Sunday, August 12, 2012

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ယနေ့တွေ့ဆုံ

Posted by drmyochit Sunday, August 12, 2012, under | No comments

 
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦသိန်းစိန် ယမန်နှစ် သြဂုတ်လအတွင်းက တွေ့ဆုံစဉ် (ဓာတ်ပုံ - AP)
သမ္မတ ဦးသိန်းစိန်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ သြဂုတ်လ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြောင်း သတင်းရ ပါတယ်။


အခု တခေါက်တွေ့ဆုံမှုဟာ တတိယ အကြိမ်လည်းဖြစ်ပါတယ်။ အခုလိုတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး အသေးစိပ် ဘာတွေ ဆွေး နွေးကြတယ်ဆိုတာတော့ မသိရှိရသေးပါဘူး။

အခုလို တွေ့ဆုံမှုဟာ လွှတ်တော်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာသေးမီကပဲ လွှတ်တော်တွင်းမှာ တ ရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌလည်းဖြစ်လာတဲ့ အတွက် လတ်တလော ရခိုင်အ ရေးဖြစ်နိုင်တယ်လို့ နေပြည်တော် သတင်းရပ်ကွက်တွေက ဆိုပါတယ်။

ရခိုင် ပြည်နယ် ပဋိပက္ခ အမြန်ဆုံး တည်ငြိမ် အေးချမ်းမှု ရရေး အားလုံးနဲ့ လက်တွဲပူးပေါင်းပြီး ဖြေရှင်းနိုင် ဖို့ ဆွေး နွေးတာဖြစ်နိုင် တယ်လို့ သူတို့က ဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် နေပြည်တော် သမ္မတ ရုံးခန်းမှာ တနာရီ ကျော် တွေ့ဆုံခဲ့ပါသေးတယ်။ ဒီအပြင် ယမန်နှစ် သြဂုတ်လ ၁၉ ရက်ကလည်း ပထမ အကြိမ် တွေ့ဆုံခဲ့ ပါ သေး တယ်။

ရန်ကုန် အမှိုက်များမှ လျှပ်စစ်ဓါတ်အား ထုတ်ရန် စီစဉ်

Posted by drmyochit Sunday, August 12, 2012, under | No comments

ရန်ကုန် (မဇ္ဈိမ)။   ။ ရန်ကုန်မြို့မှ အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်၍ ထွက်ရှိလာသည့် အမှိုက်အစို တန်ချိန် ၆၀၀ ဖြင့်  နေ့စဉ် လျှပ်စစ် ဓါတ်အား ထုတ်ရန် စီစဉ်နေကြောင်း မြို့တော် စည်ပင် ယာရေးကော်မီ က ပြောသည်။
“အဲဒီအမှိုက်တွေကို မီးရှိုပြီး လျှပ်စစ်ထုတ်ဖို့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ အခြေစိုက် Nedo အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်” ဟု ကော်မတီ၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှူး ဦးသန်းလွင်ဦး က ပြော သည်။


အမှိုက်များကို မြေကြီးပေါ် စွန့်ပစ် စုပုံထားလိုက်ရာမှ ထွက်ရှိလာသည့် ဓါတ်ငွေ့များကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု မဖြစ် ရန်မှာ ယင်းစီမံကိန်း၏ ရည်ရွယ်ချက်တခု ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဆိုပါ လျှပ်စစ်ဓါတ်အားပေး စက်ရုံ တည်ဆောက်ရေး ကုန်ကျစရိတ်အားလုံးကို ဂျပန်အဖွဲ့က ထည့်ဝင် လှူဒါန်း သွားမည်ပြီး ဓါတ်အား ၄ ဒဿမ ၅ မဂ္ဂါဝပ် ထွက်ရှိမည်ဟု ပြောသည်။ စက်ရုံ တည်ဆောက် ရန် ဒဂုံမြို့သစ် မြောက် ပိုင်းမြို့နယ်ရှိ ထားဝယ်ချောင် သုသာန်အနီးတွင် မြေနေရာ ရွေးချယ်ထားပြီး ဖြစ်သည်။

“အဲဒီလို လုပ်ခြင်းအားဖြင့် အမှိုက်ပုံတွေက ထွက်မယ့် ကာဗွန်ဒိုင်အောက်ဆိုက်တွေ၊ မီသိန်းဓါတ်ငွေ့ တွေ လေထု ထဲရောက် ရှိမှု လျော့ကျသွားနိုင်တယ်” ဟု ဌာနမှူးက ပြောသည်။

လျှပ်စစ်ဓါတ်အား၏ ၂၀ ရာခိုင်နှုန်းကို စက်ရုံအတွက် ပြန်လည်အသုံးပြုမည် ဖြစ်ကာ ကျန် ၈၀ ရာခိုင်နှုန်းအား စည်ပင်မှ ပိုင်ဆိုင်မည်ဖြစ်၍ စက်မှုဇုန်များနှင့် အများပြည်သူထံ ပြန်လည်ရောင်းချရန် အစီအစဉ်များရှိသည်ဟု ဦးသန်းလွင်ဦး က ပြောသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်တမ်းတခုအရ ရန်ကုန်မြို့၌ တနေ့လျှင် အမှိုက် တန်ချိန် ၁,၇၀၀ ခန့် ထွက်ရှိ နေသော်လည်း စည်ပင်ကော်မတီက တနေ့လျှင် အမှိုက်တန်ချိန် ၁,၅၀၀ ခန့်သာ နေ့စဉ် သိမ်းဆည်းပေးနိုင်ကြောင်း ဌာ နမှူးက ပြောသည်။

အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြားစွန့်ပစ်ရသည့် စနစ်ကို မြို့တော်စည်ပင်သာယာရေး ကော်မတီက ဧပြီလ ၁ ရက်နေ့မှ စတင်ကျင့်သုံးခဲ့ခြင်းဖြစ်ကာ အမှိုက်စိုများ ဖြစ်သည့် မီးဖိုချောင်ထွက် စားကြွင်းစားကျန် စွန့်ပစ်ပစ္စည်းများကို အိတ် အပြာရောင် ဖြင့်လည်းကောင်း၊ ပလတ်စတစ်၊ ကော်ဗူး၊ မီးကြိုး အစရှိသည်တို့ကို အိတ်အစိမ်းရောင် ဖြင့်လည်းကောင်း စွန့်ပစ်ရန် သတ်မှတ်ထားရှိသည်။

သတ်မှတ်အိတ်များဖြင့် စွန့်ပစ်ရန် ၁၆ လက်မ x ၃၂ လက်မ အရွယ် တအိတ်ကို ၅၅ ကျပ်၊ ၁၂ လက်မ x ၂၅ လက်မ တအိတ်ကို ၁၅ ကျပ်ဖြင့်သာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။

ယခုလက်ရှိတွင် ရန်ကုန်မြို့၏ အမှိုက်သိမ်းစနစ်အား ခေါင်းလောင်းတီးအမှိုက်သိမ်း စနစ်နှင့် အမှိုက်ကန်များဖြင့် အမှိုက်သိမ်းနည်းစနစ်တို့ဖြင့် သိမ်းဆည်းလျက်ရှိကာ အမှိုက်ကား စီးရေ ၂၈၉ စီးနှင့် အမှိုက်သိမ်း နေ့စားဝန်ထမ်း ၃,၈၅၅ ဦးဖြင့် လုပ်ဆောင် လျက်ရှိသည်။

