Saturday, September 29, 2012

ထောင်ကျ ထုတ်ပယ်ခံ တပ်သား ကြိုးဆွဲချသေဆုံး

Posted by drmyochit Saturday, September 29, 2012, under | No comments




အမှတ်(၇၀၃) ခြေမြန်တပ်ရင်းတပ် တွင်ထောင်ကျ၍ ထုတ်ပယ် ခံထားရသူ တပ်သားတစ်ဦးက စက်တင်ဘာလ၂၇ ရက် ည ၉နာရီ ၄၅ မိနစ် တွင်မြောက်ဥက္ကလာပမြို့နယ်၊ ၂ရပ်ကွက်၊ သုဇိတာလမ်း၊ ကံ့ကော်မြိုင် တံတားတွင်ကြိုးဆွဲချ၍ သေဆုံးသွားကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း သိရသည်။

From: ရွှေမြန်မာမီဒီယာဂရု

RFA -က စစ်တွေ သတင်းလွှင့်ရာမှာ ရပ်ကွက်နာမည်ကို ပဋိပက္ခဖြစ်အောင် ဖန်တီးနေခြင်း

Posted by drmyochit Saturday, September 29, 2012, under | No comments




စစ်တွေ သတင်းဖေါ်ပြရာမှာ အတည်ပြုချက် မရှိတာကို သတင်းထောက်အား ချက်ချင်းဖြုတ်ခိုင်း လိုက်ကြတော့ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရွှေပြည်သာ ရပ်ကွက်က ရေခဲချောင်းရောင်းတဲ့ ကလေးတစ်ဦး ဟာ ဒီကနေ့ နံနက် ၁၁ နာရီခန့်ကရိုဟင်ဂျာရပ်ကွက်တစ်ခုဖြစ်တဲ့ အင်ပါလာ (အောင်မင်္ဂလာ)ရပ်ကွက် ကို ဈေးသွားရောင်း ရာက ပြန်ထွက်မလာ တာကြောင့်အသတ်ခံရတယ် ဆိုတဲ့ ကောလာ ဟလ ဖြစ်ပေါ်ခဲ့ပြီး နေ့လည်ပိုင်းမှာ သံဃာတော်နဲ့ပြည်သူ တစ်ထောင်ခန့် စုဝေးပြီး
------ -------- ------- ---------

အခုလို -RFA- က စစ်တွေမှာ မရှိတဲ့  ရပ်ကွက်နာမည်ကို တမင်ရေးထည့်တာဟာရခိုင် လူမျိုးကို သက်သက်စော်ကားတာဖြစ်တယ်- ဒီသတင်းကို လွှင့်ပေးတဲ့ ကိုကျော်ကျော်အောင်နဲ့  ဦးခင်မောင်စိုးတို့  လွှင့်ပေးတဲ့  သတင်းမှာတော့အဲဒီလို ဖေါ်ပြတာ မကြားရဘူး- ဒါပေမဲ့  သတင်းရေးထားတာကိုတော့ အခုလိုဖေါ်ပြ ထားတယ်- ဒါကို ကိုကျော်ကျော်အောင်ဆီ စစ်တွေက လူတွေ သွားပြီးချက်ချင်း ဒီစာသားဖြုတ်ပေးဖို့  ပြောပေးကြပါ ။   သတင်းတပုဒ် လွှင့်မယ်ရေးမယ်- ဖေါ်ပြမယ် ဆိုရင် အတည်ပြုချက် ယူရပါလိမ့်မယ်။ ရပ်ကွက်ကျေးရွာသတင်းအတည်ပြုချက် ယူမယ်ဆိုရင် မြေစာရင်းဦးစီးဋ္ဌါန ယူရမှာ ဖြစ်ပြီး
လူမျိုးစာရင်း အတည်ပြုယူရမယ်ဆိုရင် လူဝင်မှုဦးစီးဋ္ဌါနနဲ့  သန်ကောင်စာရင်းဋ္ဌါနဆီမှာ ယူရလိမ့်မယ် ။

