Wednesday, May 08, 2013

အကြမ်းဖက် ပဋိပက္ခ မြန်မာ ကိုင်တွယ်ပုံ အင်ဒိုကျေနပ်

Posted by drmyochit Wednesday, May 08, 2013, under | No comments



အင်ဒို နီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ရှိတဲ့ မြန်မာ သံရုံးရှေ့ကနေ အင်ဒို နီးရှား ရဲအရာရှိတွေ ဖြတ်လျှောက်သွားစဉ် (၃ မေ ၂၀၁၃)

အင်ဒို နီးရှား နိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက်ဖို့ ကြိုးစား ခဲ့တာနဲ့ သဘောထား တင်းမာတဲ့ မူဆလင် တွေက သံရုံးရှေ့မွာ ဆန္ဒလာ ပြတာ တွေ ကြုံခဲ့ ရပြီးတဲ့ နောက် မြန်မာ သံရုံးရဲ့ လုံခြုံရေး အခြေ အနေဟာ တည်ငြိမ် နေပြီလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဌာန တာဝန် ရှိသူ တစ်ဦးက ပြောလိုက် ပါတယ်။ ဒါ့အပြင် မြန်မာ နိုင်ငံက ပဋိပက္ခ တွေနဲ့ ပတ် သက်ပြီး မြန်မာ အစိုးရရဲ့ ကိုင်တွယ် လုပ်ဆောင်ပုံ တွေကို အင်ဒို နီးရှား အစိုးရက ထောက် ခံ ပါတယ် လို့လည်း ဆိုပါတယ်။

ဂျကာတာ မြို့တော်မှာရှိတဲ့ အင်ဒို နီးရှား နိုင်ငံ ဆိုင်ရာ မြန်မာ သံရုံးကို ဗုံးခွဲ တိုက်ခိုက် ဖို့ ရည်ရွယ်ချက်နဲ့ ဆင် ထားတဲ့ ပိုက်ဗုံး ၅ လုံးနဲ့ အတူ သံသယ ရှိသူ ၂ ဦးကို ကြာသ ပတေးနေ့ နှောင်းပိုင်းမှာ အင်ဒို နီးရှား ရဲ တပ်ဖွဲ့က ဖမ်းဆီး ခဲ့ပြီးတဲ့ နောက် တစ်ရက် မှာပဲ သဘောထား တင်းမာတဲ့ ရာပေါင်းများစွာသော အင်ဒို နီးရှား နိုင်ငံသား မူဆလင် တွေက သံရုံးရှေ့မှာ ဆန္ဒပြ ခဲ့ကြ တာပါ။

သံသယ ဖြစ်ခံရသူ ၂ ဦးဟာ မြန်မာ အစိုးရက ရိုဟင်ဂျာ မူဆလင် တွေအပေါ် ပြုမူ ဆက်ဆံ ပုံနဲ့ ပတ် သက်ပြီး လက်စားချေဖို့ ရည်ရွယ် ချက်နဲ့ သံရုံးကို ဗုံးခွဲဖို့ ကြံစည် ခဲ့တာ ဖြစ်တယ်လို့ အင်ဒို နီးရှား က လာတဲ့ သတင်း တွေမှာ ဖော်ပြ ပါတယ်။

သံရုံး ရှေ့မွာ ဆန္ဒပြခဲ့သူ တွေဟာ လည်း အလားတူ မကျေနပ်ချက်နဲ့ဘဲ သူတို့ရဲ့ သဘောထား တွေကို အေးအေး ချမ်းချမ်း ထုတ်ဖော် ခဲ့ကြပြီး သူတို့ရဲ့ တောင်းဆိုချက်ကို မြန်မာသံရုံး တာဝန်ရှိသူ တွေက လက်ခံပြီး တဲ့နောက် ဆန္ဒပြပွဲ အဆုံး သတ်ခဲ့ တယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှ ပစိဖိတ် ရေးရာ လက်ထောက် ညွှန်ကြား ရေးမှူး ဂူဒါဒီ ဆာဆွန်းဂ်ကိုး (Gudadi Sasongko) က ဗွီအိ အေကို ပြောပါတယ်။

"အခြေ အနေ တည်ငြိမ် နေပါပြီ။ ဆန္ဒျပပွဲဟာ အခြေခံ အားဖြင့် တကယ့်ကို အေးချမ်း ပါတယ်။ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး ဆန္ဒပြသူ တွေက သူတို့ရဲ့ သေဘာ ထားတွေကို ထုတ်ဖော် ခဲ့ကြ ပါတယ်။ သံရုံး ကိုယ်စားလှယ် တစ်ဦး နဲ့လည်း သူတို့ တွေ့ ဆုံခဲ့ ပါတယ်။ အမြင်တွေကို ဖလှယ် ခဲ့ကြပြီး ဆန္ဒပြသူ တွေက သေဘာထား ပြောခဲ့ ကြတာကို သံရုံး တာဝန် ရှိသူက လက်ခံ ခဲ့ပါတယ်။ အဲ့ဒီနောက် ဆန္ဒ ပြသူ တွေ ပြန် သွားကြပါတယ်။ ဘယ်လို ရုန်းရင်းဆန်ခတ် အခြေ အနေမှ မရှိခဲ့ ပါဘူး။" လို့ မစ္စတာ ဆာဆွန်းဂ်ကိုး (Sasongko) က ပြောပါတယ်။

ဆန္ဒျပသူတြေနဲ့ပတ်သက်တဲ့ အင်ဒိုနီးရွားအစိုးရရဲ့ သေဘာထားက အင်ဒိုနီးရွား ဥပေဒအရ လူတိုင်းဟာ သူတို့ရဲ့ သေဘာထားတြေကို ငြိမ်းခ်မ်းစြာ ထုတ်ဖော်ခြင့် ရွိပြီးတော့ သံရုံးမွာ ဆန္ဒျပခဲ့တာဟာ ဥပေဒအတိုင်းပျဲဖစ်ပါတယ်လို့ သူကဆိုပါတယ်။