ရန်ကုန်မြို့တွင်း စွန့်ပစ်၍ ထွက်ရှိလာသည့် အမှိုက်များကို စည်ပင်က လှိုင်သာယာရှိ ထိန်ပင်သုသာန်သို့ တန် ၁,၀၀၀၊ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်ရှိ ထားဝယ်ချောင် သုသာန်သို့ တန် ၆၀၀ ကျော် နေ့စဉ် ကျင်းတူးစွန့်ပစ်လျက်ရှိသည်။

ဒလ၊ မြောက်ဒဂုံ၊ ရွေပြည်သာ မြို့နယ်များတွင် အမှိုက်ပုံမည့်နေရာများ တိုးချဲ့၍ စွန့်ပစ်သွားမည်ဟု သိရသည်။ဧပြီလ ၁ ရက်နေ့က စတင်အကောင်အထည်ဖော်ခဲ့သော အမှိုက်စို၊ အမှိုက်ခြောက် ခွဲခြား စွန့်ပစ်သည့် စနစ်သည် ဇူလိုင်လအထိ လေးလတာ ကာလအတွင်း လူထုပါဝင်မှု ၄၀ ရာခိုင်နှုန်း အောင်မြင်မှုရှိကာ ခြောက်လ ပြည့်သည်နှင့် ၅၀ ရာခိုင်နှုန်း အောင်မြင်မည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ မျှော်မှန်းထားသည်။

စက်တင်္ဘာ လဆန်းမှစ၍ အစိုအခြောက် ခွဲမပစ်သူများကို တဦးလျှင် ကျပ် ၁၀,၀၀၀ ဒဏ်တပ်မည်ဟု ဌာန မှူးက ပြောသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း သန့်ရှင်းရေးဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်ရန် အတွက် ငွေကျပ်သိန်းပေါင်း ၅၆, ၀၀၀ ကျော် သုံးရန် စည်ပင်မှ လျာထာချက်း ရှိကြောင်း သိရှိရသည်။

Facebook အကောင့် ၈၃ သန်းမှာ အတုအယောင် တည်ရှိနေခြင်းဖြစ်ကြောင်း ကုမ္ပဏီမှထုတ်ပြန်

Posted by drmyochit Sunday, August 12, 2012, under | No comments



From : The IT Times Journal
လူသုံးအများဆုံး လူမှုကွန်ရက်ဖြစ်သည့် Facebook သည် ယခုအခါ အသုံးပြုသူဦးရေ ၉၉၅ သန်းအထိ မြင့်မား လာခဲ့သော်လည်း ထိုအထဲမှ ၈၃ သန်းမှာ အသုံးပြုသူများ ရှိနေခြင်းမဟုတ်ဘဲ အကောင့်သာ ပြုလုပ်ထားသည့် အတု အယောင် တည်ရှိမှုများ ဖြစ်ကြောင်း ကုမ္ပဏီမှ အတည်ပြုထုတ်ပြန် ကြောညာလိုက်သည်။ ထိုပမာဏမှာ လက်ရှိ Facebook အသုံးပြုသူ၏ ၈ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပြီး အသုံးပြုသူတစ်ဦးလျှင် အကောင့်များစွာ ရှိနိုင်သည့်နည်းတူ အိမ်မွေးတိရစ္ဆာန် ချစ်ကြသည့် အချို့ Facebook အသုံးပြုသူများက ၎င်းတို့ တိရစ္ဆာန်လေးများ၏ အမည်ကို အကောင့်ြ ပုလုပ်ထားကြကြောင်း တွေ့ရှိရသည်။ အတုအယောင် အကောင့်များကို အုပ်စုခွဲခြားရာတွင် သုံးမျိုးထွက်ပေါ်လာပြီး ၎င်းတို့ထဲတွင် အများဆုံးမှာ လူတစ်ဦးတည်းက အကောင့်နှစ်ခုပြုလုပ် သုံးစွဲနေခြင်းပင်ဖြစ်သည်။
ပြီးခဲ့သည့်လက ကမာကျော် သတင်းဌာနတစ်ခုဖြစ်သည့် BBC မှ Facebook အသုံးပြုသူများနှင့် ပတ်သက်၍ စုံစမ်း ထောက်လှမ်းမှုတစ်ခု ပြုလုပ်ရာတွင် အတုအယောင် အကောင့်များ တည်ရှိနေခြင်းက Facebook ၏ ကြော်ငြာ စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်၍ Facebook က တစ်စုံတစ်ရာ ငြင်းဆိုခြင်း မပြုလုပ်ခဲ့သော်လည်း ထိုသို့တည်ရှိခြင်းသည် ကြော်ငြာရှင်များအား အနှောင့်အယှက် ဖြစ်စေနိုင်သည်ဆိုသည့် အချက်ကို ငြင်းပယ်ခဲ့သည်။ ပြီးခဲ့သည့်လက Facebook ၏ ရှယ်ယာတန်ဖိုးများသည် ကျဆင်းခဲ့ရပြီး ကြော်ငြာဝင်ငွေနှင့် ပတ်သက်၍ ထိခိုက်မှုအနည်းငယ် ရှိခဲ့သည်။ ၂၀၀၄ ခုနှစ်မှစတင်၍ လူမှုကွန်ရက်ဝက်ဘ်ဆိုက်အဖြစ် နာမည်ကြီးလာခဲ့သည့် Facebook သည် ၂၀၁၁ ခုနှစ်အကုန်တွင် အအောင်မြင်ဆုံး အွန်လိုင်းဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်ခဲ့ပြီး လူသုံးစွဲမှုမြင့်မားခြင်းတွင် တိုးတက်မှုအမြန်ဆုံး ဝက်ဘ်ဆိုက်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ Facebook ကုမ္ပဏီ၏ ထုတ်ပြန်မှုတွင် အသုံးပြုသူ တစ်ဦးချင်းစီက အလုပ်အကိုင်နှင့် ပတ်သက်၍ အကောင့်ဖွင့်ခြင်း၊ အဖွဲ့အစည်းနှင့် ပတ်သက်၍ အကောင့်ဖွင့်ခြင်းတို့ကို ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရသည်။

