Wednesday, June 11, 2014

တရုတ်ရဲမေများကို ရန်ကုန် စားသောက်ဆိုင်အချို့တွင် စားပွဲထိုး အသွင်ဖြင့်တွေ့နေရ

Posted by drmyochit Wednesday, June 11, 2014, under | No comments

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင် အမျိုးသမီး ရဲမေအချို့ကို ရန်ကုန်ရှိ စားသောက် ဆိုင်ကြီးများ ၌ ညပိုင်းတွင် စားပွဲထိုးများ အသွင်ဖြင့် သုံးယောက်တစ်တွဲ တာဝန် ထမ်းဆောင်နေသည်ကို မြင်တွေ့နေရကြောင်း သိရသည်။

အဆိုပါ တရုတ်ရဲမေများသည် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ နိုင်ငံခြား ဘာသာ တက္ကသိုလ်တွင် မြန်မာ ဘာသာနှင့် စကားလာရောက် သင်ကြားနေသည့် သူများ ဖြစ်ကြောင်း လက်ရှိတွင် တရုတ် ရဲမေ ၂၉ ဦး သည် နိုင်ငံခြားဘာသာ တက္ကသိုလ်တွင် မြန်မာဘာသာ သင်ကြားလျက်ရှိကြောင်းလည်း သိရသည်။

အဆိုပါ ရဲမေများ မြန်မာ စကားကို ပိုမို ကျွမ်းကျင်စွာ တတ်စွမ်းရန် အတွက် ရန်ကုန်မြို့ရှိ တရုတ် တာဝန်ရှိ သူများနှင့် ရင်းနှီးသော Singapore Kitchenကဲ့သို့ စားသောက်ဆိုင်များတွင် စားပွဲထိုး အဖြစ် ၀င်ရောက် တာဝန် ထမ်းဆောင်စေခြင်း ဖြစ်ကြောင်း စာသောက်ဆိုင် ပိုင်ရှင်တစ်ဦးက ပြောသည်။ ယင်းရဲမေများသည် စားသောက်ဆိုင်များတွင် အင်္ကျီအပြာနုနှင့် စကတ်အပြာ ရင့်ရောင် ယူနီဖောင်းများ ၀တ်ဆင်ထားလေ့ရှိကြောင်း စားပွဲထိုး အလုပ်ကို မလုပ်ပဲ ဆိုင်မှ စားပွဲထိုးများကိုသာ သူတို့ သိလိုသည့် မြန်မာစကားများကို မေးမြန်း လေ့ရှိကြောင်း စားပွဲဝိုင်းများမှ အစားအသောက် မှာလျှင် သူတို့က လိုက်လံနားထောင်လေ့ရှိကြောင်း ညနေ ၆နာရီခန့်တွင် လာရောက်ပြီး ည ၉နာရီ ခန့်တွင် ပြန်လေ့ရှိကြောင်း အဆိုပါ စားသောက်ဆိုင်များသို့ သွားရောက် စားသုံးသူ တစ်ဦးထံမှ သိရသည်။

Tomorrow

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်