Monday, April 15, 2013

အတာရေဖြင့် ပက်ဖျန်းသော်လည်း နောက်ကွယ် အကြံအစည်များကြောင့် မလန်းဆန်းနိုင်သေးသည့် မြန်မာပြည် မြောက်ပိုင်းက လိုင်ဇာမြို့

Posted by drmyochit Monday, April 15, 2013, under | No comments



၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ စ၍ ထာဝရ ငြိမ်းချမ်း ရေး မဟာဗျူဟာဖြင့် တိုင်းရင်းသား အဖွဲ့အစည်း အားလုံးနှင့် လက်တွဲ ဆောင်ရွက်နိုင်ရေးအတွက် အစိုးရအဖွဲ့ တာဝန်ရှိသူများ အချိန်ပြည့် ကြိုးစား ခဲ့ကြသည်။ အပြင်း ထန် ဆုံးသော စစ်ပွဲ ကာလ အတွင်းမှာပင် တပ်မတော်အနေဖြင့် ကေအိုင်အေ အဖွဲ့အား တွေ့ဆုံဆွေးနွေးနိုင်မည့် နည်းလမ်း မှန်သမျှကို အသုံးပြုခဲ့သည်။ အစောပိုင်း တိုက်ပွဲ များအတွက် စစ်ရေးကိစ္စများကို ဆုံးဖြတ်ပေးနိုင် သည့် ခေါင်းဆောင်သာ KIO/KIA အဖွဲ့နှင့် မြန်မာအစိုးရ အကြား စစ်ပွဲများ ရပ်ဆိုင်းနိုင်စေရန် အတွက် အဖြေ ဖြစ်ခဲ့သည်။ သို့သော် စစ်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာနိုင်သည့် အခြေ အနေ တွင်ပင် ဆွေးနွေးပွဲ သို့ ကေအိုင်အေမှ စစ်ဘက်ခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော် မတက်ရောက် ခဲ့ယုံသာမက နိုင်ငံရေး အရ ဆွေးနွေးမှု မရှိလျှင် စစ်ရေးအရ တုန့်ပြန်မည်ဟု တုန့်ပြန်ပြော ဆိုခဲ့ကြသည့်နောက် စစ်ရိပ်များ ဖုံးလွှမ်း ခဲ့သည်။

တပ်မတော်မှ လဂျားယန်စခန်းသို့ အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်နိုင်ရန် အတွက် ကေအိုင်အေ တပ်များ ဆုတ်ခွာပေးရန် အကြောင်းကြားစာကို ကေအိုင်အေဘက်မှ ငြင်းဆန်ခဲ့သည်မှစ၍ တစ်လအတွင်း လိုင်ဇာ သို့ မြန်မာ့တပ်မတော်မှ ထိန်းချုပ်နိုင်ခဲ့ကာ စစ်ပွဲများ လုံးဝ ရပ်ဆိုင်းခဲ့သည်။

ဖြစ်ပွားခဲ့သည့် စစ်ပွဲများကို အကြောင်း ပြု၍ စစ်ဘေးဒုက္ခသည် ကူညီထောက် ပံ့ရေး အမည်ခံ အဖွဲ့ အ စည်း များ၊ နိုင်ငံရေး အမြတ်ထုတ် လိုသူများ၊မြန်မာ့ ပြည်တွင်းရေးတွင် ၀င်ရောက်ခြယ်လှယ်လိုသည့် နိုင်ငံ တကာ အဖွဲ့များအကြား လိုင်ဇာဒေသသည် စစ်ပွဲများ မရှိတော့သော် လည်း မငြိမ်းချမ်းနိုင်ခဲ့ပေ။

တရုတ်အစိုးရ၏ စီစဉ်မှုဖြင့် မတ်လ ၁၁-၁၂ တွင် တစ်ပတ်အတွင်း စီစဉ်ပြုလုပ်ခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲမှ သဘော တူညီခဲ့သည့် ဧပြီလ ၁၀ ရက်မတိုင်ခင် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ပျက်ပြားခဲ့ခြင်းသည် လိုင်ဇာအရေး ရတက်မအေးစရာ ဖြစ်လာနိုင်သည့် သက်သေ တစ်ခုဖြစ်လာခဲ့သည်။

အစောပိုင်း ကာလများတွင် ကေအိုင်အေ အဖွဲ့၏ တွေ့ဆုံ ဆွေးနွေးရေးလမ်း စဉ်တွင် UNFC တစ်ဖွဲ့သာ ပါ ၀င်သော်လည်း နောက်ပိုင်းတွင် 4U အဖွဲ့ဟု ခေါ်သော UN၊US၊UK၊UNFC တို့ ပါဝင်မှ ဆွေးနွေးပွဲ ဖြစ်လာ မည့် အခြေအနေများ ဖြစ်ပေါ် လာသည်။ အမေရိကန်နှင့် အနောက်နိုင်ငံများ ပါဝင်ဆွေးနွေးမှုကို တရုတ်မှ လက်မခံသည့်အတွက် ဆွေးနွေးပွဲ ပျက်ပြားကြောင်း သတင်းများ ထွက်ပေါ်လာသည့်အတွက် တရုတ် သံရုံးမှ ကြေငြာရှင်းလင်းချက်ပင် ထုတ်ခဲ့ ရသည်။