လူ့သမိုင်းအကြို သတ္တဝါ တစ်မျိုး၏ ရုပ်ကြွင်းတွေ့ရှိ

Posted by drmyochit Sunday, August 12, 2012, under | No comments

From : .MRTV4
နိုင်ငံတကာမှ သုတေသန ပညာရှင်များ ပါဝင်သည့် အဖွဲ့ တစ်ခုမှာ လူ့သမိုင်း အကြို သတ္တဝါ မျိုးစိတ် ၂ မျိုးတို့မှာ အာဖ ရိက တိုက်တွင် လွန်ခဲ့သည့်နှစ် ၂ သန်းခန့်က နေထိုင်ခဲ့ကြသည်ကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။ အမေရိကန် ၊ ဂျာမန်နှင့် ဗြိတိန် နိုင်ငံသား လူသားဆင့်ကဲ ပြောင်းလဲ ဖြစ်တည်မှု ဗေဒ ပညာရှင်များမှ ယခုလို တွေ့ရှိခဲ့ခြင်း ဖြစ်ကာ ဗုဒ္ဓဟူး နေ့က ဗြိတိန် သိပ္ပံ မဂ္ဂဇင်း ဖြစ်သည့် Nature တွင် ရေးသား ဖော်ပြခဲ့သည်။
၎င်းတို့အဖွဲ့မှာ အဆိုပါ လူသားများ၏ သွားရိုး ကျောက်ဖြစ်ရုပ်ကြွင်း ၃ ခုကို ကင်ညာနိုင်ငံ မြောက်ပိုင်းတွင် တွေ့ခဲ့ ရပြီးနောက် ယခုလို ရေးသားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အရိုးများမှာ သိပ္ပံအခေါ် Homo erectus ခေါ် ရှေးလူသားများ၏ အရိုးစု ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။ လေ့လာချက်များ အရ အဆိုပါ အရိုးထဲမှ ၂ ခုမှာ အစောပိုင်း Homo များထံမှ ဖြစ်ပြီး လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁.၉၅ သန်းမှ ၁.၇၈ သန်းကြားတွင် ဖြစ်နိုင်ကြောင်း ဖော်ပြသည်။ ယခုလို တွေ့ရှိချက်ကြောင့် သမိုင်းဦး အကြို လူသားများမှာ အချင်းချင်း ကပ်ရက် နေထိုင်ခဲ့ပုံရကြောင်းလည်း ပြောကြားခဲ့သည်။ ယခုလို တွေ့ရှိမှုကြောင့် လူသားများ အကြား ဆင့်ကဲ ပြောင်းလဲမှု ဖြစ်စဉ်ကို ပိုမို သိရှိစေနိုင်မည် ဖြစ်ကြောင်း NHK သတင်းတွင် ဖော်ပြသွားခဲ့သည်။

ဘာကွာတာမှတ်လို့

Posted by drmyochit Sunday, August 12, 2012, under | No comments

နိုင်ငံတော်သမ်မတ ဦးသိန်းစိန် ဓာတ်ပုံမှတ်တမ်းများ

Posted by drmyochit Sunday, August 12, 2012, under | No comments


“ရခိုင်၌ ရဲစခန်း ၃ဝ ယခုနှစ် ထပ်မံဖွင့်မည်”

Posted by drmyochit Sunday, August 12, 2012, under | No comments


ရခိုင်ပြည်နယ်တွင် ရဲစခန်း ၃ဝ ကို ယခုနှစ် အတွင်း ထပ်မံ ဖွင့်လှစ်သွားနိုင်ရန် ပြည်ထဲရေး ဝန်ကြီး ဌာနက စီမံဆောင်ရွက်လျက် ရှိနေကြောင်း သိရသည်။ရခိုင်ပြည်နယ်၌ လက်ရှိ ရဲစခန်း ၇၅ ခု ရှိသည်။ ထိုထဲမှ စခန်း ၈ ခုကိုလည်း အဆင့်မြှင့် တင်ခြင်း ဆောင်ရွက်သွားမည် ဟု ပြည်ထဲရေး ဝန်ကြီး ဌာန မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ သိရ သည်။
ဦးစီး (၅) မှ တာဝန်ရှိသူ တစ်ဦးက ”ရခိုင်ပြည်နယ်ကို အခု စာပို့ ထားပြီးပါပြီ။ လုပ်ထုံး၊ လုပ်နည်း တွေအရ အဆင့်ဆင့် တင်ပြပြီး ရရှိတာနဲ့ တစ်ပြိုင်နက် အမိန့် ထုတ်ပြန်ပြီး ဖွင့်လှစ်သွား နိုင်မှာပါ” ဟု ပြောသည်။
ရဲစခန်း အသစ် ၃ဝ တိုး ချဲ့ရန်နှင့် စခန်းရှစ်ခု အဆင့်တိုးမြှင့်ရန် အသုံးစရိတ်များ ရေးဆွဲနေပြီး စီမံ/စီးပွား အစရှိသော သက်ဆိုင်ရာ ဝန်ကြီး ဌာနတို့၏ တွက် ချက် မှု၊ နိုင်ငံတော် သမ္မတရုံးတို့၏ ခွင့်ပြုမိန့် များဖြင့် ဆက်လက် ဆောင်ရွက် သွားမည်ဟု၎င်းကပြောသည်။
”စခန်းအသစ် ဖွင့်တာနဲ့ အဆင့် တိုးမြှင့်တာ တို့ကို အမြန်ဆုံး လုပ်သွားမှာပါ။ မကြာပါဘူး။ ဒီ နှစ်အထဲ ဖြစ်သွားမှာပါ” ဟု တာဝန်ရှိသူက ဆက်လက်ပြော သည်။ဧရိယာ အကျယ်အဝန်းနှင့် လူဦးရေ အချိုးအစားပေါ် မူတည်၍ သတ်မှတ် ထားသည့် စခန်း အဆင့် ၅ ဆင့်အရ ရဲစခန်းများ ဖွင့်လှစ် ထားရှိကြောင်း၊ တိုးတက်လာ သည့် လူဦးရေနှင့် များပြားလာသည့် မှုခင်းပိုင်းပေါ် အခြေပြုကာ လိုအပ်ပါက စခန်းများ၏ ရှိပြီး အဆင့်ကို တိုးချဲ့ရပါကြောင်း ပြည်ထဲရေး ဝန် ကြီးဌာနစာရင်းများအရသိရသည်။
အခြေခံ သတ်မှတ်မှု အရ ရဲ စခန်းတစ်ခုလျှင် အနည်းဆုံး ၁၈ ဦးမှ အများဆုံး ၆၉ ဦး တာဝန် ချထားပေးပြီး အဆင့် (ဃ) တွင် တာဝန် ချထားသည့် ရဲ ၃၆ ဦးရှိ သည် ဟု သိရသည်။ဇွန်လက ရခိုင်ပြည်နယ်၌ ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး လူ အသေအပျောက် ရှိခဲ့ရာ အုပ်ချုပ်ရေး တံတိုင်းအဖြစ် မောင်တော ခရိုင်ကို ဌာနဆိုင်ရာများ က ဖွဲ့စည်းပုံ အင်အား အပြည့်ဖြင့် ခန့်အပ်ရန် စီစဉ်နေကြောင်းနှင့် မြို့နယ်များတွင် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကျေးရွာများ၌ ရဲတပ်ဖွဲ့နှင့် ပြည်သူများ ပူးပေါင်းကာ လုံခြုံရေး အစီအမံများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

သတိထားရမည့် အမေရိကန်၏ချေလှမ်းများ (၈၈နဲ့ အမေရိကန်ဆိုင်သလား?)

Posted by drmyochit Sunday, August 12, 2012, under | No comments

 
အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ ရန်ကုန်မြို့၌ရောက်ရှိနေသော Rep.David Dreier(R-CA) (Chairman of the House Committee on Rules) Mr. Barry Jackson (Senior Counselor to the Speaker of the House of Representatives) Mr. Brad Smith ( Professional Staff Member, House Committee on Rules) Ms. Rachael Leman, (Policy Director,House Committee on Rules) Major Alex Cross (USMC lead Military Escort(571)451-7029(BB) တို့(၅)ဦးအဖွဲ့နှင့်အတူ ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ Virginia E. Murray Deputy Chief of Mission လိုက်ပါလျှက် ယနေ့သြဂုတ်လ (၁၁)ရက် နေ့လယ် ၁နာရီ မိနစ် ၄၀ ခန့်က ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ရှိ ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းသို့ လာရောက်၍ ကို ပြုံးချိုဦးဆောင်သော ၈၈မျိုးဆက် ကျောင်းသား များနှင့်တွေ့ဆုံကာ ၈၈မျိုးဆက်ကျောင်းသားများ၏ လက်ရှိလုပ်ဆောင်နေသော နိုင်ငံရေးလုပ်ငန်းစဉ် များ၊ မြန်မာနိုင်ငံ၏ အပြောင်းအလဲနှင့်ပတ်သတ်သည်များကို ရင်းနှီးပွင့်လင်းစွာတွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။ 

