Wednesday, January 23, 2013

ရန်ကုန်မှ သံတွဲသို့ ထွက်ခွာလာသည့် အောင်သစ္စာ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှု နောက်ဆက်တွဲ သတင်း

Posted by drmyochit Wednesday, January 23, 2013, under | No comments

၂၀၁၃ ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီအချိန် ရန်ကုန်မှ သံတွဲသို့ ထွက်ခွာ လာသည့် ယာဉ်အမှတ် ၉ခ/၃၅၁၆၊ ယာဉ်မောင်း ဦးသန်းနိုင် မောင်းနှင် လာသည့် အောင်သစ္စာ ခရီးသည်တင် ယာဉ်သည် ဇန်န၀ါရီလ ၂၃ ရက် နံနက် ၁ နာရီချိန်ခန့်တွင် နေပူတောင်အနီး၌ တိမ်းမှောက်မှု ဖြစ်ပွား ခဲ့ပါသည်။

အဆိုပါ ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုတွင် သေဆုံးသူ ကျား ၆ ဦး၊ မ ၆ ဦး၊ ကလေး မ ၁ ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။ ဒဏ်ရာ ရရှိသူ ကျား ၂၈ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၃၂ ဦး ဒဏ်ရာရရှိခဲ့ပြီး စိုးရိမ် ရသူ ကျား ၁၆ ဦး၊ မ ၁ ဦး၊ စုစုပေါင်း ၁၇ ဦးဖြစ်ပါသည်။ ဒဏ်ရာရရှိသူ များအား တောင်ကုတ် ဆေးရုံ သို့ အချိန်မှီ ပို့ဆောင် ကုသပေးလျက်ရှိကြောင်း သိရှိရ ပါသည်။

အခင်းဖြစ်ပွားရာသို့ တပ်မတော် ဆေးတပ်ဖွဲ့မှ ဆေးမှူး ဗိုလ်ကြီး ဝင်းဗိုလ်ဦးစီး အင်အား ၂၅ ဦးခန့်နှင့် တောင်ကုတ် နာရေးကူညီမှုအသင်း၊ ကြက်ခြေနီး အသင်းအဖွဲ့များမှ ကယ်ဆယ်ရေး လုပ်ငန်းများ၊ ဆေးကုသခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။



မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်