Wednesday, May 21, 2014

အစာလည်းဆေး ဆေးလည်းအစာ မဟုတ်ပါ

Posted by drmyochit Wednesday, May 21, 2014, under | No comments



မိတ်ဆွေတစ်ဦးသည် လုပ်ငန်းကြီးများ လုပ်ကိုင်ပြီး အောင်မြင်နေသော စီးပွားရေးလုပ်ငန်းရှင်တစ်ဦး ဖြစ်သည်။ သူသည် စိုပြည်ဝဖြိုးသော ဥပဓိရုပ်ပိုင်ရှင်ဖြစ်ပြီး အပြင်ပန်းအားဖြင့်ကြည့်လျှင် ကျန်းမာသော လူကြီးတစ်ဦးဖြစ်သည်။ သို့သော် သူနှင့်အနီးကပ်နေသောအခါမှ သိလာရသည်မှာ သူ့တွင် ရောဂါကြီးကြီး မားမား သုံးမျိုးခန့်ရှိနေသည်။

သူသည် အသည်းအဆီဖုံးသည်ဟု စတင်သိရသည့်အချိန်မှစ၍ အထူးကုဆရာဝန်ကြီးများနှင့် ပြသနေခဲ့ သည်မှာ သုံးနှစ်၊ လေးနှစ်ရှိခဲ့ပြီ။ သို့သော် ထိုရောဂါများမှာ ပျောက်ကင်းမသွားသည့်အပြင် တစ်ခုပြီးတစ်ခု တိုးလာခဲ့သည်။ နောက်ဆက်တွဲ နှလုံးသွေးကြောကျဉ်းဝေဒနာ၊ သွေးတိုးဝေဒနာနှင့် ကျောက်ကပ် ကျောက်တည် ဝေဒနာများပါ ထပ်မံတိုးလာခဲ့သည်။

တစ်ခါက သူ့အိမ်တွင်ကြုံ၍ ထမင်းဝင်စားဖြစ်သည်။ သူစားသော အစားအသောက်များမှာ အိမ်မှချက်သော အစားအစာများမဟုတ်။ ဆိုင်များမှ ကောင်းနိုးရာရာ ခံတွင်းတွေ့မည့် ဟင်းလျာများကို သူ၏တပည့်တစ်ဦးမှ ဝယ်၍ စားကောင်းအောင် စီစဉ်ပေးခြင်းဖြစ်သည်။

ထိုအစားအသောက်များမှာ အဆီနှင့် ဟင်းချိုမှုန့် အရောင်ဆိုးဆေးများပါနေသည်ကို တွေ့ရသဖြင့် သူ့ကို ဖြစ်ပါ့မလားဟု မေးကြည့်မိသည်။ သူက ''ဖြစ်ပါတယ်၊ အစာစားပြီးရင် ဆေးသောက်လိုက်ရုံပဲ၊ အစာ များများစားမှ ကျန်းမာမယ်၊ အစာလည်းဆေး ဆေးလည်းအစာပဲ'' ဟု ပြောပါသည်။သူသည် ထမင်းစားပြီး နောက် ဆေးတောင့် ဆေးပြားများ မျိုးစုံ လက်တစ်ခုပ်စာမျှ ရေအေးနှင့်သောက်ချလိုက်သည်ကို တွေ့ရသည်။

မည်သို့ အကျိုးဖြစ်မည်မသိသော်လည်း သူသောက်ရသည့်ဆေးမှာ အစာနှင့်တန်းတူဖစ်တော့မည်။ များလွန်းသည်ဟု ထင်မိသည်။ သူ့မှာ မနက်စာစားပြီး သောက်သည့်ဆေး၊ ညစာစားပြီးသောက်သည့်ဆေး၊ အိပ်ရာဝင် သောက်သည့်ဆေး စသည်ဖြင့် ဆေးကိုးမျိုး၊ ဆယ်မျိုးသောက်နေရသည်မှာ အလုပ်တစ်ခုလိုမျိုး ဖြစ်နေသည်။ လမ်းလျှောက်ချိန်ဟူ၍လည်း မရှိ၊ အလုပ်ထဲမှာပင် တစ်နေကုန် နစ်မျောနေသည်ကို တွေ့ရသည်။

ရုပ်ကို အာဟာရကစောင့်သည်ဆိုသော စကားရှိသည်။ သူ၏ စိုပြည်ဝဖြိုးနေသောရုပ်မှာ သူစားသော အစာအာဟာရများကြောင့် ဖြစ်သည်။ သို့သော် ထိုအစာ အာဟာရများ၏ နောက်ကွယ်တွင် မကြေ ကျက်ခြင်း၊ အဆီတိုးခြင်း၊ အသားတိုးခြင်းတို့သည် နှစ်ရှည်ကြာသောအခါ စုမိလာပြီး မိမိခန္ဓာကိုယ်ကို မိမိမနိုင်သောအခြေအနေသို့ ရောက်ရှိသွားနိုင်ပေသည်။

မည်သည့်ရောဂါဖြစ်ဖြစ် ငါ့မှာဆေးရှိသည်။ ဆေးမှန်မှန် မှီဝဲလျှင် ပျောက်သည်။ ရောဂါရှိလျှင် ဆေးရှိသည်ဟု ယူဆပြီး ဆေးကို မျက်စိမှိတ်အားကိုးနေသူများ ရှိသည်။ ထိုသူများသည် ဆေးယဉ် ဆေးရိုး သော၊ ဆေးမတိုးသောရောဂါများဖြင့် ဒုက္ခတွေ့ကြရသည်ကို တွေ့ရဖူးသည်။

အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသောစကားမှာ တရားသေဆုပ်ကိုင်ထားသင့်သော စကား မဟုတ်ပေ။ အစားများလွန်းလျှင်လည်းမကောင်း၊ ဆေးများလွန်းလျှင်လည်း မကောင်းဟု သတိပြုသင့်ပေ သည်။

MOI Webportal Myanmar

Sunday, March 30, 2014

Pregnancy Twins (1) အမွှာကလေး လိုချင်ပါတယ်

Posted by drmyochit Sunday, March 30, 2014, under | No comments

(၁) ဆရာ အမွှာနဲ့ပတ်သတ်တာလေးတွေ သိချင်ပါတယ်။ အမျိုးသမီးက အမွှာကိုယ်ဝန်ဆောင်ထားလို့ပါ။
(၂) ဆရာရှင့် အမွှာကလေး လိုချင်ပါတယ်။ ဆေးစားလို့ ရပါသလား။ အမွှာရအောင်လုပ်လို့ ရပါသလား။ ဖြေကြားပေးပါ။ မျိုးရိုးတော့ မရှိပါဘူး။ နည်းလမ်းရှိရင် ပြောပြပေးပါ။ ကျေးဇူးတင်ပါတယ်။

တချို့စုံတွဲတွေက အခုမေးတသူလိုဘဲ အမွှာကို သိပ်ရချင်တတ်ကြတယ်။ သမတ George W. Bush မင်းသမီး Julia Roberts မင်းသား Mel Gibson တို့လို အမွှာမိဘတွေ ဖြစ်ချင်ကြတာကိုး။ ကမ္ဘာ့လူဦးရေ စုစုပေါင်းရဲ့ ၁့၉% ဟာ အမွှာတွေ ဖြစ်ကြတယ်။ ကနေ့ခေတ်မှာ အမွှာမွေးတွေ ပိုများလာနေတယ်လို့ ဆိုတယ်။ အကြောင်းရင်း တချက်ကတော့ ကလေး မရ ရအောင် လုပ်ယူတာတွေကြောင့်တဲ့။

လူသိများ ထင်ရှားကြတဲ့ Famous Twins and Celebrity Twins တွေရှိပါတယ်။ အဆိုတော်ထဲက Alanis Morissette နဲ့ Justin Timberlake မင်းသားထဲက Billy Dee Williams နဲ့ Kiefer Sutherland မင်းသမီးထဲက Mary-Kate and Ashley Olsen Scarlett Johansson တို့ ဖြစ်ပါတယ်။ ရော့ခ်ဘုရင် Elvis Presley မှာလည်း အမွှာရှိခဲ့တယ်။

အမွှာဖြစ်ရတဲ့ အကြောင်းက တလမှာ တဥသာ ထွက်ရမဲ့ မ-မျိုးဥက တဥမက ထွက်လို့၊ ဒါမှမဟုတ် တခါမက ထွက်ပြီး၊ ထွက်တဲ့ ဥတွေက သုတ်ပိုးတွေနဲ့ ပေါင်းစပ်လို့ ဖြစ်တယ်။ ဒါမျိုးက ဆေးအကူတွေ မပါလည်း ဖြစ်နိုင်တယ်။ တကယ်လို့ မ-မျိုးဥ တခုထဲကနေ နှစ်ခု ကွဲထွက်ပြီး၊ သုတ်ပိုးနဲ့ ပေါင်းစပ်ရင် Identical twins ရစေမယ်။

ကလေးမရ ရအောင် လုပ်နည်းဖြစ်တဲ့ IVF မှာ သုတ်ပိုးနဲ့ ပေါင်းစပ်ထားပြီးသား Fertilized eggs ၃ ခု၊ ၃ ခုမက ကို သားအိမ်ထဲ ထည့်ပေးလိုက်တာပါ။ ရည်ရွယ်ရင်းကတော့ ၁ ခုသာ သားအိမ်ထဲမှာ တွယ်ကပ်ပြီး၊ သန္ဓေတည်စေဘို့ဘဲ။ ထင်သလို မဟုတ်ဘဲ၊ ၁-၂ ခု ဖြစ်ဖြစ်၊ အကုန်ဖြစ်ဖြစ် သွားတည်ရင် အမွှာတွေ ဖြစ်စေတော့တယ်။ တည်တာကလည်း သန္ဓေ ၂ ခု၊ အချင်း ၂ ခု၊ အချင်းအိတ် ၂ ခု။ ဒါမှမဟုတ် သန္ဓေ ၂ ခု၊ အချင်း ၁ ခု၊ အချင်းအိတ် ၂ ခုလည်း ဖြစ်နိုင်ပြန်တယ်။

Monozygotic (Identical) twins မမျိုးဥတခုတည်းကနေ ကျားသုတ်ပိုး တခုတည်းတို့ ပေါင်းစပ်ကြပြီးနောက် ဥနှစ်ခု ကွဲသွားပြီး၊ အားလုံး ဆင်တူအမွှာ နှစ်ယောက် ဖြစ်ရတာပါ။ ရှားပါတယ်။ အမွှာထဲမှာ ၃ ပုံ ၁ ပုံထက် နည်းတယ်။ မျိုးရိုး မလိုက်ဘူး။ ဘယ့်အချိန်ကြမှာ ဥနှစ်ခုကွဲသလဲအပေါ် မူတည်ပြီး၊ ရုပ်အသွင်တူတာ ကွာတယ်။ များသောအားဖြင့် ၁၂ ရက်လောက်မှာ ကွဲတတ်တယ်။ စောလေ တူလေ။ ကျား-ကျား၊ မ-မ လိင်တူကြတယ်။

Dizygotic (Fraternal) twins ဆိုတာကတော့ မ-မျိုးဥ ၂ ခုနဲ့ ကျားသုတ်ပိုး ၂ ခုတို့ ပေါင်းစပ်ကြလို့ မတူတဲ့အမွှာ ဖြစ်တာပါ။ ပေါင်းစပ်ချိန်လည်း မတူကြဘူး။ အမွှာထဲမှာ ၃ ပုံ ၂ ပုံရှိတယ်။ Fertility drugs ဆေးတွေ သုံးရင်ဖြစ်တာ ဒါမျိုး ဖြစ်လေ့ရှိတယ်။ ကျား-မ လိင် မတူတတ်ဘူး။ မတူတဲ့ ယောက်ျား ၂ ယောက်နဲ့ အတူနေလို့လည်း အဲလိုအမွှာ ဖြစ်တတ်တယ်။

သဘာဝအတိုင်း အမွှာရအောင်လုပ်နည်း မရှိပါ။ ဆေးကူလို့လည်း မရေရာပါ။ In vitro fertilization (IVF) ဆိုတဲ့နည်းက ကလေးမရနိုင်သူတွေအတွက် တကူးတက လုပ်ကြရာမှာတော့ ဖြစ်နိုင်တယ်။ စွန့်စားရမယ်။

Fertility drugs ဆေးတွေဆိုတာ အမျိုးသမီးတွေ လစဉ်ထွက်ရမဲ့ မျိုးဥထွက်ဖြစ်စဉ် Ovulation အပေါ် သက်ရောက် စေအာင် လုပ်တဲ့ ဆေးတွေ ဖြစ်တယ်။ ယောက်ျားတွေမှာလည်း နည်းနည်းပါးပါး ဒီဆေးမျိုး သုံးတတ်သေးတယ်။ ကလေးမရနိုင်သူ၊ ခဏခဏ သားပျက်သူတွေအတွက် သုံးတာ များတယ်။

Clomid or Clomiphene citrate, Serophene ဆေးတွေ ဖြစ်ပြီး ဒီဆေးတွေကြောင့် အမွှာရတတ်တယ်။ အမှန်က ဘေးထွက် အကျိုးတခုပါ။ အမွှာတောင်မှ ၂ ယောက်မွှာသာမက များနိုင်သေးတယ်။ တခြား သတိထားရမဲ့ ဘေးထွက် အကျိုးတွေလဲ ရှိသေးတယ်။

အမွှာရချင်လို့ ဒီနည်းသုံးချင်ရင် Fertility clinics အထူးဆေးကုဌာနမှာ စနစ်တကျ လုပ်သင့်တယ်။ အခုရေးတဲ့စာက ဗဟုသုတလောက်သာ အားကိုးနိုင်ပါလိမ့်မယ်။

Dr. တင့်ဆွေ

Monday, December 02, 2013

ဦးနှောက်ကို အကြီးဆုံး လိင်အင်္ဂါလို့ တင်စား ကြပါတယ်။ ဦးနှောက်က လိင်မှု ကိစ္စမှာ ဘယ်လို ကြိုးကိုင် ထားတယ် ဆို တာ ဖတ်ကြည့် ကြရ အောင်လား

Posted by drmyochit Monday, December 02, 2013, under | No comments


ဦးနှောက်ဟာ လူတွေရဲ့ အမူအကျင့်၊ ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေ အသိတရား တွေကို ထိန်းချုပ် နေတဲ့ ဗဟို ဌာနချုပ် ဖြစ်ပါတယ်။ ဒါတင်မက သေးပါဘူး။ ဦးနှောက်မှာ ရှိတဲ့ သာယာမှု ဖြစ်စေတဲ့ နေရာ (Pleasure center) ရဲ့ကျေးဇူးကြောင့် အတွေ့အကြုံ တစ်ခုဟာ ပျော် ရွှင်ဖွယ် ဟုတ်မဟုတ် လူတွေကို သိရှိစေ ပါတယ်။ ဆန္ဓတွေ၊ ခံစားချက် တွေဟာ ဦးနှောတ်ဆဲလ် တွေထဲက ဓာတု ပစ္စည်းတွေ အချင်းချင်း ပူးပေါင်း ဆောင်ရွက် မှုကြောင့် ဖြစ်ပေါ်လာ ရတာကို သိရှိပြီး ဖြစ်တာ ကြာခဲ့ပါပြီ။



သိပ္ပံနည်းကျ ဆန္ဓဖြစ်စဉ်

လေ့လာမှု တစ်ခုအရ ဓာတ်ပုံထဲက လူတစ်ယောက် ကြည့်ကောင်း၊ မကောင်းကို ဆုံးဖြတ်ဖို့ တစ်စက္ကန့်ရဲ့ လေးပုံ တစ်ပုံသာ ကြာတယ်လို့ သိ ရပါတယ်။ ဒီသတင်း အချက်အလက် တွေကို ခွဲခြမ်း စိတ်ဖြာဖို့ မတူညီတဲ့ ဦးနှောက် အစိတ်အပိုင်း တွေက အလုပ်လုပ် ကြရတာပါ။ ပထ မဦးဆုံး နားလည် နိုင်စွမ်း (Understanding) နဲ့ကိုယ့်ကိုယ်ကို သိနားလည် နိုင်စွမ်း (Self-awareness) ကိုဖြစ်စေတဲ့ ဦးနှောက် အစိတ်အ ပိုင်းတွေ လှုံ့ဆွခံ ရပါတယ်။ အဆင့်မြင့် အလုပ် တွေကို လုပ်ပေးတဲ့ နေရာ တွေကနေ အမြင် စွမ်းအားကို သိရှိစေတဲ့ နေရာကို တချို့ သတင်း အချက်အလက် တွေကို ပိုမိုသိသာ နိုင်စေဖို့ ကြိုတင် တပ်လှန့် ထားပေး နိုင်ပါတယ်။ ဒါက သတင်း အချက်အလက် အပေါ်ကနေ အောက် ကို စီးဆင်းတဲ့ ပုံစံ (Top down) ပါ။ အမြင်အာရုံကို သိစေတဲ့ နေရာနဲ့ စိတ်ခံစားမှုကို ဖြစ်စေတဲ့ နေရာတွေ ကနေလည်း အဆင့်မြင့် လုပ်ငန်း တွေ လုပ်တဲ့ နေရာ တွေဆီကို သတင်း အချက်အလက်တွေ စီးဆင်း နိုင်ပါတယ်။ ဒါက အောက်ကနေ အပေါ်ကို စီးဆင်းတဲ့ ပုံစံ (Bottom up) ပါ။



ဦးနှောက်နှင့် လိင်မှုကိစ္စ

လိင်စိတ် ဖြစ်ပေါ်လာပြီး အထွဋ်အထိပ်ရောက် ပြီးမြောက်ချိန်အထိ ပါဝင် ပတ်သက်နေတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း တွေကို သိပ္ပံ ပညာ ရှင်တွေ ရှာဖွေ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ Hippocampus ကမှတ်ဉာဏ်နဲ့ ပတ်သက်ပြီး လုပ်ဆောင် ပေးတဲ့ နေရာ ဖြစ်ပါတယ်။ အရင်က လိင်မှု ကိစ္စ အတွေ့အကြုံ တွေကနေ ဖြစ်ပေါ် လာတဲ့ အမြင်အာရုံ၊ အနံ့ခံ အာရုံတွေကို ပြန်ဆက်စပ် မိတဲ့အခါ hippocampus ကိုလှုံ့ဆွ ပေးတာ ပါ။ ဦးနှောတ်ငယ် (Cerebellum) ကတော့ ကြွက်သား တွေကို ထိန်းချုပ် ထားပြီး လှုပ်ရှားမှု တစ်ခု ချောမွေ့အောင် ထိန်းပေးတဲ့ နေရာ ဖြစ်ပါ တယ်။ Amygdala ကတော့ စိတ်ခံစားမှု တွေကို စုစည်း ထိန်းချုပ် ပေးတဲ့ အစိတ်အပိုင်းပါ။ Anterior insula ဆိုတဲ့ နေရာ ကတော့ မိမိ ကိုယ် ခန္ဓာရဲ့ ပကတိ အခြေအနေကို ပြန်သုံးသပ် ပေးပါတယ်။ Nucleus accumbens နဲ့ Ventral tegmental area နေရာတွေ ကတော့ စိတ် ပျော်ရွှင်မှုနဲ့ ကြည်နူးမှုကို ဖြစ်စေတဲ့ dopamine ကိုထုတ်လွှတ် ပေးတဲ့ နေရာတွေပါ။ Pituitary gland ကတော့ နာကျင်မှုကို သက်သာ စေပြီး ယုံကြည်မှုနဲ့ သံယောဇဉ် တွေကို တိုးပွားစေတဲ့ ဓာတု ပစ္စည်းတွေကို ထုတ်ပေး ပါတယ်။



ကျား/မ ကွာခြားချက်များ

လိင်မှုကိစ္စနဲ့ ပတ်သက်လို့ ကျားနဲ့မ ဦးနှောက်မှာ ကွာခြားချက် မများလှ ပါဘူး။ အမျိုးသားရော အမျိုးသမီး တွေမှာပါ လိင်ကိစ္စ အထွဋ်အထိပ် ရောက် ပြီးမြောက် တဲ့အချိန်မှာ ဘယ်ဘက် မျက်လုံး နောက်ဘက်နဲ့ မျက်လုံး အိမ်အနီး ဦးနှောက် ရှေ့ပိုင်းနေရာ (Orbitofrontal cortex) တွေ အလုပ် မလုပ်ဘဲ ရပ်တန့် သွားပါတယ်။ ဒီလိုအချိန်မှာ ဦးနှောက်ရဲ့ အခြေအနေဟာ ဘိန်းအရှိန်နဲ့ မှိန်းနေတဲ့ လူတစ်ယောက်ရဲ့ ဦးနှောက် အခြေအနေနဲ့ ၉၅ရာခိုင်နှုန်း လောက် တူနေတာကို တွေ့ရပါတယ်။ လိင်ဆက်ဆံ နေချိန် မှာတော့ အမျိုးသမီး များရဲ့ ဦးနှောက်က အနည်း ငယ် ကွာခြားပါတယ်။ အမျိုးသမီး တွေမှာ periaqueductal gray လို့ခေါ်တဲ့ ခြင်ဆီရည်တွေ ပြည့်နေတဲ့ ဦးနှောက်ရဲ့ အခန်းသုံးနဲ့ လေးကို ဆက်ထားတဲ့ ပြွန်ချောင်း ပတ်ဝန်းကျင် နေရာက ဆဲလ်တွေ လှုံ့ဆွခံရပြီး စိတ်လှုပ်ရှား လွန်းရင် ဖြစ်တတ်တဲ့ ထွက်ပြေး မလား၊ ပြန်ခုခံ မလား ဆိုတဲ့ စိတ်အခြေအနေမျိုး ("fight or flight" response) ဖြစ်ပေါ်လာ စေပါတယ်။ ကြောက်ရွံ့မှုနဲ့ စိုးရိမ်မှု တွေကို ကိုင်တွယ် ပေးတဲ့ amyg dala နဲ့ hippocampus တို့ရဲ့ လှုပ်ရှားမှုတွေ လျော့ကျ သွားပါတယ်။ နာကျင်မှု ဝေဒနာနဲ့ ပတ်သက် နေတဲ့ ဦးနှောက် အစိတ်အပိုင်းကို လှုပ်ရှား စေပါတယ်။



သတင်းပြန်ပို့ အာရုံ ကြောစနစ်

ကျောရိုး အာရုံ ကြောမကြီး (spinal cord) နဲ့ဦးနှောက်သို့ သတင်း ပြန်ပို့ပေးတဲ့ အာရုံကြောတွေ မရှိရင်လည်း လိင်ကိစ္စ ပြီးတဲ့ ခံစားချက် (orgasm) ကိုမရရှိ နိုင်ပါဘူး။ အမျိုးသမီး တွေမှာ သားအိမ် (uterus) နဲ့သားအိမ် လည်တံ (cervix)၊ အမျိုးသား တွေမှာ ဆီးကျိတ် (prostate) ကနေ ခံစားမှု အာရုံတွေကို hypogastric nerve ကတဆင့် ပို့ပေးပါတယ်။ Pelvic nerve တွေကတော့ အမျိုးသမီး တွေမှာဆို မွေးလမ်း ကြောင်း (vagina) နဲ့သားအိမ် လည်တံ၊ ကျားမ နှစ်ယောက် စလုံးမှာ စအို အပေါ်ဘက် အစာဟောင်းအိမ် (rectum) ကခံစားမှု အာရုံတွေ ကို ပြန်ပို့ အစီရင်ခံ ပေးတာပါ။ Pudendal nerve ကတော့ အမျိုးသမီး တွေရဲ့ လိင်တံငယ် (clitoris) နဲ့အမျိုးသား များမှာ ကပ္ပာယ်အိပ် (scro tum) နဲ့လိင်တံ (penis) တွေကနေ ခံစားမှု အာရုံတွေကို ပေးပို့ပါတယ်။ Vagus nerve ကတော့ သားအိမ် လည်တံ၊ သားအိမ်နဲ့ မွေးလမ်း ကြောင်း တို့က ခံစားမှု တွေကို ပို့ပေးတာ ဖြစ်ပါတယ်။