HIV ရောဂါပိုးအား ကုသနိုင် တော့ မည်ဟု ဆေး ပညာနို ဘယ်လ် ဆုရှ င်ပြောကြား

Posted by drmyochit Sunday, August 12, 2012, under | No comments

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikA7FufTUIs762dKOTpP2r0z5PWEFBfE7lj54wPKxj1MJDWvG7_thaRFO-j6IqARsy7efxDF9rBE-hehZ9bigR7KUyt2RVozc5L3fssyY60aKQjCnVqUOU4d13m9l55MBH21iDVJNLEK_7/s1600/5.JPG 
မကြာသေးမီက ရှာဖွေတွေ့ရှိ ချက်များအရ AIDS ရောဂါဖြစ် ပွားစေသည့် HIV ရောဂါပိုးကို ကုသနိုင်တော့မည် ဖြစ် ကြောင်း ဆေးပညာ ပိုင်းဆိုင်ရာ နိုဘယ်လ် ဆုရှင် ဖရန်ကိုဆီ ဘာရီ ဆင်နော့စိုင် က  ကမ္ဘာလုံး ဆိုင်ရာ  ရောဂါဘယ တိုက်ဖျက် ရေးနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲမတိုင်မီ အင်တာဗျူး တစ်ခုတွင် ပြောကြားထားကြောင်း သိရ သည်။
အဆိုပါ နိုဘယ်လ်ဆုရှင် သည် ကုရာ နတ္ထိဆေးမရှိသော HIV ရောဂါအား ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပြီး ၂ဝဝ၈ ခုနှစ်က ဆေးပညာ ရပ်ဆိုင်ရာ ၄င်းနိုဘယ်လ်ဆု ကို ရရှိခဲ့သူတစ်ဦးဖြစ်သည်။
သူမသည် HIV ရောဂါပိုးကို ကုသ နိုင်မည့် နည်းလမ်းအား ဘာလင်မြို့ရှိ ရိုးတွင်းခြင်ဆီ အစားထိုး ကုသမှုခံယူ လျက်ရှိသော လူနာတစ်ဦးအားအစွဲပြု ၍ တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တွေ့ ရှိချက်သည် လူ၏ ခန္ဓာကိုယ်တွင်း မှ ပိုး မွှားများအား ဖယ်ရှားသုတ်သင်သည့် နည်းလမ်းကို သက်သေပြထားခြင်းဖြစ် သည်ဟု သူမကပြောကြားထားသည်။
ထို့ကြောင့် အခြေခံသဘောတရား များအရ ၄င်းရောဂါဆိုးအား ကုသနိုင် ရန်မှာ ဖြစ်နိုင်ဖွယ်ရှိသည်ဟု မျှော်လင့်ရ သော် လည်းမည်သည့်အချိန်တွင်ကုသနိုင်မည်ကိုမူအတိအကျမပြောနိုင်သေးကြောင်းသူမဆက်လက်ပြောကြား ထားသည။
  

အကျင့်ပျက်တရားသူကြီးတွေကို ဖယ်ရှားဖို့ သူရဦးအောင်ကိုတင်ပြ

Posted by drmyochit Sunday, August 12, 2012, under | No comments


 
မြန်မာနိုင်ငံ တရားရေးမဏ္ဍိုင်နဲ့ ပြည်သူလူထု ရပိုင်ခွင့်တွေ နဲ့ ပတ်သက်ပြီး တရားစီရင်ရေး နဲ့ ဥပဒေရေးရာ ကော် မတီဥက္ကဌ သူရဦးအောင်ကိုက ပြည်သူ့လွှတ်တော်ကို ဒီကနေ့ အစီရင်ခံစာတစောင် တင်ပြခဲ့ပါတယ်။တရားစီရင်ရေးမှာ တာဝန်မကျေပြွန်တဲ့ ၊ ဂုဏ်အင်္ဂါ အရည်အချင်းပျက်ယွင်းတဲ့ တရားသူကြီးတွေ၊ ဝန်ထမ်းတွေကို ဖယ်ရှားပြီး ပြည်သူ့တွေက ရွေးချယ်သူတွေနဲ့ ပြန်လည်အစားထိုး ခန့်အပ်ဖို့လိုကြောင်း စသဖြင့်ပြောဆိုခဲ့တယ်လို့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ တရားစီရင်ရေး နဲ့ ပတ်သက်ပြီး ကော်မတီကို တင်ပြတိုင်ကြားတာတွေရှိနေကြောင်း ၊ မြန်မာနိုင်ငံမှာ အဆင့်မြင့်တရားသူကြီးတွေ ရဲ့ အဂတိလိုက်စားမှုတွေ နဲ့ ဖြောင့်မတ်မှန်ကန်မှုမရှိတဲ့ စီရင်မှုတွေအတွက် အေ ရးယူ ဆောင်ရွက်နိုင်မဲ့ ဥပဒေတိတိကျ ပြဌာန်းဖို့ လိုအပ်ကြောင်း အခြေခံဥပဒေမှာလဲ တရားသူကြီးများကို ကာကွယ်ထားတာ တွေ့ရတာကြောင့် တင်ပြရတာဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။
ဒီအဆိုနဲ့ သုံးသပ်ချက်ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စား လှယ်တွေ ပါဝင်ဆွေးနွေးဖို့ရှိကြောင်း လည်းသိရပါတယ်။

ဒေါ်လာသန်း ၁၁၀ ကျော် ကုန်ကျမည့် တံတားများ အလုံဆိပ်ကမ်းတွင် ဆောက်မည်

Posted by drmyochit Sunday, August 12, 2012, under | No comments


အလုံသင်္ဘောကျင်း ဆိပ်ကမ်းတွင် အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော် ကုန်ကျမည့် ဆိပ်ခံတံတား သုံးခုကို တည်ဆောက်နိုင်ရန် ပို့ဆောင်ရေး ဝန်ကြီးဌာနက မြန်မာ့အဏ္ဏဝါ စွမ်းအားရှင်အုပ်စု ကုမ္ပဏီအား သြဂုတ်လ ၄ ရက်နေ့တွင် လုပ်ကိုင်ခွင့်ပြုလိုက်သည်။
ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင်ပြုလုပ်သည့် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုကြောင်း လက်မှတ်ရေးထိုးခြင်း အခမ်းအနားတွင် “ပို့ဆောင်ရေးဝန်ကြီးဌာနအနေနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်တဲ့အနေနဲ့ အစိုးရသစ် သက်တမ်း ဒုတိယနှစ်မှာ
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်နဲ့ ပုဂ္ဂလိကနဲ့ ပူးပေါင်းပြီး ပထမဆုံး အကြိမ် လက်မှတ်ရေးထိုးခြင်း ဖြစ်တယ်” ဟု ပို့ဆောင်ရေးဝန်ကြီးဦးဉာဏ်ထွန်းအောင်ကပြောကြားသွားသည်။

