Friday, September 05, 2014

အယ်လ်ကေးဒါးခေါင်းဆောင်က အိန္ဒိယတိုက်ငယ်တွင် အဖွဲ့ခွဲသစ် ထူထောင်ပြီး မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်တို့၌ တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ကြေညာ

Posted by drmyochit Friday, September 05, 2014, under | No comments

၂၀၁၁ ခုနှစ် မေ ၃ ရက်က အမ်ရစ်ဆာမြို့တွင် အိန္ဒိယ ဆစ်ခ်အမျိုးသားတစ်ဦး မျက်နှာဖုံးတွင် ဘင်လာဒင်သတ်ဖြတ်ခံရသည့်အကြောင်း ဖော်ပြထားသော သတင်းစာကို ဖတ်နေစဉ်

အယ်လ်ကေးဒါးခေါင်းဆောင် အေမင်အယ်လ်ဇာဝါဟီရီက အိန္ဒိယတိုက်ငယ် (အိန္ဒိယ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တို့) တွင် အားသစ်လောင်းလျက် လှုပ်ရှားမှုများ ချဲ့ထွင်သွားရန်အတွက် အယ်လ်ကေးဒါးအဖွဲ့ခွဲသစ်တစ်ခုကို စတင်ထူထောင်လိုက်ကြောင်း စက်တင်ဘာ ၃ ရက်က ကြေညာခဲ့သည်။

အယ်လ်ကေးဒါး ထိပ်တန်းခေါင်းဆောင်များ ပုန်းအောင်းနေသည်ဟု ယူဆရသော အာဖဂန်နှင့် ပါကစ္စတန်တို့တွင် အယ်လ်ကေးဒါးအဖွဲ့ သက်ဝင်လှုပ်ရှားလျက်ရှိသော်လည်း အသစ်ဖွဲ့စည်းလိုက်သော အယ်လ်ကေးဒါးအဖွဲ့ခွဲဖြစ်သည့် Qaedat alJihad သည် အိန္ဒိယ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ တွင် တိုက်ခိုက်မှုပြုလုပ်မည်ဟု ဇာဝါဟီရီက အယ်လ်ကေးဒါးမီဒီယာအဖွဲ့ AsSahab Media Foundation မှ ဖန်တီးသော ၅၅ မိနစ်ကြာမြင့်သည့် ဗီဒီယိုတစ်ခုတွင် ပြောကြားထားကြောင်း အကြမ်းဖက်မှုစောင့်ကြည့်ရေးအဖွဲ့ (SITE) က ထုတ်ပြန်ခဲ့သည်။

ကက်ရှ်မီးယားနှင့် မြန်မာတို့တွင် ဖြစ်ပွားနေသော မငြိမ်သက်မှုများကို အသုံးချပြီး ၎င်းတို့အဖွဲ့ ရေပန်းစား မှုပြန်လည်ရ ရှိစေရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဇာဝါဟီရီက ပြောကြားခဲ့သည်။ ရန်သူများကို တိုက်ခိုက်ရန်၊ နယ်မြေများကို လွတ်မြောက်အောင်လုပ်ဆောင်ရန်၊ မွတ်စလင်ပိုင်နက်များ၏ အချုပ်အခြာ အာဏာ ပြန်လည်ဖော်ဆောင်ရန်အတွက် ဂျီဟတ်များ ညီညွတ်ကြရန် ဇာဝါဟီရီက မွတ်စလင်နိုင်ငံများကို တိုက်တွန်းခဲ့သည်။ ထို့ပြင် အာဖဂန်တာလီဘန်ခေါင်းဆောင် မူလာမူဟာမက်အိုမာနှင့် ပါကစ္စတန်ထိပ်တန်း စစ်သွေးကြွခေါင်းဆောင်  အဆင်အူမာတို့၏ ခေါင်းဆောင်မှုများကိုလည်း ယင်းအဖွဲ့ခွဲသစ်က အသိအမှတ်ပြုသွားမည်ဖြစ်ကြောင်း ဇာဝါဟီရီကပြောကြားခဲ့သည်။

ယင်းဒေသအတွင်း မွတ်စလင်လူထုကို တကွဲတပြားစီဖြစ်စေသည့် နယ်နိမိတ်သတ်မှတ်ချက်များကို အဆိုပါအဖွဲ့ခွဲက ဖြိုခွဲသွားမည်ဟု  ဇာဝါဟီရီကပြောကြားခဲ့သည်။  ယခုအဖွဲ့သစ်ကို ယနေ့တစ်နေ့တည်းဖြင့် ဖွဲ့စည်းလိုက်ခြင်းမဟုတ်ကြောင်း၊ အိန္ဒိယတိုက်ငယ်ဒေသရှိ မူဂျာဟစ်ဒင်များကို တစ်စုတစ်စည်းတည်း စုပေါင်းရန် အချိန် နှစ်နှစ်ကျော်ကြာ ကြိုးပမ်းမှု၏ရလဒ်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အယ်လ်ကေးဒါးခေါင်းဆောင် အေမင်အယ်လ်ဇာဝါဟီရီ (Photo: AFP)

အိုစမာဘင်လာဒင် စတင်ထူထောင်ခဲ့သော အယ်လ်ကေးဒါးအဖွဲ့သည် မွတ်စလင်ဒေသများကို တစ်ခုတည်းသောနိုင်ငံအဖြစ် ထူထောင်နိုင်ရေးအတွက် တိုက်ခိုက်နေကြသော ဂျီဟတ်များ၏ ခေါင်းဆောင်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာထားခဲ့သည်မှာ ကာလကြာခဲ့ပြီဖြစ်သည်။ ဘင်လာဒင်သည် ၂ဝ၁၁ ခုနှစ် မေတွင် ပါကစ္စတန်၌ အမေရိကန်အထူးတပ်ဖွဲ့ဝင်များ၏ စီးနင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ပြီး နောက်ပိုင်း အယ်လ်ကေးဒါးအဖွဲ့ အနည်းငယ်မှေးမှိန်သွားခဲ့သော်လည်း အာဖရိကနှင့် အာရေဗျကျွန်းဆွယ် အဖွဲ့ခွဲသည် ယခုအခါ အီရတ်နှင့် ဆီးရီးယားတွင်တိုက်ခိုက်နေသော အစ္စလာမ္မစ်နိုင်ငံတော် (IS) ဟု မိမိဘာသာသာ ကြေညာထားသောအဖွဲ့အဖြစ် သီးခြားရပ်တည်နေသည်။

အေအက်ဖ်ပီသတင်းဌာနမှ ဖော်ပြရာတွင် မြန်မာနိုင်ငံမှ သက်ဆိုင်ရာအာဏာပိုင်များကို မေးမြန်းခဲ့ရာ၌ ဇာဝါဟီရီ၏ တိုက်ခိုက်ရန် လှုံဆော်မှုများကို သူတို့သတိမပြုမိကြောင်းနှင့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုသည် အစွန်းရောက်အစ္စလာမ်ဟူသော အကြောင်းအရာနှင့် ဆက်နွှယ်ပုံမရကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။မြန်မာလုံခြုံရေးတပ်များက သူတို့သည် ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီး၌ ပြန်လည်အသက်သွင်းခဲ့ကြောင်း အထောက်အထားများ ရရှိထားသည် ဟုဆိုသည်။ သို့သော် ယင်းသည် ဘာသာရေးဆိုင်ရာ အစွန်းရောက်ဝါဒနှင့် စဉ်ဆက်မပြတ်ဆက်နွှယ်နေမှုမရှိကြောင်းနှင့် ကျွမ်းကျင်သူအများအပြားက RSO သည် အသက်ကင်းမဲ့နေသည်မှာ ကာလကြာခဲ့ပြီဖြစ်သည့်အဖွဲ့ဖြစ်သည်ဟု ယုံကြည်ကြကြောင်း အေအက်ဖ်ပီသတင်းဌာန၌ ဖော်ပြထားသည်။

ယခုထွက်ပေါ်လာသော သတင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံသမ္မတရုံးမှ အကြီးတန်းအရာရှိတစ်ဦးက “အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ အမျိုးသားလုံခြုံရေးကို ဆောင်ရွက်ရာမှာ နိုင်ငံတစ်နိုင်ငံတည်း သီးခြားဆောင်ရွက်လို့ မပြည့်စုံနိုင်ပါဘူး။ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အိန္ဒိယတိုက်ငယ်သာမက ကမ္ဘာကြီးတစ်ခုလုံးက အကြမ်းဖက်တိုက်ဖျက်ရေးလှုပ်ရှားမှုတွေနဲ့ ပေါင်းစည်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် အကြမ်းဖက်အဖွဲ့အစည်းတွေ ရဲ့လှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဖလှယ်နိုင်ဖို့ မျှဝေနိုင်ဖို့အတွက် Early Warning System တစ်ခုကို ထူထောင်ထားရှိရာမှာ မြန်မာနိုင်ငံဟာလည်း ပူးပေါင်းပါဝင်လျက်ရှိပါတယ်”ဟု The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

Eleven

မြန်မာကို တိုက်ခိုက်မည်ဟု အယ်လ်ခိုင်ဒါ ခြိမ်းခြောက်

Posted by drmyochit Friday, September 05, 2014, under | No comments


ရန်ကုန်၊ စက်တင်ဘာ ၎

အိုစမာဘင်လာဒင် စတင်တည်ထောင်ခဲ့သည့် အစ္စလာမ်မစ်အစွန်းရောက် အယ်လ်ခိုင်ဒါအဖွဲ့က မြန်မာနိုင် ငံကိုတိုက်ခိုက်မည်ဟု အယ်ခိုင်ဒါမီဒီယာကထုတ်ပြန်ထားသည့် ဗီဒီယိုတစ်ခုတွင် စက်တင်ဘာ ၃ ရက်က ခြိမ်းခြောက်ပြောဆိုလိုက်သည်။

၅၅ မိနစ်ကြာဗီဒီယိုဖိုင်ကို အကြမ်းဖက်မူဝါဒ စောင့်ကြည့်လေ့လာရေး အဖွဲ့ (SITE) က အွန်လိုင်းဂျီဟတ်ဝါဒီ ဆွေးနွေးမှုများထဲ၌ တွေ့ရှိ ခဲ့ခြင်းဖြစ် ပြီး ခေါင်းဆောင် အေမန်အယ်လ်ဇ၀ါဟရီက မြန်မာနိုင်ငံ အပါအ၀င် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံ များတွင် တိုက်ခိုက်မှုများ ပြုလုပ်သွားမည် ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။

အယ်လ်ခိုင်ဒါသည် လက်ရှိတွင် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံများတွင် အားကောင်းနေဆဲဖြစ်ပြီး ဗီဒီယိုဖိုင်အတွင်း အဓိကပြောဆိုချက်မှာ အိန္ဒိယနိုင်ငံတွင် အယ်လ်ခိုင်ဒါ ဂိုဏ်းခွဲတစ်ခု ဖွင့်လှစ်လိုက်သည့် အချက်ဖြစ်သည်။

“ဂိုဏ်းခွဲကို ဒီနေ့တည်ထောင်လိုက် တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အိန္ဒိယ တိုက်ငယ်ထဲက မူဂျာဟစ်ဒင် တွေတစ်စုတည်း ဖြစ်လာအောင် စုစည်းဖို့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ကတည်းက အားထုတ်မှုရဲ့ အသီးအပွင့် တစ်ခုဖြစ်ပါတယ်”ဟု အယ်လ်ဇ၀ါဟရီက ဗီဒီယိုဖိုင်တွင် ပြောဆိုထားသည်။

မြန်မာအစိုးရဘက်မှ တုံ့ပြန်မှု

အဆိုပါ ဗီဒီယိုဖိုင်သတင်းများ ပြန့်နှံ့သည့် စက်တင်ဘာ ၄ ရက်က နာရီပိုင်းအတွင်း သမ္မတရုံးညွှန်ကြား ရေးမှူးဦးဇော်ဌေး (မှူးဇော်)က “အယ်လ်ခိုင်ဒါဂျီဟတ် စိုးရိမ်စရာမရှိသေး” ဟု ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာ တွင်ရေးသားသည်။

ထို့ပြင် မြန်မာအစိုးရအနေနှင့် အကြမ်းဖက် တိုက်ခိုက်မှုများ၏ပစ်မှတ်ဖြစ်လာနိုင်သည်ကို လွန်ခဲ့သည့် နှစ် အနည်းငယ်က ကြိုတင်သိရှိသည်ဟု ၎င်းကဆိုသည်။“ပြင်ဆင်မှုတွေကို တပ်မတော်နဲ့ လုံခြုံရေးအဖွဲ့အ စည်းတွေအားလုံး အလေးထားလုပ်ဆောင်ခဲ့ပါတယ်။ အယ်လ်ခိုင်ဒါ ကွန်ရက်ပျံ့နှံ့စီးဆင်း လည်ပတ်မှုတွေ ကိုလေ့လာပြီး ၀င်ရောက်လာနိုင်တဲ့ လမ်းကြောင်းတွေကို ကြိုတင်သတ်မှတ်ဆောင်ရွက်ခဲ့ပါတယ်”ဟု ဦး ဇော်ဌေးက ဆိုသည်။
ထို့ပြင် အယ်လ်ခိုင်ဒါသတင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က “ရခိုင်ပြည်နယ်မှာ လုံခြုံရေး အပြည့်အ၀ ယူထားပါတယ်။ ပြည်သူလူထု စိုးရိမ် မှုကင်းအောင် ရုပ်မြင်သံကြားကတစ်ဆင့် သတင်းထုတ်ပြန်ပေးမယ့် အစီအစဉ်လည်း ရှိပါတယ်။ လုံခြုံရေး တာဝန်ရှိသူတွေက အသေးစိတ်ထုတ်ပြန်ပါလိမ့်မယ်”ဟု မဇ္ဈိမကို ပြောသည်။

