Wednesday, May 08, 2013

"ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်"

Posted by drmyochit Wednesday, May 08, 2013, under | No comments


ရခိုင်ပြည်နယ် ပဋိပက္ခများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ ထုတ်ပြန်ချက်

ထုတ်ပြန်ချက် အမှတ် ( ၃ /၂၀၁၃ )

၁။ ၂ဝ၁၂ ခုနှစ်အတွင်း ရခိုင်ပြည်နယ် ၌ ဖြစ်ပွား ခဲ့သော ပဋိပက္ခများ၏ အကြောင်း အရင်း များကို စနစ် တကျ ရှာဖွေ ဖော်ထုတ် ရန်နှင့် အလားတူ ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရန် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်း ခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်း စစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာကို ၂ဝ၁၃ ခုနှစ်၊ ဧပြီလ ၂၉ ရက် နေ့တွင် တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါသည်။ ယင်းအစီရင်ခံ စာနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ၂ဝ၁၃ ခုနှစ်၊ မေလ ၆ ရက်နေ့တွင် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ပါသည်။

၂။ နိုင်ငံတော် သမ္မတ၏ မိန့်ခွန်းတွင် အောက်ပါ အချက်များ ပါဝင်သည်ကို တွေ့ရှိ ရပါသည်။

- နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခများ ထပ်မံမဖြစ်ပွားရေးအတွက် တရား ဥပဒေ စိုးမိုးရေး အစီ အမံများ ချမှတ် ဆောင်ရွက်ရန် ဖြစ်ကြောင်း။

- နိုင်ငံသားတိုင်း မိမိတို့ ယုံကြည် ရာ ဘာသာ တရားကို လွတ်လပ်စွာ ရွေးချယ် ကိုးကွယ် ပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် ရရှိ စေရေး အတွက် မဖြစ်မနေ တစ်ပါတည်း ကြိုးပမ်း ဖော်ဆောင် နေရ ကြောင်း။

- မတူ ညီသော ကိုးကွယ် ယုံကြည်မှု များကို လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် ရှိစေရန် အတွက် အခြေခံ အနှစ် သာရသည် ဘာသာတရား အချင်းချင်း အပြန်အလှန် လေးစားမှုဖြစ်ကြောင်း။

- လွတ်လပ်စွာ ယုံကြည်မှုနှင့်ပတ်သက်၍ အစိုးရအနေဖြင့် အစဉ်လေးစား ကာကွယ် ပေးသွား မည်ဖြစ် ကြောင်း။

- ပဋိပက္ခများကြောင့် အိုးအိမ်၊ စည်းစိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသူများ အတွက် ကယ်ဆယ်ရေး၊ ကူညီ စောင့်ရှောက် ရေး များကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အထူးသဖြင့် ဒုက္ခသည်များအတွက် မိုးမကျ မီ အမိုးအကာအောက် အချိန်မီရောက်ရှိရေးကို အလျင်အမြန် အရေးယူ ဆောင် ရွက် သွား မည် ဖြစ် ကြောင်း။

- အနာဂတ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်သည့် လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေးကို လုပ်ဆောင် ရန်ဖြစ်ကြောင်း။

၃။ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းပါ အချက် အလက် များမှာ မြန်မာနိုင်ငံအတွက် အနာဂတ်တွင် ငြိမ်းချမ်း စွာ အတူ ယှဉ်တွဲ နေထိုင် နိုင်သည့် လူ့ အဖွဲ့ အစည်း တစ်ရပ် ပေါ်ပေါက် လာရေးအတွက် အခြေခံကျပြီး လက်တွေ့ ကျင့်သုံး ရမည့် လမ်းညွန်မှု ဖြစ်သည်ကို တွေ့ရှိရပါ သည်။

၎။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ရခိုင်ပြည်နယ်ပဋိပက္ခဖြစ်ပွားရာ ဒေသများသို့ သွားရောက် ခြဲ့ပီးနောက် သတင်း ထုတ်ပြန်ချက် အမှတ် (၄/၂ဝ၁၂) ဖြင့် ထုတ်ပြန်ခဲ့ ရာတွင် အကြမ်းဖက် ကျူးလွန်မှု များ အပေါ် ဥပဒေနှင့်အညီ မှန်ကန် ထိရောက်စွာ အရေးယူ ဆောင်ရွက်ရေး၊ အကြမ်းဖက် ခံရ သူများ၏ ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင် ရေးနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် အပြန်အလှန် ယုံကြည်မှု တည် ဆောက်ရေး၊ အသိပညာ ဗဟုသုတကြွယ်ဝစေရန် ကလေးသူငယ်များ အခြေခံပညာ တတ်မြောက် မှုနှုန်း မြင့်မား ရေး အတွက် အထူးအစီအစဉ် တစ်ရပ်အဖြစ် အမြန်ဆောင်ရွက်ပေးရေးနှင့် နယ်မြေရှိ ဒုက္ခ သည်များ အတွက် အခြေခံလိုအပ်ချက်များတိုးမြှင့်ကူညီပေးရေးတို့ကို ဆောင်ရွက်ကြ ပါရန် တိုက်တွန်း နှိုးဆော်ခဲ့ ပါသည်။

၅။ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်း ရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု ဗဟို ကော် မတီ၏ မူဝါဒများ၊ လုပ်ငန်း စဉ်များနှင့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ လော့လာအကြံပြုချက်များကို အကောင် အထည်ဖော် ဆောင်ရွက် ရန် အတွက် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီ (၇)ရပ်နှင့် သက်ဆိုင်ရာ အစိုးရဌာနများက ဆော လျင်စွာ အကောင်အထည်ဖော် ဆောင်ရွက် န် ကော်မရှင်အနေ ဖြင့် အလေး အနက် တိုက်တွန်း အပ်ပါသည်။


မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ မေလ ၇ ရက်


From: Popular Myanmar News Journal 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်