Tuesday, September 10, 2013

တရုတ်ဗုံးကြဲလေယာဉ် နှစ်စင်းကြောင့် ဂျပန်လေတပ် တပ်လှန့်ပျံသန်းခဲ့

Posted by drmyochit Tuesday, September 10, 2013, under | No comments

ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက တရုတ်၏ H-6 ဗုံးကြဲလေယာဉ် နှစ်စင်းသည် တနင်္ဂနွေနေ့က အရှေ့တရုတ်ပင်လယ်မှ ပစိဖိတ် သမုဒ္ဒရာသို့ ပျံသန်းနေသည်ကို တွေ့ရှိပြီးနောက် မိမိတို့၏ တိုက်လေယာဉ်များကို လေထဲ ပျံတက်စေခဲ့ကြောင်း ပြောကြားခဲ့သည်


ဂျပန်လေတပ်မှ တိုက်လေယာဉ်များသည် တရုတ် ဗုံးကြဲလေယာဉ်နှစ်စင်း ချဉ်းကပ်လာသည့် အနေအထားကြောင့် အရေးပေါ် တပ်လှန့် ပျံသန်းမှုတစ်ခု ပြုလုပ်ခဲ့ရကြောင်း သိရှိရသည်။ ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက တရုတ်၏ H-6 ဗုံးကြဲလေယာဉ် နှစ်စင်းသည် တနင်္ဂနွေနေ့က အရှေ့တရုတ်ပင်လယ်မှ ပစိဖိတ် သမုဒ္ဒရာသို့ ပျံသန်းနေသည်ကို တွေ့ရှိပြီးနောက် မိမိတို့၏ တိုက်လေယာဉ်များကို လေထဲ ပျံတက်စေခဲ့ကြောင်း ပြောကြားခဲ့သည်။ ဗုံးကြဲလေယာဉ်များသည် ဂျပန်လေပိုင်နက်ထဲ ဝင်ရောက်လာမှု မရှိခဲ့သော်လည်း မိမိတို့၏ တိုက်လေယာဉ်များကို အသင့်အနေအထား စောင့်ဆိုင်းနေခဲ့ရကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။ H-6နှစ်စင်းသည် ဂျပန်ပိုင် အိုကီနာဝါ ကျွန်းစုများအနီး ရေပြင်ထက်မှ ဖြတ်ကျော် ပျံသန်းသွားခဲ့သည်။

ကာကွယ်ရေး ဝန်ကြီးဌာနက ဗုံးကြဲလေယာဉ်များသည် အိုကီနာဝါအနီး ကျွန်းစုများအနီးတွင် ပျံသန်းခဲ့ကြောင်း အတည်ပြုခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်ပြည်ဘက် လှည့်ပြန်သွားကြောင်းလည်း ဆိုသည်။ ဂျပန် ကမ်းခြေစောင့်တပ်နှင့် လေတပ်တို့သည် ဂျပန်အစိုးရက တရုတ်နှင့် ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဆန်ကာကူ ကျွန်းများကို ပုဂ္ဂလိက ပိုင်ရှင်များထံမှ လက်လွှဲဝယ်ယူခဲ့မှု နှစ်ပတ်လည်နေ့ နီးကပ်လာချိန်တွင် လုံခြုံရေး တပ်လှန့်မှုများကို မြှင့်တင်ထားသည်။ ဂျပန်အစိုးရ၏ အဆိုအရ တရုတ်စစ်ဘက် လေယာဉ်များ အိုကီနာဝါအနီး ရေပြင်တွင် ပျံသန်းမှုသည် ယခုတစ်ကြိမ် ပထမဆုံးဟုလည်း သိရှိရသည်။

From: Planet Myanmar Network

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်