အယ်လ်ခိုင်ဒါနှင့် ပတ်သက်သည့် အခြားအမြင်များ

အစ္စလာမ်သာသနာရေးကောင်စီအဖွဲ့ဝင် ဦးလှဝင်းက “ဒါမျိုးကို လက်ခံလို့မရဘူးလေ။ သတင်းရရင်တော့ ကျွန်တော်တို့ အစ္စလာမ်ကောင်စီ အနေနဲ့ ဆွေးနွေးပွဲ လုပ်ပြီး ကန့်ကွက်ဆန့်ကျင်တဲ့အကြောင်း ထုတ်ပြန် ရမှာပေါ့”ဟု မဇ္ဈိမကို ပြောသည်။

အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်က “နယ်စပ်လုံခြုံရေးနဲ့ ပင်လယ်ပြင်လုံခြုံရေးကို အ လေးအနက်ထား ကာကွယ်ပေးဖို့လိုပါတယ်။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နဲ့ ဆက်သွယ်နေတဲ့ ကုန်စည် စခန်း တွေကိုတောင် ပိတ်သင့်ရင် ပိတ်တာမျိုး ဖြစ်သင့်တယ်။ ရခိုင်နယ်စပ်မှာ တိုက်ခိုက်မှုတွေဖြစ်တဲ့ RSO အဖွဲ့နဲ့ ဆက်စပ်မှု မရှိဘူးလို့ မပြောနိုင်ဘူးလေ”ဟု ဆိုသည်။

မောင်တော နယ်စပ်ခြံစည်းရိုးမိုင်တိုင် ၅၀၊ ၅၂ အနီးတွင် မေလအတွင်းက အမည်မသိလက်နက်ကိုင်အ ဖွဲ့တစ်ခုနှင့် မြန်မာစစ်တပ်တို့အကြား ပစ်ခတ်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး နှစ်ဖက်အဖွဲ့အစည်းမှ တပ်သားခုနစ် ဦးကျဆုံးခဲ့သည်။ ထိုဖြစ်စဉ်များနှင့်ပတ်သက်ပြီး မြန်မာအစိုးရဘက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေစိုက် သောင်းကျန်းသူတပ်ဖွဲ့ (RSO)ဟု စွပ်စွဲထားသည်။

ရခိုင်ပြည်နယ်တွင် ပင်လယ်ရေကြောင်းလုံခြုံရေးတပ်ဖွဲ့များကို မြို့နယ်အချို့တွင် ဖွဲ့စည်းထားပြီး ကင်းလှည့် ရေယာဉ်များဖြင့် ကြပ်မတ်လျက် ရှိသည် ဟု ပြည်နယ်အစိုးရက ပြောကြားထားသည်။ရခိုင်ပြည်နယ် နယ် စပ်လုံခြုံရေး မကျိုးပေါက်စေရန် ကြည်း၊ ရေ၊ လေတပ်ဌာနချုပ် အပါအ၀င် နယ်နိမိတ်မျဉ်း တစ်လျှောက် ကာကွယ်ရေးနှင့် လုံခြုံရေးအစီအမံများ ဆောင်ရွက်ထားသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဗိုလ် ချုပ်ကျော်ကျော်ထွန်း က အမျိုးသားလွှတ်တော်တွင် ဇူလိုင်လအတွင်းက ပြောကြားထားသည်။

အယ်ခိုင်ဒါအကြောင်း အကျဉ်း

အယ်လ်ခိုင်ဒါအဖွဲ့သည် ဆွန်နီစစ်သွေးကြွများဖြစ်ပြီး ၎င်းတို့အဓိက အသုံးပြုသည့် တိုက်ခိုက်နည်းများမှာ အသေခံ ဗုံးခွဲခြင်းပြုလုပ်လေ့ ရှိသည်။ အယ်လ်ခိုင်ဒါ အဖွဲ့၏ နာမည်ကြီး တိုက်ခိုက်မှုများမှာ ၂၀၀၁ ခုနှစ် စက်တင် ဘာ ၁၁ ရက်က အမေရိကန်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန (WTC) ကို လေယာဉ်ပြန်ပေး ဆွဲကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ အမေရိကန် သံရုံးဗုံးခွဲခြင်းနှင့် ၂၀၀၂ ခုနှစ် အင်ဒိုနီးရှားနိုင်ငံဘာလီ မြို့ ဗုံးဖောက်ခွဲမှုတို့ဖြစ်သည်။

နိုင်ငံတကာ သတင်းဌာနများဖြစ်သည့် CNN နှင့် နယူးယောက်တိုင်း(မ်) သတင်းဌာနများ၏ ရေးသားချက် များအရ အယ်လ်ခိုင်းဒါ၏ ယခုဗီဒီယိုဖိုင်အ တွင်း ပြောဆိုချက်သည့် ၏ အင်အားတိုးပွားလာမှုကို တိုက် ဖျက်နိုင်ရေးအတွက် အင်အားသစ်များ၊ နောက်လိုက်အသစ်များ စုဆောင်းရန် ၀ါဒဖြန့်ခြင်းဟု ဆိုသည်။

Mizzima

Thursday, August 21, 2014

အရှေ့မြောက်ပိုင်းဒေသသူပုန်များ တရုတ်နှင့် မြန်မာမှ လက်နက်ရရှိဟုဆို

Posted by drmyochit Thursday, August 21, 2014, under | No comments

အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသရှိ လက်နက်ကိုင်စစ်သွေး ကြွများသည် မြန်မာနှင့်တရုတ်နိုင်ငံတို့မှ တရားမဝင် လက်နက် နှင့်ကျည် အမြောက်အမြားဆက် လက်ရရှိနေကြောင်း နယ်ခြားလုံ ခြုံရေးတပ်မှ အကြီးတန်း အရာရှိ တစ်ဦးက သြဂုတ် ၁၉ ရက်၌ ပြောကြားလိုက်သည်။

‘‘ဘင်္ဂလားဒေ့ရှ်နယ်စပ် က နေ နိုင်ငံတကာနယ်စပ်ကိုဖြတ်ပြီး ဒီနိုင်ငံထဲကို လက်နက်နဲ့ကျည် တွေသွင်း ထားတာ။ တစ်ခါတစ်ရံ တော့ရှိပါတယ်။ ဒါပေမဲ့ အတော် များများဟာ တရုတ်နဲ့ မြန်မာနယ် စပ်တွေ ကိုဖြတ်ပြီး ဝင်လာနေကြ တယ်’’ဟု မေဂါလာယာရှေ့တန်း ကို ကြီးကြပ်ရသူအရာရှိဆူဒက်ရှိ ကူးမားက သတင်းထောက်များအားပြောသည်။

‘‘အနောက်ပိုင်းက ရှေ့တန်း နဲ့မတူတာက အဲဒီမှာဆိုရင် နယ် စပ်ကိုစောင့်ကြည့်ရတာလွယ်ပေ မယ့် အရှေ့ဘက်နယ်စပ်ကတော့ တောင်တန်းတွေရှိတာကြောင့် စောင့်ကြပ်ရတာပိုခက်ခဲပါတယ်။ အဝေးကို လှမ်းမမြင်နိုင်တာက လည်း ကျွန်တော်တို့တပ်တွေ အတွက် ပိုဆိုးစေပါတယ်’’ဟုဆို သည်။
ဘင်္ဂလားဒေ့ရှ်နယ်ခြားတစ်လျှောက် ၄၄၃ ကီလိုမီတာကို စောင့်ကြပ်တာဝန်ယူရသူ ကူးမားက ၎င်း၏တပ်သားများသည် နယ် စပ်ဖြတ်ကျော်ကျူးလွန်သည့် ရာဇ ဝတ်မှုများနှင့် စစ်သွေးကြွများ ဝင် မလာအောင် အကောင်းဆုံးကြိုး စား ကာကွယ်စောင့်ကြပ်နေ ကြောင်းပြောသည်။
မြန်မာနှင့်တရုတ်နိုင်ငံဘက် မှ တရားမဝင်လက်နက်များ ၊ကျည်များမှာအများအားဖြင့် အာသံနှင့်
နယ်ချင်းဆက်နေသည့် နာဂလန်း ရှိ အဓိကကုန်သွယ်မှုမြို့ဖြစ်သည့် ဒင်မာပူကို ရေကြောင်းဖြင့်ဝင် ရောက်လာပြီး ယင်းမှတစ်ဆင့် အိန္ဒိယနိုင်ငံခြားပြည်နယ်များသို့ ဆက်လက်ခိုးထုတ်သယ်ဆောင်
ကြသည်ဟုဆိုသည်။

‘‘ယူနီဖိုင်းကွန်မန်နဲ့ အာသံ ရိုင်ဖယ်တပ်တွေက အာသံမှာ လက်နက်နဲ့ကျည်အများအပြား ကို မကြာခဏဖမ်းမိပြီး ဒါတွေကို မေဂါလာယာမှာ လှုပ်ရှားနေတဲ့ သူပုန်တွေဆီပို့ဖို့ပြင်နေတာပါ’’
နယ်စပ်ကိုခြံစည်းရိုးခတ်ခြင်းဖြင့် မလုံလောက်အိန္ဒိယနှင့်ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ခြံစည်းရိုးခတ်ခြင်း နည်းတစ်ခုတည်းဖြင့် လက်နက် နှင့်ကျည်များဝင်ရောက်လာမှုကို စစ်ဆေးရန်၊ စစ်သွေးကြွများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများဝင် ရောက်လာမှုကို စစ်ဆေးရန်အတွက် မလုံလောက်ကြောင်း ကူးမားကပြောဆိုသည်။ ယခု အခါ နယ်ခြားစောင့်တပ်က အိန္ဒိ ယ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ် လျှောက်တွင် အထူးဂရုပြုစောင့် ကြပ်ရုံမက တပ်ဖွဲ့များက ခေတ် မီစက်ပစ္စည်းများကိုလည်း အသုံး ချနေကြောင်းသိရသည်။ ရရှိ သောသတင်းအချက်အလက်များ ကိုကိုးကားပြီး မေဂါလာယာ၏ ဝန်ကြီးချုပ်မူကူးဆန်မာက အနောက်မြောက်ဘက်တွင် လက်နက်များစွာရှိနေကြောင်း ပြောဆို လိုက်သည်။

‘‘ဒီလက်နက်တွေဘယ်က လာတာလဲ။ ဒါကဘာကိုပြသလဲ ဆိုရင် နိုင်ငံကိုပုန်ကန်ဆန့်ကျင် နေတဲ့ အင်အား စုတွေ အချိန်အ တော်ကြာကြာလှုပ်ရှားနေတယ်။ ဒါကြောင့် လက်နက်တွေနဲ့ ဖောက်
ခွဲရေးပစ္စည်းတွေ ဝင်လာနေတာ ဖြစ်တယ်။ ဒီကိစ္စကို ပြည်နယ် အစိုးရတွေနဲ့ ဗဟိုအစိုးရတို့ပူး ပေါင်းပြီး ဖြေရှင်းဖို့လိုတယ်’’

ကိုးကား- The New Indian Express
7Day Daily

Wednesday, July 23, 2014

မြန်မာပြည်ဖွားဘောလိဝုဒ် မင်းသမီး လိုင်လာခမ်း တိုက်ဆိုင်မှုရှိလျှင် ရိုက်ကူးအပြီး အိန္ဒိယ၌ လုပ်ကြံခံရ

Posted by drmyochit Wednesday, July 23, 2014, under | No comments

တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် ခဲ့သည့် အိန္ဒိယနိုင်ငံမှ ဘောလိဝုဒ် မင်း သမီး လိုင်လာခမ်းသည်၎င်း၏မိသားစုများနှင့် အတူ ၂ဝ၁၁ခုနှစ်တွင်မွမ်ဘိုင်းမြို့အနီး၌ သေနတ်ဖြင့် ပစ်သတ်ခံ ရသည်ဟု www.alibaba.comတွင် ပထွေးဖြစ်သူက ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။
လိုင်လာခမ်းနှင့် မိသားစုများသည် ၂ဝ၁၁ခုနှစ် ဖေဖော်ဝါရီ ၇ရက်မှ စတင်ပြီး ၎င်းတို့နေထိုင်ရာ တိုက်ခန်းမှ ပျောက်ဆုံးခဲ့ပြီး ၎င်းတို့ကို ပထွေးဖြစ်သူ ပါဗက်ဇ်တက်ခ် က နာရှစ်ခ်ခရိုင် လယ်တဲဆီသို့ ခေါ်ဆောင် သွားခဲ့သည်ဟု မွမ်ဘိုင်းရဲတပ်ဖွဲ့က လိုင်လာ၏ ဆဲလ်ဖုန်း မှတ်တမ်းမှ တစ်ဆင့် နောက်ဆုံး ခြေရာခံမိပြီး ယင်းလယ်တဲ ကိုလည်း မီးရှို့ခြင်း ခံရသည်ဟု ဖော်ပြထားသည်။

ယင်းဖြစ်စဉ်ကို လိုင်လာ၏ ဖခင်နာဒီပါတဲလ်က မါမ်ဘိုင်းရဲတပ်ဖွဲ့ကို အမှုဖွင့် တိုင်ကြားခဲ့ ခြင်းဖြစ်သည်။ ယင်းအပြင် ကက်ရှ် ဒေသရှိ ပါပက်ဇ်ပိုင် စတိုးဆိုင်တွင် လိုင်လာ၏ SUVကားကို တွေ့ရှိပြီး နောက်တွင် ပါပက်ဇ်ကို ဂျစ်မူးနှင့် ကက်ရှ်မီးယား ရဲတပ်ဖွဲ့က ဇွန်၂၁ရက်တွင် ဖမ်းဆီးခဲ့သည်။ ပါဇ်သည် လိုင်လာ၏ မိခင်ဖြစ်သူ၏ တတိယမြောက် ခင်ပွန်းဖြစ်ပြီး ပေါင်းသင်း နေထိုင်နေသူတစ်ဦးဖြစ်သည်။

