Wednesday, January 23, 2013

ကချင်အကြမ်းဖက်သောင်းကျန်းသူ ရင်း(၆) အကောက်ဂိတ်ဖွင့်  လူထုမှ မလိုလား


ဖါးကန့်မြို့နယ်၊ ဝှေခါကျေးရွာမှ ဝှေခါ-ညောင်ထောက် လမ်းပိုင်းဖက်သို့ (၁၆-၁-၂ဝ၁၃)ရက်နေ့ (၁၅ဝဝ)နာရီတွင် ထွက်ခွါဟန်ပြကာ ကျေးရွာအတွင်းမှထွက်ခွါသွားကြသည့် KIA အကြမ်းဖက်သောင်း ကျန်းသူ ရင်း(၆) လက်အောက်ခံ တပ်ဖွဲ့ဝင် ကျား၊ မ အစုံအင်အား(၃ဝဝ)ခန့်တို့သည် ဆိပ်မူ-ဝှေခါလမ်းပေါ် မှ ဂျန်ကာ ကျေးရွာ အနီးရှိတောင်ကုန်းပေါ်သို့ လ က်ရှိအချိန်တွင် ရောက်ရှိ အခြေပြု လျက်ရှိနေကြပြီး (၁၉ဝဝ)နာရီခန့်မှစ၍ ဂိတ်ဖွင့်ကာ အတက်/အဆင်း ခရီးသွားပြည်သူများအား (တင်းကြပ်စွာ) စစ်ဆေးရှာဖွေလျက်ရှိနေကြောင်း သိရှိရပါသည်။

တပ်မတော် စစ်ကြောင်းများသို့ သတင်းပေးပို့ထားပြီး တပ်မတော် စစ်ကြောင်းများမှလည်း တိုက်ခိုက်ရန်ပြင်ဆင်နေပါသည်။KIA အကြမ်းဖက်သောင်းကျန်းသူ များသည် ဆုတ်ခွာ ထွက်ပြေးရာ လမ်းတစ်လျှောက်ရှိကျေးရွာများအား ဆန်နှင့် စားနပ်ရိက္ခာများနှင့် ငွေကြေးများကို အဆမတန် ကောက်ခံလျှက်ရှိနေပြီ ဒေသခံပြည်သူလူထုမှ အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်