Saturday, May 18, 2013

တရားသူကြီးတစ်ဦး မတရားစွပ်စွဲမှုများဖြင့်ရာထူးမှခေတ္တရပ်ဆိုင်းခံရဟု ဆို

Posted by drmyochit Saturday, May 18, 2013, under | No comments





ရန်ကုန်၊ မေ ၁၈။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်တွင် စစ်ကိုင်းတိုင်း တရားသူကြီး၏ မတရား စွပ်စွဲမှု များ ခံရပြီး ရာထူးမှ ခေတ္တရပ်ဆိုင်းခံ ထားရသည်ဟု ရာထူးမှ ရပ်ဆိုင်းခံရသော ဒုတရားသူကြီး ကိုသော် မင်းထွေးက မြန်မာ့ခေတ်သို့ ပြောကြားသည်။

“အစ်ကိုက အရာတော်မှာ အမှုစစ်တဲ့အခါ မှန်ကန်တယ်။ လာဘ်မယူဘူး။ အဲ့ဒါကို တိုင်းတရားသူကြီးက ကြည့်မ ရတော့ အပြစ်ရှာတယ်။ နောက်တော့ကျွန်တော့ကို ပါတီနိုင်ငံရေး မကင်းဘူးဆိုပြီး ဘယ်ပါတီမှ မပါဘဲ နဲ့ အတိုင်ခံရတယ်။ သူ့မိန့်နဲ့ ခရိုင်က လာစစ်တယ်။ နေပြည် တော်က စာကျလာတော့ ခရိုင်ဒု ဦးစီးမှူး အဖြစ် ရာထူးအပြောင်းခံရတယ်။ ခုတော့ လာဘ်စားပါတယ်ဆိုပြီး တိုင်းတရားသူကြီးကပဲ တိုင်လို့ နေပြည်တော် က ခုံရုံးဖွဲ့ပြီး ၂၁ရက်နေ့မှာ အစစ်ခံရမယ် ”ဟု ပြောကြားသည်။

ထိုသို့ ဒုဦးစီးမှူး ရာထူးသို့ အပြောင်းအလဲခံရပြီး ဆက်လက်၍ ပြည်ထောင်စု တရားသူကြီးချုပ်မှ မေလ ၁၄ရက်နေ့ ရက်စွဲဖြင့် တိုက်ရိုက် အမိန့်ချကာ ဒုဦးစီးမှူး ဦးသော်မင်းထွေးအား ၂၀၁၃ခုနှစ် မေလ ၁၅ရက်နေ့ နံနက်ပိုင်းမှ စ၍တာဝန်မှ ယာယီ ရပ်ဆိုင်းလိုက်သည်။

ရပ်ဆိုင်းသည့် ကာလအတွင်း လစာတစ်ဝက်ဖြင့် ခွင့်ပြုလိုက်သည် ဟုမေလ ၁၄ရက်နေ့တွင် ဆက်လက် အကြောင်းကြားသည်ဟုလည်း သိရသည်။

ယင်းအကြောင်းကြားစာနှင့် ပတ်သက်၍ ကိုသော်မင်းထွေးက“စစ်ဆေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ရပ်ဆိုင်းလိုက်တာ ထင်ပါတယ်။ ကျွန်တော် က တစ်ခါမှလည်း လာတ်မစားဘူးပါဘူး။ တိုင်းတရားကြီး ခေါ်မေးတဲ့ သူတွေကိုလည်း ဆက်မေးလို့ ရပါတယ်ဗျာ။ ပြီးတော့ တိုင်း၊ ဒေသ ကျော်ပြီး သွားပါတယ်ဆိုပြီးတော့လည်း အတိုင်ခံထားရတယ်။ အဲ့ဒါကလည်း တိုင်းအဆင့်ကနေ ပြာတာအဆုံး လူတိုင်းသွား/ ပြန်နေကြတာ ပါပဲ။ ကျွန်တော် မန္တလေး သွားတာကလည်း ညတောင် မအိပ်ပါဘူး”ဟု ပြောကြားသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကိုသော်မင်းထွေး လာတ်စားသည် မစားသည်ကို တိုင်းတရားသူကြီးမှ ခေါ်မေးခံရသော ကိုဆန်းမင်းအား ဆက် သွယ်မေးမြန်းရာ ၎င်းက “ကျုပ်ယောက်ဖ အမှုနဲ့ တရားသူကြီး ကိုသော်မင်းထွေးကို လာဘ်ပေးရတာ ရှိလားဆိုပြီး မေးတာပါ။ ကျုပ်တို့လည်း မပေးရလို့ မပေးရဘူးလို့ဘဲ ဖြေလိုက်ပါတယ်ခင်ဗျာ။ တခြားသူတွေတော့ ဘာမေးလဲ မသိပါဘူး”ဟု ပြောကြားသည်။
တိုင်းတရားသူကြီးမှ ခေါ်သော်လည်း မသွားသော အရာတော်မြို့မှ ကိုခင်မောင်ဆွေက“ ကျွန်တော်တို့ သိတာကတော့ အမှုနိုင်တဲ့သူက ပိုက် ဆံသုံးသောင်း သွားကန်တော့တာတောင် လက်မခံဘူးလို့ပဲ ကြားပါတယ်။ တစ်ခါမှ လာဘ်စားတယ်ဆိုတာမျိုး လုံးဝမကြားဘူးပါဘူး။

 ခုလိုမျိုး တိုင်းတရားသူကြီးကိုယ်တိုင်က တိုင်တာဆိုတော့ ကြားရတာ စိတ်ထဲမကောင်းပါဘူး ”ဟု ပြောကြားသည်။

ထိုကဲ့သို့ ရာထူးမှ အပြောင်းခံရခြင်း၊ ယာယီရပ်ဆိုင်းခြင်းများ ခံရသော အရာတော် ဒုတရားသူကြီးသည် မေလ ၂၁ရက်နေ့တွင် စစ်ဆေးခံရ မည် ဖြစ်ပြီး မည်သို့ဖြစ်ပေါ်မည်မသိရသော်လည်း ၎င်းအနေဖြင့် လာတ်စားသူများကြားတွင် မတရား လုပ်ကြံစွပ်စွဲ ခံရခြင်းသာ ဖြစ်သည် ဟု ပြေကြားသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကိုလည်း ပြုလုပ်ရန်ရှိသည်ဟု ဆက်လက်သိရသည်။

AT
@ မြန်မာ့ခေတ် 

ရခိုင်ဒုက္ခသည်များကိုအားပေးနှစ်သိမ့်မှုလိုဟုနာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူပြော

Posted by drmyochit Saturday, May 18, 2013, under | No comments


ရခိုင်အိမ်မှာလာပြီးတည်း တယ်။ ရခိုင်အိမ်ကိုလည်း အပိုင် စီးချင်တယ်။ ကျွန်တော့်အနေနဲ့ လုံးဝ လက်မခံ ပါဘူး။ လူဆိုတာ လူ့ကျင်ဝတ်စည်းကမ်းတွေကို လိုက်နာရတယ်ဟု ဦးကျော်သူမှ မှတ် ချက်ပြုပြောကြား သည်။

ရခိုင်ပြည်မှာ တစ်ဖက်နိုင်ငံ ကနေ တရားမ၀င်လာရောက် ခိုး ၀င်လာကြတဲ့ ဘင်္ဂါလီတွေက အိမ်ရှင် ရခိုင်အိမ်တွေ ကို မီးရှို့ရုံနှင့် မကျေနပ်သေးဘဲ မိမိတို့နေအိမ် တွေကိုပါ မီးရှို့ ထွက်ပြေးကြ တယ်။ နိုင်ငံတကာက ဒုက္ခသည်အဖြစ် မြင်အောင် လှည့်ကွက်ဆင်တယ်။ လူသားချင်း စာနာမှု အကူ အညီ တွေကို မျှော်ကိုးကာ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့အစည်း၊ ယူ အန်နှင့် မူဆလင်နိုင်ငံများက ပိုပြီး ကောင်း မွန်သော အကူအညီတွေ ကို ရမယ်ဆိုပြီးတော့ ရခိုင်အိမ် သာမက မိမိအိမ်တွေကို မီးရှို့မှု တွေ လုပ်နေကြတာ။