ယင်းဖြစ်စဉ်တွင် လိုင်လာ၏ ချစ်သူနှင့်အတူ အမျိုးသား သုံးဦးကိုလည်း ပစ်သတ်ခဲ့သည်ဟု လိုင်လာနှင့် ၎င်း၏ ဆွေမျိုးများ ပျောက်ဆုံးပြီး ၁၁လအကြာ တွင် ပါပက်ဇ်က ဂျမ်မူရဲတပ်ဖွဲ့ ပြောကြားခဲ့သည်။ ယင်းကဲ့သို့ လိုင်လာကို ပစ်သတ်ရခြင်းသည် လိုင်လာနှင့် မိခင်ဖြစ်သူတို့ ပိုင်ဆိုင်သည့် တိုက်ခန်းများနှင့် ပစ္စည်း ဥစ္စာများကို ရယူလိုခြင်းကြောင့်ဖြစ်သည်။

လိုင်လာခမ်းသည် ၂ဝဝ၈ခုနှစ်က ထုတ်လွှင့်ခဲ့သည့် Wafa ရုပ်ရှင် ဇာတ်ကားတွင် မင်းသားဂျက်ရှ်ခမ်နာနှင့် အတူ တွဲဖက် သရုပ်ဆောင် ထားသည်။ ရုပ်ရှင် ထုတ်လုပ်သူ ရာက်ရှ်ဆာဝပ်နှင့် အကြမ်းဖက် သမားများ ချိတ်ဆက်မှု ရှိမရှိနှင့် ၎င်း၏ ငွေကြေးသုံးစွဲ ခြင်းကိုလည်း မဟာရက်ရှ်ထရာ အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့ ၏ မေးမြန်းမှုကို ခံခဲ့ရသည်။

Mizzima News Daily

တရုတ် ပတ်စ်ပို့အတုထုတ်ပေးသူဟု စွပ်စွဲခံရသူက ငြင်းဆို

Posted by drmyochit Wednesday, July 23, 2014, under | No comments

တရုတ်နိုင်ငံသို့ သွားသူ သုံးရာကျော်အား ယာယီနိုင်ငံကူး လက်မှတ်အတုထုတ်ပေးခဲ့သူဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ စွပ်စွဲခံရ သော ကိုဇေယျာအောင်က ၎င်းမှာ ပတ်စ်ပို့အတု ပြုလုပ်ပေးသူမ ဟုတ်ကြောင်း ဇူလိုင် ၂၂ ရက်တွင် ငြင်းဆိုသည်။

ကိုဇေယျာအောင်က ၎င်း သည် တရုတ်နိုင်ငံကြယ်ခေါင်မြို့ တွင် လက်ဖက်ရည်ဆိုင်ဖွင့်လှစ်  ထားပြီး ကြယ်ခေါင်ရှိ မြန်မာနိုင်ငံ အလုပ်သမားများကို လွယ်ဂျယ် နယ်စပ်ရှိ မြန်မာလ၀ကမှ ယာယီပတ်စ်ပို့ရရှိရန် ကြားပွဲစားအဖြစ် ၀န်ဆောင်မှုပေးနေသူဖြစ်ပြီး အတုလုပ်သူ မဟုတ်ကြောင်း 7Day Daily အား ပြောသည်။

ထိုသို့ ပတ်စ်ပို့ကြားပွဲစားအ ဖြစ် ဆောင်ရွက်ပေးသည့်အတွက် တစ်ဦးလျှင် ၀န်ဆောင်ခကျပ်တစ် သောင်းသာယူကြောင်း ၎င်းက ပြောသည်။

‘‘ကျွန်တော်က အတုလုပ် ပေးတဲ့သူမဟုတ်ပါဘူး။ အခုကျွန် တော်မူဆယ်လည်းဈေးဝယ်သွား တယ်။ ကြယ်ခေါင်မှာလည်းနေ တယ်။ သံသယရှိတယ်ဆိုပြီးဖမ်း စီးစစ်ဆေးတာတွေလည်းအခုထိ မရှိသေးပါဘူး။ ဒီကိစ္စကို လ၀က ကိုရှင်းပြချင်ပါတယ်။ ကျွန်တော် လုပ်ခဲ့တာအားလုံးက လွယ်ဂျယ် က လ၀ကနဲ့လုပ်ခဲ့တာပါ။ သူတို့ အားလုံးကပြောင်းသွားတာကြာ ပြီ။ သက်သေဆိုလို့ သူတို့နဲ့လုပ်ခဲ့ တာတွေကိုပြောပြရမှာပါပဲ။ အ စစ်ပဲ လုပ်ခဲ့တာပါ’’ဟု ကြားပွဲ စားအဖြစ် လေးနှစ်ကျော်လုပ်ကိုင် ပေးခဲ့သူ ကိုဇေယျာအောင်က ပြောသည်။

လွယ်ဂျယ်နပ်စပ်ဂိတ်တွင် ယာယီနိုင်ငံကူးလက်မှတ်ကတ် တစ်ခုလျှင် ငွေကျပ်သုံးထောင်ဝန် ဆောင်ခအဖြစ် ၎င်းကရယူပြီး နယ်စပ်ဂိတ်တွင် ခုနစ်ထောင်ပေး ၍ ယာယီနိုင်ငံကူးလက်မှတ်များ ကို လုပ်ကိုင်ပေးခဲ့သည်မှာ ကြာ မြင့်နေပြီဖြစ်ကြောင်း၊ အစစ်လုပ် ရာတွင် လိုအပ်သည့်မှတ်ပုံတင် ကတ်၊ သန်းခေါင်စာရင်းများဖြင့် လုပ်ကိုင်ပေးခြင်း ဖြစ်ကြောင်းပြောဆိုထားသည်။

မူဆယ်နယ်စပ်မှ တရုတ်နိုင် ငံသို့ တစ်နှစ်သက်တမ်းရှိယာယီ နိုင်ငံကူးလက်မှတ်အတု ကိုင် ဆောင်သူ ၃၈၂ဦးကို တရုတ်နယ် ခြားစောင့်တပ်က ဇူလိုင် ၁၅ရက် က ဖမ်းဆီးပြီးနောက် ယာယီနိုင်ငံ ကူးလက်မှတ်အတုလုပ်ပေးသူကို မြန်မာနှင့် တရုတ်အစိုးရတို့ ပူး ပေါင်းစုံစမ်းလျက်ရှိသည်။ အောက်ခြေလ၀က၀န်ထမ်းများ၏ တင်ပြချက်အရ ကိုဇေယျာအောင်မှာ ပတ်စ်ပို့အတုပြုလုပ်ပေးသူဟု သံသယရှိသူဟု ဆိုသည်။

‘‘အောက်ခြေကနောက်ဆုံး တင်ပြထားတာကတော့ ဒီလူဟာ တရားခံအဖြစ်သံသယရှိသူလို့ဆို ပါတယ်။ ဒါပေမဲ့ သူ့ကိုယနေ့အ ချိန်ထိတရားစွဲထားတာမရှိပါဘူး။ ရှင်းချင်ရင် လာရှင်းလိုက်ပါ။ သူကိုယ်တိုင်မဟုတ်ဘူးဆိုရင် တ ရားခံအစစ်ကို ဖမ်းတဲ့အခါမှာ အ ထောက်အကူဖြစ်တာပေါ့’’ ဟု လ၀ကမှ အကြီးတန်းတာဝန်ရှိသူ တစ်ဦးကပြောသည်။

အထက်ပါ တာဝန်ရှိသူကဇူလိုင် ၂၁ ရက်တွင် ကိုဇေယျာအောင်အား ယာယီနိုင်ငံကူးလက်မှတ်အတု ထုတ်ပေးခဲ့သဖြင့် အရေးယူရန် မြန်မာ−တရုတ် နှစ်နိုင်ငံအစိုးရ လ၀ကချင်း သဘောတူခဲ့ကြောင်း 7Day အား ပြောခဲ့ပြီး ဇူလိုင် ၂၂ ရက်ထုတ် သတင်းစာတွင် ဖော်ပြခဲ့သည်။ ထို့ကြောင့်ကိုဇေယျာအောင်က ၎င်းမှာ ယာယီပတ်စ်ပို့ကို ကြားမှ လုပ်ပေးသူသာဖြစ်ပြီး အတုပြုလုပ်သူ လုံးဝမဟုတ်ကြောင်း 7Day သို့ ဆက်သွယ်ပြောကြားခြင်းဖြစ်သည်။

ယာယီနိုင်ငံကူး လက်မှတ် အတုကိုင်ဆောင်သည် ဆိုသောမြန်မာလုပ်သား ၃၀၀ ကျော်ဖမ်းဆီးအရေးယူရာတွင် လ၀ကဦးစီးမှူး ဦးဂျစ်တူးလက်မှတ်ပါသည့်စာအုပ်များကို တရုတ်အစိုးရက ရွေးချယ်ဖမ်းဆီးခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အပြင် လ၀က,က  ယာယီနိုင်ငံကူး လက်မှတ်ပြုလုပ်ပေးနေသည့် ကြားပွဲစားငါးဦးကို ဖမ်းဆီးစစ်ဆေး အရေးယူထားကြောင်း သတင်းရရှိသည်။

7 Day

Tuesday, July 22, 2014

ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များအား အစုလိုက် အပြုံလိုက် နေရပ်ပြန်ပို့မည့် အပေါ် ကုလအပါအဝင် နိုင်ငံတကာအကူ အညီပေးရေးအဖွဲ့များက ထိုင်းနိုင်ငံအား သတိပေး

Posted by drmyochit Tuesday, July 22, 2014, under | No comments


ရန်ကုန်၊ ဇူလိုင် ၂၁-မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့် စီးပွားရေးအနေအ ထားများအရ ဒုက္ခသည်များကို အစု လိုက် အပြုံလိုက် ပြန်ပို့ရန် မသင့်လျော် သေးဟု ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်း ကြီးနှင့် အခြား နိုင်ငံတကာ အကူအညီပေးရေး အ ဖွဲ့များက အသိပေးပြောကြားလိုက် ကြောင်း သိရသည်။
ဒုက္ခသည်များကို လုံခြုံစိတ်ချ စွာနှင့် အောင်မြင်စွာပြန်ပို့နိုင်ရေး အတွက် မြန်မာစစ်တပ်နှင့် ကု လသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာ မင်းကြီးရုံးကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းများနှင့် အနီး ကပ် ပူး ပေါင်းဆောင်ရွက်မည်ဟု ထိုင်းနိုင် ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်တွင် အတည်ပြုဖော် ပြထားကြောင်း သိရသည်။

မြန်မာဒုက္ခသည် တစ်သိန်းနှစ် သောင်းကျော် ကို မြန်မာနိုင်ငံသို့ ပြန်ပို့ရန်စီစဉ်ထားကြောင်း ထိုင်း စစ်တပ်အကြီးအကဲ ပရာယုချန် အိုချာက ကြေညာခဲ့ပြီးကတည်းက ထိုင်းမြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်း အားလုံးတွင် လုံခြုံရေးတိုးမြှင့်ချထား ကြောင်း သိရသည်။

သို့ရာတွင် ဒုက္ခသည်စခန်းများ အတွင်းအခြေအနေ မှာ ပုံမှန်အ တိုင်းရှိသည်ဟု ထိုင်းစစ်ဖက်က ပြော ကြားထားကြောင်း သိရသည်။ ဒုက္ခ သည်စခန်းများတွင် ခိုလှုံနေထိုင်စ ရာ ပေး ရုံမျှ မက ထိုင်းအစိုးရနှင့် အကူအညီပေးရေး အေဂျင်စီများ က ဒုက္ခသည်များအား အစားအစာ နှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရုံမျှမက ပညာပါသင်ပေးသည် ဟုဆို သည်။ ဒုက္ခသည် များကို အ များအပြားပြန်ပို့ခြင်းသည် အဆိုပါ ကူညီပံ့ပိုးပေးနေခြင်း ယန္တရားကို ရပ်ဆိုင်းပစ်လိုက်ခြင်းဖြစ်သည်ဟူ သော အဓိပ္ပါယ်ကိုဆောင်သည်။
''မြန်မာနိုင်ငံရဲ့ အခြေအနေ က ဒုက္ခသည်တွေကို အစုလိုက် အ ပြုံလိုက် ပြန်ပို့ဖို့ မသင့်လျော်သေး တဲ့အနေအထားမှာ ရှိပါတယ်''ဟု ဒေါက်တာစင်သီရာမောင်က ပြောသည်။

Democracytoday

Monday, July 21, 2014

ရိုးရာဓလေ့ဖြင့် မီးလှုံရာမှ မိခင်နှင့်ကလေး မီးခိုးမွှန်ပြီး သေဆုံး

Posted by drmyochit Monday, July 21, 2014, under | No comments


ထိုင်းနိုင်ငံအလယ်ပိုင်း ပကျုတ်ခီရိခန်ခရိုင်မှာ မီးနေသည် မြန်မာအလုပ်သမတဦး ထင်း မီးမြှိုက်လှုံရာကနေ မီးခိုးငွေ့မွှန်ပြီး မွေးစကလေးပါ သေဆုံးခဲ့သလို အခန်းထဲက ဆွေမျိုး ၃ ဦးပါ အရေးပေါ် ဆေးရုံတင်ထားရတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြသွားပါတယ်။

ဇူလိုင်လ ၂၀ ရက်နေ့  မနက် ၈ နာရီအချိန်က ပကျုတ်ခီရိခန်မြို့ ခလောင်းဝပ်လမ်း ဆ၀ိုင်ချုတ် ရပ်ကွက်ထဲမှာ မီးလောင်မှုဖြစ် ပွားကြောင်း သတင်းပေးချက်အရ  ရဲတပ်ဖွဲ့ဝင် နဲ့ မီးသတ်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ သွားရောက်ကြည့်ရှုရာမှာ အလုပ်သမားတွေ ငှားနေတဲ့ ၅ ခန်းတွဲ တိုက်ခန်းထဲမှာ မီးခိုးငွေ့မွှန်ပြီး သေဆုံးနေတဲ့ မိခင်နဲ့ ကလေးရော၊ မေ့မြောနေသူ  ၃ ဦးပါ တွေ့ရှိခဲ့တယ်လို့ ခလောင်းဝပ်ရဲစခန်း တာဝန်ကျ ဒုစခန်းမှူး နိုင်းအားမွန်း ဖစ်ချဒုန်းက သတင်းထောက်တွေကို ပြောပါတယ်။

