Wednesday, January 07, 2015

ပြင်သစ် မဂ္ဂဇင်းတိုက်ထဲ သေနတ်နဲ့ဝင်ပစ်၊ ၁၂ဦးသေဆုံး

Posted by drmyochit Wednesday, January 07, 2015, under | No comments


ဇန်န၀ါရီ ၇။ ။ ပြင်သစ် သရော်စာမဂ္ဂဇင်းဖြစ်တဲ့ ချာလီဟက်ဘ်ဒို ရဲ့ ပဲရစ် ရုံးခန်းထဲကို မျက်နှာဖုံးစွပ် သေနတ်သမား နှစ်ယောက်ထက်မနည်းက ဝင်ရောက်တိုက်ခိုက်လို့ ၁၂ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရခဲ့တယ် လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ယင်းသေနတ်သမားတွေဟာ မဂ္ဂဇင်းတိုက်ထဲကို မောင်းပြန်ရိုင်ဖယ်သေနတ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ကြပြီး အပြင်ဘက်လမ်းမပေါ်မှာလည်း ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်ခဲ့ကြကာ ကားနဲ့ထွက်ပြေးလွတ်မြောက်သွား တယ်လို့လည်း သိရပါတယ်။
ပစ်ခတ်နေစဉ်အတွင်း သေနတ်သမားတွေဟာ “ တမန်တော် အတွက် လက်စားချေတာ ” လို့ အော်ဟစ်ခဲ့ကြတယ်လို့လည်း မျက်မြင်သက်သေတွေက ဆိုပါတယ်။
ပြင်သစ် သမ္မတ ဖရန်ဆွာအော်လန်းက အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုဆိုတာ သံသယရှိစရာမလိုဘူးလို့ ပြောပါတယ်။

ယင်းမဂ္ဂဇင်းရဲ့ တွစ်တာအကောင့် နောက်ဆုံးပို့စ်က အစ္စလာမ္မစ်စတိတ်အဖွဲ့ ခေါင်းဆောင် အဘူဘေကာ အယ်လ်ဘက်ဒါဒီ ရဲ့ ရုပ်ပြောင်ကာတွန်းပုံ တစ်ပုံဖြစ်ပါတယ်။ အဆိုပါ အပတ်စဉ်ထုတ် သရော်စာ မဂ္ဂဇင်း ဟာ အရင်ကလည်း အငြင်းပွားဖွယ်ရာအကြောင်းအရာတွေကို ဖော်ပြခဲ့ဖူးတဲ့ အစဉ်အလာရှိပါတယ်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကလည်း တမန်တော် မိုဟာမက် ရဲ့ ကယ်ရီကေးချား ရုပ်ပုံကို ဖော်ပြခဲ့ပြီး တစ်ရက်အကြာ မှာ မဂ္ဂဇင်းတိုက်ကို မီးလောင်ဗုံးနဲ့ အပစ်ခံရခဲ့ပါတယ်။

ပြင်သစ်ရဲတပ်ဖွဲ့ကတော့ မီဒီယာတွေကို သတိအနေအထားနေကြဖို့ တပ်လှန့်ထားပြီး လုံခြုံရေးတွေ အာရုံစိုက် လုပ်ဆောင်နေပါတယ်။ ပြင်သစ် ကက်ဘိနက်ဝန်ကြီးတွေကိုလည်း သမ္မတက အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ မဂ္ဂဇင်းတိုက်က စာနယ်ဇင်းသမားတွေ ပါဝင်တယ်လို့သိရပြီး ရဲတပ်ဖွဲ့ဝင်တချို့လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


Ref: BBC. Jan 7 2015
Kumudra

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်