ဒါအရမ်းဆိုးဝါးတဲ့ လုပ်ရပ်ပဲ ဖြစ်တယ်။ ဘင်္ဂါလီမူဆလင်တွေ စိတ်ဓာတ်အောက် တန်းကျ တာကို ဖော်ပြ လိုက် တာပဲ။ သနားစရာ ဟန်ဆောင်ပြီး ကမ္ဘာမှာ နေစရာ မရှိနေရာပျောက်နေတဲ့ ဒုက္ခ သည်အဖြစ် ကမ္ဘာ ကို လိမ်ညာ တယ်။ ရိုဟင်ဂျာဆိုပြီး အမည် တပ်ကာ မြန်မာတိုင်းရင်းသား ဆိုပြီး လိမ်ညာတယ်။ အရမ်းစက် ဆုပ်ရွံ ရှာ ဖွယ်အ လိမ်အညာထုပ် တွေနှင့် သနားစရာဗန်းပြကာ အကြမ်းဖက်မှုတွေကို ဆက်တိုက် ခံနေရ တဲ့ ရခိုင်ပြည် သူတွေဘက် ကနေ ကိုယ်ချင်း စာနားလည်ပေး ရမယ်။ ရခိုင်ပြည်ကို ခေတ် အဆက်ဆက် လူမျိုးခြား၊ ဘာသာ ခြား ၀ါးမျိုခြင်းမခံရအောင် ရခိုင် ပြည်သူတွေ စောင့်ထိန်းကာ ကွယ်ခဲ့သော်လည်း ခေတ် အဆက် ဆက် အာဏာရှင် အစိုးရက ရခိုင်ပြည်သူတွေကို လျစ်လျူရှုကာ အမျိုးသားရေးကို မတွက် ဘဲ ငွေမျက်နှာတစ်ခု တည်းကြည့်ကာ ရခိုင်ပြည်တွင်း သို့ ဘင်္ဂါလီမူဆလင်တွေ တရား မ၀င် အမြောက်အများ ၀င်လာခဲ့ ကြတယ်။ ရခိုင်တွေမနာရင် ဘယ်သူတွေနာမှာလဲ။ ရခိုင်မြေ မှာ ရခိုင်လူမျိုးတွေ၊ ဘာသာခြား၊ လူမျိုး ခြားကျူးကျော်ရန်စမှု တွေကို ရခိုင်တွေ ဘယ်လိုသည်း ခံနိုင်မှာလဲ။

ဘင်္ဂါလီမူဆလင်တွေ လုပ် ရပ်ဟာ အမျိုးဘာသာ၊ သာသနာ ကို စောင့်ထိန်းကာကွယ်ကြတဲ့ ရခိုင်ပြည်သူနှင့် လက်ရှိ အစိုး ရကို ပါ ကမ္ဘာက အ ထင်အမြင်တွေ သေးအောင် အကွက်ကျကျ စီမံ တိုက်ခိုက် အကြမ်းဖက်မှု လုပ်ရပ် တွေလို့ သုံးသပ် မိတယ်။ ဒါကို ကျွန်တော့်အနေဖြင့် လုံးဝလက် သင့်ခံခွင့်လွှတ်ပေးလို့မရဘူး။ အစိုးရ အနေဖြင့် တရားဥပဒေ အရ မိမိပြည်သူရခိုင်လူမျိုးတွေကို ကာကွယ်ပေးပြီး တရားမ၀င်ခိုး ၀င်လာပြီး အကြမ်း ဖက်နေတဲ့ ဘင်္ဂါလီတွေကို တရားဥပဒေအရ စုံစမ်းစစ်ဆေးပြီး ပြင်းပြင်းထန် ထန် အရေးယူ သင့်တယ် ဟု ပြည် တွင်း NGO တစ်ဦးမှလည်း ကောင်း မှတ်ချက်ပေးသည်။

ဦးကျော်သူနှင့်အဖွဲ့သည် ရခိုင်ပြည်နယ်စစ်တွေမြို့သို့ သြ ဂုတ် ၂၄ ရက်တွင် သွားရောက်ခဲ့ ပြီး စစ်တွေ၊ မောင်တောနှင့် ဘူးသီးတောင်ရှိ ဒုက္ခသည်စခန်း များကို ဆန်အိတ်များ၊ အ၀တ် အထည်များ လှူဒါန်း ခဲ့ကြောင်း စစ်တွေနာရေးကူညီမှုအသင်းမှ သိရှိရသည်။


SYN
The Hot News Weekly

အသက်နဲ့ ထပ်တူ မေခလာ သိန်း ၅၀ လှူ

Posted by drmyochit Saturday, May 18, 2013, under | No comments

 တေးသံရှင် မေခလာကို ၁၂.၅.၁၃ က ရန်ကုန် မင်္ဂလာဆောင် တစ်ခုတွင်တွေ့ရစဉ် (ဓာတ်ပုံ – နဒီထိုက် / ဧရာဝတီ)

ချစ်ငယ်လို့ ဂီတလောကမှာ ချစ်စနိုးခေါ်ကြတဲ့ တေးသံရှင် မေခလာက သူ့ရဲ့ အသက် ၅၀ ပြည့်မွေးနေ့မှာ ဘာသာရေးနဲ့ ပညာရေးအတွက် ငွေကျပ်သိန်း ၅၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“မေ ၂ ရက်နေ့က ချစ်ငယ်မွေးနေ့ အထိမ်းအမှတ် အနေနဲ့ စင်ထရယ်ဟိုတယ်မှာ အလှူလေး လုပ်ခဲ့တာပါ။ ဆယ် မိုင်ကုန်း၊အောင်စေတီ ညောင်ခါးရှည်မှာ ဘုရားတည်နေတဲ့ အထဲကို ဆယ်သိန်း၊ တွံတေး လူငယ်ပရ ဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အတွက် ၁၀သိန်း၊ အဲဒီကျောင်းက မိဘမဲ့ ကလေးလေးတွေကို ပညာ သင်ကြား ပေးနေတဲ့ ကျောင်းလေ။သင်္ဃန်းကျွန်း၊ ပုလဲမြို့သစ်မှာ ရှိတဲ့ အရှင်ဉာဏက ဦးစီးတဲ့ ပညာမြေ ကျောင်းမှာ ကတော့ မိဘမဲ့ရော၊ ဆင်းရဲနွမ်းပါး ကလေးရော သင်ပေးနေပါတယ်။ အဲဒီ ကျောင်း အတွက် သိန်း ၃၀ လှူခဲ့ပါတယ်” လို့ မေခလာက ရှင်းပြပါတယ်။

တေးသံရှင် မေခလာက သူ့ရဲ့ အသက်ကို ထုတ်ဖော် မပြောပေမယ့် အသက် ၄၅ နှစ် အချိန်ကစပြီး နှစ်စဉ် အသက် နဲ့ အညီ ၄၅ သိန်း၊ ၄၆ သိန်း စသည်ဖြင့် လှူခဲ့ပြီး အခု ၂၀၁၃ မှာ သိန်း ၅၀ လှူခဲ့တာမို့ အသက် ၅၀ ပြည့်ပြီ လို့ အားလုံးက အလိုလို နားလည် လိုက်ကြပါတယ်။ အခုနှစ် အလှူမှာလည်း ပရိသတ်ဆီက ရတဲ့ ပိုက်ဆံတွေ ကို စုပြီးလှူဒါန်းရတာမို့ ပရိသတ်လည်း သာဓုခေါ်နိုင်တယ်လို့ သူက ပြောပါတယ်။

“ချစ်ငယ်က ပွဲဆိုရတဲ့ ပိုက်ဆံတွေ၊ မင်္ဂလာဆောင် လေးတွေက အစပေါ့၊ ရတဲ့ ငွေကို ဆယ်ပုံ ၃ ပုံ လှူခဲ့တာပါ။ ပရိသတ် ဆီက ရတဲ့ ပိုက်ဆံဆိုတော့ ပရိသတ်နဲ့လည်း ဆိုင်တာပေါ့” လို့ ဆိုပါတယ်။

လက်ရှိလှုပ်ရှားမှု အနေနဲ့ မေခလာဟာ နေပြည်တော်မှာ သီဆိုဖျော်ဖြေပြီး ပြန်လာတယ်လို့ သိရပါတယ်။

ရာသီ အနေအထားအရ မင်္ဂလာဆောင်၊ ညစာစားပွဲတွေမှာ ဖျော်ဖြေပေးနေတာတွေ့ရပြီး ဇွန်လကုန် ပိုင်းမှာလည်း ဂျပန်နိုင်ငံ မှာ ကျင်းပမယ့် ဖက်ရှင်ရှိုး တခုကို သူငယ်ချင်း ဖက်ရှင်ဒီဇိုင်နာရဲ့ ဖိတ်ကြားချက် အရ ဧည့်သည်တော် အဖြစ် တက်ရောက် ပေးရမှာ ဖြစ်ပါတယ်။

“သူငယ်ချင်းက ဂျပန်မှာကြာပြီ၊ ဟိုမှာ ဒီဇိုင်နာ ဖြစ်နေတာလည်း ကြာပြီပေါ့။ သူတို့ပွဲအတွက် ဖိတ်လို့သွားတာပါ” လို့ မေခလာက ပြောပါတယ်။

မေခလာရဲ့ တကိုယ်တော် စီးရီးအသစ်ကိုတော့ ၂၀၁၃ အောက်တိုဘာ သီတင်းကျွတ်အမီ ထွက်ဖို့ မှန်းထားကြောင်းနဲ့ သီချင်း အသစ်ရော၊ အဟောင်းပါ ပါမှာဖြစ်ကြောင်း၊ Lazy Club၊ Plus Three စတဲ့ တေးဂီတ ၂ ခုနဲ့ တီးခတ်နေကြောင်းလည်း သိရ ပါတယ်။