အခင်းဖြစ်ပွားရာ အခန်းဟာ အတွင်းကနေ ပိတ်ထားတဲ့အတွက် တာဝန်ရှိသူတွေဟာ တံခါးကို ဖျက်ဝင်ခဲ့ရပြီး ပြူတင်းပေါက်တွေပါ အလုံပိတ်ထားတာ တွေ့ရကြောင်း၊ ခုတင်အောက်မှာလည်း ဇလုံတခုထဲမှာ ပြာထည့်ပြီး မီးမြှိုက်ထားတဲ့ ထင်းသုံးချောင်းကို တွေ့ရတဲ့အတွက် အခန်းထဲက လူတွေ လေ၀င်လေ ထွက်ပြတ်လပ်ပြီး သေဆုံးမေ့မြောကုန်တာလို့ ရဲအရာရှိက ခန့်မှန်းပြောဆိုပါတယ်။

ရဲစခန်းကို သတင်းပေးသူဟာ ရေလုပ်သား ကိုဒိုင်း ဆိုသူဖြစ်ပြီး ညအလုပ်ဆင်းပြီးနောက် မနက်အိမ်ပြန်လာရာမှာ အိမ်ထဲဝင်လို့မရဘဲ ထူးထူးခြားခြားတိတ်ဆိတ်နေတဲ့အတွက် ရဲစခန်းကို အကြောင်းကြားခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူမှာ ကိုဒိုင်းရဲ့ ဇနီး ရီဖာထော အသက် ၂၂ နှစ် ဖြစ်ပြီး စားသောက်ဆိုင်တခုမှာ အလုပ်လုပ်ကြောင်း၊ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ကမှ ပကျုတ်ခီရိခန်ဆေးရုံကနေ ကလေးမွေးပြီး အိမ်ပြန်ကာ ရိုးရာ ဓလေ့အရ မီးလှုံခဲ့ကြောင်း၊ ကလေးကိုတော့ အမည်မပေး ရသေးဘူးလို့ ဆိုပါတယ်။

သတိလစ်မေ့မြောသူ ၃ ဦးကတော့ မီးနေသည်ကို လာစောင့်ပေးတဲ့ မမိုး ၃၅ နှစ်၊ မထွန်းလိတ် ၁၅ နှစ်နဲ့ မောင်ထွေး ၆ နှစ်တို့ ဖြစ်ကြောင်း တာဝန်ကျရဲအရာရှိအပြောကို ကိုးကားပြီး သတင်းမှာ ဖော်ပြသွားပါတယ်။

ပကျုတ်ခီရိခန်ဆေးရုံကြီးရဲ့ စစ်ဆေးချက်အရ  သားအမိ ၂ ဦးဟာ မနက် ၂ နာရီလောက်တည်းက သေဆုံးခဲ့တာဖြစ်ပြီး မေ့မြောသူ ၃ ဦးမှာ အဆုတ်ထဲ ကာဗွန်မိုနောက်ဆိုဒ်ဝင်သွားတဲ့အတွက်  အောက်ဆီဂျင်ပေးသွင်း ကုသထားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။

DVB

Monday, June 30, 2014

အင်အားကြီး တရုတ်နိုင်ငံ၊ အမျိုးသားရေးပါတီ အာဏာရ အိန္ဒိယနိုင်ငံ၊ စစ်တပ်အာဏာသိမ်း ထိုင်းနိုင်ငံနှင့် ဘာသာရေးအစွန်းရောက် သီရိလင်္ကာနိုင်ငံတို့ ၀န်းရံနေသဖြင့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ရန် ခက်ခက်ခဲခဲ ကြိုးစားရမည်ဟု မြန်မာ့အရေး လေ့လာနေသည့် The Educational Initiatives မှ ကျောင်းအုပ်ကြီး Mr. Igor Blazevic ပြောကြား

Posted by drmyochit Monday, June 30, 2014, under | No comments

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများပြ မြေပုံ

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်မှု မရရှိရန် အင်အားကြီး တရုတ်နိုင်ငံ၊ အမျိုးသားရေး ပါတီမှ လက်ရှိ အာဏာရရှိထားသည့် အိန္ဒိယနိုင်ငံနှင့် စစ်တပ်မှ မကြာခဏ အာဏာသိမ်းယူလေ့ရှိသည့် ထိုင်းနိုင်ငံနှင့် ဘာသာရေးအစွန်းရောက် သီရိလင်္ကာနိုင်ငံ စသည့်နိုင်ငံများ ဝန်းရံနေသဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အောင်မြင်ရန် ခက်ခက်ခဲခဲ ကြိုးပမ်းရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အခြေစိုက်၍ လေ့လာနေသည့် The Educational Initiatives မှ ကျောင်းအုပ်ကြီး Mr. Igor Blazevic က ပြောကြားသည်။

အာဏာရှင်နိုင်ငံများမှ ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ အသွင်ကူးပြောင်းသည့် နိုင်ငံများ၏ ဒီမိုကရေစီရေးဆိုင်ရာ အသွင်ကူးပြောင်းမှုများအား လေ့လာနေသည့် The Educational Initiatives အဖွဲ့ အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအား လေ့လာ၍ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများမှာ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ရှိနေခြင်း ရှိမနေခြင်းများနှင့် စပ်လျဉ်း၍ ဇွန် ၂၆ ရက်က ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ The Educational Initiatives အဖွဲ့ရုံးခန်းတွင် အရပ်ဘက် အဖွဲ့အစည်းများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းသည့် နိုင်ငံများအနေနှင့် ဒီမိုကရေစီစနစ် မအောင်မြင်နိုင်သည့် အချက်အလက်များမှာ ပြည်သူလူထုအား ဖိနှိပ်ရန် အဆင်သင့်ဖြစ်နေသည့် နိုင်ငံ၊ တိုင်းရင်းသားလူမျိုးစုကြား ပြဿနာ များနှင့် ဘာသာရေး ပဋိပက္ခများ ကြီးမားသည့်နိုင်ငံ၊ ပြည်တွင်းစစ် ဖြစ်ပွားနေသည့် နိုင်ငံ၊ ရေနံသဘာဝဓာတ်ငွေ့ သယံဇာတများအား ပေါကြွယ်ဝ၍ အကျိုးအမြတ်များအား အာဏာလက်ဝယ်ရှိသူများ ရယူထားသည့် နိုင်ငံနှင့် ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းခြင်းအား မလိုလားသည့် နိုင်ငံများ ဝန်းရံနေခြင်း စသည့်အချက်များ ရှိနေပါက ဒီမိုကရေစီ အသွင်ကူးပြောင်းသည့် နိုင်ငံများသည် အောင်မြင်မှုရရှိမှု မရှိကြောင်း Mr. Igor Blazevic က ပြောကြားခဲ့သည်။

“အိမ်နီးချင်းနိုင်ငံ မကောင်းလို့ ဒီမိုကရေစီစနစ် မအောင်မြင်တာတွေ ရှိတယ်။ ဥပမာ ရုရှားနိုင်ငံ ရှိနေလို့ ဂျော်ဂျီယာ၊ ယူကရိန်း၊ ဘီလာရုဇ် စတဲ့နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းမှု မအောင်မမြင် အခက်တွေ့နေသလို ဆော်ဒီအာရေးဗီးယားနိုင်ငံကြောင့် ဘာရိန်း၊ အီရန်၊ ဆီးရီးယား စတဲ့နိုင်ငံတွေရဲ့ အသွင်ကူးပြောင်းမှု မအောင်မမြင် ဖြစ်တယ်။ မြန်မာနိုင်ငံမှာလည်း ဒီမိုကရေစီစနစ် မအောင်မမြင်ဖြစ်ဖို့အတွက် တရုတ်နိုင်ငံတင် မကဘူး။ အမျိုးသားရေးကို ဦးစားပေးတဲ့ပါတီ အာဏာရသွားတဲ့ အိန္ဒိယနိုင်ငံနဲ့ ဒီမိုကရေစီနိုင်ငံ ဆိုပေမယ့် စစ်တပ်က မကြာခဏ အာဏာသိမ်းတဲ့ ထိုင်းနိုင်ငံတို့၊ ဘာသာရေး အစွန်းရောက်မှုကြောင့် ဘာသာရေးပြဿနာတွေ ဖြစ်ပွားတတ်တဲ့ သီရိလင်္ကာနိုင်ငံတို့က ဝန်းရံထားတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေက ဒီမိုကရေစီလိုလားတဲ့နိုင်ငံ မရှိဖြစ်နေတယ်။ ဒီမိုကရေစီ ပြိုပျက်နိုင်တဲ့ အချက်အလက်တွေ မြန်မာနိုင်ငံမှာ အကုန်ရှိနေတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စိန်ခေါ်မှု အရမ်းကြီးနေတယ်။ ခက်ခက်ခဲခဲ ကြိုးစားရမယ်” ဟု Mr. Igor Blazevic က ပြောကြားသည်။

လက်ရှိ အာဏာရရှိထားသူများ အနေနှင့် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိ၍ အာဏာဆက်လက် ချုပ်ကိုင်နိုင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း Mr. Igor Blazevic က သုံးသပ်သည်။ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ပဋိပက္ခများ ဖြစ်ပေါ်စေရန် လုပ်ဆောင်နိုင်သည့် အနေအထားများလည်း ရှိနေပြီး အကြမ်းဖက်မှုများ ဖြစ်ပေါ်လာနိုင်သည့် အနေအထားများလည်း ရှိနေကြောင်း Mr. Igor Blazevic က ဆက်လက်ပြောကြားသည်။

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အကြမ်းဖက်မှုများ ပဋိပက္ခများ မဖြစ်ပွားစေရန် အတိုက်အခံများနှင့် အာဏာရပါတီ အစိုးရအကြား လုပ်ဆောင်သင့်သည့် အချက်များအဖြစ် တပ်မတော်သား ၂၅ ရာခိုင်နှုန်းအား လက်ရှိ ၂၅ ရာခိုင်နှုန်းအတိုင်း ၂ဝ၁၅ ခုနှစ်တွင် ပါဝင်ခွင့်ပြုခြင်း၊ ပုဒ်မ ၄၃၆ ပါ ကန့်သတ်ချက်များအား ဖြေလျှော့ပေးခြင်း၊ ၅၉ (စ) အား ဖျက်သိမ်းပေးခြင်း၊ အချိုးကျ ကိုယ်စားပြုစနစ်အစား လက်ရှိကျင့်သုံးသည့် နိုင်သူအကုန်ယူ စနစ်ကိုသာ ကျင့်သုံးသင့်ခြင်း၊ အင်ဒိုနီးရှားနိုင်ငံအား ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်စေနိုင်ခဲ့သည့် ဗဟိုချုပ်ကိုင်မှု လျှော့ချခြင်းနှင့် သက်ဆိုင်သည့် ဥပဒေပြဌာန်းခြင်း၊ နိုင်ငံရေး တင်းမာမှု လျော့ကျရန် တိုင်းရင်းသားဘာသာစကား ယဉ်ကျေးမှုများ လွတ်လပ်ခွင့်ပေးခြင်း၊ စစ်တပ်၏ ထိုးစစ်ဆင်မှုများ ရပ်တန့်၍ တိုင်းရင်းသားဒေသများတွင် တိုးချဲ့နေရာယူနေမှုအား ရပ်တန့်ပေးရန် လိုအပ်ခြင်း စသည့်လုပ်ငန်းစဉ်များ လုပ်ဆောင်ပေးရန် လိုအပ်နေပြီး ထိုသို့ လုပ်ဆောင်နိုင်မှသာ ၂ဝ၁၅ ရွေးကောက်ပွဲ တရားမျှတနိုင်ပြီး အကြမ်းဖက်မှုများအား တားဆီးနိုင်မည်ဖြစ်ကြောင်း Mr. Igor Blazevic က ထပ်ဆင့်သုံးသပ်သည်။

ဖြိုးဝေ
Eleven Media Group

ထိုင်းစစ်တပ်က လူပွဲစားတွေ စနှိမ်နင်းမည်

Posted by drmyochit Monday, June 30, 2014, under | No comments


ထိုင်းနိုင်ငံ အနောက်ပိုင်း စမွတ်စခုံအရပ်က ရေလုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ

ထိုင်းအစိုးရအနေနဲ့ နိုင်ငံတွင်းမှာ တရားမဝင်ရောက်နေထိုင်လုပ်ကိုင်နေကြတဲ့ အိမ်နီးချင်း နိုင်ငံတွေက အလုပ်သမားတွေအပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်မှာမဟုတ်ဘဲ နောက်ကွယ်ကနေ လူကုန်ကူးနေတဲ့ပွဲစားတွေကို အဓိက အရေးယူနှိမ်နင်းသွားမှာဖြစ်ကြောင်း ထိုင်းစစ်တပ်အကြီးအကဲက မနေ့က နိုင်ငံတော်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။ ဒါကြောင့် လူကုန်ကူးမှု အများဆုံးဖြစ်နေတဲ့ နေရာတွေ ဖြစ်တဲ့ ငါးဖမ်းလှေတွေမှာ ရောင်းစားခံနေရသူတွေကို အရင်ဆုံး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်သင့်တယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆောင်ရွက်နေသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို Tier-2 စောင့်ကြည့်စာရင်းမှာထည့်ထားပေမယ့် မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားတွေနဲ့ ဆက်စပ်နေတဲ့ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကတော့ Tier-3 အဆိုးဆုံးအဆင့်ကို သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံရဲ့ အာဏာသိမ်းစစ်အစိုးရဟာ ထိုင်းနိုင်ငံအတွင်းမှာ နိုင်ငံတကာအစိုးရတွေနဲ့ ဌာနဆိုင်ရာတွေနဲ့တွေ့ဆုံပြီး လူကုန်ကူးမှု ပပျောက်အောင် ဆောင်ရွက်သွားမယ့်အကြောင်း ပြောခဲ့တာပါ။ လူကုန်ကူးမှုနှိမ်နင်းရေကို ဆောင်ရွက်သွားမှာဖြစ်တဲ့အကြောင်း ထိုင်းအစိုးရစစ်ခေါင်းဆောင်က နိုင်ငံတော်ကိုပြောတဲ့ မိန့်ခွန်းမှာ အခုလို ပြောသွားခဲ့ပါတယ်။