ဒါ့ကြောင့် စစ်တွေမြို့ မှာ အဲဒီလို သမိုင်းလိမ်နာမည်နဲ့  ရပ်ကွက်မရှိတာကို ချက်ချင်း ဖြုတ်ပေးဖို့  အဲဒီ -RFA-သတင်းထောက်ရှိရာသို့  အမြန်ဆုံး ချီတက်သွားကြပါတော့လို့ ပြောချင်တယ် ။ ဒီလို မဟုတ် တာတွေကြောင့် လူမျိုးရေး ပဋိပက္ခတွေဟာ အမြဲတမ်းဖြစ်ပေါ်နေ တတ်တယ်ဆိုတာ သိထားဖို့ လိုပါတယ် ။ ဒါ့ကြောင့် တို့ မီး ရို့  မီးတောမလုပ်ကြပါနဲ့ လို့  ပြောချင်ပါတယ် ။ ခိုင်အောင်ကျော် ( နယူးယောက် )

From: ရွှေမြန်မာမီဒီယာဂရု

ပိတောက်ပင် ရေနံမှော် လက်ယက်တွင်း မီးလောင်မှုဖြစ်ပြီး လေးဦး ဒဏ်ရာရ

Posted by drmyochit Saturday, September 29, 2012, under | No comments



From: ရွှေမြန်မာမီဒီယာဂရု 

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာ၊ ပိတောက်ပင် ရေနံမှော် ရွှေရာသီကုမ္ပဏီ လက်ယက်တွင်းတိမ် လုပ်ကွက်တွင် စက်တင်ဘာ ၂၅ ရက် ညနေ ၆ နာရီ ၁၀ မိနစ်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ရေနံတွင်း လုပ်သား လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ် မှာ ရွှေရာသီကုမ္ပဏီ လက်ယက်တွင်းတိမ်လုပ်ကွက် တွင်းအမှတ် Ms.18 ခပ်လျှံရေနံတွင်း၌ မန်နေဂျာ ဦးကျော်လွင် (၄၅) နှစ် (ဘ-ဦးလှထွန်း) ကျောက်ယက်ကျေးရွာ ထားဝယ်မြို့နယ် မှ ဦးစီး၍ ရေနံတွင်း လုပ်သား လေးဦးဖြင့် ရေနံခပ်နေစဉ် ခပ်လျှံရေနံတွင်းအတွင်း ခပ်ခွက်သံကိုင်းနှင့် တွင်းကာသံပိုက်တို့ ပွတ်တိုက်မိရာ ရေနံတွင်းအတွင်းမှ မီးထွက်လောင်ကျွမ်းခဲ့သည်။ 
မီးလောင်မှုကြောင့် အင်ဂျင်၊ ကလပ်ခုံနှင့် ရေနံခပ် ဆက်စပ်ပစ္စည်းများ၊ ရေနံလှောင် မိုးကာကန်နှင့် ခပ်ယူပြီး ရေနံစိမ်းများ မီးလောင်ဆုံးရှုံးခဲ့ရပြီး ရေနံတွင်းလုပ်သား ရဲမင်းစိုး (၂၁)နှစ်၊ (ဘ-ဦးကြည်) အရာတော်ကျေးရွာ၊ ညောင်ဦးမြို့နယ်နေသူမှာ လက်နှစ်ဖက်၊ ရင်ဘတ်၊ ကျောမီးလောင်ဒဏ်ရာ (စိုးရိမ်ရ)၊ သိန်းစိုး (၂၃)နှစ် (ဘဦးဖိုးဆေး) အရာတော်ကျေးရွာ၊ ညောင်ဦးမြို့နယ် နေသူမှာ ဒူးနှစ်ဖက်၊ ရင်ဘတ် အနည်းငယ်၊ သန့်ဇင် (၃၂)နှစ် (ဘ-ဦးဌေးဦး) မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့နေသူမှာ ဝဲယာခြေလက် အနည်းငယ်၊ အောင်သက် (၁၈)နှစ် (ဘ-ဦးကျော်သိန်း) ဝါးခယ်မမြို့နေသူသည် ဝဲယာလက်တို့ မီးလောင်ဒဏ်ရာများ ရရှိသဖြင့် သရက်ခရိုင် အထွေထွေရောဂါကုဆေးရုံမှ ပြည်ခရိုင် အထွေထွေရောဂါကုဆေးရုံသို့ လွှဲပြောင်းကုသလျက် ရှိကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

