Monday, March 31, 2014

အိန္ဒိယသမုဒ္ဒရာ MH370 အပိုင်းအစများတွေ့သည် အနီးအနားတွင် ငါးဖမ်းသင်္ဘောတစ်စင်း ပျောက်ဆုံး

Posted by drmyochit Monday, March 31, 2014, under | No comments


Monday, March 31, 2014

အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်း အန္ထာတိကတိုက်နားမှာ ငါးဖမ်းသင်္ဘောတစ်စင်း ပျောက်ဆုံးနေတဲ့ အတွက် သင်္ဘောအမှုထမ်းတွေအတွက် စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။ ငါးဖမ်းလှေ ပျောက်ဆုံးသွားတဲ့ နေရာဟာ မလေးရှားလေယာဉ်အပိုင်းအစတွေ တွေ့ရှိထားတဲ့ အိန္ဒိယသမုဒ္ဒရာရဲ့ မလှမ်းမကမ်းမှာ ရှိနေတဲ့အတွက် ပျောက်ဆုံးနေတဲ့ လေယာဉ်ရဲ့ အပိုင်းအစကို ရှာဖွေနေတဲ့ သြစတြေးလျ ရှာဖွေရေး လေယာဉ်က အဲဒီငါးဖမ်းသင်္ဘောကို ရှာဖွေမှု လုပ်ခဲ့ရပါတယ်။
Tanzania အလံလွှင့်ထူထားတဲ့ ငါးဖမ်းသင်္ဘောရဲ့ အပိုင်းအစကို တွေ့ရှိခဲ့ပေမယ့် သင်္ဘောပေါ်က အမှုထမ်းတွေကိုတော့ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ အဲဒီသင်္ဘောဟာ မနေ့မနက်တုန်းက ဒုက္ခရောက်နေကြောင်း ပြောဆိုသံကို သြစတြေးလျ ရေတပ်က ကြားပြီးတဲ့နောက် မလေးရှားလေယာဉ်ရှာဖွေမှု လုပ်နေတဲ့ သြစတြေးလျ လေယာဉ်က သွားရောက် ရှာဖွေမှုတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ရာသီဥတုအခြေအနေပေါ် မူတည်ပြီး ဒီကနေ့ မလေးရှားလေယာဉ်အပိုင်းအစနဲ့ သဘောင်္အမှုထမ်းတွေကို ရှာဖွေမှုတွေ ဆက်လက်ပြုလုပ်ကြမှာ ဖြစ်ပါတယ်။ ခုလောလောဆယ် ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ကို သင်္ဘော ၈ စင်းနဲ့ လေယာဉ် ၉ စင်းတို့က ရှာဖွေမှုတွေ ပြုလုပ်နေကြပါတယ်။

ABC Radio Australia - မြန်မာပိုင်း

ပျောက်ဆုံးမလေးလေယာဉ် ရှာဖွေမှု ရပ်တန့်မှာ မဟုတ်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီး ပြော

Posted by drmyochit Monday, March 31, 2014, under | No comments


မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှက်မွတ်ဒင် ဟူစိန်

မလေးရှား သယ်ယူပို့ဆောင်ရေးဝန်ကြီး ဟီရှက်မွတ်ဒင် ဟူစိန်က ပျောက်ဆုံး မလေးရှားလေယာဉ် MH370 က ရှင်သန်ကျန်ရစ်သူတွေကို ရှာဖွေမှုကို ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူးလို့ တရုတ်နိုင်ငံပိုင်ရုပ်သံ စီစီတီဗွီနဲ့ လူတွေ့ မေးမြန်းခန်းအတွင်း မတ် ၃၀ ရက်နေ့က ပြောဆို ကတိပြုလိုက်ပါတယ်။

မလေးရှားမြို့တော် ကွာလာလမ်ပူမှာ ရောက်နေတဲ့ ဆွေမျိုးတွေနဲ့ ဆွေးနွေးနေပါတယ်။ တရုတ်ခေါင်းဆောင် အဆင့်တိုင်းနဲ့လည်း စကားပြောနေခဲ့တယ်လို့လည်း သူက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၉ ရက်နေ့ကတော့ မလေးရှားဝန်ကြီးဟာ ပျောက်ဆုံးလေယာဉ်ပေါ် ပါသွားသူတွေရဲ့ မိသားစုတွေနဲ့ တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

တရုတ်အစိုးရကတော့ မလေးရှားအာဏာပိုင်တွေက ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆက်ပြီး လုပ်မယ်ဆိုတဲ့ အာမခံချက်ကို လိုချင်နေခဲ့ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်ပြည် ပေကျင်းမြို့တော်ကို မတ် ၈ ရက်နေ့က ထွက်သွားတဲ့လေယာဉ် ပျောက်ဆုံးနေတာ ၃ ပတ် ကျော်နေပြီး ဖြစ်ပါတယ်။ လေယာဉ် ပေါ်မှာတော့ ခရီးသည်နဲ့အမှုထမ်း စုစုပေါင်း ၂၃၉ ယောက် လိုက်ပါသွားပါတယ်။
သြစတြေးလျဝန်ကြီးချုပ် တိုနီအဘ်ဘော့ကတော့ ပျောက်ဆုံးလေယာဉ်ကို ဘယ်အချိန်ထိပဲ ရှာမယ်ဆိုတဲ့ အချိန်ကန့်သတ်ချက် ထားမှာ မဟုတ်ဘဲ မတွေ့မချင်း ရှာမယ်လို့ မတ် ၃၁ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

ဒါအပြင် ရှာဖွေရေးလုပ်ငန်းအတွက် ကုန်ကျစရိတ်က ဆွေးနွေးရမယ့် အရေးကိစ္စ မဟုတ်ဘူးလို့လဲ ပြောဆိုလိုက်ပါတယ်။
သြစတြေးလျနိုင်ငံ ပါ့သ်မြို့ ပီးယာ့စ်လေတပ်အခြေစိုက်စခန်းအတွင်းရှိ ပျောက်ဆုံး လေယာဉ်ရှာဖွေရေး တောင်ဘက် စင်္ကြန်လမ်းမှာ သတင်းထောက်တွေကို ခုလို ပြောလိုက်တာပါ။
ရေဒါနဲ့ ဂြိုလ်တုသတင်းအချက်အလက်တွေအပေါ် အကဲဖြတ်မှုအသစ်အရ ရှာဖွေရေး နယ်နမိတ်ကို ပါ့သ်မြို့အနောက်ဘက်က နဂိုသတ်မှတ်နေရာကနေ မြောက်ဘက် ၆၈၅ မိုင် အကွာကို ပြောင်းရွှေ့ ရှာဖွေနေပါတယ်။

နိုင်ငံပေါင်း ၂၄ နိုင်ငံက လေယာဉ်နဲ့ သင်္ဘောအစီး ၆၀ လောက်နဲ့ ၀ိုင်းဝန်း ရှာဖွေနေပေမယ့် ခုချိန်ထိ ပျောက်ဆုံးလေယာဉ်လို့ အတည်ပြုနိုင်တဲ့ အပျက်အစီး သဲလွန်စ တစုံတရာ မတွေ့သေးပါဘူး။

By ဒီဗွီဘီ

Pregnancy Signs ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)

Posted by drmyochit Monday, March 31, 2014, under | No comments


Monday, March 31, 2014

(၁) ဖြစ်တဲ့သူ အသက်က 36 ပါဆရာ။ နောက်ဆုံးရာသီလာတဲ့နေ့က 15.2.2014 ပါဆရာ။ နောက်ဆုံး အတူနေတဲ့ရက်က 20.1.2014 ပါ။ အခု 20.3.2014 ကစပြီး အဖြူတွေပဲ ဆင်းနေပါတယ်တဲ့ ဆရာ။ သူအခုရောက်နေတဲ့ နေရာ့ မှာက အင်တာနက်တခုပဲ ရလို့ပါဆရာ။ ဆီးစစ်တံလဲ မလွယ်လို့ပါတဲ့ ဆရာ။ ကျေးဇူးပြုပြီး ဖြေပေးပါဆရာ။

(၂) ရာသီမလာခင်တစ်ရက် ကိုယ်ဝန်စစ်တော့ မရှိပါ။ အခု ရာသီလာမဲ့ရက်ထက် သုံးရက်လောက် ကျော်နေပါပြီ။ မစစ်ရဲသေးလို့ပါ။ ကိုယ်က ကိုယ်ဝန်လိုချင်တာဆိုတော့ မရှိရင် ငိုမိမှာစိုးလို့ပါ။ ရင်သားတွေကတော့ အရမ်းနာကျင်ပါတယ်။ အဖြူကလည်း တော်တော်ဆင်းပါတယ်။ အဲဒါ ရာသီနောက်ကျတာပါလားရှင်။
ကိုယ်ဝန်ရှိခြင်း လက္ခဏာတွေကို တချို့မှာ ဘာမှမခံစားရဘူး။ တချို့ကြ လူမမာကြီးလို အတော်ခံစားရတယ်။

ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)
၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီးတွယ်ကပ်ချိန်မှာ သွေးနဲနဲ စွန်းမယ်။ ဆီးစပ်နေရာကလဲ နာတာခံစားရနိုင်တယ်။ ရာသီလာလို့နာတာနဲ့ ခွဲခြားရမယ်။ မျိုးဥထွက်ချိန်ဆိုတာ (လလည်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။

၂။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ထင်ခြင်း၊

၃။ ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း၊

၎။ အတူနေချင်စိတ် ပြောင်းလဲလာခြင်း၊

၅။ ရင်သားနာခြင်း၊

၆။ ရင်သား ပိုကြီးထွားလာခြင်း၊

၇။ ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီးသိသာလာခြင်း၊

၈။ ညှစ်ရင် နို့ရည်ကြည် နဲနဲထွက်နိုင်ခြင်း၊

၉။ ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ဆေးတွေကြောင့်လဲ အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။

၁ဝ။ ချင်ခြင်းတပ်ခြင်း၊

၁၁။ အားကုန်ခြင်း၊

၁၂။ အသားအရေပြောင်းလဲလာခြင်း၊

၁၃။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။

၁၄။ ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊

၁၅။ ဗိုက်ထဲက ကလေးလှုတ်တာကိုသိနေခြင်း အများဆုံးက ၂ဝ ပါတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပါတ်အထိလဲ ဖြစ်နိုင်တယ်။

၁၆။ ဗိုက်ကြော စသည်ပြတ်ခြင်း (နောက်ပိုင်းမှသာဖြစ်တယ်)၊

၁၇။ ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း၊

၁၈။ (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။

၁၉။ ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြားနိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန်တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ (အာလ်ထွာဆောင်း) နဲ့စမ်းရင် ၆ ပါတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁၇ဝ၊

၂ဝ။ သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့စမ်းလို့ရပြီ။

သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ -
ခေါင်းကိုက်တာ၊ စိတ်မူပြောင်းခြင်း၊ စိတ်တိုခြင်း၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူဖြစ်တယ်။) ဝမ်းချုပ်တာ Progesterone ကြောင့်ဖြစ်တယ်။ ဒီဟော်မုန်းက အစာကိုအောက်ဆင်းတာ နှေးစေတယ်။ (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလဲ အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင် ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှုခံယူရမယ်။

ကိုယ်ဝန်ရှိ-မရှိ စမ်းသပ်ခြင်း
Urine Pregnancy Test ဆီးစစ်နည်းကို သိပ်စောစောစမ်းရင် ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။ ရာသီလာရမဲ့ရက်ထက် တပါတ်နေလို့ မလာသေးရင် စမ်းပါ။ ကိုယ်ဝန်ရှိမယ်ထင်ပေမဲ့ အနုတ်ပြနေရင် နောက်တပါတ် အကြာမှာ တခါထပ်စမ်းပါ။ မနက်ခင်းသွားဆီးကို စစ်ပါ။ ရေလဲ မသောက်သေးဘဲ ၄ နာရီလောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလဲ ရတယ်။ ကိုယ်ဝန် ၄-၅ ပတ်ရှိနေသူဆိုရင် ဘယ်အချိန်သွားတဲ့ဆီးဖြစ်ဖြစ်ရတယ်။

ဆီးစစ်ရမဲ့ရက်ဆိုတာ မ-မျိုးဥထွက်ချိန် (လလည်ရက်) ရဲ့နောက် ၆-၁၂ ရက်မှာဖြစ်တယ်။ ဒိထက်စောပြီး ဘယ်နည်းနဲ့ စမ်းစမ်း မသိနိုင်ဘူး။ မ-မျိုးဥက ပုံမှန် ၁၄ ရက်မှာ ထွက်ပေမဲ့ နောက်ကျနေသူတွေဆိုရင် မတူနိုင်ဘူး။ ကိုယ်ဝန် ရှိ-မရှိ စမ်းတယ်ဆိုတာ တိကျဘို့ရာ ဘယ်ရက်မှာ အတူနေခဲ့သလဲဆိုတာထက် ဘယ်ရက်မှာ မျိုးဥထွက်သလဲက အရေးပါတယ်။

သုက်ပိုးတွေက ပုံမှန်ဆိုရင် သားအိမ်ပြွန်ထဲမှာ မျိုးဥထွက်အလာကို စောင့်နေရင်း ၅ ရက်အထိ ရှင်နေနိုင်တယ်။ သားအိမ် အတွင်းလွှာမှာ လာတွယ်ကပ်ဘို့ နောက်ထပ် ၁၂ ရက်ကြာစောင့်ရသေးတယ်။ ဆိုလိုတာက ဘယ်လောက်တိကျတဲ့ နည်းနဲ့ဖြစ်ဖြစ် သုက်ပိုးဝင်လာပြီးနောက် (၅ + ၁၂ = ၁၇) ရက်ထက်စောပြီး မသိနိုင်ဘူး။ တချို့စမ်းသပ်နည်းက hCG ဟော်မုန်း (100 mIU/mL) ရှိရင်စမ်းလို့ရတယ်။ ဒါကြောင့်နောက်ထပ် ၃-၄ ရက် စောင့်ရပြန်သေးတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုပြုပြီးတဲ့နောက်မှာ ၃ ပါတ် (၂၁ ရက်) အတွင်းစမ်းရင် မမှန်တဲ့ အနုတ် ပြနိုင်တယ်။

Blood pregnancy tests သွေးစစ်နည်းကိုလဲ လုပ်နိုင်တယ်။ ဆီးစစ်တာထက် ပိုသေခြာတယ်။ အရည်အသွေးရော အရေအတွက်ပါ စမ်းနိုင်တယ်။ ယေဘုယျ ပြောရရင် hCG ဟော်မုန်းက ကိုယ်ဝန်ရှိစ လတွေမှာ တရက်နဲ့ တရက် ဆတိုး များများလာတယ်။ ၄၈ နာရီခြား သွေးစစ်နေရင် ကိုယ်ဝန်ရဲ့အခြေအနေကို မှန်းလို့ပိုကောင်းမယ်။ ဆိုပါစို့ ကိုယ်ဝန်က ကောင်းပြီး ရင့်ရင့်လာတာ၊ ပျက်ချင်တာနဲ့ သားအိမ်ပြင်ပ သန္ဓေတည်တာ၊ အမွှာဖြစ်နေတာတွေ ခွဲသိမယ်။ ဒါပေမဲ့ ဒီလိုလုပ်ဘို့ လူတိုင်း မလိုပါ။

Quantitative blood tests ဟော်မုန်းအနည်း-အများကို စမ်းတဲ့သွေးစစ်နည်းကတော့ မျိုးစပ်ပြီးသား သန္ဓေက သားအိမ်အတွင်းဆုံးလွှာကို လာကပ်ပြီဆိုတာနဲ့ သိနိုင်တယ်။
ရာသီလဲ မလာ၊ ကိုယ်ဝန်ရှိတယ်လဲထင်ရင် ဆီးစစ်ပေမဲ့ အပေါင်းမပြရင် ၂-၃-၄ ရက် စောင့်ပြီး ထပ်စစ်ပါ။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ အနုတ် ဖြစ်နေမယ်၊ ရာသီလဲ မလာသေးရင် ဆရာဝန်က စမ်းဘို့ လိုမယ်။ (အာလ်ထွာင်းဆောင်း) ရိုက်ချင်ရိုက်မယ်။

ဒေါက်တာတင့်ဆွေ

သားသတ်ရုံအ၀၌ ဒူးထောက်ငိုကြွေး အသနားခံသော နွားကြီးအား တရုတ်ဘုန်းကြီးကျောင်းထံသို့လွှဲအပ်

Posted by drmyochit Monday, March 31, 2014, under | No comments


မယုံမရှိနဲ့ ဤအဖြစ်အပျက်သည် ဟောင်ကောင်၌ အမှန်တကယ် ဖြစ်ခဲ့သည်။ အလုပ်သမားတစ်စုက နွားကြီးတစ်ကောင်ကို သားသတ်ရုံကို ဆွဲခေါ်လာခဲ့ရာ ၀င်ပေါက်ဝအနားအရောက်၌ သနားစရာ နွားကြီးခမျာ ရှေ့ခြေထောက် ၂ ချောင်းကို ညွှတ်၍ ဒူးထောက်ချလိုက်သည်။ မျက်ရည်များ ဖြိုင်ဖြိုင်ကျလာပြီး ရှေ့ဆက်သွားခိုင်းလို့လည်း မရတော့ပေ။

နွားတစ်ကောင်က အသတ်ခံရတော့မည်ဆိုသည်ကို သားသတ်ရုံအထဲမှ မရောက်သေးခင် မည်ကဲ့သို့ သိပါသလဲ။ မျက်မြင်များကတော့ ပြောမယုံ ကြုံမှသိ ဖြစ်ခဲ့ရသည်။

မစ္စတာရှုးဆိုတဲ့ သားသတ်သမားကြီးက `ဒီနွားကြီးရဲ့ မျက်လုံးမှာ ကြောက်ရွံ့စိုးထိတ်မှုတွေနဲ့ ငိုကြွေးနေတာ မြင်တဲ့အခါ ကျွန်တော်လည်း တုန်လှုပ်မိတယ်၊ ဒါကို ကျွန်တော်က ကျန်တဲ့လူတွေကို ခေါ်ပြတယ်။ မြင်သူတိုင်း အံသြကြတယ်။ ဒါနဲ့ ကျွန်တော်တို့ ရှေ့ကို ဆက်သွားခိုင်းတော့ မလှုပ်မယှက်နဲ့ ငိုပြီးရင်း ငိုနေတော့တာပဲ´ ဟုဆိုသည်။

အဆိုပါ သားသတ်ရုံပိုင်ရှင်ဖြစ်သူ ဘီလီဖောင်းက `လူတွေက တိရစ္ဆာတွေဟာ လူတွေလို မငိုတတ်ဘူး ထင်ကြတာ၊ ဒါပေမယ့် ဒီနွားကြီးက ငိုတာမှ ကလေးလေး တစ်ယောက်အတိုင်းပဲ´ ဟု ပြောသည်။ ထိုအဖြစ်အပျက်အား လူ ၁၀ ယောက်ကျော် မြင်ခဲ့ရပြီး မြင်သူတိုင်းကို စိတ်ထိခိုက်စေခဲ့သည်။ ၎င်းနွားကြီးအား သတ်ဖြတ်ရန် တာဝန်ကျသူ သားသတ်သမားများအဖို့ ပို၍စိတ်ထိခိုက်ရပြီး မျက်ရည်များပင် ကျကြလေသည်။

သားသတ်ရုံမှ အခြားအလုပ်သမားများလည်း အသနားခံနေသည့် နွားကြီးအား လာရောက်ကြည့်ရှုရာ လူများ ပြည့်ကြပ်သွားသည် ဆိုသည်။ သားသတ်သမား ၃ဦးက ၎င်းတို့အနေနှင့် ဤနွားကြီးအား ဘယ်သောအခါမှ မေ့နိုင်မည်မဟုတ်ဟု ပြောသည်။

နွားကြီးနှင့်အတူ လူများပါ ငိုကြွေးလျှက်ရှိကြရာ ယင်းနွားကြီးအား သတ်ဖြတ်ရန်အလို့ငှာ မည်သူမျှ တတ်နိုင်မည် မဟုတ်ကြောင်း အားလုံးက သဘောပေါက်သိရှိသွားကြပြီး နောက်ဆုံး၌ ယင်းနွားကြီးအား ငွေစု၍ ၀ယ်ယူပြီး ဘုန်းကြီးကျောင်းသို့ လှူဒါန်းခဲ့ကြသည်။ ဘုန်းတော်ကြီးများက နွားကြီးအား တစ်သက်တာလုံး ဂရုစိုက်ပေးကြ ပေမည်။

ထိုကဲ့သို့ ၀ယ်ယူ၍ ဘုန်းကြီးကျောင်းသို့ လှူဒါန်းရန် ဆုံးဖြတ်ချက်ချခဲ့ကြပြီးနောက် အံအားသင့်ဖွယ်ရာ နောက်ထပ်အဖြစ်တစ်ခု ကြုံကြရပြန်သည်။
`သူ့ကို မသတ်တော့ပါဘူးလို့ ဂတိပေးလိုက်တော့မှ ခေါ်ရာနောက် လိုက်တော့တယ်´ဟု အလုပ်သမားတစ်ဦးက ပြောသည်။

`ယုံမလားတော့ မသိဘူး။ ပြောပြလို့ ယုံချင်မှ ယုံလိမ့်မယ်၊ ဒါပေမယ့် တကယ် ဖြစ်ခဲ့တာ´ ဟု မစ္စတာရှုးက ပြောသည်။ နွားကြီးသည် သားသတ်သမားများ၏ ဘ၀နှင့် ခံယူချက်အား အတိုင်းအတာတစ်ခုအထိ ပြောင်းလဲပေးနိုင်ခဲ့သည်မှာ သံသယ ဖြစ်ဖွယ်ရာ မရှိ။

တိရစ္ဆာန်များကို လူသားများ၏ အသုံးခံသက်သက်အဖြစ် မသတ်မှတ်ထိုက်။ ဇီဝဗေဒနှင့် တိရစ္ဆာတို့၏ စိတ်ခံစားမှု၊ ခံစားနိုင်စွမ်းကို နားလည်ခြင်းက အရေးကြီးပါသည်။ သို့သော် ယခုအဖြစ်အပျက်ကဲ့သို့ လူသားနှင့် တိရိစ္ဆာအကြား နှလုံးသားချင်းဆက်သွယ်မှုကို လက်တွေ့ မြင်ရခြင်းက ပိုမိုစွမ်းပကားထက်လှသည်။

Credit : News Watch

Sunday, March 30, 2014

အသည်းရောဂါကို ဖြစ်စေနိုင်သော အကျင့်ဆိုးများ

Posted by drmyochit Sunday, March 30, 2014, under | No comments


မှန်ကန်သော နေထိုင်စားသောက်မှု မရှိခြင်းဟာ မိမိအတွက် ရောဂါတွေကို မွေးမြူထားသလို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မှန်ကန်သော နေထိုင်စားသောက်မှု ရှိအောင် ကြိုးစားနေထိုင် စေလိုပါတယ်။ ယခု အသည်းရောဂါ ဘာကြောင့် ဖြစ်ပေါ်ရသလဲ ဆိုတာကို ရေးသား လိုက်ရပါတယ်။

(၁) ညအိပ်ယာဝင် နောက်ကျပြီး နံနက်အိပ်ယာထ နောက်ကျခြင်းဟာ အဓိက အကျင့်ဆိုး ဖြစ်ပါတယ် ။ (ည ၁၀ နာရီ မနက် ၅ နာရီ မှန်ကန်သော အိပ်ချိန်)

(၂) မနက်စာကို မစားဘဲ နေခြင်း။

(၃) မနက်အိပ်ယာထလျှင် ကြင်ငယ်ရည်ကို မသွားဘဲ ချုပ်ထိန်းထားခြင်း။

(၄) အလွန်အကျွံ စားခြင်း။ ( ပုံမှန်စားတာထက် တစ်ခါတစ်လေမှာ မိမိဝမ်းဗိုက်ထက် မဆံ့အောင်စားခြင်းကို ဆိုလိုပါတယ်)