သို့သော် ဆွေးနွေးပွဲကတော့ 4U အဖွဲ့ဝင်များ မစုံ၍ အဆင်သင့် အဖြစ်သေး ဆိုသည့် အကြောင်းပြချက်ဖြင့် အလှမ်းဝေး ခဲ့ပြန်ပြီ ဖြစ်သည်။တိုင်းရင်းသား အားလုံးပါဝင်သည့် စည်းလုံးညီညွတ်သော ပြည်ထောင်စု မြန် မာနိုင်ငံကြီး တည်ဆောက်မည့်အရေးတွင် မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသသည်တော့ 4U အဖွဲ့နှင့် တရုတ် အကြား ဆုံးဖြတ်ချက် မချနိုင်ဖြစ်ကာ ပြည်ပအားကိုးသဖြင့် ဒုက္ခသည်များလည်း အကူအညီလိုအပ်ဆဲ၊ ဒေ သခံ တိုင်းရင်းသား ပြည်သူများလည်း တည်ငြိမ်အေးချမ်းမှုကို ငတ်မွတ်နေဆဲပင်။

တစ်ချိန်တည်းတွင် ကေအိုင်အို အဖွဲ့ ခေါင်းဆောင် အချို့မှ ကေအိုင်အိုနှင့် အစိုးရအဖွဲ့အကြား ငြိမ်းချမ်းရေး လမ်း စဉ်တွင် 4U+ S ( ဒေါ်အောင်ဆန်း စုကြည်) ပါ ပါဝင်လာစေရန် ဆောင်ရွက်သွားရန် အကြံ ဥာဏ်ပေးမှုများ ရှိနေသည်။ 4U တွင် ပါဝင်သည့် ယူအက်စ် အနေဖြင့်လည်း ဂျပန်အစိုးရမှ တဆင့် ဒေါ်အောင် ဆန်းစုကြည်အား 4U+S အစီအစဉ်တွင် ပါဝင်နိုင်ရေး တွန်းအားပေးလုပ်ဆောင်သွားစေရန် ကေအိုင်အေ ခေါင်းဆောင်ပိုင်းမှ တိုက်တွန်းမှုများ ပြုလုပ်ခဲ့သည်။

သမ္မတကြီး၏ လမ်းညွှန်ချက်၊ တပ်မတော်၏ လက်ကမ်းကြိုဆိုမှု၊ ပြည်ထောင် စု ၀န်ကြီး ဦးအောင်မင်းတို့၏ ထာဝရ ငြိမ်းချမ်းရေး မဟာဗျူဟာ သည်အချိန်များ ဖြတ်သန်း၍ မြန်မာနိုင်ငံကြီးအတွက် နှစ်ဟောင်း ကုန် ၍ နှစ်သစ်ကူးသည့် အချိန်အခါသို့ ရောက်လာခဲ့လေပြီ။ အတာရေဖြင့် ပက်ဖြန်းကာ တစ်နိုင်ငံလုံး ငြိမ်း ချမ်းပျော် ရွှင်နေကြသည့် အချိန်အခါတွင် သင်္ကြန် မဏ္ဍပ်ဆောက်၍ နှစ်ကူး အတာသဘင်ပွဲ ဆင်နွှဲသည့် ကေအိုင်အိုတို့ ကြီးစိုးရာ လိုင်ဇာမြို့နှင့် ဒေသခံတို့မှာတော့ အနောက်နိုင်ငံများ၊ နိုင်ငံရေး အမြတ်ထုတ် အဖွဲ့ အစည်းများ၏ ပယောဂကြောင့် မလန်းဆန်းနိုင်သေးပေ။




From:opposite eyes

Thursday, January 31, 2013

တစ်ဖက်နှင့်တစ်ဖက်အပြစ်ပုံနေသည့်အတွက် ငြိမ်းချမ်းရေးက အလှမ်းဝေးနေခြင်းဖြစ်



 မြန်မာ အစိုးရ တပ်မတော်နှင့်  KIA,KIO  တို့ကြားဖြစ် ပွားလျက် ရှိသော တိုက်ပွဲများ လက်ရှိ အနေ အထား အရ ပိုမိုပြင်းထန် လာပြီး   ငြိမ်းချမ်းရေးမှာ အလှမ်းဝေးနေလျက် ရှိကာ ယင်းသို့ငြိမ်းချမ်းရေး အလှမ်း ဝေးနေ ရခြင်းမှာလည်း တစ်ယောက် နှင့်တစ်ယောက် တစ်ဖက်နှင့်တစ် ဖက်ကြား ခွင့်မ လွှတ်နိုင်ကြပဲ အပြန်  အလှန် အပြစ်ပုံနေကြသည့် အတွက်    ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်  ၌ ကချင် တိုက်ပွဲ အရေး အရေးကြီး    အဆိုတင်သွင်းခဲ့သူ ဒေါ်ဒွဲဘူက   Hot News သို့ပြောသည်။