အဆိုပါ ဆိပ်ကမ်းများ တည်ဆောက်ပြီးစီးပါက တန်ချိန် ၃,၅ဝဝ ရှိ နိုင်ငံခြားသင်္ဘာကြီး ခြောက်စီး တပြိုင်နက် ဆိုက် ကပ်နိုင်ပြီး ကုန်တင်ကုန်ချ လုပ်ငန်းများအတွက် ကုန်သေတ္တာ အလုံးရေ ၃၂,ဝဝဝ ခန့်ထိ သိုလှောင်နိုင်မည်ဟု
မြန်မာ့အဏ္ဏဝါ စွမ်းအားရှင်အုပ်စုမှ မန်နေးဂျင်းဒါရိုက်တာ ဦးကိုကိုထူး က အဆိုပါ အခမ်းအနားတွင် ပြောသွားသည်။

ထိုကုမ္ပဏီသည် ၂ဝဝ၃ ခုနှစ်၊ ဇန်နဝါရီလမှစတင်ကာ မြန်မာ့ရင်းနှီးမြှပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အလုံမြို့နယ် ကမ်းနားလမ်းရှိ ကြွေထည်မြေထည် လုပ်ငန်း မြေနေရာကို ငှားရမ်းပြီး ဆိပ်ခံတံတား နှစ်ခုတည်ဆောက်ပြီး ကုန်းတွင်း ကုန်သတ္တာစခန်းများတည်ဆောက်ကာဆိပ်ကမ်းဝန်ဆောင်မှုလုပ်ငန်းများစတင်လုပ်ဆောင်ခဲ့သည်။

ထိုလုပ်ငန်းများ အောင်မြင်ခြင်းကြောင့် ၂ဝဝ၃ ခုနှစ်တွင် စတင် လုပ်ကိုင်ခဲ့သည့် ကနဦး လုပ်ကိုင်ခွင့် နှစ် ၃၀ အပြင်
နောက်ထပ် နှစ်တိုး ၁၅ နှစ် နှစ်ကြိမ် ထပ်မံတိုးမြှင့် လုပ်ကိုင်ခွင့် ရရှိခဲ့သည်ဟုလည်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးဦးချိုသန်းမောင်ကပြောသည်။

အဆိုပါလုပ်ငန်းများ ပုဂ္ဂလိကအား လုပ်ကိုင်ခွင့်ပြုခြင်းနှင့် ပတ်သက်၍ ဝန်ကြီး ဦးဉာဏ်ထွန်းအောင် က မြန်မာနိုင်ငံ သည် ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူရမည်ဖြစ်ပြီး  မြန်မာ့ စီးပွားရေးကဏ္ဍကို တခြားအာဆီယံနိုင်ငံများ
နှင့် ရင်ပေါင်တန်းနိုင်ရန် ပုဂ္ဂလိက အဖွဲ့အစည်းများကို အားပေးခြင်းဖြစ်ကြောင်းလည်း ပြောသွားခဲ့သည်။ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများအနက် သင်္ဘော ၁၈ စီး ဆိုက်ကပ်နိုင်သည့် တံတား ၁၈ ခု ရှိပြီပြီး တံတား ၁၄ ခု ထပ်မံ
ဆောက်လုပ်၍ နိုင်ငံခြားကုန်တင်သင်္ဘော ၃၂ စီး တပြိုင်နက်တည်း ဆိုက်ကပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု လည်း ဦးဉာဏ်ထွန်းအောင် က ပြောသည်။

ကချင် ဒုက္ခသည်များ အရေး တရုတ်မြန်မာ ညှိနှိုင်းပြီး ဆောင်ရွက်ဖွယ်ရှိ

Posted by drmyochit Sunday, August 12, 2012, under | No comments


မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ်ခမ်းမြို့ နယ်စပ်တဖက်ခြမ်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် နောင်တောင်းခရိုင် ၊(ရွှေလီနယ်စပ်) ၌ ၀င်ရောက်ခိုလှုံနေသော ကချင်စစ်ပြေး ဒုက္ခသည် တသောင်းခန့် များအား ယခုသြဂုတ်လ အကုန် ပိုင်းတွင် မြန်မာနိုင်ငံဖက်ခြမ်းသို့ အပြီး ပြောင်းရွေ့ပေးရမည်ဟု တရုတ်အာဏာပိုင်များက ဖိ အားပေး လျှက်ရှိကြောင်း ဒုက္ခသည် စ ခန်းတာဝန်ခံ တစ်ဦးကပြောပါသည်။
“ပြောင်းရွေ့ဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ (၉) ရက်နေ့မှာ တကြိမ်၊ ပြီးတော့ ဇူလိုင်လ 
 (၂၀) ရက်နေ့မှာတကြိမ် နှစ်ကြိမ်တိုင် သူတို့ လာပြောခဲ့ပြီးပြီး။ ကျနော်တို့ကလည်း ကချင်ပြည်နယ်ဖက်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေတယ်။ စိုးရိမ်စရာ အခြေ အနေ လည်းရှိနေတယ်။ ဒါကြောင့် တရုတ်ကအတင်းဖိအားပေး ရွှေ့ခိုင်းရင်တောင် ကျမတို့ ရွှေ့မှာမဟုတ်ဘူး။ ဒါကတော့ တရုတ် အာဏာပိုင်တွေကို မလေးစားလို့ မဟုတ်ပါဘူး။ တကယ့်အခြေအနေက မပေးလို့ပါ”ဟု ဆိုပါသည်။ကချင် ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO) သည် ထိုဒုက္ခသည်များကို ပြောင်းရွှေရန် လိုလားသော်လည်း လက်တွေ့၌အစိုး ရ တပ်ဖွဲ့များသည် လိုင်ဇာ ရှေ့တန်းဌာနချုပ် စခန်းကို ပြင်းထန်စွာ စစ်ဆင်နေသည့် အတွက် လောလောဆယ်၌ တာဝန်မယူ နိုင်သေးဟုဆိုပါသည်။ တိုက်ပွဲများသည် ဇူလိုင်လ (၇၊၈၊၉) ရက်နေ့ သုံးရက်အတွင်း၌ တိုက်ပွဲပေါင်း (၁၂) ကြိမ် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပါသည်။ ဤသို့ ကြောင့် KIO အနေဖြင့် ဒုက္ခသည်အရေးကို မစဉ်းစားနိုင်ခြင်းဖြစ်ပါသည်။
ကချင်ဒုက္ခသည်များကို နေရပ်ရင်းပြန်ပို့ရန် တရုတ်အာဏာပိုင်များက လိုလားနေဟန် ရှိပါသည်။ အစိုးရတပ်ဖွဲ့များ၏ စစ် ဆင်မှုသည်လည်း ဤလအကုန်ပိုင်း၌ ကချင်ပြည် လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုစခန်းကို သိမ်းပိုက်နိုင်လိမ့်မည်ဟု တရုတ်ဖက်က တွက်ဆဖွယ် ရှိပါသည်။ ဤကဲ့သို့ သိမ်းပိုက် နိုင်ခဲ့လျှင် ဒုက္ခသည်များအား နေရပ်ရင်းပြန်ရေး အစီစဉ်ကို အချိန်တိုအတွင်း အကောင်အထည်ဖေါ်နိုင်ရန် ဒုက္ခသည်များအား အဆင်သင့်ဖြစ်နေစေရေးကို ရည်ရွယ်ပြီး ကြိုတင် ဖိအား ပေးထားဟန်ရှိနေကြောင်း ဒုက္ခသည်စခန်း တာဝန်ခံများက ယူဆပါသည်။“ ဒါကတော့ မြန်မာအစိုးရနဲ့ တရုတ်အစိုးရက ညှိနှိုင်းထားပုံ ရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဒုက္ခသည်ရှိနေရင် အမေ ရိကန်နဲ့ UNHCR က ၀င်လာမယ်လေ။ ဒါကိုနှစ်နိုင်ငံစလုံးက လိုလားပုံ မရှိပါဘူး။ ဒီတော့ KIO ဗဟိုအမြန် ပြုတ်အောင် ဗမာ ဖက်က စစ်ဆင်နေပုံရပါတယ်”ဟုဆိုပါသည်။
အစိုးရသည် ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ဇွန်လကတည်းက KIO ကို စစ်ဆင်လာခဲ့ပါသည်။ စစ်ရေးအခြေ အနေကြောင့် ကချင် လူထု များသည် စစ်ဘေးကိုရှောင်တိန်းရင်း ဒုက္ခသည် (၇) သောင်း ခန့်ဖြစ်သွားခဲ့ ပါသည်။ UNHCR သည်လည်း ကချင်ဒုက္ခသည်များကို ကူညီမည်ဟု ညှိနှိုင်းခဲ့သော်လည်း ယနေ့အထိ အကောင်အထည် မတွေ့ရ သေးပေ။

