
တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ရှင်ကျန်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွက် လူ ရှစ်ဦးကို ကွပ်မျက်လိုက်ကြောင်း သိရသည်။
သေဒဏ်စီရင်ခံသူရှစ်ဦးသည် ရှင်ကျန်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုဖြစ်စဉ် ငါးခုတွင် ပါဝင်ပတ်သက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် ရှင်ကျန်ခွဲထွက် ရေးသမားများ ရှိနေကြောင်း အစိုးရက ထုတ်ပြန်ထားသည်။
အဆိုပါ လူရှစ်ဦးအနက် ယမန်နှစ် အောက်တိုဘာလအတွင်းက မြို့တော် ပေကျင်းရှိ တီယန်မင် ရင်ပြင်အတွင်း ကားဖြင့်...