Monday, June 10, 2013

မလေးရှားဖြစ်စဉ်ပက်သက်၍ သံအမက်ကြီးကရှင်းပြထားစဉ်။

Posted by drmyochit Monday, June 10, 2013, under | No comments



မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး မလေးရှားသံအမတ်ကြီးအား ဆက်သွယ်မေးမြန်းချက် — at http://www.moi.gov.mm/mrtv:zg.   MRTV

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး မလေးရှားသံအမတ်ကြီးအား ဆက်သွယ်မေးမြန်းချက် MRTV က တင်ပြထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအစိုးရကိုယ်စား ကွာလာလမ်ပူမှာရှိတဲ့ မြန်မာ သံအမတ်ကြီးဟာ နိုင်ငံ့ကိုယ်စား တာဝန် ယူ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ သူ့ဟာ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံ၊ ပြည်သူကို ကိုယ်စားပြုပြီး တာဝန်ထမ်းဆောင်နေရတာ ဖြစ်ပါတယ်။ သူ့မှာ တာဝန်ရှိတာနဲ့ အညီ ဆောင်ရွက်လျက်ရှိကြောင်း လည်း နိုင်ငံခြားရေးဝန်ကြီးဌာနကတစ်ဆင့် သိရှိရပါတယ်။

နေပြည်တော်မှာ ရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ယခုအခါမှာ မလေးရှားကိစ္စကို အလေးအနက်ထား ဆောင်ရွက်လျက် ရှိနေပါတယ်။

ယနေ့ နေ့လည်ခင်းတွင်လည်း မလေးရှားရှိ မြန်မာသံရုံးအနေနဲ့ သေဆုံးသူအရေအတွက်၊ ထိခိုက်ဒဏ်ရာရရှိသူအရေအတွက် ထပ်မံ သေချာစေရန် စိစစ်ခြင်း၊ မီဒီယာများတွင် ဖော်ပြပါရှိခဲ့သော သဂြိုလ်ခွင့် မရရှိ ဟူသော သတင်းများနှင့်စပ်လျဉ်း၍ ထိထိရောက်ရောက် ဆောင်ရွက်စေခြင်း၊ လဝက ဥပဒေအရ မြန်မာနိုင်ငံသို့ ပြန်လာရမည့် မြန်မာနိုင်ငံသား (နိုင်ငံသား)များအတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်း၊ ဖြစ်ပေါ်နေသည့်သတင်းများအရ တရားမဝင် သွားရောက်လုပ်ကိုင်နေကြသူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ မဖြစ်စေရေး အစိုးရချင်း ညှိနှိုင်းဆောင်ရွက်ပေးခြင်း တို့ ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရပါတယ်။

မလေးရှားနိုင်ငံကို သွားရောက်လုပ်ကိုင်နေကြသူများနဲ့ပတ်သက်လို့ သူ့နိုင်ငံရဲ့ လဝကဥပဒေအရ တရားမဝင် လုပ်ကိုင်နေတယ် ဆိုရင်၊ Over Stay ဖြစ်နေတယ် ဆိုရင် သူ့ပြည်တွင်း တည်ဆဲ ဥပဒေ အရ အရေးယူလို့ ရပါတယ်။

နောက်တစ်ခုက "မလေးရှားရှိ မြန်မာနိုင်ငံသာများ" ဆိုတဲ့ ပြောကြားချက်နဲ့ ယှဉ်တွဲလျက် ကျွန်တော်တို့ နိုင်ငံရဲ့ တည်ဆဲ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသား (အစစ်အမှန်) ဖြစ်ဖို့ အရေးကြီးပါတယ်။ ပြည်တွင်းမှာ ဆက်လက် အငြင်းပွားနေဆဲ (ဥပဒေနဲ့အညီ နိုင်ငံသားဖြစ်မှု)ဟာ မလေးရှားမှာလည်း ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ ဒါကိုလည်း သတိရှိရှိ ကြည့်မြင်သုံးသပ်ကြဖို့ လိုပါတယ်။

မလေးရှားမှာရှိတဲ့ မြန်မာသံရုံးအနေနဲ့ မိမိနိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ဖို့ ဆက်လက် ဆောင်ရွက်နေပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရှိရပါတယ်။

အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေနဲကလည်း မလေးရှားရောက် မြန်မာ နိုင်ငံသားများကိစ္စကို အစိုးရချင်းညှိနှိုင်း၍လည်းကောင်း၊ သံရုံးနှင့် ပူးပေါင်း ဆောင်ရွက်၍လည်းကောင်း ဆောင်ရွက်လျက် ရှိပါတယ်။

Credit:   Shwemyanmar media group

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်