Monday, June 10, 2013

ဆိုင်ကယ်ဖြင့် ဈေး လိုက်လံ ရောင်းချသူ တစ်ဦး အား ကေအိုင်အေ အဖွဲ့မှ အကြောင်းမဲ့ သတ်ဖြတ်

Posted by drmyochit Monday, June 10, 2013, under | No comments


နေပြည်တော် ဇွန် ၉

ရှမ်းပြည်နယ် (မြောက်ပိုင်း) မုံးကိုး၊ ကြူကုတ်၊ မုံးပေါ် ဒေသရှိ ဝိန်းဆိုင်ကျေးရွာ အုပ်စု၊ ဟူးကြီးရွာ၏ အနောက် ဘက် ချောင်း အနီး၌ ဇွန် ၈ ရက်က လက်နှစ်ဖက်၊ ခြေနှစ်ဖက်အား ကြိုးတုပ်ထားပြီး သစ်ပင် တွင် တွဲလောင်း ချည်ထားသည့် ယောက်ျား အလောင်း တစ်လောင်းအား ဦးခေါင်း အနောက်ဘက်ပိုင်းတွင် နှစ်လက် မခန့် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဘယ်ရင်အုံ လက်နက်ငယ် ကျည်ဖောက် ထွက် ဒဏ်ရာ တစ် ချက်ဖြင့် သေဆုံးနေကြောင်း ကျေးရွာနေ တာဝန်ရှိ သူများမှ တွေ့ရှိခဲ့သည်။

အဆိုပါ သေဆုံးသူမှာ မူဆယ်- မုံးပေါ် လမ်းတစ်လျှောက်ရှိ ကျေးရွာများသို့ ဆိုင်ကယ်ဖြင့် ဈေးလိုက်လံ ရောင်း ချသော စစ်ကိုင်းတိုင်း ဒေသကြီး၊ မြင်းမူမြို့နယ်မှ ဦးမင်းနိုင် (ဘ) ဦးသော်ဌေး ၅၂ နှစ်ဖြစ်ကြောင်း၊ သေဆုံး သူ၏ အလောင်းအနီးတွင် ဈေးရောင်းသည့် ဆိုင်ကယ်နှင့် ဈေးခြင်းတောင်းများ တွေ့ရှိရပြီး တပ် မတော် သတင်းပေးဟု ယူဆသဖြင့် ကေအိုင်အေ အဖွဲ့မှ သတ်ဖြတ် ခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

From: မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်