စစ်တွေတွင် လုံခြုံရေး တင်းကျပ်၊ သတင်းအမှားထုတ်ပြီး ဆူပူမူ ဖြစ်အောင်ဖန်တီးမူများ ရှိနေ

Posted by drmyochit Saturday, September 29, 2012, under | No comments




ယနေ့ စစ်တွေ၏ အခြေအနေမှာ တည်ငြိမ်နေသော်လည်း အင်ဘာလာ ကျေးရွာအနီး တ၀ိုက်တွင် လုံခြုံရေးကိုအင်အားဖြည့် တိုးချဲ့ ချထားကြောင်း သတင်းရရှိသည်။ “ ရေခဲချောင်းရောင်း တဲ့ ကောင်လေး သေဆုံးတယ် ဆိုတာက ဖြစ်နိုင်ခြေ မရှိ ဖြစ်နေပါတယ်။ ဒါပေမယ့် လူတွေက အစိုးရ တာဝန်ရှိသူတွေ ပြောတာကို ယုံကြည်မူ မရှိ ဖြစ်နေတယ်။ တချို့ လူတွေက သတင်းမှား ထုတ်ပြီး ဆူပူမူတွေ ထပ်ဖြစ်အောင် ဖန်တီးနေတဲ့အနေထားမှာ ရှိပါတယ်” ဟု စစ်တွေမှ အမည်မဖေါ်လိုသူ နိုင်ငံရေး သမား တစ်ဦးက ပြောသည်။

ဆူပူမူများ ဖြစ်အောင် ဖန်တီးနေသူများမှာ မည်သူများ ဖြစ်နိုင်မလဲဟု မေးမြန်းရာ ခန့်မှန်း ရခက်ကြောင်း သူက ပြောဆိုသည်။ ယမန်နေ့က အခြေအနေမှာ ပေါက်ကွဲ လုနီးပါး ဖြစ်ပေါ်ခဲ့ကြောင်း အာဏာပိုင် များက အချိန်မှီ ထိန်းသိမ်းနိုင်ခဲ့၍ ပြဿနာ မပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“ ဟိုဘက် ဒီဘက် နှစ်ဖက်စလုံးမှာ တုတ်တွေ၊ ဓါးတွေ ဓါတ်ဆီ ပုလင်းတွေ အပြည့်ပါဘဲ။ ပေါက်ကွဲမူ ဖြစ်လို့ ကတော့ အရင်ထက် ပိုဆိုးသွားနိုင်ပါတယ်။ အခုက လူတွေက မကြာခင်က ဆူပူ ဖြစ်ထားတော့ အဆင်သင့် ပြင်ဆင် ထားကြတယ်။

