Wednesday, September 18, 2013

ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် နိုင်ငံခြား ဘာသာ စကား ညနေ သင်တန်းများ ဖွင့်လှစ်မည်

Posted by drmyochit Wednesday, September 18, 2013, under | No comments


လူ့စွမ်းအား အရင်းအမြစ်ဖွံ့ ဖြိုးမှုဌာန (ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်) တွင် နိုင်ငံခြား ဘာသာ စကား ညနေ သင်တန်းများ ဖွင့်လှစ်မည်ဟု သတင်း ရရှိသည်။

ဖွင့်လှစ်မည့် ဘာသာစကား သင်တန်းများမှာ တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ် (ဘာသာပြန်၊ စကားပြန်)၊  ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်းနှင့် မြန်မာ (နိုင်ငံခြားသားများ အတွက် သီးသန့်) တို့ ဖြစ်သည်။

သင်တန်းသို့ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ထားသူများ လျှောက်ထားနိုင်ပြီး လျှောက်လွှာများကို စက်တင်ဘာလ ၂၄ ရက်တွင် စတင်လက်ခံမည်ဟု သိရပြီး နောက်ဆုံး လက်ခံမည့်နေ့မှာ  စက်တင်ဘာလ ၂၇ ရက်ဖြစ်သည်။  အင်္ဂလိပ်ဘာသာအတွက် သတ်မှတ်ထားသည့်  သင်တန်းသားဦးရေ ပြည့်ပါက လျှောက်လွှာ လက်ခံမည် မဟုတ်ဟု သတ်မှတ်ထားသည်။

အသေးစိတ် သိရှိလိုသူများ အနေဖြင့် ဖုန်း-၀၁-၅၁၄၃၇၂ (လိုင်းခွဲ-၈၀၉) သို့ ဆက်သွယ် မေးမြန်း စုံစမ်းနိုင်သည်။

ကိုဟိန်း

အတွဲ (၁၄)၊ အမှတ် (၃၆)
Internet Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်