(၅) ဆေးဝါးများကို အလွန်အကျွံ မှီဝှဲနေခြင်း။ (ဆေးဝါး ဆိုတာက မိမိခန္ဓာကိုယ်မှာ လိုအပ်တဲ့ အချိန် မှီဝှဲတာဟာ အကောင်းဆုံးပါ။ ဒီလိုမဟုတ်ဘဲ အနည်းငယ် နေမကောင်းဖြစ်ရုံမျှဖြင့် ဆေးဝါးများကို အလွန်အကျွံ မမှီဝှဲသင့်ပါ)။

(၆) သဘာဝက ဖြစ်ပေါ်လာသော အစားအစာ မဟုတ်ဘဲ အတုလုပ်ထားသော အစားအစာများ၊ Date ကျော်နေသော အစားအစာများ၊ ပိုးသတ်ဆေးများ အသုံးပြုထားသော အစားအစာများ ကိုစားသုံးနေခြင်း။ ( ယနေ့ခေတ်မှာ အဲလိုမျိုး အစားအစာတွေကို မလွဲမရှောင်လို့ စားသုံးနေလို့ ရတယ်ဆိုရင် ၎င်းအသီးအရွက်များကို ရေနွေးစူစူဖြင့် အရင်စိမ်ပြီး စားသုံးပါလို့ အကြံပေးပါရစေ)

(၇) အရက်များ အလွန်အကျွံသောက်ခြင်း။

(၈) အစားအသောက်များကို ကျန်းမာရေးနှင့် ညီညွတ်အောင် ချက်ပြုတ်စားသောက်မှု မပြုခြင်း။ ( အထူးသဖြင့် ဆီများကို အလွန်အကျွံစားသုံးခြင်း ဖြစ်ပါတယ်)

(၉) နောက်ဆုံး အကျင့်ဆိုးကတော့ အထိုင်များသူ ဖြစ်ပါလျက် ကိုယ်လက် လေ့ကျင့်ခန်း ဘာမှမလုပ်ခြင်း ဖြစ်ပါတယ်။ (မိမိဟာ နေ့စဉ်နေ့တိုင်း ထိုင်ခုံမှာ ထိုင်ပြီး အလုပ်လုပ်သူဆိုရင် မဖြစ်မနေ လေ့ကျင့်ခန်း လုပ်ပါ။ ဒီလိုမှမဟုတ်ရင်တော့ ရောဂါများ သင့်ဆီကို ဝင်ရောက်လာမှာ မလွဲဧကန်ပါ )

အထက်ပါ ဖော်ပြပါ အချက်များသည် အသည်းရောဂါကို တစ်ခုတည်း အတွက် မဟုတ်ပါဘူး။ အခြားသော ရောဂါများအတွက် ရည်ညွှန်းပါတယ်။ ဒါကြောင့် ရှင်သန်နေသော လူ့ဘဝမှာ ကျန်းမာရေးဟာ အထူးပင် အရေးကြီးတာကြောင့် အထူးဂရိုစိုက်စေ ချင်ပါတယ်။

အားလုံးကို ကျေးဇူးတင်လျှက်
ပြန်လည်မျှဝေမယ် ဆိုပါက နာမည်နှင့် စာမျက်နှာ လေးကိုပါ ထည့်ပေးပါလို့ တောင်းဆိုပါရစေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ

Pregnancy Twins (1) အမွှာကလေး လိုချင်ပါတယ်

Posted by drmyochit Sunday, March 30, 2014, under | No comments

(၁) ဆရာ အမွှာနဲ့ပတ်သတ်တာလေးတွေ သိချင်ပါတယ်။ အမျိုးသမီးက အမွှာကိုယ်ဝန်ဆောင်ထားလို့ပါ။
(၂) ဆရာရှင့် အမွှာကလေး လိုချင်ပါတယ်။ ဆေးစားလို့ ရပါသလား။ အမွှာရအောင်လုပ်လို့ ရပါသလား။ ဖြေကြားပေးပါ။ မျိုးရိုးတော့ မရှိပါဘူး။ နည်းလမ်းရှိရင် ပြောပြပေးပါ။ ကျေးဇူးတင်ပါတယ်။

တချို့စုံတွဲတွေက အခုမေးတသူလိုဘဲ အမွှာကို သိပ်ရချင်တတ်ကြတယ်။ သမတ George W. Bush မင်းသမီး Julia Roberts မင်းသား Mel Gibson တို့လို အမွှာမိဘတွေ ဖြစ်ချင်ကြတာကိုး။ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၁့၉% ဟာ အမွှာတွေ ဖြစ်ကြတယ်။ ကနေ့ခေတ်မှာ အမွှာမွေးတွေ ပိုများလာနေတယ်လို့ ဆိုတယ်။ အကြောင်းရင်း တချက်ကတော့ ကလေး မရ ရအောင် လုပ်ယူတာတွေကြောင့်တဲ့။

လူသိများ ထင်ရှားကြတဲ့ Famous Twins and Celebrity Twins တွေရှိပါတယ်။ အဆိုတော်ထဲက Alanis Morissette နဲ့ Justin Timberlake မင်းသားထဲက Billy Dee Williams နဲ့ Kiefer Sutherland မင်းသမီးထဲက Mary-Kate and Ashley Olsen Scarlett Johansson တို့ ဖြစ်ပါတယ်။ ရော့ခ်ဘုရင် Elvis Presley မှာလည်း အမွှာရှိခဲ့တယ်။

အမွှာဖြစ်ရတဲ့ အကြောင်းက တလမှာ တဥသာ ထွက်ရမဲ့ မ-မျိုးဥက တဥမက ထွက်လို့၊ ဒါမှမဟုတ် တခါမက ထွက်ပြီး၊ ထွက်တဲ့ ဥတွေက သုတ်ပိုးတွေနဲ့ ပေါင်းစပ်လို့ ဖြစ်တယ်။ ဒါမျိုးက ဆေးအကူတွေ မပါလည်း ဖြစ်နိုင်တယ်။ တကယ်လို့ မ-မျိုးဥ တခုထဲကနေ နှစ်ခု ကွဲထွက်ပြီး၊ သုတ်ပိုးနဲ့ ပေါင်းစပ်ရင် Identical twins ရစေမယ်။

ကလေးမရ ရအောင် လုပ်နည်းဖြစ်တဲ့ IVF မှာ သုတ်ပိုးနဲ့ ပေါင်းစပ်ထားပြီးသား Fertilized eggs ၃ ခု၊ ၃ ခုမက ကို သားအိမ်ထဲ ထည့်ပေးလိုက်တာပါ။ ရည်ရွယ်ရင်းကတော့ ၁ ခုသာ သားအိမ်ထဲမှာ တွယ်ကပ်ပြီး၊ သန္ဓေတည်စေဘို့ဘဲ။ ထင်သလို မဟုတ်ဘဲ၊ ၁-၂ ခု ဖြစ်ဖြစ်၊ အကုန်ဖြစ်ဖြစ် သွားတည်ရင် အမွှာတွေ ဖြစ်စေတော့တယ်။ တည်တာကလည်း သန္ဓေ ၂ ခု၊ အချင်း ၂ ခု၊ အချင်းအိတ် ၂ ခု။ ဒါမှမဟုတ် သန္ဓေ ၂ ခု၊ အချင်း ၁ ခု၊ အချင်းအိတ် ၂ ခုလည်း ဖြစ်နိုင်ပြန်တယ်။

Monozygotic (Identical) twins မမျိုးဥတခုတည်းကနေ ကျားသုတ်ပိုး တခုတည်းတို့ ပေါင်းစပ်ကြပြီးနောက် ဥနှစ်ခု ကွဲသွားပြီး၊ အားလုံး ဆင်တူအမွှာ နှစ်ယောက် ဖြစ်ရတာပါ။ ရှားပါတယ်။ အမွှာထဲမှာ ၃ ပုံ ၁ ပုံထက် နည်းတယ်။ မျိုးရိုး မလိုက်ဘူး။ ဘယ့်အချိန်ကြမှာ ဥနှစ်ခုကွဲသလဲအပေါ် မူတည်ပြီး၊ ရုပ်အသွင်တူတာ ကွာတယ်။ များသောအားဖြင့် ၁၂ ရက်လောက်မှာ ကွဲတတ်တယ်။ စောလေ တူလေ။ ကျား-ကျား၊ မ-မ လိင်တူကြတယ်။

Dizygotic (Fraternal) twins ဆိုတာကတော့ မ-မျိုးဥ ၂ ခုနဲ့ ကျားသုတ်ပိုး ၂ ခုတို့ ပေါင်းစပ်ကြလို့ မတူတဲ့အမွှာ ဖြစ်တာပါ။ ပေါင်းစပ်ချိန်လည်း မတူကြဘူး။ အမွှာထဲမှာ ၃ ပုံ ၂ ပုံရှိတယ်။ Fertility drugs ဆေးတွေ သုံးရင်ဖြစ်တာ ဒါမျိုး ဖြစ်လေ့ရှိတယ်။ ကျား-မ လိင် မတူတတ်ဘူး။ မတူတဲ့ ယောက်ျား ၂ ယောက်နဲ့ အတူနေလို့လည်း အဲလိုအမွှာ ဖြစ်တတ်တယ်။

သဘာဝအတိုင်း အမွှာရအောင်လုပ်နည်း မရှိပါ။ ဆေးကူလို့လည်း မရေရာပါ။ In vitro fertilization (IVF) ဆိုတဲ့နည်းက ကလေးမရနိုင်သူတွေအတွက် တကူးတက လုပ်ကြရာမှာတော့ ဖြစ်နိုင်တယ်။ စွန့်စားရမယ်။

Fertility drugs ဆေးတွေဆိုတာ အမျိုးသမီးတွေ လစဉ်ထွက်ရမဲ့ မျိုးဥထွက်ဖြစ်စဉ် Ovulation အပေါ် သက်ရောက် စေအာင် လုပ်တဲ့ ဆေးတွေ ဖြစ်တယ်။ ယောက်ျားတွေမှာလည်း နည်းနည်းပါးပါး ဒီဆေးမျိုး သုံးတတ်သေးတယ်။ ကလေးမရနိုင်သူ၊ ခဏခဏ သားပျက်သူတွေအတွက် သုံးတာ များတယ်။

Clomid or Clomiphene citrate, Serophene ဆေးတွေ ဖြစ်ပြီး ဒီဆေးတွေကြောင့် အမွှာရတတ်တယ်။ အမှန်က ဘေးထွက် အကျိုးတခုပါ။ အမွှာတောင်မှ ၂ ယောက်မွှာသာမက များနိုင်သေးတယ်။ တခြား သတိထားရမဲ့ ဘေးထွက် အကျိုးတွေလဲ ရှိသေးတယ်။

အမွှာရချင်လို့ ဒီနည်းသုံးချင်ရင် Fertility clinics အထူးဆေးကုဌာနမှာ စနစ်တကျ လုပ်သင့်တယ်။ အခုရေးတဲ့စာက ဗဟုသုတလောက်သာ အားကိုးနိုင်ပါလိမ့်မယ်။

Dr. တင့်ဆွေ

မိန်းကလေးများသိထားသင့်သော ပုံမှန်မဟုတ်တဲ့ အဖြူဆင်းခြင်း

Posted by drmyochit Sunday, March 30, 2014, under | No comments


မိန်းကလေးတွေမှာ အဖြူဆင်းတာက အဖြစ်များတတ်ပြီး မစိုးရိမ်ရတဲ့ အခြေ အနေ ဖြစ်နိုင်သလို အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ အဖြူဆင်းတာက အနံ့အသက် ရှိတယ်၊ အရောင်ရှိတယ် ဆိုရင် ပိုးဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။

ပုံမှန် အဖြူဆင်းခြင်း

မိန်းကလေးတွေမှာ အဖြူဆင်းရတဲ့ အကြောင်းက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ တစ်လတစ်ကြိမ်သား ဥကြွေချိန်မှာ မိန်းကလေးတွေရဲ့ အဖြူဆင်းတာက ပြောင်းလဲမှု ဖြစ်ပေါ်နိုင်ပါတယ်။ သားဥကြွေချိန်နီးတဲ့ ရက်တွေမှာ သင်ရဲ့ အဖြူဆင်းတာက အရည်ကြည်ကြည်တွေ ဆင်းတတ်ပါတယ်။ ဒါက ပုံမှန် အဖြူဆင်းတာဖြစ်လို့ မစိုးရိမ်ပါနဲ့။

ပုံမမှန် အဖြူဆင်းခြင်း

မိန်းမကိုယ်ကနေ ပုံမမှန် အဖြူဆင်းနေတယ် ဆိုရင်တော့ သားဖွားမီးယပ် ဆရာဝန်နဲ့ အမြန်ဆုံး ပြသစစ်ဆေးဖို့ လိုပါတယ်။ သားအိမ်ခေါင်းကင်ဆာနဲ့ သားဥအိမ် ကင်ဆာတွေ ဖြစ်နေနိုင်တာကြောင့်ပါ။

ငါးညှီနံရခြင်း - အဖြူဆင်းတဲ့အခါ ငါးညှီနံလို ညှီစို့စို့ အနံ့မျိုး ရနေရင် ဒါဟာ ပုံမှန်မဟုတ်ပါဘူး။ ဘက်တီးရီးပိုး ဝင်တာကြောင့် ဖြစ်နိုင်ပါတယ်။ အိမ်တွင်း ကုထုံးနဲ့ ဖြေရှင်းနိုင်ပါတယ်။ ပိုးသတ်အာနိသင်ရှိတဲ့ ကြက်သွန်ဖြူစားပါ၊ ဒိန်ချဉ်သောက်ပါ။ အဖြူဆင်းတဲ့အခါ ငါးညှီနံ့ရနေတာဟာ ယောနိ လမ်းကြောင်း ရောင်ရမ်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ယောနိ လမ်းကြောင်း ရောင်ရမ်းမှုကို မျိုးဆက်ပွားများနိုင်တဲ့ အသက်အရွယ် အတွင်းမှာရှိတဲ့ မိန်းကလေးတိုင်း ဖြစ်နိုင်ပါတယ်။ ဒါဟာ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါကြောင့်လို့တော့ သတ်မှတ်လို့ မရပါဘူး။ ကုသမှု နည်းလမ်းတွေကတော့ မျိုးစုံရှိနိုင်ပါတယ်။ အိမ်တွင်းကုထုံးနဲ့ မသက်သာပါက ဆရာဝန်နဲ့ ပြသ တိုင်ပင်ပါ။

အဖြူဆင်းရာတွင် အရောင်ပါခြင်း - လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပါတယ်။ အနံ့အသက် ဆိုးဆိုးရွားရွား ထွက်နေတာ၊ အဖြူဆင်း ရာမှာ အစိမ်းရောင်၊ အဝါရောင် ဒါမှမဟုတ် မီးခိုးရောင်တွေ ဖြစ်နေတတ်ပြီး အမျိုးသားနဲ့ အတူနေတဲ့အခါ နာကျင်တာ၊ ယားယံတာနဲ့ ယောနိလမ်း ကြောင်းတစ်လျှောက် နေမထိ ထိုင်မသာ ဖြစ်တတ်ပါတယ်။

ဒိန်ချဉ်လို အဖတ်များ ဆင်းခြင်း - မိန်းမကိုယ် မှိုစွဲတာကြောင့် ဖြစ်ပါတယ်။ ဒိန်ချဉ်သောက်ပေးရုံနဲ့ အလွယ်တကူ ပျောက်ကင်းနိုင်ပါတယ်။ အနံ့အသက် မရှိတတ်ပေမယ့် ပူစပ်ပူလောင်ဖြစ်တာနဲ့ ယားယံတာတွေ ခံစားရ တတ်ပါ တယ်။ ဆီးသွားတဲ့အခါ နာကျင်မှု ဖြစ်တတ်ပါတယ်။ ကလမ်မိုင်ဒီယား မှိုပိုး ကြောင့် ဖြစ်တတ်ပြီး ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

အရည်ကြည်များ ဆင်းခြင်း - လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ဟားပီးစ်ဗိုင်းရပ်စ်ပိုးကြောင့် အရည်ကြည်ကြည်တွေ ဆင်းတာနဲ့ မိန်းမကိုယ် တစ်ဝိုက်မှာ ကြွက်နို့ပေါက်တာတွေ ဖြစ်တတ်ပါတယ်။ မိန်းမကိုယ် တစ်ဝိုက်မှာ ပူစပ်ပူလောင်ဖြစ်တာ၊ ယားယံတာတွေ ဖြစ်တတ်ပြီး အရည်ကြည်ဖုတွေလည်း ပေါက်တတ်ပါတယ်။ အဖြူဖတ်များဆင်းခြင်း ဂနိုရောဂါကြောင့် မိန်းမကိုယ်က အဖြူဖတ်တွေ ဆင်းနေနိုင်ပါတယ်။ အဖြူဖတ်တွေ ဆင်းတာနဲ့အတူ ရောင်ရမ်းတာ၊ နာကျင်တာ၊ ယားယံတာတွေလည်း ဖြစ်နိုင်ပါတယ်။

ပျောက်ဆုံးလေယာဉ်မှ အသက်ရှင်ဖွယ်ရှိသူများကိုဆက်လက်ရှာဖွေမည်ဟု မလေးရှားဝန်ကြီးကတိပြု

Posted by drmyochit Sunday, March 30, 2014, under | No comments


ပျောက်ဆုံးနေသောခရီးသည်တင် လေ ယာဉ်မှ အသက်ရှင်သန်နိုင်ဖွယ်ရှိသူများအား ဆက်လက်ရှာဖွေ သွားမည်ဟု မလေးရှား ခေတ္တသယ်ယူပို့ဆောင်ရေးဝန်ကြီးက မတ် ၂၉ ရက်တွင် ကတိပြုလိုက်သည်။

ရက်သတ္တ သုံးပတ်ကြာမျှ ပျောက်ဆုံး နေသော လေယာဉ်နှင့်ပတ်သက်၍ မိမိတို့ မျှော်လင့်ချက် ကုန်ဆုံးခြင်းမရှိကြောင်း၊ အသက်ရှင်သန်လွတ်မြောက်သူများကို တွေ့ လို တွေ့ငြား ဆက်လက်ရှာဖွေသွားမည်ဖြစ် ကြောင်း ခေတ္တသယ်ယူပို့ဆောင်ရေးဝန်ကြီး ဟစ်ရှားမူဒင်ဟူစိန်က သတင်းထောက်များ အား ပြောကြားသည်။

မလေးရှားလေကြောင်းဌာနမှ ခရီးစဉ် အမှတ် အမ်အိပ်ခ်ျ-၃၇ဝ ပျံသန်းလာသော ခရီးသည်တင်လေ ယာဉ်သည် မတ် ၈ ရက်က မြို့တော်ကွာလာလမ်ပူမှ တရုတ်နိုင်ငံမြို့တော် ပေကျင်းသို့ မောင်းနှင်နေချိန် အတွင်း ပျောက်ဆုံးသွားခဲ့သည်။

ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း ၂၃၉ ဦးလိုက်ပါလာခဲ့သော ယင်းလေယာဉ်သည် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း ၌ ပျက်ကျဖွယ် ရှိသည်ဟု ဂြိုဟ်တုဓာတ်ပုံများအရ သိရှိရ ကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် က ပြောကြားခဲ့သည်။

ထိုစဉ်အတွင်း သြစတြေးလျနိုင်ငံ ပင်လယ်ကမ်းရိုးတန်း ကမ်းလွန်၌ ရှာဖွေနေ သောလေယာဉ်များသည် လေယာဉ်အပျက် အစီးအပိုင်းအစများအဖြစ် ယူဆရသော အရာဝတ္ထုအချို့ကို ရှာဖွေတွေ့ရှိခဲ့ရကြောင်း သြစတြေးလျပင်လယ်ရေကြောင်း လုံခြုံရေး အာဏာပိုင်အဖွဲ့က ပြောကြားသည်။

မတ်၂၈ရက်ကရှာဖွေစဉ်အတွင်း လေယာဉ်ငါးစင်းက လေယာဉ်အပျက်အစီးအပိုင်းအစများအဖြစ် ယူဆရသော အ ရာဝတ္ထု များကိုတွေ့ရှိခဲ့ပြီး ဓာတ်ပုံမှတ်တမ်းများရယူ ခဲ့ကြကြောင်း၊ ကျွမ်းကျင်သူပညာရှင် များက ယင်းဓာတ်ပုံမှတ်တမ်းများကို သုံးသပ်လေ့လာ လျက်ရှိကြောင်း အဆိုပါအာဏာပိုင်အဖွဲ့က ပြောကြားသည်။

တရုတ်ပင်လယ်ရေကြောင်းအာဏာပိုင်အဖွဲ့မှ ဟိုင်ဇွန်-ဝ၁ အမည်ရှိ ကင်းလှည့် ရေယာဉ်က ယင်းအရာဝတ္ထုများကို ဆယ်ယူ ရရှိရန် ကြိုးပမ်းလျက်ရှိသည်။

ရိုက်တာ။

Friday, March 28, 2014

လေးနှစ်အရွယ် မိန်းကလေးကို ဦးလေးဝမ်းကွဲက သားမယားပြုကျင့်

Posted by drmyochit Friday, March 28, 2014, under | No comments


သန်လျင်မြို့နယ်တွင် ဦးလေး ၀မ်းကွဲတော်သူက လေးနှစ်အရွယ် တူမ၀မ်းကွဲကို သားမယားပြု
ကျင့်ခဲ့သည်ဆိုကာ တိုင်တန်းမှု မတ်လ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ ည ၁၀ နာရီအချိန်ခန့်တွင် သန်လျင်မြို့နယ် မြို့ဟောင်းရပ်ကွက်နေ အသက် ၃၀
အရွယ်အမျိုးသမီးသည် အိပ်ရာဝင်ခဲ့ပြီး ၎င်းခြင်ထောင်နှင့် ကပ်လျက်ရှိသည့် ခြင်ထောင်တွင်
အသက် ၄ နှစ်အရွယ်သမီးနှင့် အစ်မေဖြစ်သူတို့ အိပ်ကြသည်။

အမေဖြစ်သူမှာ မြို့ဟောင်း အနောက်ရပ်ကွက်သို့ပွဲကြည့်ရန်သွားခဲ့သဖြင့် အဆိုပါခြင်ထောင်
အတွင်းသမီးဖြစ်သူသာ ကျန်နေခဲ့ပြီး ဆက်လက်အိပ်နေခဲ့ရာက ည ၁၁ နာရီအချိန်ခန့်တွင်
သမီးဖြစ်သူ အော်သံကြား ဖြင့် လန့်နိုးသွားခဲ့သည်။

ထိုသို့လန့်နိုးစဉ် မောင်ဝမ်းကွဲတော်စပ်သူ နိုင်ဦး(ခ)မိခေး(ခ)သရဲ(၂၅ နှစ်)အိမ်ပေါ်မှဆင်းသွားသည်
ကိုတွေ့ရပြီး သမီးဖြစ်သူ အပေါ့သွားချင်ကြောင်းပြောဆိုသဖြင့် အိမ်သာလိုက်ပို့စဉ် သမီး၏
ပေါင်ကြားမှ သွေးများကျ နေသည်ကို တွေ့ရသည်။

သမီးဖြစ်သူကို ကွပ်ပစ်ပေါ်တင်၍ကြည့်ရှုခဲ့ရာ မိန်မအင်္ဂါမှ သွေးထွက် နေသည်ကိုတွေ့ရသဖြင့်
အရေး ယူပေးရန်တိုင်ကြားခဲ့သည်။ သန်လျင်မြို့မရဲခစန်းက(ပ)၂၁၁/၁၄ ပြစ်မှု ပုဒ်မ ၃၇၆ အရ
အမှုဖွင့်အရေးယူထားသည်။

တိုးဝေအောင်
မြန်မာတိုင်း(မ်)

မူးမေ့စေတတ်သည့် အရည်တိုက်ကာ သားမယားပြုကျင့်ခဲ့

Posted by drmyochit Friday, March 28, 2014, under | No comments


အင်းစိန်မြို့နယ်တွင် အလုပ်အတူ လုပ်ကိုင်ခဲ့ဖူးသူက မူးမေ့စေတတ်သည့် အရည်တိုက်ကာ
သားမယား ပြုကျင့်ခဲ့သည်ဆိုကာ တိုင်တန်းမှု မတ်လ ၂၇ ရက်နေ့က ဖြစ်ပွားခဲ့သည်။

အဆိုပါနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် အင်းစိန်မြို့နယ်နေ အသက် ၃၁ အရွယ် အမျိုးသမီး
တစ်ဦးက သက်ဆိုင်ရာသို့တိုင်ကြားခဲ့ရာတွင် ၎င်းနေအိမ်တွင်ရှိနေစဉ် ကား အရောင်းပြခန်းတွင်
အတူလုပ်ကိုင်ဖူးသည့် အမျိုးသမီးနှင့် သိန်းထွန်းဦး(ခ)တင်ထွန်းဦး(၃၀ နှစ်)တို့ရောက်လာပြီး
၎င်းတို့တွင် ဇေ အရက်တစ်လုံးနှင့်အချိုရည်တို့ရောနှောထားသည့် အနီ ရောင်ရေသန့်ဗူးတစ်လုံး
ပါရှိပြီး အဆိုပါရေသန့်ဗူးအတွင်းမှ ရေကို တစ်ဝက်ထည့်ပေးသဖြင့် သောက်ခဲ့ရာ သတိလစ်
လဲကျသွားခဲ့သည်။

မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် အိမ်နီးချင်းတို့ ရောက်လာပြီးစကားပြောသံများကြားသဖြင့်
သတိရလာပြီး သိန်းထွန်းဦးမှ သားမယားအဖြစ် ဆက်ဆံသည်ကိုမြင်တွေ့ကြောင်းပြောပြ
သိရသဖြင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။အင်းစိန် မြို့မ ရဲစခန်းက(ပ)၃၀၀/၁၄ ပြစ်မှုပုဒ်မ
၃၇၆/၃၂၈ အရ အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

တိုးဝေအောင်
မြန်မာတိုင်း(မ်)

ပျောက်ဆုံးနေသော ဆေးကျောင်းသား ငမိုးရိပ်ချောင်းအတွင်း အလောင်းပြန်တွေ့

Posted by drmyochit Friday, March 28, 2014, under | No comments

ရန်ကုန်၊ မတ် ၂၇

ဗိုလ်တထောင်မြို့နယ် အမှတ် (၉) ရပ်ကွက်၊ ၄၆ လမ်းတွင် နေထိုင်သူ ဆေးတက္ကသိုလ်(၁) ရန်ကုန်၌ နောက် ဆုံးနှစ် တက်ရောက်နေသော အသက် ၂၀ အရွယ် ကျောင်းသားတစ်ဦး တစ်ပတ်ကြာ ပျောက်ဆုံးနေ ရာမှ မတ်လ ၂၆ ရက် နေ့လယ် ၁၂ နာရီခန့်က ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၂၇) ရပ်ကွက်အနီး ငမိုးရိပ်ချောင်း ရေပြင်တွင် အလောင်းပြန်တွေ့ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

ဆေးတက္ကသိုလ် (၁) နောက်ဆုံးနှစ် ကျောင်းသား ကိုဇော်မြတ်ထွဋ်မှာ မတ်လ ၂၀ ရက်နေ့ နံနက် ၈ နာရီခွဲက ဗဟိုအမျိုးသမီး ဆေးရုံကြီးတွင် လက်တွေ့ဆင်းရန် နေအိမ်မှ ထွက်ခွာခဲ့ရာက အိမ်ပြန် မရောက်သောကြောင့် ၎င်း၏ အုပ်ထိန်းသူ မိဘများက မတ်လ ၂၃ ရက်နေ့တွင် ရဲစခန်း၌ လူပျောက်မှုဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ မတ်လ ၂၆ ရက်နေ့က ငမိုးရိပ်ချောင်းအတွင်း ရေနစ်သေဆုံးနေသော အလောင်းကို တွေ့ရှိခဲ့ကြောင်း သေဆုံးခဲ့သူ ဆေးကျောင်းသား၏ မိသားစုများထံမှ သိရှိရသည်။

“မှုခင်းဆရာဝန်ရဲ့ ဆေးစာမှာတော့ ရေနစ် သေဆုံးတယ်လို့ သိရပေမယ့် ဆေးရုံသွားတဲ့ ကလေးက ဘယ်လိုကြောင့် ရေနစ်ပြီးဆုံးသလဲ။ အခု အလောင်းတွေ့တဲ့ ငမိုးရိပ်ချောင်းဘက် ဘယ်လိုကိစ္စနဲ့ ရောက်ခဲ့တာလဲဆိုတာ စဉ်းစားလို့မရဘူး။ သားက ရေမကူးတတ်ဘူး။ တစ်စုံတစ်ယောက်က သူ့ကို ရေထဲတွန်းချခဲ့မယ် ဆိုရင်လည်း သာမန် ရေနစ်သေဆုံးမှု လက္ခဏာမျိုးပဲ တွေ့ရှိရမှာပဲလေ” ဟု သေဆုံးသူ ဆေးကျောင်းသား၏ ဖခင် ဦးရမ်ဇာဝါးက ရှင်းပြသည်။

ငမိုးရိပ်ချောင်းအတွင်း အလောင်းပြန်တွေ့သော ဆေးကျောင်းသားမှာ လူချစ်လူခင် ပေါများသူ ဖြစ်ကြောင်း၊ ဗဟိုအမျိုးသမီး ဆေးရုံကြီးသို့ လက်တွေ့ဆင်းရန် သွားသည့်နေ့က ၎င်း၏ချစ်သူကို iPhone အမျိုးအစား ဟန်းဆက် တစ်လုံးနှင့် စာတစ်စောင် ပေးခဲ့သည်ဟု စုံစမ်းသိရှိရကြောင်း ဦးရမ်ဇာဝါးက ပြောကြားသည်။

“အိမ်ကို ပြန်မလာလို့ သားရဲ့သူငယ်ချင်းတွေကို မေးမြန်းကြည့်တာ အဲဒီနေ့က သူ့ကောင်မလေးကို စာနဲ့ ဟန်းဖုန်းပေးခဲ့ပေမယ့် ကောင်မလေးက လက်သင့်မခံလို့ သူငယ်ချင်း တစ်ယောက်က သိမ်းထား ပေးခဲ့တယ်ဆိုတာ သိရတယ်။ ဒါကြောင့် သားပေးခဲ့တဲ့ စာထဲမှာ ဘာရေးထားလဲဆိုတာ သိချင်လို့ လိုက်စုံစမ်းကြည့်တော့ သူငယ်ချင်းအားလုံးက မသိကြဘူး ပြောပြီး ဖုန်းတွေလည်း အဆက်အသွယ် လုပ်လို့ မရတာကြောင့် ပျောက်နေတဲ့သားကို ဘယ်လိုမှ ရှာမရခဲ့လို့ ရဲစခန်းမှာ လူပျောက် တိုင်ချက်ဖွင့်ခဲ့တာ” ဟု ၎င်းကဆိုသည်။

အဆိုပါ ငမိုးရိပ်ချောင်း အတွင်း ဆေးတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသား ရေနစ်သေဆုံးမှုကို ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၇/၁၄ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံမှ သိရှိရသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသူ နော်မေသူသူဇော်က ချစ်သူနှင့် တွေ့ဆုံခဲ့ ပြီး မိဘနေအိမ် မှော်ဘီမြို့သို့ ၎င်းတစ်ဦးတည်း ပြန်စဉ် ပျောက်ဆုံးခဲ့ရာမှ လှိုင်မြစ်အတွင်း ရေနစ် သေဆုံးနေသည်ကို ဧပြီလ ၂၁ ရက်နေ့က တွေ့ရှိခဲ့သည့် ရေနစ်သေဆုံးမှုမှာ သံသယပေါင်း များစွာနှင့် ပဟေဠိဆန်သော လူသေဆုံးမှုတစ်ခု ဖြစ်ခဲ့သောကြောင့် တိုင်းဒေသကြီး တရားရုံးသို့ အမှုပြန်လည် စစ်ဆေးပေးရန် တင်ပြထားကြောင်း သေဆုံးခဲ့သူ ဆေးကျောင်းသူ၏ မိသားစုများထံမှ သိရှိရသည်။

The Voice Weekly

၃လ စောမွေးလို့ ၁ပေါင်ပဲရှိခဲ့တဲ့ ကလေး မယုံနိုင်ဖွယ် အသက်ရှင်ခဲ့

Posted by drmyochit Friday, March 28, 2014, under | No comments

 လမစေ့ပဲ ၃လစော မွေးလို့ ၁ပေါင်ပဲရှိခဲ့တဲ့ ကလေးဟာ သူမရဲ့ ၁နှစ်ပြည့် မွေးနေ့မရောက်ခင်အထိ ထူးထူးဆန်းဆန်း ဖြစ်ခဲ့ရပါတယ်။ ကလေးလေးဟာ သေးလွန်းလို့ အသားညှပ်ပေါင်မုန့်အိတ်ထဲမှာ အသက်ရှင်အောင် မွေးခဲ့ရပါတယ်။

လူထူးဆန်းလေး Lucia Sansbury ဟာ ၃လမပြည့်ခင်အထိ သကြားအိတ် တစ်ဝက်ရဲ့ အလေးချိန်ပဲရှိခဲ့တာပါ။ Lucia လေးရဲ့ အူသိမ်အူမတွေကို ပြန်ပြင်ဖို့ အရေးပေါ်ကုသမှုတွေနဲ့ အမြင်အာရုံကို ကယ်တင်ဖို့ လေဆာခွဲစိတ်မှုတွေ လုပ်ခဲ့ရပါတယ်။ သူမ နွေးနွေးထွေးထွေး ဖြစ်စေဖို့အတွက် အသားညှပ်ပေါင်မုန့် အိတ်ထဲမှာ ထည့်ထားခဲ့ရတာပါ။


Luciaရဲ့ မိဘတွေဟာ ကလေးရဖို့အတွက် ဖန်ပြွန်သန္ဓေသား ကုထုံးကို ၅ကြိမ် မအောင်မြင် ဖြစ်ခဲ့ရပြီး Lucia ကိုမမွေးခင်မှာ ကိုယ်ဝန်ပျက်ကျမှု ၂ကြိမ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ခုတော့ Luciaလေးဟာ ကျန်းမာနေပုံရပါတယ်။ ဒါပေမဲ့ ရေရှည် ကျန်းမာရေး ပြဿနာတွေ ခံစားရလာနိုင်လားဆိုတာကို ပြောဖို့တော့ စောလွန်းပါသေးတယ်။

Ref:dailymail.co.uk

အစိုးရ၀န်ထမ်းလစာနှင့် မီတာခတိုးသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်လာမည်ကို ပြည်သူများစိုးရိမ်

Posted by drmyochit Friday, March 28, 2014, under | No comments

တာချီလိတ်ဈေးအတွင်း ရောင်းဝယ်ဖောက်ကားနေသည့် မြင်ကွင်း (ဓာတ်ပုံ- ငြိမ်းချမ်းနိုင်/အီးပီအေ)

အစိုးရ၀န်ထမ်းများ လုပ်ခလစာနှင့် မီတာခတို့ အတူတိုးမြှင့်လိုက်ခြင်း၏ နောက်ဆက်တွဲအဖြစ် ကုန်ဈေးနှုန်းမြင့်တက်လာနိုင်ခြင်းကို ပြည်သူများ၊ အစိုးရ၀န်ထမ်းများသာမက  လုပ်ငန်းရှင်များကပါ  စိုးရိမ်ပူပန်မှုရှိနေကြောင်း သတင်းရရှိသည်။

 ‘‘လစာတိုးရင်တော့ ကုန်ဈေးနှုန်းက ပုံမှန်တက်လေ့ရှိတာပဲ။ လုပ်ငန်းရှင်တွေကလည်း မီတာခတိုးကောက်တာခံရတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ် တက်လာရင် ကုန်ဈေးနှုန်းက တက်တာပဲ’’ဟု ငါးလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။

အစိုးရ၀န်ထမ်းများ လစာတိုးမြင့်လာတိုင်း ပုဂ္ဂလိက၀န်ထမ်းများနှင့် ပြည်သူများ အခက်အခဲတွေ့ကြုံရပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုကို အမြဲခံစားရကြောင်း  တောင်ဥက္ကလာပတွင် နေထိုင်သူ အိမ်ရှင်မ ဒေါ်သန္တာကပြောသည်။

‘‘ဒီတစ်ခါက ပိုဆိုးတယ်။ မီတာခပါ တိုးကောက်မှာ၊ လစာနည်းလို့  တိုးပေးတာမှန်ပေမယ့် ကျန်တဲ့သူတွေပါ ဒုက္ခရောက်ကြတယ်’’ဟု ၎င်းကပြောသည်။

ယခင်အစိုးရ၀န်ထမ်းများ လစာတိုးခဲ့သည့်အချိန်များတွင်လည်း ပုဂ္ဂလိကစက်မှုဇုန်များ၌ လုပ်ခလစာနည်းပါးပြီး ကုန်ဈေးနှုန်းကြီးမြင့်လာမှုကြောင့် ရာနှင့်ချီ၍ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

‘‘အစိုးရ၀န်ထမ်းတွေလစာတိုးတိုင်း ကျွန်တော်တို့က ကြားထဲက မြေစာပင်ဖြစ်ရတယ်။ အလုပ်ရှင်တွေကလည်း မတိုးပေးနိုင်၊ ရတဲ့လစာလေးကို ချွေတာပြီးနေရတာပေါ့’’ဟု Gallent Ocean အအေးခန်းစက်ရုံမှ လုပ်သား မလှလှကပြောသည်။

အစိုးရအနေဖြင့် မူဘောင်ကောင်းပြီး သန့်ရှင်းသောအစိုးရတစ်ရပ် တည်ဆောက်လိုလျှင် ၀န်ထမ်းများကို လစာတိုးပေးခြင်းမှာ မှန်ကန်သောလုပ်ရပ်တစ်ခုဖြစ်ကြောင်း စီးပွားရေးပညာရှင် ဒေါ်ရီရီမြင့်ကပြောသည်။

‘‘အားလုံးက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတယ်။ လစာနည်းတယ်။ မလုံလောက်လို့ တိုးပေးတယ်။ ပုဂ္ဂလိကလည်း လိုချင်မှာပဲ။ အလုပ်ရှင်တွေဘက်ကလည်း သယ်ယူပို့ဆောင်ရေးစရိတ် ကြီးနေတာလည်းပါတယ်။  အဲဒါတွေကို လျှော့ချနိုင်ဖို့ အရေးကြီးတယ်’’ဟု ၎င်းကသုံးသပ်သည်။

အထက်ပါပုဂ္ဂိုလ်များ စိုးရိမ်ပူပန်နေသကဲ့သို့ လစာတိုးခြင်းခံရသော အစိုးရ၀န်ထမ်းများမှာလည်း ထိုသို့မြင့်တက်လာမှုအပေါ် ထပ်တူပူပန်မှုများရှိနေကြသည်။

 သမ္မတဦးသိန်းစိန်သက်တမ်း သုံးနှစ်အတွင်း အစိုးရ၀န်ထမ်းများအား လစာနှင့် ထောက်ပံ့ကြေးငွေ သုံးကြိမ်တိတိ တိုးမြှင့်ပေးထားသော်လည်း ၀န်ထမ်းများ၏ လူနေမှုဘ၀မှာ တိုးတက်လာခြင်းမရှိသည့်အပြင် ကုန်ဈေးနှုန်းကို  အမီလိုက်၍ ပြေလည်ရန် ကြိုးစားရုန်းကန်နေရဆဲဖြစ်သည်။

 ‘‘ကျွန်မကတော့လစာတိုးမယ့်အစား ကုန်ဈေးနှုန်းကိုပဲ ထိန်းချုပ်စေချင်တယ်။ လစာတိုးလို့ လူအထင်ကြီးလာတာပဲရှိတယ်။  ဘာမှမထူးဘူး။ လစာတိုးချိန် မတက်ဘဲ သင်္ကြန်ရက်ဆို တက်တာပဲ’’ ဟု အသက်နှစ်ဆယ်ကျော်အရွယ် တက္ကသိုလ်ဆရာမတစ်ဦးဖြစ်သူ မနှင်းနှင်းကပြောသည်။

အစိုးရ၀န်ထမ်းများ လစာတိုးလာလျှင် ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ပုဂ္ဂလိက၀န်ထမ်းများလည်း မလုံလောက်မှု များရှိလာ၍ လုပ်ခလစာတိုးမြှင့် ပေးရန်အလုပ်ရှင်များမှာလည်း အခက်အခဲများရှိကြောင်း လှိုင်သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်ကပြောသည်။

အစိုးရအနေဖြင့် ၀န်ထမ်းများ၏ဘ၀ကို အမှန်တကယ်မြှင့်တင်လိုပါက  တိုးမြင့်လာသော လုပ်ခလစာကို မိမိဘ၀အတွက် လိုအပ်သောနေရာတွင် အသုံးပြုနိုင်မှ  အဆင်ပြေနိုင်မည်ဖြစ်ကြောင်း လုပ်သက် ၃၀ ရှိ အစိုးရ ၀န်ထမ်းဖြစ်သူ ဒေါ်စောကပြောသည်။

‘‘ဗိုလ်ချုပ်တင်ဦးလက်ထက်တုန်းကတောင် ကုန်ဈေးနှုန်းထိန်းတဲ့အဖွဲ့ရှိတယ်။ အခုက ထိန်းမယ့်သူလည်းမရှိဘူး။ လစာတိုးလို့  ပိုက်ဆံလက်ထဲရောက်ရင် ကုန်သည်တွေကို ပေးလိုက်ရသလိုဖြစ်နေတယ်။ တိုးတဲ့လစာရဲ့ အကျိုးကျေးဇူးကို မခံစားရဘူးဖြစ်နေတယ်’’ဟု ၎င်းကပြောသည်။

အစိုးရအနေဖြင့် ပြည်ပမှတင်သွင်းသော သွင်းကုန်ဈေးကွက်ကို အဓိကထိန်းချုပ်သင့်နေပြီး ပြည်တွင်းရှိ ထုတ်ကုန်ဈေးကွက် မြင့်တက်လာခြင်းကြောင့် ပြည်ပသွင်းကုန်များပါရော၍ ဈေးနှုန်းလိုက်မြင့်လာမည့် အခြေအနေမှာ စိုးရိမ်စရာကောင်းကြောင်း ဦးနှင်းဦးက သုံးသပ်ပြောဆိုသည်။

7Day

''မီတာခတိုးမြှင့်ခြင်းကြောင့် မန္တလေးမြို့၌ ဆန္ဒပြသူလေးဦး ထိန်းသိမ်းခံရ ရန်ကုန်မြို့တွင်လည်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပေါ် ''

Posted by drmyochit Friday, March 28, 2014, under | No comments

ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်အရ ဧပြီ ၁ ရက် မှစတင်ပြီး လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံ ထားသော မီတာခနှုန်းထား များပြန်လည်လျှော့ချရေးအတွက် မတ် ၂၇ ရက် ညပိုင်းတွင် မန္တလေးမြို့ ၃၃ လမ်းနှင့် ၇၈ လမ်းထောင့် ရှိ ဒိုင်းမွန်းပလာဇာရှေ့၌ မီတာခတိုးမြှင့် ကောက်ခံခြင်းကြောင့် ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်သူ လေးဦးကို ရဲတပ်ဖွဲ့ဝင်များက အဆိုပါနေရာတွင် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သတင်းရရှိသည်။

မတ် ၂၇ ရက် ည ၇ နာရီခန့်က ယင်းသို့ ဆန္ဒထုတ်ဖော်သူများမှာ ဖယောင်းတိုင်အား စတင်မီးညှိပြီး ကြွေးကြော်သံများ ရွတ်ဆိုစဉ် ရဲတပ်ဖွဲ့ဝင်များက ချက်ချင်းတားဆီးခဲ့ခြင်းကို လက်မခံခဲ့ဘဲ ရုန်းရင်းဆန်ခတ် ဖြစ်ပွားကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမှတ် ၈ ရဲ စခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသူ လေးဦးမှာ ကုန်ဈေးနှုန်းကျဆင်းရေး အဖွဲ့မှ ကိုသိန်းအောင်မြင့်ပါဝင်ပြီး ကိုစောလှအောင်၊ ကိုကျော်မျိုးထွန်းနှင့် မတင်တင်ခက်တို့ ဖြစ်ကြောင်းသိရပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိန်ထွန်းက “စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအရ ခွင့်ပြုချက်မရှိဘဲ လုပ်ဆောင်တဲ့အတွက် ဖမ်းဆီးတာပါ။ ဒါကြောင့် ပုဒ်မ ၁၈ နဲ့ တည်ဆဲဥပဒေအရ အရေးယူသွားဖို့ ရှိပါတယ်။ နောက်မှအာမခံ ပေးတာတွေ ယူတာတွေရှိမှာပါ။ ဖမ်းဆီးတာက အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦးပါ” ဟု ပြောကြားခဲ့သည်။

ရန်ကုန်မြို့၌လည်းည ၇ နာရီခန့်တွင် လူဘောင်သစ်အဖွဲ့မှ လူငယ်များ၊ Generation Youth အဖွဲ့မှလူငယ်များ၊ ပြည်သူလူထုများ အပါအ၀င် တက္ကသိုလ် ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်ခန့်က စမ်းချောင်းမြို့နယ် မြေနီကုန်းရှိ လောကနတ် လက်ဖက်ရည်ဆိုင်ရှေ့မှ စတင်ကာ အလုံမြို့နယ် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးအထိ ဒုတိယမြောက်နေ့အဖြစ် လမ်းလျှောက် ဆန္ဒပြခဲ့ကြပြီး ခွင့်ပြုချက်မယူဘဲ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆန္ဒပြသူများသည် “ပြည်သူ့ဆန္ဒ လျစ်လျူရှုသော အစိုးရအလိုမရှိ၊ မီတာခတိုးမြှင့် ကောက်ခံမှုအလိုမရှိ၊ တစ်နိုင်ငံလုံး မီတာခနှုန်းထား ၃၅ ကျပ်ထားရှိရေး၊ လျှပ်စစ်မီတာခ လျှော့ချပေးရေး၊ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး” စသည့်တို့ကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြသည်။

“ပြည်သူ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဆိုတာကြီးက စာသားကြီးအတိုင်း ဖြစ်နေတယ်။ အဲဒီဆောင်ပုဒ်အတိုင်း ကျွန်တော်တို့ ပြည်သူတွေဆန္ဒပြတယ်။ ကျွန်တော်တို့ ပြည်သူတွေက တောင်းဆိုနေပါပြီ။ ပြည်သူ့ဆန္ဒကို အလေးထားပါ။ အခုလိုတောင်းဆိုခဲ့တဲ့ ပြည်သူ့တွေအတွက် ဆုလာဘ်က ထောင်ဒဏ်၊ ငွေဒဏ်မဖြစ်ပါစေနဲ့လို့ ပြောချင်ပါတယ်။ ပြည်သူလူထုဆန္ဒကို မလိုက်လျောဘူး ဆိုလို့ရှိရင်တော့ ဒီထက်ကြီးမားတဲ့ ဆန္ဒပြမှုတွေကို လုပ်ဆောင်သွားမှာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် ကိုတင်ထွဋ်ပိုင်က အလုံလျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ရုံးရှေ့၌ ပြောကြားသည်။

ယင်းကဲ့သို့ပင် ဆန္ဒပြရာတွင်ပါဝင်ခဲ့သည့် လူဘောင်သစ်အဖွဲ့မှ ကိုထက်က “အခု အစိုးရက ဒီမိုကရေစီ အစိုးရဆိုလို့ရှိရင် For the People၊ By the People ဖြစ်ရပါလိမ့်မယ်။ လက်ရှိအစိုးရကို ကျွန်တော်တို့ ပြောချင်တာကတော့ စစ်တပ်က ရေးဆွဲထားတဲ့ အခြေခံဥပဒေတွေနဲ့ အုပ်ချုပ်နေတဲ့အစိုးရ ဖြစ်တဲ့အတွက် ဖိနှိပ်ခံ ဒီမိုကရေစီ အစိုးရလို့ ပြောချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းကဲ့သို့ပင် မတ် ၂၆ ရက် ညနေ ၆ နာရီခန့်က ရန်ကုန်မြို့မြို့တော်ခန်းမရှေ့၌ လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ကောက်ခံခြင်း ကန့်ကွက်ဆန္ဒပြပွဲတွင် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများနှင့် စိတ်ပါဝင်စားသူပြည်သူ စုစုပေါင်း ၁၀၀ ခန့်ပါဝင် ဆန္ဒပြခဲ့ကြပြီး အဆိုပါဆန္ဒပြမှုမှာ ကြိုတင်ခွင့်ပြုချက်မယူ ထားသဖြင့် ဦးဝင်ချိုနှင့် ကိုဝေဠုတို့နှစ်ဦးအား ကျောက်တံတားမြို့မရဲစခန်းမှ တာဝန်ရှိသူများ ရဲစခန်းအတွင်းသို့ ခေါ်ဆောင်မေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

