အိန္ဒိယအရှေ့မြောက်ပိုင်း ဒေသရှိ လက်နက်ကိုင်စစ်သွေး ကြွများသည် မြန်မာနှင့်တရုတ်နိုင်ငံတို့မှ တရားမဝင် လက်နက် နှင့်ကျည် အမြောက်အမြားဆက် လက်ရရှိနေကြောင်း နယ်ခြားလုံ ခြုံရေးတပ်မှ အကြီးတန်း အရာရှိ တစ်ဦးက သြဂုတ် ၁၉ ရက်၌ ပြောကြားလိုက်သည်။
‘‘ဘင်္ဂလားဒေ့ရှ်နယ်စပ် က နေ နိုင်ငံတကာနယ်စပ်ကိုဖြတ်ပြီး ဒီနိုင်ငံထဲကို လက်နက်နဲ့ကျည် တွေသွင်း ထားတာ။ တစ်ခါတစ်ရံ တော့ရှိပါတယ်။ ဒါပေမဲ့ အတော် များများဟာ တရုတ်နဲ့ မြန်မာနယ် စပ်တွေ ကိုဖြတ်ပြီး ဝင်လာနေကြ တယ်’’ဟု မေဂါလာယာရှေ့တန်း ကို ကြီးကြပ်ရသူအရာရှိဆူဒက်ရှိ ကူးမားက သတင်းထောက်များအားပြောသည်။‘‘အနောက်ပိုင်းက ရှေ့တန်း နဲ့မတူတာက...