ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အနောက်ပိုင်းခရိုင် ယာဉ်လိုင်း အမှတ် ၂၄၅ ဘီအမ်ယာဉ်တွင် လိုက်ပါ စီးနင်းသည့် သံဃာတော် တစ်ပါးကို ထိုင်ခုံမရှိဟု ဆိုကာ ကားပေါ်မှ ဆင်းခိုင်းသည့် ယာဉ်နောက် လိုက်ကို ဇွန်လ ၇ ရက်မှစ၍ ယာဉ်လိုက်ခွင့် တစ်လ ပိတ်သိမ်း လိုက်ကြောင်း မထသ (ဗဟို) တွဲဖက် အတွင်းရေးမှူး ဦးမောင်မြို့ က The Voice သို့ ပြောကြားသည်။
မေလ ၂၃ ၇က်နေ့က ဆူးလေမှ တောင်ဥက္ကလာပ ပင်းယမှတ်တိုင်သို့ စီးနင်းရန် ယာဉ်ပေါ်တက် လာသော သံဃာတော် တစ်ပါးကို ယာဉ်နောက်လိုက်က ထိုင်ခုံမရှိဟု ပြော၍ ကားပေါ်မှ ဆင်းခိုင်းသည့်အပြင် ထိုင်နေသူများ ထံမှလည်း ယာဉ်စီးခကောက်ပြီး ဖြစ်သဖြင့် ဖယ်ခိုင်း၍မရတော့...