အစိုးရကလက်ရှိ ကောက်ခံနေသည့် လျှပ်စစ်မီတာများဖြစ်သော အိမ်သုံးတစ်ယူနစ်လျှင် ၃၅ ကျပ်၊ စက်မှုသုံး တစ်ယူနစ်လျှင် ၇၅ ကျပ်၊ အစိုးရသုံး တစ်ယူနစ် ၃၅ ကျပ်၊ နိုင်ငံခြားငွေဖြင့် တစ်ယူနစ်လျှင် USD ၀ ဒသမ ၁၂ ဖြင့် ကောက်ခံနေမှုအား ဧပြီ ၁ ရက်မှစ၍ အိမ် သုံးမီတာ ယူနစ် ၁၀၀ အထိ ၃၅ ကျပ်၊ ယူနစ် ၁၀၁ မှ ၂၀၀ အထိကို ၄၀ ကျပ်၊ ယူနစ် ၂၀၁ မှအထက်ကို ၅၀ ကျပ် ပေးဆောင်ရမည်ဖြစ်ပြီး စက်မှုလုပ်ငန်းသုံး အနေဖြင့် ယူနစ် ၅၀၀ အထိ ၇၅ကျပ်၊ ယူနစ် ၅၀၁ မှ ၁၀၀၀၀ အထိ ၁၀၀ ကျပ်၊ ၁၀၀၀၀ ယူနစ်မှ ၅၀၀၀၀ အထိ ၁၂၅ ကျပ်၊ ၅၀၀၀၁ ယူနစ်မှ ၂၀၀၀၀၀ အထိ ၁၅၀ ကျပ်၊ ၂၀၀၀၀၁ ယူနစ်မှ ၃၀၀၀၀၀ ယူနစ်အထိ ၁၂၅ ကျပ်၊ ၃၀၀၀၀၁ မှ အထက်ကို ၁၀၀ ကျပ်ဟူ၍ ပြောင်းလဲသတ်မှတ်ခဲ့သည်။

''ပျောက်ဆုံးလေယာဉ်မှ ကျန်ရစ်သူမိသားစုများ မလေးရှားလေကြောင်းနှင့် ဘိုးအင်းကုမ္ပဏီတို့ကို တရားစွဲဆို''

Posted by drmyochit Friday, March 28, 2014, under | No comments



မလေးရှားလေကြောင်းဌာနမှ ခရီးစဉ်အမှတ် အမ် အိပ်ခ်ျ-၃၇ဝ ခရီးသည်တင်လေယာဉ် တစ်စင်းသည် ၁၉
 ရက်ကြာ ပျောက်ဆုံးနေခဲ့ပြီးနောက်ယင်းလေယာဉ်ဖြင့် လိုက်ပါခဲ့သူများ၏ မိသားစုများက အဆိုပါ လေကြောင်း ဌာနနှင့် ဘိုးအင်းလေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီတို့ကို တရားစွဲဆိုလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက မတ် ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။

ပျောက်ဆုံးနေသော ဂျက်လေယာဉ်နှင့်အတူ လိုက်ပါခဲ့ သော ခရီးသည်များ၏ မိသားစုများက မလေးရှား လေကြောင်းဌာနနှင့် ဘိုးအင်းကုမ္ပဏီတို့ကို အမေရိကန် ပြည်ထောင်စု ချီကာဂိုမြို့ရှိ ဥပဒေအကျိုးဆောင်ကုမ္ပဏီ တစ်ခုမှတစ်ဆင့် တရားစွဲဆိုမှုစတင်ပြုလုပ်ခဲ့သည်။

အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းသို့ ပျက်ကျခဲ့ဖွယ်ရှိသည့် လေယာဉ်နှင့်ပတ်သက်၍ ဒီဇိုင်းပုံစံထုတ်လုပ်ရာတွင် လည်းကောင်း၊ ထုတ်လုပ်ရာတွင် အပြစ်အနာအဆာများ ရှိသည်ဆိုသော အထောက်အထားများကို လွှဲပြောင်းပေး အပ်ရန် ရေဘက်ဥပဒေအကျိုးဆောင် ကုမ္ပဏီမှ ဥပဒေ အကျိုးဆောင်များက ချီကာဂိုမြို့ရှိ ကွတ်စီရင်စု တရားရုံး ထံ ဦးတိုက်လျှောက်ထားခဲ့သည်။

အဆိုပါ တရားစွဲဆိုမှုနှင့်ပတ်သက်၍ မလေးရှား လေကြောင်းဌာနကရော ဘိုးအင်းကုမ္ပဏီကပါ ချက်ချင်း ဝေဖန်ပြောကြားခြင်း မရှိပေ။
ထိုစဉ်အတွင်း လေယာဉ်အပျက်အစီး အပိုင်းအစများကို ပြင်သစ်ဂြိုဟ်တုဓာတ်ပုံများတွင် ရှာဖွေတွေ့ရှိခဲ့ရပြီးနောက် အိန္ဒိယ သမုဒ္ဒရာအတွင်း လေယာဉ်ပျက်ရှာဖွေမှုကို မတ် ၂၆ ရက်တွင် ပြန်လည်ပြုလုပ်သည်။

တစ်ရက်ကြာမျှ လှိုင်းလေပြင်းထန်နေခဲ့ပြီးနောက် ရာသီ ဥတုအခြေအနေ ပြန်လည်ကောင်းမွန်လာရာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် နယူး ဇီလန်နိုင်ငံတို့မှ လေယာဉ် ၁၂ စင်းနှင့် ရေယာဉ်နှစ်စင်း တို့ဖြင့် ပင်လယ်ပြင်အတွင်း သဲလွန်စရှာဖွေမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သြစတြေးလျ ရေတပ်က ပြောကြားသည်။

ရိုက်တာ။

''ဖခင်ဖြစ်သူက သမီးအရင်းအား သားမယားအဖြစ် အဓမ္မပြုကျင့်''

Posted by drmyochit Friday, March 28, 2014, under | No comments


စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်ရှိ၊ တည်းခို ခန်းတစ်ခုတွင် ဖခင်ဖြစ်သူတစ်ဦးက သမီးအရင်းအား သားမယား အဖြစ်ပြု့ ကျင့်ခဲ့သည့်အတွက် စစ်ကိုင်းမြို့မရဲစခန်း က ယခုလ ၂၅ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် အမှု ဖွင့်အရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။ 

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဇီးအုပ်ကျေးရွာနေ ဦး….. အသက်(၄၂)နှစ်ဆို သည် ယခုလ ၂၃ ရက်နေ့ မနက် ၈ နာရီအချိန်က သမီးဖြစ်သူ အသက်(၁၅)နှစ်၊ ခြောက်လအရွယ်ရှိ မ ….. ဆိုသူကို ပန်းရံဆင်းနေသည့် လုပ်ငန်းခွင်သို့လိုက်ပါခဲ့ရန် ဆိုင်ကယ်ဖြင့်တင်ဆောင်၍ခေါ်ခဲ့ သည်။

ထို့နောက် စစ်ကိုင်းမြို့၊ မင်းလမ်းရပ်ကွက်ရှိ အိုကေ တည်းခိုခန်းရှိ အခန်းအမှတ်(၇)အား ငှားရမ်းခဲ့ပြီး နောက် သူမကိုယ်ခန္ဒာပေါ်ရှိ အ၀တ်အထည်းများအား ချွတ်ခိုင်းပြီးနောက် အခန်းအတွင်းရှိကုတင်ပေါ်တွင် သားမယားအဖြစ် သုံးကြိမ်ပြုကျင့်ခဲ့သည်ဟု စစ်ကိုင်းမြို့မရဲစခန်းတွင် ကာယလံရှင်ကိုယ်တိုင်မှ ထွက်ဆို တိုင်တန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် ရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ် အမှတ် ၃/ ၂၀၁၄ ရဲစခန်း(ပ) ၁၂၄/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုတိုး ချင်းတွင်း

Thursday, March 27, 2014

ဘယ်လိုအခြေအနေမျိုးတွေမှာ ရည်းစားမထားပဲ တစ်ယောက်တည်းနေသင့်သလဲ

Posted by drmyochit Thursday, March 27, 2014, under | No comments


ကိုယ်က မချစ်တတ်တဲ့သူလည်း မဟုတ်ဘူး။ ကိုယ့်ရည်းစားဆို တုန်နေအောင်ချစ်ပါရက်နဲ့ အကြောင်း အမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရပြီဆိုပါစို့။ နောက်ထပ် ရည်းစားထားဖို့တောင် တော်တော်ကြောက်နေရပြီ။ အရင်လို ထပ်ဖြစ်မှာ စိုးရတာနဲ့၊ စိတ်တွေရှုပ်ထွေးနေတာမို့ ကိုယ့်ဘေးနားမှာ ဘယ်သူတွေ ရှိနေတယ် ဆိုတာတောင် သတိမထားမိတော့တာနဲ့ စသဖြင့် အခြေအနေတွေ ကြုံလာရပြီဆိုရင်တော့ ကိုယ့်ကိုယ်ကို သုံးသပ်ကြည့်ဖို့ လိုပြီပေါ့နော်။ ကိုယ့်မှာ သုံးသပ်ကြည့်စရာ အချက် သုံးချက်ရှိပါတယ်။ ကိုယ်ဖြစ်နေတာတွေနဲ့ အဲ့ဒီအချက်တွေနဲ့ ကိုက်ညီနေတယ်ဆိုရင် ရည်းစားမထားသေးဘဲ ငြိမ်ငြိမ်လေး နေလိုက်ပါဦးနော်။

၁။ကိုယ်သိပ်ချစ်ရတဲ့သူနဲ့ လမ်းခွဲတာ သိပ်မကြာသေးဘူးဆိုရင် ဒါမှမဟုတ် အိမ်ထောင်ကွဲထားတာဆိုရင်

သူနဲ့ကိုယ်နဲ့ တွဲလာခဲ့တဲ့ ရည်းစားသက်တမ်းက တော်တော်ရှည်ကြာနေပါပြီ။ ဒါတောင် အနှောင့်အယှက်တွေ၊ အတားအဆီးတွေ၊ သဘောထား မတိုက်ဆိုင်မှုတွေကြောင့် သေမလောက်ခံစားပြီး ချစ်သူနဲ့ လမ်းခွဲခဲ့ရတယ်ဆိုရင်တော့ ရည်းစားထပ်ထားဖို့ လုံးဝမစဉ်းစားပါနဲ့ဦး။ တစ်ယောက်တည်းနေပြီး လုပ်စရာရှိတာလေးတွေ လုပ်ရင်းသာ နေ့စဉ်ဘ၀ကို ဖြတ်သန်းပါ။ ဒီဒဏ်ရာကို ကုစားဖို့ အချိန်မယူရဘူးဆိုရင် အနည်းဆုံး ၈လကနေ တစ်နှစ်အထိ အချိန်ယူရပါလိမ့်မယ်။ အိမ်ထောင်ကွဲထားတာဆိုရင်လည်း ဒီအတိုင်းပါပဲ။ ဘယ်အရာကိုမှ အလျင်စလို မဆုံးဖြတ်လိုက်ပါနဲ့။

၂။ခုလောလောဆယ် ကိုယ့်ရဲ့စိတ်အခြေအနေတွေ သိပ်ဆိုးရွားနေတယ်လို့ ခံစားမိနေရင်
ကိုယ့်ရဲ့ကျန်းမာရေးကြောင့်ပဲဖြစ်ဖြစ်၊ တစ်ခြားမိသားစုရေးရာ စိတ်ညစ်စရာကိစ္စတွေရှိနေတာပဲဖြစ်ဖြစ်  စိတ်ဓာတ်ကျသလို ခံစားနေရတာမျိုး၊ စိတ်အလိုမကျတာတွေ ခံစားနေရတာမျိုး၊ အားနေ သူများတွေကို ရန်လိုစိတ်တွေဝင်နေတာမျိုးတွေ စတဲ့ စိတ်အခြေအနေတွေ ခံစားနေရပြီဆိုရင်တော့ ရည်းစားထားခြင်းဟာ ကိုယ့်ကို ပိုလို့တောင် စိတ်ဒုက္ခများစေပါလိမ့်မယ်။ ဒါ့ကြောင့် စိတ်တည်ငြိမ်ပြီ၊ အေးအေးဆေးဆေးဖြစ်ပြီဆိုမှသာ ကိုယ်စဉ်းစားထားတဲ့သူနဲ့ ဒိတ်လုပ်ပါ။

၃။ကိုယ်က ရည်းစားကံမကောင်းဘူးဆိုရင်
ကိုယ်က ကိုယ့်ထားခဲ့ဖူးတဲ့ ချစ်သူ၊ ရည်းစားတွေအပေါ် အကောင်းဆုံး နားလည်မှုတွေ ပေးခဲ့တယ်။ ကိုယ်ကစပြီး သစ္စာဖောက်တာမျိုး မရှိဘူး။ အမှားလည်း မလုပ်ခဲ့ဘူး။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ထားခဲ့တဲ့ ရည်းစားတွေနဲ့ ပြတ်သွားခဲ့ရပြီဆိုရင် သေချာတာကတော့ ရည်းစားထပ်မထားသေးဘဲ သေသေချာချာ စဉ်းစားကြည့်လိုက်ပေါ့။ ဘာကြောင့်များ ငါရည်းစားတွေနဲ့ ခဏခဏ ပြတ်နေရသလဲဆိုတဲ့ မေးခွန်းမျိုးကို စဉ်းစားရင်း နောက်ထပ် ရည်းစားသစ်ထပ်ထားဖို့ အချိန်ယူလိုက်ပါ။ တစ်ယောက်ပြီး တစ်ယောက်၊ တစ်လ တစ်ယောက်ထားတာမျိုးက ကိုယ့်အတွက် ဘယ်လိုမှ မကောင်းနိုင်ဘူးလေ။

Ref:womenshealthmag.com
Trend Myanmar

သမိုင်းတွေလေ့လာကြ

Posted by drmyochit Thursday, March 27, 2014, under | No comments

ဘုရင့်နောင် ပိုင်နယ် ဒုတိယ မြန်မာနိုင်ငံတော် မြေပုံ

ခုတစ်လော အားလုံးသိကြတဲ့အတိုင်းပါပဲ ဘင်္ဂလားဒေရှ်နိုင်ငံ ဒါကာသတင်းစာက မြန်မာပြည်မှ
မြန်မာ့တိုင်းရင်းသားမျိုးနွယ်စု နေထိုင်သော ရခိုင်ဒေသ တစ်ချို့ကို ရိုဟင်ဂျာတွေအတွက် ရပိုင်ခွင့်ဆိုပြီး သွေးတိုးစမ်းလာပါတယ် ၊ ဒါဟာ ပထမအဆင့် ဖြစ်ပါတယ်၊ ဒုတိယအဆင့်အားဖြင့် ဘဂ်လားဒေရှ်နိုင်ငံမှ ဘဂ်ါလီလူမျိုးတွေဟာ သူတို့နိုင်ငံအတွင်းမှာ ကမ္ဘာကို လိမ်ညာပြီ ဆန္ဒပြကြပါလိမ့်မယ်၊ တတိယအဆင့်အားဖြင့် ပြည်တွင်းမွတ်စလင်များက UN အကူအညီ OICအကူအညီ တွေနဲ့ အစိုးရကို ဖိအားပေးလာပါလိမ့်မယ်၊ ဆန္ဒတွေ တစ်နည်းနည်းနဲ့ပြလာပါလိမ့်မယ် စတုတ္ထအနေနဲ့သူတို့တစ်တွေ အကြမ်းဖက်ပြီး ရခိုင်ဒေသကို အပိုင်သိမ်းပါလိမ့်မယ်

သမိုင်းတွေ ရှိခဲ့ကြပါတယ် ဒုတိယကမ္ဘာစစ်ပြီးလို့ အိန္ဒိယနိုင်ငံဟာ လွတ်လပ်ရေးကြေငြာမည်ဖြစ်ပါတယ် ၊ ဒီအခါမှာ အစ္စလာမ်ဘာသာဝင်တွေဟာ အိန္ဒိယ နိုင်ငံကနေ ခွဲထွက်ပြီး နိုင်ငံအသစ်ထူထောင်လိုပါတယ် ဒီအခါမှာ ဟန္ဒူလူမျိုးတွေကို ရက်စက်စွာ သတ်ပါတယ် မိန်းမ ၊ကလေး မညှာပါဘူး၊ ဒီလိုဖြစ်တော့ ဟိန္ဒူလူမျိုးများရာဖြစ်တဲ့ ပြည်နယ်တွေမှာလည်း မွတ်ဆလင်တွေကို သတ်ပါတယ်၊ ဒါပေမဲ့ သမိုင်းမှတ်တမ်းတွေအရတော့ မွတ်ဆလင်များက ဟိန္ဒူများကို သတ်တာက ပိုများပါတယ်၊ ဒီလိုတွေ လူမျိုးစု ဘာသာကွဲပြားမူတွေကြောင့် အတူတူယဉ်တွဲမနေထိုင်နိုင်တဲ့အဆင့်ကို ရောက်လာပါတယ် ဒီတော့ ဗြိတိသျှခေါင်းဆောင်များသည် မွတ်ဆလင်ဘာသာဝင်တွေ များရာဖြစ်တဲ့ ပြည်နယ်တွေ စုပေါင်းပြီး ပါကစ္စတန် နိုင်ငံဟု သူတို့ကို သူတို့ကြေငြာထားတဲ့ နိုင်ငံကို 1947 ခု သြဂုတ်လ 14 ရက်နေ့မှာ ဒိုမီနီယံ အဆင့် လွတ်လပ်ရေး ကို ပေးလိုက်ရပါတယ်၊ အိန္ဒိယ ခေါင်းဆောင်များကလည်း လူသတ်မူတွေ အေးပါစေတော့ ဆိုတဲ့ သဘောတရားနဲ့ လက်ခံလိုက်ရပါတယ်။

1956 ခု နှစ် ဖေဖေါ်ဝါရီ 29 ရက်နေ့မှာ ပါကစ္စတန်ခေါင်းဆောင်များဟာ အခြေခံဥပဒေကို အတည်ပြုပြဌာန်းပြီးသကာလ မတ်လ 24 ရက်နေ့တွင် အစ္စလာမ်အယူဝါဒကို အခြေခံသော ပါကစ္စတန် သမ္မတနိုင်ငံကို ကမ္ဘာသို့ကြေငြာ၍ တည်ထောင် လိုက်ပါတယ်၊ ပါကစ္စတန် နိုင်ငံဟာ အစ္စလာမ်ဘာသာဝင်များ များရာဖြစ်တဲ့ ပြည်နယ်တွေကို စုပေါင်း တည်ထောင်ထားတဲ့အတွက် အိန္ဒိယနိုင်ငံကို ခွလျှက် တည်ရှိနေပါတယ် ၊ ဒါမို့ လွတ်လပ်ရေး ကြေငြာစဉ်ကစပြီး အရှေ့ပါကစ္စတန် အနောက်ပါကစ္စတန် နိုင်ငံရယ် လို့ ဖြစ်တည်လာပါတယ်၊

အရှေ့ပါကစ္စတန်နှင့် အနောက်ပါကစ္စတန် နိုင်ငံဟာ မိုင်ပေါင်း ၉၀၀ ဝေးကွာပါတယ် ၊ ဘင်္ဂလားဒေရှ်နိုင်ငံဖြစ်လာမည့် အရှေ့ပါကစ္စတန်နိုင်ငံသည် ဘင်္ဂါလီစကားကို ပြောဆိုပြီး အနောက်ပါကစ္စတန်နိုင်ငံကတော့ အူရဒူဘာသာစကားကို ပြောဆိုပါတယ်
အာဏာအရပ်ရပ်ကို အုပ်ချုပ်ရေးယန္တရားကို အနောက်ပါကစ္စတန်နိုင်ငံခေါင်းဆောင်တွေက ချုပ်ကိုင်ထားပါတယ်၊ နိုင်ငံတော် ဘာသာစကားကိုလည်း အူရဒူဘာသာစကားပဲ ပြဌာန်းပါတယ်၊ ဒီတော့ အရှေ့ပါကစ္စတန်ဖြစ်တဲ့ ဘင်္ဂါလီစကားပြောဆိုသူတွေဟာ လိုရင်းပြောရရင် ဆူပူမူများစွာကို ပြုလျှက် ပါကစ္စတန်နိုင်ငံမှ ခွဲထွက်ကာ ဘင်္ဂါလားဒေရှ်နိုင်ငံကို 1971 ခုနှစ်တွင် လွတ်လပ်သော နိုင်ငံအဖြစ် တည်ထောင်ပါတယ်၊ ဘင်္ဂါလားဒေရှ်နိုင်ငံသည် နိုင်ငံနှင့်မမျှစွာ လူဦးရေ များစွာ သိပ်သည်းလွန်းပါတယ် ပြည်သူအများစုက ဆင်းရဲလှပါတယ် သူတို့ဟာ နောက်ပိုင်းမှ ချမ်းသာလာပါတယ်၊ လူဦးရေတိုးပွားနုံးက မလျှော့ပါဘူး၊ ဘာကြောင့် လူဦးရေ တိုးပွားနေရသလဲဆိုတာ စာဖတ်သူလဲ သိပါလိမ့်မယ် ၊ ဒီတော့ မြစ်ကိုကူးပြီး သူတို့နဲ့အနီဆုံးဖြစ်တဲ့ မြန်မာနိုင်ငံ ရခိုင်ဘက်ကို စိမ့်ဝင်လာပါတယ်၊ ရရာစားသောက်လျှက် အသက်ရှင်သန်ကြပါတယ်၊ လူဦးရေများလာတော့ ရွာတွေတည်ထောင်ပါတယ် ရခိုင်နဲ့ ဘဂ်ါလီတွေဟာ ကိုးကွယ်ရာ ဘာသာမတူတဲ့အတွက် အစက ရခိုင်တွေဟာ သတိမထားမိပါဘူး သူတို့အလုပ် သူတို့လုပ်နေတာပါပဲ နောက်ပိုင်းမှ သတိထားလာပါတယ် ၊ ဒီကြားထဲ အုပ်စိုးသူ စစ်အာဏာရှင်များက ခိုးဝင်တွေ၏ ငွေများကို ယူပြီး အသာတကြည် မြန်မာပြည်ကို ဝင်စေပါတယ်၊

ထားတော့ ကမ္ဘာမှာ အကျီးတန်သော လုပ်ရပ်များကို နေရာတိုင်းမှာ လုပ်ဆောင်နေတာဟာ အစွန်းရောက် မွတ်ဆလင်တွေပါ၊ မွတ်ဆလင်အများစုသည် မိမိတို့နေထိုင်ရာ နိုင်ငံကို ၊ ထိုနိုင်ငံ၏ သစ္စာတော်ကို ရိုသေလေ့မရှိကြပါဘူး၊ သူတို့ရိုသေတာ ကြောက်တာက အလ္လာအရှင် တစ်ပါးပါပဲ ၊ သူတို့ဘဝကို အလ္လာအရှင်ကို အပ်နံထားပါတယ်၊ အလ္လာအရှင်၏ စကားကို မွတ်စလင် ဗလီဆရာတွေက သွန်သင်ပါတယ်၊ အလ္လာအရှင်ကို ချစ်ရမည် ကြောက်ရမည် ဒါတွေကို ငယ်စဉ်ကတည်းက သင်ကြားပေးပါတယ်၊ မိန်းကလေးတွေဆိုလဲ ဆော်ဒီမှာဆိုရင် ကားတောင်မောင်းခွင့်
မပေးပါဘူး ဆော်ဒီဟာ စီးပွားရေးကို အခြေခံပြီး တည်ထောင်ထားတဲ့နိုင်ငံပါ၊ ၊ အခြားသော ကိစ္စများကို စာဖတ်သူလည်း သိပြီးဖြစ်ပါလိမ့်မယ်၊

