Wednesday, June 11, 2014

” သူ့ဆီမှာ…ရစရာ..ငါးသောင်း” (ဟာသ)

Posted by drmyochit Wednesday, June 11, 2014, under | No comments



မှတ်ပြီလားဟ
” သူ့ဆီမှာ…ရစရာ..ငါးသောင်း”
————————————–

မိန်းမဖြစ်သူက ရေချိုးခန်းမှ ထွက်လာပြီးနောက်.. ယောကျာင်္းဖြစ်သူက ရေချိုးခန်း အတွင်းသို့ ရေချိုးရန် ဝင်သွားလေသည်။

ထိုအခိုက် တံခါးခေါင်းလောင်းသံ မြည်လာသည်။

မိန်းမဖြစ်သူလည်း ရေချိုးခန်းသုံး တစ်ဘက်စောင်ကို ကမန်းကတန်း ပတ်ကာ အိမ်အောက်ထပ်သို့ ခပ်လောလော ပြေးဆင်းလိုက် သည်။

တံခါးဖွင့်ပေးလိုက်ရာ တစ်ဖက်အိမ်မှ ” ဦးရှမ်း” ဖြစ်နေသည်။

သူမက ဘာမှ မပြောရသေးခင် ဦးရှမ်းက..
” ကျေးဇူးပြုပြီး တစ်ဘက်စောင် ကို ဖယ်ပေးပါ.. ငါးသောင်း ပေးပါ့မယ်..” ဟု ဆိုလေ၏။

သူမ ခဏမျှ မှင်တက်သွားပြီး.. ဦးရှမ်းရှေ့တွင် တစ်ဘက်စောင်ကို ဖယ်ပြပြီး.. ခေတ္တရပ်နေလိုက်သည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် ဦးရှမ်းက ငွေငါးသောင်းကို ကမ်းပေးလိုက်ပြီး.. တိတ်ဆိတ်စွာ ထွက်ခွါသွားသည်။

မိန်းမဖြစ်သူလည်း တစ်ဘက်စောင်ကို အမြန်ပြန်ဝတ်ခါ ဝမ်းသားအားရ အပေါ်သို့ ပြန်တက်လာသည်။

ရေချိုးခန်းနား အရောက်တွင် အထဲမှ ယောကျာင်္းဖြစ်သူက…
” ဘယ်သူလည်း..” ဟု မေးသည်။

” ဟိုဘက်အိမ်က.. ဦးရှမ်းပါ…”
သူမကပြန်ဖြေသည်။

ယောကျာင်္းဖြစ်သူက…
“အေး..ကောင်းတယ်..သူ့ဆီမှာ ငါရစရာ ငါးသောင်းရှိတယ်.. ဒီနေ့လာပေးမယ် ပြောထားတာ.. ပေးသွားသေးလား..? ”

” ရှမ်…!!!! ”
#NcNc@
(by; original writer)
မချိုမချဉ်ဟာသများ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်