တေးသံရှင် မေခလာက ကော်လာပေါ်က နှုတ်ခမ်းနီ၊ အဲဒီလောက်တောင် ချစ်ရသည်၊ ၁၆ နှစ်မ၊ ဂိုးသွင်းကောင်း တဲ့ ကိုကို၊ ဝါကာဝါကာ စတဲ့ သီချင်းတွေအပြင် ကိုယ်ပိုင်သီချင်း ၇၀ နီးပါး နဲ့ အောင်မြင် ခဲ့သူလည်း ဖြစ်ပါ တယ်။ လက်ရှိမှာ ခင်ပွန်းသည် သရုပ်ဆောင် ရန်ကျော်နဲ့ သမီးလေးတဦး ထွန်းကားပြီး အနုပ ညာ အလုပ်တွေကို အဆက်မပြတ် ဆက်လက် လုပ်ကိုင်နေ သူ ဖြစ်ပါတယ်။

From: ဧရာဝတီ

ပုဒ်မ ၃၇၇ကို ပယ်ဖျက်နိုင်ရန် လွှတ်တော်တွင် တင်ပြနိုင်ရေး လိင်တူချစ်သူများ အခွင့်အရေးဆောင်ရွက်သူများ ကြိုးပမ်းမည်

Posted by drmyochit Saturday, May 18, 2013, under | No comments


ရန်ကုန်၊ မေ ၁၈။

လိင်တူ ချစ်သူများ အဖြစ် နေထိုင် သူများကို ဖမ်းဆီး အရေးယူနိုင်သော ပုဒ်မ ၃၇၇ ကိုပယ်ဖျက်ပေး နိုင်ရန် နှင့် လိင်တူ ချစ်သူများ၏ ဘ၀ကို အကာအကွယ်ပေးနိုင်မည့် ဥပဒေများ ကိုတင် သွင်းနိုင် ရန် ဆောင်ရွက် မည်ဖြစ်ကြောင်း လိင် တူ ချစ်သူများ အခွင့်အရေး ဆောင်ရွက်နေသူ များ၏ ပြောကြား ချက်အရ သိရသည်။

“ပုဒ်မ ၃၇၇ ကိုပယ်ဖျက်ပေးနိုင်ဖို့နဲ့ လိင်တူချစ်သူတွေကို အကာအကွယ်ပေးနိုင်ဖို့ လွှတ်တော်မှာတင်ပြနိုင်ဖို့ ကျွန်တော် တို့ ကြိုး စားမှာပါ။ ဒါပေမယ့် ဒီနိုင်ငံကလွှတ်တော်အမတ်တွေကိုယ်တိုင်ကိုကလိင်တူချစ်သူတွေရဲ့ အခွင့်အရေး နဲ့ ပတ်သတ်ပြီး မသိကြ တာတွေ နားမလည်ကြတာတွေ ရှိနေတော့ သူတို့နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေး မှုတွေ ပြုလုပ်ရဦးမှာပါ” ဟု လိင်တူချစ်သူများ အခွင့်အရေး တက်ကြွဆောင်ရွက်သူ ဦးအောင်မျိုးမင်း ၏ ပြောကြားချက်အရ သိရသည်။

အရှေ့ တောင်အာရှတွင် ပုဒ်မ ၃၇၇ကို ပြဋ္ဌာန်းထားသော နိုင်ငံများအဖြစ် မြန်မာ၊ စင်္ကာပူ၊မလေးရှား၊ ဘရူနိုင်း နိုင်ငံတို့ ရှိကြောင်း၊ အစ္စလာမ်နိုင်ငံဖြစ်သော အင်ဒိုနီးရှားနိုင်ငံတွင် ပြဋ္ဌာန်းထားခြင်းမရှိသော်လည်း ဘာသာရေး အစွန်းရောက်သူများ၏ အကြမ်းဖက်ခံမှုများ ရှိကြောင်း၊ ထိုင်းနိုင်ငံတွင် လိင်တူချစ်သူများ အခွင့် အရေး ကို ရရှိသော နိုင်ငံအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

“ထိုင်းမှာ ဆိုရင် လိင်တူချင်းချစ်တဲ့သူတွေ လက်ထက်လို့ရတဲ့ ဥပဒေပြဋ္ဌာန်းပေးထားတယ်။ ဒါပေ မယ့် ယောကျာ်းနဲ့ မိန်းမလက် ထက်တဲ့ ဥပဒေလိုမျိုးတော့ မဟုတ်ဘူး။ သီးခြားသီးသန့် ဥပဒေ တစ်ခုနဲ့ ပြဋ္ဌာန်းပေးထားတယ်” ဟု ဦးအောင်မျိုးမင်း၏ ပြော ကြားချက်အရ သိရသည်။
ထိုင်းနိုင်ငံ တွင် ရှိသော လူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံတွင်ရှိသော လူ့အခွင့်အရေးကော်မရှင်တို့မှာ ကွာခြားမှုရှိကြောင်း ထိုင်းနိုင်ငံရှိ လူ့အခွင့်အရေးကော်မရှင်တွင် လိင်တူချစ်သူများ အခွင့်အရေးအတွက် လိုက်လံဆောင်ရွက်ပေးသူ အရာရှိတစ်ဦးကို သီးခြား ခန့်အပ်ပေးထားကြောင်း လိင်တူချစ်သူများ အဓမ္မပြုကျင့်ခံရခြင်း၊ အခွင့်အရေးချိုးဖောက်ခြင်း ခံရမှုများရှိပါက သွား ရောက် တိုင်ကြားနိုင်ရန်စီစဉ်ပေးထားကြောင်းသိရသည်။

ဆုဝေ
@ မြန်မာ့ခေတ် 

မဟာစည်သာသနာ့ရိပ်သာတွင် မြန်မာ့ရိုးရာအတိုင်း ချစ်သူနှင့် မင်္ဂလာဆောင်သည့် အဆိုတော် ရဲလေး

Posted by drmyochit Saturday, May 18, 2013, under | 1 comment

တေးသံရှင် ရဲလေး(ခေါ်) မောင်ရဲထွန်းမင်း နှင့် သူ၏ချစ်သူ မအေးမြအောင်တို့၏ မင်္ဂလာဧည့်ခံပွဲကို မေလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မဟာစည်သာသနာ့ရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့သည်။




From : ..popular

မိမိအား မုဒိမ်းကျင့်သူကို ၁၃ နှစ်သမီးက လက်ထပ်ရန် သဘောတူ

Posted by drmyochit Saturday, May 18, 2013, under | No comments

အသက် ၄၀ နှစ်အရွယ် စားသောက်ဆိုင်မန်နေဂျာတစ်ဦးသည် ၄င်းမိုဒိမ်းကျင့်ခဲ့သည်ဟု စွပ်စွဲထားသည့်
တရားလို အသက် ၁၃ နှစ်အရွယ် မိန်းကလေးကို လက်ထပ်ရန် ဆုံးဖြတ်ခဲ့ကာ မိန်းကလေးဘက်ကလည်း သ ဘောတူညီရန် ကမ်းလှမ်းထားသည်။ ဧပြီလ ၁၈ ရက် ရက်စွဲဖြင့် ရဲထံ တိုင်ချက်ဖွင့်စွပ်စွဲမှုကို မိန်း ကလေးက ဖျက်သိမ်းလိုက်သည်ဟု လက်ထောက် လူထု အကျိုးဆောင် အာမတ်နာဇ်မင်းဇူလ်ကီဖလီ က တရားရုံး တွင် ပြောခဲ့သည်


၁၅၀၀ ဖုန်းပျောက်လျှင်တိုင်းဒေသကြီး၊ပြည်နယ်ဆက်သွယ်ရေးမန်နေဂျာရုံးများတွင်ပြန်လျှောက်နိုင်

Posted by drmyochit Saturday, May 18, 2013, under | No comments


၂၀၁၃ ခုနှစ် ဧပြီလ ၂၄ ရက်  မှာစတင်ရောင်းချခဲ့သော MECTEL အမှတ်တံဆိပ်ပါ CDMA-800 MAz (1500) တန် ဆင်းကတ်ပျောက်ဆုံးပါက မြန်မာ့  ဆက်သွယ်ရေးလုပ်ငန်းတိုင်းဒေသ ကြီး၊ ပြည်နယ်မန်နေဂျာရုံးခန်းများ  မှာ ပြန်လည်လျောက်ထားနိုင်ကြောင်း   သိရသည်။ MECTEL CDMA- 800 MHz မိုဘိုင်းတယ်လီဖုန်း ကတ်ပျောက်ဆုံးပါက ကျပ် (၂၀၀၀၀) ပေးသွင်း ၍ ပြန် လည် လျှောက်ထား ရမှာဖြစ်ပြီးMECTEL မိုဘိုင်း တယ်လီဖုန်းကတ်  ပျက်စီးပါကတိုင်းဒေသကြီး ပြည် နယ်မန်နေဂျာရုံးခန်းများမှ အခမဲ့ လျှောက်ထား ရယူနိုင်သည်။

