမှတ်များ (ဆင်ယင်ပြသမှု ကန့်သတ်ရေး) ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အောက်တိုဘာလ ၂၅ ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုချက် ရယူရာ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ကန့်ကွက်သဖြင့် အတည်မပြု နိုင်သေးကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ အဆိုပါ ဥပဒေပုဒ်မ (၄) တွင် ပါရှိသည့် အမျိုးသား ခေါင်းဆောင်ကြီး...

နိုင်ငံပိုင်ကုမ္ပဏီသတင်း လုပ်ကြံရေးသားမှု တရုတ်သတင်းထောက် ၀န်ခံ

Posted by drmyochit Sunday, October 27, 2013, under | No comments

တရုတ်နိုင်ငံမှာ အစိုးရပိုင်ကုမ္ပဏီတခုက ငွေကြေး အလွဲသုံးစားလုပ်တယ်ဆိုတဲ့ သတင်းကို လုပ်ကြံ ရေးသားဖော်ပြခဲ့တာဟာ ငွေရလို့ဖြစ်တယ်လို့ တရုတ် စီးပွားရေးသတင်းထောက်က ပြောခဲ့ပါတယ်။ ဂွမ်ဂျိုးမြို့အခြေစိုက် New Express သတင်းစာတိုက်က သတင်းထောက် ချန်ယန်ဂျို့ကို လုပ်ငန်းရဲ့ နာမည် ပျက်စေမှု နဲ့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖမ်းဆီး ခဲ့ပါတယ်။ Zoomlion ဆောက်လုပ်ရေး ပစ္စည်း ကုမ္ပဏီ က အမြတ်ပိုရအောင် လုပ်နေတယ်ဆိုတဲ့ သတင်းဆောင်းပါးတွေကို ချန်ယန်ဂျို့က ဆက်တိုက် ရေးသားခဲ့ တာပါ၊...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်