Wednesday, September 18, 2013

အောင်လံမြို့တွင် မြစ်ရေ ထပ်မံတိုးလာ စာသင်ကျောင်းနှင့် လူနေအိမ်များ ရေလွှမ်း

Posted by drmyochit Wednesday, September 18, 2013, under | No comments


အောင်လံ၊ စက်တင်ဘာ ၁၈။

မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် ဧရာဝတီမြစ်ရေ ထပ်မံတက်လာသောကြောင့် လူနေအိမ်(၂၀၀)ကျော်ခန့်နှင့် မူလတန်းကျောင်း တစ်ကျောင်း ရေလွှမ်းသဖြင့် ပိတ်ထားရကြောင်း သိရသည်။

“မနေ့ကထက်(၈)လက်မလောက် ထပ်တိုးလာတော့ ကျွန်တော်တို့ အပိုင်းမှာတင် အိမ်ခြေ (၁၀၀)လောက် ရေ၀င် ကုန်ပြီ” ဟု သရက်တောရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

ထို့အပြင် စက်ရုံရပ်ကွက်နှင့် ရွာထောင်ရပ်ကွက်တို့တွင်လည်း ကမ်းနားတန်းနေအိမ်များ ရေလွှမ်းမှုမှာ ပိုမို တိုးလာနေကြောင်းလည်း သိရသည်။

ဧရာဝတီမြစ်ရေ တက်လာမှုကြောင့် ကန်ကြီးရပ်ကွက်ရှိ မူလတန်းကျောင်း တစ်ကျောင်းမှာ ယမန့ကပိတ် ထားရသည့်အပြင် သရက်တော ရပ်ကွက်ရှိ မူလတန်းကျောင်း တစ်ကျောင်းနှင့် အ ထ က(၂) အထက်တန်းကျောင်းမှာလည်း စိုးရိမ်ရသော အခြေအနေ ဖြစ်နေကြောင်း သိရသည်။

“ရေက တစ်ရက်အတွင်းကို တော်တော် တက်တာ တက်နှုန်းအရမ်းမြန်တယ်။ ကျောင်း ဘောလုံးကွင်းထဲတော့ ရေတွေရောက်ကုန်ပြီ။ နောက်နေ့ ထပ်တိုးလာရင်တော့ ကျောင်းပိတ်ရမှာ” ဟု အထက(၂)မှ ဆရာတစ်ဦးက ပြောသည်။

ရေလွှမ်းသောနေ အိမ်များမှ မိသားစုများကို မူနီးစပ်ရာ ဓမ္မာရုံများ၊ လမ်းဘေးများနှင့် ဘုရားဇောင်းတန်းများတွင် ခေတ္တနေရာ ချထားပေးကြောင်းလည်း ရပ်မိရပ်ဖတစ်ဦးက ပြောသည်။

လင်းသက်
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်