အဆိုပါ တန်ဖိုးနည်းCDMA- 800 MHz မိုဘိုင်းတယ်လီဖုန်းစနစ်   သည်လက်ရှိမိုဘိုင်းတယ်လီဖုန်း  များကဲ့ သို့အတွက်ခေါ် ဆိုမှုအတွက်   တစ်မိနစ် (၅၀) ကျပ်ဖြစ်ပြီးအ၀င်  ခေါ်ဆိုမှုအတွက်ငွေပေးဆောင်ရန်   မလိုပေ။ အဆိုပါတန်ဖိုးနည်း CDMA-800 MHz မိုဘိုင်းတယ် လီဖုန်းများအားကြိုတင်ငွေဖြည့်  ကတ် အသုံးပြုပြီး ပြည်တွင်း၊ ပြည်ပ သို့ဖုန်းခေါ်ဆိုနိုင်ပြီး ပြည်ပသို့ တယ်လီ ဖုန်းခေါ် ဆိုလိုပါကMECTELအမှတ်တံဆိပ်ပါနိုင်ငံ ခြားငွေကြိုတင်ငွေဖြည့်ကတ်များကို   အသုံးပြုခေါ်ဆိုနိုင်သည်။ အင်တာ နက် အသုံးပြုမှုအတွက် ငွေကောက်ခံသည့်နှုန်းထားမှာ ယခင် CDMA-800 MHz မိုဘိုင်း   တယ်လီ ဖုန်းများ ကဲ့သို့တစ်မိနစ် အသုံးပြုခ (၄) ကျပ်ဖြစ်သည်။ အင်တာနက်အသုံးပြုလိုပါက သက်ဆိုင်ရာ တိုင်းဒေ သကြီး၊ ပြည်နယ်များရှိမြန်မာ့ဆက်သွယ် ရေးလုပ်ငန်းတိုင်းဒေသကြီးပြည်နယ်   မန်နေဂျာရုံးမှာ အင်တာ နက် စနစ်ဆက်သွယ်မှုကနဦးတပ်ဆင်  ခကျပ် (၁၀၀၀၀) ပေးသွင်းလျှောက်   ထားနိုင်ကြောင်း သိရသည်။


ယဉ်ပပထွန်း
The Hot News Weekly

၁၅၀၀ ဖုန်းက GSM ထက်အင်တာနက်မြန်သည်ဟုဆို

Posted by drmyochit Saturday, May 18, 2013, under | No comments


CDMA 800 MHZ ဖုန်းဖြင့် အင်တာ နက်သုံး စွဲရာတွင်GSM ဖုန်းဖြင့် အင်တာနက် သုံးစွဲ မှုထက် (၂)မိနစ် ပို၍မြန်ဆန်မှု ရှိကြောင်း ပြည်တွင်းအိုင်တီပညာရှင်တစ်ဦး က ပြောသည်။
“GSMစ နစ်မှာ3G သုံးဖို့ ဆိုရင် လက်တွေ့မှာ အမြင့်ဆုံးGalaxy Note II ကို သုံးရတယ်။

(၁၅၀၀)တန်ဖုန်းက မြန်မာအတွက် သီးသန့်ရောင်းတဲ့အမြင့်ဆုံးGalaxy Ama-Eing ကိုသုံးရတယ်။ နှစ်ခုကိုယှဉ်ပြီးသုံးတဲ့အခါYou Tube ကိုခေါ်ကြည့်တယ်။ နှစ်မိ နစ်ကွာတယ် Gmail ကိုခေါ်တာ လည်း ကွာတယ်။You Tubeက ဖိုင်အလိုက်ခေါ်ရတဲ့အတွက် ကြာတယ်။ အဲဒီမှာ (၁၅၀၀)တန် ဖုန်းက နှစ်မိနစ်ပိုမြန်နေတာကို တွေ့ရတယ်။ ဟန်းဆက်ဈေးနှုန်း ကိုကြည့်ရင်လည်း (၁၅၀၀)တန် ဖုန်းကအများဆုံး တစ်သိန်းခွဲ လောက်ပဲ သုံးရတယ်။GSMက (၆)သိန်းလောက်သုံးရတယ်။

(၁၅၀၀)တန်ဖုန်းသုံးတဲ့သူအတွက် သက်သက်သာသာနဲ့ ၀န်ဆောင် မှုရတယ်””ဟု ၎င်းကပြောသည်။
အဆိုပါ (၁၅၀၀)တန်ဖုန်း များအတွက် ငွေဖြည့်ကတ်မှာ (၅၀၀၀)ကျပ်၊ (၁၀၀၀၀)ကျပ်၊ (၃၀၀၀၀)ကျပ်ရှိပြီး (၅၀၀၀)တန် ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၆၀)၊ (၁၀၀၀၀) တန်ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၁၂၀)၊ (၃၀၀၀၀)တန်ကတ်၏ သက်တမ်း မှာ ရက်ပေါင်း (၃၆၀)ဖြစ်ပြီး ပြည်ပခေါ်ဆိုမှုအတွက် ဒေါ်လာ (၁၀)၊ (၂၀)၊ (၅၀)တန်ကတ်များရှိ ပြီး ဒေါ်လာ (၁၀)တန်ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၁၀၀)၊ (၂၀)တန်ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၂၀၀)၊ (၅၀)တန် ကတ်၏ သက်တမ်းမှာ ရက်ပေါင်း (၅၀၀)ရှိကြောင်း သိရသည်။

၎င်းအပြင် နောက်ပိုင်းတွင် အာဖရိက၊ ဖိလစ်ပိုင်နိုင်ငံများ ကဲ့သို့ ဖုန်းဖြင့်ဘဏ်စနစ် ငွေလွှဲ သည့်စနစ်မှာနောက်နှစ်လခန့်တွင် ပေါ်လာဖွယ်ရှိကြောင်း ၎င်းက ထပ်မံပြောသည်။




လင်းခ(သဲတော
From: The Hot News Weekly

Friday, May 17, 2013

တောင်ကျချောင်းရေ ပြိုကျပြီးနောက်ပိုင်း အလုပ်သမား ၁၂၀ကျော် အလုပ်မှ နုတ်ထွက်

Posted by drmyochit Friday, May 17, 2013, under | No comments


ရန်ကုန်၊ မေ ၁၇။

လွန်ခဲ့သည့် မေလ ၂ ရက် နံနက် ၁ နာရီအချိန်ခန့်က ရှမ်းပြည်နယ် ကလောမြို့နယ်ရှိ ရွှေမင်း ဘိုဒေသ တွင် ဖြစ်ပွားခဲ့သော လေဆင်နှာမောင်း တိုက်ခတ်ပြီး တောင်ကျချောင်းရေ ပြိုကျပြီးနောက်ပိုင်း အာရှ ကမ္ဘာမြေ စက်မှုနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းတွင် လုပ်ကိုင်လျက်ရှိသော အလုပ်သမား ၁၂၀ ခန့် အလုပ် မှ နုတ်ထွက် သွားကြောင်း ရန်ကုန်မြို့ ဆာကူရာတာဝါတွင် ယနေ့ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။

“အဓိကကတော့ တောင်ကျချောင်းရေ ပြိုကျပြီးတဲ့နောက်ပိုင်းမှာ လူတွေရဲ့ စိုးရိမ် ထိတ်လန့် မှုကြောင့် လို့ ပြောလို့ ရတယ်။ ဒီနေရာတွေမှာ ဆက်ပြီး အလုပ် မလုပ်ရဲတော့တာလည်း ပါလိမ့်မယ်” ဟု အာရှ ကမ္ဘာမြေ စက်မှုနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းမှ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောကြားသည်။

မေလ ၂ ရက်က ဖြစ်ပွားခဲ့သည့် တောင်ကျချောင်းရေ ပြိုကျမှုကြောင့် ကုမ္ပဏီဝန်ထမ်း ၄ ဦး၊ ရွှေတွင်း လုပ် သား ၉ ဦးနှင့် အရပ်သား ၄ ဦး စုစု ပေါင်း ၁၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၈ ဦးရှိခဲ့ကြောင်း၊ ဒဏ်ရာ ရရှိသူ များ အနက် ၃ ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ယခုအချိန်ထိ ဆေးရုံ တွင် ဆေးကုသမှု ခံယူလျက် ရှိပြီး ပျောက်ဆုံးသူမရှိကြောင်း သိရသည်။

“နှစ်ပေါင်း လေး ငါးဆယ်အတွင်း ဒီလိုမျိုး တောင်ကျချောင်းရေ ပြိုကျတာ ဒီတစ်ခါ ပထမဦးဆုံးပဲ။ တစ်ခါမှ ဒီလို မဖြစ်ဘူး တဲ့အတွက် သတိ ပေးခဲ့တာမျိုးလဲ မလုပ်ခဲ့မိဘူး” ဟု ယင်းက ဆက်လက်ပြောကြားသည်။
မုန်တိုင်း မကျခင်အထိ ကုမ္ပဏီဝန်ထမ်းမှာ ၇၀၀ ခန့်ရှိပြီး မုန်တိုင်းကျပြီးနောက်ပိုင်းမှ ယင်းကဲ့သို့ အလုပ်မှ နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း ကုမ္ပဏီတွင် ရွှေတူးဖော်သည့် အင်းပေါင်း ၂၈ အင်းရှိပြီး အင်းတစ်အင်းသည် အနက်ပေ ပေ ၅၀၀ မှ ပေ ၆၀၀ အထိ ရှိကြောင်း သိရသည်။