မိုးကောင်းမယန်းတိုက်ပွဲကြောင့် ပြည်သူ(၂)ဦး သေ၊ သုံးဦးဒဏ်ရာရ

Posted by drmyochit Thursday, January 31, 2013, under , | No comments


ကချင်ပြည်နယ်တွင် ပြည်တွင်းစစ်များ ဆက်လက် ဖြစ်ပွားလျက် ရှိပြီး မိုးကောင်းမြို့နယ် တွင်း တိုက်ပွဲ များကြောင့် ဇန်န ၀ါရီလ(၂၉)ရက်နေ့ ည(၈း၀၀)ခန့်က ဒေသခံပြည် သူနှစ်ဦးသေ ဆုံးကာ သုံးဦး ဒဏ်ရာရ ရှိခဲ့သည်။

“အမြှောက်သံ (၇)ချက်၊ (၈)ချက်လောက် ကြားခဲ့ရတယ်။ အဲဒီအိမ်ကို ထိသွားတာ သူတို့ မိသားစု တွေလေ။ မိန်းမနဲ့ ကလေးက သေသွားပြီး ဦးဂန်မော်အောင်နူးကိုတော့ မြစ်ကြီးနားဆေးရုံမှာ ဆေးကု နေပါတယ်”ဟု မယန်းကျေးရွာမှဒေသခံ တစ်ဦးက ပြောသည်။

Wednesday, January 30, 2013

ပြည်သူ့စစ်စခန်းကို KIA ဝင်ပစ်၊ တဦးဒဏ်ရာရ

ကချင် ပြည်နယ် မိုးညှင်းမြို့နယ် နမ့်မွန်း ကျေးရွာ အုပ်စုရှိ ကျေးရွာ ကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့ စခန်းကို ယနေ့ နံနက်ပိုင်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ၀င်ရောက် ပစ်ခတ်ခဲ့ရာ လူတဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။KIA ၏ ပစ်ခတ်မှုကြောင့် ကျေးရွာ ပြည်သူ့စစ် အဖွဲ့ဝင် ဦးသက်ခိုင်ဦး၊ အသက် ၄၂ နှစ်၏ ဘယ်ဘက် ခြေသလုံးနှင့် ညာဘက် ပေါင်တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ထားရကြောင်း ဒေသခံတဦးက ပြောသည်။

Tuesday, January 29, 2013

အစိုးရစစ်တပ် လိုင်ဇာသိမ်းပိုက်လျင် ဒုက္ခသည်များတရုတ်ပြည်သို့ခိုလှုံရန်ပြင်ဆင်


ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာ (Laiza) ဒေသရှိ ဒေသခံများနှင့် ဒုက္ခ သည်များသည် မြန်မာအစိုးရစစ်တပ်မှ လိုင်ဇာသို့တိုက်ခိုက်သိမ်းပိုက်လာလျင် တရုတ်ပြည်သို့ ထွက်ပြေး ခိုလှုံရန်ပြင် ဆင်နေကြသည်။

အစိုးရတပ်မှ လိုင်ဇာ (Laiza) ဌာနချုပ်နယ်မြေရှိ KIO ၏အရေးကြီးသော တပ်စခန်းများအားလုံးကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ဆက်လက်၍ လိုင်ဇာတွင်းသို့ဝင်ရောက်လာလျင် ဒုက္ခသည်လူထုများ ဆက် လက်၍ လုံခြုံရာသို့ခိုလှုံနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း လိုင်ဇာ (Laiza) အုပ်ချုပ်ရေးမှူး ဒူကဘာ ကရဲန်နော်အောန် (Dukaba Kareng Naw Awn) KNG ကချင်သတင်းဌာနသို့ပြောသည်။

Monday, January 28, 2013

ကချင်ဒေသတွင်း ခံစစ်စခန်းများ ဆုံးရှုံး ခဲ့သော်လည်း လက်နက် သစ်များ ထပ်မံ ရရှိနေသော ကေအိုင်အေနှင့် နောက် ကွယ်မှ အထောက် အပံ့များ