ထိုင်းစစ်အစိုးရခေါင်းဆောင်က နိုင်ငံတော်ကိုပြောကြားတဲ့အထဲမှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ လုပ်ငန်းရှင်တွေကြား လူကုန်ကူးမှုမရှိအောင်၊ မာဖီးယားဂိုဏ်းလို ရာဇဝတ်ဂိုဏ်းတွေနဲပ သူတို့နဲ့ဆက်စပ်နေတဲ့ ပွဲစားတွေ ပါဝင်ပတ်သက်မှုမရှိအောင် နှိမ်နင်းသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

ဇွန်လ ၂၅ ရက်နေ့ကပဲ နိုင်ငံခြားသား အလုပ်သမားတွေနဲ့ လူကုန်ကူးမှု ပြဿနာ ဖြေရှင်းရေး ယာယီစီမံချက်အဖြစ် အမိန့်အမှတ် ၇၀/၂၅၅၇ ကို လည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီအထဲမှာလည်း လူကုန်ကူးမှု၊ လုပ်အား ခေါင်းပုံဖြတ်မှုတွေ၊ အလုပ်သမားတွေကို အနိုင်ကျင့်စော်ကားမှု မရှိစေရေးတွေ ပါဝင်ပါတယ်။

ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတွေနဲ့ လူကုန်ကူးသူတွေကို ကယ်ဆယ်နေတဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့က ဒါရိုက်တာ ဦးကျော်သောင်း ကတော့ ထိုင်းနိုင်ငံအတွင်းမှာ လူကုန်ကူးမှုတွေ တိုက်ဖျက်တဲ့အခါမှာ ရေထွက်လုပ်ငန်းလုပ်တဲ့နေရာတွေက ငါးဖမ်းလုပ်ငန်းတွေမှာ ရောင်းစားခံရသူတွေကို အရင် ကယ်ဆယ်သင့်တယ်လို့ ဆိုပါတယ်။

“လုံးဝ ထိန်းချုပ်မှုကင်းစင်တဲ့ ပျော်ရင်လုပ်၊ မပျော်ရင်ပြန်ဆိုတဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ပေးပြီးတော့မှ သန့်စင်ပစ်လိုက်ရမယ်။ နောက်ပြီးတော့ အဲဒီငါးလုပ်ငန်းမှာ နာရီပေါင်း ကြာကြာခိုင်းစေဖို့အတွက် အခကြေးငွေ များစွာပေးနိုင်တဲ့ စနစ်မျိုးကို လုပ်ရမယ်။ ဂျပန်တို့၊ ကိုရီးယားတို့ကို မြန်မာအလုပ်သမားတွေသွားချင်တယ်၊ ဘာကြောင့်လဲ။ ပင်ပန်းသလောက်ကို အကျိုးရှိတယ်၊ ပိုက်ဆံရတယ်။ ထိုင်းနိုင်ငံက ငါးဖမ်းလုပ်ငန်းမှာ အလုပ်သမားရှားပါးနေတာက လုပ်ရသလောက်ကို ပိုက်ဆံမပေးချင်ဘဲ အလကားခိုင်းချင်တာကြောင့် ဖြစ်တယ်။ အဲဒီလို မတရားခိုင်းစေတဲ့နေရာကို အရင်သန့်စင်ဖို့ လိုတယ်။ နောက်ပြီး နယ်ခြားဒေသတွေမှာ မယ်ဆိုင်၊ ကော့သောင်း၊ ရနောင်း အဲဒီ နယ်ခြားတွေမှာ မြန်မာအလုပ်သမားတွေလာပြီးတော့ လွယ်လင့်တကူ နယ်စပ်မှာ One Stop Service ထားပေး။ ထိုင်းနိုင်ငံအတွင်းမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရှိဖို့လိုတယ်။ အဲလိုမှ မဟုတ်လို့ရှိရင် ဗမာပြည်ကထွက်လာတဲ့သူတွေ အလုပ်ရုံကိုလာဖို့အတွက် ဘယ်လုပ်ငန်းရှင်ကမှ သွားမခေါ်ဘူး။ အလုပ်လုပ်ချင်တဲ့ အလုပ်သမားကလည်း ဘယ်အလုပ်ရှင်ကိုမှ ဆက်သွယ်လို့မရဘူး။ အဲဒီလို မလုပ်ရင် မာဖီးယားဂိုဏ်းတို့၊ ပွဲစားဂိုဏ်းတို့ဆိုတာ ရှိနေအုံးမှာပဲ။ ဒါကြောင့်မို့လို့ တကယ်လုပ်ဖို့တော့ လိုလိမ့်မယ်။”

ထိုင်းစစ်တပ်က တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့တို့ဟာ မကြာသေးခင်ကပဲ တွေ့ဆုံခဲ့ပြီး လူကုန်ကူးမှုဂိုဏ်းတွေကို ဖမ်းဆီးနိုင်ရေး အချက်အလက်တွေပေးနိုင်ခဲ့ကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်ရေး အတွက်လည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံဟာ လူကုန်ကူးမှုနဲ့ပတ်သက်လို့ အဆိုးဆုံးအဆင့်ကနေ ကျော်လွှားဖို့ ကြိုးစားနေပေမယ့် အိမ်နီးချင်းနိုင်ငံတွေက အလုပ်ရှာဖွေသူတွေ များနေတာကြောင့် လူကုန်ကူးမှုတွေ ဖြစ်နေရကြောင်း ပြောဆိုနေကြတာပါ။ စစ်အစိုးရတက်လာပြီးတဲ့နောက် မြန်မာပြည်ကနေ ထိုင်းနိုင်ငံကို သွားရောက်ပြီး တရားမဝင် အလုပ်လုပ်နေကြသူတွေကို တရားဝင်အလုပ်လုပ်နိုင်အောင်၊ တရားဝင်နေထိုင်ခွင့်ရအောင်၊ ကျန်းမာရေးစောင့်ရှောက်မှုရအောင် အလုပ်လုပ်ခွင့်လက်မှတ်တွေကို စနစ်တကျဖြစ်အောင် စီစဉ်ပေးမယ်လို့ ပြောခဲ့ပါတယ်။

အဲဒီလို တရားဝင်အထောက်အထားတွေ ရရှိဖို့ ဇွန်လ ၃၀ ရက်နေ့ကစပြီး မဟာချိုင်ဒေသမှာ One Stop Service (နေ့ချင်းပြီးအစီအစဉ်) ဖွင့်ပြီး အလုပ်သမားလက်မှတ်တွေ စတင်ထုတ်ပေးတော့မှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

‪‎VOA‬ Burmese Fan Page

Monday, June 23, 2014

မြန်မာကလေးများကို လူကုန်ကူးသူတစ်ဦး ထိုင်းတွင် ဖမ်းမိ

Posted by drmyochit Monday, June 23, 2014, under | 1 comment


အသက် ၁၅ နှစ်အောက် မြန်မာကလေးငယ် သုံးယောက်ကို ထိုင်းနိုင်ငံတွင် နှင်းဆီပန်းရောင်းရန် စေခိုင်း သည့် လူကုန်ကူးခဲ့သူ အသက် ၂၂ နှစ်အရွယ် မြန်မာအမျိုးသားတစ်ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့များက ဘန်ကောက်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း Bangkok Post သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ အမျိုးသားသည် မြန်မာကလေးငယ်များကို ဘန်ကောက်မြို့လမ်းများ တစ်လျှောက်တွင် ကမ္ဘာလှည့် ခရီးသွားများထံ နှင်းဆီပန်းရောင်းရန် စေခိုင်းခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခအိုဆန် (Khao San) လမ်းတစ်လျှောက် နံနက် ၈ နာရီမှ မွန်းလွဲ၂ နာရီအတွင်း မြန်မာကလေးများကို အုပ်စုလိုက် တွေ့ရှိရလေ့ ရှိကြောင်း ထိုင်းနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့၏ စစ်တမ်းအရ သိရသည်။

ကလေးငယ်များသည် တစ်ရက်လျှင် နှင်းဆီပန်း ၂၅ ပွင့် ရောင်းရပြီး သတ်မှတ်ချက် မပြည့်ပါက ရိုက်နှက်ခံရကြောင်း ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့များက ဆိုသည်။

ကလေးငယ်တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁၈၀၀ (ကျပ် ၅၀,၀၀၀ ကျော်) နှုန်းဖြင့် ကလေးများ၏ မိခင်ထံသို့ လစဉ် ပေးရကြောင်း လူကုန်ကူးသူ အမျိုးသား၏ ထွက်ဆိုချက်ကို Bangkok Post တွင် ဖော်ပြထားသည်။

ဇွန်လ ၂၀ ရက်နေ့က အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနက ထိုင်းနိုင်ငံသည် လူကုန်ကူးမှု တားဆီးတိုက်ဖျက်ရေး လုပ်ငန်းများတွင် အနိမ့်ဆုံးအဆင့် သတ်မှတ်ချက် ပြည့်မီခြင်း မရှိကြောင်း ကမ္ဘာ့လူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီးနောက် ထိုင်းမီဒီယာများက ယခုသတင်းကို ဖော်ပြခဲ့ခြင်း ဖြစ်သည်။

‪‎The‬ Voice Weekly

Sunday, June 22, 2014

လူကုန်ကူးမှု ကာကွယ်တားဆီးရေး အညံ့ဆုံး ၃ နိုင်ငံစာရင်း အမေရိကန်ထုတ်ပြန်

Posted by drmyochit Sunday, June 22, 2014, under | No comments

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီ
သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်
အမေရိကန်နိုင်ငံက လူကုန်ကူးမှု ကာကွယ်တားဆီးရေးမှာ အညံ့ဆုံးနိုင်ငံတွေ စာရင်းမှာ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ ဗင်နီဇွဲလားနိုင်ငံ ၃ နိုင်ငံကို ဇွန်လ ၂၀ ရက်နေ့က ထည့်သွင်းခဲ့ပါတယ်။

မြောက်ကိုးရီးယား၊ ဆီးရီးယားနိုင်ငံတွေနဲ့တန်းတူ သတ်မှတ်လိုက်တာဖြစ်ပြီး အနိမ့်ဆုံး သတ်မှတ်ချက်တွေထဲတောင် မ၀င်တာကြောင့် ပိတ်ဆို့အရေးယူမှုတွေ လုပ်နိုင်တယ်လို့ ပြောဆိုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကယ်ရီက ဒီသတ်မှတ်ချက်ကို နိုင်ငံတချို့က သဘောမတူပေမယ့် အမေရိကန်နိုင်ငံအပါအ၀င် နိုင်ငံအားလုံးကို အရည်အချင်းတူ သတ်မှတ်တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပုဇွန်အတင်ပို့ဆုံးနိုင်ငံဖြစ်ပြီး ငါးဖမ်းလုပ်ငန်းတွေမှာ အလုပ်သမား တွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေရှိတယ်လို့ အမေရိကန်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားတာကြောင့် ထိုင်းနိုင်ငံရဲ့ ငါးဖမ်းလုပ်ငန်းကို ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေ၊ လိင်လုပ်ငန်းတွေမှာလည်း နိုင်ထက်စီးနင်းမှုတွေရှိတယ်လို့လည်း ဖော်ပြထား ပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေပေါ်မှာလည်း ထိုင်းရေတပ်ရော၊ အရပ်သားတွေပါ အမြတ်ထုတ်မှုတွေရှိတယ်လို့လည်း ဖော်ပြပါတယ်။ အမေရိကန်နိုင်ငံရဲ့ထုတ်ပြန်ချက်ကို ထိုင်းနိုင်ငံကတော့ သဘောမတူ ကန့်ကွက်တယ်လို့ ဇွန်လ ၂၁ ရက်နေ့က ပြောဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် စီဟာဆတ် က လူကုန်ကူးမှုတိုက်ဖျက်ရေးကို ထိုင်းနိုင်ငံက ကြိုးစားဆောင်ရွက်နေပြီး တိုးတက်မှုတွေရှိနေတဲ့အပေါ်မှာ အမေရိကန်က မျက်ကွယ်ပြုတာဖြစ်တယ်လို့ ပြောဆိုပါတယ်။

ထိုင်းနိုင်ငံရဲ့ အောင်မြင်မှုတွေကို မြင်အောက်ကြည့်တာ မကြည့်တာ၊ ဒေသတွင်း အရေးကြီးတဲ့ မဟာမိတ်အဖြစ် ဆက်လက် ပူးပေါင်းတာ မပူးပေါင်းတာဟာ အမေရိကန်နိုင်ငံရဲ့ ရွေးချယ်ခွင့်နဲ့ပဲ ဆိုင်တယ်လို့လည်း ထိုင်းနိုင်ငံခြားရေးအမြဲတမ်းအတွင်းဝန်က ပြောဆိုခဲ့ပါတယ်။

ဒီဗွီဘီ

Tuesday, June 17, 2014

အင်တာနက် အသုံးပြုခြင်းက မထင်မှတ်သော ဆုံးရှုံးမှုများရှိနေ

Posted by drmyochit Tuesday, June 17, 2014, under | No comments


အတွဲ (၁၅)၊ အမှတ် (၂၃)

အင်တာနက် အသုံးပြုရာတွင် လိုအပ်သော အချက်အလက်များ ရယူနိုင်သကဲ့သို့ မိမိဘက်မှ ပေးဆပ်ရသော ဆုံးရှုံးမှုများလည်း ရှိကြောင်း MIDO (Myanmar ICT For Development Organization) မှ တာဝန် ရှိသူများက နည်းပညာ တက္ကသိုလ်ဘားကမ့် (မိတ္ထီလာ) တွင်ပြောသည်။

