Wednesday, May 08, 2013

အခြားနိုင်ငံ၏ အကျိုးစီးပွားအတွက် အလုပ်အကျွေးပြုနေသူ အများစုမှ တစ်နှစ်အတွင်း တရားဝင်လွှဲငွေ ကျပ် ၈၈ ဘီလီယံကျော်

Posted by drmyochit Wednesday, May 08, 2013, under | No comments


နိုင်ငံတကာနှင့် ချိတ်ဆက် ထားသော ဘဏ်များမှတစ်ဆင့် ပြည် ပရောက် မြန်မာများက ပြည်တွင်းသို့ တရား ဝင် လွှဲငွေ လမ်း ကြောင်းဖြင့် လွှဲပို့သည်မှာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် မတ်လ ကုန်ထိ တစ်နှစ် အတွင်း ကျပ် ၈၈ ဘီလီယံကျော် ရှိ ကြောင်း အလုပ်သမား ဝန်ကြီးဌာန၏ ငွေလွှဲဝင်ရောက်မှု စာရင်း များ အရ သိရသည်။

ယင်းငွေ များသည် ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ အာရှ စိမ်း လန်း မှု ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ် တို့မှတစ် ဆင့် ဝင် ရောက် လာခြင်း ဖြစ်ကြောင်း ယင်းစာရင်း များအရ သိရသည်။

တရားဝင်လွှဲငွေများသာ စာရင်း သိနိုင်ပြီး ဟွန်ဒီဖြင့် ငွေလွှဲ မှုများ လည်း ရှိနေဆဲ ဖြစ်သောကြောင့် မြန်မာ နိုင်ငံသို့ စီးဝင်ငွေမည်မျှ ရှိသည် ကို မခန့်မှန်း နိုင်ကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောဆိုသည်။

စင်ကာပူနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်သူ အများစုမှာ ဘဏ်စနစ် ဖြင့် တရားဝင်ငွေလွှဲသူ များပြား ပြီး မလေးရှား၊ ထိုင်းနိုင်ငံတို့ရှိ မြန်မာလုပ်သားများမှာမူ ဟွန်ဒီကိုသာ အားကိုးကြကြောင်း ယင်း နိုင်ငံ များ တွင် သွားရောက်အလုပ် လုပ်ကိုင်နေကြသူများထံမှ စုံစမ်း သိရှိရသည်။

"ဘဏ်နဲ့ လွှဲတာက စိတ်ချရတယ်။ ဒီမှာ (စင်ကာပူ) က တော်တော်များများ ဘဏ် နဲ့ပဲ လွှဲကြပါတယ်" ဟု စင်ကာပူ နိုင်ငံမှ ဘဏ်စနစ်အသုံးပြု၍ သမဝါယမဘဏ်သို့ ငွေလွှဲလေ့ရှိသူ အီလက် ထရွန်နစ် ကုမ္ပဏီ တစ်ခုမှ စက်မှုအင်ဂျင်နီယာ ဒေါ်ဇင်ဇင်ဦး က ပြောဆိုသည်။

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား အများစုမှာ ၄င်းတို့၏ မိသားစု များကို ငွေလွှဲပို့ရာတွင် ဘဏ်များမှတစ်ဆင့် တရားဝင် ငွေလွှဲပို့နိုင်သော်လည်း အားလပ်ချိန်မှာ 
ဘဏ်ဖွင့် ချိန်နှင့် မတိုက်ဆိုင်သောကြောင့် ဟွန်ဒီကိုသာ အသုံးပြု၍ ငွေလွှဲကြကြောင်း အဆိုပါ မြန်မာ နိုင်ငံ သားများနှင့် ဟွန်ဒီလုပ်ငန်း လုပ်ကိုင်နေသူများက ပြောကြားသည်။

ထိုင်းနှင့်မလေးရှား တို့မှ ငွေလွှဲသူ နည်းပါးပြီး ဘဏ်ဖွင့်ချိန်၊ ပိတ်ချိန်များမှာ ယင်းနိုင်ငံမှ ဘဏ်များနှင့် သက်ဆိုင် ကြောင်း အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၏ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်လွင်ရွှေက ပြောကြားသည်။


From : ..the voice 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်