ရည်မွန်
@ မြန်မာ့ခေတ် 

ပုဒ်မ(၄ဝ၁)အား လုံးဝမရှိသင့်ကြောင်း ကိုနေမျိုးဇင် ပြောကြား

Posted by drmyochit Friday, May 17, 2013, under | No comments

မအူပင်၊ မေ ၁၇။

မအူပင် အကျဉ်းထောင်မှ ယနေ့မွန်း လွဲ (၁)နာရီခွဲခန့် အချိန်ခန့်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက် လာသော ကိုနေမျိုးဇင် က ၎င်းအား ပြစ်ဒါဏ်ကျစေခဲ့သော ပုဒ်မ(၄ဝ၁)နှင့် ပတ် သက်၍ လုံးဝမရှိသင့်ကြောင်း မြန်မာ့ခေတ်သို့ ပြောကြားသည်။
ပုဒ်မ(၄ဝ၁)နှင့် ပတ်သက်၍ လုံးဝမရှိသင့်ကြောင်း၊ အဆိုပါ ပုဒ်မ(၄ဝ၁)ဖြင့် လွှတ်လာသူများ အားလုံးကိုလည်း အကြွင်းမဲ့ လွတ်ပေးသင့် ကြောင်း၊ အာဏာရှင်ခေတ်ကို ဝေဖန်ဆန့်ကျင်၍ ချမှတ်ခံခဲ့ရသော ပြစ်ဒါဏ်များကို ဒီမိုကရေစီ ကူးပြောင်းနေသည့် ကာလသို့ ယူဆောင်မလာ သင့်တော့ကြောင်း ၎င်းက ပြောကြားသည်။

၎င်းအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ခြင်းနှင့် ပတ်သက်၍လည်း “အရမ်း ဝမ်းသာပါတယ်၊ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာက လုပ် နိုင်တဲ့သူတွေကို အကျဉ်းထောင်ထဲမှာ ထားတာထက် အားလုံးနဲ့ ပူးပေါင်းလက်တွဲလုပ်တာက တိုင်းပြည်အတွက် ပိုကျိုးရှိတာပေါ့”ဟု ဆို သည်။

ကိုနေမျိုးဇင်အား ရဲဝန်ထမ်းများကို အသရေဖျက်မှု ပုဒ်မ (၅ဝဝ) ဖြင့် ဒဏ်ငွေနှစ်သောင်း ပေးဆောင်ရန် ပန်းတနော် တရားရုံးက မေ ၂ ရက် တွင် အမိန့် ချမှတ်ခဲ့ပြီး ပေးဆောင် ရန် ငြင်းဆန် ခဲ့သောကြောင့် ထောင် ဒဏ်သုံး လ ပြစ်ဒဏ်ကို ပြောင်းလဲချမှတ်ရာမှ မအူပင် အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရပြီး ၎င်း ၏ ဆွေမျိုး များက မေ ၇ ရက်တွင် ပန်းတနော် တရားရုံးသို့ ဒဏ်ငွေကျပ်နှစ်သောင်း သွားရောက်ပေးဆောင် ခဲ့သော် လည်း ပုဒ်မ (၄ဝ၁)ဖြင့် ထောင်ဒါဏ်ခြောက်နှစ် ထပ်မံချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ကိုနေမျိုးဇင်အား ယင်းသို့ ပုဒ်မ(၄ဝ၁)ဖြင့် ထောင်ဒါဏ်ချမှတ်ခဲ့စဉ်က နိုင်ငံရေးအကျဉ်းသားဟောင်း အများစုက ၎င်းပုဒ်မ အပေါ် ဝေဖန် ပြောဆိုမှုများ ရှိခဲ့ကြသည်။

ယနေ့ မေလ (၁၇) ရက်နေ့တွင် မအူပင်ထောင်မှ လွတ်မြောက်လာသော ကိုနေမျိုးဇင် အပြင် အခြား အကျဉ်းထောင် များမှ လည်း နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်ပေးနေကြောင်း သိရပြီး လက်ရှိအချိန်အထိ အင်းစိန်ထောင်မှ(၁ဝ)ဦး အပါအဝင်
စုစုပေါင်း (၂၃)ဦး လွတ်မြောက်လာပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့မှ သိရသည်။


ထက်နောင်နောင်
@ မြန်မာ့ခေတ် 

မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ ပြည့်တန်ဆာဈေးကွက် ဖော်ဆောင်မည်

Posted by drmyochit Friday, May 17, 2013, under | No comments

"ပြည့်တန်ဆာတွေကို လိုင်စင် ထုတ်ပေးပြီး တော့ စနစ် တကျနဲ့ လုပ်ဆောင် စေချင်ပါတယ်။ ဘာဖြစ် လို့လဲ ဆိုေ တာ့ လိုင်စင် ထုတ်ပေးရင် စနစ် တကျနဲ့ အခွန်ကောက် လို့ရပါတယ်။ စနစ်တကျ ကျန်းမာရေး စောင့်ေ ရှာက်မှု လုပ်ပေးလို့ ရ တယ်" ဒေါ်စန္ဒာ မင်း(NLD)

မြန်မာနိုင်ငံတွင် နိုင်ငံတ ကာအ ဆင့်မီ ပြည့် တန်ဆာ ဈေး ကွက်ကို စတင် အကောင် အထည် ဖော်ဆောင် တော့ မည်ဖြစ်ကြောင်း မင်္ဂလာဈေး၊ ဘုရင့်နောင်၊ ကြည့်မြင် တိုင်၊ ပန်းဆိုးတန်းတို့ ရှိ ပြည့်တန် ဆာလုပ်ငန်း လုပ်ေ ဆာင် နေသူများနှင့် မာဆတ်အမည်ခံ ပြည့်တန်ဆာခန်းများက ပြော သည်။

ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့တွင် ယင်းဈေးကွက်ရှိသော်လည်း မြန်မာနိုင်ငံတွင် မရှိသေးသဖြင့် ယခုကဲ့သို့ အေ ကာင် အထည်ဖော် ခြင်းဖြစ်ကြောင်း မင်္ဂလာဈေးရှိ ပြည့်တန်ဆာခေါင်း ဦးကြည်အေးက ပြောသည်။

''နိုင်ငံတကာ အဆင့်မှီပေါ့ဗျာ၊ နိုင်ငံတကာဈေးအတိုင်းပေါ့။ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ခရီးသွားလုပ်ငန်းကို လည်း မြှင့်တင်ရာ ရောက်တာပေါ့'' ဟု ယင်းက ဆိုသည်။ယခုအချိန်ထိ မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ လုပ် ငန်း ကို တရားဝင် ခွင့်ပြုပေးခြင်းမရှိသေးဘဲ ခိုးချောင်ခိုးဝှက်သာလုပ်ဆောင်နေရ ဆဲဖြစ်ကြောင်း ဦးကြည်ေ အး က ဆက်လက်ပြောသည်။


''ပြည်တန်ဆာဥပဒေကိုပြဌာန်းဖို့ လိုတယ်ဗျ။ အဲ့ဒီအတွက်လည်း ကျွန်တော့် ဖောက်သည် ပြည့်သူ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်က လွှတ်တော် မှာ တင်ပေးမယ်လို့ ပြောတယ်။ သူ့ကိုတော့ ဖရီးပေးေ ကျွးရ တာပေါ့။ အခုလောလောဆယ်တော့ လိုင်းကြေးပေးပြီး ဒိုင်လျှိုလေး လုပ်နေရတယ်'' ဟု ပြော သည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တန်ဆာ ဥပဒေကို ပြဌာန်း ပြီးပါက ပြည့်တန်ဆာ လုပ်ငန်းသည် ကြီးထွားလာ နိုင်ပြီး ယခုကဲ့သို့ ခွင့်မပြုသေးသည့် ကာလ မှာပင် မာဆတ်အမည်ခံကာ ပြည့်တန်ဆာလုပ်ငန်းများ လုပ် ငန်းနေ မှုများ ရှိနေကြောင်း ပုံမှန် စားသုံးနေသူ အသက် ၂၅ နှစ်အရွယ် ကိုမောင်အောင်က ပြော သည်။

