ယခု လပိုင်း အတွင်း ဖြစ်ပွား ခဲ့သည့် ဘာသာရေး ဆိုင်ရာ ပဋိပက္ခ အတွင်း၌ ပျံလွန်တော် မူခဲ့ ရသော သံဃာ တော် ၏ သေဆုံးမှုနှင့် ပတ်သက်၍ စစ်ဆေးခြင်း ခံနေရသော အစ္စလာမ် ဘာသာဝင် ၆ ဦးမှာ ပြစ်မှု ထင်ရှားပါ က သေဒဏ် ကျခံ ရနိုင်ဖွယ် ရှိကြောင်း အာဏာပိုင်များက အင်္ဂါနေ့တွင် ပြောကြား လိုက် သည်ဟု AFP သတင်း တရပ်တွင် ဖော်ပြပါရှိသည်။
မန္တလေးတိုင်း တရား သူကြီး ဦးရဲ အောင်မြင့်၏ အဆိုအရ ၎င်းတို့အား စစ်ဆေးနေပြီး သောကြာနေ့တွင် အမိန့် ချမှတ် လိမ့် မည်ဟု ခန့်မှန်းထားသည်။
“လူသတ်မှု အတွက် ပြစ်မှုထင်ရှားရင်တော့ သေဒဏ် ချမှတ် ခံရမှာပါ” ဟု ဦးရဲအောင်မြင့် ၏ တယ်လီ ဖုန်းမှ တဆင့် ဖြေကြား...