ယခင်က ခရစ်ယာန်နိုင်ငံများတွင် မွတ်ဆလင်အနဲငယ်ရောက်ရှိနေထိုင်ရာတွင် ပြဿနာမရှိပါဘူး သူတို့တစ်တွေ အုပ်စုများလာရင် ပြဿနာကို စတင်ပါပြီ အကြမ်းဖက်မူတွေကို ဗလီဆရာများ၏ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်ပါတယ်၊

ခုလက်ငင်းဖြစ်နေတဲ့ နိုင်ငံများတွင် ခွဲထွက်ရေး မွတ်ဆလင်တွေ များလာပါတယ်၊ ရှရှားနိုင်ငံ ချေဂျင်းညာဒေသဟာ မွတ်ဆလင်ခွဲထွက်ရေးလုပ်ရှားနေလို့ ပူတင်နိမ်နင်း နေရပါတယ်၊ ထိုင်းတောင်ပိုင်း စာဖတ်သူတို့သိပြီးသားဖြစ်ပါတယ် ၊ တရုပ်နိုင်ငံ ဇီဂျမ်းပြည်နယ် ခွဲထွက်ရေး လှုပ်ရှားနေပါတယ် အကြမ်းဖက်နေပါတယ်၊ ၂ လပိုင်းကပဲ တရုပ်မှာ ၁၂ မိနစ်ထဲနဲ့ လူပေါင်း ၂၉ ရောက်ကို သတ်ပြီး ၁၃၂ ရောက်ကို ဒဏ်ရာရစေ ပါတယ်၊ သူတို့ဟာ သူတို့ရည်ရွယ်ချက်ရှိရှိ ကြိတ်ကြံနေသူတွေပါ အာဏာရှိသူကို ကပ်မယ်၊ အာဏာရှိလာမဲ့သူကို ကပ်ထားပါမယ်၊ ဒါပေမဲ့ သစ္စာမရှိပါဘူး၊ မြန်မာနိုင်ငံမှာ ပသီလူမျိုး အာဇာနည်ဦးရာဇာတ်လို သစ္စာရှိသူပေါ်မလာနိုင်တော့ပါဘူး၊ ဒီအတွက် ဝမ်းနဲစရာ အလွန်ကောင်းလွန်းလှပါတယ်၊ နိုင်ငံရေးသဘောတရားအနေနဲ့ ကြည့်ရင် ဦးမြအေး ဟာ အနေကောင်းပြီး မြန်မာပြည်ကို သစ္စာရှိမယ်ဆိုရင် ခေတ်သစ် သစ္စာရှင် ဦးရာဇာတ် ဖြစ်လာနိုင်ပါတယ်၊ ဖြစ်ပါစေလို့လဲ မျှော်လင့်ပါတယ်၊

အနှစ်ချုပ်ပါတော့မယ် ကျနော်တို့နိုင်ငံ အဓွန့်ရှည်ဖို့ ဆိုရင်

သက်ဆိုင်ရာ အာဏာပိုင်များ သိန်း ၅၀ ဆိုတာမျိုးတွေ လာဘ်မစားပါနဲ့ ဝိုင်းဝန်းကန့်ကွက်ကြပါ။

ပြည်သူတွေ နိုးနိုးကြားကြားရှိကြပါ။

တိုင်းရင်းသာတွေ ညီညွတ်ကြပါ။

မိမိတို့နိုင်ငံကို စီးပွားရေးတိုးတက်သော နိုင်ငံဖြစ်အောင် တည်ထောင်ပါ။

ပြည်သူတွေကို ဒီထက် ဒီထက် အသိပညာ အတတ်ပညာ တိုးပွားလာအောင် ပြုလုပ်ဆောင်ရွက်ပေးပါ။

နယ်စပ်လုံခြုံရေးကို ခေတ်မှီစွာ အမေရိကန်နိုင်ငံကဲ့သို့ ခိုးဝင်လာတာကို ရေဒါက ဖမ်းယူကြည့်ရူ့နိုင်အောင် ပြုလုပ်ပါ။

ခိုးဝင်လာသူကို ပြတ်သားစွာ ကိုင်တွယ်ပါ။

ဒီလိုဆိုရင် ကျနော်တို့နိုင်ငံသည် ကမ္ဘာတည်သ၍ ငြိမ်းချမ်းစွာ တည်ရှိသွားမှာ ဖြစ်ပါတယ်။

လိုအပ်ရင် ထောက်ပြဝေဖန်ပေးပါ။

ကျေးဇူးတင်ပါတယ်။ —

မိုးတိမ်လွှာ

စစ်တွေက NGO ရုံးရှေ့မှာ ရုန်းရင်းဆန်ခတ်ဖြစ်

Posted by drmyochit Thursday, March 27, 2014, under | No comments

စစ်တွေမြို့မှာ မာတေဇာ အန်ဂျီအိုရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာ အလံကို နိုင်ငံခြားသူ အမျိုးသမီး တစ်ဦးက မဖွယ်မရာ ပြုလုပ်တယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက် ရာနဲ့ချီ ရှိတဲ့ ဒေသခံတွေက ရုံးကို မနေ့ညနေက သွားဝိုင်းရာကနေ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့ သေနတ် အချက်ပေါင်း အများအပြား ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။

ထိခိုက်ဒဏ်ရတဲ့ သတင်းကိုတော့ မရရှိသေးပါဘူး။

အခင်း ဖြစ်ပွားပုံ ကတော့ မာတေဇာလို့ ခေါ်တဲ့ နိုင်ငံတကာ အန်ဂျီအို တစ်ခုက အမေရိကန်သူ တစ်ဦးဟာ သူတို့ရုံးရှေ့မှာ ထောင်ထားတဲ့ သာသနာအလံကို မဖွယ်မရာ ပြုလုပ်တယ်ဆိုပြီး သတင်းထွက်လာရာကနေ ရာနဲ့ချီရှိတဲ့ ဒေသခံတွေဟာ မာတေဇာ ရုံးကို သွားဝိုင်းပြီး အဲဒီအမျိုးသမီးကို ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ညဉ့် ၁၁ နာရီကျော်ခန့်မှာ အခြေအနေဟာ ထိန်းမနိုင်သိမ်းမရ ဖြစ်လာတဲ့ အတွက် ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက်ပြီး လူစုခွဲခဲ့ရပါတယ်။

သေနတ်ပစ်ခတ်ပြီးတဲ့ နောက်ပိုင်းမှာ လူစုကွဲသွားခဲ့ပြီး အခြေအနေဟာ ငြိမ်သက်သွားခဲ့တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရွှေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခြေအနေတွေ မတည်မငြိမ် ဖြစ်နေချိန်မှာ ခုလို ရုန်းရင်းဆန်ခတ်မူ ဖြစ်ပွားပြီး သေနတ်ပစ်ခတ်ရတဲ့ အခြေအနေထိ ဖြစ်ခဲ့ရတဲ့ အတွက် အများပြည်သူတွေကတော့ အထူး ထိတ်လန့် စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)
INGO Maltezarမှ တာဝန်ခံ နိုင်ငံခြားသူ အမျိုးသမီးတစ်ဦး သာသနာ့အလံကို မဖွယ်မရာ လုပ်မှုဖြင့် စစ်တွေမြို့ ဘောက်သီးစုကျောင်း တက်လမ်း ဂေါက်ရှီလမ်းနှင့် ဥတ္တမလမ်း တို့တွင် Maltezer ရုံးများတွင် လူစုလူဝေး ဖြစ်ပေါ်လျက်ရှိကြောင်း ကြားသိရပါသည်။ (Than Tun Than ) 
မာတီဇာ NGO မှ နိုင်ငံခြားသူဝန်ထမ်းတစ်ဦးက သန်းခေါင်စာရင်းကို သပိတ်မှောက်သည့် အနေဖြင့် တင်ထားသော သာသနအလံကို ဖြုတ်ယူကာ ခါးတွင် ပတ်၍ ၀တ်သွားသည်ကို တွေ့လိုက်ရသဖြင့် ဒေါသထွက် နေသောလူအုပ်သည် မာတီဇာရုံးရှေ့တွင် စုဝေးရောက်ရှိနေကြပြီး ယင်းနိုင်ငံခြားသူကို အရေးယူပေးရန်တောင်းဆိုလျှက်ရှိသည်။ ဓါတ်ပုံ-  Coral Arakan News

Wednesday, March 26, 2014

အပိုင်းအစ ၁၂၀လောက် တွေ့ရတယ်လို့ မလေးရှားဆို

Posted by drmyochit Wednesday, March 26, 2014, under | No comments


ဂြိုဟ်တုက ရရှိတဲ့ ပုံရိပ်အသစ်တွေအရ ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်က ဖြစ်နိုင်တယ်လို့ ယူဆရတဲ့ အပိုင်းအစ တစ်ရာ့ နှစ်ဆယ်လောက်ကို အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ တွေ့ရတယ်လို့ မလေးရှား နိုင်ငံက ပြောပါတယ်။

ပြင်သစ်နိုင်ငံက ထုတ်ပြန်တဲ့ ပုံရိပ်တွေအရ အချို့ အရာတွေဟာ ၂၄ မီတာကျော် ရှည်လျားတာ တွေ့ရပါတယ်။

အဲဒီ ပစ္စည်းတွေ အားလုံးကို မြို့တစ်မြို့စာ အကျယ်အဝန်းလောက်မှာ မျောနေတာ တွေ့ရတာပါ။

ရာသီဥတု ဆိုးရွာမှုကြောင့် ရှာဖွေမှုတွေ ရပ်နားခဲ့ရပြီးနောက် အခုအခါ လေယာဉ်ပျောက် ရှာဖွေရေးတွေ ပြန်စတင်ခဲ့ပါတယ်။

သြစတြေးလျ ဝန်ကြီးချုပ် Tony Abbott ကတော့ လေယာဉ်ရဲ့ အပိုင်းအစ တစ်ခုမှ ရှာလို့ မတွေ့နိုင်တော့တဲ့၊ မျှော်လင့်ချက် မရှိတော့တဲ့ အခြေအနေအထိ ရှာဖွေရေးတွေ ဆက်လုပ်မယ်လို့ ပြောပါတယ်။

အခုချိန်အထိတော့ လွန်ခဲ့တဲ့ သီတင်း ၂ပတ်ကျော် ကတည်းက ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ်ရဲ့ အပျက်အစီး အပိုင်းအစ ဘာတစ်ခုကိုမှ ရှာလို့မတွေ့သေးပါဘူး။

BBC

''နိုင်ဂျီးရီးယားတွင် အစ္စလာမ်ဘာသာရေးဆရာမှ အသက် ၁၂ နှစ် အရွယ် မိန်းကလေးအား မုဒိမ်းကျင့်''

Posted by drmyochit Wednesday, March 26, 2014, under | No comments


အသက် ၃၂ နှစ်အရွယ် အစ္စလမ္မစ် ဘာသာရေးဆရာ ကာဇီးမ် ဂျီမိုဝါ သည် နိုင်ဂျီးရီးယားနိုင်ငံ၊ အိုဂွန်ပြည်နည်၊ အိုတာ တရားရုံးတော်သို့ အသက် ၁၂ နှစ် အရွယ် မိန်းကလေးအား လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်မှုဖြင့် တရားရင်ဆိုင်ရန် ရောက်ရှိလာသည်။

ဂျီမိုဝါ မည်သည့် အရပ်တွင် နေထိုင်သည်ကိုမူ ဖော်ပြထားခြင်းမရှိပါ။ ဂျီမိုဝါသည် မိန်းကလေးအား အလိုမတူပဲ မုဒိမ်းကျင့်ခဲ့သဖြင့် ယင်းသို့ တရားစွဲခံရခြင်း ဖြစ်သည်။

အမှုစွဲဆိုသူ ရဲစုံထောက် ပီတာမိုလိုကူမှ အစ္စလာမ်ဘာသာရေးဆရာသည် မတ် ၁၈၊ 8:00 pm ၌ အိုတာ မြို့ ၊ အီလိုယီရပ်ကွက်ရှိ လူမနေသော အဆောက်အအုံအတွင်း၌ မိန်းကလေးအား မုဒိမ်းကျင့်ခဲ့သည်ဟု တရားရုံးတော်အား ပြောကြားခဲ့သည်။

တရားခံမှ မိန်းကလေးအား လှည့်ဖျား၍ အဆောက်အဦးအတွင်း ခေါ်ဆောင်သွားပြီး ယင်းသို့ မတော်မတရားပြုကျင့်ခဲ့ခြင်း ဖြစ်သည်ဟု မိုလိုကူက ဆိုသည်။

ယခင်ကလည်း ယင်းဘာသာရေးဆရာသည် မိန်းကလေးများအား ယခုကဲ့သို့ လှည့်ဖျားခေါ်ဆောင်၍ ဖျက်ဆီးမှုများ ရှိခဲ့ကြောင်း ရဲစုံစမ်းထောက်လှမ်းရေးမှ ဖော်ထုတ်တွေ့ ရှိခဲ့သည်ဟု မိုလိုကူမှ ဖြည့်စွက်ပြောကြားခဲ့သည်။

မူရင်းလင့်

ပျောက်ဆုံးလေယာဉ် အစိတ်အပိုင်းတွေ့သည့် အိန္ဒိယသမုဒ္ဒရာကို တရုတ်သင်္ဘောရောက်ရှိ

Posted by drmyochit Wednesday, March 26, 2014, under | No comments


တရုတ် ရေခဲခွဲသင်္ဘော ဇူလောင်းဟာ ပျောက်ဆုံး မလေးရှား လေယာဉ်ရဲ့ အစိတ်အပိုင်းလို့ ထင်ရတဲ့ အရာဝထ္ထု တွေ့ခဲ့တဲ့ အိန္ဒိယသမုဒ္ဒရာရေပြင်ကို ဒီနေ့ ရောက်ရှိသွားပါတယ်။

သင်္ဘောနဲ့အတူ လေယာဉ် ၆ စင်းကလည်း ရှာဖွေရေးလုပ်ငန်းတွေကို ကူညီမယ်လို့ အဲဒီ ရေပိုင်နက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီနေတဲ့ သြစတြေး လျ ရေကြောင်း ဌာနက ပြောပါတယ်။

ရှာဖွေရေးလေယာဉ်တွေက သံသယဖြစ်ဖွယ် အရာဝထ္ထုတွေကို တွေ့ရင် သင်္ဘောနဲ့ တခြားယာဉ်တွေကို အကြောင်းကြားပြီး သင်္ဘောက ရေပြင်က အရာဝထ္ထုကို ဆယ်ယူနိုင်ဖို့ စီစဉ်ထားပါတယ်။

တရုတ်ခရီးသည်တွေ အများစုပါဝင်တဲ့ မလေးရှားလေယာဉ် ဘိုရင်း ၇၇၇ ဟာ အိန္ဒိယသမုဒ္ဒရာထဲ ပျက်ကျသွားပြီလို့ မလေးရှားဝန်ကြီးချုပ်က ကြေညာပေမယ့် တိကျတဲ့ အချက်အလက်တွေကို သက်သေမပြနိုင်သေးတဲ့အချိန်မှာ ရှာဖွေရေးလုပ်ငန်းတွေလည်း လက်မလျှော့ကြသေးပါဘူး။

လောလောဆယ် သြစတြေးလျ၊၊ အမေရိကန်ပြည်ထောင်စု၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က လေယာဉ် ၁၂ စင်းလောက်က ရှာဖွေရေးလုပ်ငန်းတွေမှာ ပူးပေါင်းကူညီ ပေးနေပါတယ်။

မလေးရှားဝန်ကြီးချုပ်ကတော့  ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ MH370 လေယာဉ်ပေါ် ပါသူ ၂၃၉ ယောက်လုံး သေဆုံးသွားခဲ့ပြီလို့ ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ အသိပေးခဲ့ပါတယ်။

ဒီလို မကြေညာခင်လေးမှာပဲ တရုတ်ရှာဖွေရေး လေယာဉ် ၁ စင်းက အတော်အတန် ကြီးမားတဲ့ အရာဝထ္ထု ၂ ခုနဲ့ အဖြူရောင် အရာဝထ္ထုတော်တော်များများကို တွေ့ခဲ့ရတယ်လို့ ဆင်ဟွာသတင်းက ကြေညာခဲ့ပါတယ်။

အခု ရှာဖွေနေတဲ့နေရာဟာ သြစတြေးလျနိုင်ငံ အနောက်တောင်ပိုင်း  ရေခဲထူထပ်တဲ့  အာတိတ်သမုဒ္ဒရာရဲ့ အစိတ်အပိုင်းဖြစ်ပြီး ကမ္ဘာမှာ အစွန်အဖျာအကျဆုံး ဒေသတွေထဲက တခုလည်း ဖြစ်ပါတယ်။

By ဒီဗွီဘီ

သရုပ်ဆောင်တွေထဲမှာ သဘောကျတာ မသက်မွန်မြင့်

Posted by drmyochit Wednesday, March 26, 2014, under | No comments


ညီမ ကျောင်းပြီးသွားပြီဆိုတော့ အခုလောလောဆယ် အနုပညာအလုပ်တွေလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အခု Talent  သင်တန်းနဲ့ သရုပ်ဆောင်သင်တန်းတွေ တက်နေပါတယ်။

သရုပ်ဆောင်တယောက်သာ မလုပ်ဖြစ်ဘူးဆိုရင်Business မှာ ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ဟာတွေ လုပ်ဖြစ်ဖို့ စိတ်ကူးထားပါတယ်။

ညီမရထားတဲ့ BBA ဘွဲ့နဲ့ပတ်သက်ပြီးတော့ မာစတာတန်းတွေကို အပြင် ကနေ ဝင်ခွင့်ဖြေပြီး MBA ဆက်တက်ဖို့ အစီအစဉ်ရှိပါတယ်။

    စောပြည့်ဝင်း
    အသက် ၂ဝ
    စီးပွားရေးစီမံခန့်ခွဲမှု အထူးပြုကျောင်းသူ
    ရန်ကုန်စီးပွားရေးတက္ကသိုလ်


ဖက်ရှင်ကတော့ ညီမက Free စတိုင် ဝတ်ရတာကြိုက်ပါတယ်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ ထသွား ထလာ ပုံစံမျိုးလေးတွေ ဝတ်ရတာလေးတွေကြိုက်တယ်။
မျက်စိထဲစိတ်ကူးထဲပေါ်တဲ့ ပုံစံလေးတွေ ဝတ်ဖြစ်ပါတယ်။ အထူးတလည်တော့ မရှိပါဘူး။

အားတဲ့အချိန်ဆို သီချင်းနားထောင်တယ်။ သီချင်းဆိုရင် များသောအားဖြင့် နားထောင်ဖြစ်တာက Pop ဂီတ အမျိုးအစား နားထောင်ဖြစ်တယ်။ ပြီးတော့ Hip Hop လည်း နားထောင်ဖြစ်တယ်။

အဆိုတော်တွေထဲမှာဆိုရင် စိုင်းစိုင်းခမ်းလှိုင်ကို သဘောအကျဆုံးပဲ။
ညီမက စိုင်းစိုင်းခရေဇီပါ။
သူ့သီချင်းဆို အကုန်ကြိုက်တယ်။
သူဆိုသမျှ အကုန်ကြိုက်တယ်။

တခြားအဆိုတော်တွေထဲမှာ နားထောင်ဖြစ်တာတွေကတော့ လူငယ်အဆိုတော်တွေဆိုတဲ့သီချင်းတွေ အကုန်နားထောင်ဖြစ်ပါတယ်။ အင်တာနေရှင်နယ် အဆိုတော်တွေထဲမှာ ကြိုက်တာတော့ Pink ပါ။
လတ်တလော Pink ရဲ့ “ Stay” ဆိုတဲ့သီချင်းကို ကြိုက်တယ်။


(ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ)

ရုပ်ရှင်ကြည့်ရတာလည်း ဝါသနာပါပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေထဲမှာတော့ အဓိကကတော့ ဒရာမာကို ပိုကြိုက်တယ်။
 ဒါပေမယ့် လောလောဆယ်တော့ များသောအားဖြင့် ဖန်စီကားတွေ ထွက်နေတာဆိုတော့ ဖန်စီကားတွေကြည့်ဖြစ်ပါတယ်။


သရုပ်ဆောင်တွေထဲမှာ သဘောကျတာ မသက်မွန်မြင့်ပါ။

Facebook သုံးရင် ဘာတွေလုပ်ဖြစ်လဲဆိုတော့ Like Page တွေ အများကြီး ကြည့်ဖြစ်တယ်။ ကိုယ့်အတွက် အသုံးဝင်မယ့်ဟာလေးတွေပေါ့။
နောက်ပြီး ပေါ်ပြူလာဖြစ်နေတဲ့ဟာမျိုးတွေ သတင်းတွေဖတ်ဖြစ်တယ်။ ပြီးတော့ Facebook မှာ သူငယ်ချင်းတွေနဲ့ စကားပြောတယ်။
ဓာတ်ပုံအရိုက်ခံရတာ ဝါသနာပါတယ်၊ Facebook မှာလည်း တင်ဖြစ်ပါတယ်။


ဒီနှစ်ထဲမှာ ညီမအသွားချင်ဆုံးနေရာကို ပြောပါဆိုရင် မရောက်ဖြစ်သေးတဲ့နေရာ ပြင်ဦးလွင်ကိုသွားချင်တယ်။
ဘာဖြစ်လို့ အဲ့ဒီကိုသွားချင်လဲဆိုတော့ ပြင်ဦးလွင်မှာ အမျိုးသားကန်တော်ကြီး ဥယျာဉ်ပန်းခြံရှိတယ်လေ။
 အဲ့ဒီပန်းခြံမှာ အထူးသဖြင့် အလုပ်ချင်ဆုံးအရာက ဓာတ်ပုံရိုက်ချင်လို့ပါ။

ဒီနှစ် Valentine’s Day ကိုတော့ သူငယ်ချင်းတွေနဲ့ပဲ ပျော်ပျော်ပါးပါး ဖြတ်သန်းခဲ့တယ်။ သူငယ်ချင်းတွေစုပြီး ညီမကို Surprise gift တွေပေးတဲ့အတွက် အရမ်းပျော်ခဲ့ရပါတယ်။
  -
သီဟတိုး




ဧရာဝတီ

ဖုန်းခေါ်ဆိုခ နှုန်းထားများနှင့် ၀န်ဆောင်မှု ၀န်ကြီးဌာနက စွက်ဖက်မည်မဟုတ်

Posted by drmyochit Wednesday, March 26, 2014, under | No comments

MPT သည် မြန်မာနိုင်ငံ၏ တခုတည်းသော တယ်လီဖုန်းဝန်ဆောင်မှုလုပ်ငန်း ဖြစ်ပြီး ဆက်သွယ်ရေး ကဏ္ဍကို စီမံခန့်ခွဲနေသည့် ဌာနလည်း ဖြစ်သည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

ဆက်သွယ်ရေး လိုင်စင်ရထားသည့် အော်ပရေတာ (ကုမ္ပဏီ) များ၏ ဖုန်းခေါ်ဆိုခ နှုန်းထားများ အပါအ၀င် ၀န်ဆောင်မှုများနှင့် ပတ် သက်ပြီး ဝန်ကြီးဌာန အနေဖြင့် ဝင်ရောက် စွက်ဖက်မည် မဟုတ်ကြောင်း ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန ဒု ဝန်ကြီး ဦးသောင်းတင် က ဧရာဝတီကို ပြောသည်။

