Wednesday, May 08, 2013

ဖခင်ဖြစ်ကြောင်း ကြေညာပေးစေလိုမှုဖြင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအား တရားစွဲဆို

Posted by drmyochit Wednesday, May 08, 2013, under | No comments


ပြင်ဦးလွင် မြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ် စားလှယ် ဦးကျော်သီဟအား အရွယ်မရောက်သေးသော ကလေး ၏ ဖခင်အဖြစ် မြွက်ဟကြေညာပေးစေလိုမှု ဖြင့် တရားစွဲဆို ထားကြောင်း ပြင်ဦးလွင် ခရိုင် တရားရုံးသို့ လျှောက်ထားသည့် အဆိုလွှာ အရသိ ရသည်။

ပြင်ဦးလွင် မြို့နယ် တရားရုံးမှ အမှုအား စစ်ဆေးခွင့် ပေးခဲ့ပြီး ၄င်းအမှုမှာ တရားလို မောင်...၏ မိခင်ဖြစ်သူ ဒေါ်ခိုင်ဝတ်ရည် သန္တာမောင်နှင့် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်သီဟ တို့မှာ ၁၉၉၈ ခုနှစ်တွင် ရည်းစား ဖြစ်ခဲ့ကြပြီး ဦးကျော်သီဟမှ ဒေါ်ခိုင်ဝတ်ရည် သန္တာမောင်အား လက်ထပ် ပါမည်ဟုယုံ ကြည်အောင် ပြောဆိုကာ ကာမ ရယူ ခဲ့ပြီး ကိုယ်ဝန် ရရှိ ခဲ့ကြောင်း ကလေး၏ အသက် ၁ နှစ်နှင့် ခြောက်လ အရွယ်တွင် လက်ထပ်ရန် တောင်းဆို သော်လည်း ငြင်းဆို ခဲ့ကြောင်း ထို့ကြောင့် ပြင်ဦး လွင် မြို့နယ် အမျိုး သမီးရေးရာ အဖွဲ့ထံ တိုင်ကြားခဲ့ပြီး ဦးကျော်သီဟ နေထိုင်သည့် ရပ်ကွက်မှ လူကြီးများမှ ညှိနှိုင်း ပေး သဖြင့် မယား စရိတ်၊ ကလေး စရိတ် အဖြစ် ငွေကျပ် လေးသိန်းအား ပေးချေ ခဲ့ပြီး နောက်ပိုင်း တွင် ဆက်လက် ထောက်ပံ့မှု မပြုလုပ် တော့ကြောင်း အဆို လွှာတွင် ပါရှိသည်။

ယခုအချိန် ကလေး၏ အသက် ၁၄ နှစ်အရွယ်ရောက်ချိန်တွင် ဒေါ်ခိုင် ဝတ်ရည်သန္တာမောင်တို့မိသားစုမှာ စားဝတ် နေရေး ခက်ခဲ နေသဖြင့် ကလေး အား သားအဖြစ်လက်ခံထောက်ပံ့ကူညီ ရန်အတွက် တရားစွဲဆို ရခြင်းဖြစ် ကြောင်း ဒေါ်ခိုင်ဝတ်ရည်သန္တာမောင် အား ကူညီပေးနေသူ တစ်ဦးက ပြော သည်။

ဦးကျော်သီဟ ကမူ ဒေါ်ခိုင်ဝတ် ရည်သန္တာမောင်အား သမီးရည်း စား ဖြစ်ခဲ့ခြင်းမရှိဘဲ လက်ထပ် ပေါင်းသင်းပါ မည်ဟု ယုံကြည်အောင် ပြောဆိုခြင်း၊ ကာမရယူခြင်း လုံးဝမရှိခဲ့ကြောင်း ငြင်း ဆိုထားပြီး အမျိုး သမီး ရေးရာ အဖွဲ့နှင့် လူကြီးများရှေ့တွင်ညှိနှိုင်း၍ မယား စရိတ် ကလေးစရိတ်အဖြစ်ငွေကျပ်လေး သိန်းပေး ခဲ့သည်မှာလည်း မဟုတ်မှန် ကြောင်း ငြင်းဆိုသည်။

''ကျွန်တော် လွှတ်တော်ကိုယ်စား လှယ် တစ်ယောက်ဖြစ်လာမှ ဒါတွေက ဖြစ်တာတာပါ။ ကျွန်တော့်ကို မနာ လိုတဲ့ သူတွေက လုပ်ကြတာ။ ကျွန်တော်က တော့ ခေါင်းထဲမှာ ဒီကိစ္စ သိပ်မရှိပါ ဘူး။ ကျွန်တော်နဲ့ သက် ဆိုင်တဲ့ လုပ်ငန်း တွေနဲ့ တခြားလူမှုရေးလုပ်ငန်းတွေကို အားစိုက်လုပ်ဆောင်သွားမှာပါ'' ဟု ဦး ကျော်သီဟ က ပြောသည်။

လက်ရှိ တွင် အမှုအား ပြင်ဦးလွင် ခရိုင် တရားရုံးတွင် ဆက်လက် စစ်ဆေး မှုများ လုပ်ဆောင်နေပြီး မေလ ၁၃ ရက် နေ့တွင် ဆက်လက်စစ်ဆေးဖို့ ရှိ ကြောင်း ကလေးငယ်၏ ရှေ့နေ ဦးအေး သောင်းက ပြောသည်။

ဦးကျော်သီဟ သည် ၂ဝ၁၂ ခုနှစ် ဧပြီ၁ ရက်က ကျင်းပခဲ့သော ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီမှ ဝင် ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့သော ပြင်ဦး လွင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်တစ်ဦး ဖြစ် သည်။

ဖိုးလပြည့်
From: Popular Myanmar News Journal 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်