
Daily Mail သတင်းစာက ရဟတ်ယာဉ် အတွင်းမှ ပိုင်းလော့တစ်ဦးကို သူပုန်များက ဖမ်းဆီးပြီး ခေါင်းဖြတ်ခဲ့ကြောင်း ဖော်ပြလာခဲ့သည်။
တူရကီ လေတပ်က ပစ်ချလိုက်သဖြင့် ပျက်ကျသွားသော ဆီးရီးယားစစ်ဘက် ရဟတ်ယာဉ်မှ ပိုင်းလော့ကို ဆီးရီးယား သူပုန်တပ်များက ခေါင်းဖြတ်လိုက်ကြောင်း သိရသည်။ ယခုသီတင်းပတ် အစောပိုင်းက လေပိုင်နက် ကျူးကျော်လာမှုကို အတန်တန် သတိပေးနေသည့်ကြားမှ ရှေ့တိုးလာသည့် ဆီးရီးယား တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို မိမိတို့ ပစ်ချခဲ့ကြောင်း၊ ယင်းရဟတ်ယာဉ်သည် ဆီးရီးယားဘက်ခြမ်းတွင်...