Wednesday, January 23, 2013

၁၀ နှစ်ကျော် လေ့လာပြီးမှ စပစ်ဖိုင်းယား ရှာဖွေခဲ့ခြင်းဟု ရွှေတောင်ပေါ် ကုမ္ပဏီမှဆို

Posted by drmyochit Wednesday, January 23, 2013, under | 1 comment


မင်္ဂလာဒုံ လေဆိပ်ဝင်း အတွင်း ဇန်န၀ါရီလမှ စတင်ခဲ့သော(British Spitfire fighters) ဗြိတိသျှ စပစ်ဖိုင်းယားတိုက်လေယာဉ် ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်မှု အခြေအနေမှာ (Survey) မြေပြင် အသေးစိတ် တိုင်းတာရေး အဆင့်၌သာ ရှိသေးကြောင်း ရွှေတောင်ပေါ် ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးထွန်းကျော်က ဆိုသည်။

မင်္ဂလာဒုံလေယာဉ်ကွင်းမှာ မြို့ပြလေကြောင်းလိုင်းများ အပြင် တပ်မတော်လေ အသုံးပြုနေသော ကွင်းဖြစ်သည့်အတွက် လုံခြုံရေးအခြေအနေ အရ လုပ်ငန်းခွင် အတွင်းသို့ စာနယ်ဇင်း နယ်ပယ်မှ ပုဂ္ဂိုလ်များ လာရောက် လေ့လာခွင့်ရရန် မလွယ် ကူကြောင်း ကိုလည်း ၄င်းက ပြောသည်။

“Survey အဆင့်ပဲ ရှိသေးတယ်ဆိုတာက ကျွန်တော်တို့က အကန့် အသတ်နဲ့ လုပ်နေရ တာဗျ။ အစိုးရပိုင်းက အားပေးကူညီတယ် ဆိုပေမဲ့ လေယာဉ်ကွင်း ထဲမှာ ဖြစ်တဲ့အတွက် ဘယ်နေ ရာကို တူးသင့်တယ်၊ ဘယ်နေရာကို မတူးသင့်ဘူး ဆိုတာမျိုးကအစ သက်ဆိုင်ရာပညာ ရှင်တွေ၊ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ နေ့စဉ်ဆွေးနွေးတိုင်ပင်ပြီးမှ လုပ်ကြရတာ။ 

သိတဲ့အတိုင်းပဲ လေယာဉ်ကွင်းဆိုတာ လုံခြုံရေးတင်းကြပ် ကန့်သတ် ထားတဲ့ နယ်မြေ မဟုတ်လား။ လုပ်ငန်းခွင်ထဲကို မီဒီယာတွေ ၀င်ထွက်သွားလာခွင့် ရဖို့ဆိုတာက လုံခြုံရေးအရ အစိုးရက ခွင့်မပြုတာပါ” ဟု ဦးထွန်းကျော်ကပြောသည်။

မီဒီယာများအနေဖြင့် ကုမ္မဏီသို့ မေးမြန်း စုံစမ်းခြင်း မရှိဘဲ မရေရာ မသေချာ သည့် သတင်း အချက် အလက်များ မထုတ်ပြန်သင့်ကြောင်းနှင့် သိရှိလိုသည့် သတင်း အချက် အလက် များ အား ကုမ္မဏီသို့ မေးမြန်းစုံစမ်း စေလိုကြောင်း ကိုလည်း ၄င်းက ဆက်ပြောသည်။

“ တချို့က ကျွန်တော်တို့ဆောင်ရွက်နေတဲ့ လုပ်ငန်းအကြောင်းကို ဂဃနဏမသိဘဲ ကောလာ ဟလ တွေ လျှောက်ပြောကြတယ်။ ကျွန်တော်တို့ လုပ်ငန်းနဲ့ပတ်သက်ပြီး ပညာရှင်တွေ၊ လုပ်ငန်း ကျွမ်းကျင် တဲ့သူတွေနဲ့ အတူ ၁၀ နှစ်ကျော် စနစ်တကျ လေ့လာပြီးမှ ဒီစီမံချက်ကို ဆောင်ရွက် ခဲ့ကြတာပါ” ဟု ၄င်းက ရှင်းပြသည်။


မင်္ဂလာဒုံလေဆိပ်ဝင်းအတွင်း (Survey) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မြစ်ကြီးနားသို့ ပြန်တက်ရန် စီစဉ်ထားပြီး မြစ်ကြီးနားတွင် ဆောင်ရွက်ဆဲ လုပ်ငန်း များ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရွှေတောင်ပေါ် ကုမ္ပဏီမှ အထွေထွေမန်နေဂျာက ရှင်းလင်းဖြေကြားခဲ့ပါသည်။

ကျော်ဇင်ထွန်း(မြစ်မခ)

Myit Makha Mediagroup

1 comments:

This smithfire article really annoying me. Never found but still keep saying here and there. Shame on you so called retired U Soe Thein.

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်