Wednesday, May 08, 2013

သမီးကိုနှိပ်စက်သည့်မိခင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရ

Posted by drmyochit Wednesday, May 08, 2013, under | No comments


မေလ ၈ ရက် ၂၀၁၃

အပေါ့ သွားခြင်းကို သင်ကြားရန် ခက်ခဲသည့် သမီး ဖြစ်သူ ကို ရိုက်နှက်သည့် အပြင် လက်များကို စူပါကော်ဖြင့် သုတ်ပြီး နံရံတွင်ကပ်ကာ နှိပ်စက်သည့် မိခင်တစ်ဦးအား ထောင် ဒဏ် တစ်သက် တစ်ကျွန်း ပေးခဲ့ သည့် ဖြစ်ရပ် တစ်ခု အမေရိကန် ပြည်ထောင်စု ဒါးလာ့စ်မြို့တွင် ဖြစ်ပွား ခဲ့သည်။

အသက် ၂ နှစ် အရွယ် သမီးဖြစ် သူသည် ဆိုးရွားစွာ အရိုက် ခံထား ရသဖြင့် ဦးနှောက်တွင် သွေး ယိုစီးခြင်း ကို ခံစား နေရ ကြောင်း ဆရာဝန်ဆေးစစ်ချက်ကို တရားရုံးသို့တင်ပြထားခဲ့သည်။

အသက် ၂၃ နှစ်အရွယ် အဲလိဇဘတ် အက်စ်ကာလိုနာအား သမီးဖြစ်သူ ဂျို့စ်လင်း စီဒီလိုကို ပြီးခဲ့သည့်နှစ် စက်တင် ဘာလတွင် နှိပ်စက် ညှဉ်းပမ်း မှုဖြင့် ပြစ်မှုထင်ရှားသောကြောင့် ထောင်ဒဏ် တစ်သက် ချမှတ် လိုက်ကြောင်း သတင်းရရှိသည်။

ယမန် နေ့က တရား ရုံးတွင် စီရင်ချက် ချစဉ် အစိုးရရှေ့နေက နံရံတွင် ကော်ဖြင့်ကပ်ထားခြင်းခံရသည့် ကလေး ဖြစ်သူ၏ပုံများ ကို သက်သေအဖြစ် ထုတ်ပြခဲ့သည်။ ဂျို့စ်လင်းသည် ရိုက်နှက်ဒဏ်ကြောင့် ဦးနှောက် သွေးယိုပြီး ဆေးရုံတွင် တစ်ပတ်ခန့် ကုသခံခဲ့ရသည်။ ထို့ပြင် ကလေးငယ်သည် နံရိုး တစ်ချောင်း လည်း ကျိုးသွားပြီး၊ ခန္ဓာကိုယ်နေရာအနှံ့အပြားတွင်လည်း ဒဏ်ရာများရရှိခဲ့သည်။

ကလေးသူငယ်နှိပ်စက်ညှင်းပမ်းမှု အကာအကွယ်ပေးရေးဌာနမှ ဒေါက်တာ အေမီ ဘာတန်က “ကျွန်မ တွေ့လိုက် ရတော့ မယုံကြည်နိုင်လောက်အောင်ဖြစ်ခဲ့ရတယ်။ တကယ့်ကို လူမဆန်စွာ လုပ်ထားတာပါပဲ” ဟုပြော ကြား ခဲ့သည်။

တရားရုံးက အက်စ်ကာလိုနာကို ထောင်ဒဏ်တစ်သက်အဖြစ် ၉၉ နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

မောက္ခ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်