KIA တပ်ရင်း (၆) မှတည်ဆာက်ပေးသော တံတားသစ်တစ်စင်းဖွင့်ပွဲလုပ်

Posted by drmyochit Sunday, August 12, 2012, under | No comments


 Photo: KIA တပ်ရင်း (၆) မှတည်ဆာက်ပေးသော တံတားသစ်တစ်စင်းဖွင့်ပွဲလုပ်

11 Aug 2012

သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီတွင် ဆိုင်းတောင်မှ ဖားကန့်သို့ သွားရာတံတားကြီးတစ်စင်းဖွင့်ပွဲ ပြုလုပ်ခဲ့ပါသည်။ တံတားသစ်ဖွင့်ပွဲကို ဆိုင်းတောင်ကချင်နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာကြီးများ၊ ရိုမန် ကာသိုလစ်အသင်းတော်မှ အသင်းတော်လူကြီးများမှ ဆုတောင်းခြင်း ဖြင့် အစပြုပြီး ကောင်းချီးပေးကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊  ရိုးရာယဉ်ကျေးမှု လူမျိုးစု ကိုယ်စားလှယ် များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူလူထုများနှင့် စုစုပေါင်း လူဦးရေ ၂၀၀ ခန့်တက်ရောက်ခဲ့ပါသည်။ 
ထိုဆိုင်းတောင်တံတားကြီးမှာ လွန်ခဲ့သော ဇွန်လအတွင်း ရေကြီးမှုကြောင့် ရေထဲမျှောပါ သွားခဲ့ပါသည်။ ပြည်သူလူထု များသည် ထိုတံတားမရှိတော့သဖြင့် အလွန်ဒုက္ခရောက်နေကြသော်လည်း အာဏာပိုင်များက တံတားပြန်လည်ဆောက် ပေးခြင်းမရှိဘဲ ကုတို့သာ ကူးစား နေခဲ့ ပါသည်။ ဆိုင်ကယ်တစ်စီး လူတစ်ဦးလျှင် ၁၅၀၀ ကျပ်ပေးရပါသည်။ ဌာနဆိုင်ရာ အဆင့်ဆင့်သို့ တံတားပြန်လည် တည်ဆောက်ရေး အတွက် တောင်းဆိုခဲ့သော်လည်း ရန်ပုံငွေမရှိကြောင်းသာ အကြောင်း ပြန်ခဲ့ပါသည်။ ထို့ကြောင့် KIA တပ်ရင်း (၆)မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကိုခေါ်ကာ ရပ်ရွာအေးချမ်း သာယာရေးနှင့် ပြည်သူလူထုများ အဆင်ပြေရေးအတွက် အလေးထားလုပ်ဆောင်ရန် ခေါ်ယူသတိပေးခဲ့ကြောင်း၊ လိုအပ်လျှက်ရှိသော တံတားတည်ဆောက်ရေး ရန်ပုံငွေကိုလည်း ချက်ချင်းထုတ်ပေးခဲ့ကြောင်း၊ ခိုင်လုံသော သတင်း ရပ်ကွက်မှ ဆိုပါသည်။ 

အမည်မဖော်လိုသူ NLD ပါတီဝင်တစ်ဦးက “KIA ရဲ့လုပ်ဆောင်ချက်ကိုကြိုဆိုပါတယ်ဗျာ၊ အစိုးရကိုယ်စား အလွန်ရှက်မိ ပါတယ်ဗျာ၊ ဖားကန့်ဒေသမှာ တံတားတစ်စင်းဆောက်ဖို့ အစိုးရမှာ ရန်ပုံငွေမရှိဘူး ဆိုတာသိရလို့အလွန်အံ့သြမိပါတယ်။ တံတားအဟောင်းကလည်း အစိုးရဌာနဆိုင်ရာက အိတ်ထဲ ထည့်တာများသွားလို့ ဆောက်ပြီးတစ်ပတ်တောင်မပြည့်ဘဲ ရေထဲပါသွားတာပါ၊ ဒါတောင် ရေအရမ်း မကြီးသေးဘူးနော်၊ အခုက KIA ရဲ့ရန်ပုံငွေနဲ့ဆောက်မယ်ဆိုတော့ ဒီကောင် တွေမလုပ်ရဲလောက်ဘူးလေ၊ ဟိုတလောကမှ KIA တွေထောင်းထားတယ်လေ” ဟုမှတ်ချက်ပြုသွားပါသည်။

စာရေးသ၏အမြင်အားဖြင့်လည်း လက်ရှိအစိုးရမှာ အစိုးရတစ်ရပ်၏ ဂုဏ်အင်လက္ခဏာများ ပိုကင်းမဲ့လာ သလို KIO အစိုးရ သည် အစိုးရပို၍ဆန်လာကြောင်း၊ ပြည်သူလူထုအရေးကို ပို၍အလေးထားကြောင်း မြင်တွေ့လာရပါသည်။ အပြန် အလှန် အားဖြင့် ပြည်သူလူထုသည်လည်း KIO အစိုးရအား ပို၍ ယုံကြည်လာပြီး ပူးပေါင်းလုပ်ဆောင် ထောက်ခံ လာသည်မှာလည်းငြင်း၍မရနိုင်ပါ။ သို့ဖြစ်၍ အစိုးရနှစ်ရပ် ယှဉ်လာချိန်တွင် မည်သူအစိုးရနည်းဟုမေးလာပါက ပြည်သူ့ အရေးကိုအလေးထားသော၊ ပြည်သူ့မျက်နှာကို ကြည့်သောသူသည်သာလျှင်စစ်မှန်သော အစိုးရဖြစ်ကြောင်း ဟုသာ ဆိုချင်ပါတော့သည်။