''တရားဝင်ဆိုကောင်းမယ်ဗျ။ အခုတော့ ဘယ်အချိန်ဝင်ဖမ်းမလဲ စိုးရိမ်နေရေ သးတယ်''ဟု ကိုမောင်ေ အာင် က ပြောသည်။ယင်းဈေးကွက်ကြီးဖော်ဆောင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ပွင့်လင်း လာ နိုင်ပြီး အထူးသဖြင့် အမျိုးသမီးများအတွက် သင့်လျှော်ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်တွင် ဆီးဂိမ်းပြိုင်ပွဲ ကို ကျင်းပမည်ဖြစ်ရာယင်းအချိန်မတိုင်မီ ပြည်တန်ဆာ ဈေးကွက် ဖော်ေ ဆာင်ရန် လိုအပ်ကြောင်း အားကစားသတင်းထောက်တစ်ဦး ဖြစ်သူကိုချမ်းငြိမ်း ၎င်း၏ အမြင်ကို သုံး သပ်သည်။

''၂၀၁၃ ဆိုရင် ဆီဂိမ်းနဲ့ အတူ ဧည့်သည်တွေအများကြီးဝင်လာမှာ လေ။ အဲ့ဒီအထဲမှာ စားဖားကြီးတွေလည်း ပါလာမှာပဲ။ အဲ့ဒီလိုလူတွေအတွက် ပြည်တန်ဆာဈေးကွက်မရှိဘူးဆိုရင် အခြားအမျိုးသမီးအတွက် စိုးရိမ် ရနိုင် တယ်'' ဟု ကိုချမ်းငြိမ်းက ဆိုသည်။

ဆီးဂိမ်းနှင့်အတူ မြန်မာ့ပြည်တန်ဆာဈေးကွက်ကို လူသိများစေရန် လုပ်ဆောင် နိုင်ကြောင်း ပြည်တန် ဆာေ ခါင်း ဦးကြည်အေးက ဆိုသည်။

''အဲ့ဒီအခါဆို ကျွန်တော်တို့ ဖာခေါင်းတွေလည်း အငြိမ်နေရတော့မှာ မဟုတ်ဘူးဗျ။ ဈေးကွက်သစ်ရှာဖို့၊ ပစ္စည်း သစ်ရှာဖို့နဲ့ လုံးပမ်းနေရမှာ'' ဟုဦးကြည်အေးက ပြောသည်။

နိုင်ငံတကာ ပြည့်တန်ဆာ ဈေးကွက် ဖော်ဆောင်နိုင်မှုနှင့် ပတ်သက်၍ စီးပွားရေးကျွမ်းကျင်သူ ဦးဇော် သိုက်က ''ဒီဈေးကွက်က နိုင်ငံဂျီဒီပီကိုလည်း အထောက်အ ကူပြုနိုင်တယ်။ ထိုင်းနိုင်ငံဆိုရင် လည်း ဒီလုပ် ငန်း ကနေ အခွန်ငွေ တော်တော်ရတယ်လို သိရတယ်။ ကျန်းမာရေးပညာပေးတဲ့ နေရာမှာလည်း တစ်နေ ရာထဲ ထိထိ ရောက်ရောက်ပညာပေးနိုင်တဲ့အတွက် ရောဂါတွေကိုလည်း ထိန်းချုပ်လာ နိုင်တယ်'' ဟုသုံး သပ်သည်။

ယင်းနှင့် ပတ်သက်၍ ယခု လက်ရှိ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်နေသူ မစု(အမည်လွဲ)က ဝင်ငွေ လမ်းကြောင်းဖြောင့်လာနိုင်ပြီး နိုင်ငံတကာဈေးကွက်ဝင်ဆံ့နိုင်လာသည့် အတွက် မစတင်မီကပင် ကြိုတင် ရင်ခုန် မိနေကြောင်း ဘုရင့်နောင်ရှိ တည်ခိုခန်းတစ်ခုတွင် ပြောသည်။''နိုင်ငံခြားသားတွေနဲ့ ဆိုတော့.. .ဟိဟိ ရင်ခုန်စရာကြီး''ဟု မစုကဆိုသည်။

နိုင်ငံခြားသား များနှင့် ရင်ဆိုင်တွေ့ရ မည်ဖြစ် သည့်အတွက် မိမိတို့ဘက်ကလည်း ကြိုတင်ပြင်ဆင်ထား ဖို့လို အပ်ကြောင်း ပြည်တန်ဆာအမျိုးသမီးတို့က သုံးသပ်ကြသည်။မြန်မာနိုင်ငံတွင် ပြည်တန်ဆာ လုပ်ငန်း လုပ် ကိုင်နေသူပေါင်း သိန်းဂဏန်းအထိ ရှိနိုင်ကြောင်း ကျွမ်းကျင်သူတို့က သုံးသပ်ကြပြီး တရား ဝင်ဈေး ကွက် အကောင်အထည် ဖော်လာပါက ယင်းတို့နှင့် ဆက်နွယ်သော လုပ်ငန်းများပါ အခြေ အနေကောင်း လာနိုင်ကြောင်း သုံးသပ်ကြသည်

ဇေယျစိုပြေ
(ထပ်ဆင့် ဖော်ပြခြင်းသာ ဖြစ်သည်။)

From: Opposite eyes

EU နိုင်ငံများအား ရင်းနှီးမြှုပ်နှံခွင့်ပေးပါက မြန်မာနိုင်ငံအရေးသည် စိုးရိမ်ဖွယ်ရှိကြောင်း မလေးရှာလွှတ်တော်အမတ်တစ်ဦးပြော

Posted by drmyochit Friday, May 17, 2013, under | No comments

 မြန်မာနိုင်ငံအား စီးပွားရေး ပိတ်ဆို့ မှုများ ဖြေလျော့ လာတာ နှင့် အမျှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များလည်း ၀င်ရောက် လာခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် EU နိုင်ငံ များ အား ရင်းနှီးမြှုပ်နှံခွင့်ပေးပါ က မြန်မာနိုင်ငံ အရေး သည် စိုး ရိမ်ဖွယ်ရှိကြောင်း မလေးရှား အောက် လွှတ်တော် အမတ် Charles Santiago က ပြောကြား သည်။

““မြန်မာနိုင်ငံက သမ္မတ ဦး သိန်းစိန်က EU နိုင်ငံတွေ ကို သွား တဲ့အခါမှာ မြန်မာနိုင်ငံမှာ ရင်းနှီး မြှုပ်နှံဖို့အတွက် EU ကို ကမ်းလာ တယ်။ အဲဒါ မြန်မာနိုင်ငံအတွက် မကောင်းဘူး။ ဘာလို့လည်းဆို တော့ EU နိုင်ငံတွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အပြည့်အ၀ကာကွယ်ပေးထား တယ်။ နောက်ပြီး စီးပွားရေးလုပ် ငန်းရှင်တွေက သူတို့ရဲ့ လုပ်ငန်း ထိခိုက်တယ်ဆိုရင် အစိုးရတောင် ပြန်ပြီးတော့ တရားစွဲဆိုပိုင်ခွင့် သူတို့မှာရှိတယ်။ နောက်ပြီး သူတို့လုပ်ငန်းရှင်တွေက အစိုးရ ထက်တောင် ပိုပြီးတော့ အား ကောင်းတယ်။ အစိုးရက သူတို့ နဲ့ဆိုရင် အားနည်းတယ်။ သူတို့ က အစိုးရကို တရားစွဲတယ်ဆို။ သူတို့က နိုင်ခဲ့တာကြီးပဲ။ ဥပမာ ဆိုရင် မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းစတဲ့ အစိုးရတွေ ကို EU က လုပ်ငန်းရှင်တွေက နေပြီး တရားစွဲတယ်။ စွဲတဲ့အခါ တိုင်းမှာလည်း အစိုးရတွေက ရှုံး တာကြီးပဲ အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ပုံစံမျိုးနဲ့ သူတို့ကို ရင်းနှီး မြှုပ်နှံခွင့်ပေးလို့မရဘူး””ဟု ပြော ကြားခဲ့သည်။


““EU ကို ရင်းနှီးမြှုပ်နှံခွင့် ပေးမယ်ဆိုရင် မြန်မာအစိုးရဟာ တရားစွဲခံရဖို့ရှိတယ်။ တခြား ဟာတွေကိုမပြော မြန်မာနိုင်ငံ က စီးကရက်ဘူးတွေမှာရေးထား တယ်””ဆေးလိပ်သောက်ခြင်း သည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်သည်။ အဲဒါ မြန်မာ နိုင်ငံကလူတွေအတွက် ကောင်း သောဟာကို ထုတ်ထားတာ ဆေးလိပ်ဘူးတွေကို ကြည့်တိုင်း ဒီစာသားတွေကို တွေ့ရမယ်။