“ကျွန်မတို့ အနေနဲ့ အင်တာနက် သုံးတဲ့အခါ ဘာမှ ဆုံးရှုံးမှုမရှိဘူးလို့ ထင်ရပေမယ့် တကယ်တော့ ဆုံးရှုံးတယ်။ ဖုန်းနဲ့ သုံးမယ်ဆိုရင်လည်း ကျွန်မတို့ရဲ့တည်နေရာ ဘယ်နေရာက သုံးတာလဲ ဆိုတာတွေကို လိုက်ကြည့်လို့ရတယ်” ဟု MIDO မှ မရတနာကပြောသည်။ ဒီဂျစ်တယ် လုံခြုံရေးတွင် ရာနှုန်းပြည့် စိတ်ချရခြင်း မရှိကြောင်း ယင်းကပြောသည်။ “အင်တာနက်သုံးတဲ့အခါ ကိုယ့်ဘက်ကပေးလိုက်ရတာတွေက အချိန်၊ ငွေအပြင် တခြားအရာတွေလည်း ရှိပါတယ်။ သတိမထားမိတာတွေ ရှိပါတယ်။ အင်တာနက်ပေါ်မှာ ကိုယ်အသုံးပြုလိုက်လို့ ကျန်ခဲ့တဲ့အရာတွေ၊ ကိုယ့်ရဲ့ခြေရာတွေ ဘယ်လောက်ကျန်ခဲ့တာလဲ၊ ကိုယ့်ရဲ့ အချက်အလက်က သူများကို ဘယ်လောက် ပေးလိုက်ပြီး ကိုယ်လိုချင်တဲ့ အချက်အလက်က ကိုယ့်ဆီကို ဘယ်လောက် ပြန်ရောက်လာသလဲ ဆိုတာကို သိရှိနိုင်ပါတယ်” ဟု မရတနာကပြောသည်။

ထိုကဲ့သို့ မိမိဘက်မှ ပေးလိုက်ရသော အချက်များကို ဝက်ဘ်ဆိုက် တစ်ခုတွင် အလွယ်တကူ စစ်ဆေး ကြည့်ရှုနိုင်မည်ဟု ဆိုသည်။ www.myshadow.org တွင် မိမိအသုံးပြုသော အချက်အလက်များနှင့် ပတ်သက်၍ စစ်ဆေးနိုင်ကြောင်း ပြောကြားသည်။ “myshadow.org မှာ သွားစစ်လိုက်လို့ ရတယ်။ myshadow.org ကို ဝင်လိုက်တယ်ဆိုရင် ဒီနောက်ပိုင်းမှာ ကျွန်မတို့သုံးတဲ့အခါမှာ သုံးလိုက်တဲ့ စက်ပစ္စည်း အမျိုးအစားတွေ၊ နောက်ထပ် ဘယ်လိုအွန်လိုင်း ဝန်ဆောင်မှု အမျိုးအစားတွေကို သုံးထားသလဲဆိုတာတွေ ဥပမာ ဂျီမေးလ်ကို ကွန်ပျူတာမှာ သုံးတာလား၊ အင်တာနက်ဆိုင်မှာ သုံးတာလား၊ ဖုန်းနဲ့ သုံးတာလား ဆိုတာ အဲဒါတွေကိုရွေးပြီး ကြည့်နိုင်မှာ ဖြစ်ပါတယ်” ဟုဆိုသည်။

အင်တာနက် အသုံးပြုရာတွင် အဓိကအချက်တစ်ခု အနေဖြင့် Update ဖြစ်နေသော AntiVirus များကို သုံးရန်လည်း အရေးကြီးသည်ဟု MIDO မှ မနှင်းနုနုနိုင်က ပြောသည်။ “AntiVirus က ဘာပဲဖြစ်ဖြစ်၊ ဘာပဲ သုံးသုံး Update ဖြစ်နေဖို့ လိုတယ်။ ပိုက်ဆံပေးပြီး ဝယ်သုံးတာ ဖြစ်ဖြစ်၊ အွန်လိုင်းပေါ်ကနေ ဒေါင်းလုပ် ဆွဲတာပဲဖြစ်ဖြစ် Update ဖြစ်ဖို့က အဓိကပါ” ဟုပြောသည်။ မိမိအသုံးပြုသော ဂျီမေးလ်၊ ဖေ့စ်ဘုတ် စသည် တို့တွင် link ဝင်ရောက်လာတတ်ကာ ယင်းအလွယ်တကူ မဝင်ရောက်ဘဲ Virus ဟုတ်၊ မဟုတ် စစ်ဆေးရန်လည်း လိုအပ်ကြောင်း မနှင်းနုနုနိုင်က ပြောသည်။

“ကိုယ့်ဆီရောက်လာတဲ့ Link တွေဟာ ဗိုင်းရပ်စ်ဟုတ်၊ မဟုတ်မသေချာရင် www.virustotal.com မှာ သွားစစ်လိုရပါတယ်။ နောက်တစ်ခုက Password တွေကို သတိထားဖို့နဲ့ အများအလွယ်တကူ သိစေနိုင်တဲ့ Password တွေကို မသုံးမိစေဖို့ လိုအပ်တယ်” ဟု မနှင်းနုနုနိုင်ကပြောသည်။ “ကိုယ့်ဘက်ကပေးလိုက်ရတဲ့ ဟာတွေက အချက်အလက်တွေ၊ စက်ပစ္စည်းနံပါတ်တွေ၊ ကိုယ်က ဘယ်နေရာကနေ သုံးနေသလဲဆိုတဲ့ Location တွေ အဲဒါတွေပေါ့” ဟု မရတနာက ဆိုသည်။ နေ့စဉ်အင်တာနက် အသုံးပြုနေသော်လည်း မိမိဘက်မှ ပေးဆပ်ရသော ဆုံးရှုံးမှုများကို သတိမထားမိကြောင်း၊ မိမိအချက်အလက် ကာကွယ်ရေး အတွက် ဆောင်ရွက်ခြင်း နည်းပါးကြောင်း နေ့စဉ်အင်တာနက် အသုံးပြုနေသူတစ်ဦး ဖြစ်သည့် ကိုမင်းဇေယျာကပြောသည်။

ထွန်းထွန်း၊ မိုးသူ
Internet Journal

Sunday, June 15, 2014

စင်ကာပူရောက် မြန်မာအိမ်အကူကို နှိပ်စက်သည့် နိုင်ငံခြားသားလင်မယား အမှုရင်ဆိုင်နေရ

Posted by drmyochit Sunday, June 15, 2014, under | No comments


စင်ကာပူနိုင်ငံတွင် မြန်မာအိမ်အကူအမျိုးသမီးကို ရိုက်နှက်နှိပ်စက်ခြင်း၊ အန်ဖတ်များ ပြန်စားခိုင်းခြင်း၊ ဓာတ်ပုံရိုက်ရန် အ၀တ်များချွတ်ခိုင်းခြင်းစသည့် နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခဲ့သော စင် ကာပူနိုင်ငံနေ နိုင်ငံခြားသားလင် မယားနှစ်ဦးကို စင်ကာပူလူ့စွမ်း အားဝန်ကြီးဌာနက နာကျင်စေမှု ဖြင့် တရားစွဲဆိုထားသည်။ ၎င်း တို့နှစ်ဦးကို အမှုရင်ဆိုင်နေချိန် တွင် ပတ်စ်ပို့နှင့် အိမ်အကူ လျှောက်ထားခွင့်၊ စင်ကာပူနိုင်ငံ တွင် အလုပ်လုပ်ကိုင်ခွင့်တို့ကိုပါ ရုပ်သိမ်းဖွယ်ရှိကြောင်း သတင်း ရရှိသည်။

စင်ကာပူနိုင်ငံရှိ နိုင်ငံခြား သား IT မန်နေဂျာနှင့် ၎င်း၏ဇနီး အရောင်းမန်နေဂျာတို့သည် မြန် မာအိမ်အကူ မမိုးမိုးသန်းအား ၂၀၁၂ ခုနှစ်အတွင်း ကြိမ်လုံး၊ အင်္ကျီချိတ်၊ ခေါက်ဆွဲစားတူတို့ ဖြင့် ခြောက်ကြိမ်ခန့် ရိုက်နှက်ခြင်း၊ ဆံပင်ဆွဲကာကြမ်းပြင်ပေါ်လှဲ၍ ၀မ်းဗိုက်ပေါ်တက်နင်းခြင်း၊ ဓာတ်ပုံရိုက်ရန် အ၀တ်အစားချွတ်ခိုင်းခြင်း၊ ပါးစပ်အတွင်း ကတော့တပ်၍ သကြားများကိုလောင်း ထည့်မျိုချစေခြင်း၊ ပြန်အန်ထွက် လာသော အန်ဖတ်များကို ပြန် စားစေခြင်း ပြုလုပ်ခဲ့ကြောင်း စင် ကာပူနိုင်ငံထုတ် The Strait Time သတင်းစာတွင် ဇွန် ၁၂ ရက်က ဖော်ပြခဲ့သည်။

‘‘ဒီအမှုအတွက် ကျွန်မတို့ ကူညီပေးဖို့ ကြိုးစားနေပါတယ်။ ရုံးချိန်းတွေတိုင်း သွားပြီးလေ့လာ ပါတယ်။ လက်ရှိမှာ အမှုက တ ရားရုံးကို စရောက်ပြီဖြစ်လို့ အခု တော့ အဲဒီလင်မယားကို Black List ထဲထည့်ပြီး ပတ်စ်ပို့စ်သိမ်း တယ်။ အိမ်အကူခေါ်ခွင့်လည်း မပေးဘူး။ အာမခံငွေတောင်းတာ မျိုး တရားရုံးက လုပ်နိုင်ဖွယ် ရှိပါ တယ်’’ ဟု စင်ကာပူရောက်မြန် မာများအရေး ဆောင်ရွက်ပေးနေ သည့် ဟုမ်းမှ တာဝန်ခံ မကစ်တီက 7Day သတင်းစာအားအွန်လိုင်း မှတစ်ဆင့် ဖြေကြားသည်။

အမှုဖြစ်နေသည်မှာ တစ်နှစ် ခန့်ကြာနေသော်လည်း ရဲက စုံ စမ်းစစ်ဆေးခြင်း၊ မှုခင်းဌာနသို့ လွှဲပြောင်းပေးခြင်း၊ ရှေ့နေဖြင့် တရားရင်ဆိုင်ခြင်းတို့ ပြုလုပ်ခြင်း ကြောင့် အမှုမှာ ယခုမှ တရားရုံး သို့ စတင်ရောက်ရှိလာခြင်းဖြစ် ကြောင်း ၎င်းက ပြောသည်။ အဆိုပါအမှုအတွက် မမိုးမိုးသန်းက ၂၀၁၂ ခုနှစ်ကတည်းက ထွက်ပြေးပြီး ရဲထံတိုင်ကြားခဲ့ခြင်းဖြစ်သည်။

‘‘စင်ကာပူမှာက အိမ်ဖော် လုပ်ကြတာ မြန်မာ၊အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တွေပဲရှိတယ်။ ဖိလစ် ပိုင်တွေက လူရည်လည်ပြီး အင်္ဂလိပ်လို ကောင်းကောင်းပြောတတ် တော့   သိပ်မခံရဘူး။   အင်ဒိုနဲ့ မြန်မာကတော့ ခံရတယ်။ အခုဒီ အမှုလည်း ကျွန်တော်တို့ သတင်း စာမှာ ဖတ်ရတယ်’’ ဟု စင်ကာပူ မြေအောက်ရထားလိုင်း ပြေးဆွဲ သည့် SMRT ကုမ္ပဏီမှ အင်ဂျင်နီ ယာ ကိုဇော်မိုးက ပြောသည်။

ယခုဖြစ်စဉ်တွင်လည်း မမိုး မိုးသန်းနှင့်အတူ အင်ဒိုနီးရှားအ မျိုးသမီး အိမ်ဖော်တစ်ဦးပါ ရိုက် နှက် နှိပ်စက်ခံရပြီး ၎င်းတို့၏ အိမ် ရှင်လင်မယားနှစ်ယောက်လုံးမှာ အိမ်အကူအား ညှဉ်းပန်းနှိပ်စက် မှုဖြင့် တရားစတင်ရင်ဆိုင်နေရပြီ ဖြစ်သည်။

လက်ရှိတွင် မမိုးမိုးသန်းမှာ လုံခြုံသောနေရာတွင် ရှိနေသည် ဟုသာ ယူဆရပြီး ရုံးချိန်းများတွင် ၎င်းနှင့်တွေ့ဆုံရန် ကြိုးစားနေ ကြောင်း မကစ်တီက ပြောသည်။

‘‘ရုံးချိန်းတိုင်း ကျွန်မတို့ သွားနားထောင်တယ်။ မမိုးမိုး သန်းကိုတော့ မတွေ့ရသေးဘူး။ သူနဲ့ဆက်သွယ်ဖို့ ကြိုးစားနေ တယ်’’ ဟု ၎င်းက ပြောသည်။

မမိုးမိုးသန်း၏ အမှုကို စင် ကာပူသတင်းစာများမှ ဖော်ပြချိန် တွင် မြန်မာနိုင်ငံ၏ ပြည်သူ့လွှတ် တော်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်ပရောက် မြန်မာနိုင်ငံသား အလုပ်သမားများအတွက် အကာ အကွယ်ပေးရေး ဥပဒေတစ်ရပ် ကို ပြဋ္ဌာန်းရန် အဆိုတင်သွင်းခဲ့ သော်လည်း အဆို  ဆွေးနွေးရန် ပင် ရှုံးနိမ့်သွားခဲ့သည်။