လူတိုင်းလက်မှာ လက်နက် ကိုယ်စီ ရှိကြပါတယ်” ဟု သူက ဆက်ပြောသည်။ ယခုအခါ လုံခြုံရေးကို ပိုပြီး တင်းကျပ်ရန် အတွက် နောက်ထပ် အကူတပ်များ အင်ဘာလာ ရပ်ကွက်ဘက်သို့ ကား (၅) စီးခန့်နှင့် အတူ ၀င်ရောက် လာသည်ဟု သတင်း ရကြောင်း သူက ပြောသည်။ စစ်တွေ ဆတ်ရိုးကျချောင်း တဘက်ကမ်း ကျေးတောရွာမှ ဦးစောမောင်နှင့် ဒေါ်မချေတို့၏ သားဖြစ်သူ အောင်နိုင်ဦး (အသက် ၁၂ နှစ်) အား ရေခဲချောင်းရောင်းနေစဉ် အင်ဘာလာ ရပ်ကွက်ထဲသို့ ခေါ်ယူပြီး မွတ်ဆလင် အုပ်စု တစ်ခုက သတ်ပစ်လိုက်ပြီ ဆိုသော သတင်း စစ်တွေမြို့သို့ ပျံ့နှံ့သွားခဲ့ပြီးနောက် လူပေါင်း ၃၀၀၀ ခန့်က အဆို ပါကျေးရွာအား ၀ိုင်းဝန်းထားခဲ့ကြသည်ဟု ဆိုသည်။ ညနေပိုင်းထိ လူများက အဆိုပါ ကျေးရွာအနီးတွင် စုရုံးနေခဲ့ကြပြီး ပုဒ်မ ၁၄၄ ကြောင့်ညနေ ခုနှစ် နာရီခန့်တွင် လူစု ကွဲသွားခဲ့သည်ဟု ဆိုသည်။ လူစုခွဲရန် ရေခဲချောင်းရောင်သည့် လူငယ် အောင်နိုင်ဦး အသတ်ခံ ပျောက် ဆုံးနေသည့် သတင်းမှာ မဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ် အစိုးရမှ ရှင်းလင်းပြောကြား ခဲ့သော်လည်း မကျေနပ်သူ လူပေါင်း ၂၀၀ ခန့်က လူစုမကွဲမှီ ဓါတ်မီးတိုင်များကို တုတ်ချောင်းများဖြင့် ခေါက်ကာ အစိုးရကို “ လက်ရှိ အစိုးရ- ကုလား အစိုးရ” ဟု ဟစ်အော်ကာ သရော်ခဲ့ ကြသည်ဟု မျက်မြင် တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ် စစ်တွေ မြို့နယ် ပြည်နယ် လွှတ်တော် ဦးအောင်မြကျော်ကမူ အဆိုပါ လူငယ် အောင်နိုင်ဦး မှာ မိဘလက်ထဲသို့ ပြန်ရောက်သွားပြီ ဖြစ်ကြောင်းနှင့် သေဆုံးသွားသည် ဆိုခြင်းမှာ မဟုတ်မှန် ဘဲ ကောလောဟလသာဖြစ်ကြောင်း ယမန်နေ့က ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကို ပြောကြားခဲ့သည်။

From: ရွှေမြန်မာမီဒီယာဂရု

ကျောင်းသူ တစ်ဦးကို ကျောင်းထုတ်ရန် လုပ်ရာမှ ကျောက်ဖြူတွင် ကျောင်းအုပ်ဆရာမကြီးကို ကျောင်းသားများ ကန့်ကွက်

Posted by drmyochit Saturday, September 29, 2012, under | No comments

From: ရွှေမြန်မာမီဒီယာဂရု


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ပညာရေး ကောလိပ်တွင် ကျောင်းသူ တစ်ဦးကို ကျောင်းအုပ် ဆရာမကြီးက ကျောင်းထုတ်ရန် စီစဉ်ရာမှ ယခုလ ၂၆ ရက်နေ့ ညနေက ဆူပူ ကန့်ကွက်မူ တစ်ခု ပေါ်ပေါက်ခဲ့သည်။ “ ဖြစ်တာက ကျောက်ဖြူမြို့ ပညာရေး ကောလိပ်မှာ ဖြစ်တာပါ။ ညနေ ၆ နာရီ ၃၀ မှာ ကျောင်းသား ကျောင်းသူ တွေစုပြီး အဲဒီမခင်မီမီကျော် ဆိုတဲ့ ကျောင်းသူကို ကျောင်းမထုတ် ဖို့ တောင်းဆို ရာကနေ ဖြစ်တာပါ။ ဒါကို ကန့်ကွက်တဲ့ အခါ ဆန္ဒပြတဲ့ ပုံစံမျိုး ဖြစ်သွားပါတယ်” ဟု အမည်မဖေါ်လိုသူ ကျောင်းသား တစ်ဦးက ပြောသည်။

ပြဿနာမှာ ဂွမြို့မှ ကျောင်းသူ တစ်ဦးဖြစ်သူ မခင်မီမီကျော်သည် ကျောင်းတွင် ပေါ်ပေါက်ခဲ့သော ပြဿနာ တစ်ခု အတွက် အုပ်ထိန်းသူမိဖများကို ခေါ်ယူလာရမည်ဟု ကျောင်းအုပ်ဆရာမကြီး ဒေါက် တာ ဒေါ်ဝေေ၀ဦးမှ ပြောကြားရာ မိဖများကိုယ်စား သူမရဲ့ ဦးလေးတော်သူ တစ်ဦးကို ခေါ်လာခဲ့သည်ဟု ဆိုသည်။

