Wednesday, June 11, 2014

ကြောက်စရာကောင်းတဲ့ အလက်ဆကာမှ လမ်း သတိပေး ဆိုင်းဘုတ်များ

Posted by drmyochit Wednesday, June 11, 2014, under | No comments

ယာဉ်မောင်းများအတွက် သတိပေး ဆိုင်းဘုတ်တွေ အများအပြား ရှိပေမယ့် အခုဖော်ပြပေးမယ့် သတိပေး ဆိုင်းဘုတ်တွေကတော့ သူမတူအောင် ကြောက်စရာကောင်းနေပါတယ်။


အကြောင်းကတော့ လူကို အန္တရာယ်ပေးနိုင်တဲ့ အင်းဆက်ပိုးကောင်ကြီးတွေ ရှိတဲ့အကြောင်းနဲ့ အခြား အသက်အန္တရာယ်ပေးနိုင်တဲ့ တိရစ္ဆာန်တွေ ရှိတဲ့အကြောင်း ဆိုင်းဘုတ်ထောင်ပြီး သတိပေးထားတဲ့အတွက် ဖြစ်ပါတယ်။


အလက်ဆကာ ဟိုတယ်တစ်ခုဟာ လမ်းတလျှောက် ယာဉ်မောင်းတွေ ဂရုပြုသင့်တဲ့ အချက်တွေကို ဖော်ပြပေးမယ့် တမူထူးခြားတဲ့ ဆိုင်းဘုတ်အတွဲလိုက်ကို ဒီဇိုင်းဆွဲပေးခဲ့ရပါတယ်။ အဆိုပါ ဟိုတယ်ဟာ McKinley တောင် အပါအ၀င် ဒီနာလီ အမျိုးသား ပန်းခြံနဲ့ ဆက်စပ်နေတဲ့ အကွာအဝေးမှာ တည်ရှိပါတယ်။

အလက်ဆကာပြည်နယ်၊ ဒီနာလီမှာ ရှိတဲ့ Grande Denali Lodge ကို ဦးတည်ဖောက်လုပ်ထားတဲ့ Grande Drive အမည်ရ လမ်းဆိုးတစ်ခု ရှိပါတယ်။ အဲဒီ လမ်းတစ်လျှောက်မှာတော့ အုန်းသီးကြွေကျနိုင်သည်။ သတိထားရန် နဲ့ ဖရီးဝေး မရှိတော့ဘူး စတဲ့ ထူးခြားတဲ့ လမ်းဆိုင်းဘုတ်တွေကို  တွေ့ရမှာ ဖြစ်ပါတယ်။

ဒီ့အပြင် ထူးခြားတဲ့ ဆိုင်းဘုတ်တွေကတော့ ခြင်အကြီးကြီးတစ်ကောင်က လူကို မချီ ပျံသန်းသွားတဲ့ ဆိုင်းဘုတ်မျိုးနဲ့ သမင်အကြီးစား တစ်ကောင်က ကားကို တိုက်ခိုက်နေတဲ့ ပုံစံကဲ့သို့ ဆိုင်းဘုတ်မျိုးတွေလည်း တွေ့ရမှာ ဖြစ်ပါတယ်။

အဆိုပါ လမ်းဟာ အတော့်ကို စွန့်စွန့်စားစား သွားရမယ့် လမ်းမျိုးဖြစ်ပြီး တစ်နှစ် တစ်ခြား လမ်းညွှန်ဆိုင်းဘုတ်တွေ ထပ်ထပ်တိုးလာခဲ့ပြီး ဒါဟာ မပြီးဆုံးနိုင်သေးဘဲ နောက်ထပ် ဘယ်လို လမ်းညွှန်ဆိုင်းဘုတ်တွေ ထပ်တိုးလာဦးမယ်ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း သိရပါတယ်။

World Myanmar
ref: dailymail.co.uk

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်