Tuesday, September 10, 2013

ရွှေကူမြို့တွင် လူသတ်မှုဖြစ်ပွားခဲ့ရာ ၂၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ

Posted by drmyochit Tuesday, September 10, 2013, under | No comments


ရွှေကူ   စက်တင်ဘာ   ၉

ဗန်းမော်ခရိုင် ရွှေကူမြို့နယ် တောပုန်းကျေးရွာတွင် (၁၅ နှစ်)အရွယ် မိန်ကလေးတစ်ဦး  စက်တင်ဘာ ၂  ရက် မွန်းလွဲ ၁၂ နာရီခွဲက အသတ်ခံရသဖြင့် ရွှေကူမြို့မရဲစခန်းက အမှုဖွင့်ခဲ့သည်။ အသတ်ခံရသူသည် စက်တင်ဘာ ၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် တောင်ယာလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ရွာမှ တစ်ဦးတည်းထွက်လာပြီး ည ၁ဝ နာရီခန့်အထိ နေအိမ်သို့ပြန်မလာသဖြင့် ဖခင်ဖြစ်သူနှင့်ရွာသားများက ဝိုင်းဝန်းရှာဖွေကြရာ လယ်တောအတွင်း ဓားဒဏ်ရာများဖြင့်  သေဆုံးနေသည်ကို  တွေ့ရှိရသည့်အတွက် ရွှေကူမြို့နယ်ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားသည့်နေရာသို့    ချက်ချင်းသွားရောက်စစ်ဆေးဖော်ထုတ်ခဲ့ရာ ၎င်း၏ဦးလေးနှစ်ဝမ်းကွဲတော်သူက သတ်ဖြတ်ခြင်းဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ပြီး   ဝိုင်းဝန်းပိတ်ဆို့ရှာဖွေဖမ်းဆီးခဲ့ရာ အမှုတိုင်တန်းပြီး လေးနာရီအကြာတွင် ပြစ်မှုကျူးလွန်သူ ကြာခိုင်(၄၅ နှစ်) တောပုန်းကျေးရွာနေသူကို ကျေးရွာ၏ အနောက်ဘက်ခြောက်မိုင်ခန့်အကွာ   မိုးလဲကွင်း ဖိုးလုံး၏ လယ်စောင့်တဲအနောက်ဘက် ကိုင်းတောတွင် ဖမ်းဆီးရမိသည်။

ဆက်လက်စစ်ဆေးခဲ့ရာ ကြာခိုင်က ပြစ်မှုကျူးလွန်ပုံ၊ ကျူးလွန်နည်းနှင့်   သက်သေခံဓားတို့ကို သက်သေများရှေ့တွင် လိုက်လံပြသပေးအပ်ခဲ့သဖြင့် ရှာဖွေပုံစံဖြင့်သိမ်းဆည်းပြီး အမှုကိုအခိုင်အမာတည်ဆောက်ကာ တရားစွဲတင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
   
သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်