ကျောင်းအုပ် ဆရာမကြီးက မခင်မီမီကျော် ခေါ်ယူလာသူမှာ ကျောက်ဖြူမြို့မှ ဆိုက်ကားသမား တစ်ဦး ဖြစ်သည်ဟု စွပ်စွဲပြီး ကျောင်းစည်းကမ်းကို ချိုးဖေါက်သည်သာမက မိမိအားလည်း အားမနာ လုပ်သည်ဟု ဆိုကာ ကျောင်းထုတ်မည်ဟု ပြောကြား ခဲ့သည်ဟု ဆိုသည်။ မခင်မီမီကျော်၏ မိခင် ဖြစ်သူမှာ သေဆုံးသွားပြီး ဖခင်မှာလည်း နိုင်ငံခြားသို့ ရောက်နေ သဖြင့် သူမ၏ ဦးလေးတော်သူ ကို ခေါ်ယူလာရခြင်းကြောင်း ရှင်းပြသော်လည်း ကျောင်းအုပ် ဆရာမကြီးက လက်မခံ ဘဲ ကျောင်းထုတ်မည်ဟု သာ ဆက်လက် ပြောဆိုခဲ့ကြောင်း သိရသည်။ ၎င်းနောက်ပိုင်း တွင်ကျောင်းသား ကျောင်းသူများက မခင်မီမီကျော်ကို ကျောင်း မထုတ်ရန် ကျောင်းအုပ် ဆရာမကြီး အား တောင်းဆိုခဲ့သည်ဟု သိရသည်။ သို့သော်လည်း ဆရာမကြီးက ကျောင်းထုတ်ရန် စီစဉ်သဖြင့် စက်တင်္ဘာလ ၂၆ ရက်နေ့က ညနေ ၆ နာရီခန့်တွင် ကျောင်းသား ကျောင်းသူများက စုပေါင်းပြီး ဆရာမကြီး၏ ကျောင်းထုတ်မည့် အစီအစဉ်ကို ၀ိုင်းဝန်း ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်ဟုဆိုသည်။

“ ကျောင်းသူ ကျောင်းသားတွေက မခံမရပ်နိုင်တော့ မခင်မီမီကျော်ကို ထုတ်ရင် သူတို့ကိုပါ ထုတ်ပစ်ပါဆိုပြီး တောင်းဆိုကြတယ်။ အကုန်သူ စုပြီးတော့ ဆန္ဒထုတ်ဖော်လိုက်ကြတာ ဖြစ်ပါတယ်” ဟု သူက ပြောသည်။

ကျောက်ဖြူ ပညာရေးကောလိပ်တွင် ကျောင်းတက်ခွင့်ရရေး အတွက်ကျောင်းသားတစ်ဦး အနေဖြင့် သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူး အပါအ၀င် နေရာ အများအပြားကို ကျပ်ငွေ ၅ သိန်းခန့် လာဒ်ထိုး ပြီးမှ ကျောင်းတက်ခွင့်ရသဖြင့် ကျောင်းထုတ်ခံရလျှင် အလွန်နစ်နာသွားနိုင်သဖြင့် မခင်မီမီကျော် ကို ကျောင်းမထုတ်ရန် ယခုလို တောင်း ဆိုရခြင်း ဖြစ်သည်ဟု အဆိုပါ ကျောင်းသားက ပြောဆို သွားပါသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ ဥက္ကဌနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းဝင်များအား တွေ့ဆုံ