အခြေခံ ဆန္ဓနဲ့ ဒုတိယ တန်းစား ဆန္ဓ (Desire: Primary vs. Secondary)

အခြေခံ ကျတဲ့ ပင်မဆန္ဓတွေ ဆိုတာ ကတော့ မျိုးနွယ်စုတစ်ခု ရှင်သန် နေထိုင်ဖို့ အတွက် မရှိမဖြစ် လိုအပ်တဲ့ အစားအသောက် တပ်မက် ခြင်း၊ မျိုးဆက် ပွားဖို့ လိင်ကိစ္စ တပ်မက်ခြင်းနဲ့ စားဝတ်နေရေး အခြေခံ လိုအပ်ချက် များကို တပ်မက်ခြင်းတို့ ဖြစ်ကြပြီး ဒုတိယ တန်းစား တ ဆင့်ခံ ဆန္ဓတွေ ကတော့ ငွေကြေး၊ အာဏာ၊ ရုပ်မြင်သံကြား၊ ဂိမ်းကစားခြင်း တွေလို ဆန္ဓတွေ ဖြစ်ပါတယ်။ ဆန္ဒတွေ အားလုံးဟာ ဦးနှောက် ကို လှုံ့ဆော်ပုံခြင်း မတူကြပါ။ ပြင်သစ် သုတေသီ များဟာ လိင်စိတ် ကြွစေတဲ့ ပုံရိပ်တွေလို အခြေခံ ကျတဲ့ ပင်မဆန္ဓ တွေက ဦးနှောက်ရဲ့ မျက်လုံး အိမ်နား ဦးနှောက်ရှေ့ပိုင်း (orbitofrontal cortex) ကိုလှုံ့ဆွ ပေးပြီး ငွေကြေး၊ အာဏာစတဲ့ အဓိက မကျတဲ့ တစ်ဆင့်ခံ ဆန္ဓတွေနဲ့ ကွာခြားတာကို လေ့လာ တွေ့ရှိခဲ့ ကြပါတယ်။



ထူးထူးခြားခြား ဝေဒနာများ

လိင်စိတ်ကို ကြိုးကိုင်တဲ့ ဦးနှောက် အစိတ်အပိုင်း တွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ရောဂါ တွေလည်း ရှိခဲ့ဖူး ပါတယ်။ ၁၉၄၄ ခုနှစ်မှာ Mrs. C. W. ဟာတစ်ညမှာ လိင်ဆက်ဆံ နေသလို ခံစားမှုမျိုးနဲ့ တရေးနိုးလို့ လာပါတယ်။ ပြီးတော့ တက်သွား ပါတယ်။ နောက်ပိုင်းမှာ ဆရာဝန် တွေက ဦးနှောက် သားကို ဖိနေတဲ့ အကျိတ်ကို တွေ့ရှိခဲ့ ကြပါတယ်။ အကျိတ်ကို ထုတ်လိုက် တာနဲ့ သူမ နေပြန်ကောင်း သွားပါ တော့တယ်။ ၁၉၆၉ တုန်းကလည်း လူနာ တစ်ယောက်ဟာ စိတ်ကြည်နူး တာမျိုး ခံစားနေ ရတတ်ပြီး လိင်ဆက်ဆံ ပြီးနောက် တစ်ခါတစ်ရံ တက်တတ် ပါတယ်။ ဆရာဝန် တွေက အတက် ရောဂါလို့ နာမည် တပ်လိုက် ကြပြီး ဆစ်ဖလစ် ရောဂါကြောင့် ဦးနှောက် တစ်နေရာ ပျက်စီးသွား ရတာလို့ ကောက်ချက်ချ ခဲ့ကြပါတယ်။ ၂၀၀၄ မှာတော့ ထိုင်ဝမ် နိုင်ငံသူ တစ်ယောက်ဟာ သွားတိုက်တိုင်း လိင်စိတ် အထွဋ်အထိပ် ရောက်သလို ခံ စားမှုမျိုး ရရှိပြီး သတိလစ် သွားတာမို့ ဆရာဝန် ပြကြည့်တော့ အတက် ရောဂါလို့ နာမည် တပ်ပြီး ဦးနှောက် တစ်နေရာ ချို့ယွင်း သွားလို့ ဖြစ် ရတာ ပါလို့ သတ်မှတ်ခဲ့ ဖူးပါတယ်။ ဦးနှောက်ဟာ သိပ္ပံပညာနဲ့ မဖော်ထုတ်၊ နားမလည် နိုင်သေးတဲ့ လျှို့ဝှက်ချက် တွေနဲ့ ပြည့်နှက် နေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး လိင်စိတ် ကိုလည်း ကြိုးကိုင် စွမ်းဆောင် နိုင်ကြောင်း လေ့လာ သိရှိနိုင် ကြပါတယ်။

Saturday, November 23, 2013

*** အမျိုးသမီးများရဲ့ အလှဆိုတာ ***

Posted by drmyochit Saturday, November 23, 2013, under | No comments






အမျိုးသမီးတစ်ယောက်အတွက် အလှအပနဲ့ ဆွဲဆောင်မှုအင်္ဂါရပ်တွေထဲမှာ
ရင်သားတစ်စုံလည်းပါဝင်တာမို့  ရင်းသားတွေသ ဘာဝအတိုင်း ဖွံထွားတောင့်တင်းမနေဘဲ ပျော့အိတွဲကျလာတဲ့အခါမှာမိမိကိုယ်ကိုဆွဲဆောင်မှုမရှိတော့ဘူးလို့ ခံစားလာရပြီး၊လွန်စွာစိတ်ကသိကအောင့် ဖြစ်ရပါတယ်။ အသက်အရွယ်ကြီးရင့်လာခြင်းက
အဓိက အကြောင်း ရင်းဖြစ်သော်လည်း၊ အချို့သူ တွေမှာ အောက်ပါ အကြောင်းများကြောင့် အရွယ် မလွန်ခင် ကတည်းက ရင်သားတွေပျော့တွဲ လာကြရပါတယ်။
• နို့ တိုက်မိခင်များ။
• ရုတ်တရက်ကိုယ်အလေးချိန်ထိုးကျသွားသူများ။
• အာဟာရချို့ တဲ့သူများ။
• မိမိရင်သား အရွယ်အစားနဲ့မကိုက်ညီတဲ့ ဘရာဇီယာ(သို့ မဟုတ်)ဘော်လီဝတ်ဆင်သူများ။
• နို့ အုံထဲရှိ ကျုံ့ /ဆန့် နိုင်သောတစ်ရှုးများ
ပြေလျော့နိုင်စွမ်းအားနည်းသွားခြင်း။
• သွေးဆုံးပြီးနောက် ဟိုမုန်းပြောင်းလဲသွားခြင်း။
• ဘရာဇီယာ(သို့ မဟုတ်)ဘော်လီမပါဘဲ
ပြေးခြင်း/ကြိုးခုန်ခြင်း/လေ့ကျင့်ခဏ်းပြင်းပြင်းလုပ်ခြင်း

အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း(၇)သွယ်က ရင်သားတွေကို
ဘေးဥပါသ်လုံးဝမဖြစ်စေဘဲ တင်းရင်းလာစေမယ့် နည်းလမ်း ကောင်းလေးတွေပါ။
(၁) နို့ သီခေါင်းကိုချန်ပြီး၊ ရင်သားတစ်စုံကို တနေ့ ၂-ကြိမ်
သံလွင်ဆီဖြင့်အသာအယာလူးနယ်ပေးပါ။ သံလွင်ဆီရဲ့ အစွမ်းကြောင့်
ရင်သားအတွင်းပိုင်းရှိ ဆဲလ်နဲ့ သွေးလည်ပတ်မှုအားကောင်းလာပြီး
တစ်ရှုးများတောင့်တင်းလာစေတဲ့အပြင်၊ ရင်သားအပေါ်ယံ အလွှာအရေပြားများလည်း
တင်းရင်းလာစေပါတယ်။ (သံလွင်ဆီနဲ့ နို
့အုံကိုခပ်ကြမ်းကြမ်းဆွဲ၍လိမ်းခြင်းက ရင်သားများပိုမိုတွဲကျ
သွားစေနိုင်လို့  ခပ်ဖွဖွဆုပ်နယ်လိမ်းပေးပါ)
(၂) fenugreek(ခေါ်)ကုလားဟင်းချက်ရာတွင်သုံးသည့် ပဲနံ့ သာပင်က
နူးညံ့တဲ့အရေပြားများကို သူမတူအောင် တင်းရင်းစေတဲ့
အစွမ်းသတ္တိများရှိကြပါတယ်။(အိန္ဒိယရိုးရာပရဆေးဆိုင်များနဲ့  အချို့ city
mart များတွင် fenugreek(ခေါ်)ပဲနံ့ သာပင်အမှုန့်
ခြောက်ဗူးတွေဝယ်ယူရရှိနိုင်၏) ပဲနံ့ သာပင်အမှုန့် ကို ရေနဲ
့ခပ်ပျစ်ပျစ်ဖျော်စပ်လိမ်းပေးပြီးနောက် ၁၅-မိနစ်ခန့့်အကြာရေအေး ဖြင့်သန်
့စင်ဆေးကြောပါ။
(၃) ထောပတ်ဆီအနှစ်များက ရင်သားကိုတင်းရင်းစေတဲ့အပြင် ဖြူဝင်းလှပလာစေလို
့၊ ၄င်းဆီအနှစ်ဖြင့် ၃-မိနစ်လောက် အသာ အယာလူးနယ်ပေးပါ။ နာရီဝက်ခန့်အကြာ
ရေအေးဖြင့် ရေချိုးသန့် စင်နိုင်ပါတယ်။
(၄) ကြက်ဥအနှစ်ကိုဖယ်၍ အကာအဖြူရည်ကိုအမြှုပ်ထအောင်ခေါက်ပါ။
ထိုအမြှုပ်ရည်ဖြင့် ရင်သားကိုအသာအယာ လူးနယ် ပေးပြီး၊
နာရီဝက်လောက်အခြောက်ခံထားပါ။ ထိုသို့ အခြောက်ခံနေစဉ်အတွင်း ကြက်သွန်နီ
ဥကြီးကြီး ၁-လုံးကိုအခွံနွှာ ကျိတ် ချေပြီး ရလာသောကြက်သွန်နီသတ္တုရည်ကို
ရေအေး ၁-ဖန်ခွက်ရောစပ်ပါ။ ပြီးရင် ရင်သားပေါ်ရှိ ခြောက်သွားသော ကြက်ဥအ
ကာရည်ကို စောစောကကြက်သွန်နီရည်ဖြင့် ဆေးကြောပေးပါ။
(၅) သခွားသီးကို အခွံနွှာအစေ့ဖယ်၍ အသားကိုခြစ်ပါ။ သခွားသီးအသား
ထမင်းစားဇွန်း ၁-ဇွန်းစာကို ကြက်ဥအနှစ် ၁-လုံး(အ ကာမသုံးပါနဲ့ )၊
ထောပတ်လ္ဘက်ရည်ဇွန်း ၁-ဇွန်းတို့ ဖြင့် သမအောင်ရောမွှေပြီး နို့ အုံအနှံ့ 
အချိန် ၃-မိန်နစ်ခန့် ကြာအောင် အ သာအယာ ပွတ်နယ်လိမ်းပေးပါ။
အသားထဲစိမ့်ဝင်သွားအောင် မိနစ် ၂၀-ခန့် ထားပြီးနောက် ရေချိုးနိုင်ပါတယ်။
ထိုအရောအနှော ၃-မျိုးရဲ့ အစွမ်းကြောင့် ရင်သားထဲရှိ တစ်ရှုးများ သိသိသာသာ
တောင့်တင်းသန်မာလာစေပါတယ်။
(၆) ဒိန်ချဉ် လ္ဘက်ရည်ဇွန်း ၁-ဇွန်း၊ ကြက်ဥ ၁-လုံး
(အနှစ်အကာအားလုံးသုံးပါ)၊ ဗီတာမင်အီး ၂လုံး ကိုဖောက်ပါ။ (ဗီတာမင်အီး
ဆေးလုံးလေးများကို အလှကုန်ဆိုင်များတွင်ရ၏) ထိုအရောအနှော ၃-မျိုးကို
သမအောင်အချိန်ကြာကြာ ခေါက်နယ်ပြီး၊ နို့ အုံအ နှံ့  ၃-မိနစ်ခန့် ကြာအောင်
အသာအယာနှိပ်ပေးပါ။ ၁၅-မိနစ်ခန့်အကြာ ရေချိုးပေးနိုင်ပါပြီ။
(၇) ရေကူးခြင်း၊ ကြွက်သားတက်စေတဲ့အလေးပြား(ခပ်ပေါ့ပေါ့) ဆွဲ၍အလေးမခြင်း၊
ဗိုက်ကိုချပ်၍ ရင်သားတစ်စုံကို လက်နှစ် ဖက်ဖြင့်ကိုင်၍့ အောက်ကပင့်ကာ
အပေါ်ဘက်သို့ အသာအယာမတင်ခြင်း စတဲလေ့ကျင်းခဏ်းလေးတွေက ရင်သားစိုင်များကို
တင်းမာလာစေပါတယ်။

ကြိုတင်ကာကွယ်ခြင်းနဲ့ အခြားနည်းလမ်းကောင်းများ။
(၁) ဆေးလိပ်က ရင်သားထဲရှိကြွက်သား ကျုံ့ /ဆန့် နိုင်အားကို
လျော့ပါးစေတာကြောင့် ဆေးလိပ်မသောက်ပါနဲ့ ။
(၂) အယ်လ်ကိုဟောနဲ့  ကဖိန်းဓာတ်ပါသော အရက်သေစာအဖျော်ယမကာအမျိုးမျိုး၊
အမြှုပ်ထ၍ဆူလာစေအောင် ကာဗွန်ဒိုင် အောက်ဆိုဒ်ထဲ့ထားသော အချိုရည်ဗူးများက
အရေပြားများကို အရွယ်မတိုင်မီအိုမင်းစေပြီး ရင်သားများလည်းတွဲကျစေပါတယ်။
(၃) ကြိုးလျော့နေသော ဘရာဇီယာ(သို့ မဟုတ်)ဘော်လီ တွေမ၀တ်ပါနဲ့ ၊
အိပ်ချိန်မှလွှဲ၍ ဘရာဇီယာ(သို့ မဟုတ်)ဘော်လီကို ၀တ်ထားပါ။
(ကမ္ဘာပထ၀ီမြေကြီးရဲ့  ဆွဲအားကလည်း သင့်ရင်သားစိုင်တွေအောက်ကို
တွဲကျစေတယ်ဆိုတာ မယုံမရှိနဲ့ နော်)
(၄) ရင်သားပျော့အိတွဲကျခြင်းကလည်း အာဟာရချို့ တဲ့မှုနဲ့ ဆက်စပ်နေပါတယ်။
ရင်သားစိုင်တွင်းရှိ တစ်ရှုးများနဲ့  အသားအရေ တင်းရင်းမှုကိုအားပေးသော
ဗီတာမင၊် သတ္တုဓာတ် နဲ့ ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာများမှာ ကြက်သား၊
သိုးသား၊ ပင်လယ်ငါး များ၊ ကြက်ဥ၊ အဆီနဲသောချိစ်၊ ဒိန်ချဉ်၊ နွားနို့ ၊
အစေ့အဆန်များ၊ ကြက်သွန်နီ၊ ကြက်သွန်ြုဖူ၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊
ပန်းဂေါ် ဖီအဖြူ၊ ဂေါ်ဖီထုပ်၊ ပဲနံ့ သာရွက်၊ ခရမ်းချဉ်သီး..စသည်တို
့ဖြစ်ကြပါတယ်။
ဆေးပညာဆိုင်ရာဆောင်းပါးများ
(မှီငြမ်း။ Best Health Tips to Firm Sagging Breasts)

Friday, November 22, 2013

အလိုလို သက်သာသွားသော ရောဂါ သို့မဟုတ် ပခုံးကပ်ခြင်း၊ ပခုံးနာခြင်း (Frozen Shoulder)

Posted by drmyochit Friday, November 22, 2013, under | No comments


ပခုံးကပ်တာ၊ ပခုံးနာတာ၊ ပခုံးခိုင်တာ စတဲ့ လက္ခဏာတွေ ပြတတ်တဲ့ Frozen Shoulder ဟာ အဖြစ်များပါတယ်။ အသက် ၄၀-၆၀ ကြား အရွယ်တွေမှာ ဖြစ်တတ်ပြီး အထူးသဖြင့် အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ပခုံးတင်မက လက်မောင်းတွေ အထိပါ ပျံ့နှံ့ပြီး နာတတ်ပါတယ်။ ဒီရောဂါ ဖြစ်ရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိကြပါဘူး။ အများယူဆတာကတော့ ပခုံးအရွတ် (Capsule) က ရောင်လာပြီး ကျုံ့သွားတော့ လှုပ်ရှားမှုက ပုံမှန် မဖြစ်တော့တာလို့ ပြောကြပါတယ်။ ပခုံးနာတာက အတော် ဆိုးပါတယ်။ တစ်ခါတလေ ညအိပ်လို့တောင် မရအောင် နာတတ်ပါတယ်။ လက်က ကောင်းကောင်းလှုပ်ရှားလို့ မရတော့ ကျောကုတ်လို့လည်း မရ၊ ခေါင်းဖြီးလို့လည်း မရပါဘူး။ အမျိုးသမီးတွေဆိုတော့ ဆံပင်တွေ ထုံးလို့မရ၊ ပြင်လို့မရနဲ့ ပိုဆိုးပါတယ်။ အင်္ကျီဝတ်ပြီ ဆိုရင်လည်း လက်ထိုးရခက်ပါတယ်။ ဒီရောဂါက အဆင့်သုံးဆင့် ရှိပါတယ်။ အဆင့်တစ်ခုကို ၆ လ-၈ လလောက် ကြာပါတယ်။ အများအားဖြင့် ဒီရောဂါဖြစ်ရင် တစ်နှစ်ခွဲ- သုံးနှစ်လောက် ကြာပါတယ်။ ဒီရောဂါက အများအားဖြင့် ပခုံးတစ်ဖက်မှာ စဖြစ်တာ များပါတယ်။ တချို့လူတွေမှာ ပခုံးရဲ့ ညာဘက်တစ်ဖက်မှာ စဖြစ်ပြီး တဖြည်းဖြည်းနဲ့ ပျောက်လာပြီဆိုတော့ ဘယ်ဘက်ပခုံးက ထပ်ဖြစ်ပါတယ်။ တစ်ဖက်ပျောက်ပြီးရင် နောက်တစ်ဖက် ထပ်ဖြစ်တတ်တယ်။ ချက်ချင်း ပြန်ဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒီထက် ကံဆိုးတဲ့ လူနာတွေကျတော့ ပခုံးနှစ်ဖက်စလုံး ပြိုင်ဖြစ်တာ တွေ့ရပါတယ်။ ဒီလိုဖြစ်ရင် အတော်လေး ဒုက္ခရောက်ရပါတယ်။ 
ရောဂါ ပထမအဆင့်မှာ ပခုံးအဆစ်က နာတယ်၊ ခိုင်လာတယ်၊ တဖြည်းဖြည်းနာတာ ပိုဆိုးလာတယ်၊ ပခုံးက ပိုကပ်လာတယ်။ ဒုတိယအဆင့်ကို Stationary Stage လို့ ခေါ်ပါတယ်။ ဒီအဆင့်ကျတော့ ပခုံးက ပိုလည်း နာမလာဘူး၊ ပိုလည်း ဆိုးမလာဘူး၊ ပိုလည်း ကပ်မလာဘူး။ ရောဂါက တန့်နေတယ်။ တတိယအဆင့်ကိုတော့ Resolution Stage လို့ ခေါ်ပါတယ်။ ဒီအဆင့်မှာတော့ အဆစ်က နာတာ၊ ကပ်တာ တဖြည်းဖြည်း လျော့သွားပြီး ပြန်ကောင်းသွားပါတယ်။ ဒီရောဂါဖြစ်ရင် လူနာအများစုမှာ အချိန်အတိုင်းအတာ တစ်ခုအတွင်း ပုံမှန်ပြန်ဖြစ်သွားတာ များပါတယ်။ ဒါကြောင့် ဒီရောဂါကို အချိန်အတိုင်းအတာ တစ်ခုအတွင်း သူ့အလိုလို ပြန်သက်သာသွားတဲ့ ရောဂါလို့ ပြောလို့ရပါတယ်။ ဆရာတို့အနေနဲ့ ဒီလိုပခုံးနာတဲ့၊ ကပ်တဲ့ လူနာတွေ တွေ့ရင် နာတဲ့ နေရာကို စမ်းကြည့်ပေးရပါတယ်။ တခြားရောဂါလည်း ရှိနိုင်တာကြောင့် တခြားရောဂါတွေနဲ့ မမှားအောင် သေချာ စစ်ဆေးရပါတယ်။ ပခုံးနာ၊ ပခုံးကပ်တဲ့ ရောဂါနဲ့ မှားတတ်တဲ့ ရောဂါတွေက ပခုံးအရွတ် ကျောက်တည်တာ၊ ပခုံးအရိုး နည်းနည်းပါးပါး ကျိုးတာ၊ လည်ပင်းအာရုံကြော ညပ်တဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ဘယ်ဘက်ပခုံးနာရင် နှလုံးရောဂါနဲ့ လွဲတတ်ပါတယ်။ နှလုံးရောဂါဖြစ်ရင် လက္ခဏာတစ်ခုအနေနဲ့ ပခုံးနာတာ ပြတတ်လို့ပါ။ ဆရာ့အတွေ့အကြုံအရ ဒီရောဂါဖြစ်တဲ့ လူနာတွေက အလိုလို ဖြစ်တာများပါတယ်။ တချို့လူနာတွေကျတော့ နည်းနည်းပါးပါး ထိမိခိုက်မိဖြစ်ပြီး ပခုံးနာလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။

ဆီးချိုရောဂါရှင်တွေက ဒီရောဂါ အဖြစ်များပါတယ်။ ဆီးချိုရောဂါ ဝေဒနာသည်တွေရဲ့ ၁၀-၂၀ ရာခိုင်နှုန်းက ဒီရောဂါ ဖြစ်တတ်ပါတယ်။ ဒီရောဂါပုံစံနဲ့လာရင် သွေး၊ ဆီး စစ်ရပါတယ်။ ဓာတ်မှန် ရိုက်ကြည့်ရပါတယ်။ ဒါပေမဲ့ ဓာတ်မှန်ထဲမှာ ဘာမှ ကြီးကြီးကျယ်ကျယ် သိပ်မတွေ့ရပါဘူး။ အရိုးနည်းနည်းပါးတာလောက်ပဲ တွေ့ရပါတယ်။ ဓာတ်မှန် ရိုက်ကြည့်ရတဲ့ အဓိကရည်ရွယ်ချက်က တခြားပြဿနာတွေများ ဖြစ်နေသလား ဆိုတာ သေချာအောင် စစ်ကြည့်ရတာပါ။ ကုသမှုအနေနဲ့ကတော့ အနာသက်သာဖို့အတွက် သောက်ဆေး ပေးရပါတယ်။ ပခုံးအဆစ်က နာနေပေမယ့် လှုပ်ရှားမှုကိုတော့ လုပ်နိုင်သလောက် လုပ်ခိုင်းရပါတယ်။ ငြိမ်နေရင် ပခုံးက ပိုကပ်သွားတတ်တယ်။ အရိုးအကြော ပြုပြင်ပေးမှု (Physiotherapy) လုပ်ပေးရင်လည်း လူနာအတွက် အကျိုးရှိပါတယ်။ တစ်ခါတလေ ရေနွေးအိတ်ကပ်တာ၊ သောက်ဆေး ပေးတာတွေ လုပ်ပေမယ့် ဘယ်လိုမှ မသက်သာဘူးဆိုရင် အဆစ်ထဲကို ဆေးထိုးပေးလို့ ရပါတယ်။ ဒါဆိုရင် နာတာ အတော် သက်သာသွားပါလိမ့်မယ်။ လှုပ်ရှားမှုလည်း မြန်မြန်ရလာတတ်ပါတယ်။ ဒါပေမဲ့ ဆီးချိုရောဂါ ရှိသူတွေမှာတော့ ဆီးချိုတက်နေရင် ဆေးထိုးလို့ မသင့်ပါဘူး။ ပိုးဝင်နိုင်ခြေ များပါတယ်။ ပိုးမဝင်အောင် သေချာဂရုစိုက်ဖို့ လိုပါတယ်။ တချို့လူနာတွေကျတော့ ပခုံးက သိပ်ကပ်နေပြီး လှုပ်ရှားလို့ မရဘူးဆိုရင် မေ့ဆေးပေးပြီး ပခုံးအရွတ်တွေကို ဆွဲလှည့်တဲ့နည်း (Manipulation) ပေးရပါတယ်။ 