‘‘စင်ကာပူက မြန်မာသံရုံးက လည်း မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတဲ့အခက်အခဲတွေ အမှန်တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အ ပျက်တွေကို သက်ဆိုင်ရာဌာန အစိုးရကို အမှန်အတိုင်း မထိမ် မချန်တင်ပြသင့်ပါတယ်။ အလုပ် သမားတွေအတွက် သမာသမတ် ကျတဲ့ အစိုးရနဲ့ agent တွေ လို အပ်နေပါတယ်။ အဲဒီလိုမှမဟုတ် ရင်တော့ ညှဉ်းပန်းနှိပ်စက်ခံရမှု၊ မတရားစေခိုင်းမှု၊ ကာမဆိုင်ရာ အနိုင်ကျင့်ခံရမှု၊ လူသတ်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေ ဖြစ်နေဦးမှာပဲ’’ ဟု အကြောင်းအ မျိုးမျိုးကြောင့် ထွက်ပြေးလွတ် မြောက်လာသည့် မြန်မာအမျိုး သမီး အိမ်အကူများကို Home Shelter များတွင် ထိန်းသိမ်းကာ ကွယ်စောင့်ရှောက်ပေးထားသည့် မကစ်တီက ပြောကြားသည်။

စင်ကာပူတွင် အိမ်အကူများ ကို ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ပါ က ၎င်းတို့ဥပဒေအရ အရေးယူ လေ့ရှိသော်လည်း ယခုကိစ္စတွင် သာမန်ဒဏ်ငွေလောက်ဖြင့် ပြီး မသွားစေရန် စင်ကာပူအစိုးရအား ၀ိုင်းဝန်းဖိအားပေးရန် စင်ကာပူရောက် မြန်မာများ အသိုင်းအ ၀ိုင်းက ဆန္ဒရှိနေကြသည်။

7 Day

Friday, June 13, 2014

ဆယ့်သုံးသောကြာတွင် နေမုန်တိုင်းက ကမ္ဘာကို ထိခတ်မည်။

Posted by drmyochit Friday, June 13, 2014, under | No comments

သိပ္ပံ၊ ဇွန် (၁၂) သမန်းကျား

လွန်ခဲ့သော (၂)ရက်အတွင်း နေပေါ်တွင် ကြီးမားသောပေါက်ကွဲမှုကြီးဖြစ်ပွားပြီး ကြီးမား လှသော မီးလုံးကြီး (၃)လုံး ခုန်ထွက် ခဲ့ရာ ယင်းပေါက်ကွဲမှုအရှိန်သည် ကမ္ဘာမြေ ကို ဇွန်လ ၁၃ ရက်နေ့ တွင် ထိမှန်နိုင်သော် လည်း လူသားများ အတွက် စိုးရိမ်စရာမ ရှိပါကြောင်း အာကာသမိုးလေ၀ါသ စောင့်ကြည့်ရေးဌာနများက ကြေငြာချက်ထုတ်ပြန်သည်။

နေပေါ်တွင် ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလုံးများခုန်ထွက်ခြင်းမှာ ပုံမှန်ဖြစ်နေကျ ဖြစ်စဉ်များဖြစ်သော်လည်း ရံဖန်ရံခါ အလွန်အားပြင်းသော မီးလုံးများ ခုန်ထွက်လေ့ရှိရာ ယခုတစ်ကြိမ်ခုန်ထွက်ခဲ့သော မီးလုံး သုံးလုံးမှာ X-class အဆင့် ရှိသော အပြင်းထန်ဆုံး မီးလုံးများဖြစ်ကာ သာမန်မီးလုံးများထက် အဆပေါင်း ၁ သောင်း ပို၍ စွမ်းအား ကြီးမား ကြောင်း သိရသည်။
ဇွန်လ (၁၀) ရက်နေ့ တွင် X 2.2 နှင့် X 1.5 အဆင့်ရှိသော မီးလုံးကြီး (၂)လုံး၊ ဇွန်လ (၁၁) ရက်နေ့ တွင် X 1.0 အဆင့်ရှိသော မီးလုံးကြီးတစ်လုံး ခုန်ထွက်ခဲ့ခြင်းဖြစ်ပြီး ၄င်းမီးလုံး (၃)လုံးသည် နေ၏ဗယ်ဘက်ခြမ်းမှသာ ခုန်ထွက်
ခဲ့ခြင်းဖြစ်ကြောင်း နာဆာက သတင်းထုတ်ပြန်သည်။

နေပေါ်တွင် သံလိုက်စက်ကွင်းအားအလွန်ကောင်းလာပြီး ဓါတ်ရောင်ခြည်ပြင်းထန်စွာ ဖြာထွက်ကာ ပလာစမာလှိုင်း ကြီးများနှင့် လျှပ်စစ်စီးဝင်နေသော အမှုန်များကို ဖြစ်ပေါ်လာလေ့ရှိသည်။ ယင်းလျှပ်စစ်စီးဝင်နေသော အမှုန်များကို ပလာစမာလှိုင်းကြီးများက အရှိန်ပြင်းထန်စွာဖြင့် တွန်းထုတ်လိုက်သောအခါ နေမီးလုံးခုန်ထွက်မှုကြီး ဖြစ်ပေါ်လာ လေ့ ရှိသည်။

နေမီးလုံးခုန်ထွက်ရာ လမ်းကြောင်းသည် တစ်ခါတစ်ရံ ကမ္ဘာနှင့်တည့်နေတတ်သည့်အတွက် ကမ္ဘာပေါ်တွင် ဘူမိ သံလိုက်စက်ကွင်းမုန်တိုင်းများ ဖြစ်ပေါ်ကာ ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓါတ်အားဖြန့် ဖြူးရေးစနစ်များကို ကြီးမားစွာ ထိခိုက်စေနိုင်ကြောင်း သိရသည်။

ဇွန်လ (၁၁) ရက်နေ့ တွင် ခုန်ထွက်ခဲ့သော နေမီးလုံးက ကမ္ဘာကိုမထိခိုက်နိုင်သော်လည်း ဇွန်လ (၁၀)ရက်နေ့ တွင် ခုန်ထွက်ခဲ့သော နေမီးလုံးနှစ်လုံးက ကမ္ဘာကို ဇွန်လ (၁၃) ရက်နေ့  သောကြာနေ့ တွင် ထိမှန်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းနေမီးလုံးကြီး နှစ်လုံးတွင် ပါလာသော လျှပ်စစ်ဓါတ်စီးဆင်းနေသည့် အမှုန်များက ကမ္ဘာ၏ သံလိုက်စက်ကွင်း နှင့် ထိတွေ့ ပြီး ဘူမိသံလိုက်စက်ကွင်းမုန်တိုင်းကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး မုန်တိုင်းပြင်းထန်ပါက လျှပ်စစ်ဓါတ်အား ပေး စနစ်များ ပြတ်တောက်သွားမည်ဖြစ်ပြီး ဆက်သွယ်ရေးကွန်ရက်များလည်း ပျက်စီးသွားနိုင်ကာ သံလိုက်အိမ် မြှောင်များလည်း အလုပ်မလုပ်နိုင်တော့သဖြင့် လေယာဉ်၊ရေယာဉ်၊လျှပ်စစ်လုပ်ငန်းနှင့်ဆက်သွယ်ရေးလုပ်ငန်းများ အထူးသတိထားရမည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

ဇွန်လ (၁၀) ရက်နေ့ က နေမီးလုံးကြောင့် နေရောင်ရရှိသော ကမ္ဘာဘက်ခြမ်းတွင် ရေဒီယို ဆက်သွယ်မှု များအားလုံး ၁ နာရီခန့် ပြတ်တောက်သွားခဲ့ပြီး ဇွန်လ (၁၁) ရက်နေ့  နေမီးလုံးကြောင့်လည်း ရေဒီယို ဆက်သွယ်မှုများ ထပ်မံ ပြတ်တောက်ခဲ့ရသော်လည်း ဇွန်လ (၁၃) ရက်နေ့ တွင် ကမ္ဘာကိုထိခတ်မည့် နေမုန်တိုင်းသည် အားပျော့နေမည် ဖြစ်သည့်အတွက် ဆက်သွယ်ရေးကွန်ရက်များ ဆိုးရွားစွာ ပြတ်တောက်သွားနိုင်ခြေ နည်းပါးနေသေးကြောင်း အာကာသရာသီဥတုပညာရှင်များက ကြေငြာချက်ထုတ်ပြန်ထားကြောင်း သိရသည်။

Wednesday, June 11, 2014

LG G Watch စမတ်နာရီကို ဘက်ထရီနှင့် ၃၆ နာရီခန့် အသုံးပြုနိုင်မည်ဟုဆို

Posted by drmyochit Wednesday, June 11, 2014, under | No comments


Google ၏ Android Wear platform ကို အသုံးပြုထားသော LG ၏ ပထမဦးဆုံး စမတ်နာရီဖြစ်သည့် G Watch ၏ အချက်အလက်များသည် Twitter account @upleaks မှ တစ်ဆင့် ထွက်ပေါ်လာခဲ့သည်။

အဆိုပါ G Watch စမတ်နာရီ၏ ဘက်ထရီသည် တစ်ခါအားသွင်းပြီး standby mode ဖြင့် အသုံးပြုသည့်အခါ ၃၆ နာရီခန့် အသုံးပြုနိုင်မည်ဟု ဆိုသည်။

ဥပမာ အနေဖြင့် LG G Watch ကို email စစ်ခြင်း၊ text message ပေးပို့ခြင်း စသည့် ကိစ္စရပ်များအတွက် မကြာခဏ အားသွင်းရန်မလိုဘဲ အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် လက်ခံရရှိသည့် notification များအပေါ် မူတည်ပြီး ဘက်ထရီသက်တမ်း ကွာခြားမည် ဖြစ်သည်။

G Watch စမတ်နာရီတွင် 4GB သိုလှောင်မှုစနစ် ပါဝင်သောကြောင့် 4GB နှင့် ညီမျှသည့် app များ၊ သီချင်းများနှင့် ဂိမ်းများကို စမတ်နာရီတွင် တိုက်ရိုက်သိုလှောင်ထားနိုင်မည် ဖြစ်သည်။

Ref: BusinessInsider
Internet Journal

Apple Retina နှင့် ယှဉ်ပြိုင်မည့် display များကို Asus နှင့် Sharp မိတ်ဆက်ပြသမည်


Asus ကုမ္ပဏီသည် Apple ၏ Retina ယှဉ်ပြိုင်မည့် 4K display ပါဝင်သော laptop တစ်မျိုးကို ယခုနှစ် ကုန်ပိုင်းတွင် မိတ်ဆက်ပြသရန် စီစဉ်ထားပြီး Sharp ကုမ္ပဏီကလည်း 8K display ရှေ့ပြေးပုံစံကို ပြသ ခဲ့ကြောင်း သိရသည်။

Asus Zenbook NX500 တွင် ပါဝင်သည့် ၁၅.၆ လက်မ 3840 x 2160 IPS (in-plane switching) display သည် Quantum Dots ဟုခေါ်သည့် နည်းပညာသစ်ကို အသုံးပြုမည် ဖြစ်ကြောင်း DisplayMate Technologies မှ ဥက္ကဋ္ဌဖြစ်သူ ရေမွန်ဆိုနီရာက ပြောကြားခဲ့သည်။

အဆိုပါ display သည် 2880 x 1800 resolution display ပါဝင်သည့် Apple ၏ ၁၅.၄ လက်မ MacBook Pro နှင့် ယှဉ်ပြိုင်နိုင်မည်ဟု ဆိုသည်။

NX500 တွင် Intel-Nvidia platform ကို အသုံးပြုထားပြီး ၎င်းတွင် Core i7 quad-core ပရိုဆက်ဆာနှင့် Nvidia GeForce GTX 850M graphics card တို့ ပါဝင်သည်။ Asus NX500 ကို ယခုနှစ်ကုန်ပိုင်းတွင် ဖြန့်ချိဖွယ်ရှိသည်။

Sharp က မိတ်ဆက်ပြသခဲ့သည့် ရှေ့ပြေးပုံစံ 8K display သည် ၁၃.၃ လက်မ အရွယ်အစားရှိပြီး ၎င်းကို OLED နည်းပညာကို အခြေခံကာ Sharp နှင့် Semiconductor Energy Laboratory တို့ကာ ပူးပေါင်းထုတ်လုပ်ထားခြင်း ဖြစ်သည်။

အဆိုပါ 8K display သည် 7680 x 4320 pixel resolution ဖြင့် ဖော်ပြပေးနိုင်ပြီး pixel သိပ်သည်းဆမှာ 664ppi ဖြစ်သည်။ ၁၅.၄ လက်မ MacBook Pro ၏ pixel သိပ်သည်းဆမှာ 220ppi သာရှိသည်။

Ref: CNET
Internet Journal

တရုတ်ရဲမေများကို ရန်ကုန် စားသောက်ဆိုင်အချို့တွင် စားပွဲထိုး အသွင်ဖြင့်တွေ့နေရ

Posted by drmyochit Wednesday, June 11, 2014, under | No comments

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင် အမျိုးသမီး ရဲမေအချို့ကို ရန်ကုန်ရှိ စားသောက် ဆိုင်ကြီးများ ၌ ညပိုင်းတွင် စားပွဲထိုးများ အသွင်ဖြင့် သုံးယောက်တစ်တွဲ တာဝန် ထမ်းဆောင်နေသည်ကို မြင်တွေ့နေရကြောင်း သိရသည်။