“အခုလက်ရှိမှာ ဘယ်လိုမျိုး လုပ်ဆောင်မှုတွေနဲ့မှ ဝန်ကြီးဌာန အနေနဲ့ အော်ပရေတာတွေကို ချုပ်ကိုင်မှာ မဟုတ်ဘူး၊ ဝန်ကြီးဌာန က ပေါ်လစီပိုင်းပဲ ကိုင်တော့မယ်၊ ဘယ်သူက သတ်မှတ်ထားတဲ့ ဥပဒေကို မလိုက်နာလဲ၊ ဒါပဲစစ်မယ်၊ ဘာမလုပ်ရ၊ ဘယ်ဈေး၊ ဘယ်ခေါ်ဆိုခ စတဲ့ အပိုင်းတွေက သက်ဆိုင်တဲ့ ကုမ္ပဏီရဲ့ သဘော အတိုင်းပဲ”ဟု ၎င်းက ဆိုသည်။

အစိုးရပိုင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း(MPT)၏ နှုန်းထားများနှင့်ဆက်စပ်ပြီး လုပ်ကိုင်ခွင့်လက်ရှိရထားသော အော်ပရေတာများကို အဆိုပါ နှုန်းထားဖြင့်သာ ဆက်လက် ကောက်ယူခွင့် ပြုမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် မေးမြန်းစဉ် ယင်းသို့ ပြန် လည် ဖြေကြားခြင်း ဖြစ်သည်။

“သူတို့ လုပ်ဆောင်မယ့် ဈေးက ပြည်သူတွေ လက်ခံနိုင်မလား၊ ဘယ်လို အခက်ခဲတွေ ရှိမလဲ ဆိုတာကို သိချင်လို့ တင်ပြခိုင်းတာ ပါ၊ ကျန်တာကတော့ သူတို့က ဆက်သွယ်ရေး ဥပဒေကို လိုက်နာရမယ်၊ မလိုက်နာရင် သူတို့ကို သတ်မှတ်ထားတဲ့ အတိုင်း မလုပ် ပေးနိုင်ရင် သူတို့ တင်ထားတဲ့ စပေါ်ငွေထဲက ဖြတ်သွားမယ်”ဟုလည်း ဦးသောင်းတင်က ပြောသည်။

ဆက်သွယ်ရေး ခေါ်ဆိုခ နှုန်းထားများနှင့် ပတ်သက်ပြီး လက်ရှိ တဦးတည်းလုပ်ကိုင်ခွင့် ရထားသည့် MPT က တမိနစ် ခေါ်ဆိုခကို ၅၀ ကျပ်နှုန်း၊ မက်ဆေ့ခ်ျ ပို့ပါက တစောင်လျှင် ၂၅ ကျပ် နှုန်း ကောက်ခံလျက် ရှိသည်။

တဦးတည်း ချုပ်ကိုင်မှုဖြင့်သာ ရပ်တည်ခဲ့သည့် မြန်မာ့ဆက်သွယ်ရေး ကဏ္ဍမှာ မကြာတော့သည့် ရက်ပေါင်း ၂၀၀ ကျော် ကာလတွင် ပြောင်းလဲတော့မည် ဖြစ်ကြောင်းလည်း ဒု ၀န်ကြီးက ဆက်ပြောသည်။

ယင်းသို့ ဆယ်စုနှစ်များစွာ ပြိုင်ဆိုင်မှု မရှိခဲ့သည့် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတခုကို မကြာမီ ပြိုင်ဆိုင်မှု ပြင်းထန်သည့် ကဏ္ဍတခု အဖြစ် မြင်တွေ့နိုင်ရန် အတွက် ဝန်ကြီးဌာနအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာများကို တန်းတူ အခွင့်အရေးပေး ပြိုင်ဆိုင်ခွင့် ပေးမည် ဖြစ်ကြောင်း သိရသည်။

“မြန်မာ့ဆက်သွယ်ရေးလို့ ဆိုရင် လူတိုင်းကို ခွဲခြား စေချင်တယ်၊ ဆက်သွယ်ရေး ဝန်ကြီးဌာန နဲ့ MPT ကို ခွဲခြား မြင်စေချင်တယ်၊ သူက လွတ်လွတ်လပ်လပ် လုပ်ခွင့်ရတော့မှာ ဆိုတော့ သူဈေးမချရင် သူရပ်တည်ဖို့ မလွယ်ဘူး၊ သူမလျှော့ရင် သူမရပ်တည်နဲ့၊ ဒီအထဲမှာ နေချင်ရင် သူလည်း အပြိုင်အဆိုင် လျှော့ရတော့မယ်”ဟု ဒုဝန်ကြီး ဦးသောင်းတင်က ပြောသည်။

ယခင်က တဦးတည်း ချုပ်ကိုင်ခဲ့သည့် MPT သည် ပြိုင်ဆိုင်မှုများ၌ ရတနာပုံ တယ်လီပို့စ် အနေဖြင့် ဝန်ကြီးဌာန လက်အောက်မှ ခွဲထွက်ပြီး သီးခြားရပ်တည်ရန် စီစဉ်ထားသော်လည်း လက်ရှိ အချိန်အထိ ၎င်းနှင့်ပူးတွဲ လုပ်ဆောင်မည့် ကုမ္ပဏီကို မရွေးချယ်နိုင် သေးသောကြောင့် လုပ်ငန်းလိုင်စင် ချပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

“ဂျပန်ကုမ္ပဏီ တခုနဲ့ ဆွေးနွေး နေတာတော့ မှန်တယ်၊ ဝန်ကြီးဌာန အနေနဲ့ လုပ်ဆောင်တော့မှာ မဟုတ်တဲ့ အတွက် သူ့ရပ်တည်မှု အတွက် သူလည်း ပြိုင်ဆိုင် ရလိမ့်မယ်၊ ဒီနှစ်ထဲမှာ သူလည်း ခွဲထွက်ပြီး ပြိုင်ဆိုင် နိုင်မှာပါ”ဟု ဒု ၀န်ကြီးက ဆက်ပြောသည်။

“ခေါ်ဆိုခလို့ ဆိုရင် ကောက်ခံတာက မိနစ်နဲ့ ကောက်မလား၊ စက္ကန့်နဲ့ ကောက်မလား၊ စိတ်ကြိုက် လုပ်ပိုင်ခွင့် ပေးထားပါတယ်၊ ဒီအပေါ်မှာ ပြိုင်တဲ့သူ သဘောပါပဲ၊ သူက စက္ကန့်နဲ့ ကောက်မယ်ဆိုလဲ ကောက်၊ မိနစ်နဲ့ ကောက်မယ်ဆိုလည်း ကောက်၊ ဒီသဘောပါပဲ”ဟုလည်း ၎င်းက ဆိုသည်။

MPT က ခေါ်ဆိုခနှုန်းထား ကောက်ယူရာတွင် စက္ကန့်ဖြင့် ကောက်ယူနေခြင်း ဖြစ်ပြီး မက်ဆေ့ခ်ျ(SMS) ဝန်ဆောင်ခကို ထပ်တိုး ကောက်ခံ နေခြင်း ဖြစ်ပြီး မည်သည့် ဝန်ဆောင်မှုကိုမှ ထပ်တိုးပေးခြင်း မရှိပေ။ နိုင်ငံတကာ ဆက်သွယ်ရေး တချို့တွင် SMS ဝန်ဆောင်ခကို ကောက်ခံခြင်း မပြုခြင်း အပြင် အခြားသော ဝန်ဆောင်မှု အမျိုးမျိုးကို ထပ်ဆောင်း ပေးမှုများ ရှိကြောင်း သိရသည်။

လက်ရှိတွင် အော်ပရေတာ လိုင်စင်ရရှိထားသည် အော်ရီးဒူးက တမိနစ်လျှင် ၄၅ ကျပ်နှုန်း၊ တယ်လီနောက တမိနစ်လျှင် ၂၅ ကျပ်နှုန်း ကောက်ခံမည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မည်သည့် ဝန်ဆောင်မှုများ ပေးသွားမည်၊ မည်သည့် ဈေးဖြင့် ကောက် ခံသွားမည်ကို တရားဝင် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

“ဆက်သွယ်ရေး ဖုန်းလို့ ပြောရင် Package တခုကို မြင်ရတော့မယ်၊ ဥပမာ ဈေးနှုန်း အရဆို ဖုန်းကတ် ဝယ်တာနဲ့ ဘာတွေ ပါမလဲ၊ အင်တာနက် ပါမလား၊ ခေါ်ဆိုခကို ဘယ်လောက် အလကား ခေါ်ခွင့်ရမယ်၊ မက်ဆေ့ခ်ျ အလကား ပို့ခွင့် ရမယ်၊ ဒီလိုတွေ ပါမယ်၊ ဒါမှမဟုတ် ခေါ်ဆိုခနှုန်း အရ ဆိုရင် ခေါ်ဆိုခ မချဘူး၊ ဒီမှာ မက်ဆေ့ခ်ျက အလကား ပေးမလား၊ အချိန်နဲ့ ပေးမလား၊ မီဂါဘိုက်နဲ့ ပေးမလား၊ ဒါကတော့ အော်ပရေတာတွေရဲ့ပြိုင်ဆိုင်မှုပဲ၊ အကုန် ခွင့်ပြု ထားပါတယ်”ဟု ဒုဝန်ကြီး ဦးသောင်းတင်က ဆိုသည်။

လက်ရှိတွင် အော်ရီဒူးမှ ရန်ကုန်မြို့တွင်းရှိ ဖုန်းအရောင်းဆိုင်များတွင် ၎င်းတို့၏ ဖုန်းကတ် ဝယ်ယူလိုသူများ စာရင်းကို ကောက်ခံ နေမှုများ ရှိကြောင်း၊ နေ့စဉ် ဖုန်းကတ်ဝယ်ရန် လာရောက် စာရင်းသွင်းသူ ဦးရေမှာ ၅၀ ကျော်ကြောင်း ဖုန်းအရောင်းဆိုင်များက ပြောသည်။

“အော်ပရေတာ အသစ်တွေ ရောက်လာပေမယ့် အစိုးရဘက်က ဆက်သွယ်ရေးပိုင်း လုပ်နေတော့ ခေါ်ဆိုခနဲ့ ဝန်ဆောင်မှုတွေကို အစိုးရနဲ့ ညှိရမယ် ထင်တယ်၊ နို့မို့ဆို သူတို့ဆီမှာ သုံးစွဲသူတောင် ရှိမယ်မထင်ဘူး၊ Voice mailတို့ ဘာတို့ရော ပေးမှာလား၊ အင်တာနက်ကရော ဒီတိုင်းပဲ ရှိနေမလား။ ဒီတိုင်းပဲ ဆိုရင်တော့ ဒီဈေးကွက်က ထူးခြားတာ မရှိပါဘူး၊ နိုင်ငံတကာလို အားလုံးပြိုင်ဆိုင်ခွင့် ရရင်တော့ ကောင်းမယ်”ဟု ဖုန်းရောင်းဝယ်ရေး လုပ်ငန်း လုပ်ကိုင်သူ တဦးဖြစ်သည့် ကိုနိုင်ဇော်က ပြောပြသည်။

မြန်မာ့ဆက်သွယ်ရေးက လိုင်စင်ရ အော်ပရေတာများ လုပ်ဆောင်နိုင်ရန် အတွက် ရှိရင်းစွဲ တာဝါတိုင်များကို ဈေးနှုန်းတခုဖြင့် ငှားရမ်း လုပ်ကိုင်ခွင့် ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

“ဆက်သွယ်ရေး ဝန်ကြီးဌာန အနေနဲ့ ရှိရင်းစွဲ တာဝါတိုင်တွေကို ငှားရမ်းမယ်၊ ဥပဒေမှာလည်း ပါတယ်၊ တာဝါတိုင်တွေ ငှားရမ်းသုံးစွဲခွင့် ပေးရမယ် ဆိုတာ၊ ဒီတော့ ရတနာပုံ တယ်လီပို့ကို ငှားရင်လည်း ငှားမယ်၊ ဘယ်အော်ပရေတာပဲ ငှားငှား၊ ငှားခွင့် ပေးမယ်၊ ဝန်ကြီးဌာနက ဒါနဲ့ ရပ်တည်သွားမယ်”ဟု ဒုဝန်ကြီး ဦးသောင်းတင်က ဧရာဝတီသို့ ပြောပြသည်။

တယ်လီနော မြန်မာ ကုမ္ပဏီမှ တာဝါတိုင် တည်ဆောက်ရေး အတွက် Apollo ကုမ္ပဏီ၊ Ayarwaddy Green ကုမ္ပဏီတို့နှင့်အတူ ညှိနှိုင်းသွားမည် ဖြစ်ကြောင်း၊ ယင်းကုမ္ပဏီ နှစ်ခုလက်အောက်တွင် ပြည်တွင်း ကုမ္ပဏီ ၁၂ ခုခန့် ပါဝင်ကြောင်း တယ်လီနော ကုမ္ပဏီ မြန်မာပြည် ကိုယ်စားလှယ်  Mr.Petter Furberg က ပြောသည်။

လက်ရှိတွင် ၂၀၁၄ မတ်လဆန်း အထိ မိုဘိုင်းဖုန်း သုံးစွဲမှု အရေအတွက်မှာ စုစုပေါင်း ၈ သန်းနီးပါး ရှိကြောင်း မြန်မာ့ဆက်သွယ် ရေး၏ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။

မေခ| ဧရာဝတီ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တာဝန်ထမ်းဆောင်မှုသက်တမ်း ၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် မိန့်ခွန်း

Posted by drmyochit Wednesday, March 26, 2014, under | No comments



နေပြည်တော်၊ ၂၀၁၄ ခုနှစ်၊ မတ်လ  ၂၆ ရက်

ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

နာယကကြီးနဲ့တကွ လွှတ်တော် ကိုယ်စားလှယ်များ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က ဒီလွှတ်တော်ကြီးထဲမှာ နိုင်ငံတော်သမ္မတအဖြစ် ကတိသစ္စာ ပြုပြီးတဲ့နောက် ကျွန်တော်တို့ အစိုးရ လက်ထက်မှာ လျှောက်လှမ်းမယ့် မူဝါဒ သဘောထား လမ်းစဉ်တွေကို ထုတ်ဖော်ကြေညာခဲ့ပါတယ်။ အခုလာမယ့် မတ်လ ၃ဝ ရက်နေ့ဆိုရင် တာဝန် ထမ်းဆောင်ခဲ့တာ သုံးနှစ်တင်းတင်း ပြည့်မြောက်ပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံလိုကြသေးတဲ့ ပြည်တွင်းပြည်ပက လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ အားလုံးကို တိုင်းပြည်ရဲ့အကျိုးစီးပွား အတွက် တူညီတဲ့ကိစ္စတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြဖို့ ငြိမ်းချမ်းရေး တံခါးဖွင့်ပြီး လက်ကမ်း ကြိုဆိုခဲ့ပါတယ်။ သုံးနှစ်ပြည့်မြောက်ချိန်မှာ ဒီသဘောထားကို ဘယ်လောက်အထိ ဖြစ်မြောက်အောင် ဆောင်ရွက်နိုင် ခဲ့ပြီလဲဆိုတာ ပြန်လည်သုံးသပ်ရင် ကျေနပ် အားရဖွယ် ကောင်းတဲ့ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို အတိုင်းအတာ တစ်ခု အထိ ကျွန်တော်တို့ ဆောင်ရွက်နိုင်တာကို တွေ့ရှိနိုင်ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က ဒီနေရာကနေ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အာဆီယံ၊ ဘင်းမ်စတက်နဲ့ အခြားဒေသ တွင်း အဖွဲ့အစည်းတွေမှာ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရင်း ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ထည်ထည်ဝါဝါ ရပ်တည်နိုင်အောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ကတိပြုပြောကြားခဲ့ပါတယ်။ သုံးနှစ် ပြည့်မြောက် ပြီဖြစ်တဲ့ ဒီကနေ့ ဒီအချိန်မှာ ဆီးဂိမ်းအိမ်ရှင်၊ အာဆီယံဥက္ကဋ္ဌ၊ ဘင်းမ်စတက် အိမ်ရှင်၊ ကမ္ဘာ့စီးပွားရေး ဖိုရမ်အစရှိတဲ့ သမိုင်းဝင်မှတ်တိုင်တွေနဲ့ အတူ ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာ အသိုက်အဝန်းနဲ့ ဂုဏ်သိက္ခာရှိစွာဖြင့် ပေါင်းစည်းနေပြီဆိုတာ တွေ့မြင် နေကြရပြီ ဖြစ်ပါတယ်။

အလားတူပါပဲ မြန်မာပြည်သူများရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်တာကို မြင်လိုပါတယ် ဆိုတဲ့ နိုင်ငံများအနေနဲ့ အစိုးရအဖွဲ့ သစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲမှု လေးရပ်နဲ့အညီ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ကာလ သုံးနှစ်ပြည့်မြောက်ပြီဖြစ်တဲ့ ဒီအချိန် မှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရှိန်အဟုန် ကောင်းနေပြီဆိုတာ အားလုံးပဲ အထင်အရှား တွေ့ မြင်နိုင်ပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့သုံးနှစ်က ဒီနေရာမှာ ပြည်ထောင်စုအစိုးရက တင်သွင်းမယ့် ဥပဒေပြုရေး အစီအစဉ်(၁ဝ)ရပ်ကို ထုတ်ဖော် ပြောကြား ခဲ့ပါတယ်။ ဒီအစီအစဉ်တွေကတော့ (၁) ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မဆီလျော်တဲ့အချက်တွေကို ပြန်လည်ပြင်ဆင်ခြင်း၊ (၂) နိုင်ငံသားများရဲ့ မူလအခွင့်အရေးတွေကို ဥပဒေနဲ့အညီ ဖော်ဆောင်ပေးနိုင်မယ့် ဥပဒေကြမ်းတွေ တင်သွင်းခြင်း၊ (၃) ဝန်ထမ်းများနဲ့ အငြိမ်းစား ဝန်ထမ်းလစာတွေကို အခြေအနေ အချိန်အခါအရ ပြင်ဆင်သတ်မှတ်ခြင်း၊ (၄) တောင်သူ လယ်သမားတွေရဲ့ လယ်ယာလုပ်ပိုင်ခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေတွေပြုစုနိုင်ဖို့ လေ့လာခြင်း၊ ခေတ်နဲ့အညီ ပြင်ဆင်နိုင်ဖို့ ပြန်လည် သုံးသပ်ခြင်း၊ (၅) အလုပ်သမားများရဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးနဲ့ ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေတွေကို ခေတ်နဲ့ အညီ ပြန်လည်သုံးသပ်ခြင်း၊ (၆) ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လူမှုဖူလုံရေးဥပဒေကို ခေတ်နဲ့အညီ ပြန်လည် ရေးဆွဲပြီး ဥပဒေကြမ်း တင်သွင်းခြင်း၊ (၇) ပညာရေးနဲ့ ကျန်းမာရေး အဆင့်အတန်း မြှင့်တင်ရေးအတွက် ဥပဒေကြမ်းများ တင်သွင်းခြင်း၊ (၈) စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်း မီဒီယာများနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ အညီ ခေတ်နဲ့ မလျော်ညီတဲ့ စာပေစာနယ်ဇင်းဆိုင်ရာ ဥပဒေအချို့ကို ပြင်ဆင်ခြင်း၊ (၉) သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ ဥပဒေများပြဋ္ဌာန်းခြင်း၊ စက်မှုလက်မှုလုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်းများနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လိုအပ်ချက်များနဲ့ ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ခြင်း၊ (၁ဝ) ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ မမျှော်မှန်းနိုင်တဲ့ သဘာဝဘေးအန္တရာယ်များနဲ့ ပတ်သက်ပြီး ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနဲ့ သဘာဝဘေးအန္တရာယ် ရေရှည် ကာကွယ်နိုင်ရေး တို့အတွက် လိုအပ်တဲ့ အစီအမံတွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင် ဆောင်ရွက်နိုင်ရန် ပြဋ္ဌာန်းလိုခြင်းတို့ပဲ ဖြစ်ပါတယ်။ သုံးနှစ် ပြည့်မြောက်ပြီဖြစ်တဲ့ ဒီကနေ့ ဒီအချိန်မှာ ကျွန်တော်တို့ ဘယ်လောက် ဖော်ဆောင်နိုင်ခဲ့ပြီလဲ ဆိုတာ ဖြစ်ပေါ်လာတဲ့ ရလဒ်တွေက သက်သေပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာ ကျွန်တော်တို့ ဖော်ဆောင်သွားမယ့် ဈေးကွက် စီးပွားရေးစနစ်နဲ့ ပတ်သက်ပြီး နိုင်ငံနဲ့ ပြည်သူ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုကာ ဖွင့်သင့်တာဖွင့်၊ ပြင်သင့်တာပြင်၊ ဖိတ်ခေါ်သင့်တာ ဖိတ်ခေါ်ပြီး ဆောင်ရွက်သွားမယ် ဆိုတာ ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်မှာ လိုအပ်နေတဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေနဲ့ နည်းပညာ ကျွမ်းကျင်မှုတွေ ရရှိစေဖို့၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို တိုးမြှင့်ဆွဲဆောင်ပြီး၊ အထူးစီးပွားရေးဇုန်တွေ ထူထောင်ကာ ဖော်ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ တိုင်းရင်းသား လုပ်ငန်းရှင်များရဲ့ ကုန်ထုတ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ဈေးကွက်ယန္တရား ခိုင်မာ အားကောင်းခြင်း မရှိသေးသော်လည်း လိုအပ်တဲ့ အင်စတီကျူးရှင်းတွေ ထူထောင်ခဲ့ပြီးတဲ့ နောက် စီးပွားရေး စနစ်အခြေခံတွေ ပြောင်းလဲသွားပြီ ဖြစ်သလို နှစ်ပေါင်းများစွာ ပျောက်ဆုံးနေခဲ့တဲ့ ဈေးကွက်နဲ့ ပုဂ္ဂလိကရဲ့ အခန်းကဏ္ဍဟာလည်း ပြန်လည်နိုးထလာပြီ ဖြစ်ပါတယ်။

အလားတူ အစိုးရနဲ့ အတိုက်အခံဆိုတဲ့ ပဋိပက္ခအသွင်ဆောင်တဲ့ အမြင်သဘောထား တွေကို ကိုင်စွဲခြင်းမပြုဘဲ အမျိုးသား အကျိုး စီးပွားအပေါ် အခြေခံပြီး လုပ်ဖော်ကိုင်ဖက်များအဖြစ် သဘောထားကာ လက်တွဲဆောင်ရွက်သွားကြဖို့ တိုက်တွန်း ခဲ့ပါတယ်။ သုံးနှစ်တာ ပြည့်မြောက်တဲ့ ဒီအချိန်မှာ လုပ်ဖော်ကိုင်ဖက်အသွင် နိုင်ငံရေး ယဉ်ကျေးမှု အသစ်ကို ကျွန်တော်တို့ ဖော်ဆောင်နိုင် ခဲ့ပြီ ဆိုတာကို အထင်အရှား တွေ့နေရပြီ ဖြစ်ပါတယ်။

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုပြုလုပ်ရာမှာ ပါဝင်သင့်သူ နိုင်ငံသားအားလုံး ပါဝင်နိုင်စေရန် ရည်ရွယ်ချက်နဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် (၄၉) ကြိမ် ပေးခဲ့ပြီး အကျဉ်းသား (၆၈ဝဝဝ) ကျော်ကို လွှတ်ပေးခဲ့ပါတယ်။ ဒီ့ပြင် အကြောင်း အမျိုးမျိုးနဲ့ ပြည်ပ နိုင်ငံများသို့ ရောက်ရှိပြီး ပြန်လာဖို့ခက်ခဲနေတဲ့ မိမိနိုင်ငံသားများ မိခင် နိုင်ငံသို့ ပြန်လည် ဝင်ရောက်နိုင်ရေး အတွက်ကိုလည်း အဆင့်ဆင့်ဖြေလျှော့ ဆောင်ရွက်ပေးခဲ့ပါတယ်။ အကျိုးရလဒ် အနေနဲ့ အကျဉ်းကျခံရာမှ လွတ်မြောက်သူ ပုဂ္ဂိုလ်အချို့၊ နိုင်ငံအတွင်း ပြန်ဝင်လာတဲ့ နိုင်ငံသား အသိပညာရှင်၊ အတတ်ပညာရှင်တွေ ကိုယ်တိုင် နိုင်ငံ တည်ဆောက်ရေးတွေ မှာ ကောင်းမွန်စွာ ရှင်သန်နေတာကို တွေ့မြင်နေကြပြီ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ သုံးနှစ်က ဒီနေရာမှာ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအပေါ် အပြု သဘော မမြင်နိုင်သေးတဲ့ နိုင်ငံအချို့ ကိုလည်း ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန် အနှစ်သာရ ရှိရှိ ကျင့်သုံးဖော်ဆောင်နိုင်အောင် ကြိုးပမ်းစွမ်းဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်တယ်ဆိုတာ ပွင့်လင်းစွာ ပြောကြားခဲ့ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ဘယ်လိုအခြေအနေ၊ ဘယ်ခရီးအထိ ရောက်ရှိနေပြီ ဆိုတာကို ထုတ်ဖော်ပြောကြားစရာ မလိုအောင် မြင်တွေ့နေကြပြီ ဖြစ်ပါတယ်။

နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုများကြောင့် နိုင်ငံတကာမှ မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံမှု ထူထောင်ရန် ကမ်းလှမ်းလာမှုများ သိသိသာသာ တိုးမြင့်လာခဲ့ပါတယ်။ နိုင်ငံတကာမှ ခေါင်းဆောင်များလည်း မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးများ မကြာခဏလာ ရောက်လျက် ရှိကြပါတယ်။ ယခင်က မြန်မာနိုင်ငံနဲ့ သံတမန် ဆက်ဆံမှု ထူထောင်ထားရှိသော နိုင်ငံပေါင်း ၁၀၃ နိုင်ငံရှိခဲ့ရာမှ ယခုအချိန်တွင် ၁၁၅ နိုင်ငံ ထိ တိုးမြှင့် ထူထောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော်တို့ပြုခဲ့တဲ့ ကတိကဝတ်တွေနဲ့ စပ်လျဉ်းပြီး ဒီကနေ့ ဒီအချိန်မှာ ဘယ်လောက် အတိုင်းအတာအထိ ပြည့်မြောက်ခဲ့ပြီလဲ ဆိုတဲ့ ပကတိ အခြေအနေမှန်အဖြစ် ကျွန်တော်တို့ လျှောက်လှမ်းခဲ့တဲ့ခရီးက ပြသနေပြီဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ပြိုလဲခဲ့ရတဲ့ ကမ္ဘာ့နိုင်ငံတွေ၊ ဒီမိုကရေစီ ကူးပြောင်း ပြီးသော်လည်း မတည်မငြိမ်မှုတွေ ကြုံတွေ့နေရတဲ့ နိုင်ငံတွေနဲ့ နှိုင်းယှဉ်ချိန်ထိုးပြီး ကျွန်တော်တို့ နိုင်ငံအပေါ် အကဲဖြတ်ခဲ့ကြပါတယ်။ ဒီသမိုင်းမှတ်တမ်းမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတဲ့ နာယကကြီးနဲ့တကွ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက လွှတ်တော်ကိုယ်စားလှယ်များ အားလုံးနဲ့ ရဟန်းရှင်လူ ပြည်သူအားလုံးတို့ကို နိုင်ငံတော်ရဲ့ကိုယ်စား ကျေးဇူးတင်ရှိကြောင်း ဒီနေရာ ကနေ ချီးကျူး ဂုဏ်ပြုလိုက်ပါတယ်။

ကျွန်တော်တို့ အစိုးရသစ်ဟာ ပြည်သူလူထုရဲ့ အဓိကဆန္ဒကြီး နှစ်ရပ်ဖြစ်တဲ့ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဖော်ဆောင်ဖို့ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲမှုနဲ့ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်မှုတို့ကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ခဲ့ပါတယ်။ စီးပွားရေး ပြုပြင် ပြောင်းလဲမှုကို ဆောင်ရွက်တဲ့ အခါမှာ ဈေးကွက်စီးပွားရေးကို သွားနိုင်ဖို့ မက်ခရို စီးပွားရေး တည်ငြိမ်မှုအတွက် အခက်အခဲဖြစ်စေတဲ့ ကြွေးမြီဟောင်းတွေ၊ ပိတ်ဆို့မှု အဟန့်အတား တွေကို ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ မြီရှင်နိုင်ငံတွေက လက်ခံနိုင်တဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တစ်ရပ် ရေးဆွဲခဲ့ရပါတယ်။ ၂ဝ၁၂ ခုနှစ် နှစ်လယ်ပိုင်းမှာ စတင်ရေးဆွဲခဲ့တဲ့ ကျွန်တော်တို့နိုင်ငံရဲ့ လူမှုစီးပွား ပြုပြင် ပြောင်းလဲရေး မူဘောင် (Framework of  Economic Social Reform-FESR) ကို ၂ဝ၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ အတည်ပြုနိုင်ခဲ့ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပြည်ပအစိုးရ တွေကို ရှင်းလင်းနိုင်ဖို့ မြန်မာ့ဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ကို ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလက နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။ မိမိနိုင်ငံဆိုင်ရာ ရှင်းလင်း တင်ပြချက်များ အပေါ် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြားအစိုးရအများစုကလည်း ထောက်ခံ အားပေးခဲ့ကြပါတယ်။

ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို နိုင်ငံတကာ အသိုက်အဝန်းက အသိအမှတ်ပြု ထောက်ခံ ကြိုဆိုခဲ့ကြပြီး တတ်နိုင်တဲ့ ဘက်က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြတဲ့ အတွက် ဒီကနေ့ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး လမ်းကြောင်းပေါ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်လျှောက်လှမ်းနိုင်တာ ဖြစ်ပါတယ်။ ဒီလို စာနာနားလည်မှုနဲ့ ထောက်ပံ့ ကူညီခဲ့ကြတဲ့ နိုင်ငံတကာ အသိုက်အဝန်းကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒီနေရာကနေ ပြောကြားလိုပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

အရင်တုန်းက အမျိုးမျိုးဖြစ်နေတဲ့ ငွေလဲလှယ်မှုနှုန်းထားကို တစ်ခုတည်းဖြစ်အောင် ပေါင်းစည်းနိုင်ခဲ့ပြီး အတက်အကျ မများအောင်လည်း ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။ ဗဟိုဘဏ်ကိုလည်း သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းအဖြစ် ဥပဒေသစ် ပြဋ္ဌာန်းပြီး ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီလို မက်ခရိုစီးပွားရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်တွေ၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး ကြိုးပမ်း အားထုတ်မှုတွေကို ထောက်ခံပြီး နော်ဝေ၊ ဂျပန်၊ ဂျာမနီနဲ့ ပဲရစ်ကလပ် အဖွဲ့ဝင် နိုင်ငံတွေက ကြွေးမြီ အမေရိကန်ဒေါ်လာ (၆၀၀၉) သန်းကို လျှော်ပစ်ပေးခဲ့ပါတယ်။ ဒီ့ပြင် ဥရောပသမဂ္ဂ အနေနဲ့ ပိတ်ဆို့အရေးယူမှုတွေ အားလုံးနီးပါး ဖယ်ရှားပေးခဲ့ပြီး၊ အမေရိကန် ပြည်ထောင်စုကလည်း ပိတ်ဆို့အရေးယူမှုတွေ ကို ဖြေလျှော့ပေးခဲ့ပါတယ်။

ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားနိုင်ခဲ့ခြင်းရဲ့ အကျိုးဆက်အားဖြင့် ကုန်သွယ်မှု အထူး အခွင့်အရေး (Generalized System Preferences-GSP) တွေ ပြန်လည်ရရှိလာခဲ့ပြီး ဈေးကွက်ကြီးတွေ ပြန်လည်ပေါ်ပေါက်လာပါတယ်။ တစ်ပြိုင်တည်းမှာပဲ အထည်ချုပ် လုပ်ငန်း၊ ခရီးသွားလုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်ဖွံ့ဖြိုး လာပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စီမံချက် ချမှတ်ဆောင်ရွက်ခဲ့တဲ့အတွက် ၂ဝ၁၁ ခုနှစ်က စတင်ပြီး ခရီးသွားဧည့်သည် အရေ အတွက် စံချိန်တင် မြင့်မားလာခဲ့တာ ၂ဝ၁၃ ခုနှစ်မှာ (၂) သန်းအထိ ရောက်ရှိလာခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာ ခရီးသွားလာရေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အသွားသင့်ဆုံး ကမ္ဘာ့နေရာတွေ ထဲက ထိပ်ဆုံးအဆင့်မှာ (၃) နှစ် ဆက်တိုက်ပါရှိခဲ့ပါတယ်။ လာမယ့်နှစ်မှာ ခရီးသွား (၃) သန်းကျော်နဲ့ ၂ဝ၁၅ ခုနှစ်မှာ (၅) သန်းအထိ ဝင်လာမယ် လို့လည်း မျှော်မှန်းထားပါတယ်။ ဒါ့ကြောင့် ဟိုတယ်လုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေ အားလုံးကို ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ပြောကြား လိုက်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

ပြင်ပကမ္ဘာကို တံခါးဖွင့် ဖိတ်ခေါ်ခြင်းနဲ့အတူ စီးဝင်လာတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို စိစစ် ခွင့်ပြုရာမှာလည်း အချိန်တိုတိုအတွင်း စက်ရုံ၊ အလုပ်ရုံတွေ တည်ဆောက်နိုင်အောင်၊ အလုပ် အကိုင် အခွင့်အလမ်းတွေ အမြန်ဆုံး ရရှိနိုင်အောင် အစိုးရနဲ့ ပုဂ္ဂလိက ကျွမ်းကျင် သူတွေ ပူးပေါင်း ပါဝင်တဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က အလေးထား ဆောင်ရွက်ခဲ့ရာမှာ အချိန်ကြာကြာယူဖို့ မလိုအပ်တဲ့ လုပ်သားအရင်းပြု စက်ရုံတွေ၊ အထည်ချုပ်စက်ရုံတွေ ပေါ်ထွန်းလာခဲ့ပါတယ်။ စံချိန်စံညွှန်းနဲ့ အရည်အသွေးများစွာ မြင့်မားတဲ့ ဂျပန်၊ တောင်ကိုရီးယား ဈေးကွက်တွေကို တင်ပို့ လာနိုင်တဲ့အတွက် လုပ်သားအရင်းပြု ကုန်ထုတ်လုပ်မှုအဆင့်ကနေ နည်းပညာအခြေပြု ကုန်ထုတ်လုပ်မှုကို စတင်ကူးပြောင်းလာပါတယ်။ ဒါ့ကြောင့် နိုင်ငံသား အထည်ချုပ် လုပ်ငန်းရှင်တွေ၊ အထည်ချုပ်လုပ်သားတွေကိုလည်း ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။

တစ်ဆက်တည်းမှာပဲ အလုပ်ရှင်-အလုပ်သမားပြဿနာတွေကို ငြိမ်းချမ်းစွာ ညှိနှိုင်းတဲ့ ပြေလည်အောင် ဖြေရှင်းနိုင်တဲ့ နည်းလမ်း အဆင့်ဆင့်ဖြင့် စီမံ ဆောင်ရွက်ပေးလျက် ရှိပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမားအကြား နှစ်ဦးနှစ်ဖက် ရေရှည် အကျိုးရှိစေဖို့ အလုပ်ရှင်-အစိုးရ-အလုပ်သမား သုံးပွင့်ဆိုင် စိတ်ရှည်စွာနဲ့ ညှိနှိုင်းဖြေရှင်းဖို့ လိုအပ် ပါတယ်။ စီးပွားရေး အသွင်ကူးပြောင်းမှုနဲ့ ဒီမိုကရေစီ ကူးပြောင်းရေးအတွက် ဒီကိစ္စတွေကို မဖြစ်မနေ ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ အလုပ်ရှင်များ အကျိုးစီးပွား ရရှိပြီး ရေရှည် လုပ်ဆောင်နိုင်ခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများမှာဖြစ်သလို အလုပ်သမား အခွင့်အရေးများ ကိုလည်း အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးကြရမှာ ဖြစ်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ တိုးပွားစေဖို့နဲ့ ထပ်မံဝင်လာနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ ကိုပါ ဆွဲဆောင်နိုင်ဖို့အတွက် ရေရှည်အကျိုး မျှော်မှန်းဆောင်ရွက်ရမယ်ဆိုတာ ကျွန်တော် တို့ နားလည်ကြဖို့ လိုပါတယ်။ အလုပ်သမားနဲ့ အလုပ်ရှင်များ ရေရှည်အကျိုးအတွက် ပြဋ္ဌာန်းရန် ကျန်ရှိနေသေးတဲ့ ဥပဒေများ ပြဋ္ဌာန်းရေး အတွက်ကိုလည်း လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရနဲ့ အလုပ်သမားဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်းပြီး ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းအပ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာဖို့အတွက် အခွင့်အလမ်းနဲ့ ဆွဲဆောင်မှုရှိစေမယ့် ဥပဒေများကို ပြဋ္ဌာန်းပေးခဲ့ သလို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကို ကာကွယ် စောင့်ရှောက်နိုင်မယ့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များနဲ့ ညီညွတ်အောင်လည်း အဆင့်ဆင့် ဆောင်ရွက်ပေးခဲ့ပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေကို လေ့လာကြည့်ရင် ပထမဆုံး လေ့လာရေးအဖြစ် လာရောက်ကြပါတယ်။ ဒုတိယအနေနဲ့ ဖြစ်နိုင်ခြေ နယ်ပယ်တွေ သုတေသန ပြုကြပါတယ်။ တတိယအဆင့်ရောက်မှ ရင်းနှီးမြှုပ်နှံကြတာ ဖြစ်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ စတင်ပြုလုပ်ခဲ့တဲ့ ၂ဝ၁၁ ခုနှစ်မှာ ပြည်တွင်းစီးပွားရေး အခင်း အကျင်းတွေ ပြောင်းလဲလာအောင် စဉ်တိုက်ဆက်တိုက် အလေးပေး ဆောင်ရွက် ခဲ့ရပါတယ်။ ပိတ်ဆို့ အရေးယူ မှုတွေ ဖြေလျှော့ပေးလာခဲ့တဲ့ ၂ဝ၁၂ ခုနှစ်မှာ ရင်းနှီးမြှုပ်နှံဖို့ လာရောက် စူးစမ်းလေ့လာကြတာတွေ အမြောက်အမြား လာရောက်ခဲ့ကြပါတယ်။ ၂ဝ၁၃ ခုနှစ်မှာတော့ ရင်းနှီးမြှုပ်နှံမှုတွေ စတင်ပြီး ဝင်ရောက်လာခဲ့ပါပြီ။ အရင်တုန်းက ပိတ်ဆို့မှု တွေကြောင့် သယံဇာတ ထုတ်ယူရေး နယ်ပယ်မှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ အများစုတည်ရှိခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံဟာ အခုဆိုရင် ရင်းနှီးမြှုပ်နှံမှု အချိုးအစား ပြောင်းလဲလာခဲ့ပါပြီ။ ၂ဝ၁၂ ခုနှစ်မှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံ ဝင်ရောက် ခဲ့ပြီးတော့ ၂ဝ၁၃ ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၃.၅) ဘီလီယံအထိ တိုးတက် ဝင်ရောက်လာပါတယ်။ ၂ဝ၁၃ ခုနှစ်မှာ ကုန်ထုတ်လုပ်မှု၊ ဟိုတယ် လုပ်ငန်းတွေမှာ အလုံးအရင်းနဲ့ လာရောက် ရင်းနှီး မြှုပ်နှံလာခဲ့ပြီးတော့ ဒီနှစ်ဆိုရင် တယ်လီကွန်းကဏ္ဍ၊ လေဆိပ် စီမံကိန်း တွေနဲ့ အထူးစီးပွား ရေးဇုန်တွေ၊ အထည်ချုပ် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုပြီး စီးဝင်လာဖို့ ရှိလာပြီ ဖြစ်ပါတယ်။

သယံဇာတ ထုတ်ယူရေးနယ်ပယ်မှာပဲ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်ခဲ့တဲ့ အနေအထားကနေ ဝန်ဆောင်မှု လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းတွေမှာ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ မြင့်မားလာနေတာဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု အနေအထား ပြောင်းလဲသွားစေခဲ့တာကို တွေ့ရှိနိုင်ပါတယ်။ သယံဇာတတူးဖော်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံကြတာတွေနဲ့ ပတ်သက်လို့ သဘာဝပတ်ဝန်းကျင်နဲ့ လူမှု စီးပွားရေးအပေါ် သက်ရောက်နိုင်တာတွေ အတွက်လည်း တာဝန်သိ၊ တာဝန်ခံတဲ့ ရင်းနှီး မြှုပ်နှံမှုတွေ ဖြစ်လာစေဖို့ ဆောင်ရွက်သွားမယ့် ကျွန်တော်တို့အစိုးရရဲ့ ကတိကဝတ်ကို EITI (Extractive Industries Transparency Initiative) အဖွဲ့ဝင် နိုင်ငံဖြစ်လာအောင် ကြိုးပမ်းမှုဖြင့် သက်သေပြလျက် ရှိပါတယ်။

ဘဏ်လုပ်ငန်းတွေ၊ အခွန်အကောက်စနစ်တွေ၊ အနိမ့်ဆုံးလုပ်ခ သတ်မှတ်မယ့် အခြေအနေတွေ၊ အခြေခံအဆောက်အအုံတွေ အစရှိတဲ့ ယုံကြည်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ဖြစ်ဖို့ သိသာမြင်သာတဲ့ အပြောင်းအလဲတွေ လုပ်ရတာရှိသလို ပြည်သူ လူထု အလွယ်တကူ မမြင်နိုင်တဲ့ Soft Infrastructure တွေ တည်ဆောက်ရတာမျိုးတွေ ကိုလည်း တစ်ပြိုင်တည်း ဖော်ဆောင် ခဲ့ရတာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာလုံး ဆိုင်ရာ စီးပွားရေးနှေးကွေးနေတဲ့အချိန်မှာ ထွန်းသစ်စ ဈေးကွက်တစ်ခု အနေနဲ့ ရင်းနှီး မြှုပ်နှံမှု နယ်ပယ်ကောင်းတစ်ခု ဖြစ်လာအောင် ကျွန်တော်တို့ ဝိုင်းဝန်းကြိုးစားဖို့ လိုပါတယ်။ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေ တိုးတက်ဖွံ့ဖြိုးလာအောင်၊ စိတ်ကူးစိတ်သန်း သာရှိပြီး ငွေကြေး အရင်းအနှီးမရှိလို့ အခက်အခဲ ဖြစ်နေတဲ့ လူငယ်မျိုးဆက်သစ်တွေ အစွမ်းရှိသမျှ လုပ်နိုင်ကိုင်နိုင်အောင် စီမံကိန်းအရင်းအနှီး ဖြည့်ဆည်းပေးရေး အတွက် နိုင်ငံတော်နဲ့ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်ရွယ်ထားရှိပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ ပို့ကုန်မဟာဗျူဟာရဲ့ အချက်အခြာဖြစ်တဲ့ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ပုဂ္ဂလိက လုပ်ငန်းရှင်တွေ၊ လယ်သမား အခြေပြုလူမှု အဖွဲ့အစည်းတွေ၊ သက်ဆိုင်ရာဝန်ကြီးဌာနတွေ နားလည်မှုရှိရှိ ပူးပေါင်းပြီး မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ Farmer Center တွေ ဖွင့်လှစ်နိုင်အောင် စီစဉ်ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။ လယ်သမားတွေရဲ့ နေ့စဉ် လူမှုစီးပွားဘဝ တိုးမြှင့်ဖို့ အစီအစဉ်များ ပါရှိပါတယ်။

လယ်ယာမြေ အငြင်းပွားမှုတွေနဲ့ ပတ်သက်လို့လည်း ဒီလွှတ်တော်ကြီးက တိုက်တွန်းတဲ့အတိုင်း ဒုတိယသမ္မတတစ်ဦး ဦးဆောင်ပြီး ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး ဆောင်ရွက် ပြီးစီးမှု အခြေအနေတွေကို လွှတ်တော်သို့ ပေးပို့တင်ပြလျက်ရှိပါတယ်။ ယခင်အစိုးရခေတ် ကာလများမှာ အခြေအနေ၊ အချိန်အခါအရ ဆောင်ရွက်ခဲ့တဲ့ကိစ္စတွေ ဖြစ်ပေမယ့်လည်း ခေတ်ပြောင်း စနစ်ပြောင်း အခြေအနေတွေ ပြောင်းလဲခဲ့ပြီဖြစ်တဲ့ ကျွန်တော်တို့ လက်ထက်မှာ တရားမျှတမှုအတွက် အသင့်လျော်ဆုံး နည်းလမ်းတွေကို ရှာဖွေ ဖြေရှင်း ပေးလျက်ရှိပါတယ်။ ဒီပြဿနာတွေရဲ့ နောက်ကွယ်မှာ နိုင်ငံရေး အမြတ်ထုတ်မှုတွေ၊ ကိုယ်ကျိုး စီးပွား ပုံဖော်မှုတွေနဲ့ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်နေကြတာတွေကိုလည်း အားလုံး တွေ့မြင် နေရပါတယ်။ ကျွန်တော်တို့မှာ ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်ဆိုတာကို လက်ခံပါတယ်။ သိမ်းဆည်း လယ်ယာမြေတွေကို မူလသိမ်းဆည်းခံ ပြည်သူတွေဆီကို ပြန်လည် လွှဲပြောင်း ပေးရာမှာ ပိုင်ဆိုင်မှု ခိုင်မာစေဖို့အတွက် တည်ဆဲဥပဒေများနဲ့အညီ  အချိန်ယူ ဆောင်ရွက် ပေးရပါတယ်။ ပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှုတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့  မြို့နယ် အလိုက် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီရုံးတွေ ဖွင့်လှစ်ပြီး ဖြေရှင်းပေးနေပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ အနေနဲ့လည်း ဒီအဖွဲ့တွေနဲ့ ပူးပေါင်းပြီး တရားမျှတမှု အတွက် ဝိုင်းဝန်း ဆောင်ရွက်ကြစေလိုကြောင်း အလျဉ်းသင့်တုန်း တိုက်တွန်းပြောကြား လိုပါတယ်။

ပြည်သူများရဲ့ နောက်ထပ်လိုအင်ဆန္ဒ တစ်ရပ်ကတော့ တည်ငြိမ်အေးချမ်းရေး ဖြစ်ပါတယ်။ ပြည်သူတွေ မျှော်လင့်နေတဲ့  ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် ပြည်ထောင်စုအဆင့်မှာ ဗဟိုကော်မတီနဲ့ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မတီတွေရဲ့အောက်မှာ Myanmar Peace Center ကို ဖွဲ့စည်းပြီး ငြိမ်းချမ်းရေး စားပွဲဝိုင်းတွေ၊ အကြိုဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေး အသိပညာပေးမှုတွေ ဖြစ်ပေါ်လာအောင် နည်းပညာနဲ့ အတွေ့ အကြုံကောင်းတွေကို မျှဝေဖော်ဆောင်ပေးလျက် ရှိပါတယ်။ မကြာခင်အချိန်မှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးကြဖို့အထိ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေအကြား သဘော တူညီချက်တွေ ရရှိထားပြီ ဖြစ်ပါတယ်။ နယ်မြေဒေသ မငြိမ်းချမ်းမှုရဲ့ အကျိုးဆက် အနေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ၊ ဘိန်းစိုက်ပျိုးမှုတွေ၊ လူကုန်ကူးမှုတွေ ဖြစ်ပေါ်နေဆဲပဲဖြစ်ပါတယ်။ လူငယ်အချို့ အနာဂတ်ပျောက်နေဆဲ ဖြစ်ပါတယ်။ ဒီကနေ့ ဒီအချိန်မှာ ငြိမ်းချမ်းရေးကို အမှန်တကယ်ရယူနိုင်မယ့် အကောင်းဆုံးအချိန်ကို ကျွန်တော်တို့ ရောက်ရှိ နေပါပြီ။ အနာဂတ် မျိုးဆက်သစ်တွေ အတွက် အေးချမ်းတည်ငြိမ်ပြီး မျှော်လင့်ချက် ပြည့်ဝတဲ့ လူနေမှုဝန်းကျင်သစ်ကို ပူးပေါင်းဖော်ဆောင်ကြဖို့ တိုက်တွန်း အပ်ပါတယ်။