ဒီနည်းနဲ့လည်း တချို့လူနာတွေက သက်သာပေမယ့် တချို့လူနာတွေက မသက်သာပါဘူး။ နောက်တစ်နည်းက ဆရာတို့ လုပ်လေ့မရှိပေမယ့် Arthroscopy နည်းလို့ခေါ်တဲ့ တခြားနိုင်ငံတွေမှာ လုပ်လေ့ရှိတာက အဆစ်ထဲ မှန်ပြောင်းထည့်ပြီး ကျပ်နေတဲ့ အရွတ်ကို ဖြတ်ပေးတာပဲ ဖြစ်ပါတယ်။ ဒီရောဂါက စိုးရိမ်စရာ မရှိပေမယ့် ဖြစ်လာရင် စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုကို သည်းခံလိုက်ရင် သူ့အလိုလို သက်သာသွားတတ်ပါတယ်။ 

ပါမောက္ခဦးနေ၀င်း
အရိုးခွဲစိတ်အထူးကုဆရာဝန်ကြီး
ဆေးပညာဆောင်းပါးများမှ 

မျက်စိယားယံလျှင်

Posted by drmyochit Friday, November 22, 2013, under | No comments


မျက်စိယားတာက နေ့တိုင်း ကြုံနေရတဲ့ ပြဿနာပါပဲ။ မျက်စိယားယံရတဲ့ အကြောင်းရင်းက နှစ်ခုရှိပါတယ်။ အကြောင်းရင်း တစ်ခုကတော့ သာမန်ပါပဲ။ မျက်စိထဲကို ဖုန်တွေ၊ သဲတွေ ဝင်တယ်။ မျက်စိက ယားလာလို့ လက်နဲ့ ပွတ်လိုက်တယ်။ ဖုန်တွေ၊ သဲတွေ ထွက်သွားအောင် မျက်စိကို သန့်ရှင်းတဲ့ရေနဲ့ အားရပါးရ ဆေးပေးလိုက်ရင် ပျောက်သွားပါလိမ့်မယ်။ နောက်တစ်ခုက ဓာတ်မတည့်မှုကြောင့် မျက်စိရောဂါ ဝေဒနာ (Allergic Eye Disorder) ရပြီး မျက်စိယားတာ ဖြစ်ပါတယ်။ ဒါကတော့ ရေနဲ့ဆေးလည်း မပျောက်ပါဘူး။ ဓာတ်မတည့်မှုကြောင့် မျက်စိယားရင် သာမန် မျက်စနီရာကနေ မျက်စိမှုန်တဲ့အထိ ဖြစ်တတ်ပါတယ်။ အတော် ကျယ်ပြန့်ပါတယ်။ တခြား ဓာတ်မတည့်မှု ဖြစ်တဲ့ ရောဂါတွေ (ဥပမာ- ပန်းနာရင်ကျပ် ဖြစ်တာ၊ အရေပြား ရောင်ရမ်းတာ) တွေလိုပဲ ဒီရောဂါကလည်း တစ်သက်လုံး မပျောက်တဲ့ ရောဂါမျိုး၊ ရာသက်ပန်ကုဖို့ လိုတဲ့ ရောဂါမျိုးပါ။ မြန်မာပြည်မှာတော့ ဓာတ်မတည့်မှုကြောင့် မျက်စိဝေဒနာဖြစ်တာ သိပ်မတွေ့ရပါဘူး။ ဆရာ့ဆီကို လာပြတဲ့ လူနာတချို့တော့ ရှိပေမယ့် အဲဒီအထဲက တချို့လူနာတွေဆိုရင် အသက်ကြီးလာတာနဲ့ သူ့အလိုလို ပျောက်သွားတာမျိုးတောင် တွေ့ဖူးပါတယ်။

တချို့ကျတော့လည်း အသက်ကြီးမှ ဓာတ်မတည့်မှု ဖြစ်လာပြီး ဆေးနဲ့ ထိန်းနိုင်တဲ့ အဆင့်မှာတင် ရပ်သွားတာမျိုး ရှိပါတယ်။ ဓာတ်မတည့်မှုကြောင့် မျက်စိယားရင် မျက်စိက ရိုးရိုးနီရုံပဲ နီတယ်၊ မျက်ခွံကို လှန်ကြည့်လိုက်ရင် အနီစက် (Papillae) တွေ အများကြီး တွေ့ရတတ်ပါတယ်။ ဒီထက်ပိုဆိုးလာရင် မျက်ကြည်လွှာ ပတ်လည်မှာ သွေးကြောတွေက နီရဲနေတတ်ပါတယ်။ တကယ်တော့ မျက်ကြည်လွှာဆိုတာ ကြည်လင်ပြီး ထိုးဖောက် မြင်နိုင်ရမယ်။ Clear and Transparent ဖြစ်နေရပါမယ်။ အဲဒီလို မဖြစ်ဘဲ သွေးကြောတွေ ဝင်လာတဲ့ အခြေအနေမှာဆိုရင် မျက်စိက မှုန်သွားတတ်ပါတယ်။ ဓာတ်မတည့်မှုကြောင့် မျက်စိနီလာ၊ ယားလာရင် ဓာတ်မတည့်မှု ဖြစ်တဲ့အတွက် H2 Receptor Blocker ဆေးဖြစ်တဲ့ Cromal ဆိုတဲ့ မျက်စဉ်းဆေးကို ပေးရပါတယ်။ ဒီဆေးကတော့ ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ဒီထက် ပိုဆိုးလာတဲ့ အဆင့်မှာ စတီးရွိုက် မျက်စဉ်းဆေးကို ပေးရပါတယ်။ ဒီဆေးကတော့ မျက်စိအတွင်း ရေထုဖိအား (Intraocular Pressure) လည်း တက်ချင် တက်နိုင်တဲ့ ဘေးထွက်ဆိုးကျိုး ရှိသလို မျက်ကြည်လွှာ ပေါက်တာ (Cornea Erosion) လည်း ဖြစ်နိုင်ပါတယ်။ ဒီလို ဘေးထွက်ဆိုးကျိုးတွေ ရှိတာကြောင့် မျက်စိအထူးကု ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့မှ ထည့်သင့်ပါတယ်။ ဒီလို မဟုတ်ရင်လည်း ဘာမီတွန် (Burmeton) လို ဆေးမျိုး သောက်လို့ရပါတယ်။ ဒီလို ဓာတ်မတည့်မှုကြောင့် မျက်စိဝေဒနာ ဖြစ်ရင် တစ်သက်လုံး ထိန်းချုပ်နိုင်ဖို့ ရာသက်ပန် ကုသမှု ခံယူရမယ်ဆိုတာ လူနာတွေအနေနဲ့ သိထားသင့်ပါတယ်။ ဓာတ်မတည့်မှုကြောင့် မျက်စိယားတာက ဘာအကြောင်းတွေကြောင့် ဖြစ်လဲဆိုတာက ပြောရခက်ပါတယ်။

ဥပမာအားဖြင့် ပန်းနာရင်ကျပ် ရောဂါဆိုရင်လည်း ဓာတ်မတည့်မှုကြောင့် ဖြစ်တယ်ဆိုတာ သိပေမယ့် ဘာနဲ့ မတည့်တာလဲဆိုတာ မသိကြသလိုမျိုးပါပဲ။ စစ်ဆေးဖို့ကလည်း မလွယ်ပါဘူး။ စမ်းသပ်လို့တော့ ရပေမယ့် လူနာကိုပဲ သတိပေးထားရပါတယ်။ ဥပမာ ရာသီဥတုကို ကြည့်ရင် ဘယ်ရာသီမှာ ပိုဖြစ်တတ်သလဲ ဆိုတာကို သတိထား ကြည့်ရပါတယ်။ တချို့ လူနာတွေဆိုရင် မနက်ပိုင်းမှာ ပိုဖြစ်တတ်သလို တချို့ လူနာတွေကျတော့ ညနေပိုင်းမှာ ပိုဖြစ်တတ်တာမျိုးလည်း ရှိပါတယ်။ ဒါကိုလည်း သတိထားခိုင်းရပါတယ်။နောက်တစ်ခုက အစားအသောက်ကို သတိထားခိုင်းပါတယ်။ မှို၊ ပင်လယ်စာ စားရင် ဖြစ်သလား၊ ဘယ်အစာစားရင် ပိုဖြစ်သလဲ ဆိုတာကို ကိုယ့်ဘာသာ သတိထား ကြည့်ခိုင်းရပါတယ်။ နောက်တစ်ခုက မျက်ကပ်မှန် တပ်တာကြောင့် ဖြစ်တတ်ပါတယ်။ မျက်ကပ်မှန်ကို လုပ်ထားတဲ့ ပစ္စည်း (Material) နဲ့ မတည့်ရင်လည်း ဖြစ်တတ်ပါတယ်။

မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဦးတင်ဝင်း

Thursday, November 21, 2013

အကာကွယ်မဲ့ လိင်ဆက်ဆံပြီး နောက်ပိုင်း အင်္ဂါမှာ အဖုလေးတွေ ပေါက်လာလို့ (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါရန်)

Posted by drmyochit Thursday, November 21, 2013, under | 1 comment




မေး။ ။ HIV သွေးစစ်ရင် သုံးလ တခေါက် ခြောက်လ တခေါက်စစ်ရင် ပိုသေချာတယ်လို့ ကြားဖူးပါတယ်။ အဲ့မှာ ကျွန်တော် သိချင်တာလေးရှိလို့ပါ။ လွန်ခဲ့တဲ့ ဖေဖဝါရီလ ၂၀ ရက် လောက်က ကျွန်တော် တရုတ်ပြည် ခရီးသွားပြီး မိတ်ဆွေတွေနဲ့ အရက်သောက်ပြီး နောက် KTV က အမျိုးသမီးနဲ့ အကာကွယ်မဲ့ အတူ နေမိပါတယ်။ အဲ့ဒီနောက် မေလ ၁၀ ရက်လောက် မြန်မာပြည်ကို ပြန်ရောက်ပါတယ်။ ကျွန်တော် မြန်မာပြည် ပြန်ရောက်ပြီး ချက်ချင်း သွေးစစ်ပါတယ်။ မေလ ၁၃ ရက်နေ့မှာ ပိုးမရှိဆိုတဲ့ အဖြေရပါတယ်။ ဒါပေမယ့် ချက်ချင်းစစ်ရင် ပိုးကို ရှာတွေ့မှာ မဟုတ်ဘူးလို့ ကြားဖူးလို့ ကျွန်တော် အခု ဇွန် လ ၁၃ ရက်နေ့ဆို ၃ လပြည့်ပါပြီ။ ဒါပေမဲ့ သွေးစစ်မဲ့ သုံးလအတွင်း လိင်မဆက်ဆံရဘူးလို့လဲ သိထားပါတယ်။ ဧပြီလပိုင်းမှာ ကျွန်တော့် အမျိုးသမီးက ခရီးက ပြန်လာတော့ အတူနေဖြစ်ပါတယ်။ အစက ကျွန်တော် အဖော် သုံးပါတယ်။ နောက်ပိုင်း အမျိုးသမီးက ဘာလို့ အဖော်သုံးတာလဲ မေးပါများတော့ ဆက်ဆံတဲ့ အချိန် အဖော်မသုံးပဲ တ၀က်လောက်ရောက်မှ အဖော်ပြန်သုံးပြီး အမျိုးသမီးအထဲကို တခါမှ သုတ်ရည် မထည့်ဖူးပါ။

အမျိုးသမီးက ခရီးပြန်သွားခါနီး ဆက်ဆံတဲ့ တကြိမ်တော့ သုတ်ရည် ထည့်မိပါတယ်။ တကြိမ်တည်း ထည့်မိတာတော့ သေချာပါတယ်။ ပြန်ရောက်ပြီး နောက်ပိုင်း လိင်အင်္ဂါမှာ အဖု ပေါက်လာတယ်။ အမည်းရောင် အဖုလေးပါ။ နာလည်မနာ ယားလဲမယားပါဘူး။ တကြိမ်မှ လိင်မှာ အဖုဆိုတာ မပေါက်ဖူးပါ ဘူး။ နောက် လက်မောင်းနဲ့ ချိုင်းစပ်မှာလဲ အပူများလို့ ထွက်တဲ့ ပုံစံနဲ့ ၀က်ခြံလို အနီ အဖုလေးတွေ ၈ ဖု ၉ ဖုလောက် အထိ ပေါက်နေတာ ဆေးလိမ်းလဲ မပျောက်ပါဘူး။ ဘာဖုလဲတော့ သေချာ မသိပါဘူး။ အင်္ဂါမှာ လဲ အမည်းရောင် အဖုလေးပေါက်တာ တွေ့နေရတော့ ရောဂါများ လက္ခဏာ ပြတာလားဆိုပြီး စိုးရိမ်တာနဲ့ အိပ်မပျော် စားမ၀င် ဖြစ်နေပါတယ်။ ဒါကြောင့် သွေးစစ်ဖို့ဆိုလဲ ကြားမှာ ကျွန်တော့် အမျိုးသမီးနဲ့ ဆက်ဆံမိတာက တစ်ခု၊ ဒီလ ၁၃ ရက်နေ့မှ ၃ လ ပြည့်မှာ တစ်ခုကြောင့် ကျနော် ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေ ပါတယ်။ နေ့ တိုင်းကို စိတ်ပင်ပန်းစွာ ဖြတ်နေရပါတယ်။ ကျွန်တော် အဆုံးစွန်ထိ တွေးထားပါတယ်။ ကျွန်တော် ရောဂါလဲ မကြောက်ပါဘူး။ ကျွန်တော့် အမျိုးသမီး အတွက်တော့ အရမ်းစိုးရိမ်ပါတယ်။ ကျွန်တော် သုတ်ရည် တကြိမ် ထည့်မိတယ်။ နောက်ပြီး ဆက်ဆံတဲ့ အချိန် အစမှာ အဖော်မပါပဲ ပြီးခါနီး ကျမှ အဖော်သုံးလေ့ ရှိတယ်။ အဲ့ဒါတွေ တွေးပြီး သူ့ဆီ ကူးစက်မှာ ကျွန်တော် စိုးရိမ်းပါတယ်။ ကျွန်တော့်ကို ဘာဆက် လုပ်သင့်တယ်ဆိုတာ လမ်းညွန်ပေးစေချင်ပါတယ်။

ကျွန်တော် အဲ့ဒီ KTV အမျိုးသမီးကိုလဲ ဆေးစစ် ခိုင်းလိုက်ပါသေးတယ်။ မရှိဘူးလို့ အဖြေထွက်ပါတယ်။ အဲ့ဒီ အမျိုးသမီးက ပိုက်ဆံပေးတိုင်း ယောကျာင်္းတွေနဲ့ လျှောက်အတူနေတဲ့ အမျိုးစားလောက်တော့ မဆိုး ဘူးလို့လဲ ပြောလို့ရပါတယ်။ ကျွန်တော် သူဆေးစစ်ထားတာကို တွဲပို့ လိုက်ပါတယ်။ တရုတ်လိုရေး ထားတာတော့ မရှိဘူးလို့ ရေးထားပါတယ်။ သူ့မှာ မရှိဘူးဆို ကျွန်တော်က ဘာလို့ တခါမှ လိင်မှာ အဖု မပေါက်ဖူးတဲ့ လူက အဖုပေါက်လာတာလဲ။ သူစစ်တဲ့ ရက်စွဲက စာရွှက်မှာ ပါတယ်။ မတ်လ ၁၆ ရက်ပါ။ သူစစ်တဲ့ အချိန်က မပေါ်လို့လာ။ ကျွန်တော် မစဉ်းစားတတ်တော့ပါဘူး။ သူ့မှာ မရှိရင် ကျွန်တော်က လိင်မှာ ဘယ်လိုလုပ် အဖုပေါက်တာလဲ။ နောက်ပြီး ကျွန်တော်က သန့်ရှင်းရေး ကောင်းကောင်း လိုက်စား ပါတယ်။

ဖြေ။ အခု ပြောပုံအရဆိုရင် ကျနော်တို့ဘက်က ဆွေးနွေးစရာ အပိုင်း (၃)ပိုင်းရှိနေပါတယ်။

၁) HIV ပိုး ရှိ/မရှိ သွေးစစ်ခြင်း

ဒီလိုသွေးစစ်တာဟာ အန္တရာယ်ရှိတဲ့အပြုအမူ တစ်ခုခု (ဥပမာ - ကွန်ဒုံး မသုံးဘဲ လိင်ဆက်ဆံခြင်း၊ မူးယစ် ဆေးထိုးအပ် မျှဝေသုံးစွဲခြင်း၊ သွေးသွင်းခြင်း....) ကို ပြုလုပ်ပြီးတာနဲ့ HIV ပိုးကို ချက်ချင်း စစ်လို့မရပါဘူး။ ဒီပိုးကို သွေးထဲမှာ စစ်လို့ သိမြင်နိုင်တဲ့ အချိန်ကာလ တစ်ခုကို စောင့်ရပါတယ်။ အဲလို စောင့်ရတဲ့ ကာလ (ကြားကာလ)ဟာ ၃ လကနေ ၆ လအထိ ရှိတတ်ပါတယ်။

ဒီကြားကာလဆိုတာ လူကို HIV ပိုး ကူးစက်နေပေမယ့် ပိုးကို သွေးစစ်တဲ့ အခါ သေသေချာချာ မသိနိုင်တဲ့ ကာလပါ။ ဥပမာ - ဖန်ခွက်ထဲ သကြား တစ်မှုံ နှစ်မှုံ ထည့်ထားရင် ရေသောက်တဲ့အခါ သကြားအရသာ မပေါ် သလိုပါပဲ။ ဒီအချိန်မှာ သွေးစစ်ရင် သွေးအဖြေက ပိုးမရှိပါ (Negative) ဆိုပြီး မှားယွင်းစွာ ထွက်ပေါ် တတ်ပါတယ်။ ဒါကြောင့် ကျနော်တို့က ၃ လကနေ ၆ လ စောင့်ခိုင်းတာပါ။ ဒီလိုစောင့်နေတုန်း အကာ အကွယ်မဲ့ လိင်ကိစ္စ မလုပ်ရဘူး ဆိုတာကတော့ ပထမ တစ်ခါ အတွက် မသေချာလို့ ၃ လက ၆ လ စောင့် နေတုန်း နောက်တစ်ခါ ထပ်ပြီး အကာအကွယ်မဲ့ လိင်ကိစ္စလုပ်ရင် ပထမ သွေးစစ်ဖို့ စောင့်နေ ရတာ အတွက် ရှုပ်ထွေးစေပါတယ်။

၂) လိင်မှ တဆင့် ကူးစက်တက်သော ရောဂါများ

မိတ်ဆွေအနေနဲ့ အပြင်မိန်းကလေးနဲ့ အတူနေစဉ်မှာ အကာကွယ် မပါတဲ့ အတွက် လိင်မှတဆင့် ကူးစက် တဲ့ ရောဂါတွေ ကူးစက်နိုင်ချေ ရှိပါတယ်။ ကူးစက်နိုင်တာတွေကတော့ အိတ်အိုင်ဗွီ၊ ကာသလား ရောဂါ နဲ့ အသည်းရောင် အသားဝါ ဘီ၊ စီ စတဲ့ ပိုးတွေ ဖြစ်နိုင်ပါတယ်။ ဆိုလိုတာက အိတ်ခ်ျအိုင်ဗွီ မကူးဘူး ဆိုသည့်တိုင် ကာလသားရောဂါတွေ၊ အသည်းရောင် အသားဝါတွေ ကူးနိုင်ချေ ရှိပါသေးတယ်။ ကာလသား ရောဂါ ဆိုတာ ရောဂါအမျိုး များစွာရှိပါတယ်။ အဖြစ်များတာကတော့ လိင်အင်္ဂါ အနာပေါက်ခြင်း၊ လိင်အင်္ဂါမှ ပြည်ကျခြင်း၊ လိင်အင်္ဂါ တ၀ိုက် အဖုပေါက်ခြင်း၊ ကြွက်နို့ပေါက်ခြင်း၊ ပေါင်ခြံ အကြိတ်တည်ခြင်း ၊ လိင်အင်္ဂါ အနားေ၇ယုန်ပေါက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ရောဂါ အမည်တပ်ဖို့ အတွက် သွေးစစ်ရ ပါမယ်။ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသရပါမယ်။ အချိန်မီ ကုသရပါမယ်။

အခု ပြောပြတဲ့ ဇာတ်လမ်းအရ မိတ်ဆွေတင်မက မိတ်ဆွေရဲ့ ဇနီးသည်ကိုပါ သွေးစစ်စေချင်ပါတယ်။ ဒါမှ လင်မယားနှစ်ဦး စလုံးအတွက် စိတ်ချရမှာပါ။ သွေးစစ်တဲ့ အခါမှာ HIV၊ ကာလသားရောဂါ၊ အသည်းရောင် အသားဝါ ဘီ၊ စီ စတာတွေကို စစ်သင့်ပါတယ်။

၃) လက်ရှိအချိန်မှာ စိတ်ပူပန်မှုများ နှင့် လိင်အင်္ဂါအဖု ကိစ္စ

လက်ရှိအချိန်မှာ မိတ်ဆွေအနေနဲ့ စိတ်ပူပင် သောကရောက်နေမယ်ဆိုတာ နားလည် မိပါတယ်။ စိတ်ပူ ပင်ပြီး ခြေမကိုင်မီ လက်မကိုင်မီ မဖြစ်စေပဲ စိတ်အေးအေး ထားစေချင်ပါတယ်။ မိတ်ဆွေအနေနဲ့ ပထမဆုံး တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး သွေးစစ်ပါ။ မိတ်ဆွေ သွေးစစ်လို့ရတဲ့ အဖြေပေါ် မူတည်ပြီး ဇနီးသည် ကိုလည်း လိုအပ်ရင် စစ်ရပါလိမ့်မယ်။

လက်ရှိ လိင်အင်္ဂါ အဖုကို မညှစ်ပါနဲ့၊ မဆွပါနဲ့၊ မကုတ်ဖဲ့ပါနဲ့၊ အဲလို လုပ်ရင် ပိုပွားတတ်ပါတယ်။ လိင်အင်္ဂါမှာ ဖြစ်နေတဲ့ အဖုအတွက် အရေပြား ဆရာဝန်နဲ့လည်း ပြသလို့ ရပါတယ်။ ဆရာဝန်နဲ့ ပြသတဲ့ အခါမှာ အရင်က KTV က အကြောင်းလည်း ပြောပြဖို့ လိုပါလိမ့်မယ်။

