Wednesday, January 23, 2013

မြန်မာနိုင်ငံ တွင် ပထမ ဦးဆုံး အပြည်ပြည် ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီး ကျင်းပမည်

Posted by drmyochit Wednesday, January 23, 2013, under | No comments


မြန်မာနိုင်ငံတွင် ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာ မာရသွန် အပြေးပြိုင်ပွဲကြီးကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် First Myanmar Investment (FMI) တို့ ပူးပေါင်း ၍ ဇန်နဝါရီ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါ ပြိုင်ပွဲကြီးကို ပြည် တွင်း အပြေးအား ကစားသမား ၅၃၀ နှင့် နိုင်ငံတကာ အပြေးအားကစားသမား ၅၂၀ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် ၄၂ ကီလိုမီတာ မာရသွန်အပြေးပြိုင်ပွဲ၊ ၁၀ ကီလိုမီတာ အပြေးပြိုင်ပွဲနှင့် ၃ ကီလိုမီတာ အမြန်လမ်းလျှောက်ပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်သည်။


 ယင်းပြိုင်ပွဲနှင့် ပတ်သက်၍ Miya Min Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးဝဏ္ဏက “ကျွန်တော်တို့ ဒီပြိုင်ပွဲ မှာ ယှဉ်ပြိုင်မယ့် သူတွေအတွက် အာဟာရပိုင်းကို တာဝန်ယူထားတယ်။ မာရသွန် အပြေး သမားတွေ လိုအပ်တဲ့ အာဟာရတွေကို တိုက်ကျွေးဖို့ တာဝန်ယူထားတယ်။ ဒီမာရ သွန်ပြိုင်ပွဲကြီး က မြန်မာနို င်ငံမှာ ပထမဦးဆုံးပါပဲ” ဟု ပြောသည်။ ပြိုင်ပွဲတွင် ပထမဆုံး ပန်းဝင်သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၅ ဦးကို ဆုချီးမြှင့်မည်ဖြစ်ပြီး ပထမဆုအဖြစ် ကန်ဒေါ်လာ ၂၅၀၀ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ပြိုင်ပွဲကြီး ကျင်းပခြင်းနှင့် ပတ်သက်၍ ပြိုင်ပွဲဖြစ်မြောက်ရေး ကော်မတီမှ အထွေထွေ အတွင်းရေး မှူး ဒေါ်ခင်သူသူ က “ကျွန်မတို့ ဒီပြိုင်ပွဲကို လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ အခုကျင်းပတော့မယ့် ဆီးဂိမ်းပြိုင်ပွဲကြီး ကို အကြိုလှုံ့ဆော်မှုအနေနဲ့ ပြုလုပ်ခြင်းဖြစ်သလို၊ ကျွန်မတို့ မြန်မာနိုင်ငံက ဒီ လိုပြိုင် ပွဲကြီး မျိုး လုပ်နိုင်တယ်ဆိုတာ ကမ္ဘာက သိအောင် ပြဖို့အတွက် ဖြစ်ပါတယ်။ နောက်ဒီလို အပြေးပြိုင်ပွဲမျိုး ရန်ကုန် မှာ နှစ်စဉ်နှစ်တိုင်း ကျင်းပသွားမှာ ဖြစ်ပါတယ်” ဟု ပြောပြခဲ့ကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ 


From:ခေတ်လူငယ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်