၂၀၁၃ ဇန်န၀ါရီလ ၂၆ ရက်နေ့၌ ကေအိုင်အေတို့၏ ကချင်ဒေသ အတွင်း နောက်ဆုံး ခံစစ်စခန်းဟု ဆိုနိုင် သည့် ခယာဘွမ် တောင်ကုန်းအား သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော်လ ည်း ကေအိုင်အေ အဖွဲ့များ သို့ ချပ် ၀တ် ကျည်ကာ ၀တ်စုံများ၊ ပေါက်ကွဲအား ပြင်းထန် သော လက်နက်များ၊ လေယာဉ်ပစ် ဒုံးလက် နက် သစ် များ ထပ်မံ ရောက်ရှိနေကြောင်း စုံစမ်းသိရှိခဲ့ရသည်။ ယခင်က ABSDF မြောက်ပိုင်း အဖွဲ့များ သာ ၀တ် ဆင် ခဲ့သည့် ကျည်ကာ ၀တ်စုံနှင့် ကျည်ကာ ဦးထုပ် များကို ယခု ကေအိုင်အေ အဖွဲ့များတွင်ပါ တွေ့မြင် လာရသည့် အပြင် လက်နက်သစ် များကိုလည်း ရွှေ့ပြောင်း မှုများ ပြုလုပ်နေသည့် သတင်းများ ရရှိေ နကြောင်းလည်း သတင်းများ အရ သိရှိရပါသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်မှ စစ်ဘက်ရာထူးကြီး ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံစဉ် မေးမြန်း ခဲ့ရာ ဒါက ဖြစ်နိုင်ပါတယ်။ တရုတ်ကတော့ ၀နဲ့ ကေအိုင်အေ အဖွဲ့ကို သူ့ရဲ့ ၀ှက်ဖဲလို အသုံးချမှာပဲ။ မြန်မာနိုင် ငံနဲ့ နယ်စပ် တရုတ်ပြည် ယူနန်ဆိုတာ တရုတ်ပြည်မ အစိုးရနဲ့ အုပ်ချုပ်မှု ပုံစံ မတူဘူး။ ပြည် မကြီးက တစ်မျိုး ပြောနေ ပေမယ့် ယူနန် အစိုးရက ယူနန်က တရုတ် စီးပွားရေး သမားရဲ့ လုပ်ငန်းတွေကို အပြည့် အ၀ အကာ အကွယ်ပေးလိမ့်မည် ဖြစ်ကြောင်း သိရသည်။ ကိုးကန့် ပြဿနာ ဖြစ်ခဲ့စဉ်က တ ရုတ်ပြည် ယူနန်တပ်များ စစ်ရေး ပြင်ဆင်ခဲ့ ဖူးသည်ဟုလည်း ၄င်းမှ ရှင်းပြခဲ့သည်။

မြစ်ကြီးနား-ပူတာအို ကားလမ်း ပေါ်တွင် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ မိုင်းဆွဲ တိုက်ခိုက် မှုကြောင့် အပြစ်မဲ့ အရပ်သား တစ်ဦး သေဆုံး

နေပြည်တော် ဇန်နဝါရီ ၂၇
၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက် ၁ဝ နာရီ ၃ဝ မိနစ် ခန့်တွင် ကချင် ပြည်နယ် မြစ်ကြီးနားမှ ပူတာအိုသို့ ထွက်ခွာ လာသည့် ဆိုင်ကယ် သုံးစီးအား ဇနန်ကျေးရွာ မိုင်တိုင် ၁၁ဝ အနီးတွင် အကြောင်းမဲ့ မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် မြစ်ကြီးနားမြို့ အောင်မြင်သာ ကျေးရွာနေသူ ကိုကျော်စိုး (၂၅)နှစ် (ရှမ်း/ ဗုဒ္ဓ) သေဆုံး ခဲ့ကြောင်း သိရှိ ရသည်။

Saturday, January 26, 2013

မိုးကောင်းမြို့နယ် တလီတွင် မီးသွေးဖိုများအား ငွေကောက်ခံ


မိုးကောင်း ဇန်န၀ါရီလ ၂၄ရက်

မိုးကောင်းမြို့နယ် ဆောင်းခါရွာ နန့်ကောင်းချောင်းတဖက်ကမ်းရှိ တလီတ၀ိုက်တွင် မီးသွေးဖုတ် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူများထံမှ မီးသွေးဖိုတစ်ဖိုလျှင် ၇သောင်း နှုန်းနဲ့ KIA အဖွဲ့ တစ်ဖွဲ့မှ ယမန်နေ့က ကောက်ခံနေကြောင်းသိရှိရပါသည်။ မီးသွေးဖိုတစ်ဖိုလျှင် အကြီးအသေးပေါ် မူ တည်ပြီး အိတ် ၃၀ မှ ၇၀ အတွင်းရရှိကြပြီး၊ တအိတ်လျှင်၂၅၀၀မှ ၃၀၀၀ အတွင်းရရှိကြောင်းသိရှိရသည်။

ကချင် ငြိမ်းချမ်းရေးအတွက် သွားရောက်သူများကို မိုင်းအန္တရာယ်ကြောင့် ဆက်လက်မချီတပ်ရန် စစ်တပ် တားမြစ်