ဒီအတော အတွင်းတော့ အမျိုးသမီးနဲ့ အတူနေရင် ကွန်ဒုံး သုံးတာ ပိုစိတ်ချရပါလိမ့်မယ်။ မိတ်ဆွေရဲ့ လိင် အင်္ဂါက အဖုက ကာသလားရောဂါကြောင့် ဖြစ်နေတာမျိုးဆိုရင် အမျိုးသမီးက ကွန်ဒုံးသုံးတာ မကြိုက်ဖူး ဆိုရင်တော့ သူမကိုပါ အဲဒီပိုး ကူးသွားနိုင်ပါတယ်။

ဒီလောက်ဆို ကျေနပ်လိမ့်မယ်ထင်ပါတယ်
လမင်းကို
By HIM

Wednesday, November 20, 2013

*** နှုတ်ခမ်းသားတွေမည်းနေလို့  စိတ်မညစ်စေလို ***

Posted by drmyochit Wednesday, November 20, 2013, under | No comments


နှုတ်ခမ်းတစ်စုံရဲ့ လှပမှုဟာ အမျိုးသမီးတွေအတွက် မရှိမဖြစ်ပါ။
ဒါကြောင့်လည်း အမျိုးသမီးတိုင်းလိုလိုမှာ အနဲဆုံး နှုတ်ခမ်းဆိုး ဆေးအရောင်၃-မျိုးလောက်ရှိတတ်ကြပြီး၊ အပြင်သွားခါနီးတိုင်း မိမိဝတ်ဆင်မယ့်အ၀တ်အစားအရောင်နဲ့  အနီစပ်ဆုံး နှုတ်ခမ်း နီဗူးလေးကို ထုတ်ဆိုးလေ့ရှိကြပါတယ်။ ဘယ်လိုပင်နှုတ်ခမ်းဆိုးဆေးအကူအညီသုံးပြီးလှပနေပါစေ မိမိရဲ့ နှုတ်ခမ်းသားအ ရောင်ကိုပန်းဆီရောင်လေးသဖွယ် သဘာဝအတိုင်းလှနေချင်တာ မိန်းကလေးတိုင်းရဲ့ ဆန္ဒပါ။ အမျိုးသားတွေလဲ ထို့ အတူပါဘဲ နှုတ်ခမ်းမည်းမည်းကြီး မဖြစ်ချင်ကြပါဘူး။

အချို့  အမျိုးသား/အမျိုးသမီးတွေမှာ အရွယ်မတိုင်မီ နှုတ်ခမ်းသားတွေမည်းလာတတ်ကြပါတယ်၊ အကြောင်းရင်းကတော့ ကော်ဖီ-လ္ဘက်ရည်-ဆေးလိပ်လွန်စွာသောက်သုံးခြင်းကြောင့် ကဖိန်းဓာတ်ရဲ့ ဘေးထွက်ဆိုးကျိုးများ၊နေပူထဲအထွက်များ၍ နေ လောင်ခြင်း၊ ရေနွေး၊ ဟင်းချို ...စတဲ့အရည်ပူပူတွေကို
ခွက်ပူပူထဲကနေ စုပ်ယူသောက်လေ့ရှိခြင်း၊ ခဲဓာတ်များတဲ့ နှုမ်းခမ်းဆိုးဆေးအန္တရာယ၊် ရောဂါတစ်ခု ခုကြောင့်သောက်သုံးနေရတဲ့ ပဋိဇီဝဆေးတွေရဲ့တန်ပြန်သက်ရောက်မှု…စတာတွေကြောင့် နှုတ်ခမ်း သားကို မည်းလာစေပါတယ်။အဲဒီအတွက် စိတ်မညစ်ကြပါနဲ့ ။ ဟောဒီမှာ ရိုးရှင်းလွယ်ကူပြီး ငွေကုန်ကြေးကျမများတဲ့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။

(သကြားနဲ့ ပွတ်ပါ) နှုတ်ခမ်းမည်းမည်းတွေအတွက် သကြားက အကောင်းဆုံးဆေးပါဘဲ။လ္ဘက်ရည်ဇွန်း ၃-ဇွန်းစာပမာဏရှိတဲ့ သကြားမှုန့် ဖြူဖြူလေးတွေကို ထောပတ်နဲ့ရောပြီးနောက်၊ ရလာတဲ့အနှစ်ကို နှုတ်ခမ်းပေါ်လိမ်းပေးပါ။ ထောပတ်က နှုတ်ခမ်းသား အစိုဓာတ်ကိုထိန်းပေးသလို၊ သကြားက နှုတ်ခမ်းပေါ်ရှိ ဆဲလ်အသေတွေကိုဖယ်ရှားပေးပါတယ်။

(မုန်လာဥနီအလုံး(ခေါ်)သကြားမုန်လာ(ခေါ်)Beetroot ကိုသုံးပါ)သွေးကြည်ရောင်လို ရဲရဲနီတဲ့ သကြားမုန်လာဥတွေက အရေ ပြားပေါ်ရှိဆဲလ်အသေတွေကို ကောင်းစွာဖယ်ရှားပေးနိုင်ပြီးတော့၊ နှုတ်ခမ်းသာမည်းခြင်းကိုတဖြည်းဖြည်းလျော့ပါးသွားစေပါ တယ်။

(သံလွင်ဆီလိမ်းပါ) အသားအရေကိုကောင်းကျိုးပြုကာအာဟာရတန်ဖိုးမြောက်များစွာပါတဲ့ သံလွင်ဆီကို နှုတ်ခမ်းပေါ်မှာ အစက်ကလေးတွေချပြီးတော့ နှုတ်ခမ်းသားထဲစိမ့်ဝင်အောင် ပွတ်လိမ်းပေးပါ။

(နှင်းဆီပွင့် ချပ်လေးတွေ သုံးပါ) နှင်းဆီပွင့် ချပ်လေးတွေကို ထောပတ်နဲ့ရောထောင်းပြီးတော့ ရလာတဲ့ အနှစ်တွေကို နှုတ်ခမ်းပေါ် အုံတင် ထားပေးပါ။ အဲဒီလို ရက်သတ္တ ၁-ပတ်မှာ ၂-ကြိမ်လောက် လုပ်ပေးခြင်းဖြင့်မည်းနေတဲ့နှုတ်ခမ်းသားတွေ တဖြည်းဖြည်း အရောင် ဖျော့သွားလာပါလိမ့်မယ်။်

(စတော်ဘယ်ရီသီးတွေနဲ့ ပွတ်ပါ) စတော်ဘယ်ရီသီးတွေကလည်းနှုတ်ခမ်းသားမည်းခြင်းအတွက် အကောင်းဆုံး သဘာဝဆေး လေးတွေပါဘဲ။အဲဒီအသီးမှည့်မှည့်တွေကို ရှာစောင်းလက်ပပ်ဂျယ်လီ၊ ပျားရည်တို့ နဲ့ ရောပြီး နှုတ်ခမ်းသားကိုပွတ်တိုက်ပေးပါ။ ၁၀-မိနစ်ခန့် အကြာမှာရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ)

(သလဲသီး သုံးပါ) သလဲသီးကိုအစေ့ဖယ်ပြီးနောက် ရလာတဲ့အသားဖတ်လေးတွေကိုထောပတ်နဲ့ နယ်`၍၊ နှုတ်ခမ်းသားတွေကို သုတ်လိမ်းပေးပါ။ ညအိပ်ယာဝင်ခါးနီးတိုင်းလုပ်ပေးခြင်းဖြင့် ရက်အနည်းငယ် အတွင်းမှာ ပင်နှုတ်ခမ်းသားလေး သိသိသာသာ ပန်းရောင် ပြောင်းလာနိုင်ပါတယ်။

(ဆားနဲ့ ပွတ်ပါ) အိမ်သုံးဆားမှုန်လေးတွေကို နွားနို့  နဲ့ ရောပြီးတော့၊ရလာတဲ့ အနှစ်ပျစ်ပျစ်တွေကို နှုတ်ခမ်းသားပေါ် ခပ်ဖွဖွ ပွတ်တိုက်ပေးပါ။၁၅-မိနစ်ခန့်အကြာ ရေအေးဖြင့်ဆေးပါ (ရေခဲရေမဟုတ်ပါ)

(ရှားစောင်းလက်ပပ်ဂျယ်လီသုံးပါ) မည်းညစ်နေတဲ့ နှုတ်ခမ်းသားကိုမူလအရောင်ပြန်ရစေဖို့ အတွက် ရှားစောင်းလက်ပပ်ဂျယ်လီ ကအကောင်းဆုံးသမားတော်ဖြစ်ပါတယ်။ အဲဒီအပင်ထဲက အနှစ်တွေကို ညှစ်ချပြီးတော့နှုတ်ခမ်းသားပေါ်တင်ပြီး ပွတ်လိမ်း လိုက်ရုံပါဘဲ။

(ဌက်ပျောသီးသုံးပါ) ဌက်ပျောသီးမှည့်မှည့်ကို နွားနို့ ၊ ပျားရည်တို့ဖြင့် သမအောင်ရောနယ်ပြီးတော့ နေ့ စဉ်လိမ်းပေးပါ။ ရက် အနည်းအတွင်းမှာပင်ထူးခြားတဲ့ အာနိသင်ကို လက်တွေ့ ခံစားရပါလိမ့်မယ်။

19-11-2013 နေ့ ထုတ်ပြည်ထောင်စုနေ့ စဉ်သတင်းစာ
--ပေါက်ပေါက် မျှဝေသည်
*promise.pauk*
*(ရိုးသားမှုသည်တခါတရံ၌ရှုံးနိမ့်စေတတ်၏။သို
့သော်တစ်သက်လုံးကားလိပ်ပြာလုံစေတော့၏။)*

Saturday, November 16, 2013

လက်တစ်ကမ်းမှ အဆိပ်သင့်အစိမ်းရောင်ကမ္ဘာ

Posted by drmyochit Saturday, November 16, 2013, under | No comments


သင်ဟာ ဟင်းသီးဟင်းရွက်ကို ခုံမင်စွာ စားသုံးသူတစ်ဦး ဖြစ်နေပါသလား။ ယုတ်စွအဆုံး ထမင်းစားစဉ် ဟင်းသီးဟင်းရွက်တို့ကို အတို့အမြှုပ်အဖြစ်ထည့်သွင်း စားသုံးသူ တစ်ဦး ဟုတ်နေပါသလား။ ဟုတ်မှန်တယ်ဆိုရင် သင်ဟာ ဟင်းသီးဟင်းရွက်ကိုသန့်စင်စွာ စိတ်ချလက် ချဆေးကြောကာ စားသုံးရပါမည်။ ထိုသို့ မဟုတ်ပါက ကင် ဆာရောဂါအပါအဝင် လတ်တလော ဘေးဒုက္ခဖြင့် ရင်ဆိုင်ကြုံ တွေ့ရနိုင်သည်ဟု ဇီဝနည်းပညာဘာသာ ရပ်ဖြင့် အီတလီမှ ပါရဂူဘွဲ့ ရရှိထားသော ဒေါက်တာ သန်း သန်းစိန်က သတိပေး စကားပြောကြားထားသည်။

၎င်းက မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမံနှင့်ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများ အသင်း၏ အကြံပေးတစ်ဦးဖြစ်သည့်အပြင် မန္တလေး နည်းပညာ တက္ကသိုလ် ဇီဝနည်းပညာဌာန၌ ဧည့်ပါမောက္ခတစ်ဦးအဖြစ် တာ ဝန်ထမ်းဆောင်နေပြီး လက်ရှိမြန်မာတွင် ကြီးမားစွာ ရင်ဆိုင်နေရသော ကင်ဆာ ရောဂါ အပါအဝင် အစာ အဆိပ်သင့်မှု ဖြစ်ရပ်တို့နည်းပါးသွားရန် လမ်းညွှန်လိုက် ခြင်းနည်းလမ်းတစ်ခုသာဖြစ်သည်။ ”အခု တောင်သူတွေလွဲမှားစွာနဲ့ အဆမတန်အသုံး ပြုနေကြတဲ့ ပိုးသတ်ဆေးေ တွရဲ့အန္တရာယ် ခြိမ်းခြောက်မှုက စလာပြီ” ဟု ဒေါက်တာ သန်းသန်းစိန်က ဆိုလိုက်သည်။

ပိုးသတ်ဆေးသုံးစွဲမှု အချိန်အဆ မကျွမ်းကျင်မှု၊ ခူးဆွတ်ချိန်ကာလ စော ခြင်းစသော စိုက်ပျိုးရေးပညာပေး ဗဟုသုတမရှိခြင်းတို့ကြောင့် ဆိုးကျိုးများဖြစ်ကာ ကင်ဆာဖြစ် မှုနှုန်းကို အားပေးနေ သည်ဟု ၎င်းကဆိုသည်။ သူ့သတိပေးမှုကလည်း မှားမည်မ ထင်။ ကမ္ဘာက ယနေ့မြန်မာကို အဆင့် သတ်မှတ်ပေးလာမှုကလည်း ရှိလာနေပြီ။ ဤအရာကား သည်ကမ္ဘာပေါ်တွင် မြန် မာကအဆင့်-၂။ တိုးတက်မှုနှုန်းတော့ မဟုတ် ကင်ဆာဖြစ်မှုနှုန်း။ ဒါက နိုင်ငံတကာ၏ အသိအမှတ်ပြုမှုပင်။ ထိုမျှ မက သေး မြန်မာ ဘက်က ကိန်းဂဏန်းကလည်း ကြောက်ခမန်းလိလိပင် လွန်ခဲ့သည့် ၈နှစ် ကထက် နှစ်ဆများလာကြောင်း ရန်ကုန် ဆေးရုံကြီး၏ ကင်ဆာဌာ နမှတ်တမ်းတွင် မှတ်တမ်းပြု စုထားပြီးဖြစ်သည်ဟုသိရသည်။
ထိုအခြေအနေအတိုင်းဆိုပါက ပြည် သူတို့ သတိထားကြဖို့လိုနေပြီး ကျန်းမာ ရေးအတွက် ဘေးကင်းသော အစားအ သောက်နေ့စဉ်ဖြစ်ဖို့က အရေးကြီးလာပြီ ဟု ဒေါက် တာ သန်းသန်းစိန်ကဆက်ပြောသည်။ ယနေ့ အစားအသောက်တို့က စိတ်မချရ။ ထိုထက်ဆိုးလာသည်က ဟင်းသီးဟင်းရွက်ဘက်ကိုပင် စိတ်မချရမှုက သိသိ သာသာ တိုးလာနေပြီဟု သူကပင် စိုးရိမ်စွာ ပြောလာပြန်သည်။

အစာလည်းအဆိပ် အဆိပ်လည်းအစာ
ကင်ဆာကိုနောက်ထား ယခုလတ်တလော မြင်နေရသော အစာအဆိပ်သင့်မှုကြောင့် လူတို့ဘေးတွေ့လာကြကြောင်း ဒေါက်တာသန်းသန်းစိန်က အထောက်အ ထာြး ဖင့် ပြောလာပြန်သည်။ ၂ဝ၁၃ ခုနှစ် အတွင်း ရန်ကုန်တိုင်းဒေသကြီး ကျောက် တန်းမြို့နယ် သောင်ကြီးကျေးရွာတွင် တရုတ်နိုင်ငံထုတ် အပင်အားတိုးဆေးဖျန်း ထား သည့် ကန်စွန်းရွက်ကို စားသုံးခဲ့သ ဖြင့် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ရာ အသက် ခုနစ်နှစ်အရွယ်ကလေးငယ်မှ အသက် ၆ဝ အရွယ် ၁၆ ဦးတို့ မူးဝေ ခြင်း၊ အော့ အန်ခြင်း များ ဖြစ်ပွားခဲ့ဖူးကြ သည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း ယက်ဖကျေးရွာတွင် သစ်ပါး လွှာစက်ရုံမှ ဝန်ထမ်းများ မနက်စာ စား ရင်း ဂေါ်ဖီထုပ်ကြောင့် အစာအဆိပ်သင့် သဖြင့် လူ ၃၂ ဦး (ကျား ၁၇၊ မ ၁၅) ဆေးရုံတင်ရရာ မ နှစ်ဦးသေဆုံး သွား သည်။ ဖြစ်ရပ်နှစ်ခုတွင် သူတို့စားကြသည် က ဂေါ်ဖီထုပ်နှင့် ကန်စွန်းရွက် ကိုသာ။ ရဲက ကျွမ်းကျင်သူတို့နှင့် စစ်ဆေးကာ ဖြစ်ရပ်နှစ်ခုစလုံးကို ပိုးသတ်ဆေးများ အလွန်အကျွံ ပါဝင်နေသောကြောင့် ဖြစ် သည်ဟု မှတ်ချက်ပြုခဲ့ကြသည်။ အဓိက လက်သည်မှာ ပိုးသတ်ဆေးဓာတ်ကြွင်း ကြောင့် အန္တရာယ်ဖြစ်ပြီး လူအများ စား သုံးမိကာ ကျန်းမာရေးဆိုင်ရာ ထိခိုက် ခြင်းဖြစ်သည်။ 

လူတိုင်းက အသက်ရှည် လိုကြ သည်။ သို့သော် ”အစားမတော် တစ်လုတ်” ဆိုသော စကားက သတိပေး လာနေပြီ။ စားသောက်ရသမျှက ”ဆေး လည်းအစာ အစာ လည်းဆေး” မဖြစ်ဘဲ ”အဆိပ်လည်း အစာ အစာလည်းအဆိပ်” ဟု ပြောင်းလဲရမည့် အခြေအနေ ရောက် သွားနေသည်။ ထိုဖြစ်ရပ်တို့က ပိုးသတ် ဆေးဖျန်းထားပြီး ရက် မစေ့ဘဲ ချက်ချင်း ခူး၊ ချက် ချင်း ဈေး ကွက်ထဲရောက်၊ ယင်း ကိုပင် ရေနှင့်စင်အောင် မဆေးကြသဖြင့် ယခုလို အန္တရာယ်ကြုံရခြင်းဖြစ်သည်ဟု စိုက်ပျိုးရေး ပညာရှင် တို့ က ပြောကြသည်။
ဆေးသုတေသနဦးစီးဌာန၏ ပြောကြား ချက်အရမူ ဆေးဖျန်းပြီး ၇ ရက်ကြာသည် အထိ လူကိုအန္တရာယ်ပေးနိုင်သည့် အာနိ သင်ရှိနေသည်ဟုဆို၏။ ထိုသို့သောအစား အသောက်က အခြေခံလူတန်းစားတို့၏ အများဆုံးစားသော အစားအသောက်များ တွင် ပါဝင်သည်က ပြဿနာပင်။ဒေါက်တာ သန်းသန်းစိန်က ထိုဖြစ်ရပ်က တောင်သူတို့ မသိနားမလည်ရာက တမင်လုပ်သလို ဖြစ်နေကြောင်း သူ့အမြင်ကို ပြောလာသည်။


”ဒါကို ကျွန်မတို့တွေ လိုက်နာဖို့အတွက်ကို ပညာပေးဖို့၊ အသိပေးဖို့ များများလိုလာပါပြီ” ဟု ၎င်းက ပြောသည်။ သူ၏ ပြောပုံအရပညာပေးမှုက ရှိနေသော်လည်း လိုက်နာ မှုက မရှိဆိုသည်ကို ညွှန်း ချင်ပုံရနေသည်။ စုံစမ်းရသလောက် လတ်ဆတ်သောသစ်သီးဝလံများနှင့်ဟင်း သီးဟင်းရွက်များကို ပိုးသတ်ဆေးနှင့် ပတ်သက်၍ စနစ်တ ကျသုံးကြရန် ဟောပြော၊ ဆွေးနွေး၊ ရေးသားမှုများကို ဌာန ဆိုင်ရာများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ပိုးသတ်ဆေးရောင်းချသူများ မကြာခဏ လည်းပြု လုပ်ေ နကြကြောင်းကို ကြားသိနေ ရသည်။ ထို့အပြင် ပိုးသတ်ဆေး ပေါ်စ အချိန်ကာလက ဆရာစံထွန်းအောင်က ပိုးသတ်ဆေးမှာ တောမီးနှင့်တူကြောင်း တင်စားထားသော ”ပိုးသတ်ဆေး တောမီး” စာအုပ်ကို စာပေဗိမာန်မှရေးသား ထုတ်ဝေခဲ့ဖူးပါသည်။ သို့သော်လည်း ဘေးဖြစ်မှုက ရပ်မသွားခဲ့။ ထုံးစံအတိုင်းလိုက်နာမှုက အားနည်းနေသည်။

ပိုးသတ်ဆေးသည် ပိုးတို့ကိုသာ သတ်နိုင်သည်မဟုတ်
ပိုးသတ်ဆေးဆိုသည်က စိုက်ပျိုး ရေးလုပ်ငန်းခွင်တွင် အသုံးပြုသောဓာတု ဆေးဝါးဖြစ်သည်။ မိမိစိုက်ပျိုးထားသော သီးနှံတို့ အောင်မြင်စွာ ဖြစ်ထွန်းရန်နှင့် ရှင်သန်ကြီး ထွားရန် ပိုးမကျစေရန် အသုံးပြုသည့် ဆေးဝါးဖြစ်သည်။ စိုက်ပျိုးရေး ပညာရှင်တို့ကမူ ပိုးသတ်ဆေးကို အန္တရာယ် ရှိသော ဓာတုပစ္စည်းဟု ဖွင့်ဆိုကြသည်။ အဘ ယ်ကြောင့်ဆိုသော် ပိုးသတ်ဆေး ဆိုသည်မျိုးက အပင်တို့ကို သတ်သော အကောင်ဗလောင်တို့အား သတ်သော ဆေးဖြစ်သည့်အတွက်ကြောင့် အဆိပ် တွေဟု ဖွင့် ဆိုကြ ခင်း ဖြစ်သည်။ သို့သော် တောင်သူတို့က ယင်းအဆိပ်ကို အဘယ်ကြောင့် သုံးနေကြရပါသနည်းဟု အမေး ရှိလာလျှင် တောင်သူတို့အဆိုက သီးနှံ များ မဖြစ် ထွန်းသည့် အတွက်ကြောင့်နှင့် ပိုတိုးကာ လိုချင်သည့်အတွက်ကြောင့်ဟု အဖြေပေးကြပြောကြသည်။ 

ဥက္ကံမြို့နယ် မှ တောင်သူဦးခင်လှအောင်က ”ကြော် ငြာ အားေ ကာင်းတာရယ်။ အဖြစ် မြန်ချင် တာကြောင့်ပါပဲ” လက်ရှိအခြေအနေကို ရှင်းပြသည်။ လက်ရှိ တောင်သူတို့ အသုံး ပြုနေမှုက နည်းစနစ် မမှန်တာတွေ ရှိနေ ကြောင်း ကိုတော့ သူကမု သားမပါ၊ အမှန် အတိုင်းပြောသည်။
အဓိကကတော့ အချိန်အဆမမှန်ဘဲ တအားသုံးတာဟု ၎င်းကပြောသည်။ ဆိုးကျိုးကဖြင့် ဆေးယဉ်သွားကာ ဆေးမတိုးသည့် ပြဿနာက ကပ်ပါလာသည်ဟု ၎င်း က ပြောသည်။ ဒါက အပင်အန္တရာယ်၊ လူအန္တရာယ်က လည်း နေရာအချို့တွင် ခပ်စိပ်စိပ်ရှိလာ နေသည်။ ပိုးသတ်ဆေးအကြွင်းက ပမာဏနည်းလျှင် ချက်ချင်းသိ သာစွာ အာနိသင်မပြဘဲ စားတာများလာသည်နှင့် အမျှကင်ဆာ စသည့် ကုမရနိုင်သော ရောဂါများဖြစ်တတ်ကြောင်း သိပ္ပံပညာ ရှင်တို့က သတိပေး ထားကြောင်း ဒေါက် တာ သန်းသန်းစိန်ထံမှ သိရသည်။