Posted by drmyochit Saturday, September 29, 2012, under | No comments


နေပြည်တော် စက်တင်ဘာ ၂၈

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ(၂၇)ရက် ဒေသစံတော်ချိန် ညနေ(၃)နာရီတွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး၌ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီဥက္ကဌနှင့် အမေရိကန် ကုန်သည်ကြီးများ အသင်းမှ အသင်းဝင် များနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဋ္ဌေး၊ ဦးစိုးသိန်းနှင့် ဦးခင်ရီ၊ သံအမတ်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အမေရိကန် ပြည်ထောင်စု ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Mr. Joseph Yun ၊ အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီဥက္ကဌ Mr. Alexander Feldman နှင့် အမှုဆောင် များ၊ အမေရိကန် ကုန်သည်ကြီးများ အသင်းမှ Senior Vice President Mr. Myron Brilliant နှင့် အသင်းဝင် များ ဖြစ်ကြသည့် Abbot , ACE Group, Chevron, Chartis, Citi, Coca Cola, Deloitte, Dow Chemical, GE, Google, Master Card, Merck စသည့် ကုမ္ပဏီကြီးများမှ  လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် အမေရိကန် ပြည်ထောင်စု ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနှင့် အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီဥက္ကဌ တို့က နှုတ်ခွန်းဆက် စကား ပြောကြား ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အမှာစကား ပြောကြားသည်။ယင်းနောက် တက်ရောက်လာကြသည့် အမေရိကန် လုပ်ငန်းရှင်ကြီးများက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ လုပ်ငန်းများ လာရောက်လုပ်ကိုင်စဉ် မြန်မာနိုင်ငံမှ ပြည်သူများအတွက် အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးမေးမြန်းကြရာ နိုင်ငံတော်သမ္မတက ပြန်လည် ရှင်းလင်းဆွေးနွေးသည်။

 From: Myanmar Express

အီရန်အရေး ကုလသမဂ္ဂညီလာခံတွင် အစ္စရေးဝန်ကြီးချုပ် သတိပေး

Posted by drmyochit Saturday, September 29, 2012, under | No comments

အီရန်နိုင်ငံ၏ နျူကလီးယား လက်နက်ဖြင့် ခြိမ်းခြောက်လာနိုင်သည့် အခြေအနေကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူက ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် သတိပေး ပြောဆိုသွားသည်။
အီရန်အရေး ကုလသမဂ္ဂညီလာခံတွင် အစ္စရေးဝန်ကြီးချုပ် သတိပေး
အီရန်နိုင်ငံ၏ နျူကလီးယား လက်နက်ဖြင့် ခြိမ်းခြောက်လာနိုင်သည့် အခြေအနေကို အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နာတန်ယာဟူက ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် သတိပေး ပြောဆိုသွားသည်။ အီရန်နိုင်ငံသာ နျူကလီးယားလက်နက် ပိုင်ဆိုင်သွားပြီ ဆိုပါက အယ်လ်ကေးဒါး အကြမ်းဖက် တပ်ဖွဲ့လက်ထဲ နျူကလီးယားလက်နက် ထည့်ပေးလိုက်သည်နှင့် လုံးဝ ခြားနားတော့မည် မဟုတ်ဟု နာတန်ယာဟူက ပြောကြားခဲ့သည်။ ထို့အပြင် ၎င်းက အီရန်၏ နျူကလီးယား လက်နက် အဆင့်မြှင့်တင်မှု အခြေအနေကို အလေးထား စောင့်ကြည့်နေပြီး တိကျသော အတိုင်းအတာ တစ်ခုတွင် စစ်ရေးအရ အရေးယူသင့်ကြောင်းပါ အစ္စရေး ဝန်ကြီးချုပ်က သရုပ်ပြပုံနှင့်တကွ ရှင်းလင်း ပြောကြားသွားခဲ့သည်။