kasa
သြဂုတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီတွင် ဆိုင်းတောင်မှ ဖားကန့်သို့ သွားရာတံတားကြီးတစ်စင်းဖွင့်ပွဲ ပြုလုပ်ခဲ့ပါသည်။ တံတားသစ်ဖွင့်ပွဲကို ဆိုင်းတောင်ကချင်နှစ်ခြင်း အသင်းတော်မှ သင်းအုပ်ဆရာကြီးများ၊ ရိုမန် ကာသိုလစ် အသင်းတော်မှ အသင်းတော် လူကြီးများမှ ဆုတောင်းခြင်း  ဖြင့် အစပြုပြီး ကောင်းချီးပေးကာ ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့ ပါသည်။ ဌာန ဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရိုးရာယဉ်ကျေးမှု လူမျိုးစု ကိုယ်စားလှယ် များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူလူထုများနှင့် စုစုပေါင်း လူဦးရေ ၂၀၀ ခန့်တက်ရောက်ခဲ့ပါသည်။ ထိုဆိုင်း တောင်တံတားကြီးမှာ လွန်ခဲ့သော ဇွန်လအတွင်း ရေကြီးမှုကြောင့် ရေထဲမျှောပါ သွားခဲ့ပါသည်။ ပြည်သူလူထု များသည် ထိုတံတားမရှိတော့သဖြင့် အလွန်ဒုက္ခရောက်နေကြသော်လည်း အာဏာပိုင်များက တံတားပြန်လည်ဆောက် ပေးခြင်း မရှိဘဲ ကုတို့သာ ကူးစား နေခဲ့ ပါသည်။ ဆိုင်ကယ်တစ်စီး လူတစ်ဦးလျှင် ၁၅၀၀ ကျပ်ပေးရပါသည်။ ဌာနဆိုင်ရာ အဆင့် ဆင့်သို့ တံတားပြန်လည် တည်ဆောက်ရေး အတွက် တောင်းဆိုခဲ့သော်လည်း ရန်ပုံငွေမရှိကြောင်းသာ အကြောင်း ပြန်ခဲ့ပါသည်။ ထို့ကြောင့် KIA တပ်ရင်း (၆)မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကိုခေါ်ကာ ရပ်ရွာအေးချမ်း သာယာရေးနှင့် ပြည်သူလူထုများ အဆင်ပြေရေးအတွက် အလေးထားလုပ်ဆောင် ရန် ခေါ်ယူသတိပေးခဲ့ကြောင်း၊ လိုအပ်လျှက်ရှိသော တံတားတည်ဆောက်ရေး ရန်ပုံငွေကိုလည်း ချက်ချင်းထုတ်ပေးခဲ့ကြောင်း၊ ခိုင်လုံသော သတင်း ရပ်ကွက်မှဆိုပါသည်။

အမည်မဖော်လိုသူ NLD ပါတီဝင်တစ်ဦးက “KIA ရဲ့လုပ်ဆောင်ချက်ကိုကြိုဆိုပါတယ်ဗျာ၊ အစိုးရကိုယ်စား အလွန်ရှက်မိ ပါတယ်ဗျာ၊ ဖားကန့်ဒေသမှာ တံတားတစ်စင်းဆောက်ဖို့ အစိုးရမှာ ရန်ပုံငွေမရှိဘူး ဆိုတာသိရလို့အလွန်အံ့သြမိပါတယ်။ တံတားအဟောင်းကလည်း အစိုးရဌာနဆိုင်ရာက အိတ်ထဲ ထည့်တာများသွားလို့ ဆောက်ပြီးတစ်ပတ်တောင်မပြည့်ဘဲ ရေထဲပါသွားတာပါ၊ ဒါတောင် ရေအရမ်း မကြီးသေးဘူးနော်၊ အခုက KIA ရဲ့ရန်ပုံငွေနဲ့ဆောက်မယ်ဆိုတော့ ဒီကောင် တွေမလုပ်ရဲလောက်ဘူးလေ၊ ဟိုတလောကမှ KIA တွေထောင်းထားတယ်လေ” ဟုမှတ်ချက်ပြုသွားပါသည်။

စာရေးသ၏အမြင်အားဖြင့်လည်း လက်ရှိအစိုးရမှာ အစိုးရတစ်ရပ်၏ ဂုဏ်အင်လက္ခဏာများ ပိုကင်းမဲ့လာ သလို KIO အစိုးရ သည် အစိုးရပို၍ဆန်လာကြောင်း၊ ပြည်သူလူထုအရေးကို ပို၍အလေး ထားကြောင်း မြင်တွေ့လာရပါသည်။ အပြန် အလှန် အားဖြင့် ပြည်သူလူထုသည်လည်း KIO အစိုးရအား ပို၍ ယုံကြည်လာပြီး ပူးပေါင်းလုပ်ဆောင် ထောက်ခံ လာသည်မှာလည်းငြင်း၍မရနိုင်ပါ။ သို့ဖြစ်၍ အစိုးရနှစ်ရပ် ယှဉ်လာချိန်တွင် မည်သူအစိုးရနည်း ဟုမေးလာပါက ပြည်သူ့ အရေးကိုအလေး ထားသော၊ ပြည်သူ့မျက်နှာကို ကြည့်သောသူသည်သာလျှင်စစ်မှန်သော အစိုးရဖြစ်ကြောင်း ဟုသာ ဆိုချင် ပါတော့သည်။

မလေးရှားရောက် ရခိုင်လူငယ် ၃၀၀ ကျော် အိမ်ပြန်

Posted by drmyochit Sunday, August 12, 2012, under | No comments


1 copy

ရခိုင်ပြည်နယ်တွင် ယခုအပတ်အတွင်း ကျောက် တော်မြို့နယ်ရှိ သန်တာလီရွာနှင့် အင်ဘာလီရွာတို့ မီးရှို့ ခံခဲ့ရ သော ကြောင့် မိဘများက ပြန် ခေါ် ခဲ့သည့်အတွက် မလေးရှားရောက် ကျောက် တော်မြို့နယ်မှ လူငယ် ၃၀၀ ကျော် စုစည်းပြီး အိမ် ပြန်သွားခဲ့ကြသည်ကို မောင်ဆန်းဝင်းက သတင်းပေးပို့ထားသည်။
အိမ်ပြန်ရန် ဆုံးဖြတ်ခဲ့ကြခြင်းနှင့်ပက်သက်ပြီး ကျောက်တော်မြို့နယ် အပေါက်ဝမှ ကိုသာကျော် ပြောပြသည်မှာ " ရခိုင် ရွာတွေမှာ လူငယ်တွေမရှိ သလောက်ဘဲ။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ မိန်းမတွေသာ အများဆုံးရှိတယ်။ မိဘ တွေကလည်း ခေါ်နေတယ်။ ပြည်ထောင်စု သမ္မတ ဦးသိန်းစိန်ကလည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အိမ်ပြန် လာကြဖို့ ခေါ်ခဲ့တဲ့အတွက်ဖြစ်ပါတယ်။ " ဟု ပြောသည်။
မြန်မာနိုင်ငံမှာ ၁၉၈၈ ခုနောက်ပိုင်း စစ်တပ်က အာဏာ သိမ်းယူကာ စစ်အုပ်ချုပ်ရေးနှင့် အုပ်ချုပ်သည့် အချိန်မှစပြီး ရခိုင် ပြည်နယ်အတွင်း စီးပွားရေး တဟုန်ထိုးကျဆင်း ခဲ့ရသည်ကိုသိရပြီး လူငယ်များ အလုပ်လက်မဲ့ ဖြစ်ခဲ့ရာမှ မြန်မာ နိုင်ငံအတွင်း တခြားဒေသများနှင့် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်ရှာဖွေ လုပ်ကိုင်နေကြပြီး အများစုမှာ စားဝတ် နေရေး၊ အလုပ်အပြောင်းအလဲများနှင့် အချိန်ကုန်နေကြ၍ အိမ်ပြန်လမ်း ပျောက်ဆုံးနေကြသည်ကို သိရသည်။
" ကျနော်တို့ ရွားသားတွေလည်း ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။ မလေးရှားမှာလည်း အဲဒီလို ရခိုင်တွေကို လိုက် သတ်နေတယ်လို့ ကြားတယ်။ ကျနော်တို့မှာ ကိုယ်မိသားစု၊ ကိုယ်အိမ်၊ ကိုယ့်ရွာ၊ ကိုယ်မြေ၊ ကိုယ့်လူမျိုးကိုကာကွယ်ဖို့ တာဝန်ရှိတယ်ဗျ။ ကျနော်ကတော့ပြန်ပြီ။ တခြားလူငယ်တွေကိုလည်း အချိန်ဖြုန်းမနေကြဘဲ အိမ်အမြန်ပြန်ကြဖို့ ကျနော် တိုက်တွန်းလိုပါတယ်။" ဟု ယခင်လက ပြန်သွားခဲ့သော ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာမှ မောင်သိန်းဦးက ပြောကြားသွားခဲ့သည်။
ယခုအကြိမ်သည် ပထမဆုံး မလေးရှားရောက် ရခိုင်လူငယ်များ အများဆုံး အိမ်ပြန်ကြခြင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်နှင့် ၂၀၁၂ ခုနှစ် အတွင်း ရခိုင်များကို UNHCR မှ မှတ်ပုံတင်ခွင့် လုံးဝမရရှိကြပြီး တတိယနိုင်ငံသို့ ထွက်ခွာမည့်သူများမှာလည်း အလွန်တရာနည်းပါးလာကြောင်းနှင့် ရခိုင်ဒုက္ဒသည်များမှာ အနှိမ်ခံနေရကြောင်း ပြောဆိုနေ ကြသည်ကိုလည်း သိရသည်။
လွန်ခဲ့သော သြဂုတ်လ လဆန်းပိုင်းက ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များမှ မလေးရှားရောက် လူငယ်များ မိမိဇာတိနေရပ်သို့ ပြန်သွားခဲ့ကြပြီး ယခင်က မလေးရှားမှ ရခိုင်သို့ လူတစ်ဦးလျှင် မလေးငွေ ရင်းဂစ် ၉၀၀ ရှိရာမှ ယခုအချိန်တွင် ၈၀၀ မျှသာပေးရ၍ မလေးရှား၊ ထိုင်း၊ ရန်ကုန်၊ ကချင်ပြည်နယ်နှင့် မြန်မာနိုင်ငံနေရာ အနှံ့အပြားတွင် အလုပ်လုပ်နေကြသည့် ရခိုင်လူငယ် သုံးသိန်းကျော် ရှိကြောင်း မလေးရှားရောက် ရခိုင်များက ခန့်မှန်း ပြောဆိုနေကြသည်။