လဂျားယန် ဒေသရှိ KIA စစ်သားတစ်ဦး (ဓာတ်ပုံ – ဧရာဝတီ)


ငြိမ်းချမ်းရေး ကြားဝင် ဆောင်ရွက်ရန် အတွက် ပဋိပက္ခ ဖြစ်ပွားနေသည့် ကချင်ဒေသသို့ သွားရောက်သော ဗိုလ်ကြီးဟောင်း နေမျိုးဇင်နှင့် ၅ ဦးကို လိုင်ဇာမြို့မှ ၁၅ မိုင်ခန့် အကွာသို့ အရောက် အစိုးရ စစ်တပ်က ဆက်လက်မသွားရန် တားမြစ်ခဲ့သည်။

Friday, January 25, 2013

လိုင်ဇာအနီး ခါယာဘွမ် တောင်ကုန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်ဆိုတဲ့ RFA သတင်းတစ်ပုဒ်



KIO ဌါနချုပ်ရှိတဲ့ လိုင်ဇာမြို့ အနောက်ဖက်က ခါယာဘွမ်တောင်ကို အစိုးရတပ်တွေက ဇန်န ၀ါရီလ ၂၄ ရက်နေ့ နေ့လည် ၁ နာရီ ကျော်ကနေစပြီး လက်နက်ကြီးတွေနဲ့ အဆက် မပြတ် ပစ်နေ တယ်လို့ ကေအိုင်အို က ပြောပါတယ်။

Thursday, January 24, 2013

KIA ဟာ ကချင်ပြည်နယ် ကိုတိုးတက်အောင် လုပ်ပေးသလား လုပ်မပေးဘူးလားဆိုတာကို ကချင်ပြည်သူတစ်ရပ်လုံး သိသင့်ပြီ


ရွှေကူ၊ ဇန်န၀ါရီလ(၂၃)

ကေအိုင်အေတပ်နှင့် အစိုးရတပ်တို့သည် ယခင်နှစ်၊ ဇွန်လကတည်းက တိုက်ပွဲများ ဖြစ်ပွား နေပြီး ကချင်ပြည်နယ်မှ ပြည်သူများ စစ်ပွဲ၏ ဒဏ်ကို ခံစားနေကြရသည်။ ငြိမ်းချမ်းရေး ဆွေးနွေး ပွဲကို အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း တိုက်ပွဲတွေက ဆက်လက် ဖြစ်ပွား နေပါသည်။ စစ်ပွဲများ ဖြစ်ပွားပြင်းထန်နေသော်လည်း KIA မှ ကချင်ပြည်နယ်အနှံ့တွင် သစ်များကို ယခင်ကထက် ပိုမိုထုတ်ပြီး ကားကြီးကားငယ်ဖြင့် နေ့စဉ်(၁၅)စီး ခန့်ဖြင့် ရွှေကူ- ဗန်းမော်လမ်းကို အသုံးပြုပြီး မန်စီ (၇)မိုင်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင် ရောင်းချ လျက် ရှိကြောင်း သိရှိရသည်။

ဗန်းမော်-လွယ်ဂျယ်လမ်းအား KIA မှ ပိတ်



ဗန်းမော်၊ ဇန်န၀ါရီလ(၂၃)

ကချင်မှ ထွက်ကုန်ပစ္စည်းများကို တရုတ်ပြည်သို့ ပို့ဆောင်ခြင်းနှင့် တရုတ်ပြည်မှ ပစ္စည်းများကို တင်သွင်းရန် လမ်းကြောင်းများစွာ ရှိပါသည်။ သို့သော် KIA နှင့် အစိုးရ တပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေသည့် အတွက် လမ်းများ မှာ သွားလာလို့ မရဘဲ ရှိနေပါ သည်။ ဗန်းမော်မြို့မှဆိုလျှင် ဗန်းမော်-လိုင်ဇာလမ်းနှင့် ဗန်းမော်-လွယ်ဂျယ် လမ်းကြောင်း (၂)ခုကို အသုံးပြုပြီး ကုန်စည် သယ်ဆောင်မှုများပြုလုပ်လျက်ရှိပါသည်။ 

Wednesday, January 23, 2013

လားရှိုး – မူဆယ် ကုန်တင်ယာဉ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ


Photo: လားရှိုး – မူဆယ် ကုန်တင်ယာဉ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခံရ

နန်းသီရိလွင်| January 23, 2013 | 

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်က လားရှိုး – မူဆယ် အဝေးပြေးလမ်းမပေါ်ရှိ နမ့်အွန် ကျေးရွာ အ၀င်တွင် ဖရဲသီး တင်ဆောင်လာသော ၁၂ ဘီးကားကို လက်နက်ကိုင် တစုက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