”စားသုံးသူတွေ ဆိုတာက ဒုတိယ အဆင့်မှပါ၊ ပထမဆုံးအန္တရာယ်များတာက တော့ လယ်သမားကိုယ်တိုင်ပါပဲ” ဟု ၎င်းက လက်ရှိ အခြေအနေ ကို ပြောပြ သည်။ မြန် မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းမှ ပြောကြားချက်အရ ယခုနှစ်တွင် မကွေး၌ ဆေးဖျန်းနေရင်း မိသားစု သုံးဦးစလုံး မူးမေ့လဲကျသွားခဲ့သောဖြစ်စဉ် အပါအဝင်အလားတူ ဖြစ်စဉ်တို့က ရှိနေသည်ဟုသိရကာ စားသုံးသူသာမက သုံးစွဲသူကိုပါ ဘေးသင့် လာနေပြီဖြစ် သည်ဟု သိ ရသည်။စိုက်ပျိုး ရေးဆေး ရောင်းချသူတို့ကမူ မြန်မာတွင် မှတ်ပုံတင်ထားပြီးဖြစ်သော ဆေးကို အညွှန်းအတိုင်း စနစ်တကျသုံးစွဲ ပါက ဘေး မရှိကြောင်း ထောက်ပြကြ သည်။လိုအပ်သည့်အတွက် ထိုဆေးက ရှိနေသည်ဟုပါ ထည့်သွင်းပြောကြသည်။

တရားမဝင်အဆိပ်ကို တရားဝင်သုံးခြင်းသည်လည်းကောင်း
်မြန်မာ့ သြဘာလုပ်ငန်းစုမှ ဦးမြင့်စိုး က ”ကျွန်တော်တို့ တောင်သူတွေက ငွေ မနိုင်လို့ သိပ်မသုံးနိုင်ပါဘူး။ ခုဖြစ်နေ တာတွေက ထိုင်းတို့၊ တရုတ်တို့ကနေ ဝင် လာတဲ့ တ ရား မဝင်တာတွေကြောင့်ပါ” ဟု ပြောသည်။ ယင်းဆေးတို့ အသုံးပြု ပုံကို မြန်မာစာလုံးဖြင့် မရေးထားသည့် အတွက်ကြောင့် အသုံးမပြုတတ်ရာမှတစ် ဆင့်ဖြစ်ကြောင်း ၎င်းက အကြောင်းရင်း ကို ပြောသည်။ သို့သော်ဈေးကွက်တွင် ထိုဆေးတို့ နေရာယူမှုက ကြီးနေပြီဖြစ် သည်။ ယခုနှစ်ပိုင်းက နိုင်ငံအများစုတွင် ပိတ်ပင်ထားသော စိုက် ပျိုးရေးသုံး ပိုး သတ်ဆေးများမှာ မြန်မာနိုင်ငံတွင် ပျံ့နှံ့ နေကြောင်း ဆန်စပါးလုပ်ငန်းအသင်းချုပ် မှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်း အောင်က တပ်လှန့် သတိပေးခဲ့ ဖူး သည်။ အထူးသဖြင့် ဧရာဝတီနှင့် ပဲခူးတိုင်းဒေသ ကြီးတို့တွင် ဥရောပ၊ အမေရိကနှင့် တရုတ် နိုင်ငံတို့ကပင် ပိတ်ပင်တားဆီးထားသည့် ပိုး သတ်ဆေး တစ် မျိုး ရောင်း ချနေသည်ကို တွေ့ရှိနေရကြောင်း ၎င်းက ထုတ်ဖော် ပြောခြင်းဖြစ်သည်။ ထိုတရားမဝင် ပိုးသတ်ဆေးများ သည် မူဆယ်၊ မြဝတီနယ်စပ်လမ်းကြောင်း များ မှ ဝင်လာခဲ့ သည်ဟု စစ်ဆေးဖော် ထုတ်ချက်များအရ နောက်ပိုင်းတွင် သိရှိ ခဲ့ရသည်။
ြ်မန်မာက ပိုးသတ်ဆေးဥပဒေကို ၁၉၉ဝ ခုနှစ် မတ်လ ၅ ရက်တွင် ထုတ် ပြန်ခဲ့ပြီး ပိုးသတ်ဆေးဥပဒေပါ စည်း မျဉ်းစည်းကမ်းများနှင့်အညီ ပိုးသတ်ဆေး အုပ်စုခြောက် အုပ်စုကို ခွင့်ပြုထားခဲ့သည်။ 

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့က ယနေ့ အထိ ပိုးသတ်ဆေး အမျိုးအစားပေါင်း ၁၇၁၆ ခုကို ခွင့်ပြုပေးထားကြောင်းလယ် ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှသိရသည်။ အစိုးရသစ်ကာလ ပြည် နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့အသီး သီးမှ စစ်ဆေးရေးအဖွဲ့တို့ဖြင့် တရားမဝင် ပိုးသတ်ဆေးများ အပေါ် အရေးယူဆောင် ရွက်လျက်ရှိသည်ဟု သြဂုတ် ၂၈ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန ဒုတိယ ဝန်ကြီး က ပြောကြားခဲ့ သော်လည်း လက်တွေ့တွင် ရှိနေသေး ကြောင်း မြန်မာ့သြဘာလုပ်ငန်းစုမှ ဦးမြင့် စိုးက ပြောပြသည်။ ”ဒါတွေကြောင့်ပေါ့ ဗျာ သုံးသူရော စားသူပါ ဒုက္ခေ တွ့နေ တာ ပေါ့” ဟု ၎င်းက ဆက်ပြောသည်။ ဒေါက်တာသန်းသန်းစိန်က ပိုးသတ်ဆေး မှာ ဖျန်းပြီးပါက ချက်ချင်း ဓာတ်ပြယ်မသွားတ တ်ကြောင်း၊ နောက် ဆက်တွဲ အနေ ဖြင့် ဓာတ်ကြွင်းအန္တရာယ်ကပ်ပါလာကြောင်း အဓိကက ဓာတ်ကြွင်းကြောင့် အန္တရာယ်ရှိကြောင်း၊ သို့သော်လည်း သတ်မှတ်ရက် ၁၄ ရက် သို့မဟုတ် ရက် ၂ဝ ကြာ လျှင် ဖြစ်စေ၊ မိုးရွာလျှင်ဖြစ်စေ၊ နေပူလျှင်ဖြစ် စေ ဓာတ်ကြွင်းအာနိသင်ကုန်သွားပါ သည်ဟု ရှင်းပြသည်။

”ဒါတွေနဲ့ မကိုက်ညီဘူးဆိုရင် အန္တ ရာယ်ရှိပါတယ်” ဟု ၎င်းက ဆက်ပြောသည်။ သို့သော်လည်းပဲ မြန်မာနိုင်ငံတစ် နိုင်ငံလုံး၌ ပိုးသတ်ဆေးသုံးစွဲမှုနှုန်းက ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်တွင် ၁၁၁ဝ၁ ဒသမ ၄၁မက်ထရစ်တန်။ ၂ဝဝ၂-၂ဝဝ၃ ဘဏ္ဍာနှစ်တွင် ၂၈၇၄ ဒသမ ၆ဝ မက် ထရစ်တန်ရှိနေသည်။ ယခင် ဆယ်စုနှစ် နှင့် နှိုင်းယှဉ်ပါက အဆ မတန် မြင့်တက် သွားသည်။ ထိုပမာဏကို ကြည့်လျှင် အစိုးရိမ်ကြီး မဖြစ်လျှင်တောင် သတိထား ဖို့ ကိန်းဂဏန်းကပြနေပြီဖြစ်သည်။ င်္ဗဥ ၏ ထုတ်ပြန်မှု တွင် ဆေး များကြောင့် ဖြစ် သော ရောဂါများကြောင့် ပိုးသတ်ဆေးသုံး စွဲသူများလည်း သေဆုံးကြမှု ပိုများလာ ကြောင်း အသိပေးခဲ့ဖူးသည်။ အစားအ သောက် လမ်းညွှန် ချက်များ တွင် လတ် ဆတ်သော သစ်သီးဝလံများနှင့် ဟင်းသီး ဟင်းရွက်များကို တစ်နေ့လျှင် ၄ ကြိမ်မှ ၁ဝ ကြိမ် အထိ အသက်အရွယ်ကို လိုက် ၍ စားသုံးသင့်သည်ဟု အကြံပြု ထား သည်ကို တွေ့ရသည်။ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို အမယ်စုံအောင် စားသုံးပါက အချို့သော ကင်ဆာရောဂါ များအပါအဝင် နာတာ ရှည်ရော ဂါများ ဖြစ်နိုင်ခြေနည်းပါးသည်ဟုလည်း ပြောဆို ထားကြသည်။ သို့သော် အထူးအကြံပြု ထားသည်က သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်များကို ချက်ပြုတ်ပြီး မှသာ စား သုံးသင့်ကြောင်းနှင့် အကယ်၍ သစ်သီးဝလံ များနှင့် ဟင်းသီးဟင်းရွက်များကို မချက် ပြုတ်ဘဲ အစိမ်းစားမည်ဆိုပါက အထက် ပါ ဆေးကြောသန့်စင်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို မလွှဲမရှောင်ဘဲ အတိအကျ လိုက်နာ၍ အထူးအလေးထားဆောင် ရွက်ပါရန် ထည့်သွင်းတိုက်တွန်းထားချက် ပါဝင်နေသည်။ ပါမောက္ခ ဆရာ ဝန်ကြီး များက ကင်ဆာရောဂါဖြစ်ရခြင်းကို အကြောင်းအရင်းများစွာ ရှိသည့်အနက် က အစားအစာများကြောင့် ကင်ဆာ ရောဂါဖြစ်ပွားနှုန်းမှာ ပိုမိုများပြားကြောင်း မှတ် ချက်ပြု ထားခဲ့ပြီး ဖြစ်သည်။

ဖခင်ဖြစ်သူက ဆေးလိပ်နှင့် အရက် မသောက်၊ သက်သတ်လွတ်သာစားသော် လည်း လည်ချောင်းကင်ဆာဖြင့် သေဆုံး သွားခဲ့ဖူးသည်ကို သမီးဖြစ်သူက အံ့သြစွာ ဆိုခဲ့ဖူးသောဖြစ်ရပ်။ ဆေးလိပ် မသောက် အရက်မသောက် သို့သော် အဆုတ်ကင် ဆာဖြင့် သေဆုံးသွားသည်ဆိုသော သတင်း စကား။ ထိုစကားများက ရပ်ရွာထဲတွင် ပျံ့နှံ့စီညံနေပြီ။ သေဆုံးလိုက်တိုင်း ကင် ဆာဆိုသော သတင်းစကားကို မရိုးနိုင်စွာ ပြောဆိုနေကြရသည်။

ဒါမှမဟုတ်ရင် ဘာလဲ။လမ်းညွှန်ဆိုင်းဘုတ်ရှိပြီလား
လမ်းမတော်မြို့နယ်မှ အိမ်ရှင်မ တစ်ဦးက ”ဒါဆိုဘာစားရမလဲ” ဟု မေး ခွန်းထုတ်သည်။ ထိုသို့ဆိုလျှင် အန္တရာယ် ကင်းသည့် အစားအသောက်က အော်ဂဲ နစ်စားစရာ သာ ဖြစ်နေတော့သည်။ စိုက် ပျိုးတဲ့အချိန်မှ ဈေးဆိုင်ပေါ်ရောက်သည် အထိ ပိုးသတ်ဆေးနှင့် ဓာတုမြေသြဇာ များ အသုံးပြုထားခြင်းမရှိသည့် စားစရာ များ ကို အော် ဂဲနစ်စားစရာဟု ခေါ်ပြီး နိုင်ငံတကာတွင် နေရာယူလာနေပြီဖြစ် သည်။ ပိုးသတ်ဆေးများ အန္တရာယ်ရှိသော ဓာတု ပစ္စည်းများနှင့် ထိတွေ့မှုမရှိတော့ သည့် အ တွက် အော်ဂဲနစ်စားစရာများမှာ ကောင်းကျိုးများစွာသာရှိနေသည်။ ကြွင်းကျန်ခဲ့သော ပိုးသတ်ဆေးကို ရှောင်ရှား နိုင်ရုံသာမက အာဟာရဓာတ်များ ပိုမို ကြွယ်ဝစွာ ပါဝင် မှုကြောင့် ရွေးချယ်လာ ကြပြီဖြစ်သော်လည်း ဈေးကြီးခြင်း၊ ဝယ်ယူရရှိရန် ခက်ခဲခြင်း စတာတွေကြောင့် အကန့်အသတ် ရှိနေသည်။

သို့သော်မြန်မာအတွက်က ထိုကဲ့သို့ အတားအဆီးမရှိ သြဂဲနစ်စိုက်ခင်းများကို သစ်သီးဝလံပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်း ချသူများအ သင်းနှင့် အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့က ပူးပေါင်းကာဆောင်ရွက်သွားတော့ မည်ဟု သိရသည်။ ဒေါက်တာသန်းသန်း စိန်က ”တစ်ပိုင် တစ်နိုင် စိုက်ခင်းတွေ ပေါ်လာတာ များရင် ဈေးမကြီးပါဘူး။ စကြဖို့ပဲလိုပါတယ်” ဟု ပြောသည်။ ထို့ အပြင် တစ်ဖက်ကလည်း ပိုးသတ်ဆေး လျှော့သုံးရန် အစိုးရအပါအဝင် လူမှု အဖွဲ့အစည်းတို့က ကျယ်ပြန့်စွာပညာပေး ရန်နှင့် တရားမဝင်လာသော ပိုးသတ်ဆေး ကို ထိရောက်သော အရေးယူမှုဖြင့် တား ဆီးဖို့လိုကြောင်း ၎င်းက မေတ္တာရပ်ခံ သည်။ 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်မှုအရ အရှေ့တောင်အာရှနိုင်ငံ များတွင် ကျန်းမာရေးဂျီဒီပီအဆင့်က မြန် မာနိုင်ငံမှာ ၂ ရာခိုင်နှုန်း၊ လာအိုက ၄ ဒသမ ၅ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားက ၅ ဒသမ ၆ ရာခိုင်နှုန်း ရှိနေရာ ကျန်းမာ ရေးအဆင့်နိမ့်ကျသော နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် မြန်မာနိုင်ငံမှာအနိမ့်ဆုံးအဆင့် တွင် နေရာယူနေ သည်ဟု သိရသည့်အ ပြင် မြန်မာနိုင်ငံမှာ ကင်ဆာရောဂါသည် များအတွက် ရောဂါကုသမှု စက်ကိရိယာ ဖြစ်သော ဓာတ်ရောင်ခြည်စက်မှာလည်း တစ်ပြည်လုံးမှာ သုံးလုံးသာရှိသည့်အတွက် ဝေဒနာဆိုး ခံစားမသွားရအောင် အား လုံးပါဝင်မှသာဖြစ်မည်ဟု စိုက်ပျိုးရေး ပညာရှင်တို့က တောင်းဆိုသည်။ ဒါ ရိုက်တာမင်းထင်ကိုကိုကြီးက ”အင်းသီး” ဆိုသော မှတ်တမ်းရုပ်ရှင်အဖြစ် ပိုးသတ် ဆေးကိုကားတိုလေး ရိုက်ကာ ပညာပေး ခဲ့မှုက စိုးရိမ်စရာ သို့မဟုတ် မဖြစ်မနေ ကာကွယ်ရတော့မည့် အရေးပေါ်ြ ပဿနာ တစ်ခုအား သတိပေးခေါင်းလောင်းသံထိုး လိုက်ခြင်းပင် ဖြစ်သည်။ သင်သည် ဟင်းသီးဟင်းရွက်ကို နှစ်ခြိုက်ခုံမင်စွာ အမြဲစားသုံးနေသူ ဖြစ် ပါသလား..။ ထိုသို့ ဆိုလျှင်…။
Credit>>
Popular Myanmar News Journal

Monday, November 11, 2013

သွေးချို ရောဂါနှင့် ပျော်ရွှင်စွာ နေထိုင်ခြင်း

Posted by drmyochit Monday, November 11, 2013, under | No comments



သွေးချိုရောဂါသည် ကုသပျောက်ကင်းနိုင်ပါသလား။ သွေးချို ဝေဒနာရှင်အားလုံး သိချင်သောမေးခွန်းဖြစ်ပါသည်။ ကုသမှုကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ခံယူမည်ဆိုပါက သွေးတွင်းသကြားဓာတ်ပမာဏ မြင့်တက်မှုသည် ပုံမှန်ပမာဏသို့ ရောက်ရှိသွားနိုင်ပါသည်။ သို့သော် သွေးချို ရောဂါသည် ဘ၀တစ်လျှောက်လုံးဆက်လက်ရှိနေမည်ဖြစ်ပါသည်။ 

သွေးချို ရောဂါခံစားနေရပြီဆိုပါက စိတ်ဓာတ်ကျဆင်းဖို့မလိုပါ။ သွေးချိုရောဂါ ရှိလျက်နှင့် ကျန်းမာပျော်ရွှင်သောဘ၀ကို ဖြတ်သန်းနေကြသည့် သွေးချို ရောဂါဝေဒနာရှင်များ သန်းပေါင်းများစွာ ရှိပါသည်။ အစားအသာက်အနေအထိုင် ဆင်ခြင်ခြင်း၊ ဆရာဝန်ညွှန်ကြားချက်အတိုင်း တိတိကျကျလိုက်နာခြင်း၊ မပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ ပုံမှန်ပြုလုပ်ခြင်းတို့ဖြင့် ကျန်းမာပျော်ရွှင်သော သွေးချို ရောဂါရှင်ဘ၀ကို တည်ဆောက်နိုင်ပါသည်။ 

သွေးချိုရောဂါ ဝေဒနာရှင်များအဖို့ အောက်ပါအချက်များကို သတိပြုရမည် ဖြစ်ပါသည်။ 

(၁) ဆီးခဏခဏသွားခြင်း
(၂) အမြင်ေ၀၀ါးခြင်း
(၃) ပုံမှန်ထက်ပို ရေစာခြင်း
(၄) ခြေလက်များ ထုံကျင်ခြင်း
(၅) ပြင်းပြင်းထန်ထန် ဆာလောင်ခြင်း
(၆) အလွန်အမင်း နုန်းခွေခြင်း
(၇) စိတ်ဆတ်ခြင်း
(၈) အနာကျက်နှေးခြင်း
(၉) ပြင်းပြင်းထန်ထန် ထိခိုက်ခြင်း မရှိဘဲ အရေပြားပေါ်တွင် သွေးခြေဥခြင်း။ 

အထက်ပါ အချက်များထဲမှ တစ်ခုခုကို ခံစားနေရပြီဆိုပါက ဆရာဝန်နှင့် ပြန်လည်ပြသသင့်ပါသည်။ 


သွေးချို ဝေဒနာရှင်များအဖို့ သွေးထဲရှိ သကြားဓာတ်ကို ထိန်းချုပ်ရာတွင် အစားအသောက် ဆင်ခြင်ခြင်း၊ မပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ သွေးထဲရှိ သကြားဓာတ်ကို ပုံမှန်စစ်ဆေးခြင်း၊ လိုအပ်ပါက အင်ဆူလင်ထိုးခြင်းနှင့် သွေးချိုကျဆေးများ သုံးစွဲခြင်းတို့ကို ပြုလုပ်ရပါသည်။ 

ဝေဒနာရှင်အများစုသည် ၄င်းတို့၏ သွေးတွင်းရှိ သကြားဓာတ်ကို အစားအသောက်ဆင်ခြင်ခြင်း တစ်မျိုးတည်းဖြင့် ထိန်းချုပ်နိုင်ပါသည်။ သွေးထဲရှိ သကြားဓာတ်ကို ထိန်းချုပ်ရန် သောက်ဆေး၊ ထိုးဆေးများ သုံးစွဲနေချိန်၌ပင် အစားအသောက် ဆင်ခြင်ဖို့ လိုပါသည်။ အစားအစာ အမျိုးအစား၊ စားသောက်သည့်အချိန်၊ စားသောက်သည့် ပမာဏ စသည်တို့သည် သွေးတွင်းရှိ သကြားဓာတ်ပမာဏအပေါ် အကျိုးသက်ရောက်မှုရှိပါသည်။ဝဒ

သွေးတွင်းရှိ သကြားဓာတ်ပမာဏကို ပုံမှန်ပမာဏသို့ရောက်အောင် ထိန်းနိုင်လေလေ၊ သွေးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်လေလေဖြစ်ပါသည်။ သွေးထဲရှိ သကြားဓာတ်ပမာဏကို ထိန်းသိမ်းနိုင်ရန်အတွက် သာမန်လူများနှင့်မတူဘဲ တစ်မူထူးခြားသော စနစ်တကျ အချိန်မှန်မှန် ထမင်းစားသောက်ခြင်း အလေ့အထကို လေ့ကျင့်လိုက်နာကျင့်သုံးရမည် ဖြစ်ပါသည်။ 

အစာစားသောက်သည့် အချိန်အပိုင်းအခြားသည် စားသောက်သည့် အစားအစာအမျိုးအစားနှင့် ထပ်တူထပ်မျှအရေးကြီးပါသည်။ တစ်ကြိမ်တည်းတွင် အစားအသောက်များများစားသောက်ခြင်းသည် သွေးထဲရှိ သကြားဓာတ်ကို အလွန်အမင်းတက်စေပြီး ၎င်းသကြားဓာတ်ကို ချေဖျက်ရန်အတွက် အင်ဆူလင်ဓာတ်ကို ပိုမိုလိုအပ်လာပါသည်။ ပမာဏနည်းနည်းစီ စားသောက်ပြီး စားသောက်သည့် အကြိမ်ရေကို တိုးမြှင့်စားသောက်ပါက သွေးထဲရှိသကြားဓာတ်ကို ချေဖျက်ရန်အတွက် အင်ဆူလင်ဓာတ်များစွာ လိုအပ်တော့မည်မဟုတ်ပေ။ 

သွေးချိုရောဂါဝေဒနာရှင်များ လိုက်နာကျင့်ကြံသင့်သည့် အစာစားသောက်ပုံမှာ - 

(၁) တစ်နေ့တာအတွင်း အနည်းဆုံးသုံးကြိမ် ထမင်းစားပါ။ တချို့သော သွေးချိုဝေဒနာရှင်များသည် ထမင်းအနည်းငယ်ကို သုံးကြိမ်စား၍ ထမင်းစားချိန်များကြားတွင် သွားရေစာအနည်းငယ်နှစ်ကြိမ် စားသောက် သည့်အလေ့အထကို ကြိုက်နှစ်သက်ကြပါသည်။ 

(၂) ထမင်းစားသောက်ချိန်နှင့် သွားရေစာစားသောက်ချိန်များကို နေ့စဉ်အချိန်မှန်မှန် သတ်မှတ်စားသောက် ရန် အရေးကြီးပါသည်။ 

(၃) မနက်စာ၊ နေ့လယ်စာ၊ ညစာစားသောက်သော ပမာဏများသည် နေ့စဉ်တူညီနေရပါမည်။ 

(၄) မနက်စာ၊ နေ့လယ်စာ၊ ညစာများကို မလွတ်စေပါနှင့်။ အစာစားချိန်နောက်ကျတော့မည်ဟု ယူဆလျှင် စားသောက်စရာများကို ကိုယ်နှင့် တစ်ပါတည်းယူဆောင်သွားပါ။ ထမင်းစားချိန် နောက်မကျစေပါနှင့်။ 