အဲတော့ ဆေးလိပ်သောက်နှုန်း ဟာ တဖြည်းဖြည်း လျော့ကျ သွားမယ်။ အဲတော့ အစိုးရဘက် ကကြည့်မယ်ဆိုရင်ကောင်းတယ်။ လုပ်ငန်းရှင်တွေဘက်ကြည့်ရင် မကောင်းဘူး။ သူတို့ရဲ့ စီးပွားရေး ကို ထိခိုက်တယ်။ အဲဒီတော့ သူတို့က တရားစွဲမှာ။ အဲဒါ ဥပမာပြောပြတာ သူတို့က တရားစွဲတယ်ဆိုရင် မြန်မာနိုင်ငံ က တရားရုံးမှာ တရားစွဲမှာ မဟုတ်ဘူး။ နိုင်ငံတကာ တရားရုံး မှာ တရားစွဲမှာမဟုတ်ဘူး။ နိုင်ငံ တကာတရားရုံးမှာ တရားစွဲမှာ နောက်တစ်ခုက အဲဒီမှာ ရှေ့နေ တစ်ယောက်ငှားတယ်ဆိုရင် ဒေါ်လာသန်း ၅၀ လောက် ကုန် တယ်။ EU ကလုပ်ငန်းရှင်တွေက သူတို့အကျိုးစီးပွားထိခိုက်တယ် ဆိုရင် အစိုးရတောင် တရားစွဲတဲ့ သူမျိုးတွေ မစွဲဘဲနဲ့နေတဲ့လူမရှိ ဘူး။ ဒါကြောင့် EU က နိုင်ငံ တွေကို ရင်းနှီးမြှုပ်နှံခွင့်ပေးမယ် ဆိုရင် သေချာစဉ်းစားသင့်တယ်။

သူတို့က မြန်မာနိုင်ငံကို ရင်းနှီး မြှုပ်နှံလာပေမဲ့ သူတို့က အစိုးရ နဲ့သဘောတူညီချက်စာချုပ်တွေ ချုပ်မှာပဲ။ သူတို့က မြန်မာနိုင်ငံ က သယံဇာတတွေကိုကြိုက် တယ်။ နောက်ပြီး လုပ်ခလစာ အရမ်းပေါတဲ့လူတွေကို အရမ်း ကြိုက်တယ်။ သူတို့ကို ရင်းနှီးမြှုပ် နှံခွင့်ပေးတာနဲ့ လက်ပံတောင်း လိုကိစ္စတွေထပ်ပေါ်လာမှာပဲဟု ပြောကြားခဲ့သည်။

ဖြိုးအောင်
From: The Hot News Weekly

တပ်မတော်သားများ ကူညီ၍ မီဒီယာ စာမျက်နှာထက် မရောက်ခဲ့တဲ့ မိုင်းပွန်နဲ့ ဟိုပုံးကြား ကားချောက်ထဲ ကျသည့် ဖြစ်စဉ်

Posted by drmyochit Friday, May 17, 2013, under | No comments



၁၁-၄-၂၀၁၃။ ထိုနေ့စွဲသည် သင်္ကြန်မတိုင်ခင် ဖြစ်ပွားခဲ့သည့် သွေးစွန်းသော ရက်စွဲ တစ်ခုဖြစ်ခဲ့သည်။ သို့ သော် ထိုကာလအတွင်းနှင့် သင်္ကြန်ကာလအတွင်း ကျွန်တော်တို့ ဖတ်ခဲ့ရသော သတင်းများ သည်ကား ချောင်း သာ သို့သွားသည့် ကား မှောက်သည့် သတင်း၊ AGB ဘဏ် မဏ္ဍပ်ရှေ့တွင် တပ်မတော်သားများ ခိုက်ရန် ဖြစ် ပွားဟု ဆိုသည့် အမှန်တစ်ဝက် သတင်း များသာ ဖြစ်ခဲ့လေသည်။




ဖြစ်စဉ်ကတော့ မိုင်းကိုင်မြို့တွင် ဆောက်လုပ်ရေး လုပ်ငန်း အောက်မှ လမ်းအလုပ်သမားများ သင်္ကြန် ပိတ် ရက် အတွက် ဖောကားအပြာဖြင့် ပြန်လာရာ အရက်မူးနေသော ကားမောင်းသမားကြောင့် မိုင်းပွန်နဲ့ ဟိုပုံး ကြား မိုင် တိုင် ၁၄၉ နားအရောက်၌ အရှိန် မထိန်းနိုင်ဘဲ ကား ချောက်ထဲကျခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ် ဖြစ် ပွား ချင်း၌ ကား (၁)စီး ၂ စီး ဖြတ်သွားခဲ့သော်လည်း ကြည့်သွားယုံမှ အပ ဘာမှ မကူညီခဲ့ကြ။


သိပ်မကြာခင် စစ်ကား aerolous တစ်စီးနှင့် စစ်သား အယောက် ၂၀ ခန့် ရောက်လာသည့် အခါတွင်တော့ အလုပ် စကြတော့သည်။ ချောက်ထဲကျသွားသည့် လူများကို လက်ဆင့်ကမ်း ဆွဲတင်ကြသည်။ ကားချောက် ထဲ ကျသည် ဆိုတော့ အချို့ကားများက ရပ်ပြီး ကြည့်ကြသည်။ အချို့ကတော့ ကြည့်သွားယုံထက် မပိုခဲ့ကြ။ အများ စုကတော့ သနားပါတယ် ဆိုသော စကားဖြင့်သာ ကူညီခဲ့ကြသည်။



စစ်ကားပေါ်မှ အရာရှိနှင့် အတူ ကူညီ ဆောင်ရွက်ပေးနေသူ တစ်ဦးကတော့ မိုင်းကိုင် မှ တိမွေးကု ဆရာဝန် တစ်ဦးဖြစ်သူ ဒေါက်တာ နေလင်းပင်။ ထို့နောက် ဆောက်လုပ်ရေးနှင့် မိုင်းပွန် ရဲစခန်းသို့ အေ ကြာင်း ကြား ကြသည်။ သို့သော် အလှမ်းကွာဝေးနေသည့် နေရာဖြစ်သည့်အတွက် ချောက်ထဲကျသည့် လူ များ၊ ပစ္စည်းများ အားလုံး လမ်းပေါ်ရောက်သည် အထိ အကူအညီများ မရောက်လာခဲ့။


ချောက်ထဲကျသည့် သူအားလုံးကို အပေါ်သို့ ဆွဲတင်ပြီး ချိန်တွင်တော့ အမျိုးသား ၄ ယောက်၊ အမျိုးသမီး ၁ ယောက် မှ ဖြစ်သည့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ၃ နှစ်သား အရွယ် ကလေးငယ်လေး မှာေ တာ့ ချောက်ထဲမှ အပေါ်သို့ အရောက်တွင် ဆုံးသွားခဲ့သည်။ ဒဏ်ရာ ပြင်းထန်သူများ ဒဏ်ရာ ရသူများကို စစ်သား များက တောင်ကြီးသို့ သွားသည့် ကားများပေါ်သို့ တင်ရန် ကြိုးပမ်းကြသည်။ အချို့ကားများက အမှု ပတ်မည် စိုးသဖြင့် လက်မခံလိုကြ။ ခရီးဖင့်မည် စိုးသဖြင့် မကူညီလိုကြ။ တစ်ယောက် တင်၍ ရသည့် ကားေ ပါ် ဒဏ်ရာ ရသူ တစ်ယောက် တင်ပေးကာ ဒဏ်ရာ ရသူများကို ကူညီပေးခဲ့ကြသည်။


တောင်ကြီး ဆေးရုံသို့ ရောက်ပြီးနောက် ဆောက်လုပ်ရေးမှ သေဆုံးသူတွေရဲ့ မိဘတွေကို ကူငွေ ၅ သိန်း၊ တောင် ကြီး ကူညီမှု အသင်းများက ၄ သိန်း ပေးသည်ဟု သိရသည်။ ယခုတော့ အဆိုပါဖြစ်စဉ် နေရာတွင် နောင် မဖြစ်စေရန် တိုင်များ စိုက်ထူထားကြောင်း သိရသည်။



အဆိုပါ ဖြစ်စဉ်သည် မည်သည့် မီဒီယာတွင်မှ ရေးသားခဲ့သည်ကို မတွေ့ရပါ။ ကူညီခဲ့သော တပ်မတော် သားများ ကို ၄င်းတို့ ကူညီခဲ့သဖြင့် အသေအပျောက် နည်းခဲ့ကြောင်း ခယက ဥက္ကဌနှင့် ဆောက်လုပ်ရေး အင်ဂျင် နီ ယာချုပ် တို့ ၂ ဦးမှ ချီးကျူးခဲ့သည်ဟု သိရသည်။ ဒဏ်ရာရ ကူညီမှုများ အပြီး တွင်တော့ လေး စား ဖွယ် စစ်သားများ၏ လုပ်ရပ်ကို ထပ်မံ တွေ့လိုက်ရသည်။ ထိုအချက်မှာတော့ စေတနာကို ဝေဒနာ မဖြစ်စေ ချင်၍ စစ်သားများကို တန်းစီကာ မည်သည့် ပစ္စည်းမှ ယူမသွားကြောင်း သက် သေများ ရှေ့တွင် စစ်ဆေးပြ ခဲ့ခြင်းပင်။


( အဆိုပါ ဖြစ်စဉ်တွင် ကူညီပေးခဲ့ကြသော တပ်မတော်သားများကို လေးစားဂုဏ်ပြုပါသည်။ သတင်းနှင့် ဓာတ် ပုံ ပေးပို့သူအားလည်း အထူးကျေးဇူးတင်ပါသည်။)
