“မူဆယ် ဘက်ကနေ မြန်မာ့တပ်မတော် စစ်ကား ၆ စီးက လားရှိုးဘက် ဆင်းတာ။ နမ့်အွန်နားမှာ အဲဒီ ဖရဲသီးကားနဲ့ ရှောင်တဲ့ အချိန် လက်ပစ်ဗုံးက စစ်ကားကို မထိဘဲနဲ့ ဖရဲသီးကား ခေါင်မိုးပေါ် ကျတယ်လို့ ကြားတယ်” ဟု မူဆယ်မြို့ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

တိုက်ခိုက်မှုကြောင့် ယာဉ်မောင်း ဒဏ်ရာရပြီး မူဆယ်မြို့နယ် ဆေးရုံတွင် တက်ရောက် ကုသနေကြောင်း မြန်မာ့ တပ်မတော်ပိုင် မြ၀တီ သတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသော်လည်း မူဆယ်ဆေးရုံသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ဆေးရုံက အတည်ပြုချက် မပေးခဲ့ပေ။

မြဝတီသတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် “KIA အကြမ်းဖက် သောင်းကြမ်းသူအဖွဲ့မှ အပြစ်မဲ့ ကုန်တင်ယာဉ် တစီးအား မိုင်းဆွဲ တိုက်ခိုက်” ဟု ရေးသားထားသည်။

အဆိုပါ တိုက်ခိုက်မှုနှင့် ပတ်သတ်ပြီး မူဆယ်မြို့နယ် ရဲတပ်ဖွဲ့စခန်း၊ မူဆယ်ခရိုင် ရဲတပ်ဖွဲ့ စခန်းများသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း တာဝန်ကျ တာဝန်မှူးများက ထိုတိုက်ခိုက်မှုကို မသိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့၏ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန် ကြေညာ ခဲ့ပြီးနောက် နမ့်အွန် တိုက်ခိုက်မှုသည် ကချင်လွတ်မြောက်ရေး တပ်မတော်၏ စစ်ရေးနှင့် မသက်ဆိုင်သော အရပ်သား ပစ်မှတ်များကို (၉) ကြိမ်မြောက် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း မြ၀တီသတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

ဇန်န၀ါရီလ ၂၁ ရက်နေ့ကလည်း မြစ်ကြီးနားမှ ပူတာအိုသို့ လူသုံးကုန် ပစ္စည်းများ ပေးပို့သည့် ယာဉ်တန်းအား ကချင်လွတ်မြောက်ရေး တပ်မတော်က တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတာဝန် ရှိသူတချို့ ဒဏ်ရာရရှိပြီး ယာဉ် ၁ စီး ပျက်စီးခဲ့ရကြောင်း သိရသည်။

၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် တရုတ်နိုင်ငံ ရွှေလီမြို့တွင် နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ပြီးနောက် ၂ လအကြာတွင် စစ်ရေးအရှိန် ပြန်လည်မြင့်တက်လာပြီး ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် လဂျားယန် ဒေသရှိ ပွိုင့် ၇၇၁ တောင်ကုန်းကို မြန်မာ့ တပ်မတော်မှ လေကြောင်းပစ်ကူ တိုက်ခိုက်ခဲ့ပြီး စစ်ရေးအရှိန် ဆက်လက် မြင့်တက်နေခဲ့သည်။

ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာနှင့် အနီးဆုံးဒေသဖြစ်သည့် လဂျားယန်တွင် မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင်မှု ရပ်ဆိုင်းလိုက်ကြောင်း ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီးနောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသကဲ့သို့ မီးရထားလမ်း ဖောက်ခွဲမှုများ၊ ယာဉ်တန်း တိုက်ခိုက်မှုများနှင့် ဖားကန့်ရှိ ကုမ္ပဏီများအား မီးရှို့ဖျက်စီးမှုများလည်း ဖြစ်ပွားနေဆဲ ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖောင်ဆောင်ရေး လုပ်ငန်းကော်မတီ၏ ငြိမ်းချမ်းရေး ဆွေးနွေးရန် ကမ်းလှမ်းမှုကို ကချင်လွတ်မြောက်ရေး တပ်မတော်မှ စစ်ရေး အရှိန် မြင့်တက်နေချိန်တွင် ၂ ဖွဲ့တည်း သီးသန့် မဆွေးနွေးလိုကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီအနေဖြင့်သာ ဆွေးနွေးလိုကြောင်း သတင်း ထုတ်ပြန်ထားသည်။

မြဝတီ သတင်းဌာနက ဖော်ပြထားသော တိုက်ခံရသည့် မြေပုံ (ဓာတ်ပုံ – မြဝတီ)

အေးချမ်းမွန်မှ   ဧရာဝတီသတင်း တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia
မြဝတီ သတင်းဌာနက ဖော်ပြထားသော တိုက်ခံရသည့် မြေပုံ (ဓာတ်ပုံ – မြဝတီ)
နန်းသီရိလွင်