အစာစားသောက်သည့်အချိန်အပိုင်းအခြားကို မှန်ကန်စေရန် အထက်ပါအတိုင်း စနစ်တကျလေ့ကျင့် စားသောက်ရမည်ဖြစ်ပါသည်။ 

ထို့နောက် စားသောက်သည့် အစားအစာအမျိုးအစားကို ရွေးချယ်ရမည် ဖြစ်ပါသည်။ သွေးချိုရောဂါဝေဒနာရှင်များ စားသောက်နိုင်သည့် အစားအသောက်များသည် အမျိုးအစား များစွာ ကွဲပြားသွားပါသည်။ တချို့သော အစားအစာများသည် တိုင်းတာစားသောက်ရန်လိုအပ်ပြီး တချို့သောအစားအစာများ ဥပမာ - ဟင်းသီးဟင်းရွက်များ စသည်တို့သည် တိုင်းတာစရာမလိုပါ။ တိုင်းတာချင့်ချိန်၍ စားသောက်ရခြင်း၏ ရည်ရွယ်ချက်မှာ သွေးချိုဝေဒနာရှင်များအား ကဆီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ ဖိုင်ဘါဓာတ်နှင့် အခြားအာဟာရဓာတ် များမျှတစွာရရှိစေရန် ဖြစ်ပါသည်။ 

(ဤဆောင်းပါးအဆုံးတွင် သွေးချိုပန်းကန်ပြားအကြောင်းကို ဖော်ပြပေးထားပါသည်။) 

သွေးချိုရောဂါဝေဒနာရှင်များအဖို့ စားသောက်မည့် အစားအစာအမျိုးအစား ကို စနစ်တကျ ရွေးချယ်၍ ပမာဏအတိအကျ စားသောက်ခြင်း၊ နေ့စဉ်အချိန်မှန်မှန်စားသောက်ခြင်းတို့အပြင် သွေးထဲရှိ သကြားဓာတ်ကို သွေးဖောက်၍ စနစ်တကျတိုင်းတာမှတ်သားရန် လိုအပ်ပါသည်။ သွေးထဲရှိ သကြားဓာတ် ပမာဏကို သိရှိပါမှ ကုသမှုသည် ထိရောက်မှုရှိမရှိကို သိရှိနိုင်မည် ဖြစ်ပါသည်။ 

သွေးထဲ၌ ပုံမှန်ရှိသင့်သည့် သကြားဓာတ်ပမာဏမှာ ၇၀ mg/dl မှ ၁၁၅ mg/dl (၃.၈၅ mmol/L မှ ၆ mmol/L) ဖြစ်ပါသည်။ 

အစာစားပြီးစအချိန်တွင် သွေးထဲရှိ သကြားဓာတ်ပမာဏသည် ရုတ်တရက် မြင့်တက် သွားပါသည်။ သာမန်လူတစ်ယောက်တွင် ထိုကဲ့သို့ မြင့်တက်သွားသော သကြားဓာတ်ပမာဏသည် နှစ်နာရီ အတွင်း ပုံမှန်ပမာဏသို့ ကျဆင်းသွားပါသည်။ အကယ်၍ ပုံမှန်ပမာဏသို့ ကျဆင်းမသွားဘဲ ၁၂၆ mg/dl (၇ mmol/L) နှင့်အထက် မြင့်တက်နေပါက သွေးချိုရောဂါဝေဒနာရှိနေပြီဟု သတ်မှတ်နိုင်ပါသည်။ 

တစ်ခါတရံတွင် သွေးချိုရောဂါကို ကုသရန်အတွက် စနစ်တကျ စားသောက်ခြင်းနှင့် မလုံလောက်ဘဲ သောက်ဆေးများ မှီဝဲရန် လိုအပ်လာပါသည်။ သို့သော် သောက်ဆေးတစ်ခုတည်းကို အားကိုးခြင်းမျိုး မပြုလုပ်ရပါ။ စနစ်တကျစားသောက်ခြင်း၊ မပြင်းထန်သော ကိုယ်ကာယလေ့ကျင့်ခန်းများ ပုံမှန် ပြုလုပ်ခြင်းနှင့် သွေးချိုဆေးဝါးသုံးစွဲခြင်းတို့ကို ဟန်ချက်ညီညီပြုလုပ်မှသာ သွေးထဲရှိ သကြားဓာတ်ပမာဏကို ထိရောက်စွာ ထိန်းချုပ်နိုင်မည် ဖြစ်ပါသည်။ 

သွေးချိုဆေးဝါးများသည် သကြားဓာတ်ကို ထိန်းချုပ်ပုံနည်းလမ်းများ တစ်ခုနှင့်တစ်ခု မတူညီကြပါ။ တချို့သော သွေးချိုဆေးများသည် အသည်းမှသကြားဓာတ် (ဂလူးကို့စ်) ထုတ်လွှတ်မှုကို တားဆီးခြင်း၊ အစာလမ်းကြောင်းမှ ဂလူးကို့စ်စုပ်ယူမှုကို နှေးကွေးစေခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်းများမှ ဂလူးကို့စ်သုံးစွဲမှုကို တိုးပွားစေခြင်းတို့ဖြင့် သွေးထဲရှိ သကြားဓာတ်ကို လျော့ကျအောင် ပြုလုပ်ပါသည်။


တချို့သော သွေးချိုဆေးများမှာမူ ခန္ဓာကိုယ်အတွင်းရှိ ပန်ကရိယဟုခေါ်သော မုန့်ချိုအိတ်မှ အင်ဆူလင်ပိုမိုထွက်အောင် လှုံ့ဆော်ပေးခြင်းအားဖြင့် ထွက်လာသော အင်ဆူလင်၏အစွမ်းကို အသုံးပြုကာ သွေးထဲရှိ သကြားဓာတ်ကိုလျော့ကျအောင် ပြုလုပ်ပါသည်။ မည်သည့် သွေးချိုဆေး အမျိုးအစား သောက်သုံးသင့်သည်ကို ဆရာဝန်မှ စနစ်တကျ ညွှန်ကြားပေးမည် ဖြစ်ပါသည်။ 

အင်ဆူလင်ဓာတ်အကြောင်း အနည်းငယ်တင်ပြလိုပါသည်။ အင်ဆူလင်ဆိုသည်မှာ ဟော်မုန်းဓာတ် တစ်မျိုး ဖြစ်ပါသည်။ ခန္ဓာကိုယ်အတွင်းရှိ ပန်ကရိယဟုခေါ်သော မုန့်ချိုအိတ်မှ အင်ဆူလင်ဟော်မုန်းဓာတ်ကို ထုတ်လွှတ်ပေးပါသည်။ 

အင်ဆူလင်ဓာတ်သည် ခန္ဓာကိုယ်အနှံ့အပြားရှိ ဆဲလ်များ၏အပြင်နံရံတွင် တွယ်ကပ်လိုက်သည်နှင့်တစ်ပြိုင်နက် သွေးထဲရှိ ဂလူးကို့စ်ဓာတ်ကို ၄င်းဆဲလ်များအတွင်းသို့ ၀င်ရောက်စေရန် လှုံ့ဆော်ပေးပါသည်။ 

တချို့သော သွေးချိုရောဂါအမျိုးအစားတွင် ခန္ဓာကိုယ်အတွင်း၌ အင်ဆူလင်ဓာတ် လုံလုံလောက်လောက်မရှိသည့်အတွက် သွေးထဲရှိသကြားဓာတ်ကို ဆဲလ်များအတွင်းသို့ မသွင်းနိုင်ဘဲ သွေးထဲ၌ သကြားဓာတ်စုပုံလာကာ သွေးချိုဆီးချိုရောဂါဖြစ်ပေါ်လာသည်။ အဆိုပါ သွေးချိုရောဂါ ဝေဒနာရှင်များအဖို့ သွေးထဲရှိ သကြားဓာတ်မြင့်တက်လာပါက အင်ဆူလင်ထိုးရန် လိုအပ်ပါသည်။ 

အင်ဆူလင်ဟော်မုန်းသည် ထိုးဆေးပုံစံသာရှိပြီး သောက်ဆေးပုံစံမရှိပါ။ အင်ဆူလင်ဓာတ်သည် အစာလမ်းကြောင်းထဲသို့ ရောက်ရှိပါက အစာချေဖျက်သောအင်ဇိုင်းဓာတ်များ၏ ချေဖျက်ခြင်းခံရပြီး ပျက်စီးသွားသောကြောင့် သောက်ဆေးပုံစံထုတ်လုပ်၍ မရနိုင်ပါ။ သုတေသနပညာရှင်များသည် ရှူသွင်းခြင်း နည်းလမ်းကဲ့သို့ မနာကျင်သောနည်းဖြင့် ခန္ဓာကိုယ်အတွင်းသို့ အင်ဆူလင်ဓာတ်ရောက်ရှိနိုင်မည့် နည်းလမ်းအသစ်များကို ဆက်လက်ရှာဖွေလျက် ရှိပါသည်။ 

သွေးချိုရောဂါဝေဒနာရှင်များအဖို့ သွေးအတွင်းရှိ သကြားဓာတ်ပမာဏကို စနစ်တကျ တိုင်းတာမှတ်သား၍ အစားအသောက်အမျိုးအစား၊ စားသောက်သည့်အချိန်တို့ကို တိတိကျကျအချိန်မှန်မှန် သတ်မှတ်စားသောက်ခြင်းတို့ဖြင့် သွေးထဲရှိ သကြားဓာတ်ကို ထိန်းချုပ်ကာ ကျန်းမာပျော်ရွှင်စွာဖြင့် သက်တမ်းစေ့နေထိုင်သွားနိုင်ပါသည်။ စနစ်တကျနေထိုင်စားသောက်ခြင်းမရှိပါက သွေးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကို ခံစားရနိုင်ပါသည်။ 

သွေးချိုရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများမှာ _ 

(၁) သွေးထဲ၌ သကြားဓာတ်မြင့်မားခြင်း 

သွေးထဲ၌ သကြားဓာတ်မြင့်တက်ခြင်းသည် ကာလကြာရှည်ဖြစ်နေခြင်းမျိုး ကြုံတွေ့ရတတ်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အစာများများစားသောက်မိခြင်းကြောင့် ဖြစ်နိုင်သလို ဖျားနာခြင်း၊ စိတ်ဖိစီးခြင်း၊ သွေးထဲ၌ အင်ဆူလင်ဓာတ်နည်းနေခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါသည်။ သွေးထဲ၌ သကြားဓာတ် မြင့်တက်နေပါက ခေါင်းကိုက်ခြင်း၊ အမြင်ေ၀၀ါးခြင်း၊ မကြာခဏဆီးသွားခြင်း၊ ရေဆာခြင်း၊ အရေပြားခြောက်သွေ့ခြင်းနှင့် ယားယံခြင်းတို့ကို ခံစားရနိုင်ပါသည်။ 

(၂) ဆီးထဲ၌ ကီတုန်း (Ketone) ဓာတ်ပါခြင်း 

သွေးထဲရှိသကြားဓာတ်သည် ၂၄mmol/dl (၁၃mg/L)ထက် များနေပြီဆိုပါက ဆီးထဲ၌ ကီတုန်းဓာတ် ပါ/မပါကို စစ်ဆေးရပါမည်။ ဆီးထဲ၌ ကီတုန်းဓာတ်ပါနေပြီဆိုပါက တတ်ကျွမ်းနားလည်သော သမားတော်ကြီး များနှင့် ချက်ချင်းပြသရန် လိုအပ်ပါသည်။ ဆီးခဏခဏသွားနေလျှင် ရေများများသောက်ပေးရန် လိုအပ်ပါသည်။ ဆီးသွားများ၍ ရေဓာတ်ခန်းလျှင် အလွန်အန္တရာယ် ရှိပါသည်။ 

(၃) သွေးထဲ၌ သကြားဓာတ်အလွန်အမင်း ကျဆင်းသွားခြင်း 

ဆီးချိုရောဂါဝေဒနာရှင်များသည် တစ်ခါတစ်ရံ၌ သွေးအတွင်းရှိ သကြားဓာတ်အလွန်အမင်း ကျဆင်းသွားခြင်းမျိုး ဖြစ်တတ်ပါသည်။ အန္တရာယ်ရှိပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ အင်ဆူလင်ထိုးဆေး သုံးစွဲမှု များသွားခြင်း၊ အစားအသောက် လုံလုံလောက်လောက် မစားသုံးခြင်း၊ အစာမရှိဘဲ အရက်သောက်ခြင်းနှင့် ပြင်းထန်သော ကိုယ်ကာယလေ့ကျင့်ခန်းများကို အချိန်ကြာမြင့်စွာ လုပ်မိခြင်းတို့ကြောင့် ဖြစ်နိုင်ပါသည်။ သွေးထဲ၌ သကြားဓာတ်လျော့နည်းလာပါက ကတုန်ကယင်ဖြစ်ခြင်း၊ မောပန်းခြင်း၊ အလွန်အမင်း ဆာလောင်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ စိတ်ခြောက်ခြားခြင်းတို့ကို ခံစားရပါသည်။ သွေးထဲရှိ သကြားဓာတ်ကို အမြန်ဆုံးဖြည့်တင်းပေးရန် လိုအပ်ပါသည်။ (အရေးပေါ်အနေနှင့် ပန်းသီး သို့မဟုတ် လိမ္မော်သီးဖျော်ရည် ဖန်ခွက်တစ်ဝက်ခန့်သောက်ခြင်း၊ သကြားလုံး ၅ လုံးခန့် ငုံခြင်းတို့ ပြုလုပ်၍ ဆေးရုံ/ဆေးခန်းသို့ ချက်ချင်းခေါ်ဆောင်သွားသင့်ပါသည်။) 

(၄) အခြားသောပြဿနာများ 

သွေးထဲ၌ သကြားဓာတ်မြင့်တက်ခြင်းသည် ကာလကြာရှည်လာပါက သွေးကြောများအပေါ် အကျိုး သက်ရောက်မှု ရှိလာပါသည်။ ပန်းသေပန်းညှိုးခြင်း၊ ကျောက်ကပ်ရောဂါဝေဒနာများ၊ အမြင်အာရုံရောဂါ ဝေဒနာများ ဖြစ်လာနိုင်ပါသည်။ (နှလုံးရောဂါ၊ လေငန်းရောဂါများ ဖြစ်နိုင်ချေကို မြင့်တက်စေပါသည်။) 

အရေပြားပေါ်တွင် အနာများဖြစ်လာနိုင်ပြီး ထိရောက်စွာမကုသနိုင်ပါက ခြေထောက်ဖြတ်ခြင်းကဲ့သို့ အနာရှိသောနေရာအား ဖြတ်တောက်ခြင်းများ ပြုလုပ်ရတတ်ပါသည်။ 

ခြေထောက်နှစ်ဖက်တွင် အာရုံခံစားမှုလျော့နည်းလာခြင်းသည် သွေးချိုရောဂါ၏ ဆိုးကျိုးတစ်ခု ဖြစ်ပါသည်။ ခြေထောက်အာရုံခံစားမှု လျော့နည်းလာပါက ခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိမှုကို တစ်ခါတရံ တွင် မသိလိုက်ခြင်းမျိုး ရှိတတ်ပါသည်။ အချိန်မီမသိလိုက်ဘဲ ဒဏ်ရာညိုပုပ်မှသိရှိပါက ကုသရန်ခက်ခဲပြီး ခြေထောက်ဖြတ်ရခြင်းမျိုး ရှိလာနိုင်ပါသည်။ သွေးချိုဝေဒနာရှင်များအဖို့ မိမိ၏ခြေထောက်တွင် ဒဏ်ရာအနာတရ ရှိမရှိကို နေ့စဉ်စစ်ဆေးကြည့်ရှုရန် လိုအပ်ပါသည်။ 

အနှစ်ချုပ်
သွေးချို ရောဂါသည် နောက်ဆက်တွဲဆိုးကျိုးများ အများအပြားရှိသော်လည်း စနစ်တကျပြုစု စောင့်ရှောက်ပါက ၎င်းဆိုးကျိုးများကို လျှော့ချရှောင်ကြဉ်နိုင်ပါသည်။ စနစ်တကျ မှန်မှန်ကန်ကန် စားသောက်ခြင်း၊ မပြင်းထန်သော ကိုယ်ကာယလေ့ကျင့်ခန်းများ နေ့စဉ်မှန်မှန်ပြုလုပ်ခြင်း၊ ဆရာဝန်ညွှန်ကြားချက်ကို တိကျစွာလိုက်နာခြင်း၊ လိုအပ်ပါက ဆေးပုံမှန်သောက်သုံးခြင်းတို့ဖြင့် သွေးချိုရှိသောဘ၀မှာ ပျော်ရွှင်စွာ နေထိုင်သွားနိုင်မည် ဖြစ်ပါသည်။ 

သွေးချိုပန်းကန်ပြား 

ကိုယ့်ရဲ့ထမင်းပန်းကန်ထဲက အစားအစာတွေဟာ ကစီဓာတ်မပါတဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်နေစေဖို့နဲ့ ကစီဓာတ်ပါတဲ့ အစားအစာနဲ့ အသားငါးကို အနည်းငယ်သာ ပါစေဖို့ အာရုံစိုက်ထားဖို့လိုပါတယ်။ ကိုယ်နဲ့သင့်တော်တဲ့ ထမင်းဟင်းလျာကို စီမံထားခြင်းဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်တဲ့ နေရာမှာ ပထမဆုံး စတင်သင့်တဲ့ အလွယ်ကူဆုံး နည်းလမ်းဖြစ်ပါတယ်။ 

ကိုယ်နဲ့သင့်တော်တဲ့ ထမင်းဟင်းလျာ တစ်နပ်စာကို စီမံတဲ့ နေရာမှာ စက်ပစ္စည်း အကူအညီ မပါဘဲ၊ ခက်ခက်ခဲခဲ ချိန်တွယ်စရာ မလိုဘဲ လုပ်နိုင်တဲ့ လွယ်ကူတဲ့ နည်းလမ်းရှိပါတယ်။ အဲဒီနည်းလမ်းကို ပြောပြချင်ပါတယ်။ သွေးချိုဝေဒနာရှင်များအတွက်သာမကပဲ ကိုယ်အလေးချိန်လျှော့ချလိုသူတွေအတွက်ပါ အသုံးတည့်လှတဲ့ လွယ်ကူရိုးစင်းတဲ့နည်းလမ်းပါ။ အလွယ်တကူ မှတ်သားလို့ရအောင် ဆီးချိုပန်းကန်လို့ပဲ ခေါ်ဆိုကြပါစို့။ 

ဆီးချိုပန်းကန် ဖန်တီးခြင်းဟာ အလွန်လွယ်ကူသလို အလွန်ပဲ ထိရောက်မှုရှိတာကို တွေ့ရပါတယ်။ စားနေကျ ထမင်းပန်းကန်ပေါ်မှာ စိတ်ကူးနဲ့မှန်းပြီး မျဉ်းကြောင်းလေးတွေဆွဲလိုက်ပါ။ ပြီးရင် စားချင်တဲ့ အစားအစာကို ရွေးချယ်ပါ။ ရွေးချယ်ပြီးရင်တော့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး စားဖို့ပဲ ကျန်တော့တာပေါ့။ 

ထမင်းစားပန်းကန်ပြားတစ်ချပ်ကိုယူပြီး ပန်းကန်ပြားရဲ့အလယ်မှာ စိတ်မှန်းနဲ့ မျဉ်းတစ်ကြောင်း ဆွဲလိုက်ပါ။ နှစ်ပိုင်းဖြစ်သွားတဲ့ ပန်းကန်ပြားမှာတစ်ပိုင်း၌ အလယ်တွင်မျဉ်းတစ်ကြောင်းထပ်ဆွဲပါ။ ထိုအခါပန်းကန်ပြားမှာ အကြီးတစ်ပိုင်းနှင့် အသေးနှစ်ပိုင်း စုစုပေါင်းသုံးပိုင်းဖြစ်သွားပါလိမ့်မယ်။ 

အကြီးဆုံးအပိုင်းမှာ ကစီဓာတ်မပါသော ဟင်းသီးဟင်းရွက်များကို ထည့်ပါ။ ကစီဓာတ်မပါတဲ့ ဟင်းသီးဟင်းရွက်များမှာ - ဟင်းနုနယ်၊ မုန်လာဥနီ၊ ဆလတ်ရွက်၊ ဂေါ်ဖီ၊ မုန်ညင်း၊ ပဲသီးအမျိုးမျိုး၊ ဘရိုကိုလီ၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ သခွားသီး၊ ရုံးပတီသီး၊ မှို၊ ငရုတ်သီး၊ မုန်လာဥဖြူစသည်တို့ဖြစ်ပါတယ်။ 

အသေးနှစ်ပိုင်းအနက်မှ တစ်ပိုင်းမှာ ကစီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ထည့်ပါ။ ကစီဓာတ်ကြွယ်ဝသော အစားအစာများမှာ - ပေါင်မုန့်ဖြူ၊ ထမင်း၊ ခေါက်ဆွဲ၊ ပဲအမျိုးမျိုး၊ အာလူး၊ ပြောင်းဖူး၊ ကန်စွန်းဥ၊ ပေါက်ပေါက်ဆုပ်စတာတွေဖြစ်ပါတယ်။ 

ကျန်အသေးတစ်ပိုင်းမှာ - ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာတွေ ထည့်ပါ။ အရေခွံမပါသော ကြက်သား၊ ငါး၊ ပုဇွန်၊ ဂဏန်း၊ အဆီမပါသော အမဲသား၊ အဆီမပါသော ၀က်သား၊ ပဲပြား၊ ကြက်ဥစတဲ့ အစားအစာတွေဖြစ်ပါတယ်။ 

မလိုင်မပါတဲ့ အဆီထုတ်ထားတဲ့ နွားနို့တစ်ဖန်ခွက်ပြင်ထားပါ။ နွားနို့မနှစ်သက်ရင် ဒိန်ချဉ်သောက်လို့ ရပါတယ်။ 

အသီးတစ်လုံး (သို့မဟုတ်) အရွက်သုပ်ပန်းကန်လုံးတစ်လုံးစာလောက် ပြင်ထားပါ။ 

ဒါဆိုရင်တော့ သွေးချိုပန်းကန်ပြား (Diabetic Plate)လို့ခေါ်တဲ့ သွေးချိုဝေဒနာရှင်တွေအတွက် ကောင်းမွန်သင့်တော်တဲ့ ထမင်းတစ်နပ်ဖြစ်ပါပြီ။ 

Yangon Health Guide 

Monday, September 23, 2013

အသက်ရှူခြင်း အနုပညာ

Posted by drmyochit Monday, September 23, 2013, under | No comments

“သင် အသက်ရှူတတ်ပါရဲ့လား”

ဒီလို မေးရင် ဘယ်လို ဖြေကြမလဲပဲနော်။ အသက်ရှူတာပဲ မွေးကတည်းက ရှူလာတာ၊ ရှူတတ်တာပေါ့..၊ ဘာ လာကြောင် နေတာလဲ ဆိုပြီး ပြန်ပြောကြလိမ့်မယ် ထင်ပါတယ်။ ဒါဆိုရင် တိတိ ကျကျ ထပ်ပြီး မေးပါဦးမယ်။


“သင် နည်းစနည်မှန်မှန် အသက်ရှူတတ်ပါရဲ့လား”