နယူးယော့ခ်တွင် ပြုလုပ်သည့် ညီလာခံတွင် နာတန်ယာဟူက "အီရန်က သူတို့လိုချင်တဲ့ ရည်မှန်းချက်ကို (၇၀) ရာခိုင်နှုန်းလောက် လမ်းဖောက်ပြီးပြီ။ ခုဆိုရင် ဒုတိယအဆင့်ကို တက်လှမ်းနေပြီ။ နောက်နှစ် နွေရာသီလောက်ဆိုရင် နျူကလီးယား သန့်စင်မှုနှုန်းက အလယ်အဆင့်လောက်ကို ရောက်လာမယ်။ အဲဒီကနေပြီး နောက်ဆုံးအဆင့်ကို တက်မယ်။ အဲဒီကျရင် နျူကလီးယားဗုံး တစ်လုံး တည်ဆောက်ဖို့ လိုအပ်တဲ့ သန့်စင်မှုကို သီတင်းပတ် နည်းနည်းလောက်နဲ့ ပြီးအောင် သူတို့ လုပ်နိုင်သွားပါပြီ"ဟု ရှင်းပြခဲ့သည်။

၎င်းက အီရန်၏ နျူကလီးယား သန့်စင်မှုကို သည်းခံနိုင်စွမ်းရှိမည့် နောက်ဆုံး အတိုင်းအတာ Red Lineအဖြစ် (၉၀)ရာခိုင်နှုန်းထိ ရှိလာချိန်တွင် အရေးယူသင့်ကြောင်း ပြောကြားခဲ့သည်။ "ကျွန်တေယ် ယုံကြည်တယ်။ ဒီအခြေအနေမှာ Red Lineတစ်ခု ရှိနေရမယ်။ အီရန်က သူတို့ စီစဉ်နေတာကို နောက်ဆုတ်ရပါမယ်။ ဒါဆိုရင်တော့ သံတမန်ရေးရာ ဖြေရှင်းဖို့အတွက် အချိန်ပိုရလိမ့်မယ်"ဟုလည်း နာတန်ယာဟူက ပြောဆိုသွားသည်။ လက်ရှိတွင် အမေရိကန် ပြည်ထောင်စုသည် အစ္စရေးအား အီရန်ကို ထိုးစစ်မဆင်ရန် ထိန်းသိမ်းထားနေဆဲ ဖြစ်သော်လည်း အစ္စရေးကမူ ဒေသတွင်း ရန်သူတော်ကြီး၏ ခြေလှမ်းတိုင်းကို အထူးတလည် စိုးရိမ်လျှက် ရှိသည်။ အီရန်ကမူ မိမိတို့၏ နျူကလီးယား လုပ်ငန်းစဉ် အားလုံးသည် စွမ်းအင်ကဏ္ဍနှင့် ဆေးဝါးသုတေသန လုပ်ငန်းများအတွက်သာ ရည်ရွယ်ကြောင်း အခိုင်အမာ ပြောဆိုနေဆဲ ဖြစ်သည်။ 


From: Myanmar Express

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ သဘာပတိ၊ ဥရောပကောင်စီ ဥက္ကဌ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ်တို့အား တွေ့ဆုံ

Posted by drmyochit Saturday, September 29, 2012, under | No comments


နေပြည်တော် စက်တင်ဘာ ၂၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ(၂၇)ရက် နံနက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပသည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်း ပြောကြားပြီးနောက် ဒေသစံတော်ချိန် နံနက် (၁၀)နာရီ (၄၅) မိနစ်တွင် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ H.E. Mr. Vuk Jemic အား ၄င်း၏ ဧည့်ခန်းမ​​သို့ သွားရောက် တွေ့ဆုံသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် နံနက်(၁၁)နာရီတွင် ကုလသမဂ္ဂ ဌာနချုပ် အဆောက်အဦ နှစ်နိုင်ငံ အစည်းအဝေးခန်းမ၌ ဥရောပကောင်စီ ဥက္ကဌ H.E.Mr. Herman Vn Rompuy နှင့် ဥရောပ သမဂ္ဂအဖွဲ့ နိုင်ငံခြားရေးနှင့် လုံခြုံရေးကောင်စီ ကိုယ်စားလှယ် Ms. Cathrine Ashton တို့အား လက်ခံ တွေ့ဆုံသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် နယူးယောက်မြို့တွင် ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီနာအား ဆက်လက် လက်ခံ တွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲများသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ နယ်စပ်ရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး    သိန်းဋ္ဌေး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီနှင့် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်တင်တို့ တက်ရောက် ကြသည်။        
  From: Myanmar Express

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်