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့ ညနေ ၆ နာရီခန့်က လားရှိုး – မူဆယ် အဝေးပြေး လမ်းမ ပေါ်ရှိ နမ့်အွန် ကျေးရွာ အ၀င်တွင် ဖရဲသီး တင်ဆောင်လာသော ၁၂ ဘီးကားကို လက်နက် ကိုင် တစုက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ဖားကန့်ဒေသပြန်လာသူတွေပြောတဲ့ ကေအိုင်အေ မိုက်ရိုင်းမှူတွေ


မြန်မာစစ်တပ်က စတိုက်တယ်တဲ့လား၊ ငါ ဖားကန့်မှာ နေတုန်းက မြန်မာစစ်တပ်ကို တစ်ခါမှ ဆပ်ကြေးမပေးခဲ့ရဘူး၊ ကန်ပိုက်တီ ကိုဖြတ်မှ KIA TERRORIST ဓါးပြအဖွဲ့ကို ဆက်ကြေး ၁ သိန်း ပေးခဲ့ရတယ်၊

KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများ ကျောက်မျက် ကုမ္ပဏီများအား အကြောင်းမဲ့ အကြမ်းဖက် မှုကြောင့် ဒေသခံပြည်သူများမှ အပြင်းအထန် ပြစ်တင်ဝေဖန် ရှုတ်ချ


Photo: KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများ ကျောက်မျက် ကုမ္ပဏီများအား အကြောင်းမဲ့ အကြမ်းဖက်
နေပြည်တော် ၊ ၂၂-၁-၂၀၁၃

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန် ပြီးနောက် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ အနေဖြင့် စစ်ရေး နှင့် မသက်ဆိုင်သည့် ပစ်မှတ်များအား အကြောင်းမဲ့ (၅) ကြိမ်မြောက် တိုက်ခိုက်ခြင်း အဖြစ် ဇန်န၀ါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် ဖားကန့် မြို့နယ် ၊ အေးမြသာယာ အုပ်စု ၊ ဆိုင်းဂျာဘွမ် ကျေးရွာ အနီးရှိ နိုင်ငံတော် နှင့် အကျိုးတူ လုပ်ကိုင်လျက် ရှိသည့် မက်(စ်)မြန်မာ ကျောက်မျက် ကုမ္ပဏီအား KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် အရပ်ဝတ် များဖြင့် ရုတ်တရက် ရောက်ရှိလာပြီး အဆောက်အအုံအား မီးရှို့ ဖျက်ဆီးခဲ့ပြီး နောက် ၄င်းအဖွဲ့သည် ဇန်န၀ါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် လည်း ကြိုင် ကျောက်မျက် ကုမ္ပဏီ၏ အဆောက်အအုံ များအား အကြောင်းမဲ့ ဆက်လက် မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

သတင်းကြားလျှင် ကြားချင်း အနီးဝန်းကျင်ရှိ တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက် ရှိပြီး KIA အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒေသ တည်ငြိမ်ရေး နှင့် တရားဥပဒေ စိုးမိုးရေး ကို များစွာ ထိခိုက်မှု ဖြစ်ပေါ် စေမှုအပေါ် ဒေသခံ ပြည်သူများမှ များစွာ စိတ်ပျက်လျက် ရှိကြောင်း နှင့် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အား အပြင်းအထန် ပြစ်တင် ရှုတ်ချလျက် ရှိကြောင်း သိရှိရသည်။
===========================
Reference & Post by The Myawady Daily
Post by  Admin Team[NOM]
နေပြည်တော် ၊ ၂၂-၁-၂၀၁၃

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန် ပြီးနောက် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ အနေဖြင့် စစ်ရေး နှင့် မသက်ဆိုင်သည့် ပစ်မှတ်များအား အကြောင်းမဲ့ (၅) ကြိမ်မြောက် တိုက်ခိုက်ခြင်း အဖြစ် ဇန်န၀ါရီလ ၂၀ ရက်နေ့