ဒီလို မေးရင်တော့ အနည်းငယ် စဉ်းစား သွားပါလိမ့်မယ်။ ပြီးမှာ အသက်ရှူတာ နည်းစနစ်လို့သေးလို့လား။ ဒီလိုပဲ နှာခေါင်းက ရှူချင်ရှူမယ်၊ ပါးစပ်နဲ့ ရှူချင်ရှူမယ်၊ အဆန်းလုပ်ပြီး လျှောက်မေးနေတာလို့ ထင်ကြပါ လိမ့်မယ်။ တကယ်တော့ အသက်အပြည့်အ၀ ရှူပြီး ကိုယ်ခန္ဓာ နွမ်းနယ်ပင်ပန်းမှုတွေကို ချက်ချင်းပြေ ပျောက်စေတဲ့ နည်းစနစ် အမှန် တကယ်ရှိပါတယ်။ အထူးသဖြင့် လှုပ်ရှားမှုနည်းတဲ့ သူတွေ အနေနဲ့ ဒီလို နည်းစနစ်မှန်မှန်နဲ့ အသက်ရှူ လေ့ကျင့်ခန်းမျိုးကို သိထားသင့်ပါတယ်။ Time Saving Idea စာစောင်ထဲမှာ ဖော်ပြ ထားတဲ့ အချိန်မကုန် မပင်ပန်းဘဲ ကျန်းမာရေး အတွက် လေ့ကျင့်ခန်း လုပ်နိုင်ဖို့ တင်ပြထား ချက်တွေ ကို အခြေခံပြီး ရေးသားတင်ပြပေးပါ့မယ်။

ဒီ အသက်ရှူလေ့ကျင့်ခန်းကို လုပ်ခြင်းဖြင့် အဆုတ်ရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ အစာမကြေ ဖြစ်ခြင်းတွေ ကို ကာကွယ်ပေးနိုင်ပြီး၊ အလုပ်ခွင်မှာ ပင်ပန်းသမျှတွေကို ယူပစ်လိုက်သလို ချက်ချင်းသိသာ ပြေပျောက်စေနိုင် တယ် ဆိုတာ အသေအချာ ပြောနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မကုန် ငွေမကုန်တဲ့ အပြင် အင်မတန်ရိုးရှင်း လွယ်ကူတဲ့ အတွက် မည်သူမဆို ဆောင်းပါးလေးကို ဖတ်ပြီး လုပ်ဆောင်လိုက်ပါ။

လူ့ခန္ဓာကိုယ်ဟာ အဟာရနဲ့ အောက်စီဂျင်တို့ ပေါင်းစပ်ပြီး ဆဲလ်အသစ်တွေ မွေးဖွားရင်း၊ ဆဲလ် အဟောင်းတွေ သေဆုံးရင်းနဲ့ ဖွဲ့တည်ထားတာ ဖြစ်ပါတယ်။ လူအများစုဟာ ခန္ဓာကိုယ်အတွက် အစားအစာ အဟာ ရကို ဦးစားပေး စားသုံးတတ်ကြပါတယ်။ အဟာရ ဖြစ်စေမယ့် အစားအစာကို ရွေးချယ် စားသုံး ကြတာ အများစုပါ။ သို့ပေမယ့် အဟာရချည်း ပြည့်စုံနေလို့ မဖြစ်ပါ။ အောက်စီဂျင်လည်း အချိုးညီညီ ပါဝင် ဖို့ လိုပါတယ်။ သို့မှသာ အဟာရနဲ့ အောက်စီဂျင် အပြန်အလှန် အကျိုးပြု ထောက်ပံ့ပေးပြီး ညီညွတ်မျှတတဲ့ ကျန်းမာ ရွှင်လန်းတဲ့ ခန္ဓာကိုယ် ဖြစ်လာမှာပါ။

လူတွေဟာ သွားလာ လှုပ်ရှား လုပ်ကိုင်နေကြပေမယ့် အသက်ရှူတဲ့အခါမှာတော့ အပြည့်အ၀ မရှူကြပါဘူး။ အသက် အပြည့်အ၀ မရှူတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အောက်စီဂျင်လည်း အပြည့်အ၀ မရပေ ဘူးပေါ့။ အချိန်ကြာမြင့်စွာ ထိုင်လျက်သော်လည်းကောင်း၊ ရပ်လျက်သော်လည်းကောင်း အလုပ် လုပ်နေ မယ်၊ အသက်လည်း အပြည့်အ၀ မရှူနိုင် ဖြစ်နေမယ် ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက်တွေ သွေးထဲ ၀င်ရောက် လာပြီး လေးလံ ထိုင်းမှိုင်းသွားစေပါတယ်။ တနည်းအားဖြင့် အောက်စီဂျင် နည်းပါး သွား တာကြောင့် နွမ်းလျသွားတာပါ။ ခေါင်းကိုက်မယ်၊ ဇက်ကြောထိုးမယ်၊ မအီမသာ ဖြစ်မယ် စသဖြင့် ခံစားလာ ရတော့ တာပဲ။ အဲဒီမှာ ဘာဖြစ်မှန်း မသိဘူး ဆရာရယ် ဆိုပြီး ဆရာဝန်ထံ သွားပြရတော့တာပဲ။ ဒီလို ဖြစ်ရတာ ဟာ အောက်စီဂျင် မပြည့်ဝလို့၊ အောက်စီဂျင် လိုအပ်လို့ပါ။ လူဟာ အိပ်ပျော်နေတဲ့ အချိန်မှာပဲ အသက် ကို ပြည့်ပြည့်၀၀ ရှူကြပါတယ်။ နိုးထနေချိန် တွေမှ အပြည့်အ၀ အသက်ရှူတာ မရှိသလောက်ပါ။

အထူးသဖြင့် အားကစား မလုပ်ဘဲ တခြားအလုပ်တွေ လုပ်ကိုင်နေချိန်မှ လူ့ အဆုတ်ရဲ့ ၂၀ ရာခိုင်နှုန်းက ၃၀ ရာခိုင်နှုန်းလောက် ပဲ အသက်ကို ရှူသွင်း ရှူထုတ်လုပ်ကြပါတယ်။ အားကစား လုပ်နေသူ တွေကတော့ ၅၀ ရာခိုင်နှုန်း ကနေ ၆၅ ရာခိုင်နှုန်းလောက်ပဲ ရှူထုတ် ရှူသွင်းပြုလုပ်ပါတယ်။ အိပ်နေတဲ့ အချိန်မှာတော့ ၉၀ ရာခိုင်နှုန်း က နေ ၉၅ ရာခိုင်နှုန်းလောက် အထိ အသက်ရှူပါတယ်။ လူသားနဲ့ သက်ရှိတွေအတွက် ကံကောင်း တာက သစ်ပင်တွေက နေ့ခင်းမှာ ကာဗွန်ကို စားသုံးပြီး ညခင်းပိုင်းမှာ အောက်စီဂျင်တွေ ပြန်လည် ထုတ်လွှတ်ပေးနေတာပါ။

အခု ဆက်ပြီး အသက်ရှူလေ့ကျင့်ခန်း လုပ်ဖို့ အကြောင်း ဆက်လက်တင်ပြပါ့မယ်။ အဆုတ်ထဲကို လေ အပြည့် အ၀ ရောက်ရှိအောင် လေ့ကျင့်ခန်းလုပ်ဖို့ အချိန် ၅ မိနစ်ကနေ ၁၅ မိနစ်လောက် ရရင်ပဲ အဆင်ပြေ ပါတယ်။ လမ်းသွားရင်း၊ ကားစီးရင်း၊ ကုလားထိုင်ပေါ် ထိုင်ရင်း၊ အိပ်ရာပေါ် ပက်လက် လှန်လှဲ အိပ်ရင်း ဘယ်လို အနေအထားမှာပဲ ဖြစ်ဖြစ် ဒီ အသက်ရှူလေ့ကျင့်ခန်းကို လုပ်လို့ရပါတယ်။ အကောင်း ဆုံး ကတော့ လက်တင်ပါတဲ့ ကုလားထိုင် (Arm Chair) ပေါ်မှာ (သို့မဟုတ်) ပြင်ညီကြမ်းပြင် (ဆိုဖာပေါ်မှာ မဟုတ်) ပေါ်မှာ လေ့ကျင့်ခြင်းပါ။ ပထမဆုံး လက်တင်ပါတဲ့ ကုလားထိုင် ပေါ်မှာ လေ့ကျင့်ဖို့ အတွက် အရင်ပြော ပါမယ်။

လက်တင်ပါ ကုလားထိုင်ပေါ် သက်သောင့်သက် အရှိဆုံး အနေအထား အတိုင်း ထိုင်ပါ။ လက်နှစ်ဖက်ကို တန်းပေါ် တင်၊ ခြေထောက် တွေကို ရှေ့ကို ဆန့်ထား၊ ခေါင်းကို နောက်မှီ တန်းပေါ် အနည်းငယ် မော့ပြီး တင်၊ နောက်စေ့နဲ့ ချိတ်ထား၊ မျက်နှာကို ရှေ့သို့ တည့်တည့်ထား၊ မျက်လွှာကို ပိတ်၊ ခါးကို ဆန့်၊ ပုံမှန် အသက်ရှူ၊ ခေါင်းကို ဟိုဘက် နည်းနည်း ဒီဘက် နည်းနည်း လှုပ်ပေးပြီး အသက်ရှူ လေ့ကျင့်ခန်း စပါ့မယ်။ ထူးထူး ဆန်းဆန်းကြီး မဟုတ်ပါ။ လေကို နှာခေါင်းနဲ့ တဖြည်းဖြည့်ချင်း ရှူသွင်းပါ။ အဆုတ်ထဲပြည့်အောင်  ရှူသွင်းပါ။ အဆုတ်ထဲ နောက်ထပ် လေတစက်မှ ထပ်ရှူသွင်းလို့ မရတော့တဲ့ အထိ ရှူသွင်းပါ။ အဆုတ်ထဲမှာ လုံးဝပြည့်နေတဲ့ပြီ ဆိုရင် ချက်ချင်း ပြန်မထုတ်သေးဘဲ ခေတ္တ အောင့်ထားပါ။ အောင့်နိုင်သလောက် အောင့်ထားပါ။ လုံးဝ မအောင့်နိုင်တဲ့ အထိ အောင့်ထားပါ။ မအောင့်နိုင် တော့တဲ့ အခါကျမှ ပါးစပ်က တဖြည်းဖြည်းချင်း လေကို ပြန်ထုတ်ပါ။ အဲဒီလိုနဲ့ အသက်ရှူလေ့ကျင့်ခန်းကို အချိန်ရသလောက်၊ လုပ်နိုင်သလောက် အကြိမ်ရေအထိ လုပ်နိုင်ပါတယ်။ သတိပြုရမှာက ရှူသွင်းတဲ့ အချိန်၊ အောင့်ထားတဲ့ အချိန်နဲ့ ရှူထုတ်တဲ့ အချိန်၊ ရှူထုတ်ပြီး အောင့်ထားတဲ့ အချိန်တွေ ညီနေရင် အကောင်းဆုံးပါ။ ဆိုပါတော့ အသက်ရှူသွင်းတဲ့ အခါမှာ စိတ်ထဲကနေ ၁.၂.၃….. စသဖြင့်ရေတွက်ကြည့်ပါ..။ ၁၅ ရတယ် ဆိုပါစို့။ အသက်ရှူပြီး အောင့်ထားတဲ့ အချိန်ဟာလည်း ၁၅ အထိရဖို့၊ အသက်ပြန်ရှူထုတ် တဲ့အခါမှာလည်း ၁၅ အထိ ရဖို့ပါ။ ရှူထုတ်ပြီး အောင့်ထားရင် လည်း ၁၅ ရဖို့ပါပဲ။ အဲဒီလိုနဲ့ ၁၅ ၊ ၂၀၊ ၃၀၊ ၄၀၊ ၅၀ ဆိုပြီး အရှိန်မြှင့် လုပ်နိုင်ပါတယ်။

ဒီလို အသက်ရှုနည်းကို လေးဘက်ညီ အသက်ရှူခြင်း အနုပညာလို့ ခေါ်ပါတယ်။ အများအားဖြင့် ရှူသွင်းခြင်းနဲ့ ရှူထုတ်ခြင်းကို သာ အများစုက သိမြင်ကြပါတယ်။ ရှူသွင်းပြီး အချိန်နဲ့ ရှူထုတ်ပြီး အချိန်ကို သတိမမူမိ၊ မသိကြပါဘူး။ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အောက်စီဂျင်တွေ အဆုတ်ထဲမှာ ပြည့်ဝများပြားနေရင် ကျန်းမာရေးကို အထောက်အကူ ပြုနိုင်မယ် မဟုတ်လား။ ရှူသွင်းချိန်၊ အောင့်ထားချိန်၊ ရှူထုတ်ချိန်၊ အောင့်ထားချိန် တွေ ညီနေရင် အကောင်းဆုံး အသက်ရှူလေ့ကျင့်ခန်းပါပဲ။ အဲဒီလို ရှူတော့ ဘာတွေ ရမလဲ၊ ဘာတွေ ဖြစ်မလဲ ဆိုတော့ .. ပထမဆုံး ခန္ဓာကိုယ်ရဲ့ သွေးကြောတွေ အားလုံး ပွင့်သွားပြီး သွေးလှည့်ပတ် စီးဆင်းနေတာကို တဖျင်းဖျင်း ခံစားရပြီး သိနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်နေရင်း အလွန်ပေါ့ပါး အလွန်လန်းဆန်းသွား လိမ့်မယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်။ အချိန်ရရင် စမ်းသပ်ကြည့်ဖို့၊ အချိန်ရရင် ရသလို လေ့ကျင့်ကြည့်ဖို့ လေးလေးနက်နက် တိုက်တွန်းပါရစေ။

အလုပ်က ပြန်လာပြီး ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေတဲ့ အခါမှာ ဒုတိယ ဖော်ပြမယ့် အနေအထားကို အသုံးပြုနိုင်ပါတယ်။  ဆိုဖာ သို့မဟုတ် အောက်ခင်း ထူထူမပါတဲ့ ကြမ်းပြင်ပေါ် ပက်လက်လှန်ပြီး အိပ်လိုက်ပါ။ ခေါင်းအုံးနဲ့ အခြား အခုအခံ ဘာမျှ မသုံးပါနဲ့။ ခန္ဓာကိုယ်ကို စန့်နိုင်ဆန့်ပါ။ ဖြောင့်နိုင်သမျှ ဖြောင့်ဖြောင့်ထားပြီး၊ အထက်က ပြောခဲ့သလို လေးဘက်ညီ အသက်ရှူခြင်း အနုပညာကို လေ့ကျင့်ပါ။ ညီညွှတ်မျှတခြင်းဟာ အနုပညာမှာ အရေးကြီးပါတယ်။ အဲဒီလိုပဲ ကျန်းမာကြံ့ခိုင်ရေးနဲ့  အသက်ပြည့်ပြည့်၀၀ ရှူပြီး အားအင်ပြည့်လျှမ်း စိတ်ရွှင်လန်းဖို့ အသက်ရှူခြင်း အနုပညာကို လေ့ကျင့်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

ဒီလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။ အမှန်တကယ် အကျိုးရှိမယ် ဆိုတာ အာမခံ တင်ပြလိုက်ပါတယ်။ အလုပ်များပြားပြီး ကျန်းမာရေး လေ့ကျင့်ခန်းကို အချိန်ပေးပြီး မလုပ်နိုင်တဲ့ သူတွေ ဒီလေ့ကျင့်ခန်းကို လုပ်ကြည့်ဖို့ မျှဝေလိုက်ပါတယ်။ သင့်ကျန်းမာရေးအတွက် အကျိုးရှိတယ် ဆိုရင်တော့ လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါဦး။ ကျန်းမာခြင်းလက်ဆောင်ထက် ကောင်းတဲ့ လက်ဆောင်မွန်ဆိုတာ မရှိဘူး မဟုတ်လား။    ။

ဧရာဝတီ

Thursday, August 29, 2013

ကိုယ်ဝန်ဆောင် မိန်းကလေးတို့ အကြောမပြတ် အလှကြွယ်စေရန်

Posted by drmyochit Thursday, August 29, 2013, under | No comments


ဒီအစားအသောက်တွေက သင်စားနေကျ အစာတွေပါပဲ။ ဒီအစာတွေကို စားတာကြောင့် သင်ထင်ထားတာထက် ကျန်းမာရေးနဲ့ ပိုညီညွတ်ကြောင်း လေ့လာမှုအသစ်တွေ အရ သိရပါတယ်။

ကိုယ်အလေးချိန် မြင့်တက်တာ၊ ရုတ်တရက် လျော့ကျတာ၊ သန္ဓေသား ကြီးထွားတာနဲ့ ဆွဲဆန့် လေ့ကျင့်ခန်းတွေ ပြုလုပ်တာကြောင့် အရေပြားမှာ အကြောပြတ်ရာတွေ ဖြစ်တတ်ပါတယ်။ အကြောပြတ်ရာက ကိုယ်ဝန်ဆောင်ချိန်မှာ အဖြစ်အများဆုံးပါ။ ကိုယ်ဝန်ဆောင်စဉ်မှာ ဗိုက်ထဲက သန္ဓေသားဟာ တဖြည်းဖြည်း ကြီးထွားလာတဲ့အတွက်အကြောပြတ်ရာတွေ ဖြစ်ပေါ်စေတာ ဖြစ်ပါတယ်။ အကြောပြတ်ရာတွေ မဖြစ်အောင် ကာကွယ်နိုင်ဖို့ အောက်ပါ နည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

ဗီတာမင်အီးအရေပြားရဲ့ တင်းအားကို ကောင်းမွန်အောင် ပြုလုပ်ရင်း အကြောပြတ်ရာ မဖြစ်အောင် ကာကွယ်နိုင်ဖို့ ဗီတာမင်အီးကို သုံးပါ။ ဗီတာမင်အီးကို ဆေးတောင့် အဖြစ် မှီဝဲနိုင်သလို လိုးရှင်းအဖြစ်၊ အဆီအဖြစ် အရေပြားပေါ် သုတ်လိမ်းနိုင်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း စစ်မှန်တဲ့ ဗီတာမင်အီးကို လိမ်းတာ အကောင်းဆုံးပါ။

အုန်းဆီ

အုန်းဆီကလည်း အကြောပြတ်ရာကို ကာကွယ်ပေးတဲ့ အဆီအဖြစ် လူသိများကြပါတယ်။ ဗီတာမင်အီးလိုပဲ အုန်းဆီဟာ အသားအရေကို အားဖြည့်ပေးပြီး အစိုဓာတ် ထိန်းပေးတဲ့အပြင် အရေပြား တင်းအားကို ကောင်းမွန်စေပါတယ်။ အုန်းဆီထဲကို လက်ဖက်ဆီ အစက် အနည်းငယ် ထည့်ပြီး လိမ်းရင် အာနိသင် ပိုကောင်းပါတယ်။

ကော်ဖီစေ့ကော်ဖီစေ့မှုန့်

ကော်ဖီစေ့ကော်ဖီစေ့မှုန့်တွေကလည်း အကြောပြတ်ရာ မဖြစ်အောင် ကာကွယ် ကုသပေးနိုင်ပါတယ်။ ကော်ဖီစေ့မှုန့်ကို ရှားစောင်းလက်ပပ် အနှစ် ဒါမှမဟုတ် သံလွင်ဆီ ရောပြီး အကြောပြတ်ရာ ဖြစ်နေတဲ့ အရေပြားကို လိမ်းပါ။ တစ်နေ့ မိနစ် ၂၀ ခန့် ထားပြီးမှ ကြက်သီးနွေးရေနဲ့ ညင်ညင်သာသာ ဆေးကြောပေးရပါမယ်။

ကြက်ဆူဆီ

ကြက်ဆူဆီဟာ အကြောပြတ်ရာကို ကာကွယ်ကုသပေးနိုင်တဲ့ အဆီဖြစ်ပါတယ်။ အကြောပြတ်ရာ ဖြစ်နေတဲ့ အရေပြားမှာ ကြက်ဆူဆီကို လိမ်းပြီး နှိပ်နယ်ပေးပါ။ အဆီက ပျစ်လွန်းရင် သံလွင်ဆီ ရောထည့်ပြီး ကျဲအောင် လုပ်ကာ လိမ်းပေးပါ။ နှိပ်နယ်ပြီး ၁၀-၂၀ မိနစ်ကြာ ထားလိုက်ရင် အရေပြားထဲကို အဆီ ထိုးဖောက် ၀င်ရောက် သွားစေပါတယ်။

Shea Butter

အသားအရေကို အစိုဓာတ် ထိန်းပေးနိုင်တဲ့ အဆီဖြစ်တာကြောင့် လိမ်းထားရင် ရေဓာတ် ပြည့်ဝနေစေပါတယ်။ Shea Butter ပါတဲ့ ခရင်မ်လိမ်းတာကြောင့် အရေပြားတင်းအားကို ကောင်းမွန်စေပြီး အကြောပြတ်ရာကို သက်သာစေပါတယ်။

ပြည်မြန်မာ

Wednesday, August 28, 2013

သွေးနှင့် ကင်ဆာရောဂါကြောင့် ကိုယ်ခံအား လျော့ကျသူများ ခိုချေးအနံ့ကို ရှောင်ရန်လို

Posted by drmyochit Wednesday, August 28, 2013, under | No comments

ရန်ကုန် ၊ သြဂုတ် ၂၆ ။           ။ သွေးရောဂါများနှင့် ကင်ဆာ ရောဂါ ကုထုံးများကြောင့် ကိုယ်ခံအား လျော့ကျ နေသူများ ခိုချေး အနံ့ကို အထူး သတိထား ရှောင်ကြဉ်ရမည် ဖြစ်ကြောင်း သွေးရောဂါ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ရဲမြက ပြောသည်။  သွေးဖြူဥ နည်းခြင်း၊ ချဉ်ဆီ အားနည်းခြင်းနှင့် ကင်ဆာ ကုထုံးများကြောင့် ကိုယ်ခံအား လျော့ကျ နေသော လူနာ များ၌  ကိုယ်ခံအား လျော့ကျ နေလေ့ ရှိရာ ခန္ဓာကိုယ် အတွင်း ပြင်ပမှ ပိုးများ ကူးစက်ရန် လွယ်ကူပြီး ပိုးကူး စက်ခြင်း ဖြင့် ရောဂါ အခြေအနေ ပိုမိုဆိုးရွား လာတတ် ကြောင်း၊ ခိုချေးကို ရှူရှိုက် မိပါက မှိုပိုး ကူးစက် နိုင်ခြင်း ကြောင့် အထူး ဂရုပြုရမည်ဖြစ် ကြောင်း သိရသည်။ ရောဂါပိုးများဟု ဆိုရာတွင် ဗက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ နှင့်မှိုပိုးများ ပါဝင်ပြီး မှိုပိုးမှာ အဆိုးဆုံး ဖြစ်ကြောင်း သိရသည်။

''အထူး သဖြင့်တော့ မှိုပိုးကို ဆရာတို့က ပိုကြောက်တယ်။ ကြောက်စရာ အကောင်း ဆုံးက ငှက်ချေးပဲ။ ငှက်ချေးထဲမှာမှ ကြောက်စရာ အကောင်း ဆုံးကတော့ ခိုချေးပဲ။ ခိုလောက် ကြောက်စရာ ကောင်းတာ မရှိဘူး။ ဘာလို့လဲ ဆိုတော့ ခိုချေးထဲမှာ မှိုပိုးတွေ ပိုများတယ်။ ခုခံအား ကျနေတဲ့ သူတွေ၊ သွေးဖြူဥ နည်းနေတဲ့ သူတွေ ခိုချေးရှူမိ ရင်တော့ မလွယ်ဘူး။ ရောဂါ ကူးစက်မှု ပိုလွယ် တာပေါ့'' ဟု ပါမောက္ခ ဦးရဲမြက ပြောသည်။ တစ်ကိုယ်ရည် သန့်ရှင်းရေးကို အထး ဂရုစိုက်ကြလေ့ ရှိသော်လည်း ယင်းသို့ ငှက်ချေးများမှ တစ်ဆင့် ကူးစက် နိုင်ခြင်းကို သတိ ပြုမိလေ့ မရှိကြဘဲ ခိုများမှာ နေရာ တကာတွင် ရှိနေပြီး လူ အများ အနေဖြင့်လည်း ထမင်းကျန် များကို ချကျွေးလေ့ ရှိခြင်းကြောင့် လူ့ ပတ်ဝန်း ကျင်တွင် အနီးစပ်ဆုံး အခြေ အနေ ဖြစ်ပြီး ဂရုပြုရန် လိုအပ်ကြောင်း သိရသည်။

