ခြောက်တန်းကျောင်းသူကို ခိုးပြေးသည်ဟုဆိုကာ အမျိုးသားတစ်ဦးအား အရေးယူပေးရန် မိခင်ဖြစ်သူက တိုင်ကြားမှုကို မြောက်ဒဂုံရဲစခန်းက စက်တင်ဘာ ၁၆ တွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။
သမီးငယ်မှာ ခြောက်တန်းကျောင်းသူတစ်ဦးဖြစ်ပြီး အသက်မှာ (၁၄နှစ် ၃လ) သာ ရှိသေးသည်ဟုလည်း မိခင်ဖြစ်သူက ရဲကို ပြောပြထားသည်။
စက်တင်ဘာလ ၁၄ ရက် နေ့လည် ၁၁ နာရီအချိန်ခန့်က မိခင်ဖြစ်သူ ဒေါ်စန်းဌေး (၄၇)နှစ် မြောက်ဒဂုံမြို့နယ် နေသူသည် သမီးဖြစ်သူ ကျောင်းသွားရာမှ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံစုံးစမ်းခဲ့ရသည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
လွန်ခဲ့သော...