Monday, June 10, 2013

ပိုင်နက်ကျူးလွန်မှုဖြင့် အလုပ်သမားအချို့အား စက်ရုံပိုင်ရှင်မှ ဖမ်းဆီးခြင်းကြောင့် ဆန္ဒထုတ်ဖော်မှုများပြုလုပ်

Posted by drmyochit Monday, June 10, 2013, under | No comments

DSC_0082
















ရန်ကုန်၊ ဇွန် ၉။
အလုပ်သမားအခွင့်အရေးဆုံးရှုံးခြင်းနှင့် တော်ဝင်သစ်အချောထည်စက်ရုံမှ အလုပ်သမား ၁၄ဦးအား ပိုင်နက်ကျူးလွန်မှုဖြင့် အင်းစိန်ထောင်၌ ဖမ်းဆီးခြင်းများကြောင့် ဇွန်လ ၉ရက်နေ့ မွန်းလွဲ ၃နာရီတွင် လှိုင်သာယာမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ရွှေပြည်သာ မြို့နယ်ရှိ တော်ဝင် စက်ရုံများမှ အလုပ်သမား ၆၀ခန့်သည် မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့တွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြောင်း အလုပ်သမားအခွင့် အရေးကော်မတီမှ ကိုကျော်ကျော်၏ ပြောကြားချက်အရ သိရသည်။

“အခုလိုမျိုး အလုပ်သမားအခွင့်အရေး ဆုံးရှုံးတာနဲ့ပတ်သက်ပြီး သပိတ်တိုက်ပွဲဆင်နွှဲခဲ့ပါတယ်။ အဲဒီမှာ ပိုင်ရှင်တွေက ဒီလိုလုပ်တာ တရား မဝင်ဘူး အလုပ်သမားခုံရုံးကိုသွားဆိုလို့ သွားခဲ့တယ်။

အလုပ်သမားခုံရုံးကလဲ တကယ်အလုပ်သမား အခွင့်အရေးဆုံးရှုံးတာ ဖြစ်တယ် ဆိုတာ ကို လက်ခံခဲ့တယ်။ ဒါပေမယ့် အဲဒီလိုမျိုး အလုပ်သမားခုံရုံးကလက်ခံတာကို အလုပ် ရှင်တွေကမကျေနပ်ဘူးဆိုတဲ့အတွက် ကျွန်တော်တို့က ပြည်ထောင်စုအဆင့် တရားလွှတ်တော်ချုပ်ထိ တက်တယ်”ဟု ၎င်းက ပြောကြားသည်။
ယင်းသို့ အလုပ်သမားခုံရုံးမှ အမှန်တကယ် အလုပ်သမားအခွင့်အရေးဆုံးရှုံးမှုများရှိသည်ဟု လက်ခံခဲ့သော်လည်း အလုပ်ရှင်များက လက်မခံ သည့်အတွက် ပြည်ထောင်စုအဆင့် တရားလွှတ်တော်ချုပ်ထိ တက်ရောက်တိုင်ကြားမှုများရှိပြီး အဆိုပါ တရားလွှတ်တော်ချုပ်မှ လက်ရှိအချိန် အထိ အဖြေတစုံတရာ ပြန်လည်ဖြေကြားမှု မရှိသေးကြောင်းနှင့် ယင်းသို့ပြုလုပ်သည့်အတွက် အလုပ်သမားအချို့အား စက်ရုံထဲသို့ခေါ်၍ ရိုက်နှက်မှုများပြုလုပ်ကာ ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုထား ကြောင်း သိရသည်။

“အခုလိုမျိုး အလုပ်သမားတွေကို စက်ရုံက ပိုင်ရှင်တွေက တခါမှမကြားဘူးတဲ့ ပိုင်နက်ကျူးလွန်မှုနဲ့ ဖမ်းဝရမ်းထုတ်ပြီး အခု တော်ဝင် အလုပ် သမားတွေကို ဖမ်းထားတယ်။ ဒါပေမယ့် အခုကျွန်တော်တို့ တော်ဝင်အလုပ်သမားတွေက စက်ရုံပိုင်ရှင်ကို တရားစွဲဆိုမှုတွေ ပြန်လုပ်ထားတာ ရှိတယ်။ ဒါကလည်း အလုပ်သမားတွေကို ရိုက်နှက်တဲ့အတွက်ကြောင့်ပါ”ဟု တော်ဝင်အ လုပ်သမားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုကျော်မျိုး က ပြောကြားသည်။

အဆိုပါ တော်ဝင်အလုပ်သမားများအား လက်ရှိအချိန်တွင် ပုဒ်မ ၁၈အရ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရပြီး တော် ဝင်အလုပ်သမားအရေးအား ပါဝင်ဆောင်ရွက်ပေးသည့် အလုပ်သမားခေါင်းဆောင်တဦးဖြစ်သည့် မလဲ့လဲ့ဝင်းအား ရွှေပြည်သာ တရားရုံးမှ ဖမ်းဆီးထားကြောင်း သိရပြီး အဆိုပါအရေးကိစ္စ အဆင်မပြေသည့်ကာလအထိ မဟာဗန္ဓုလပန်းခြံရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့သို့ လာ ရောက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရ သည်။

TMA
ဓာတ်ပုံ – ဝေယံ
မြန်မာ့ခေတ်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်