''မှိုပိုး ဆိုတာ အမျှင်လေးတွေ အလုံး လေးတွေ၊ ကျွန်တော် တို့က အဲဒါကို ပိုကြောက်တယ်။ အထူး သဖြင့် ရာသီ ဥတု စိုထိုင်း နေတဲ့ အချိန် တွေမှာ ဆိုရင် မှိုပိုး တွေက ပိုကြိုက်တယ်။ ပိုပွား တယ်။ မိုးတွင်း မှာဆို အကျÐမှာ မှိုတက် တယ်။ အကျÐမှာ တက်တာ ကိစ္စ မရှိဘူး။ ခန္ဓာကိုယ် ထဲတွင် ပိုးဝင်ရင်တော့ ရောဂါပိုး တွေကို ဖျက်ဆီးရတာ သိပ်ခက်ခဲ ပါတယ်။ ဒီ လိုလူနာတွေ ကလဲ ရောဂါပိုး တစ်ခု ကူးစက် သွားရင် ပျောက်ဖို့မလွယ်တဲ့ အတွက် လိုက်နာ ရမယ့် အချက်တွေကို မိသားစု ဝင်တွေ ကပါ လိုက်နာ ဆောင်ရွက်ဖို့ လိုပါတယ်''ဟု သွေးရောဂါ အထူးကု ဆရာဝန်ကြီး ဦးရဲမြက ဆက်လက်ပြောသည်။

လူနာများ အနေဖြင့် ကိုယ်ခန္ဓာ အတွင်း ရောဂါပိုး ဝင်ရောက် နိုင်သော နေရာ များကိုလည်း သိရှိ ထားရန် လိုအပ်ကာ ယင်းတို့မှာ လက်နှင့် အရေပြား၊ အသက်ရှူလမ်းကြောင်း၊ အစာအိမ် အူလမ်းကြောင်း၊ ဆီးလမ်းကြောင်းတို့ ဖြစ်ကြောင်း သိရသည်။ လက်ဆေး ခြင်းဖြင့် ကာ ကွယ်ခြင်း၊ တစ်ကိုယ်ရည်နှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးဖြင့် ကာကွယ်ခြင်း၊ အစား အစာမှ တစ်ဆင့် ရောဂါပိုး မဝင်ရောက် စေရန် ကာကွယ်ခြင်းနှင့် လူနေ ထူထပ်သော နေရာ များကို ရှောင်ကြဉ်ခြင်းတို့ကို နည်းလမ်း တကျ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးတွင် သွေးကင်ဆာ ရောဂါဖြင့် ဆေးရုံသို့ လာရောက် ပြသသူ များမှာ တစ်နှစ်လျှင် ၁ဝဝ ခန့် ရှိနေကြောင်း သိရသည်။


ခင်သက်မွန်
Yangon Media Group

ခိုစာရောင်းချရာ နေရာတွင် ခိုများ ပျံဝဲနေစဉ်။ ဓာတ်ပုံ - ဖိုးသာထူး

Tuesday, August 27, 2013

လင်မယား ဆက်ဆံရေး မေးခွန်းနှစ်ခု

Posted by drmyochit Tuesday, August 27, 2013, under | No comments


မေး။ ။ ၁။ တစ်လင် တစ်မယားစနစ်ကို ကျင်သုံးတဲ့ ဇနီးမောင်နှံတို့အတွက် တစ်ဦးကိုတစ်ဦး လေချို သွေးခြင်းပာာ အန္တရာယ် ရှိနိုင်ပါသလားရှင်။ လေချိုသွေးတဲအခါမှာ စအို မပါပါဘူး ကျား၊ မ အင်္ဂါတို့ကို သာ လေချိုသွေးပါတယ်။ တကယ်လို့ အန္တရာယ် ရှိမယ်ဆို လေချိုမသွေးခင် အန္တရာယ် မရှိအောင် ဘာလုပ် သင့်ပါသလဲရှင်။ အန္တရာယ် ရှိမယ်ဆို ကျန်မာရေး ရုထောင်ကနေ ပြောပြပေးပါဆရာ။

၂။ (က) သာမန်ယောက်ျားတစ်ယောက်သည် သူ၏ မိန်းမနဲ့ တပတ်ကို အနည်းဆုံး ဘယ်နှစ်ကြိမ် ဆက်ဆံနိုင်ပါသလဲ။ ပျမ်းမျှအားဖြင့် သိလိုပါတယ်။ အသက်အရွယ်နဲ့ရော ဆိုင်နေပါသလား။ (ခ) တကယ်လို့ သာမန်ထက် နည်းပြီး ဆက်ဆံနိုင်တယ်ဆို ဘယ်လိုဆေးမျိုးကို သုံးစွဲသင့်ပါသလဲရှင်။ အားတိုးဆေး သောက်ခြင်းက များစေနိုင်ပါသလား။ ဖြေ။ ။ ဇနီးမောင်နှံ လိင်မဆက်ဆံခင် ကနဦး ကလူကျီစယ်ကြတာကို မေးတယ်လို့ ထင်ပါတယ်။ အမှန်က လိင်ဆက်ဆံတာမှာ အဆင့် ၃ ဆင့်လို့ သတ်မှတ်တာမို့ အခုပြောတာက ပဌမဆင့်၊ အင်္ဂလိပ်လို Foreplay လို့ ခေါ်ကြတယ်။

နှစ်ယောက်သားအကြားမှာ Intimate အလွန်ရင်နှီးမှုရှိလှတဲ့ Psychological စိတ်ပိုင်းရော Physically ရုပ်ပိုင်းပါ Intimate acts ပြုမူဆောင်ရွက်ကြတာတွေ ဖြစ်တယ်လို့ ဆိုလိုပါတယ်။ ဒီလိုလုပ်ကြတာရဲ့ ရည်ရွယ်ချက်ကတော့ Sexual activity လိင်မှုကိစ္စ္စ လုပ်ကြဘို့ နဲ့ Sexual arousal လိင်စိတ် ထကြွနိုးသန်လာစေဘို့ ဖြစ်တယ်။ တယောက်ကနေ စနိုင်တယ်။ နှစ်ဦးသား စိတ်တူကိုယ်တူ လုပ်နိုင်တယ်။ တဖက်လူကိုလဲ စိတ်ပါလာစေအောင်၊ ယုံကြည်မှုရစေအောင်၊ သက်တောင့် သက်သာ ရှိစေအောင် ဖြစ်စေနိုင်ပါတယ်။

တယောက်နဲ့ တယောက် မတူဘူးဆိုတာ ဒီနေရာမှာလဲ သိသာတယ်။ ရှက်သူ၊ ရှုတ်သူ၊ ကဲသူ၊ စိတ်နည်းသူ စတာမျိုး ရှိနိုင်တယ်။ နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာလဲ လူချင်း သိကာစ၊ ချစ်ခင်ကာစ၊ သိပ်ရင်းနှီးလွန်းနေပြီ၊ မူးနေကြတာ၊ လင်နဲ့ မယားဖြစ်သွားပြီ စတာမျိုးတွေ ရှိတယ်။ တယောက်ကနေ ဇွတ်ဆက်ဆံချင်တာလဲ ရှိမယ်။ Foreplay ကို အများအားဖြင့် မသိမသာကနေ စကြတယ်။ ပေါင်းဖက်တာ ကြာနေသူတွေဆိုရင် မျက်လုံးကြည့်တာနဲ့ အကဲခတ်တတ်ကြပြီ။

မေးထားတာမှာပါတဲ့ ကိုယ်ခန္ခာချင်း ထိစပ်မှုကိုသာ ရေးပါမယ်။ အရေပြားချင်း၊ ပါးစပ်-နှုတ်ခမ်းချင်း၊ ဒုတိယတန်းစား လိင်အင်္ဂါတွေခေါ်တဲ့ ရင်သား၊ တင်ပါး ဆီးစပ်နေရာ၊ ကိုယ်မွှေးချင်း၊ ထိကိုင်မှု၊ ပွတ်သပ်မှုတွေ အပြန်အလှန် လုပ်နိုင်တယ်။ ကျား-အင်္ဂါ၊ မ-အင်္ဂါချင်း ဆက်ဆံကြတော့မယ်။ ဘယ်ဟာ အရင်လဲ တသမတ်ထဲ မရှိဘူး။ နောက်ရောက် ပြီးလဲ ရှေ့ပြန်လာသေးတယ်။ တပြိုက်နက် လုပ်နိုင်တာကိုလဲ လုပ်တယ်။ တယောက်ထဲကဖြစ်ဖြစ်၊ တလှည့်စီဖြစ်ဖြစ်၊ ပြိုင်တူဖြစ်ဖြစ် လုပ်နိုင်တယ်။ Fantasies အဆန်းအပြား တွေလဲ ရှိတယ်။ Bondage အနှိပ်စက်ခံချင်-ပြုချင်တာမျိုးလဲ ရှိသေးတာဘဲ။ အစပျိုးနေတုံးမှာရော နောက်ပိုင်းမှာပါ လုပ်နိုင်ကြတယ်။

အသုံးပြုလေ့ရှိကြတဲ့ နေရာ၊ နည်းနာတွေနဲ့ဆိုင်တဲ့ ကျန်းမာရေး အကျိုး-အပြစ်တွေ ရေးထားပါတယ်။

- French kiss အနမ်း နဲ့ ကျန်းမာရေး
- Oral practice ဆက်ဆံရာတွင် ပါးစပ်ကို အသုံးပြုခြင်း
- Anal practice ဆက်ဆံရာမှာ စအိုကို အသုံးပြုခြင်း
- Anal Practice Q and A စအိုကိုအသုံးပြုခြင်း အမေး-အဖြေများ
- Sexually Transmitted Diseases (STDs) လိင်မှတဆင့် ကူးစက်သော ရောဂါများ

၂။ (က) သာမန် ယောက်ျား တစ်ယောက်သည် သူ၏ မိန်းမနဲ့ တပတ်ကို အနည်းဆုံး ဘယ်နှစ်ကြိပ် ဆက်ဆံနိုင်ပါသလဲ။ ပျမ်းမျှ အားဖြင့် သိလိုပါတယ်။ အသက်အရွယ်နဲ့ရော ဆိုင်နေပါသလား။
တခါက မိန်းကလေးတယောက် အလုပ်လျှောက်တယ်။ ပုံစံမှာ ဖြည့်ရတာပေါ့။ Name နာမည်၊ Age အသက် ပြီးတော့ Sex လာတယ်။ မိန်းကလေး ပြန်တွေးပြီးမှ ရေးချလိုက်တာက Twice a week တပါတ် ၂ ကြိမ်။

လိင်ဆက်ဆံတဲ့ အကြိမ်အရေအတွက်ကို ဆရာဝန်အနေနဲ့ ပြောဘို့ အကိုးအကားရှာရင် (အွန်လိုင်း) မှာ တယောက် တမျိုး ကိုယ့်အတွေ့၊ ကိုယ့်အတွေးတွေသာ ရေးကြတာများတယ်။ တကဲ့သုတေသန နည်းတယ်။ သူများဆီက သုတတွေသာ ရေးနိုင်ပါတယ်။ “ရွှေ” တွေမှာလဲ ထူးခြားမယ် ထင်ရပါတယ်။ နောင်မှာ Online မေးခွန်းတွေကို လေ့လာမှုပြုပြီး စစ်တမ်း တခု ထွက်လာနိုင်မလား မသိဘူး။

Durex (ဂျူးရက်စ်) လေ့လာဆန်းစစ်မှုရဲ့ ၂ဝဝ၁ Sexual Satisfaction လိင်မှုရေးရာ ကျေနပ်မှု စာရင်းဇယားတခုမှာ ဒီလိုပါရှိပါတယ်။

• တနှစ်မှာ အမေရိကန်တွေက (၁၃၂) ကြိမ်၊ ရုရှား (၁၂၂) ကြိမ်၊ ပြင်သစ်တွေက (၁၂၁) ကြိမ်၊ ဂရိစ်တွေက (၁၁၅) ကြိမ် လိင်ဆက်ဆံကြတယ်။

• အနည်းဆုံးနိုင်ငံတွေက တရုတ် (၆၉) ကြိမ်၊ မလေးရှား (၆၂) ကြိမ်၊ ဂျပန် (၃၇) ကြိမ် လိင်ဆက်ဆံကြတယ်။

• Living together လက်မထပ်ဘဲ အတူနေ အတွဲတွေက တနှစ်မှာ ၁၄၆ ကြိမ် လိင်ဆက်ဆံကြတယ်။
• Marriage လက်ထပ်တဲ့ အတွဲတွေက (၉၈) ကြိမ် လိင်ဆက်ဆံကြတယ်။
• Singles တကိုယ်တော်သမားတွေက (၄၉) ကြိမ် လိင်ဆက်ဆံကြတယ်။
• နေ့တိုင်း လိင်ဆက်ဆံသူ ၄% ရှိတယ်။
• ၅၇% က ၇ ရက်တပါတ် ၁ ကြိမ် လိင်ဆက်ဆံကြတယ်။
• အပြင်ထွက် အတူလည်သူ အတွဲတွေဟာ လိင်အတွက် မဟုတ်တာများတယ်။
• ၂၂% က Peers အဖေါ်တယောက်ယောက်နဲ့ လိင်ဆက်ဆံကြတယ်။
• ၁၉% က Partner အတူနေဖေါ်နဲ့ လိင်ဆက်ဆံကြတယ်။
• ၁ဝ% က လိင်ကိစ္စ မပါကြဘူး။
Durex Survey ၂ဝဝ၃ လေ့လာမှုအရ -
• လေ့လာသူတွေမှာ ပျမ်းမျှ ၁ နှစ်မှာ ၁၂၇ ကြိမ် လိင်ဆက်ဆံမှုပြုကြတယ်။
• လူမျိုးအရ ပြောရရင် အမေရိကန်တွေဟာ တနှစ်မှာ ၁၁၈ ကြိမ် ဆက်ဆံကြတယ်။ ဆွီဒင် (၁ဝ၂) ကြိမ်၊ မလေးရှား (၁ဝဝ) ကြိမ်၊ စင်္ကာပူ (၉၆) ကြိမ်သာ ဆက်ဆံကြတယ်။
• လေ့လာသူတွေထဲက ၃ ပုံ ၁ ပုံက လိင်ကိစ္စ ကျေနပ်မှု ရကြတယ်။
• အရှေ့ဥရောပနိုင်ငံက အတွဲတွေက ပိုပြီး တက်ကြွမှု ရှိကြတယ်။ တနှစ်မှာ အကြိမ် ၁၅ဝ ဆက်ဆံတယ်။
• ၄၅% ဟာ One night stand အဖေါ်တယောက်ကို တညတာ ပျော်ပါးသူတွေ ဖြစ်ကြတယ်။
• ထိုင်း၊ တရုတ် နဲ့ ဗီယက်နမ် နိုင်ငံက အတွဲတွေဟာ ရောင့်ရဲမှု ရှိသူတွေဖြစ်တယ်။
• ဖင်လန် နဲ့ ရုရှားတွေက မပျော်ရဆုံးလူတွေ ဖြစ်တယ်။
• ၄၈% အမျိုးသမီးတွေက Fake orgasm (အောဂဇင်) အတုလုပ်တယ်။
• နာမည်ကြီး ယောက်ျားတွေထဲက David Beckham, George Clooney and Ben Affleck တို့နဲ့ မင်းသမီးထဲက Jennifer Lopez, Catherine Zeta Jones, Halle Berry and Britney Spears တို့ကို Sexy (ဆက်ဆီ) အဖြစ်ဆုံးတွေလို့ ရွေးတယ်။
Durex Survey ၂ဝ၁ဝ လေ့လာမှုအရ -
• ၄၄% အတွဲတွေက လိင်ပိုင်းဆိုင်ရာ ကျေနပ်မှုရကြတယ်။
• ၄၈% က Orgasm (အော်ဂဇင်) ရလေ့ရှိကြတယ်။
• ယောက်ျားတွေက ၆၄% နဲ့ မိန်းမတွေထက် နှစ်ဆ Orgasms (အော်ဂဇင်) ရကြတယ်။
• အသက် ၆၅ နှစ် ကျော်ပေမဲ့လဲ တပါတ် အနည်းဆုံး ၁ ကြိမ် လိင်ဆက်ဆံကြတယ်။
• Mutual respect အပြန်အလှန် လေးစာမှု ရှိကြတာဟာ လိင်ကိစ္စ ကျေနပ်မှုရစေဘို့ရာ အလွန်အရေး ပါတယ်။
• ကျေနပ်တယ်လို့ ဆိုသူတွေထဲက ၈၂% က အဲလို လေးစားသမှုရှိတာကို ထုတ်ပြောတယ်။
• ၃၉% ဟာ Love and romance ချစ်မေတ္ကာနဲ့ စိတ်ကူးယဉ်မှုရတာမျိုး ပိုတောင့်တကြတယ်။
• ၃၆% ဟာ Quality time အရည်အသွေးပါတဲ့ ကျနပ်မှုကို လိုလားတယ်။
• ၃၁% ဟာ Fun အပျော်သဘော နဲ့ ဆက်ဆံရေးကောင်းတာကို ပိုလိုလားပြီး၊
• ၂၉% ဟာ Sex drive လိင်စိတ်တွန်းအား ပိုလိုချင်ကြတယ်။
• ၃၇% ဟာ စိတ်ဖိစီးမှု သက်သာသွားတယ်၊ အားကုန်သွားတယ်လို့ ခံစားရတယ်။

အမေရိကန် (အင်ဒီယားနာ) မှာ ရှိတဲ့ National Survey of Sexual Health and Behavior (NSSHB) နဲ့ Center for Sexual Health Promotion at Indiana University’s School of Health, Physical Education and Recreation တို့ ပူးတွဲပြီး ကျယ်ပြန့်တဲ့ လေ့လာမှုတခုကို အသက် ၁၄ နှစ်ကနေ ၉၄ အထိရှိတဲ့ ၅၈၆၅ ယောက်ကို ဆယ်စုနှစ် နှစ်ခုတွက် လုပ်ခဲ့တယ်။

• (ဗဂျိုင်းနာ) ကို လိင်ဆက်မှုပြုတာတွေထဲက ၄ ပုံ ၁ ပုံ ကသာ (ကွန်ဒွမ်) သုံးတယ်။ တကိုယ်တော်သမား ထဲက ၃ ပုံ ၁ ပုံ (ကွန်ဒွမ်) သုံးတယ်။
• (ကွန်ဒွမ်) သုံးစွဲမှု တက်လာပေမဲ့ အများကြီးလိုသေးတယ်။ အဖြူမဟုတ်သူတွေက ပိုသုံးလာကြတယ်။
• လူအတော်များများ သူများတွေရဲ့ လိင်မှုအရေးကို စိတ်ဝင်စားကြတာလဲ တွေ့ရတယ်။
• ချိန်းတွေ့ပြီး အတူနေသူတွေဟာ ဆက်ဆံတာကို တမျိုးမက လုပ်ဆောင်ကြတယ်။ (ဗဂျိုင်းနား) ကို အများဆုံး အသုံးပြုတာ ဖြစ်ပေမဲ့ အဖေါ်နဲ့ (မာစတာဘေးရှင်း) လုပ်တာ၊ (အိုရယ်) ပါးစပ်အသုံးပြုတာ တွေကိုပါ တွဲကြတယ်။
• အသက်ငယ်ရွယ်သူတွေ ပိုလုပ်လာနေတာ တွေ့လာရတယ်။
• ယောက်ျားတွေက သူတို့အဖေါ် မိန်းမတွေမှာ Orgasm (အော်ဂဇင်) ရပါတယ်လို့ ၈၅% က ပြောတယ်။
• မိန်းမတွေကနေပြောတာက ၆၄% မှာ Orgasm (အော်ဂဇင်) ရတယ်။
• ယောက်ျားတွေက (ဗဂျိုင်းနား) ကို အသုံးပြုတာကနေ အများဆုံး (အော်ဂဇင်) ရကြတယ်။
• မိန်းမတွေက (အိုရယ်လ်) နည်းပါတွဲတာက ပိုပြီး (အော်ဂဇင်) ရကြတယ်။
• မိန်းမ ၇% နဲ့ ယောက်ျား ၈% တို့ဟာ Gay, Lesbian or Bisexual လိင်တူ ဒါမှမဟုတ် လိင်နှစ်မျိုးလုံး သုံးသူတွေ ဖြစ်ကြတယ်။
• ၁၇ နှစ်အရွယ် ယောက်ျားလေး ၄ဝ% ဟာ လွန်ခဲ့တဲ့ တနှစ်အတွင်း လိင်ဆက်ဆံခဲ့ကြတယ်။
• ၁၇ နှစ်အရွယ် မိန်းကလေး ၂၇% ဟာ လွန်ခဲ့တဲ့ ရက် ၉ဝ အတွင်းမှာ လိင်ဆက်ဆံခဲ့ကြတယ်။

(ခ) တကယ်လို့ သာမန်ထက် နည်းပြီး ဆက်ဆံနိုင်တယ်ဆို ဘယ်လို ဆေးမျိုးကို သုံးစွဲသင့်ပါသလဲရှင်။ အားတိုးဆေး သောက်ခြင်းက များစေနိုင်ပါသလား။
ဖတ်စရာတွေ ရေးထားပါတယ်။

- Libido ဟိုစိတ်-ဒီစိတ်
- Sex helps elderly women age gracefully (ဆက်က်စ်) ဟာ အမျိုးသမီးတွေကို အရွယ်မငယ်ပေမဲ့လဲ ကြက်သရေ ရှိနေစေတယ်
- Flibanserin Boosts Sex Life of Low-Libido Women အမျိုးသမီးတွေ လိင်စိတ်ကဲစေတဲ့ဆေး
- Women need to chat to pep up libido စိတ်နည်းနေသည့် အမျိုးသမီးများ ဆရာဝန်နှင့် စကားပြောပါ။
- Female Libido အမျိုးသမီး “စိတ်” နည်းနေခြင်း
- Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည်
- Aphrodisiac လိင်စိတ်အားပေး အစာနဲ့ ဆေးများ ဖြစ်ပါတယ်။
- Flibanserin Boosts Sex Life of Low-Libido Women အမျိုးသမီးတွေ လိင်စိတ်ကဲစေတဲ့ဆေး
ချုပ်လိုက်ရင် အကြိမ်ရေ အကန့်အသတ် မရှိပါ။ အသက်အကန့်အသတ် မရှိပါ။ လင်နဲ့မယား အရွယ်၊ အလေ့အထ တူသူတွေ ညားကြရင် အကောင်းဆုံး ဖြစ်တယ်။ အားနည်းနေသူကို အားကူပေးနိုင်တယ်။ နားလည်မှုရှိရင် အိမ်ထောင်ရေး ပြဿနာကို ရှောင်နိုင်မယ်။ ဖေါက်ပြန်တယ်ဆိုတာ အလိုဆန္ဒကဲလို့ ဖြစ်နိုင်သလို အကျင့် မကောင်းလို့လဲ ဖြစ်သေးတယ်။ မျိုးရိုးနဲ့ ဆိုင်တယ်လို့လဲ ပြောနိုင်တာတွေ ရှိတယ်။ ပတ်ဝန်းကျင် စေ့ဆော်မှုတွေကလဲ သက်ရောက်တယ်။ ဆေးနဲ့ ကုစားလို့ ရတာတွေ ရှိသလို လိင်ဆေး ပညာရှင်နဲ့ တိုင်ပင်ရမှာလဲရှိမယ်။

By ဒေါက်တာတင့်ဆွေ

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်