From: Opposite Eyes Blog

စံကောင်းပီနံအိပ်စက်ရုံမှ အလုပ်သမား ၅၀၀ ကျော် ၆ ရက်ဆက်တိုက် ဆန္ဒပြ

Posted by drmyochit Friday, May 17, 2013, under | No comments


ရန်ကုန် ၊မေ ၁၆။

လှိုင်သာယာမြို့နယ် ငွေပင်လယ်ရေလုပ်ငန်းစက်မှုဇုန်ရှိ စံကောင်းပီနံအိပ် စက်ရုံ အလုပ်သမား ၅၀၀ ကျော် သည် ယနေ့အပါအ၀င် ၆ ရက်ဆက်တိုက် ဆန္ဒပြနေကြောင်း အဆိုပါ စက်ရုံ၏ အခြေခံ အလုပ် သမား အဖွဲ့ အစည်းမှ ဥက္ကဋ္ဌဖြစ်သူ ကိုဝင်းထွန်းအောင်က ပြောကြားသည်။
“ကျွန်တော်တို့ လုပ်နေတာ တစ်ယောက်အတွက်မဟုတ်ပါဘူး။

အများအတွက်လုပ်နေတာပါ။ကျွန်တော်တို့နဲ့မတူ ဘဲအလုပ်သွားလုပ်နေတဲ့ သူတွေ ကိုလည်း တားပိုင်ခွင့် မရှိ ပါဘူး”ဟု ၎င်းက ပြောကြားသည်။
ပြီးခဲ့ သည့် ဧပြီလ ၂၉ ရက်နေ့က အဆိုပါ စက်ရုံ၏ ၀န်ထမ်း ၄၇ ယောက်အား အလုပ် ထုတ်ပယ်ပြီးနောက် ပိုင်း ဆွေးနွေးမှု များ အဆင်မပြေ သည့်အတွက် ယခုကဲ့သို့ ဆက်တိုက် ဆန္ဒပြမှု များ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။


အလုပ်သမားများအနေဖြင့် တည်ဆဲဥပဒေနှင့် ဆန့်ကျင်သော ဆန္ဒထုတ်ဖော်၍ စုဝေးခြင်း၊ ဆွေးနွေးခြင်း၊ ညှိနှိုင်းတိုင်ပင်ခြင်း၊ စာရွက် စာတမ်း ဖြန့်ဝေခြင်း၊ ကြော်ငြာ ပိုစတာကပ်ခြင်း၊ အစည်အဝေးပြုလုပ်ခြင်းတို့ကြောင့် ကုမ္ပဏီ၏ အလုပ်ခန့်အပ်မှုစာချုပ်ပါအရ အလုပ်ထုတ်ခြင်းဖြစ်ကြောင်း စံကောင်းပီနံအိပ် စက်ရုံစီမံခန့်ခွဲမှု ဒါရိုက်တာ ဦးခင်မောင်မြင့် က ပြောကြားသည်။

အလုပ်သမားများအနေဖြင့် ဆန္ဒပြမှုများပြုလုပ်နေခြင်းမှာ နှစ်ဦးနှင့်ဖက်အတွက် အကျိုးမရှိကြောင်းနှင့် ညှိနှိုင်မှုများလုပ်ဆောင်ပေးခဲ့သော်လည်း အလုပ်သမားများအနေဖြင့် အချက်အလက်များကို ပိုမိုတောင်းခံလာကြသောကြောင့် အဆင်မပြေမှုများ ရှိလာကြောင်း ဦးခင်မောင်မြင့် က ပြောကြားသည်။
အလုပ်သမားများသည် ယခင်က တောင်းဆိုချက် ၃ ခုသာ ရှိခဲ့သော်လည်း ယခုအခါ တောင်းဆိုချက် ၄၄ ခုအထိရှိလာကြောင်း သိရသည်။

အလုပ်သမား အနေဖြင့်လည်း အလုပ်သမား(၄၇)ဦးအား အလုပ်ထုတ်ခြင်းနှင့်ပတ်သက်၍ ခုံသမာဓိရုံး၏ အဆုံးအဖြတ်ကိုခံယူသွားမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ဆန္ဒထုတ်ဖော်နေခြင်းမှာ ဆွေးနွေးမှုများကို လိုလားသောကြောင့်သာ ဆန္ဒပြခြင်းဖြစ်ကြောင်း အလုပ်သမားအဖွဲ့မှ ဦးဆောင်သူ တစ်ဦးက ပြောကြားသည်။

စံကောင်းပီနံအိပ် စက်ရုံတွင်အလုပ်သမားစုစုပေါင်း (၁၇၀၉)ဦး ရှိပြီး အလုပ်တက်သူများမှာ စုစုပေါင်း(၄၀၀)ခန့် ရှိကြောင်းနှင့် ဆန္ဒပြသူအလုပ်သမာများ ငါးရာ မှ တစ်ထောင်ဝန်းကျင်ခန့် နေ့စဉ် ဆန္ဒပြမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

ပိုင်လေး
@ မြန်မာ့ခေတ် 

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီများကို ဇနီး နှင့် ကလေး ကန့်သတ်ပြီ

Posted by drmyochit Friday, May 17, 2013, under | No comments


ရခိုင်ပြည်နယ် မောင်းတော ခရိုင်အတွင်းရှိ ဘင်္ဂါလီလူမျိုးများ ၏ အိမ်ထောင်ပြုခြင်း ကိစ္စနှင့် ကလေးမွေး ဖွားနှုန်း ကို ကန့်သတ် သည့် ညွှန်ကြားချက်ကို ဒေသန္တ ရအမိန့်အဖြစ် ထုတ်ပြန်လိုက် ကြောင်း သတင်း ရရှိသည်။

မောင်းတော ခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစောနိုင် မှ ပြောကြား ရာတွင် မောင်းတော ခရိုင်အတွင်း နေထိုင်သည့် ဘင်္ဂါ လီလူမျိုးများ အိမ်ထောင်ပြုခြင်း နှင့် ကလေးမွေးဖွားနှုန်းကို ကန့် သတ်ထိန်းချုပ်သည့် ညွှန်ကြား ချက်ကို ဒေသန္တရအမိန့်အဖြစ် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်ဟုဆို သည်။ ယခုအခါ ရခိုင်ပြည်နယ် အတွင်းရှိ ဘင်္ဂါလီကျေးရွာများ တွင် လူဦးရေ အဆမ တန်တိုး ပွား နေသည်ဟုလည်း ကြားသိရသည်။ ဘင်္ဂါလီအိမ်ထောင်စုများတွင် အိမ်ထောင်စုတစ်စုလျှင် လူဦးရေ ၃၀ ကျော်ရှိနေသည်။

အချို့အိမ် ထောင်စုများတွင် လူဦးရေ ၇၀ ကျော်ပင်ရှိနေကြောင်းလည်း တွေ့ရှိခဲ့ရသည်ဟုဆိုပါသည်။ ခရိုင်ဦး စီးမှူးမှ ဆက်လက်ပြော ကြားရာတွင် ““ဒါကြောင့်လည်း ဘင်္ဂါလီအမျိုးသားတစ်ဦးကို ဇနီး မယား တစ်ယောက်နှင့် ကလေး နှစ်ယောက်သာ ယူရမယ် ဆိုတာ ကို ဒေသန်္တရ အမိန့်အဖြစ် ထုတ် ပြန် စာဖြစ်ကြောင်းနှင့် ထုတ်ပြန် ထားသော အမိန့်ကို လိုက်နာမှု ရှိစေရန် အမြဲတမ်းရှောင်တခင် စစ်ဆေး မှုတွေပြု လုပ်နေကြောင်း”” ဆွဲ/တင်/စစ် ပြုလုပ်မည်ဖြစ် ကြောင်း၊ ဆွဲတင်စစ်ဆိုတာက လူဦးရေ စစ်မယ့်ရွာကို မြေကြီး၊ မြေပုံဆွဲမယ်။

ရွာမှာရှိတဲ့ အိမ် ထောင်စုတွေကို ဓာတ်ပုံရိုက်ပြီး လူဦးရေကို မှတ်တမ်းတင်မယ်။ ဒီဓာတ်ပုံနဲ့ အိမ်ထောင်စုတစ်ခု ချင်းစီကို နောင်မှာ ပြန်စစ်ဆေး တဲ့အခါ ဘင်္ဂါလီအမျိုးသားတစ် ဦးက နောက်မိန်းမထပ်ယူထား တာတွေ့ရင် တရားမ၀င်ပေါင်း သင်းမှုနဲ့ အရေးယူပါမယ်။ ကလေးတွေတိုးလာရင် နောက် ထပ်တိုးလာတဲ့ကလေးတွေကို Black List  သွင်းမယ်ဟု ခရိုင် လ၀ကမှူးက ပြောပြခဲ့သည်။



သာလိကာ

ဆက်ဖတ် ချင်သေး တယ် ဆိုရင်

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်

Loading...