Sunday, October 27, 2013

စနိုးဒင်၏ ဖော်ကောင်လုပ်မှုက အမေရိကန်သမိုင်းတွင် အဆိုးရွားဆုံးဖြစ်

Posted by drmyochit Sunday, October 27, 2013, under | No comments


အောက်တိုဘာ ၂၇။

တစ်ချိန်က စီအိုင်အေတွင် လက်ထောက် ဒါရိုက်တာအဖြစ် တာဝန်ယူခဲ့သူ  မိုက်ကယ်မော်ရဲက စနိုးဒင်၏ ဖော်ကောင်လုပ်မှု များသည် အမေရိကန် ရန်သူများကို ကူညီရာရောက်နေပြီး နိုင်ငံ၏ သမိုင်းတွင် အကြီးမားဆုံး ထိပ်တန်းလျှို့ ၀ှက်ချက်များ ပေါက်ကြားမှု ဖြစ်သည်ဟု ဆိုသည်။ စီဘီအက်စ်တွင် ပုံမှန် တင်ဆက်နေကြဖြစ်သော မိနစ်၆၀ ဟု အမည်ရ အင်တာဗျူး အစီအစဉ်တွင် မိုက်ကယ်က စနိုးဒင်ကြောင့် အကြမ်းဖက်မှုများ ပိုမိုတိုးပွားလာနိုင်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

စီအိုင်အေတွင် ၃၃နှစ်ကြာ အမှုထမ်းခဲ့သော မိုက်ကယ်က ယခုလုပ်ရပ်များကြောင့် အကြမ်းဖက်သမားသည် သူတို့၏ အားနည်းချက်များကို သတိပြုမိလာပြီး ပစ်မှတ်များ၏ ဟာကွက်များကိုလည်း ပိုမိုတွေ့ရှိသွားကြမည်ဟု ဆိုသည်။ နိုင်ငံအများအပြားက NSA ကို စပိုင်လုပ်သည့် လုပ်ရပ်ကြီး ပေါ်လာထွက်ပြီး အချက်အလက်များ ခိုးယူစုဆောင်းနေသည့် စပိုင်လုပ်ရပ်ကို ကြောက်လန့်ကြသည်။ သို့သော် NSA အတွက် တကယ်တန်း ထိခိုက်စေသည့် အချက်မှာ စပိုင်လုပ်ရပ်များထက် ထိုအတွက် သုံးစွဲသည့် ဘတ်ဂျက်ကို လူသိရှင်ကြား ပေါ်လွင်သွားသည့် ကိစ္စမှာ ပို၍ အလေးထား သည်ဟု သူက မှတ်ချက်ပေးသည်။

ထို့အတွက် စနိုးဒင်ကိုယ်တိုင်က အချက်ပေးခရာမှုတ်သူ အဖြစ် တင်စားနေချိန်တွင် မိုက်ကယ်မော်ရဲကမူ တိုင်းပြည်၏ သစ္စာဖောက်ဟု ဆိုလိုက်သည်။

စီဘီအက်စ်နှင့် မိုက်ကယ်မော်ရဲတို့၏ တွေ့ဆုံမေးမြန်းခန်း အပြည့်အစုံကို ယင်းရုပ်သံလိုင်းတွင် ယနေ့ အောက်တိုဘာ ၂၇ ရက်တွင် အပြည့်အစုံ ထုတ်လွှင့် ပြသမည် ဖြစ်သည်။

Ref: AFP
From: The Myanma Age

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်