ကချင်အာဇာနည်နေ့ လိုင်ဇာတွင် ကျင်းပ

Posted by drmyochit Sunday, August 12, 2012, under | No comments


 
ကချင်တော်လှန်ရေးအတွင်း ကျဆုံးသွားသော ကချင်လွတ်လပ်ရေး အဖွဲ့ KIO ခေါင်းဆောင် များနှင့် ရဲဘော်များအား ဂုဏ်ပြုသောအားဖြင့် သြဂုတ်လ ၁ဝ ရက်နေ့တွင် ကျရောက်သော ၃၇ နှစ်မြောက် ကချင် အာဇာနည်နေ့တွင် ကချင်အားလုံး စည်းလုံးကြရန် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရား က တိုက်တွန်းပြောဆိုလိုက်သည်။
ကချင်ဘာသာဖြင့် ‘Share shagan Nhtoi’ ဟု ခေါ်ဆိုသည့် အာဇာနည်နေ့ကို  အခမ်းအနားကို လိုင်ဇာမြို့ KIO ဌာနချုပ်တွင် ကျင်းပရာ KIO ခေါင်းဆောင်များနှင့် KIO ဌာနဆိုင်ရာ ဝန်ထမ်းများ ၇၄ဝ ကျော် တက်ရောက်ရာ ဥက္ကဋ္ဌက မိန့်ခွန်းပြောဆိုခဲ့သည်ဟုအရပ်ဘက်အရာရှိဦးဒွဲပီဆားကပြောသည်။

၁၉၇၅ ခုနှစ်က KIO ဥက္ကဋ္ဌ လထော်ဇော်ဆိုင်း အပါအဝင် ထိပ်တန်း ခေါင်းဆောင် သုံးဦး လုပ်ကြံခံရသည့်နေ့ကို အစွဲပြု၍ ကျဆုံးသွားသော သူရဲကောင်းများကို ရည်စူးကာ ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ် သည်။ 

အဆိုပါ ကချင်အာဇာနည်နေ့အခမ်းအနားများကို လိုင်ဇာမြို့အနီးရှိ အလန်းဘွမ် တောင်တွင် KIO ဌာနချုပ် အပါအဝင် လိုင်ဇာ အထက်တန်းကျောင်း၊ ကျန်းမာရေးဌာန၊ စစ်ပြေးဒုက္ခသည်စခန်း၊ စစ်ရေး လေ့ကျင်းရေးစခန်း စသည့် KIO ဌာနဆိုင်ရာ နေရာအသီးသီးတွင် အာဇာနည် ခေါင်းဆောင်များကို ဂုဏ်ပြု အလေးပြုခဲ့ကြပြီး တော်လှန်ရေး
ခေါင်းဆောင်များ၏လုပ်ဆောင်ချက်သမိုင်းကိုရှင်းလင်းဟောပြောခဲ့သည်ဟုသိရသည်။ 

ဤနေ့တွင် KIO ၏ အမျိုးသားအလံကို တဝက်သာ လွင့်ထူထားပြီး KIO ဌာနဆိုင်ရာ အသီးသီးက ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားသော်လည်း ရှေ့တန်းတပ်ဖွဲ့များကမူ တာဝန် ရပ်ဆိုင်းခြင်းမရှိဘဲ တိုက်ပွဲဝင်နေကြသည်ဟု သိရသည်။ 
 

ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် ထပ်မံတွေ့ဆုံရန် KIO ဘက်မှ အစိုးရထံ ကမ်းလှမ်းချက်နှင့် ပတ်သက်၍ ထပ်မံ စုံစမ်းမေးမြန်းခဲ့ကြောင်း ကချင် ငြိမ်းချမ်းရေး အကျိုးဆောင်တဦးဖြစ်သူ ဦးဆန့်အောင် က ပြောသည်။ 

ယခုတကြိမ် KIO နှင့် ပြန်လည်တွေ့ဆုံရာတွင် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း အပါအဝင် ထိပ်တန်းစစ်ဘက်ခေါင်းဆောင်များပါဝင်မည်ဖြစ်သည်။

ထိုသို့ တပ်မတော်ခေါင်းဆောင်များ ပါဝင်မည်ဖြစ်၍ တဖက်နိုင်ငံတွင် သွားရောက် တွေ့ဆုံရန် မသင့်တော်ဘဲ အခြား တနေရာတွင်သာ တွေ့ဆုံရန် ညှိနှိုင်းနေဆဲဖြစ်သည်ဟု ငြိမ်းချမ်းရေးအကျိုးဆောင်တဦးဖြစ်သည့် ဦးလှမောင်ရွှေ က မဇ္ဈိမကို ပြောဆိုခဲ့သည်။

ရိုဟင်ဂျာ ဒုက္ခသည်တွေကို လက်ခံဖို့ အင်ဒိုနီးရှားကို HRW ကပြောကြား

Posted by drmyochit Sunday, August 12, 2012, under | No comments



Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်