
ကိုယ်က မချစ်တတ်တဲ့သူလည်း မဟုတ်ဘူး။ ကိုယ့်ရည်းစားဆို တုန်နေအောင်ချစ်ပါရက်နဲ့ အကြောင်း အမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရပြီဆိုပါစို့။ နောက်ထပ် ရည်းစားထားဖို့တောင် တော်တော်ကြောက်နေရပြီ။ အရင်လို ထပ်ဖြစ်မှာ စိုးရတာနဲ့၊ စိတ်တွေရှုပ်ထွေးနေတာမို့ ကိုယ့်ဘေးနားမှာ ဘယ်သူတွေ ရှိနေတယ် ဆိုတာတောင် သတိမထားမိတော့တာနဲ့ စသဖြင့် အခြေအနေတွေ ကြုံလာရပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်ဖို့ လိုပြီပေါ့နော်။ ကိုယ့်မှာ သုံးသပ်ကြည့်စရာ အချက် သုံးချက်ရှိပါတယ်။ ကိုယ်ဖြစ်နေတာတွေနဲ့...