ငြိမ်းချမ်းသွားတဲ့ တိုင်းရင်းသားဒေသတွေမှာ ဘိန်းအစားထိုး ဝင်ငွေရရှိမယ့် လုပ်ငန်းတွေကို နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြပြီး စက်မှုဇုန်တွေ၊ စီးပွားရေးဇုန်တွေ ပေါ်ထွန်းလာအောင်လည်း ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဆက်လက် ပြီးတော့လည်း ဒီဒေသတွေမှာ မြေမြှုပ်မိုင်းရှင်းလင်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး၊ စီးပွားရေး အခြေခံတွေရရှိစေဖို့ အင်တိုက်အားတိုက် ဆောင်ရွက်ပေးကြရ မှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကြန့်ကြာတာနဲ့ အမျှ သက်ဆိုင်တဲ့ တိုင်းရင်းသား တွေရဲ့ အနာဂတ်ဟာ မျှော်လင့်ချက် မဲ့သွားနိုင်တာကို ကျွန်တော်တို့ အထူးဂရုပြုကြဖို့ လိုပါတယ်။ နှစ်ပေါင်း (၆ဝ) ကျော်ကြာခဲ့တဲ့ ပြည်တွင်းစစ်မီးလျှံတွေကို မကြာမီကာလမှာ နိဂုံးချုပ်နိုင်လိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ထားပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

ကျွန်တော်တို့အစိုးရအနေနဲ့ လက်တွေ့ကျတဲ့ အမျိုးသား ပညာရေးပြုပြင်ပြောင်းလဲမှုကို လက်တွေ့ကျကျ ကြိုးပမ်းဖော်ဆောင်နိုင် ဖို့ ကြိုးစားနေပါတယ်။ ဒီနေရာမှာ မရှိမဖြစ် အဓိက လိုအပ်လျက်ရှိတဲ့ အမျိုးသား ပညာရေးဥပဒေ ပြဋ္ဌာန်းနိုင်ရေး အတွက် စေတနာ ထက်သန်စွာဖြင့် ပူးပေါင်းဆောင်ရွက်ပေးသော ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီဝင်များ၊  ပညာရေး ဝန်ကြီးဌာန မှ တာဝန်ရှိသူများ၊ ပညာရေးနယ်ပယ်ရှိ ကျွမ်းကျင် ပညာရှင်များနဲ့ ပါဝင်ကူညီကြတဲ့ အဖွဲ့အစည်းများ အားလုံးကို ကျေးဇူး တင်ရှိကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ ဒီကနေ့ အစပြုဖော်ဆောင်နေတဲ့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးကို လွှဲပြောင်းတာဝန် ထမ်းဆောင်မယ့် လူငယ်တွေအနေနဲ့ ဗလငါးတန်ပြည့်စုံစွာနဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာရေးဟာ အလွန်ပဲအရေးကြီးပါတယ်။ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ယုံယုံကြည်ကြည် လွှဲအပ်နိုင်တဲ့ ဘက်စုံထူးချွန်တဲ့ နိုင်ငံ့သားကောင်းတွေ ဖြစ်လာအောင် မြေတောင်မြှောက်ပေးကြရမှာ  ဖြစ်ပါတယ်။

မကြာမီက ကျင်းပခဲ့တဲ့ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ် လူငယ်တွေဟာ ဆုတံဆိပ်ပေါင်း (၂၃၃) ခု ရယူ ပေးခဲ့ ပါတယ်။ အလားတူ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲမှာလည်း ဆုတံဆိပ် (၉၆) ခု ရယူပေးခဲ့ပါတယ်။ ဒီလူငယ်တွေ လျှောက်သင့်တဲ့ ချောမွေ့တဲ့ လမ်းကြောင်းအမှန်ကို ကျွန်တော်တို့ ခင်းပေးကြရ ပါမယ်။ ကျောင်းသားတွေရဲ့ အရေးအရာကိစ္စတွေကို ကျောင်းသားတွေ ကိုယ်တိုင် မြှင့်တင်နိုင်ဖို့အတွက်လည်း ကျွန်တော်တို့ စီမံလေ့ကျင့် ပေးကြရပါမယ်။

ကျွန်တော်တို့ ကျောင်းသားလူငယ်တွေဟာ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ရမှာ ဖြစ်ပါတယ်။ အာဆီယံလူငယ်တွေနဲ့ ကူးလူးဆက်သွယ် နှီးနှောဖလှယ်ပြီး အာဆီယံ လူငယ် ဖိုရမ်တွေကို ဦးဆောင်ကြရမှာ ဖြစ်ပါတယ်။ Youth Center ကိုလည်း ရန်ကုန်မှာ ဖွဲ့စည်း တည်ထောင်နိုင်ဖို့ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များ ခင်ဗျား-

ကျွန်တော်တို့ ဒီကနေ့ ဖော်ဆောင်နေတဲ့ ပြည်သူလူထုဗဟိုပြု စီမံခန့်ခွဲမှုတွေဟာ ဒီကနေ့ဆိုရင် အသီးအပွင့်တွေ စတင် ခံစားနေကြရပါပြီ။ ဒီလွှတ်တော်ကြီးမှာ ဆွေးနွေး ညှိနှိုင်း ခွင့်ပြုပေးခဲ့လို့ နှစ်စဉ် (၂) ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲခဲ့တဲ့ ကျန်းမာရေး အသုံးစရိတ်တွေဟာ ဒီကနေ့ ဒီအချိန်မှာ ပြည်သူတွေအကြားကို ပျံ့နှံ့သွားခဲ့ပြီး ထိထိရောက်ရောက် အကျိုးပြု နေပြီ ဖြစ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမမီတဲ့ ဒေသတွေကို အလေးထားပြီး စောင့်ရှောက်မှု မြှင့်တင်သွားကြဖို့ ဖြစ်ပါတယ်။ ဒီအတွက် ဝေးလံတဲ့ ကျေးလက်ဒေသများနဲ့ မြို့ပြဆင်ခြေဖုံးဒေသများကို ထိရောက်သော ကျန်းမာရေးစောင့်ရှောက် မှုပေးနိုင်စေဖို့ ရည်ရွယ်ပြီး အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေရှိတဲ့ နိုင်ငံ့ဝန်ထမ်းဟောင်းများ၊ အရပ်သား ပညာရှင်များဖြင့် ပါဝင် ဖွဲ့စည်းထားတဲ့ ပြည်သူ့ ကျန်းမာရေး ဖောင်ဒေးရှင်းကိုလည်း ၂၀၁၂ ခုနှစ်မှာ စတင်ဖွဲ့စည်း တာဝန်ပေးဆောင်ရွက်လျက် ရှိပါတယ်။

ပြည်သူလူထုဗဟိုပြု ပြည်သူ့ရေးရာဝန်ဆောင်မှုတွေကို အမှန်တကယ် စေတနာပါပါနဲ့ ဆောင်ရွက်တဲ့အခါမှာ ထိရောက်အောင်မြင်တာ တွေ့ရှိရပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေ ဘယ်လောက်ထိရောက်သလဲ ဆိုတာကို တိုင်းတာတဲ့ တစ်မျိုးသားလုံး ဂျီဒီပီ တိုးတက်မှု နှုန်းထားကို ပြန်ကြည့်ရင် (၅) ရာခိုင်နှုန်းအောက်မကျဘဲ ထပ်ဆင့်တိုးတက်နေအောင် ကျွန်တော်တို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။ လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေတဲ့ ပြုပြင် ပြောင်းလဲရေးကို အရှိန်အဟုန်မြှင့်တင်တဲ့ အနေနဲ့ ဒုတိယဝန်ကြီးတွေကို ဆပ်ကော်မတီ (၂၇) ခု ဖွဲ့စည်းပေးပြီး လပေါင်း (၃ဝ) ရည်မှန်းချက်တွေအတွက် တာဝန်တွေ တိတိကျကျ ပေးအပ်ထားပြီး အောက်ခြေ ပြည်သူတွေကြားအထိ ဆင်းပြီး ဆောင်ရွက်စေလျက် ရှိပါတယ်။ နိုင်ငံတော် ဘတ်ဂျက်ရေးဆွဲတဲ့ နေရာမှာလည်း ဗဟိုကနေ စီမံကိန်းရေးဆွဲပြီး လျာထားတဲ့ စနစ်အစား ပြည်သူလူထုဗဟိုပြု ဘတ်ဂျက်ရေးဆွဲတဲ့စနစ် ဖြစ်လာအောင် ဒီကနေ့ ကျွန်တော်တို့ ပြောင်းလဲနိုင်ခဲ့ပါပြီ။ မြို့နယ်အလိုက် ဖွဲ့စည်းထားပြီးဖြစ်တဲ့ အထောက်အကူပြု ကော်မတီတွေ၊ မြို့မိမြို့ဖတွေ၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး မြို့နယ်အတွက် လိုအပ်ချက်တွေကို ဦးစားပေးအလိုက် ခွဲခြား သတ်မှတ်ပြီး ဆောင်ရွက်တဲ့ ဘတ်ဂျက်ရေးဆွဲမှုစနစ်သစ်ကို စတင်ဖော်ဆောင်နေပြီ ဖြစ်ပါတယ်။ ပြည်သူတွေလိုလားတဲ့ မြို့နယ်စီမံကိန်းတွေကို ပြည်သူတွေ ကိုယ်တိုင် ရွေးချယ် ဆောင် ရွက်နိုင်အောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

ပြီးခဲ့တဲ့ သုံးနှစ်တာကာလမှာ ကျွန်တော်တို့နိုင်ငံကို လုပ်နိုင်ပါ့မလား၊ နောက်ကြောင်း ပြန်လှည့်မှာလားဆိုတဲ့ သံသယ မျက်လုံးတွေနဲ့ နိုင်ငံတကာ အသိုက်အဝန်းက စောင့်ကြည့်ခဲ့ကြပါတယ်။ သုံးနှစ်တာခရီးမှာ မမျှော်လင့်တဲ့ စိန်ခေါ်မှုတွေ၊ အခက် အခဲတွေ၊ အကျပ်အတည်းတွေကို ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လမ်းကြောင်းပေါ်က ချော်ထွက် မသွားခဲ့ပါဘူး။ လမ်းကြောင်းမှန်ပေါ်မှာ ရှေ့သို့ ခရီး ပေါက်အောင် လျှောက်လှမ်းနိုင်ခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံတွေရဲ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေး ဖြစ်စဉ်တွေကို လေ့လာကြည့်ရင် လမ်းကြောင်း သွေဖည်သွားလိုက်တာနဲ့ ပန်းတိုင်နဲ့ အလှမ်း ဝေးကွာခဲ့တဲ့ ဖြစ်စဉ်တွေ အများကြီးတွေ့ရှိနိုင်ပါတယ်။ နောက်ကြောင်း ပြန်မလှည့်ဘဲ ရှေ့သို့ ဆက်လျှောက်မယ်ဆိုတဲ့ သန္နိဋ္ဌာန်စိတ်နဲ့ ကြိုးပမ်းအားထုတ် လျှောက်လှမ်းခဲ့တဲ့ ရလဒ်ကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။

ဒီကနေ့ဒီအချိန်မှာ နိုင်ငံနဲ့ ပြည်သူအားလုံး ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ကောင်းတဲ့ အခြေအနေသစ်တစ်ရပ်ကို ကျွန်တော်တို့ အားလုံး ဝိုင်းဝန်းဖန်တီးနိုင်ခဲ့ပါပြီ။ အမြင် မတူမှုတွေ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းမှာ ကြီးမားတဲ့ မတူကွဲပြားမှုတွေကို နိုင်ငံရေး ကျင့်စဉ်ကောင်းတွေကို အရင်းတည်ပြီးတော့ ငြိမ်းချမ်းစွာဖြင့် ဆွေးနွေးညှိနှိုင်း ပုံဖော်တဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ်တစ်ရပ်ကို ကျွန်တော်တို့ စတင်နိုင်ခဲ့ပါပြီ။ နိုင်ငံ့သမိုင်းစဉ် တစ်လျှောက် ပဋိပက္ခများအကြား သံသရာလည်ခဲ့တဲ့ နိုင်ငံရေး ယဉ်ကျေးမှုဟောင်း ကို ဒီယဉ်ကျေးမှု အသစ်နဲ့ အစားထိုး နေရာယူနိုင်အောင် ကျွန်တော်တို့တစ်တွေ ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ လက်တွေ့ကျင့်သုံးခဲ့တဲ့ အတိတ်က ပါလီမန်အုပ်ချုပ်ရေး စနစ်မျိုးကို ပြန်လည် အသက်သွင်းဖို့ဆိုတာ လိုက်လျော ညီထွေ မဖြစ်နိုင်တော့ပါဘူး။ အတိတ် သမိုင်းမှာ ဂိုဏ်းဂဏအစွဲတွေ၊ အယူဝါဒကွဲပြားမှုကြောင့် ဖြစ်ပေါ်ရတဲ့ ပဋိပက္ခတွေကြောင့် ရှည်ကြာတဲ့ ပြည်တွင်းစစ်ဖြစ်ခဲ့ရပြီး နိုင်ငံမတိုးတက်ခဲ့ရတာကို ကျွန်တော်တို့ သင်ခန်းစာ ယူကြရမှာ ဖြစ်ပါတယ်။

ဒီကနေ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာတွေအတွက် ရှင်းလင်း ပြတ်သားစွာနဲ့ လက်တွေ့ကျတဲ့ အဖြေတွေ ရရှိလာအောင် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်ကြဖို့ အရေးကြီးပါတယ်။ အသွင်ကူးပြောင်းရေး ကာလဆိုတဲ့ သဘောသဘာဝကို နားလည်ထား မယ်ဆိုရင် တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီစံနှုန်းတွေ ရရှိဖို့ဆိုတာ ခြေလှမ်းမှန်မှန်နဲ့ လျှောက်လှမ်းမှ ရနိုင်မှာ ဖြစ်တာကို သဘောပေါက်နိုင်ပါတယ်။  

၂ဝ၁၅ ရွေးကောက်ပွဲ မတိုင်မီ (၂) နှစ်တာကာလမှာ ကျွန်တော်တို့ လုပ်နိုင်ရင် လုပ်နိုင် သလောက်၊ ကျွန်တော်တို့ ညီညွတ်ရင် ညီညွတ်သလောက် ပြည်သူတွေ အကျိုး ဖြစ်ထွန်းလာမှာ ဖြစ်ပါတယ်။ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေကို ရွေးချယ်ရတာဖြစ်သလို ဖြစ်နိုင်ခြေတွေကို လက်တွေ့လုပ်ဆောင်ရတာမျိုး ဖြစ်ပါတယ်။

ကျွန်တော်တို့ ကျင့်သုံးနေတဲ့ ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေကြောင့် ဒီကနေ့ နိုင်ငံရေး အရွေ့ကို ရှုမြင်နေကြရခြင်းပဲ ဖြစ်တယ်။ သို့သော်လည်း ဒီမိုကရေစီ ကျင့်စဉ် ရင့်သန် လာတာနဲ့အမျှ ဒီမိုကရေစီစံနှုန်းနဲ့ တန်ဖိုးများ ပြည့်မီလာစေဖို့အတွက် ရှိပြီး အခြေခံ ဥပဒေ ကို ညှိနှိုင်း ပြင်ဆင်ရေးဆွဲကြရမယ်ဆိုတာကို လက်ခံကြရမှာ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင်ဖို့ ဆောင်ရွက်ကြရာမှာ ပါဝင်သူ များရဲ့ အမျှော်အမြင်ကြီးမားမှု၊ အတွေ့အကြုံ အသိပညာ ကြွယ်ဝမှုနဲ့ စိတ်ရင်းစေတနာ မှန်ကန်မှုတို့ကို အသုံးပြုကာ သိမ်မွေ့ ညင်သာစွာနဲ့ ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်။ သို့မှသာ နိုင်ငံရေး အကျပ်အတည်း တစ်ခုကို ဦးတည်မသွားစေဘဲ မှန်ကန်သော ရွေးချယ်နိုင်မှုနဲ့ အမွေခံ ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေကို လေ့လာကြည့်ရင် ကျွန်တော်တို့လို နိုင်ငံငယ်လေးတွေအတွက် အချုပ်အခြာ အာဏာပိုင်ဆိုင်မှု ခိုင်မြဲပြီး ကိုယ့်စွမ်းအားနဲ့ ရပ်တည်နိုင်ဖို့ ကိစ္စဟာ အထူးပဲအရေးကြီးကြောင်း လတ်တလောဖြစ်စဉ်တွေ၊ သမိုင်း ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်လေ့လာ သိရှိနိုင်ပါတယ်။ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တပ်မတော်ဟာ ခေတ်မီတောင့်တင်း ခိုင်မာဖို့ အရေးကြီးပါတယ်။ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍဟာ ရှိနေရဦးမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စားပွဲဝိုင်းတွေမှာလည်း တပ်မတော်ဟာ ဆက်လက် ပါဝင်နေဖို့ လိုအပ်ဆဲ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ အခန်းကဏ္ဍ ကို တဖြည်းဖြည်းချင်း လျှော့ချဖို့ ပြည်တွင်းငြိမ်းချမ်းရေး တိုးတက် ရရှိလာမှုနဲ့ ချိန်ဆ ဆောင်ရွက်သွားဖို့ကိုလည်း ဒီမိုကရေစီရင့်သန်မှုနဲ့အတူ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

အရေးကြီးဆုံးဖြစ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ရရှိနိုင်ဖို့အတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ခွဲဝေအပ်နှင်းထားတဲ့ ဥပဒေပြု စာရင်းတွေကို မဖြစ်မနေ ပြင်ဆင်ရွှေ့ပြောင်း ပေးရမှာ ဖြစ်သလို တိုင်းရင်းသားအခွင့်အရေး၊ ပြည်နယ် အခွင့်အရေးတွေ တိုးမြင့် ရရှိလာ အောင်လည်း စီမံပေးကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ ပြည်ထောင်စုလွှတ်တော်က တာဝန်ယူထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်ကြီးဟာ ကျယ်ပြန့် နက်ရှိုင်းပါတယ်။ ပြဋ္ဌာန်းချက် တစ်ရပ်ချင်းအလိုက် နောက်ခံသမိုင်း၊ အနှစ်သာရနဲ့ ရည်ရွယ်ချက်တွေကို ပြည့်စုံစွာလေ့လာပြီး ရှုထောင့်စုံမှ သုံးသပ်ကာ အခြေခံဥပဒေအခန်း (၁၂) မှာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်များနဲ့အညီ ပြင်ဆင်မှုဆောင်ရွက်နိုင်ရေး အလေးထား လိုက်နာကြရမှာ ဖြစ်ပါတယ်။ ဒီ့ပြင် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ တိုင်းရင်းသားတွေ၊ လွှတ်တော် ပြင်ပအင်အားစုတွေ၊ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှု တွေ အရ တောင်းဆိုမှုတွေကိုလည်း အလေးထား စဉ်းစားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်တွေ့ အခြေအနေတွေသာမက ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ပြင်ဆင်ချက်တိုင်းကနေ အနာဂတ်မှာ သက်ရောက်နိုင်မယ့် ကောင်းကျိုးဆိုးကျိုး အလားအလာတွေကိုပါ ထည့်သွင်း စဉ်းစားကြဖို့ အရေးကြီးပါတယ်။

ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ ဥပဒေပြု လွှတ်တော်များ၊ တရားစီရင်ရေး မဏ္ဍိုင်တို့နဲ့ ပူးပေါင်းပြီး တည်ငြိမ်အေးချမ်းရေး နဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက် အဆင့်ဆင့် ထားရှိ အကောင်အထည်ဖော် ဆောင်ရွက် ကြရာမှာ အောင်မြင် ခဲ့တာတွေရှိသလို၊ မအောင်မြင်ခဲ့တာတွေလည်း ရှိပါတယ်။ လုပ်နိုင်တာတွေ ရှိသလို မလုပ်နိုင်တာတွေကို တွေ့ကြုံခဲ့ကြရပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး ဖော်ဆောင်ရာမှာ ပြီးခဲ့တဲ့ အားသာချက် အားနည်းချက်များ အပေါ် သုံးသပ်ဖြည့်ဆည်း ဆောင်ရွက်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ရလဒ်များရရှိအောင် ဆောင်ရွက်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

နာယကကြီးနဲ့ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား-

နိဂုံးချုပ်အနေနဲ့ -

နိုင်ငံတကာက အာဏာရှင်စနစ် ကျင့်သုံးတဲ့နိုင်ငံဆိုပြီး ခေါ်ဆိုခဲ့ရာကနေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ အုပ်ချုပ်တဲ့နိုင်ငံ အဖြစ် ပြောင်းလဲလာနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအခြေအနေကို ပိုမို တိုးတက်ကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန် ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။ သမိုင်းဆိုတာ ရေးပြီးရင် ပြင်လို့မရသလို အတုယူဖွယ် သို့မဟုတ် ဆင်ခြင် သုံးသပ်ဖွယ် မှတ်တမ်းအဖြစ် ကျန်နေမှာကို သတိပြုရမှာ ဖြစ်ပါတယ်။ သမိုင်းကို လေ့လာပြီး ဒီမိုကရေစီ ထွန်းကားဖို့နဲ့ နိုင်ငံကြီးပွား တိုးတက်ဖို့ အတွက် ဆင်ခြင် တုံတရားနဲ့ အမြော်အမြင်ကို လက်ကိုင်ပြုလျက် တာဝန်ထမ်းဆောင် ကြရမှာဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံ့ရဲ့သမိုင်းစဉ်မှာ အကောင်းဆုံးနဲ့ အရေးကြီးဆုံး အချိန်အခါကို ရောက်ရှိ နေပြီဖြစ်တဲ့အတွက်  ဒါကို ကျွန်တော်တို့ တန်ဖိုးထားကြရပါမယ်။ ကျွန်တော်တို့ စည်းလုံး ညီညွတ်စွာနဲ့ နိုင်ငံတော်ကို တည်ဆောက်ကြရမယ့် အချိန်အခါကောင်းပဲ ဖြစ်ပါတယ်။ အချုပ်အခြာ အာဏာရဲ့ မဏ္ဍိုင်ကြီးသုံးရပ်တို့အနေနဲ့ ဆောင်ရွက်ခဲ့မှုများအပေါ် ပကတိ အတိုင်း ပြန်လည် ဆင်ခြင်သုံးသပ်ပြီး သင်ခန်းစာယူကြရပါမယ်။ ဒီမိုကရေစီ ပန်းတိုင်ကို ချီတက်တဲ့  ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်ကိုလည်း ညီညွတ်မှန်ကန်စေဖို့ သတိပြု ကြရပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာပြီး ဒီမိုကရေစီ ရှင်သန်ခိုင်မာ စေလျက် အပြန်အလှန် ထိန်းညှိနိုင်တဲ့အခြေအနေ ရောက်ရှိအောင် ဖော်ဆောင်ကြရပါမယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ မပျက်စီးစေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိ ပါတယ်။

ဒီလွှတ်တော်ကြီးထဲမှာ ကိုယ်စားလှယ်တွေ ငါးနှစ်တစ်ကြိမ် ပြောင်းလဲသွားမှာ ဖြစ်သလို ကျွန်တော်တို့ အစိုးရဟာလည်း ငါးနှစ်တစ်ကြိမ် တာဝန်ကို လွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။ ဒီလွှတ်တော်ကြီးက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေကတော့ ကျန်ရှိနေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တာဝန်ထမ်းဆောင်စဉ် တိုင်းကျိုးပြည်ပြု ဘယ်လောက် စွမ်းဆောင် နိုင်ခဲ့တယ်ဆိုတာ သမိုင်းတင်ခဲ့မှာ ဖြစ်ပါတယ်။ ညင်သာချောမွေ့တဲ့ ဒီမိုကရေစီ အပြောင်း အလဲကို တည်ငြိမ်အေးချမ်းစွာနဲ့ ဖော်ဆောင်ခဲ့ကြတယ်ဆိုတဲ့ လှပတဲ့သမိုင်းကို ရေးထိုး နိုင်ဖို့ ကျွန်တော်တို့အားလုံး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြပါစို့လို့ တိုက်တွန်း ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။

From: နိုင်ငံတော်သမ္မတရုံး

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်