အဆိုပါ တရုတ်ရဲမေများသည် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ နိုင်ငံခြား ဘာသာ တက္ကသိုလ်တွင် မြန်မာ ဘာသာနှင့် စကားလာရောက် သင်ကြားနေသည့် သူများ ဖြစ်ကြောင်း လက်ရှိတွင် တရုတ် ရဲမေ ၂၉ ဦး သည် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် မြန်မာဘာသာ သင်ကြားလျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါ ရဲမေများ မြန်မာ စကားကို ပိုမို ကျွမ်းကျင်စွာ တတ်စွမ်းရန် အတွက် ရန်ကုန်မြို့ရှိ တရုတ် တာဝန်ရှိ သူများနှင့် ရင်းနှီးသော Singapore Kitchenကဲ့သို့ စားသောက်ဆိုင်များတွင် စားပွဲထိုး အဖြစ် ၀င်ရောက် တာဝန် ထမ်းဆောင်စေခြင်း ဖြစ်ကြောင်း စာသောက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။ ယင်းရဲမေများသည် စားသောက်ဆိုင်များတွင် အင်္ကျီအပြာနုနှင့် စကတ်အပြာ ရင့်ရောင် ယူနီဖောင်းများ ၀တ်ဆင်ထားလေ့ရှိကြောင်း စားပွဲထိုး အလုပ်ကို မလုပ်ပဲ ဆိုင်မှ စားပွဲထိုးများကိုသာ သူတို့ သိလိုသည့် မြန်မာစကားများကို မေးမြန်း လေ့ရှိကြောင်း စားပွဲဝိုင်းများမှ အစားအသောက် မှာလျှင် သူတို့က လိုက်လံနားထောင်လေ့ရှိကြောင်း ညနေ ၆နာရီခန့်တွင် လာရောက်ပြီး ည ၉နာရီ ခန့်တွင် ပြန်လေ့ရှိကြောင်း အဆိုပါ စားသောက်ဆိုင်များသို့ သွားရောက် စားသုံးသူ တစ်ဦးထံမှ သိရသည်။

Tomorrow

Thursday, June 05, 2014

တောထဲသို့သွားရာ မျက်နှာကို ဝက်ဝံကုတ်ဖဲ့ခံရ




29-6-2013 ရက်နေ့တွင် မဒေါရွာမှ ကရင်မလေး မသိုက်ပိုသည် တောထဲသို့ သွားရာ မျက်နှာကို ဝက်ဝံကုတ်ဖဲ့ခံရ၍ ပုလောဆေးရုံသို့တက်ရောက်ကုသခဲ့ပါသည်။ ရန်ကုန်မျက်နှာ မေးရိုးနှင့် ခံတွင်းခွဲစိတ်
ကုသဌာနသို့ လွှဲခဲ့သော်လည်း သွားနိုင်သည့်အင်အားမရှိ။

ထပ်မံ၍ မြိတ်ဆေးရုံကြီးသို့ လွှဲခဲ့သည်။ မြိတ်သို့ပင်မသွားနိုင်ရှာ။ မသိုက်ပို၏ မျက်နှာတစ်ခုလုံး ရစရာမရှိအောင်ပျက်စီးသွားခဲ့သည်ကို ပုလောမြို့နယ်ဆရာဝန်ကြီးနှင့်အဖွဲ့က အခမဲ့ ခွဲစိတ်ကုသပေးခဲ့ရာ ပုံပါအတိုင်းအတာအထိ ကောင်းမွန်ခဲ့ပါသည်။ အခမဲ့ကုသပေးရုံမက ဆေးရုံမှဆင်းသောအခါတွင်လည်း ထောက်ပံ့ငွေပါထောက်ပံ့ပေးခဲ့ပါသည်။

(Gavi ထောက်ပံ့ငွေမဟုတ်ပါ) မြန်မာတို့ထုံးတမ်းအစဉ်အလာအတိုင်း သူမတို့ဇနီးမောင်နှံက လက်ဆယ်ဖြာဖြင့် ကန်တော့ခဲ့ရာ ဆရာဝန်နှင့် ဆရာမအပေါင်းတို့မှာ ဝမ်းသာပီတိဖြစ်ခဲ့ရပါသည်။

သို့သော် ပုလောဆေးရုံရှိ ဆရာမတစ်ဦးအပေါ် ပုဂ္ဂိုလ်ရေးမကျေနပ်မှုကြောင့် ပုလောဆေးရုံ၌ ငွေတောင်းခံခဲ့သည်ဟု ပုလောဆုံဆည်းရာgroup တွင် တင်ထားမှုများကြောင့် ဆင်းရဲနွမ်းပါသူ ချို့တဲ့သူများကိုလည်း အပင်ပန်းခံ ငွေကြေးစိုက်ထုတ်လှူဒါန်းလျက်ဆေးကုသပေးခဲ့ကြသူဆရာဝန် ဆရာမများတို့အဖို့ ဝမ်းနည်းစိတ်မကောင်း စိတ်ပျက်အားလျော့ခဲ့ကြရပါသည်။့

ပညာရှိကွန်ဖြူးရှပ်က အဆိုအမိန်တစ်ခု မိန့်ဆိုခဲ့ဖူးပါသည်။ မှောင်လိုက်တာလို့ ငြီးနေမဲ့အစား သင်ကိုယ်တိုင် ဖယောင်းတိုင်တစ်တိုင် ရှာထွန်းလိုက်ပါ တဲ့ —— ဆိုတဲ့အတိုင်း — အခမဲ့ကျန်းကျန်းမာရေးစောင့်ရှောက်မှုရဖို့ ဆင်းရဲနွမ်းပါသူစာရင်းထဲ မရမနေအတင်းတိုးဝင်မဲ့ အစား ကိုယ့်ထက်ချို့တဲ့သူတွေ အခွင့်အရေးရဖို့ (ကွမ်းဖိုးဆေးလိပ်ဖိုး အရက်ဖိုး လောင်းကစားဖိုး) အမျိုးမျိုးလျော့ပြီး လူတိုင်းစေ့ free medical care မရနိုင်သေးတဲ့ ယနေ့အချိန်အခါမှာ ကိုယ့်ကျန်းမာရေးအတွက် ကိုယ့်ဟာကို ကျခံခြင်းဟာလည်း အလှူတမျိုးဖြစ်ပါကြောင်း
ပုလောမြို့နယ် ကျန်းမာရေးဝန်ထမ်းမိသားစု

မသန္တာ Facebookစာမျက်မှ ကူးယူဖော်ပြသည်။

Wednesday, June 04, 2014

ခွဲစိတ်ဆရာဝန်တွေကို ကူညီပေးနိုင်မယ့် ဂူဂလ်မျက်မှန်

Posted by drmyochit Wednesday, June 04, 2014, under | No comments

နည်းပညာမြင့် မျက်မှန်တစ်မျိုး ဖြစ်တဲ့ ဂူဂဲလ်မျက်မှန် Google glass  ဟာ ခွဲစိတ်ကုသမှုတွေမှာ အသုံးဝင်တဲ့အပြင် ခွဲစိတ်ကုသမှုကို လေ့ကျင့်ပေး တဲ့နေရာမှာလည်း  အသုံးတည့်နိုင် မှာ ဖြစ်ကြောင်း ဆေးပညာတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ယခု ဂူဂဲလ်မျက်မှန်ကို ပုံမှန်မျက်မှန်တွေအတိုင်းပဲ အသုံးပြုရမှာ ဖြစ်ပေမဲ့ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖော်ပြခြင်း၊ ပုံရိပ်ဖော်ရာမှာ နည်းပညာမြင့် ကင်မရာ၊ မိုက်ခရိုဖုန်း၊ နားထင်ရိုးမှ တစ်ဆင့် လျှပ်လှိုင်းများကို အာရုံခံ နိုင်ခြင်း၊ ကြိုးမဲ့စနစ်ကို အသုံးပြုထားခြင်းစတဲ့ အားသာချက်တွေ ရှိနေပါတယ်။ ၀တ်ဆင်ထားသူဟာ အင်တာနက်မှ ပို့ချချက်များကို ဂူဂဲလ်ရဲ့ နာမည်ကျော် ရှာဖွေရေး အင်ဂျင်တစ်မျိုး ဖြစ်တဲ့ Internet Explorer  ပရိုဂရမ်မှတစ်ဆင့် ရှိနေမှာဖြစ်ပြီး မျက်စိနှင့် ချိန်သားကိုက် စာသားများကို ခွဲစိတ်နေစဉ်မှာ စာအုပ်ပြန်လှန်စရာမလိုဘဲ လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

ပါမောက္ခများဟာလည်း ခွဲစိတ်ကုသမှုပြုနေတဲ့ တပည့်ခွဲစိတ် ဆရာဝန်များကို မျက်မှန်ပါဝင်တဲ့ ကြိုးမဲ့ဖုန်းများမှ တစ်ဆင့် အနီးကပ် လမ်းညွှန်ပေးနိုင်မှာဖြစ်ပြီး ခွဲစိတ်ပညာရှင်များကို ပိုမိုဖွံ့ဖြိုးစေနိုင်မှာဖြစ်ကြောင်း သုတေသီခေါင်းဆောင် Maria Fareri ဆေးပညာစင်တာမှ Dr Oliver Muensterer  က ရှင်းပြခဲ့ပါတယ်။

ဂူဂဲလ်မျက်မှန်မှာပါဝင်တဲ့ ဗွီဒီယိုကင်မရာကြောင့်လည်း ခွဲစိတ်ကုသမှု ခံယူနေတဲ့ လူနာရဲ့ ကိုယ်တွင်းရောဂါအခြေအနေကို သုံးသပ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီမျက်မှန်မှာ အငြင်းပွားနေတဲ့ အချက်တစ်ချက်ကတော့ လူနာရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ဖြစ်တဲ့ ကုသမှုခံယူနေတဲ့လူနာရဲ့  အချက်
အလက်တွေဟာ   အင်တာနက်ကတစ်ဆင့်  ဂူဂဲလ်ရဲ့ ဆာဗာတွေကို ရောက်ရှိသွားမှာဖြစ်တာကြောင့် Google  ကုမ္ပဏီဟာ အချက်အလက်တွေကို  ထိန်းသိမ်းပြီး လုံခြုံမှုရှိဖို့ ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း ယခု သုတေသနမှာ ဖော်ပြထားပါတယ်။

ယခုသုတေသနကို အပြည်ပြည်ဆိုင်ရာ ခွဲစိတ်ကုသမှုဂျာနယ်မှာ ဖော်ပြထားပါတယ်။

သက်ကို
Ref: PTI
Health |Updates Journal No. 119

Wednesday, May 28, 2014

ကလေးသူငယ် လိင်ကုန်ကူး ရဟန်းဝတ်ဂိုဏ်း ချင်းမိုင်မှာ ဖမ်းမိ

Posted by drmyochit Wednesday, May 28, 2014, under | No comments

ဖမ်းဆီး လူဝတ်လဲခံထားရတဲ့ ချင်းမိုင်နဲ့ လန်းပန်းနယ်က ကလေး လိင်ကုန်ကူး ဂိုဏ်း၊
ဓာတ်ပုံ- ချင်းမိုင် စီးတီးနယူးစ်

Wednesday, May 28, 2014

ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စီးပွားရှာပြီး လူမှောင်ခို ကူးသန်း ရောင်းဝယ်မှုတွေလုပ်နေတဲ့ ထိုင်း နိုင်ငံ မြောက်ပိုင်း ချင်းမိုင်နဲ့ လန်းပန်းနယ်က ရဟန်းဝတ် ဂိုဏ်းတခုကို ထိုင်း အာဏာပိုင်တွေက ဖမ်းဆီးပြီး လူဝတ်လဲစေကာ တရားစွဲဆိုသွားမယ်လို့ ချင်းမိုင်စီးတီးနယူးစ် အွန်လိုင်း သတင်းတပုဒ် မှာ
ဖော်ပြထားပါတယ်။

ချင်းမိုင်နဲ့ လန်းပန်းနယ်က နာမည်ကြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတချို့က ရဟန်းဝတ် ၅ ပါးကို ကလေး သူငယ် လိင်မတရား စော်ကားခံရမှု၊ တရားမ၀င်လူမှောင်ခို ကူးမှုစတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီတာလို့ သိရပါတယ်။

ယမန်နေ့က အသက် ၁၄ နှစ်အရွယ် လူငယ်လေးတဦးဟာ လိင်မတား ပြုကျင့်ခံရတာကြောင့် ထွက်ပြေး လွတ်မြောက် လာပြီး ရဲက အခုလို ရဟန်းဝတ် ဂိုဏ်းကို ဖမ်းမိတာဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းအဆိုအရ အဆိုပါ ကလေးငယ်နဲ့ အတူ အခြား လူငယ်တော်တော်များများဟာ လိင်မတော် မတရားပြုကျင့်ခံရ ဖို့ ရဟန်းဝတ် တော်တော်များများကြားမှာ ရောင်းချခံခဲ့ရတာလို့လည်း ဆိုပါတယ်။

အဲဒီလူငယ်လေးတွေကို အိမ်တအိမ်မှာထားပြီး လိင်မှုပြုကျင့်ခံရဖို့ တကြိမ်ကို ဘတ် ၃၀၀ ကနေ ၅၀၀ ထိ ပေးရပြီး ကိစ္စပြီးတာနဲ့ ထ၀ချိုင်း ဆိုသူ ရဟန်းဝတ် တပါးက ပိုက်ဆံ လိုက်ကောက်ယူတယ် လို့ ဖော်ပြထား ပါတယ်။

ဒါကြောင့် ရဲက ရဟန်းဝတ် ထ၀ချိုင်းဆိုသူ ရဟန်းဝတ်ကို ဖမ်းဆီးပြီး စစ်ဆေးဖော်ထုတ်ချက်အရ လိင်ကိစ္စ လုပ်ကိုင်နေ တဲ့ ဂိုဏ်း နဲ့ပတ်သက်ပြီး နောက်ထပ် ရဟန်းဝတ် ၄ ပါးကိုလည်းဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ရဲ့အရာရှိကြီး က ပြော ထားပါတယ်။

အဲဒီထဲက ဘုန်းကြီးတပါးကိုတော့ ညစ်ညမ်း ဗွီဒီယိုခွေတွေ၊ လိင်ဆိုင်ရာ ပစ္စည်း ကိရိယာတွေ၊ ပါတီပွဲတွေ မှာ သုံးတဲ့ ဒစ္စကို မီးတွေနဲ့အတူဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ ရဲအရာရှိကြီး ဒမ်ရွန်ဆပ် ဂီထိရပွန်က အခု လို ကိစ္စကို သိလိုက်ရတဲ့အခါ တုန်လှုပ်ခြောက်ခြားမိကြောင်း ပြောဆိုထားပါတယ်။

ဧရာဝတီ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်