KIA သောင်းကျန်းသူ အဖွဲ့ လွယ်ဂျယ်မြို့ အား တိုက်ခိုက် သိမ်းပိုက်ရန် ပြင်ဆင်



KIA အဖွဲ့  အနေဖြင့် အစိုးရမှ ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြောင်းကြား ထားသော် လည်း လက်မခံဘဲ UNFC နှင့် ဆွေးနွေးရန်သာ အကြောင်းပြန်ခဲ့သည်။ ယခုအခါ KIA အဖွဲ့ မှ မိုင်ဂျာယန် မြို့ နှင့် ကပ်လျက် ရှိသော လွယ်ဂျယ်မြို့ အား တိုက်ခိုက် သိမ်းပိုက် ရန် တပ်များ စုစည်းရွေ့ ပြောင်းနေကြောင်း လွယ်ဂျယ်မြို့ အား သိမ်းပိုက်ရန်အတွက် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကိုယ်တိုင် တိုက်ပွဲအား ကွပ်ကဲရန် မိုင်ဂျာ ယန်မြို့ သို့ ရောက်ရှိနေကြောင်း သိရှိရသည်။ “ KIA အဖွဲ့ တွေ အများကြီး မိုင်ဂျာ ယန်မှာ ရောက်နေ တယ်။ လွယ်ဂျယ်မြို့ကို တိုက်ခိုက် သိမ်းပိုက် မယ်လို့ ကြားတယ် လက်နက်ကြီး တွေလည်း အများကြီး ပါတယ် အခုချိန် မှာ လွယ်ဂျယ်မှာက တပ် အင်အား နည်းနေတယ် ။ 

လဂျားယန် ဒေသ အနီး တိုက်ပွဲများ ဖြစ်ပွား

From : မြဝတီ

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ ၁၃း၀၀ နာရီမှ ၁၉း၀၅ နာရီ အချိန်အထိ လဂျားယန် ဒေသရှိ ပွိုင့် ၁၀၁၂ တောင်ကြောပေါ်ရှိ စခန်းတွင် မိမိ တပ်မတော်မှ အုပ်ချုပ်မှု ကိစ္စများ လုပ်ဆောင်နေစဉ် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ခေါင်းဆောင် စိစစ်ဆဲ အင်အား ( ၇၀ ) ဦးခန့်သည် လာရောက် နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်သည့် အတွက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ ပြန်လည် ဆုတ်ခွာ သွားကြောင်း သတင်း ရရှိပါသည်။

ခိုကိုးရာမဲ့ KIA အကြမ်းဖက် သောင်းကျန်းသူ သွားလာလှုပ်ရှားမှုများ


(၁၇-၁-၂၀၁၃)ရက်နေ့မှစ၍့  KIA အကြမ်းဖက် သောင်းကျန်းသူများသည် လက်ရှိအချိန်တွင် ခိုကိုးရာ မဲ့ဖြစ် ကာ ကချင်ပြည်နယ်အတွင်းနေရာအနှံအပြားတွင် သွားလာလှုပ်ရှားလျှက်ရှိပြီး၊ လှုပ်ရှား စစ်ကြောင်း များ အသွင်များဖြင့် ရပ်တည်လျှက်ရှိနေပါသည်။

KIAအကြမ်းဖက်သောင်းကျန်းသူများက ရတနာစံဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖမ်းဆီး

Posted by drmyochit Wednesday, January 23, 2013, under , | 1 comment

ဖားကန့် မြို့နယ် ဆိုင်းဂျာဘွမ်ကျေးရွာရှိ ရတနာစံဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝံသာရ၊ သက်တော်၄၆နှစ်အား ဇန်နဝါရီလ ၂၀ရက် မွန်းလွဲပိုင်းတွင် KIAတပ်မဟာ(၁)၊တပ်ရင်း(၃) ကဗိုလ်ကြီးအဆင့်ရှိ ဘရန်နူး ဦးစီး အင်အား၂၈ယောက်က ဆရာတော်အား အစိုးရတပ် သတင်းပေး ဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါကျောင်းမှ ဦးဇင်းရှင်ခေမာသက ပြောသည်။

ကချင်အကြမ်းဖက်သောင်းကျန်းသူ ရင်း(၆) အကောက်ဂိတ်ဖွင့်  လူထုမှ မလိုလား


ဖါးကန့်မြို့နယ်၊ ဝှေခါကျေးရွာမှ ဝှေခါ-ညောင်ထောက် လမ်းပိုင်းဖက်သို့ (၁၆-၁-၂ဝ၁၃)ရက်နေ့ (၁၅ဝဝ)နာရီတွင် ထွက်ခွါဟန်ပြကာ ကျေးရွာအတွင်းမှထွက်ခွါသွားကြသည့် KIA အကြမ်းဖက်သောင်း ကျန်းသူ ရင်း(၆) လက်အောက်ခံ တပ်ဖွဲ့ဝင် ကျား၊ မ အစုံအင်အား(၃ဝဝ)ခန့်တို့သည် ဆိပ်မူ-ဝှေခါလမ်းပေါ် မှ ဂျန်ကာ ကျေးရွာ အနီးရှိတောင်ကုန်းပေါ်သို့ လ က်ရှိအချိန်တွင် ရောက်ရှိ အခြေပြု လျက်ရှိနေကြပြီး (၁၉ဝဝ)နာရီခန့်မှစ၍ ဂိတ်ဖွင့်ကာ အတက်/အဆင်း ခရီးသွားပြည်သူများအား (တင်းကြပ်စွာ) စစ်ဆေးရှာဖွေလျက်ရှိနေကြောင်း သိရှိရပါသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်