Wednesday, May 08, 2013

မရှိဆင်းရဲသားပညာဥာဏ်နည်းသောသူများကို အခကြေးငွေပေးကာ ပဋိပက္ခများ ဖန်တီးနေဟုဆို

Posted by drmyochit Wednesday, May 08, 2013, under | No comments



မန္တလေး-မေ၇

ဖြစ်ပွား ခဲ့သော ပဋိပက္ခများမှာ မြို့နှင့်အလှမ်းဝေးသည့် ကျေးရွာများမှ ပညာဥာဏ်နည်းသော မရှိ ဆင်းရဲသား များကို အခကြေးငွေ ပေးပြီး လှုံ့ဆော်ဖန်တီးနေကြောင်း ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ် တားဆီးရေး ဆပ်ကော် မတီ(မန္တလေး)မှ တရားလွှတ်တော် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။

ပဋိပက္ခ ဖန်တီး မှုများ ကြိုတင် ကာကွယ် တားဆီးရေးဆပ်ကော်မတီ(မန္တလေး)၏ လိုအပ်ချက်များနှင့် ရှေ့ဆက် လုပ်ဆောင် မည့် ကိစ္စများအား ဆွေးနွေးတိုင်ပင်ပွဲကိုယနေ့ နေလည့်က ဗြဟ္မစိုရ် အသင်း တိုက် တွင် ပြုလုပ်ခဲ့ပြီး ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များ၊ လူမှုရေး အသင်းဖွဲ့များ၊ ပါတီ အသီး သီး မှ ပါတီဝင်များ တက်ရောက် ခဲ့ပြီး အသင်း လိုအပ်သည် များကို ဆွေးနွေးတိုင်ပင် ခဲ့ကြသည်။

ပဋိ ပက္ခ ဖြစ်ပွားသည့် နေရာ တိုင်းတွင် ၀င်ရောက် ဖျက်ဆီး သူများမှ မြို့ခံများ ဟုတ်ဘဲ မျက်နှာစိမ်းများ ဖြစ် နေခြင်း၊ အသုံးပြု သည့် တုတ်များမှ ဆင်တူများ ဖြစ်နေခြင်း၊ ဖြစ်ပွားသည့် နေရာ များသို့ လူခြေတိတ် ချိန်တွင် ကား နှစ်စီး သုံးစီး ခန့်ဖြင့် အုပ်စုလိုက် ရောက်လာကာ ဈေးဆိုင်များ၊ ဗလီများ၊ အိမ်များကို ၀င်ရောက် ဖျက် ဆီးခြင်း များကို ခြုံငုံသုံးသပ်ကာ အုပ်စုဖွဲ့၍ပဋိပက္ခဖန်တီးမှုများရှိနေကြောင်း အဆိုပါ ကော်မ တီ မှ တရား လွှတ်တော် ရှေ့နေ ဦးမြင့်သွင်က ပြောသည်။ 

ဖိုးလပြည့်
From: Popular Myanmar News Journal 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်