တခါ မြန်မာ နိုင်ငံက ပဋိပက္ခ တွေကို မြန်မာ အစိုးရက ကိုင်တွယ် ဖြေရှင်း ပုံနဲ့ ပတ် သက်ပြီး အင်ဒို နီးရှား အစိုး ရရဲ့ သဘောထား ကတော့ အင်ဒို နီးရှား နိုင်ငံ အနေ နဲ့လည်း ကူညီ လုပ်ဆောင် ပေးနိုင်တယ် ဆိုတာ ပါပဲလို့ မစ္စတာ ဆာဆွန်းဂ်ကိုး (Sasongko) က ပြောပါတယ်။

"အခြေ အနေကို ထိန်းသိမ်းဖို့ မြန်မာ အစိုးရ လုပ် ဆောင် နေ တာကို ကျနော်တို့ ထောက်ခံ ပါတယ်။ မြန်မာ နိုင်ငံက လူမျိုးစု အားလုံးအကြား အမျိုးသား ပြန်လည် သင့်မြတ်ရေး တည်ဆောက် နိုင်ဖို့ ကျနော်တို့ မျှော်လင့် ပါတယ်။ မြန်မာ အစိုးရရဲ့ ကြိုးပမ်း အားထုတ်မှု တွေကို အင်ဒို နီးရှား နိုင်ငံက ထောက်ခံ ပါတယ်" လို့ မစ္စတာ ဆာဆွန်းဂ်ကိုး (Sasongko) က ပြောပါတယ်။

ဆန္ဒပြပွဲ မတိုင်ခင် တစ်ရက် ပြီးခဲ့တဲ့ ကြာသပတေး နေ့က ဗုံးသယ်လာသူ ၂ ဦးကို အကြမ်း ဖက်မှု တန်ပြန် နှိမ်နင်းရေး ဆိုင်ရာ အင်ဒို နီးရှား အထူး တပ်ဖွဲ့က ဖမ်းဆီး ခဲ့ပြီးတဲ့နောက် ထွက်ပြေး လွတ်မြောက်သွားသူ ၁ ဦးရဲ့ မိသားစုဝင် ၅ ဦးကိုလည်း ဆက် ဖမ်းဆီး ခဲ့ပါတယ်။

ဒါပေမဲ့လည်း အကြမ်းဖက်မှု နှိမ်နင်းရေး အထူးတပ်ဖွဲ့ Densus 88 က သူတို့ ၅ ဦးကို ပြန် လွှတ်ပေး လိုက်ပြီလို့ မေလ ၇ ရက်နေ့ အင်ဒိုနီးရှားက လာတဲ့ သတင်းတွေမွာ တွေ့ရပါတယ်။ သူတို့ ၅ ဦးကို ဗုံးခွဲဖို့ ကြံစည် မှုမှာ ပါဝင် ပတ်သက်သူ တွေအဖြစ် သံသယ ရှိခဲ့ ပေမဲ့လည်း သူတို့ဟာ မျက်မြင် သက်သေ တွေသာ ဖြစ်တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ရဲမှူးချုပ် ဘွိုင်း ရာဖလီ အမာ (Boy afli Amar) ကို ကိုး ကားပြီး သတင်းတွေက ရေးပါတယ်။

မစ္စတာ ဆာဆွန်းဂ်ကိုး (Sasongko) ကတော့ အဲ့ဒီ အဖမ်း အဆီး အခြေ အနေတွေကို သူ အတိ အကျ မသိရ သေးဘဲ သက်ဆိုင်ရာ လုံခြုံရေး တာဝန်ရှိသူတွေက ဆက်ပြီး စုံစမ်း စစ်ဆေး နေပါ တယ်လို့ ပြောပါတယ်။

ဧပြီ လဆန်း ပိုင်းက အင်ဒိုနီးရှား လူဝင်မှု ထိန်းသိမ်းရေး စခန်းတစ်ခုမှာ ရုန်းရင်း ဆန်ခတ် ဖြစ်ပြီး မြန်မာ နိုင်ငံသား တချို့ သေဆုံးခဲ့ ရတဲ့ ကိစ္စကို အင်ဒိုနီးရှား တာဝန် ရှိသူတွေက စုံစမ်း စစ်ဆေး နေပြီး၊ အဲ့ဒီမှာလည်း အခြေ အနေတွေ တည်ငြိမ် နေပါပြီလို့ အင်ဒို နီးရွား နိုင်ငံခြားရေး ဌာန၊ အရှေ့အာရှနဲ့ ပစိဖိတ် ရေးရာ လက်ထောက် ညွှန်ကြား ရေးမှူး မစ္စတာ ဂူဒါဒီ ဆာဆွန်းဂ်ကိုး (Gudadi Sasongko) က ဗွီအိုအေကို ပြောခဲ့ပါတယ်။

မြန်မာ သံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်တယ် ဆိုတဲ့ အခြေ အနေ ဖြစ်ခဲ့ပြီးတဲ့ နောက် ဂျကာတာ မြို့တော်မှာ မေလ ၁၁ ရက်နေ့ကျရင် နာမည်ကျော် Aerosmith အမေရိကန် ရော့ခ် တေးဂီတ ၀ိုင်း ဖျော် ဖြေ ဖို့ စီစဉ် ထားတာကိုလည်း လက်မှတ်တွေတောင် ရောင်းထားပြီးခါမှ ပွဲစီစဉ်သူ တွေက ဖျက်သိမ်း ခဲ့ပါ တယ်။

From: BBC

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်